← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

Chapter 72: အတွင်းတပည့်ပြိုင်ပွဲပြီးဆုံး။

အချိန်တစ်ခုကြာမြင့်ပြီးနောက်တွင် တိုက်ခိုက်ရေးခန်းမ၏တံခါးမှာ ပွင့်ဟလာ၏။

စွင်းဟုန်နှင့်အခြားတပည့်များမှာ ထိုင်းမှိုင်းစွာဖြင့်လျှောက်ထွက်လာကြလေသည်။

စုယွမ်မှာ နောက်ဆုံးမှထွက်လာပြီး သူ၏အမူအရာကလည်း တည်တံ့နေလေ၏။

ဆယ်ယောက်လုံးမှာ စကားမပြောတတ်ကြတော့သည့်အတိုင်း အသံတစ်သံမှမထွက်ဘဲ သူတို့ယခင်ပွဲကြည့်ရာနေရာဆီကိုသာ ပြန်သွားကြသည်။

လူတိုင်းမှာ ဤမြင်ကွင်းကို သိချင်စိတ်ဖြင့် ကြည့်နေကြ၏။

သူတို့မှာ ထိုသူတို့၏ပြိုင်ပွဲမည်သို့ဖြစ်သွားကြောင်းမသိပါချေ၊ သို့မဟုတ်ပါလျှင် ထိုသူတို့၏အမူအရာများမှာ ထိုမျှဆိုးဝါးနေရပါသနည်း။

စင်စစ်တွင် ပထမအကြောင်းအရင်းမှာတော့ သူတို့ဟာစုယွမ်ထံမှ ရှုံးနိမ့်သွားသောကြောင့်ဖြစ်ပြီး၊ နောက်တစ်ချက်ကတော့ ဂိုဏ်းချုပ်ကုနှင့်တောင်သခင်များက စုယွမ်၏ခွန်အားအမှန်ကို မည်သို့ကိုမှဖွင့်မပြောရန်မှာထားသောကြောင့်ပင်၊ ဤအကြောင်းကို ရွှေအမြူတအဆင့်အကြီးအကဲများကိုတောင်မှ ဖွင့်မပြောရ၊ ချိုးဖောက်သူမှာ ဂိုဏ်း၏သစ္စာဖောက်အဖြစ် သတ်မှတ်ခံရချေမည်။

သို့ဖြစ်ရင် သူတို့၏အမူအရာများက ဘယ်လိုများကောင်းနိုင်တော့မည်နည်း။

“ငါ အရင်ပြန်တော့မယ်။ မင်းတို့ဘာသာ ပြိုင်ပွဲကိုဆက်ကြည့်တော့။”

စုယွမ် စုန့်ချိုက်နှင့်အခြားသူများကို ပြောလိုက်၏။

စုန့်ချိုက် ရပ်တန့်သွားသည်။

“ဂိုဏ်းတူအစ်ကို၊ ခင်ဗျား ဆက်မပြိုင်တော့ဘူးလား။”

စုယွမ် ရယ်လိုက်မိ၏။

“မလိုတော့ဘူးလေ။ ငါ အခုပင်မတောင်ထိပ်မှာဖြေရှင်းစရာလေးတွေရှိသေးလို့။”

စုန့်ချိုက်နှင့်အခြားသူများမှာ ပါးစပ်အဟောင်းသာဖြင့်အံ့သြသွားကြသော်ငြား ဘာကိုမှထုတ်မပြောဖြစ်ပါပေ။

သူတို့မှာ စုယွမ်တစ်ယောက်တစ်ခဏချင်းတွင်းပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေမိကြသည်။

