← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

Chapter 76

ထို့နောက်တွင်တော့ အတွင်းဆောင်ပြိုင်ပွဲ၏ထိပ်တန်းဆယ်ယောက်ရရှိသူများမှာ တစ်ယောက်ပြီးတစ်ယောက်လာ၍ စုယွမ် တပည့်ရင်းအဖြစ်အဆင့်မြင့်သွားခြင်းအပေါ် လာရောက်ဂုဏ်ပြုကြသည်။ စုယွမ်ကလည်း တပည့်ရင်းဟူသောဂုဏ်ကြောင့်မဝင့်ကြွားဘဲ တစ်ယောက်ချင်းဆီကို ကောင်းမွန်စွာသာ ဧည့်ခံလေ၏။

နောက်ဆုံးတွင် ညဥ့်အမှောင်ထုမှာ ရောက်ရှိလာလေ၏။

သော်တာလမင်းကလည်း ကောင်းကင်တွင် ခိုဝဲနေသလို ကြယ်များစွာကလည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် ကောင်းကင်အလှကို ဖြည့်စွက်ပေးနေသည်။

ကြယ်အများကြားတွင် ခုနစ်စဥ်ကြယ်ကား အလင်းလက်ဆုံးပါပေ။

စုယွမ်မှာ ခြံဝန်း၏ထိပ်တစ်နေရာ၊အမြင်ဆုံးတွင် ရောက်နေပြီး ထိုနေရာတွင် စင်တစ်ခုထောင်ထားလိုက်သည်။

ကျူးကောကျန့်နှင့်နန်ကုန်းဟော်ယွီမှာ မတ်တပ်ရပ်ကာ ကြည့်နေကြ၏။

စုယွမ်၏ခရမ်းရောင်ဝတ်စုံမှာ လေတွင် တလွှင့်လွှင့်၊သူ့အပေါ်ကျရောက်နေသော လရောင်ဖျော့ဖျော့မှာ သူ၏ပုံရိပ်ကို ပို၍ဆန်းကြယ်နေစေလေသည်။

“ဓါးများ၊ ပေါက်ထွက်စေ။”

စုယွမ် လက်ဝှေ့ယမ်းလိုက်ရာ ဓါးသေတ္တာမှာ ထွက်ပေါ်လာ၏။ ထိုအထဲမှ ဓါးရှည်ခုနစ်ချောင်းက ပျံထွက်လာပြီး စုယွမ်ဘေးပတ်ပတ်လည်တွင် နေရာယူလာကြသည်။

ဆန်းကြယ်ပကတိချီစွမ်းအင်မှာ စုယွမ်၏ခန္ဓာကိုယ်အတွင်းမှထွက်လာပြီး ဓါးတို့၏ထိပ်ဖျားတွင် ကြယ်စွမ်းအင်ကို စုစည်းလာစေ၏။

“ကြယ်ခုနစ်စင်းခွဲဖြာကျင့်စဥ်။”

စုယွမ်လည်း သူ၏စိတ်ဝိညာဉ်အာရုံဖြင့်အမိန့်ပေးလိုက်ရာ ဓါးရှည်ခုနစ်ချောင်းက စင်မြင့်ပေါ်ရောက်ရှိသွားကြသည်။ ထို့နောင်တွင် ဓါးရှည်တို့မှာ စင်မြင့်ပေါ်တွင် နေရာအသီးအသီးယူလိုက်ရာ ဆန်းကြယ်သော ကြယ်ပုံအစီအရင်တစ်ခုမှာ ပုံပေါ်လာသည်။

ဓါးခုနစ်ချောင်းမှာ နေရာခုနစ်နေရာတွင် ထိုးစိုက်လာလျက် အစီအရင်ကို အသက်သွင်းလိုက်၏။ ဤသို့ဖြင့် ဓါးခုနစ်ချောင်းမှာ အချင်းချင်းဆက်သွယ်သွားပြီး ခုနစ်စဥ်ကြယ်အစီအရင်ကြီးမှာ ပေါ်ပေါက်လာတော့၏။

