← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

Chapter 77: ငြိမ်းချမ်းသောဘဝ၊ ဝိညာဉ်ငါးများဖြင့် ကျင့်ကြံခြင်း။

ထိုသူနှစ်ဦးထွက်ခွာသွားတာကိုကြည့်ရင်း စုယွမ်မှာ နှလုံးသားထဲရွှင်မြူးနေတော့သည်။

ထိုသူနှစ်ဦးမှာ ယခုထိတိုင် စွန့်စားခန့်သွားဖွင့်ချင်ဆဲပင်။

သူတို့ဟာ စုယွမ်နှင့်မတူ၊ မိမိ၏အနာဂတ်အတွက်လည်း ကြိုးစားတိုက်ခိုက်လိုသော်ငြား စုယွမ်ကတော့ ဖြတ်လမ်းသမားပင်။ ထို့အတွက် သူနှင့်အနှီသူတို့ ရှေ့လျှောက်လမ်းတူကြမည်မဟုတ်ပါချေ။

“သူတို့ ဘေးကင်းကင်းနဲ့ပြန်ရောက်ပါစေပဲ ဆုတောင်းပါတယ်။”

စုယွမ် သက်ပြင်းချလိုက်၏။ ရှေ့ဖြစ်ဟောခြင်းဆိုသည်မှာလည်း အလုံးစုံအကြွင်းမဲ့မှန်ကန်နေမျိုးမဟုတ်။ လူတစ်ဦးဟာ ထိုသို့ရှေ့ဖြစ်ဟောဗေဒင်မျိုးကို များစွာမလိုက်စားသင့်ပေ၊ သို့မဟုတ်ပါက စုံလုံးကန်း၍ အသက်အန္တာရယ်အထိ ထိခိုက်လာနိုင်ပါ၏။

ရှောင်ချိုက်ဟာ ထိုအခါမှ ရေကန်အောက်ပုန်းနေရာမှထွက်လာပြီး စုယွမ်ကို မျက်လုံးဝိုင်းကြီးများဖြင့် ကြောင်တောင်တောင်လေးကြည့်လာ၏။

“ဗိုက်ဆာပြန်ပြီလား။”

စုယွမ်မှာ ပြန်ကြည့်လိုက်၏။

ရှောင်ချိုက်က ခေါင်းလေးညိတ်ပြလာသည်။

စုယွမ်လည်း ပြောစရာမဲ့သွားပြီး ဝိညာဉ်ကျောက်တုံးများသာ ထုတ်ကျွေးလိုက်ပါ၏။

ရှောက်ချိုက်ကလည်း ချက်ချင်း ပျော်ပျော်ကြီး စားသောက်နေတော့သည်။

ရှောင်ချိုက်တစ်ကောင် ဝိညာဉ်ကျောက်တုံးများကိုစားသောက်ပြီးတာနှင့် ဆန်းကြယ်ပကတိချီစွမ်းအင်တို့မှာ စုယွမ်ကိုယ်ထဲ ဝင်ရောက်လာပြန်သည်။

စုယွမ်၏ခေါင်းထဲ အတွေးတစ်ချက်ပေါ်လာပေ၏။

သူ ယွမ်ရေကန်အကြောင်းတွေးမိသွားတာဖြစ်သည်။ အကယ်၍ သူသာ ထိုနေရာသို့သွား၍ကျင့်ကြံပါက သူ၏နားချိန်အတွက် အထိအခိုက်ဖြစ်နိုင်၏။ သို့သော် ရှောင်ချိုက်သွား၍ကျင့်ကြံပါကမူ နားချိန်လည်းမထိခိုက်သလို သူလည်း တိုးတက်မည်မဟုတ်ပါလား။

ဒါ့အပြင် ရှောင်ချိုက်ကိုကျွေးရင်းကုန်မည့်ဝိညာဉ်ကျောက်တုံးများကို လျော့ချရာလည်းရောက်သည်။