ထိုအချိန်တွင် ဂိုဏ်းချုပ်လည်း စင်မြင့်ပေါ်ပြန်ရောက်ရှိလာပြီး ဆိုသည်။

“ငါ ကြေညာစရာတစ်ခုရှိတယ်။ စုယွမ်ဟာ စွင်းဟုန်၊ ဝေ့ဝမ်၊ ယန်မုန့်ထင်အစရှိတဲ့လူကိုးယောက်လုံးကို အောင်နိုင်ခဲ့တယ်။ ဒီလိုဆက်တိုက်ရှုံးချက်မရှိအောင်မြင်မှုတွေကြောင့် သူက လတ်တလောတော့ ပထမနေရာကိုဆွတ်ခူးသွားပြီ။ တကယ်လို့များ စွင်းဟုန်နဲ့အခြားသူတွေကိုအောင်နိုင်မဲ့တစ်ယောက်ယောက်ရှိလာရင် အဲ့ဒီလူက စုယွမ်ကို ပထမနေရာအတွက်တိုက်ခိုက်ရမယ်။ သူ့ကိုဘယ်သူမှ မတိုက်နိုင်တော့ဘူးဆိုရင် စုယွမ်က ပထမနေရာဆိုတာအတည်ဖြစ်သွားမယ်။ လာမဲ့ပြိုင်ပွဲတွေကတော့ အဆင့်နှစ်ကနေတစ်ဆယ်အထိ၊ နောက်ပြီး ထိပ်တန်းနှစ်ဆယ်ထိကို သတ်မှတ်မဲ့ပွဲစဥ်တွေပဲ။ ကောင်းပြီ၊ ပြိုင်ပွဲ ပြန်စမယ်။”

ဤသည်ကိုကြားတော့ လူအုပ်ကြီးမှာ ဝုန်းဒိုင်းကြဲသွားတော့သည်။

“ဘာ။ စုယွမ်က အကုန်လုံးကိုနိုင်သွားတာတဲ့လား။”

“အရမ်းမိုက်လွန်းတယ်ကွာ။ သူက တကယ်ကြီး တပြိုင်တည်းနဲ့ ကိုးယောက်လုံးကို အနိုင်ချသွားတာပေါ့။”

“စွင်းဟုန်တောင်ရှုံးတာလား။ သူက ရွှေအမြူတအဆင့်လှိုဏ်ဂူကနေ ရတနာတွေရလာတာမဟုတ်ဘူးလား။”

“ဘယ်လိုလုပ် ဒီလောက်ကြီးရှုံးသွားကြတာလဲ။ တစ်ခုခုညစ်ထားတာများလား။’

“မင်း ခုနက စုယွမ် ဟွမ်ယဲ့ကို နိုင်သွားတာကိုမမြင်ဘူးလား။ အသာလေးကိုနိုင်သွားတာလေ။ အဲ့ဒါကိုကြည့်ရင်ပဲ စုယွမ်က ဟွမ်ယဲ့ထက်အများကြီးပိုသာတာ သိသာတယ်။ အဲ့ဒီတော့ ဒီရလဒ်ကသိပ်တော့အံ့သြစရာမဟုတ်ဘူးကွ။”

လူအုပ်ကြီးမှာ ဆက်တိုက်ကိုဆွေးနွေးနေကြလေသည်။

လောင်းကစားဝိုင်းတွင် ကြေးထပ်ထားသောတပည့်တို့မှာ ချက်ချင်း စိုးရိမ်သွားရသည်။ သူတို့မှာ စုယွမ်ဟာ ထိပ်ဆုံးဆယ်ယောက်မှစ၊ ထိပ်ဆုံးသုံးယောက်အလယ် နောက်ဆုံးတွင် ပထမနေရာအထိ ဆွတ်ခူးသွားကြောင်းတွေးပြီး တော်တော်လေးရင်နာသွားရ၏။ အထူးသဖြင့် ပထမနေရာအတွက်လောင်းကြေးကိုတော့ လူတိုင်းဆုံးရှုံးလိုက်ရချေပြီ။

အချိူ့လူများဆိုလျှင် နေရာတွင်ပင် ငိုချလာကြလျက် ငွေဆုံးရှုံးမှုအတွက် မဖြေဆည်နိုင်ဖြစ်နေကြလေသည်။

