← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

Chapter 73

သာလွန်တောင်ထိပ်၏တပည့်များမှာ ပင်မတောင်ထိပ်တစ်ခုလုံးကိုပင် လှုပ်ခတ်သွားလောက်သည်အထိ ဝုန်းဒိုင်းကြဲအောင်ပွဲခံလာကြ၏။

ကျန်ခြောက်တောင်ရှိတပည့်များကတော့ အတော်လေးမသာယာပါပေ။ သူတို့၏အကြည့်များမှာ ဟိုဟိုဒီဒီးပြေးလျက် ရုတ်တရက်ကြီးပွဲကိုပြောင်းပြန်လှန်ပစ်ခဲ့သောစုယွမ်ကို ရှာနေကြသည်။ သို့သော်ငြား သူတို့မှာ အနှီကောင်စုယွမ်ဟာ ထွက်ပြေးသွားကြောင်းကိုသာ သိလိုက်ရပေ၏။

သို့လင့်ကစား ပြိုင်ပွဲကမပြီးသေး၊ ထိပ်တန်းသုံးယောက်နေရာအတွက်ပွဲမှာ အလွန်ပြင်းထန်နေခဲ့သည်။

ယန်မုန့်ထင်၊ စွင်းဟုန်နှင့်ဝေ့ဝမ်တို့အကုန်လုံးမှာ ရေကုန်ရေခမ်းအားကုန်သုံး၍ ယှဥ်ပြိုင်နေကြ၏။

အဆုံးတွင် ဝေ့ဝမ် ရှုံးသွားပေသည်။

သူဟာ ယန်မုန့်ထင်နှင့်စွင်းဟုန်ကို ရှုံးနိမ့်သွားပြီး စွင်းဟုန်က ဒုတိယနေရာချိတ်၍ ယန်မုန့်ထင်က တတိယနေရာချိတ်သွားခဲ့၏။

ဤသို့ဖြင့် လောင်းကစားဝိုင်းကြီးမှာ လူတိုင်းနီးပါးရှုံးလျက် ဒိုင်စားသောပွဲကြီးဖြစ်သွားခဲ့ပေ၏။

စင်မြင့်ပေါ်ရှိ ဂိုဏ်းချုပ်ကုကတော့ အပြုံးကြီးပြုံးနေတော့သည်။

သူဟာ ထူးချွန်လှသည့်ပါရမီရှင်တစ်ဦးကို ရှာတွေ့ခဲ့ရုံသာမက တစ်ချီတည်းဖြင့် ဝိညာဉ်ကျောက်တုံးအများကြီးကိုလည်း ရရှိသွားခဲ့၏။ ဤတစ်ကြိမ်တွင်တော့ သူ ပွတိုးပေါက်တာပါပင်။

သို့သော် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူကိစ္စများကို ထိန်းသိမ်းရန်လိုသေးသည်ပင်။

ဂိုဏ်းချုပ်ကုလည်း ချက်ချင်း သူ၏အရှိန်အဝါကို ဝုန်းဒိုင်းကြဲနေသောလူအုပ်ကြီးထံ ပို့လွှတ်လိုက်၏။

လူတိုင်းမှာ တိတ်ကျသွားလျက် ကုချင်းကျူးကိုလှည့်ကြည့်လာကြသည်။

ဂိုဏ်းချုပ်ကု၏မျက်နှာမှာ တည်ကြည်နေလျက် ဆိုလာသည်။

“အခုတလော ငါတို့ရဲ့ဂိုဏ်းမှာ ဂိုဏ်းစည်းမျဉ်းလစ်ဟာမှုကိုအခွင့်ကောင်းယူပြီး လောင်းကစားဝိုင်းတစ်ခုပေါ်လာခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်ဟာ ငါတို့ဂိုဏ်းတပည့်တွေရဲ့ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးစေတဲ့အတွက် မကောင်းတဲ့အကျိုးသက်ရောက်မှုများစွာကိုဖြစ်စေခဲ့တယ်။”