သူတွေးလေလေ၊ ပို၍အဆင်ပြေမည်ဟုထင်လေလေပင်။ ထို့ကြောင့် စုယွမ်၏ရှောင်ချိုက်အပေါ်အကြည့်မှာ တောက်ပလာတော့၏။ စုယွမ်၏အကြည့်စူးစူကို ခံစားမိသောရှောင်ချိုက်မှာ ခေါင်းမော့ကာ ကြောင်တောင်တောင်ကြည့်လာသည်။

ငါးလေးမှာ စုယွမ်ကိုအထင်လွဲသွားပုံပင်၊ သူ့မှာ အတော်လေးတွန့်ဆုတ်စွာဖြင့် စားလိုက်စ ဝိညာဉ်ကျောက်တုံးအပိုင်းအစလေးတစ်ခုကို စုယွမ်ထံ ပြန်ပေးလာ၏။

သူ့မှာ ကျန်ရှိနေသေးသောဝိညာဉ်ကျောက်တုံးများကိုတော့ ထပ်မပေးချင်တော့ဟန် မော့ကြည့်လာသည်၊ ထို့သို့သော အကြည့်လေးမှာ စုယွမ်ကို ရွှင်မြူးလာစေပေ၏။

“အသင့်ပြင်ထား။ နောက်ကျရင် ငါတို့နေရာကောင်းကိုရောက်တဲ့အခါ မင်း ပြည့်အင့်နေတဲ့အထိစားရတော့မှာ။”

စုယွမ်ကတော့ ပြင်ဆင်ဖို့လိုတာများကို တွေးလိုက်သည်။ သူ တစ်ခုခုကိုမေ့သလိုမျိုးခံစားရသော်လည်း ဘာကိုမေ့နေမှန်း စဥ်းစားမရပါချေ။

“ပစ္စည်းတွေအကုန်ထုတ်ပြီးပြီလေ။ ဘာမှကျန်တော့တာမှမဟုတ်တာ။ ငါ ဂိုဏ်းထဲကိုရောက်တာ ဘယ်လောက်ကြာသေးလို့လဲ။ ရှောင်ချိုက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကိုရောက်ရင်တော့ သူ့ကို လျှောက်ကစားဖို့ အပြင်ခေါ်သွားဦးမှပါ။ တကယ်ပဲ ဘာကျန်ခဲ့ပါလိမ့်။”

စဥ်းစားရင်းမှ စုယွမ်မှာ မှတ်မိသွားရ၏။

“ဟုတ်သား၊ စျေးထဲကဆိုင်။ ဒါပေမဲ့ ငါက စုန့်ချိုက်ကို ဆိုင်ကို နျိုပင်ကိုလွဲပေးဖို့ပြောခဲ့တာပဲ။ အဲ့ဒီတော့ငါနဲ့မှမဆိုင်တော့တာ၊ နောက်ပြီး ငါ့နာမည်တပ်ထားတော့ ကျော်ကြားမှုအမှတ်တောင်တိုးလာနိုင်သေးတယ်။”

စုယွမ် စနစ်မျက်နှာပြင်တောင်ကြည့်လိုက်တော့ သူ ထပ်မံအဆင့်မြင့်ရန်အတွက် အမှတ်နှစ်ထောင်လိုသေးကြောင်းသိလိုက်ရ၏။ စုယွမ်ကလည်း အလျင်မလိုပါချေ၊ သူသာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကိုရောက်သွားပါက ထိုအမှတ်များအလိုလိုရလာနိုင်သည်သာ။

“သွားကြစို့။’

စုယွမ်လည်း သူ၏ငါးကန်ကိုဆင့်ခေါ်လိုက်ပြီး ရှောင်ချိုက်နှင့်ဝိညာဥ်ငါး၄၉ကောင်ကို ထည့်ကာ ယွမ်ရေကန်ဆီ ဦးတည်လိုက်တော့သည်။