ထိုအချိန်တွင် စုန့်ချိုက်ကတော့ အလွန်ပျော်ရွှင်နေလေသည်။

“ဟားဟား၊ ငါနိုင်ပြီဟေ့။ ငါ ဝိညာဉ်ကျောက်တုံးခြောက်ထောင်တောင် ထောတာ၊ ချမ်းသာပြီဟေ့။”

“ငါရောပဲကွ။ ငါ့ပိုင်ဆိုင်မှုရဲ့၈၀ရာခိုင်နှုန်းလောက်ပဲလောင်းလိုက်မိတာ နှမြောစရာပဲ။ ငါက စုယွမ်ကို ထိပ်ဆုံးသုံးယောက်တော့ မဝင်လောက်ဘူးထင်ထားလို့လေ။ ဒါပေမဲ့ ငါ လက်နက်ဝယ်ဖို့ပိုက်ဆံရှိသွားပြီပဲ။ ငါ့ရဲ့စုယွမ်လေး၊ တကယ်မိုက်တယ်ကွာ။ အရမ်းတော်တာပဲ။”

ကျန်းဝေ့ကလည်း အော်ဟစ်လာ၏။

ကျိုးဝူယိုကတော့ ထိုသူနှစ်ယောက်ကိုကြည့်ရင်း သူ့အမူအရာမှာ အနည်းငယ်ဖျော့တော့နေလေသည်။ သူက သူတို့ထဲ ငွေအနည်းဆုံးရတာပါပင်။ သို့သော် အကြောင်းအရင်းမှာ ဘာကြောင့်နည်း။

ဘာကြောင့်လည်းဆိုသော် သူဟာ သူ့ကိုယ်သူ ဆေးပညာတွင် ပါရမီပါရှိကြောင်းသိသွားသောကြောင့်ပင်။ ထို့အတွက် ဤအတောအတွင်း သူဟာ စုယွမ်နှင့် တဖြည်းဖြည်းချင်း အကွာအဝေးတစ်ခုခြားနေခဲ့သည်။ သူသည်ကား အခြားသူများ၏နောက်လိုက်လုပ်ရသည်ကို နှစ်ခြိုက်လှသောသူမျိုးမဟုတ်၊ သို့ဖြစ်ရာ သူလည်း တစ်ကိုယ်တည်းခွဲထွက်ရန် တွေးနေမိခြင်းဖြစ်ပေ၏။ ထိုအတွက် သူလည်း ဤကိစ္စများကို များများတွေးမထားမိ၊ သို့သော် ယခုတွင်တော့ သူ တစ်ချက်ကို နားလည်သွားရချေပြီ။

ငတုံးကောင်ကျန်းဝေ့ကမူ နာမည်အတိုင်း ရူးနှမ်းကာတုံးအပေသည့်အတွက် ထိုသူမှာ အမြဲတစေစုယွမ်နောက်လိုက်ကာ စုယွမ်၏ပေါင်ကိုသာ တင်းကြပ်စွာ ဖက်ထားလိုက်မည်။

သို့သော် စုန့်ချိုက်ကတော့ စုယွမ်ဟာ အနိမ့်တန်းအဆင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်းမှန်းသိတာတောင်မှ ဤအကြောင်းအရာလေးအတွက် စုယွမ်ရှေ့၌ သူ၏နာခံတတ်သောအစေတပည့်ပုံရိပ်ကိုစွန့်မပစ်ခဲ့၊ မဟုတ်၊ ထိုအစား အနှီသူမှာ ထိုအကြောင်းကြောင့် စုယွမ်အပေါ် ပို၍ပင်လေးစားလာခဲ့သေး၏။

