← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

Chapter 78: ဝိညာဉ်ငါးများ၏ကိုယ်ပိုင်ကျင့်ကြံရေး။

စုယွမ် ရှောင်ချိုက် ချီစွမ်းအင်များကို ပျော်ပျော်ရွှင်ရွှင်ဖြင့် စုပ်ယူနေသည်ကို ကြည့်နေလိုက်၏။

ထို့နောက်တွင်တော့ သူ ငါးများအားလုံးကို ယွမ်ရေကန်ထဲ လွှတ်ပေးလိုက်သည်။

သူ တစ်ခုခုမကောင်းတာမျိုးဖြစ်လာမည်ဆိုသည့်အတွက် ဝိညာဉ်ငါးများကို သေချာစိုက်ကြနေမိ၏။

ကံကောင်း၍ သူ စိုးရိမ်နေသောအရာများမှာ ဖြစ်မလာပါချေ။

ရေကန်တွင်အစီအရင်ကာရံထားလေသည့်အတွက် ဝိညာဉ်ရေတို့မှာ အပြင်သို့ခပ်ထုတ်၍မရသလို အထဲသို့ရောက်သွားသော ဝိညာဉ်ငါးများကလည်း လွယ်လင့်တကူ ခပ်ထုတ်နိုင်မည်မဟုတ်တော့။

ဝိညာဉ်ငါးများမှာ ဗိုက်ဝသည်အထိ ချီစွမ်းအင်တို့ကို စုပ်ယူပြီးသည့်အချိန်တွင် စုပ်ယူမှုမှာ အလိုအလိုရပ်သွားမည်ဖြစ်ပြီး ချီအလွန်အကျွံများခြင်းကြောင့် ပေါက်ကွဲခြင်းမျိုးဖြစ်လာမည်မဟုတ်။ မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့မှာ ဝိညာဉ်စွမ်းအင်ပေါကြွယ်ဝသောနေရာတွင်ရှိနေသည့်အတွက် ပုံမှန်ထက်တော့ ကြီးထွားမှုနှုန်းမှာ အဆပေါင်းများစွာ တိုးမြင့်ခံလိုက်ရချေမည်။

ရှောင်ချိုက်မှာ တစ်ခဏလောက် အငမ်းမရစုပ်ယူနေခဲ့သော်ငြား တဖြည်းဖြည်းနှင့် ပြည့်အင့်လာကာ သူလည်း ဆက်မစုပ်နိုင်တော့ပါချေ။

စုယွမ်မှာ ရှောင်ချိုက်၏စားသုံးနှုန်းမှာ အနိမ့်တန်းဝိညာဉ်ကျောက်တုံး၄၀တုံးအထိ ရောက်ရှိသွားကြောင်း သတိထားလိုက်မိသည်။ ထိုသို့ဆိုလျှင် သူ ယခင်က တောင်းဆိုနေသမျှဝိညာဉ်ကျောက်တုံးများမှာ ဗိုက်တစ်ဝက်ပြည့်ရုံသာဖြစ်ချေလောက်၏။ ဤငါးကလေးမှာ သူ ၎င်းက အစားကြီးလွန်းသည်ဟု ငြိုငြင်ကာ ပစ်သွားမည်ကို စိုးရွံ့နေခြင်းလား။

ရှောင်ချိုက်၏စုပ်ယူနိုင်နှုန်းမှာ ယင်း၏အစာကချေဖျက်နိုင်နှုန်းအပေါ်တွင်မူတည်၏။ စုယွမ်ကတော့ ရှောင်ချိုက်၏အစာချေဖျက်နိုင်စွမ်းမှာ အလွန်ကောင်းကြောင်းသိသည့်အတွက် ဘာမှမစိုးရိမ်ပါပေ၊ ထို့အတွက် သူ ဘေးတွင်သာ ထိုင်ကြည့်နေလိုက်သည်။

သူ ရှောင်ချိုက်၏ချီစုပ်ယူနိုင်စွမ်းလျော့နည်းသွားသည်အထိ ကြည့်နေမိ၏။

စုယွမ်လည်း တစ်ခဏမျှတွေးတောပြီး ရုတ်တရက် ထပြောလိုက်သည်။

“ဒီမှာ ချီစွမ်းအင်တွေအများကြီးရှိတာ၊ ရှောင်ချိုက်။ မင်း ဒါတွေကို အလကားထားလို့မရဘူးလေ။”

သူ ပြောပြီးသည်နှင့် လက်ညှိုးဖြင့် ရှောင်ချိုက်ခေါင်းထံညွှန်၍ ဝိညာဉ်စွမ်းအင်အနည်းငယ်သုံးကာ ရှောင်ချိုက်၏အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လိုက်သည်။

ရှောင်ချိုက်မှာ စုယွမ်ကို ရှုပ်ထွေးစွာသာ ပြန်ကြည့်လာသည်။

ဘာတုံ့ပြန်မှုမှမရှိသည့်အတွက် စုယွမ်လည်း သူဖန်တီးထားသောကျင့်စဥ်များကို သွင်းပေးလိုက်၏။