အခြားတစ်ဖက်တွင်မူ ခုနစ်စဥ်အကြွင်းမဲ့စျေး၊ စုယွမ်လက်နက်သန့်စင်ရေးဆိုင်ထဲတွင် နျိုပင် အဆက်မပြတ်ဒီရေအလားတိုးဝင်နေသောဝယ်သူများကို ဧည့်ခံရင်း ချွေးတုတ်တုတ်ရွဲနေရသည်။

“ဒီဆိုင်က ဂိုဏ်းတူအစ်ကိုစုက ဖွင့်တာလား။”

“ဟုတ်တယ်၊ ငါ အထူးတလယ်ကို စျေးထဲက အသိကိုမေးထားတာ။ ဒီဆိုင်ကတကယ်ပဲ ဂိုဏ်းတူအစ်ကိုစုစာရင်းသွင်းပြီးဖွင့်ထားတာတဲ့။”

“ဒီဆိုင်က ဂိုဏ်းတူအစ်ကိုစု၊ အတွင်းဆောင်ပြိုင်ပွဲကပထမဆုရှင်ဖွင့်တာတဲ့ကွ။ သူက တစ်ခုလုံးက အတွင်းဆောင်ကပါရမီရှင်အကုန်လုံးကို နိုင်ခဲ့တာ။ ကျစ်၊ကျစ်၊ ငါ အစ်ကိုစုရဲ့အရည်အချင်းလေးများ ငါ့ဆီနည်းနည်းကပ်ပါလာမလားလို့ ဒီကိုလာကြည့်တာ။”

“ဂိုဏ်းတူအစ်ကိုစုဖွင့်တဲ့ဆိုင်က အရည်အသွေးအာမခံလို့ရမှာပဲ။ နောက်ပြီးစျေးတွေကလည်းသက်သာတယ်ဟ။”

စုန့်ချိုက်နှင့်စုန့်ချမ်တို့ညီအစ်ကိုနှစ်ယောက်ကလည်း ဆိုင်အတွင်း ပတ်ပြေးနေရ၏။ သူတို့သာမက ရှိသမျှအလုပ်သမားများမှာလည်း ဟိုဟိုဒီဒီပြေးလွှားနေရတော့သည်။

ဆိုင်မှာ တော်တော်လေးကျော်ကြားလွန်းနေပြီပင်။

စုယွမ်၏ရုတ်တရက်ထွက်ပေါ်လာမှုက ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းကိုတော်တော်လေး လှုပ်ခတ်သွားခဲ့သည်။ ထို့ကြောင့် အပြင်ဘက်ရှိလေလွှင့်ကျင့်ကြံသူများကလည်း စုယွမ်အကြောင်း လွန်စွာစိတ်ဝင်စားလာကြ၏။

စုယွမ်၏တစ်ခုတည်းသောစီးပွားရေးလေးမှာ ယခုအခါမှ ကျင့်ကြံသူများ၏မျက်လုံးထဲဝင်လာချေပြီ။ စိတ်ဝင်စားနေကြသူထဲမှလူနည်းနည်းလောက်သာ တကယ်ရောက်လာတောင်မှ ဆိုင်တွင် ပျားပန်းခတ်မျှ စည်ကားနေတုန်းဆဲပါပင်။

စုန့်ချမ်မှာ နှဖူးပေါ်ရှိချွေးများကို လက်ဖြင့်သုတ်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ခဏထိုင်နားလိုက်သည်။ ထို့နောက် သူ သက်ပြင်းချလိုက်၏။

“အစ်ကိုစု အနိမ့်တန်းပစ္စည်းတွေကိုပဲ ရောင်းလို့တော်သေးတယ်။ မဟုတ်ရင် ဆိုင်တော့ လူတိုးရတော့မှာ မဟုတ်ဘူး။”

“ဂိုဏ်းတူအစ်ကိုစုလေကွာ။ သူရဲ့အကွက်မြင်မှုက သာမန်မှမဟုတ်တာ။ မင်း ပိုတွေးတတ်ဖို့လိုသေးတယ်ကွာ။”