သူတို့သုံးဦးထဲ ကျန်းဝေ့မှာ အရူးနှမ်းဆုံးဖြစ်လျှင် စုန့်ချိုင်ကတော့ ဥာဏ်အကောင်းဆုံးပါပေ။ သို့သော် ကိုယ့်ကိုယ်ကို ဥာဏ်အကောင်းဆုံးဟုထင်တွေးထားသောသူသည်ကတော့ တကယ်တမ်းတွင် ဘာကောင်မှဟုတ်မနေခဲ့ပါပေ။

ကျန်းဝေ့က ကျိုးဝူယို၏ပုခုံးကိုပုတ်လာသည်။

“ဟေ့၊ ဘာတွေစဥ်းစားနေတာလဲ။ မြန်မြန်လုပ်လေ၊ ငါတို့ဆုတွေကိုသွားသိမ်းကြမယ်။ နောက်ပြီး ငါတို့သတင်းတွေကို သူဌေးစုယွမ်ဆီသွားပြောကြမယ်။”

ကျိုးဝူယိုလည်း အသိစိတ်ပြန်ဝင်လာပြီး ပြုံး၍ဆိုလိုက်၏။

“အေး၊ ကျန်းဝေ့။ သွားကြမယ်လေ။”

ကျန်းဝေ့ ကြောင်အသွားရ၏။ ဤသည်မှာ ကျိုးဝူယိုက သူ့နာမည်ကိုကောင်းမွန်စွာ ပထမဆုံးခေါ်ဖူးခြင်းပါပေ။ သူ ကျိုးဝူယိုကို ဒီနေ့တစ်နေ့လုံးထူးဆန်းနေသည်ဟုသာ တွေးလိုက်မိသည်။

စုန့်ချိုက်ကတော့ အပြုံးတစ်ခုချိတ်ဆွဲထားလျက်၊ သူ၏မျက်နှာမှာ စီးပွားရေးသမားတစ်ဦး၏အကွက်မြင်မှုကို ဂုဏ်ယူနေကြောင်းပြနေလေသည်။

အကျိုးဆက်အားဖြင့် ဆက်လက်ယှဥ်ပြိုင်ကြသောအတွင်းတပည့်ပြိုင်ပွဲမှာ လွန်စွာပြင်းထန်သွားတော့၏။

ထိပ်တန်းဆယ်ဦးမှာ သူတို့ကိုယ်၌က ပါရမီရှင်များဖြစ်ကြသည်။ အခြားသူများနှင့်ဆိုပါလျှင် သူတို့ဟာ တိုက်ကွက်အနည်းငယ်လောက်ဖြင့်ပင် အနိုင်ယူနိုင်ပေ၏။

ရှုံးနိမ့်သွားသောတပည့်များကတော့ ကျိုးပဲ့၊ဒဏ်ရာရပြီးပြန်ဆင်းလာကြရသည်၊ အနှီထိပ်တန်းဆယ်ယောက်မှာကား ဒေါသအလုံးစုံကို သူတို့အပေါ်ပုံချနေသည့်အတိုင်းပါပင်။

သို့သော်လည်း သူတို့ ပြန်လုပ်နိုင်တာမရှိပါချေ။

မကြာမီတွင်ပင် ထိပ်တန်းဆယ်ယောက်အဆင့်မှာ ပေါ်ထွက်လာ၏။

သာလွန်တောင်ထိပ်က ဆယ်ယောက်အနက် သုံးနေရာကို ဗိုလ်ဆွဲနိုင်ခဲ့သည်။ စုယွမ်နှင့်ဝေ့ဝမ်အပြင် ယွမ်ချင်းဟုအမည်ရသောသူတစ်ယောက်မှာလည်း ထိပ်တန်းဆယ်ယောက်ထဲသို့ ကံကောင်းစွာဖြင့် နေရာရသွားခဲ့၏။ ထို့အတွက် တောင်ထိပ်ခုနစ်ခုအနက် သာလွန်တောင်ထိပ်မှာ နေရာအများဆုံးရလျက် လောင်းကစားပွဲတွင် အနိုင်ရသွားတော့လေသည်။

All Chapters