ကျူးကောကျန့်နှင့်နန်ကုန်းဟော်ယွီမှာ အလွန်ထိတ်လန့်လျက် တစ်ယောက်ကိုတစ်ယောက်လှည့်ကြည့်မိသွားသည်။ ဤသို့သောအစီအရင်မျိုးကို သူတို့တကယ်ထင်မထားပါချေ။

စုယွမ်လည်း ထိုသူတို့နှစ်ယောက်ကိုကြည့်ပြီး ပြောလိုက်သည်။

“ခဏလေး။ ဒီရှေ့ဖြစ်ဟောတာက ဝိညာဉ်ကျောက်တုံးအများကြီးကုန်မှာ။ အစ်ကိုတို့ ကျွန်တော့်ကို ပြန်ပေးနိုင်မလား။”

“ပေးမယ်။”

ကျူးကောကျန့် ခေါင်းညိတ်လိုက်သည်။

စုယွမ်၏အမူအရာမှာ အနည်းငယ်နူးညံ့သွားလျက် မျက်လုံးများကလည်း ဝေဝါးသွားသည်။ ထို့နောက်တွင်တော့ သူ နှစ်ယောက်သား၏ဆံပင်များကိုယူကာ အစီအရင်၏အလယ်ဗဟိုသို့သွားလိုက်၏။

စုယွမ်က လက်သင်္ကေတများကို အဆက်မပြတ်ပြောင်းလျက်၊ ဆန်းကြယ်ပကတိချီစွမ်းအင်သုံး၍ သူ၏စိတ်ဝိညာဉ်အာရုံကို အစီအရင်ထဲထည့်လိုက်သည်။

အဓိကကတော့ စုယွမ်က သူနားလည်ခဲ့သော ကောင်းကင်နှင့်မြေကြီး၏နိယာမများကို အသက်သွင်းနေတာဖြစ်၏။

သတ္ထု၏နိယာမ၊ မီးတောက်၏အဟုန်၊ သစ်သား၏အရှိန်အဝါစသဖြင့်အားလုံးတိို့မှာ ဓါးပျံခုနစ်ချောင်းဆီ စီးဝင်သွားကြပြီး အစီအရင်ကို အနေအထားတစ်ခုအထိ အဆင့်မြင့်သွားတော့သည်။

ထို့နောက်တွင် စုယွမ် ဟစ်ကြွေးလိုက်၏။

“ကြယ်ခုနစ်စင်းခွဲဖြာကျင့်စဥ်။ သတ္ထုနိယာမအစပြု၊ မီးနဲ့သစ်သားနောက်လိုက်ကာ ခုနစ်စဥ်ကြယ်လမ်းပြမှုဖြင့်အနာဂတ်၏ကံကောင်းခြင်းကံဆိုးခြင်း ပေါ်ပေါက်လာစေ။”

ခုနစ်စဥ်သောကြယ်အလင်းတို့မှာ တိမ်များကိုဖောက်ထွင်းကာ အောက်ရှိအစီအရင်ထံရောက်ရှိလာကြတော့၏။

ထိုသို့သော ခုနစ်စဥ်ကြယ်၏ရောင်စဥ်တို့မှာ တောက်ပလွန်းရာ အဝေးမှပင်မြင်နိုင်လေသည်။

ပင်မတောင်ထိပ်ပေါ်ရှိအကြီးအကဲများကလည်း စုယွမ်၏ခြံဝန်းဘက်ကို အံ့သြတကြီးလှည့်ကြည့်လာကြ၏။

ဂိုဏ်းချုပ်ကုလည်း အံ့သြသွားပြီး တွေးမိလိုက်သည်။

“စုယွမ်ဘာလုပ်နေတာလဲ။ သူလုပ်နေတာက ဂိုဏ်းရဲ့အကာအကွယ်စည်းကိုတောင် ကပြောင်းကပြန်ဖြစ်သွားစေတာ။ ဒီလိုအရည်အချင်းမျိုးကကွာ။”