စုန့်ချိုက်က ထလာပြီး စုန့်ချမ်၏ပုခုံးကို ပုတ်လာ၏။

“ကျွန်တော်သိပါပြီ၊ အစ်ကို။”

စုန့်ချမ် ခေါင်းညိတ်လိုက်၏။

“ဟမ်း၊ ဒီဆိုင်က တော်တော်ကျော်ကြားနေလွန်းပါပြီကွာ။ ဂိုဏ်းအစ်ကိုနျိုပင်၊ အစ်ကိုမှာ အကြံလေးဘာလေးမရှိဘူးလား။”

စုန့်ချိုက် နျိုပင်ကို လှည့်ကြည့်လာသည်။

နျိုပင်က လျှောက်လာပြီး မေး၏။

“ဘာအကြံရှိရမှာတုန်း။ ငါက ဒီအတိုင်း အပြင်ဆောင်တပည့်သက်သက်လေကွာ။’

“ဂိုဏ်းတူအစ်ကိုစုက ခင်ဗျားကို ဆိုင်ကိုလွှဲပြီး စီမံခိုင်းလိုက်တာလေ။ အဲ့ဒီလိုစီမံရလောက်မဲ့အကြောင်းတစ်ခုခုရှိလို့မဟုတ်ဘူးလား။ ပြန်တွေးကြည့်စမ်းပါ။”

စုန့်ချိုက်ပြောလိုက်၏။

ဤသည်ကိုကြားတော့ နျိုပင် အတွေးနက်သွားသည်။

အတွေးများစွာ သူ့စိတ်ထဲဖြတ်ပြေးသွား၏။ ရုတ်တရက် နျိုပင်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလာသည်။

“ငါတွေးလို့ရတာတော့ ဆိုင်ခွဲဖွင့်ဖို့ပဲရှိတယ်။”

စုန့်ချိုက် ရပ်တန့်သွား၏။

“အဲ့လောက်ကျတော့ ဖြစ်နိုင်ပါ့မလား။”

နျိုပင် ခေါင်းညိတ်၍ဆိုလိုက်သည်။

“တကယ်တော့ ဒီဆိုင်က ဂိုဏ်းတူအစ်ကိုစုနဲ့ငါအတူ စာရင်းသွင်းပြီးဖွင့်ထားတာ။ အဲ့ဒီတော့ငါ့မှာ ဒီနာမည်နဲ့ပဲ ဆိုင်ခွဲတွေထပ်ဖွင့်ခွင့်ရှိတယ်။ ပြောရရင် ဆိုင်ထပ်ဖွင့်တာက ပြဿနာတော့မရှိဘူး။”

စုန့်ချိုက်လည်း ထိုစကားကိုကြားတော့ ချက်ချင်း အလင့်ပွင့်သွားသလိုပါပင်။

“အဲ့ဒီလိုဆိုရင် ကျွန်တော်နားလည်ပြီ။ ဒီဆိုင်ခွဲဖွင့်တဲ့ကိစ္စက တကယ်ကိုအစ်ကို့ကို လိုအပ်တာပဲ။ ဂိုဏ်းတူအစ်ကိုနျိုပင်၊ ဒါက... “

နျိုပင်မှာ မေးလိုက်သည်။

“ဘာဖြစ်လဲ။”

“ဒါကတကယ်တကယ်တော့ ဝိညာဉ်ကျောက်တုံးရဖို့ထက် ဂိုဏ်းတူအစ်ကိုစုရဲ့ကျော်ကြားမှုကိုမြင့်ဖို့သက်သက်ပဲ။ အဲ့ဒီတော့ ကျွန်တော်တို့အစ်ကိုကို ဝေစုခွဲမပေးနိုင်ဘူးဗျာ။ နားလည်မယ်လိုမျှော်လင့်ပါတယ်။”