ငွေရှုံးသွားသောသူများ၏မျက်လုံးများမှာ ပြန်လည်အရောင်တောင်လာ၏။ သူတို့ဝိညာဉ်ကျောက်တုံးများကို ဤနည်းဖြင့်ပြန်ရတော့မည်လား။

“ဒါပေမဲ့ သတ်မှတ်ထားတဲ့ဂိုဏ်းစည်းမျဉ်းတိတိကျကျမရှိတာမို့ ပြစ်ဒဏ်ကလည်း သေချာမရှိဘူး။ ဒါပေမဲ့လည်း ဒီလိုကိစ္စတွေကဆက်ပြီးခွင့်မပြုသင့်ဘူး၊ ဒီလိုမျိုးတွေက ဂိုဏ်းရဲ့စည်းလုံးမှုကိုပျက်ပြားစေလိမ့်မယ်။”

“အဲ့ဒါကြောင့် လောင်းကစားဝိုင်းရဲ့ရလဒ်တွေကိုတော့ ဒီအတိုင်းပဲထားမယ်။ စတင်တည်ထောင်သူစုယွမ်က ပုံမှန်အတိုင်းပေးရမဲ့ငွေတွေကြေးတွေအကုန်ပေးရမယ်။ ဒါပေမဲ့ ရရှိလာတဲ့အမြတ်ငွေရဲ့တစ်ဝက်တိတိကို ဂိုဏ်းရန်ပုံငွေအဖြစ်သိမ်းယူမယ်။ စုယွမ်ကလည်း အပြစ်အနေနဲ့ ဆယ်နှစ်တိတိဂူပိတ်ကျင့်ကြံပြီး ကိုယ့်ကိုယ်ကိုသုံးသပ်ရမယ်၊ ဒါအားလုံးကို သတိပေးတာပဲ။”

“အခုကစပြီး ဒီလိုကိစ္စတွေက ဂိုဏ်းထဲရှိမလာသင့်ဘူး။ ဒီကိစ္စနဲ့ပတ်သက်တဲ့စည်းမျဥ်းကိုလည်း တရားဝင်ထပ်ပြဌာန်းမယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ချိုးဖောက်သူတိုင်း အပြစ်ဒဏ်ကြီးကြီးမားမားကြုံရမယ်၊ အပြစ်ဒဏ်သေးငယ်ရင် ကျင့်ကြံဆင့်ကိုပဲ လျော့ချမယ်။ ကြီးကြီးမားမားဆက်လုပ်တဲ့သူတွေကတော့ အသက်ပေးရတဲ့အထိအရေးယူမယ်။ အားလုံးသတိထားမယ်လို့မျှော်လင့်ပါတယ်။”

ဂိုဏ်းချုပ်ကု၏အကြည့်မှာ ပြတ်သားနေလျက် ကွင်းပြင်တစ်ခုလုံး သတိပေးနေလေ၏။

တပည့်ပေါင်းထောင်ချီမှာ ကြောက်လန့်တကြား တုန်ယင်နေကြတော့သည်။

တောင်ထိပ်သခင်ခုနစ်ယောက်မှာတော့ စိတ်ထဲတွင်သာ ဂိုဏ်းချုပ်ကုကိုအရှက်မရှိကြောင်း ကျိန်ဆဲနိုင်ပေသည်။ အနှီလောင်းကစားပွဲမှာ ထိုလူဖွင့်ထားမှန်း သူတို့တကယ်မသိဘူးဟုများ ထင်နေသည်လား။ ယခုဆိုလျှင် ထိုလူဟာ လောင်းကစားပွဲမှတဆင့်အမြတ်များစွာ ရသွားချေပြီ၊ ထိုသည်သာမက သူက အခြားသူများအမြတ်ရှာရန်လမ်းကြောင်းကိုပါ တစ်ခါတည်းပိတ်သွားသေး၏။

တော်တော်လေးကို အရှက်သိက္ခာမဲ့လွန်းသည်ပင်။

ဂိုဏ်းချုပ်ကုက ဆက်ပြောလာသည်။

“ဒီပြိုင်ပွဲက အောင်မြင်စွာစွာပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်။ အားလုံးလူစုခွဲလို့ရပြီ။”