ခုနစ်စဥ်ကြယ်နတ်ဘုရားကျင့်စဥ်နှင့် ခုနစ်စဥ်ကြယ်သန့်စင်ကျင့်စဥ်တို့ပါပင်။

အနှီကျင့်စဥ်နှစ်ခုအနက် တစ်ခုမှာ ဝိညာဉ်ကိုသန့်စင်ရန်နှင့် ကျန်တစ်ခုမှာ ခန္ဓာကိုယ်ကို သန့်စင်ရန်ဖြစ်၏။

ရှောင်ချိုက်က အနှီကျင့်စဥ်နှစ်ခုကိုစုပ်ယူလိုက်သော်ငြား ဘာလုပ်ရမှန်းမသိဖြစ်နေဆဲ၊ ငါးလေးမှာ ယင်းတို့ကို နားမလည်မှန်းသိသာလှသည်။

စုယွမ်လည်း ဤသည်ကိုမအံ့သြ၊ သူ့တွင် ဒုတိယအစီအစဥ်ရှိပြီးသည်ပင်။

သူ စိတ်ဝိညာဉ်အာရုံဖြင့် ရှောင်ချိုက်၏ခန္ဓာကိုယ်ထဲဝင်ရောက်ကာ လေ့လာလိုက်၏။ သူ ကိုးရောင်ခြယ်အမတငါး၏အတွင်းပိုင်း မရီဒျာန်များမှာ အလွန်ရှုပ်ထွေးကြောင်းနှင့် ငါးလေး၏ခန္ဓာကိုယ်အတွင်းတွင် ဝိညာဉ်သွေးကြော၁၁၈ခုတောင် တည်ဆောက်ပြီးကြောင်း တွေ့လိုက်ရသည်။ အနှီဝိညာဉ်သွေးကြောများမှာ အလွန်သေးငယ်ကာ ချီစုပ်ယူမှုလည်းအလွန်နည်းပါးသည်တောင်မှ ဝိညာဉ်သွေးကြောများကတော့ တည်ဆောက်ပြီးသားရှိနေလေ၏။

“ဟုတ်လှချည်လား။ ရှောင်ချိုက်၊ မင်းက မွေးရာဝိညာဉ်သွေးကြောတွေနဲ့ပါလား။”

စုယွမ်မှာ ထပ်မံ၍ ပင့်သက်ရှိုက်မိသွားရ၏၊ ရှောင်ချိုင်၏မျိုးရိုးမှာ အတော်လေးကိုထူးဆန်လှသည်ပင်။

သူလည်း စိတ်ကိုပြန်ထိန်းလိုက်ပြီး ကျင့်စဥ်နှစ်ခု၏နည်းလမ်းအတိုင်း ရှောင်ချိုက်၏ကိုယ်ထဲချီစွမ်းအင်တို့ကိုလည်ပတ်စေလိုက်သည်။

ငါးတစ်ကောင်၏မရီဒျာန်မှာ တကယ်ကို လူသားနှင့်မတူပါပေ၊ သွေးကြောများ၏နေရာများဆိုလျှင် ပို၍ခြားနားနေသော်ငြား စုယွမ်အတွက်တော့ ဤကိစ္စမှာ စိန်ခေါ်မှုတစ်ရပ်လိုဖြစ်နေလေသည်။

ဤကျင့်စဥ်နှစ်ခုမှာ သူဖန်တီးထားသည်များဖြစ်သည့်အတွက် အသေးစိတ်ကို ကျွမ်းကျင်ပိုင်နိုင်စွာကိုသိ၏။ သူ အနည်းငယ်ပြုပြင်လိုက်ရာ ငါးတစ်ကောင်ကျင့်ကြံရန် သင့်တော်သည့်အနေအထားရောက်သွားတော့သည်။

ဤသို့ဖြင့် ကျင့်စဥ်နှစ်ခုမှာ ရှောင်ချိုက်၏ခန္ဓာကိုယ်ထဲ အလိုအလျောက်လည်ပတ်သွားပြီး ချီစုပ်ယူခြင်းပိုလွယ်ကူရန်အတွက် ၎င်း၏ဝိညာဉ်နှင့်ရုပ်ခန္ဓာကိုယ်ကို ပို၍သင့်တော်အောင် ထိန်းညှိပေးတော့၏။

ရှောင်ချိုက်ကလည်း အတော်လေးပူပေါင်းပေးလျက် စုယွမ်ကို လုပ်ချင်တာလုပ်ခွင့်ပေးထား၏။

“ငါ မင်းကိုယ်ထဲ ချီစွမ်းအင်လည်ပတ်ပေးတဲ့ပုံကိုမှတ်ထားနော်၊ ပြီးရင် မင်းဟာမင်း ဆက်လေ့ကျင့်ရမယ်။”