စုန့်ချိုက် တော်တော်လေးတဲ့တိုးပြောလိုက်၏။ စုယွမ်အတွက်မူ ပြောရန်မသင့်တော်လည်း စုန့်ချိုင်ကတော့ ထုတ်ပြောမည်သာပင်။

နျိုပင်ကလည်း ချက်ချင်းပြောလာပါ၏။

“ငါနားလည်ပါတယ်။ ဂိုဏ်းတူအစ်ကိုစုရဲ့နောက်ကိုတောင် လိုက်နိုင်နေပြီပဲကို ငါဘာတွေများထပ်တောင်းဆိုရမှာလဲ။ အစ်ကိုစုလက်အောင်မှအလုပ်လုပ်နိုင်တာကိုက ငါ့အတွက် လုံလောက်ပါပြီကွာ။”

ထိုအခါမှ စုန့်ချိုက်၏လေသံမှာ နူးညံ့သွားတော့၏။

“အဲ့ဒီလိုဆိုမှတော့ ဒီစျေးထဲပဲ နောက်တစ်ဆိုင်ဖွင့်ကြတာပေါ့။ ဒီတစ်ခေါက် ကျွန်တော်တို့ပိုကြီးတဲ့ဆိုင်ခန်းယူမယ်။ ကျန်းမိသားစု၊ ကျိုးမိသားစုနဲ့ ကျွန်တော်တို့စုန့်မိသားစုရယ် ဂိုဏ်းထဲကလူတွေရဲ့ပစ္စည်းတွေနဲ့ဆိုရင် ကျွန်တော်တို့ ပစ္စည်းပြတ်တော့မှာမဟုတ်ဘူး။ ဂိုဏ်းတူအစ်ကိုရဲ့ကျော်ကြားမှုနဲ့ဆိုရင် မရောင်းရမှာကိုလည်း စိတ်ပူစရာမလိုဘူး။ အဲ့ဒီလိုဆိုရင် အစ်ကိုစုရဲ့စီးပွားရေးပိုအဆင်ပြေလာနိုင်တယ်။”

စုန့်ချမ် ရုတ်တရက် ဝင်မေးလာသည်။

“အစ်ကို၊ ကျွန်တော်တို့အခြားစျေးတွေမှာပါ ဆိုင်ဖွင့်သင့်လား။”

စုန့်ချမ်က ချက်ချင်း ခေါင်းခါလာ၏။

“ကိုယ့်သဘောနဲ့ကိုယ်လျှောက်မလုပ်ဘူး။ဒီစျေးထဲဆိုင်ထပ်ဖွင့်တယ်ဆိုတာက ဒီစျေးကွက်ကို ဂိုဏ်းတူအစ်ကိုစုက ငါတို့ကိုအပ်ထားလို့ပဲ။ အခြားစျေးကွက်ထဲဝင်မယ်ဆိုရင် အစ်ကိုစုကို ပြန်တင်ပြဖို့လိုတယ်။”

သူတို့သုံးယောက်လုံး သဘောတူသွားတာနှင့် နျိုပင်က စုန့်ချိုက်ပေးသည့်ဝိညာဉ်ကျောက်တုံးများယူကာ ဆိုင်ထပ်ငှားရန်ထွက်သွားတော့သည်။

ပင်မတောင်ထိပ်နောက်ရှိကိုးခုမြောက်တောင်ထိပ်တွင် စုယွမ်က တောင်ထိပ်ပေါ်ရှိ ကျောက်ဆောင်များကြားထဲရောက်နေ၏။

သူ ရောက်ရှိမှသာ ဤနေရာတွင်ချီစွမ်းအင်တို့မှာ အလွန်ကြွယ်ဝကြောင်း တကယ်ခံစားလိုက်ရသည်။ ဤနေရာမှာ တတိယအဆင့်ရှိအမဆခြံဝန်းနှင့်ဘာမှမကွာပေ၊ ထိုအစား ဤနေရာမှာ အကျယ်အဝန်းများပိုများ၌၍ သဘာဝအလျောက် ချီစွမ်းအင်သိပ်သည်းနေခြင်းလည်း ဖြစ်ပေသည်။