ဂိုဏ်းချုပ်ကုက အရင်ဆုံးထွက်သွားလိုက်သည်။

အခြားတောင်ထိပ်ကအကြီးအကဲများကလည်း အသီးသီး ပြန်လည်ထွက်ခွာသွားကြသည်။ ထိုသူတို့အနား နားစွင့်ကြည့်ပါက ကံဆိုးသည်ဟုညီးညူးနေသည်ကိုတမျိုး၊ ပိုက်ဆံရှုံးသွားပြီဟု ညီးညူးသည်တစ်ဖုံကို ကြားရလိမ့်ကြပေမည်။ ထိုသည်သာမက ဂိုဏ်းချုပ်မှာ လူစိတ်မရှိ၊ ထိုလူလိမ်ဆီမှလိမ်စားခံလိုက်ရပြီဆိုသည့်အကြောင်းကိုပါ ပြောဆိုနေကြ သေးလေသည်။

တစ်ခဏအကြာ၊ပင်မတောင်ထိပ်၏အဓိကခန်းမထဲတွင် ဂိုဏ်းချုပ်နှင့်အတူ တောင်သခင်ခုနစ်ဦးစုဝေးလာ၏။

စုယွမ်ကလည်း ခန်းမထဲရှိနေသည်။

ဂိုဏ်းချုပ်ကုက ညင်သာစွာ ပြုံးလာသည်။

“စုယွမ်၊ ငါမင်းကို ငါ့ရဲ့တပည့်အရင်းအဖြစ်ခန့်အပ်မယ်၊ သဘောတူသလား။”

ဤသည်ကိုကြားတော့ စုယွမ်လည်း သဘောတူကြောင်း ပြောရန်ပြင်လိုက်၏။

သို့သော် ဝမ့်စစ်မင်က ရှေ့ထွက်လာကာ ပြောလာပေ၏။

“ဂိုဏ်းချုပ်၊ ဒီလူအိုကြီးပြောစရာရှိပါတယ်၊ ဒါပေမဲ့ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။”

“အဲ့ဒါဆိုရင်လည်း မပြောနဲ့လေ။”

ဂိုဏ်းချုပ်ကုက ပြန်ပြောလိုက်သည်။

ဝမ့်စစ်မင်က ဆက်သာပြောလာ၏။

“ကောင်းပြီလေ၊ ကျွန်တော်ပြောပါ့မယ်။ ဂိုဏ်းချုပ်၊ စုယွမ်က တကယ်တော့ ကျွန်တော်တို့သာလွန်တောင်ထိပ်ရဲ့အတွင်းတပည့်ဖြစ်ပြီး ပင်မတပည့်ဖြစ်ဖို့ရွေးချယ်ခံထားရသူပါ။ သူက တပည့်ရင်းအဖြစ်တိုးမြင့်ခံရရင်တောင် သာလွန်တောင်ထိပ်ရဲ့တပည့်ရင်းပဲဖြစ်သင့်တယ်မဟုတ်ပါဘူးလား။ ဂိုဏ်းချုပ်ကသာ ဒီလိုမျိုး သူ့ကို ပင်မတောင်ထိပ်ဆီခေါ်သွားတာက သင့်တော်ပါရဲ့လား။”

စုယွမ်မှာ ဝမ့်စစ်မင်ကို အံ့သြတကြီးလှည့်ကြည့်မိလျက်၊ ဤတောင်သခင်ဝမ့်မှာ တကယ်ကိုသတ္တိရှိလှသည်ပဲ။

ဂိုဏ်းချုပ်ကုမှာ ထိုစကားများကိုကြားတော့ ခပ်ယဲ့ယဲ့သာပြုံးသည်။

“သူက အခုမှအတွင်းတပည့်အဆင့်ပဲရှိသေးတာပါ။ ငါ ကြည့်ကြည့်ပြီးပြီ။ စုယွမ်က ပင်မတပည့်စာရင်းထဲရှိမနေဘူး။ နောက်ပြီး ဒီတစ်နှစ်အတွင်း မင်း သူ့ကို မန္တန်တစ်ခုမပြောနဲ့၊ တစ်ဝက်လောက်ကိုတောင်သင်ကြားဖူးလို့လား။”