ဂိုဏ်းချုပ်လည်း သေချာကြည့်လိုက်တော့ ဘာမှကြီးကြီးမားမားမဟုတ်မှန်းသိသွားရာ အာရုံမစိုက်တော့ပါပေ။ ချီစုဆောင်းခြင်းအဆင့်သာမန်ကျင့်ကြံသူလေးတစ်ဦးမှာ ဘယ်လိုကြီးမားသည့်အရှုပ်ထုပ်ကိုများ လုပ်နိုင်ပါမည်တုန်း။

ကြယ်အလင်းတို့မှာ ဆယ့်ငါးမိနစ်မျှလင်းလက်နေပြီးမှသာ ကောင်းကင်ယံရှိခုနစ်စဥ်ကြယ်နှင့်အမှန်တကယ်ချိတ်ဆက်သွားတော့သည်။

စုယွမ်မှာ တစ်ခုခုကိုခံစားလိုက်ပုံပေါ်ပြီး သူ၏ညာဘက်လက်ချောင်းများကလည်း လှုပ်ရှားလျက်၊ ကျူးကောကျန့်နှင့်နန်ကုန်းဟော်ယွီ၏ရှေ့ဖြစ်နိုင်မည့် ကံအဆိုးအကောင်းကိုတွက်ချက်ကြည့်လိုက်တော့၏။

သူ၏ဘက်ဘက်လက်မှာကား သိုလှောင်လက်စွမ်ကိုအသက်သွင်း၍ အစီအရင်အတွင်းသို့ ဝိညာဉ်ကျောက်တုံးများကို ရေတံခွန်အလား ဆက်တိုက်သွန်လောင်းတော့၏။ ဝိညာဉ်ကျောက်တုံးများမှာ လေထုထဲတွင်ပင် အငွေ့ပျံသွား၍ ချီစွမ်းအင်အဖြစ်ကူးပြောင်းကာ အစီအရင်ကို ပိုမိုအားဖြည့်ပေးနေလေသည်။

ကျူးကောကျန့်မှာတော်တော်လေးစိုးရိမ်လာရသည်၊ သူ့မှာ မနေနိုင်ဘဲ လက်ဖဝါးထက် ချွေးများပင်စိုရွဲလာရ၏။ ကမ္ဘာပေါ်တွင် ဤသို့ဖြင့် ရှေ့ဖြစ်ဟောနိုင်သည့်လျှို့ဝှက်နည်းကိုတတ်ကျွမ်းသူများမှာ အလွန်ရှားပါးလှ၏။ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းတွင်လည်း ထိုသို့ကျင့်စဥ်မျိုးရှိတာတောင် လူတိုင်းမသင်ယူနိုင်ပါပေ။ ထို့အပြင် စုယွမ်၏ပုံစံအရ အစစ်အမှန်ဖြစ်နေနိုင်ရာ သူ့မှာ မကောင်းသည့်ရလဒ်ထွက်လာမည်ကို ကြောက်ရွံ့နေရမိတော့သည်။

သူပိုကြောက်သည်မှာ ရလဒ်မဟုတ်၊ ထိုကဲ့သို့သောလူများဟာ ရလဒ်များကို ကောင်းကင်ဘုံ၏လျှို့ဝှက်ဟုဆိုကာ မရေမရာဝါးတားတားအဖြေများကိုသာ ပြော၍ လူတို့ကို စဥ်းစားရကြပ်စေ၏။ အကယ် နားထောင်သူသာ မှားကောက်ချက်ချမိပါက အဆိုးတွေသာဖြစ်လိမ့်ချေမည်။

ဝိညာဉ်ကျောက်တုံးများထည့်သွင်းနေခြင်းမှာ ရုတ်တရက်ရပ်သွား၏။

စုယွမ်၏မျက်နှာမှာလည်း ဖြူဖျော့သွားကာ ရုတ်တရက် သူ သွေးတစ်ပွက်အန်ထုတ်လာလေသည်။

သွေးများမှာ ပါးစပ်မှာထွက်သည်နှင့်တန့်အငွေ့ပျံသွားကြလျက် ကျူးကောကျန့်တစ်ယောက် အလွန်ထိတ်လန့်သွားတော့သည်။