“မင်းဘာလုပ်နေတာလဲ။ ဒါက တားမြစ်နယ်မြေကွ။”

အော်သံတစ်ခုက စုယွမ်ကို ရုတ်တရက် လန့်သွားစေ၏။

သူ လှည့်ကြည့်လိုက်တော့ ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် ဂတုံးဖြင့်လူကြီးတစ်ယောက်က သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

စုယွမ်လည်း သူ၏တပည့်ရင်းကတ်ပြားကိုထုတ်၍ အသက်သွင်းကာ ပြောလိုက်၏။

“ကျွန်တော်က တပည့်ရင်းစုယွမ်ပါ။ ဒီက ယွမ်ရေကန်ဆီကိုလာခဲ့တာပါ။”

စုယွမ် ချက်ချင်း ပြန်ပြောလိုက်သည်။

“အော်၊ မင်းလား။”

ခေါင်းပြောင်နှင့် ထွားကြိုင်းသောလူမှာ ခေါင်းညိတ်၍ ပြောလာသည်။

“အဲ့ဒါဆိုရင်လည်း အထဲဝင်လေ။”

“အကြီးအကဲ ကျွန်တော်ကို မစစ်ဆေးတော့ဘူးလား။”

စုယွမ် သိချင်သွားပြီး မေးလိုက်သည်။

“ငါက အစောင့်သက်သက်ပါပဲကွာ။”

အနှီလူက ဆိုသည်။

“ဒီမှာ ဂိုဏ်းရဲ့အကာအကွယ်စည်းနဲ့ဆက်နေတဲ့အစီအရင်ရှိတယ်။ အဲ့ဒါကပဲ မင်းနေရမဲ့အချိန်ကိုအတည်ပြုပေးလိမ့်မယ်။”

“ဟုတ်ကဲ့ပါ။ ကျွန်တော်နားလည်ပါပြီ။ ကျေးဇူးပါ၊ အကြီးအကဲ။”

စုယွမ် ဦးညွတ်လိုက်သည်။

ထိုလူ၏နှုတ်ခမ်းများ တွန့်တက်သွား၏။

“ငါက အကြီးအကဲ မဟုတ်ပါဘူးဆို။”

သူပြောရင်းဖြင့် ထိုလူထွားကြီးမှာ မြေပြင်ပေါ်လိမ့်ချလိုက်ရာ အစိမ်းရောင်နွားသိုးကြီးတစ်ကောင်အဖြစ်ကူးပြောင်းသွားပြီး အနီးရှိမြက်များကိုစားနေတော့သည်။

စုယွမ်မှာကြောင်အသွားပြီး အမူအရာမှာလည်း အနည်းငယ်ထူးဆန်းသွားရ၏။

သူ့မှာ အနှီအစိမ်းရောင်နွားကို ထပ်တလဲလဲပြန်လှည့်ကြည့်မိသွားရသည်။

နွားကြီးမှာ မျက်လုံးသာလှန်ပြ၍ နှာမှုတ်လာကာ သူ့ဘာသာသူ ဝိညာဉ်အပင်များကိုသာ ဆက်စားနေတော့၏။

စုယွမ်လည်း ထိုအခါမှ ဤနေရာတွင်တစ်ခုလုံးဝင် ဝိညာဉ်အပင်များပြည့်နေကြောင်း သတိထားမိသွားရသည်၊ သို့သော် အပင်များမှာ လူကစိုက်ထားမှန်းသိသာသည်ဖြစ်ရာ ဤနေရာတွင်စောင့်ကြည့်သည့်တပည့်တစ်ဦးဦးတော့ရှိဦးပေလိမ့်မည်။