“ဒီအတောအတွင်းမှာ ငါက စုယွမ်နဲ့ မိတ်ဆွေကောင်းဖြစ်လာခဲ့တာ။ နောက်ပြီး သူ့ကို ငါက ပင်မတောင်ထိပ်ရဲ့ပင်မတပည့်အဖြစ်တောင် စာရင်းသွင်းထားပြီးပြီ။ ဘယ်ဘက်ကကြည့်ကြည့် စုယွမ်ဟာ ငါ့ပင်မတောင်ထိပ်ရဲ့တပည့်ဖြစ်ဖို့ လုံးဝသင့်တော်တယ်။”

ဝမ့်စစ်မင်က အံ့သြတကြီးပြန်မေးလိုက်မိ၏။

“ဘယ်တုန်းက သွားသွင်းလိုက်တာလဲ။”

ဂိုဏ်းချုပ်ကုက တည်တည်ငြိမ်ငြိမ်သာ။

“ဒီရက်လေးအတွင်းကပဲသွင်းလိုက်တာ။ မင်းသွားစစ်ကြည့်လို့ရတယ်။ မင်းကိုယ်တိုင်လျှို့ဝှက်နယ်မြေထဲဝင်ပြီး အဲ့ဒီစိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲတစ်အုပ်ကို ရှာမေးရင်တောင် ငါ့ဘက်ပဲပါကြမှာပဲ။”

“တောင်သခင်ဝမ့်၊ မင်းသာ မင်းလုပ်ရပ်တွေကိုပြန်ဆန်းစစ်သင့်တာ။ ဒီနှစ်တွေကိုပြန်တွေးကြည့်စမ်းပါ၊ မင်းတပည့်တွေအပေါ် မင်းဘယ်လိုတောင်စီမံခန့်ခွဲနေသလဲ။ တောင်ထိပ်ကို နည်းနည်းလေးမှတောင် မစီမံချင်တော့တာလား။ ဒီကိစ္စအတွက် မင်းအကြောင်းပြချက်တစ်ခုခုတော့ပေးမှရမယ်နော်။ နောက်ပြီး ငါက ဂိုဏ်းချုပ်ဖြစ်တဲ့အတွက် ငါ့ဆုံးဖြတ်ချက်ကအမှန်ပဲ။”

ဂိုဏ်းချုပ်ကုမှာ အလွန်လျင်မြန်စွာပြောသွားသည်ပင်၊ စကားထဲဓါးများပါဝင်နေလျက် ဆက်တိုက်ပစ်ခွင်းလာရာ ဝမ့်စစ်မင်မှာ စွံ့အလျက်သာ ကျန်ရှိတော့၏။

စုယွမ်မှာ ဂိုဏ်းချုပ်ကု၏စကားပြောစွမ်းရည်ကိုကြည့်ရင်း တော်တော်လေးလေးစားသွားရသည်။

ဂိုဏ်းချုပ်ကုတစ်ယောက် ပြောပြီးချိန်တွင် စုယွမ်ကို ကြည့်လာခဲ့သည်။

“မင်းရောဘယ်လိုလဲ။ မင်းရောဆန္ဒရှိလား။”

“တပည့် ဆန္ဒရှိပါတယ်။”

စုယွမ်မှာ ဝမ့်စစ်မင်ထံ တောင်းပန်အကြည့်လေးဖြင့်သာ လှည့်ကြည်လိုက်မိ၏။

ဝမ့်စစ်မင်မှာလည်း တော်တော်လေးစိတ်ပျက်လက်ပျက်ဖြစ်နေသည့်ဟန်၊ သို့သော် ဤကိစ္စမှာ တကယ်ကို သူ့အမှားဖြစ်ပေ၏။ သူသည်ကား တကယ်ကို တပည့်များအပေါ်အရေးမစိုက်မိခဲ့ပေ။ အကြောင်းမှာလည်း သူဟာ ဤတလောအတွင်း အယူအဆတစ်ခုကိုနားလည်ရန်ကြိုးစားကာ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်တက်ရန်ကြိုးစားနေသောကြောင့်ပင်။