နန်ကုန်းဟော်ယွီလည်း အမြန်ဆေးလုံးတစ်ခုကိုထုတ်၍ စုယွမ်ထံကမ်းပေးလိုက်၏။

စုယွမ် ဆေးလုံးကိုယူ၍ မျိုချလိုက်ရာ သူ၏အခြေအနေမှာ ပြန်လည်တည်ငြိမ်သွားလေသည်။

“တော်တော်အားကုန်တာပဲဟ။ ငါ့ရဲ့ကျင့်ကြံဆင့်ကမလုံလောက်တာဖြစ်မယ်။ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ကျင့်ကြံသူပဲ သေချာဖတ်လို့ရမှာထင်တယ်။”

စုယွမ်မှာ ခေါင်းတစ်ခါခါဖြင့် စိတ်ထဲသက်ပြင်းချမိသွားသည်။

စုယွမ်ခေါင်းခါနေတာမြင်တော့ ကျူးကောကျန့်ရင်တုန်သွားတော့သည်။

သူ၏အသံမှာ အနည်းငယ်ပင် တုန်ယင်နေလေ၏။

“စု စုယွမ်၊ ဘာဖြစ်တာလဲဟင်။”

စုယွမ် ချောင်းဟန့်ကာ သူ့တည်ငြိမ်မှုကို ပြန်ထိန်းလိုက်ပြီးပြောလိုက်၏။

“ကောင်းပါတယ်၊ အတွင်းဒဏ်ရာမဟုတ်ဘူး၊ ဒီတိုင်းသွေးနဲ့ချီစွမ်းအင််မလုံလောက်ဖြစ်သွားတာ။နာရီဝက်လောက်ပြန်စုစည်းလိုက်ရင် ပြန်ကောင်းသွားမှာ။”

ကျူးကောကျန့် စွံ့အသွားရ၏။ သူက အနှီလူခန္ဓာကိုယ်အကြောင်း မေးမိလို့များလား။

သို့သော် သူ ကျေးဇူးတင်လိုက်ဆဲပင်။

“ဒုက္ခခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။”

စုယွမ်က လက်ဝေ့ရမ်းလာကာ ဆိုသည်။

“ဒုက္ခမဖြစ်ပါဘူး။ ကျွန်တော် မြင်လိုက်ရတဲ့အရာတွေကတော့အရမ်းမတိကျဘူး၊ အစ်ကိုတို့ ဒီအတိုင်း အကြမ်းဖျင်းပဲမှတ်သွားလိုက်။”

ကျူးကောကျန့်၏အမူအရာမှာပြန်၍လေးနက်သွားကာ လာတော့မည့်ဝေဝေဝါးဝါးစကားများကို နားထောင်ရန် ပြင်ဆင်လိုက်၏။

စုယွမ် ဆိုသည်။

“ခင်ဗျားတို့ တကယ်လို့ ဘယ်ကိုသွားရမယ်မှန်းမသိဘူးဖြစ်နေခဲ့ရင် အရှေ့ကိုသာဆက်သွားဖို့ရွေး။ နောက်ပြီး ခင်ဗျား မြွေအကြီးကြီးကိုမြင်ခဲ့ရင် မျက်လုံးကိုတည့်တည့်စိုက်ကြည့်ရမယ်။ တကယ်လို့ သွားရင်းအရမ်းလုံခြုံပြီလိုခံစားရတဲ့အချိန် နောက်ဆုံးလျှို့ဝှက်ကတ်တွေထုတ်သုံးဖို့ပြင်ထားတော့။ ဒါပဲ၊ ဒီသုံးချက်ပဲ။”