စုယွမ်မှာ ဘာဖြစ်ဖြစ် သူ့ကိုဦးညွတ်လိုက်ဆဲဖြစ်ပြီး ကျောက်တောင်များအကြားဝင်သွားလိုက်၏။

စုယွမ် ထွက်သွားသောအခါမှ နွားကြီးက ရေရွတ်လာသည်။

“ငါ၊နျိုလော့စန်း၊ တကယ်ကို အကုန်တွေ့ကြုံနေရတော့တာပဲ။ ယွမ်ရေကန်လို့နေရာမျိုးက ချီစုဆောင်းခြင်းအဆင့်ခြောက်ပဲရှိသေးတဲ့ကျင့်ကြံသူဆီရောက်သွားတယ်လို့။ သူ အဲ့ဒီမှာ အများကြီးသုံးလို့မရတောင်မှ ချီစုဆောင်းခြင်းအဆင့်က အဲ့ဒီထဲဝင်သွားတာကိုပထမဆုံးမြင်ဖူးတာပဲ။ ဒီကောင်လေးမှာ ဘယ်လိုနောက်ခံမျိုးရှိနေတာပါလိမ့်။ ငါသူနဲ့မိတ်ဖွဲ့သင့်လား။ ထားလိုက်ပါတော့၊ သူက အခုမှ ချီစုဆောင်းခြင်းအဆင့်ပဲရှိသေးတာ၊ နောက်မှဆက်တွေးကြတာပေါ့။”

အစိမ်းရောင်နွားကြီးမှာ စုယွမ်ကို ထိုမျှအာရုံစိုက်မနေပါချေ။ အကြောင်းမှာကား ဤနေရာတွင် သူ့အတွက် အပင်စိုက်ပေးသည့်သူတောင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသူမို့ သာမန်ချီစုဆောင်းခြင်းအဆင့်ရှိသူဆိုသည်မှာ တစ်ချက်ကြည့်ရုံတောင် မတန်ပါပေ။

စုယွမ်လည်း တောင်ကြားထဲဝင်လိုက်တော့ လမ်းသွယ်ကိုးခုကိုတွေ့လိုက်ရသည်။

ငါးခုမှာကား အသုံးပြုနေဆဲဟု တံဆိပ်ခတ်ထားပြီး ကျန်လေးခုမှတော့ ဖွင့်ထား၏။

စုယွမ်လည်း သိချင်စိတ်ဖြင့် ဖွင့်နေသောလမ်းများထံလျှောက်သွားလိုက်သည်။

သူ ဤနေရာတွင် အန္တာရယ်ရှိမည်ကိုမပူပါချေ၊ ထိုအစား ရှောင်ချိုက်နှင့်အခြားငါးလေးများကို အထဲခေါ်၍မရမည်ကိုသာ စိတ်ပူပါ၏။

သူ လမ်းများထဲက အလယ်လမ်းဆီလျှောက်သွားလိုက်ရာ အစီအရင်တစ်ခုမှာ စုယွမ်ကိုယ်ပေါ်သို့ လွှမ်းခြုံသွားသည်။

ထိုအချိန်တွင် သူ၏တပည့်ရင်းကတ်ပြားကို ထုတ်လိုက်ရာ စာကြောင်းများပေါ်လာတော့၏၊ စာကြောင်းမှာကား ၉နှစ်၊၁၁လ၊ ၂၉ရက်၊ ၁၁နာရီဟူ၍ဖြစ်၏။ ထို့နောက် အဖြူရောင်အလင်းတန်လေးမှာ တပည့်ကတ်ပြားမှတဆင့် စုယွမ်ထံရောက်လာကာ အထဲသို့ဝင်ခွင့်ပြုလာခဲ့သည်။

ထိုအလင်းတန်းမှာ စုယွမ်အပေါ်ကနေတဆင့် ဆက်လက်၍ ငါးကန်ထဲက ရှောင်ချိုက်ဆီရောက်သွားခဲ့သည်။