ဤနှစ်များအတွင်း သူ အခြေခံကို သေချာသွေးနေခဲ့တာဖြစ်သည်။ ထို့ကြောင့် သူက တောင်သခင်ဆက်ခံသူရာထူးအတွက် ရှာနေခြင်းဖြစ်ပြီး စုယွမ်ကလည်း သင့်တော်သည်ဟု သူထင်မိခြင်းဖြစ်၏။ သို့သော်ငြား ကိစ္စများက ထိုသို့ဖြစ်လာချေပြီ။

အဆုံးတွင်တော့ တောင်သခင်အားလုံး၏အရှေ့တွင်ပင် စုယွမ်မှာ ဂိုဏ်းချုပ်၏တပည့်ရင်းအဖြစ်အဆင့်တက်သွားလေသည်။

“အဟမ်း၊ စုယွမ် ပထမနေရာအတွက်ရတဲ့ဆုတွေသွားယူချေ။ ပြီးရင် မင်း တံခါးပိတ်အပြစ်ပေးခံရမယ်။”

ဂိုဏ်းချုပ်က အပြုံးတစ်ပွင့်ဖြင့်ဆိုလာသည်။

စုယွမ်၏မျက်နှာပေါ်ရှိအပြုံးမှာ ချက်ချင်း အေးခဲသွားတော့၏။

သူ အံ့သြတကြီး ပြန်မေးလိုက်သည်။

“ကျွန်တော် အပြစ်ပေးခံရဦးမှာလား။ ဒါနဲ့ လောင်းပွဲအတွက် ကျွန်တော့်ဝေစုကရော ဘယ်လိုဖြစ်သွားပြီလဲ။”

တောင်သခင်ခုနစ်ဦးမှာ အချင်းချင်းမျက်စပစ်မိသွားကြသည်။

ဂိုဏ်းချုပ်ကုကလည်း မြန်မြန် မျက်စိတစ်ချက်မှိတ်ပြလာပြီး ပြောလာ၏။

“ဘာဝေစုလဲ။ ဘာတွေပြောနေတာလဲ။ လျှောက်ပြောမနေဘဲ ယွမ်ရေကန်မှာသာ သွားပြီးသုံးသပ်နေ။”

“ယွမ်ရေကန်တဲ့လား။ အဲ့ဒါဘယ်ကနေရာကြီးလဲ။”

စုယွမ် ဂိုဏ်းချုပ်ကုက ရှုပ်ထွေးနေဟန်ဖြင့်ကြည့်လိုက်သည်။

သို့သော် စိတ်ထဲတွင်တော့ စုယွမ်မှာ အနှီယွမ်ရေကန်က ကောင်းကင်နှင့်မြေကြီးချီစွမ်းအင်များပေါကြွယ်ဝလောက်သည့်နေရာဖြစ်မှန်း သိထားပါ၏။ သူ စာကြည့်တိုက်ထဲတွင် ထိုနေရာအတွင်းဖတ်ဖူးသည်ပင်။ ထိုနေရာတွင် နေရန် ဆယ်နှစ်တာဟူသောအချိန်အတွက် ဂိုဏ်းချုပ် သူ့ကိုကတိပေးထားသောဝိညာဥ်ကျောက်တုံးများနှင့် အလဲခံလိုက်ရသည်လား။ သို့သော်ငြား ထိုရေကန်မှာ ဂိုဏ်း၏ပိုင်ဆိုင်မှုမဟုတ်ပေလား။ ထိုနေရာတွင်နေရန် ဂိုဏ်းချုပ်က ဝိညာဉ်ကျောက်တုံးများစိုက်ထုတ်ပေးရန်လည်း မလိုသည်ကိုလေ။

ဤဂိုဏ်းချုပ်မှာ တကယ်ကို ယုတ်မာလွန်းလှသည်ပင်။

All Chapters