ကျူးကောကျန့်မှာ အံ့သြသွားသည်။ စုယွမ်၏တဲ့တိုးဆန်သောစကားများမှာ အချို့နေရာတွင် အလွန်မရှင်းလင်းတောင်မှ ထိုထိုသောအကြီးအကဲဂုရုကြီးများထံမှကြားရလေ့ရှိသော ခုနစ်လုံးစပ်အတွဲကဗျာများထက်တော့ သာသေးသည်ပင်။

“ဒါက အရမ်းကြီးတဲ့တိုးဆန်မနေဘူးလား။”

ကျူးကောကျန့်မှာ မနေနိုင်ဘဲ မေးမိသွားရသည်။

“တဲ့တိုးပြောတာမကောင်းဘူးလား။”

စုယွမ် အံသြ၍ မေးလိုက်သည်။

“အဲ့ဒါဆိုရင် ကျွန်တော် စကားပြန်စီလိုက်မယ်။ ရှေ့မှာတွေ့ရမဲ့လမ်းကြောင်းတွေကရှင်းလင်းမှာမဟုတ်ဘူး။ မြွေတစ်ကောင်ကိုလည်းတွေ့ရနိုင်ပေမဲ့ အဲ့ဒီအရာက မင်္ဂလာအတိတ်နမိတ်အဖြစ်ပြောင်းသွားပြီး သတ္တိအဟုန်ကိုတိုးပွားလာစေလိမ့်မယ်။ ဒါပေမဲ့ စိတ်အေးချမ်းသွားတဲ့အချိန်က တကယ်ကိုတည်ငြိမ်ရမှာမဟုတ်ဘူး၊ အသက်အန္တာရယ်ရှိလောက်တဲ့ကံကြမ္မာကတိုးဝင်လာနိုင်တယ်။”

ကျူးကောကျန့်: “...”

နန်ကုန်းဟော်ယွီ: “...”

“စကားမစပ်၊ ငွေလေးချေကြရအောင်။ ကုန်ကျငွေကလည်း၊ အမ်း၊ ဝိညာဉ်ကျောက်တုံး ၃၇၀၀၀၀တုံးကျတယ်။ အစ်ကိုတို့ ထောက်ပံ့အမှတ်နဲ့ပေးမှာလား၊ ဝိညာဉ်ကျောက်တုံးနဲ့ပဲပေးမလား။”

စုယွမ်၏သွားများ ဖြီးနေသည်မှာ ညအမှောင်ထဲတွင် ကြယ်အလင်းတို့ဖြင့်ပင် ပြန်ဟပ်တောက်ပနေတော့သည်။

ကျူးကောကျန့်၏အမူအရာမှာ ကြောင်အသွားရသည်။ သူဘာလို့ ခုနက ပစ်ထည့်လိုက်တဲ့ဝိညာဉ်ကျောက်တုံးက အဲ့ဒီလောက်မများဘူးလို့ ခံစားနေရတာပါသနည်း။

သို့သော်လည်း ကျူးကောကျန်းဘာမှမပြော၊ ရှေ့ဖြစ်လာမည်ကိုကြိုသိသည်ကပင် ဘယ်လောက်ပေးရရတန်သည့်အရာပါပင်။

ကျူးကောကျန့်မှာ ဝိညာဉ်ကျောက်တုံးများကို မြန်မြန်ပဲထုတ်ပေးလာ၏။

စုယွမ် စိတ်ထဲတွင် ကျိန်ဆဲမိတော့သည်။

“ဟာ။ ငါ ကျူးကောကျန့်က အဲ့ဒီလောက်ချမ်းသာမယ်ထင်မထားဘူး။ ရှုံးပြီ၊ ရှုံးပြီ။ သန်းတစ်ရာလောက်ကိုရှုံးသွားတာ။ ဒီထက်များများတောင်းလိုက်ရမှာ။ ငါ တမင်သွေးအန်မပြလိုက်သင့်ဘူးကွာ၊ ဟန်ဆောင်ရတာတောင်အလကားဖြစ်သွားပြီ။”

All Chapters