ရှောင်ချိုက်ကတော့ အမြှီးကိုသာခါ၍ အဖြူရောင်အလင်းကိုစိတ်ဝင်တစားစိုက်ကြည့်နေ၏။

နောက်တွင် အဖြူရောင်အလင်းမှာ ရှောင်ချိုက်ထံမှတဆင့် ကျန်ငါးများဆီပါရောက်သွား၏။

ဤမြင်ကွင်းကိုကြည့်ရင်း စုယွမ် ပြုံးမိသွားရသည်။ အကုန် ဝင်ခွင့်ရသွားချေပြီ။

စုယွမ်လည်း မြန်မြန်ဝင်၍ ငါးကန်ထဲရှိ အခြေအနေများကိုလည်း အကဲခတ်လိုက်၏။ အစီအရင်မှာ ၎င်းတို့ကို တကယ်တားမြစ်မလာပါချေ။

စုယွမ်အထဲဝင်ပြီးသည်နှင့် လမ်းသွယ်မှာ ပိတ်ဆို့သွာ့တော့သည်။

စုယွမ်လည်း အဆုံးထိလျှောက်သွားလိုက်တော့ သူ မီတာတစ်ရာလောက်ကျယ်ဝန်းသော ရေကန်ကြီးကိုတွေ့လိုက်ရပေ၏။

ရေကန်ဘေးနားရှိကျောက်ဆောင်များမှာ နို့နှစ်ဖြူရောင်ရှိဝိညာဥ်ကျောက်တုံးများဖြစ်ပြီး ဟိုတစ်ခုဒီတစ်ခုတည်ရှိနေကြသည်။ ၎င်းတို့၏အသွင်အပြင်ရဆိုလျှင် အနည်းဆုံးတော့ အမြင့်တန်းအဆင့်ရှိကြလိမ့်ပေမည်။ သူ လျှောက်သွားကြည့်လိုက်တော့ အစီအရင်တစ်ခုမှာထိုနေရာတွင် ထပ်မံခင်းထားသေးတာကို မြင်လိုက်ရ၏။

ရေကန်ကိုငုံကြည့်လိုက်တော့ ချီစွမ်းအင်ဝိညာဉ်ရေများဖြစ်နေတာကို တွေ့လိုက်ရသည်။

စုယွမ် အံ့သြတကြီး ရေရွတ်မိသွားသည်။

“ဝိညာဉ်ရေတွေဟ။”

သူလည်း သေတ္တာတစ်ခုကိုယူ၍ ခပ်ယူကြည့်သော်ငြား မျှော်ထားသည့်အတိုင်ပင်၊ ခပ်၍မရ။

စုယွမ်လည်း ပုခုံးတစ်ချက်တွန့်လိုက်ပြီး ဆက်မလုပ်တော့ပေ။ သူ ရှောင်ချိုက်နှင့်အခြားငါးများကိုကြည့်လိုက်တော့ အကုန်လုံးမှာ ဝိညာဉ်စွမ်းအင်ကြွယ်ဝမှုကြောင့် ပျော်ရွှင်နေကြလေသည်။

ရှောင်ချိုက်မှာ ပါးစပ်လေးကိုကျယ်ကျယ်ဟလျက် အသက်ပြင်းပြင်းရှုလိုက်ရာ ယွမ်ရေကန်ဆီမှလိမ့်တက်လာသော ဝိညာဉ်စွမ်းအင်တို့မှာ ၎င်း၏တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားတော့သည်။

ရှောင်ချိုက်ကြောင့် စုယွမ်၏ကိုယ်ထဲ၌လည်း ဆန်းကြယ်ပကတိချီစွမ်းအင်တို့မှာ တဖြည်းဖြည်းချင်း လည်ပတ်လာကြလေပြီ။

ရလဒ်မှာကား အံ့မခန်းပါပင်။

ဤသို့ဖြင့်သူ့အကြံအစည်ကလည်းအောင်မြင်သွားချေပြီ။

All Chapters