စုယွမ်က သူတို့၏စိတ်အတွင်းဆက်နွယ်မှုမှတဆင့် ပြောလိုက်သည်။

ရှောင်ချိုက်ကလည်း ခေါင်းလေးညိတ်ပြလာပြီး စုယွမ်လုပ်ပြသွားသည်ကို လိုက်လုပ်၏။

ရှောင်ချိုက်မှာ ကိုးရောင်ခြယ်အမတငါး ဖြစ်ရန် ထိုက်တန်သည်ပင်။ ၎င်းမှာ ငါးတစ်ကောင်ဖြစ်သလို အကြောင်းအရာများကိုလည်း အနည်းငယ်နားမလည်သလိုဖြစ်နေသည်တောင်မှ ချီလည်ပတ်ခြင်းကိုတော့ အလွယ်တကူတတ်မြောက်နိုင်ပေ၏။

နာရီဝက်အတွင်းတွင် ရှောင်ချိုက်မှာ ချီလည်ပတ်ခြင်းကို အမှန်တကယ် သင်ယူနိုင်သွားတော့သည်။

ထိုအခါမှ စုယွမ်လည်း စိတ်ဝိညာဥ်အာရုံကိုပြန်ရုတ်သိမ်းလိုက်သည်။

ထို့နောက်တွင်တော့ သူ ရှောင်ချိုက် သူ့ဘာသာသူ ကျင့်ကြံနေတာကိုကြည့်နေလိုက်၏။ ကျင့်စဥ်နှစ်ခုနှင့်အတူ ရှောင်ချိုက်၏မူလစားသုံးနိုင်စွမ်းကိုပါ ထပ်ဖြည့်လိုက်တော့ ချီစုပ်ယူနိုင်မှုမှာ များစွာတိုးမြင့်သွားတော့သည်။

စုယွမ်လည်း ချက်ချင်း ပြုံးမိသွား၏။

“မဆိုးဘူး။ ဒီလိုဆိုရင် ရှောင်ချိုက်ရဲ့အကန့်အသတ်က ဝိညာဉ်ကျောက်တုံး၁၂၀အထိမြင့်သွားပြီ။”

စုယွမ်လည်း အခြားဝိညာဉ်ငါးများကိုကြည့်၍ သူတို့ကိုလည်း ရှောင်ချိုက်ကဲ့သို့လုပ်ပေးရန် ပြင်လိုက်သည်။ သို့သော် အနှီငါးများမှာ အလွန်ဥာဏ်ရည်နိမ့်ပါးသလို ထူးခြားသောမျိုးရိုးများလည်း မဟုတ်ကြပေရာ ကျင့်စဥ်များကို တကယ်ကို မသင်ယူကြပါချေ။

စုယွမ် သက်ပြင်းဖွဖွလေးချလိုက်မိ၏။

ထို့နောက် ရှောင်ချိုက်၏ခန္ဓာကိုယ်မှ သုံးရောင်ခြယ်ရောင်စဥ်မှာ ရုတ်တရက် လင်းလက်လာ၏။

စုယွမ် အံ့သြတကြီးကြည့်နေတုန်းမှာပင် ထိုရောင်စဥ်တို့မှာ ကျန်ဝိညာဉ်ငါး၄၉ကောင်ဆီ ဖုံးလွှမ်းသွားလေသည်။

ရလဒ်အနေဖြင့် အနှီဝိညာဉ််ငါးတို့မှာ တဖြည်းဖြည်းချင်း ချီစုဆောင်နိုင်စွမ်းပိုမြင့်လာသလို ရှောင်ချိုက်၏လွှမ်းမိုးမှုကြောင့် ၎င်းတို့မှာ အလိုအလျောက် ကျင့်စဥ်များကို သင်နိုင်သွားကြတော့၏။

စုယွမ် အလွန်အံ့သြသွားရချေပြီ။

“ရှောင်ချိုက်၊ မင်း တကယ်မိုက်တာပဲ။”

ရှောင်ချိုက်မှာ ပျော်ရွှင်စွာဖြင့် အမြှီးလေးခါပြလာသည်၊ ထို့နောက် ခေါင်းကိုမော့၍ ရေမျက်နှာပြင်ပေါ်သို့တက်လာကာ ချီစွမ်းအင်ရှိပူဖောင်းတို့ကိုအနည်းငယ်မှုတ်လာ၏။ အနှီငါးလေးမှာ အလွန်ဂုဏ်ယူနေဟန်ပင်။

ဤသို့ဖြင့် ဝိညာဉ်ငါးတို့၏စုပ်ယူနိုင်စွမ်းမှာ ဝိညာဉ်ကျောက်တုံးအစိတ်အပိုင်းမျှသာမဟုတ်တော့ဘဲ၊အနိမ့်တန်းဝိညာဥ်ကျောက်တုံးတစ်တုံးလောက်ထိတိုးမြင့်သွားကြသည်။

စုယွမ်လည်း ပျော်ရွှင်စွာ ပြုံးနေတုန်း ရုတ်တရက် သူ၏ခန္ဓာကိုယ်ကလည်း အလိုအလျောက်ချီစုပ်နေသည်ကို သတိထားလိုက်မိသည်။ သူ အနှီကိစ္စမှာ ဘယ်တုန်းက ဖြစ်နေမှန်းတောင်မသိလိုက်ပါပေ။

All Chapters