← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

Chapter 79

သေချာလေ့လာကြည့်လိုက်တော့ စုယွမ် အံ့သြသွားရ၏။

သူ တွေ့လိုက်ရသည်မှာ ခုနစ်စဥ်ကြယ်သန့်စင်ကျင့်စဥ် နှင့်ခုနစ်စဥ်ကြယ်နတ်ဘုရားကျင့်စဥ်တို့က အလိုအလျောက် ပွင့်လှစ်ကာ လည်ပတ်နေကြောင်းကိုပင်။

စုယွမ် စနစ်မျက်နှာပြင်ကို အကဲခတ်လိုက်တော့ သူ၏အနားယူချိန်ကလည်း ထိခိုက်မှုမရှိကြောင်း တွေ့လိုက်ရ၏။

“ဒါဘာဖြစ်နေတာလဲ။”

စုယွမ်လည်း ရှောင်ချိုက်ကိုကြည့်ရင်း တွေးမိသွားတော့သည်။

“ကြည့်ရတာ ရှောင်ချိုက်နဲ့ဆက်နွယ်ပြီးဖြစ်တာနဲ့တူမယ်။ ရှောင်ချိုက်ကျင့်ကြံတာက ငါ့ရဲ့ခန္ဓာကိုယ်ထဲက ကျင့်စဥ်တွေကိုပါ တထပ်တည်းကျပြီးအလိုအလျောက်ကျင့်ကြံစေသွားတာဖြစ်မယ်။ ပြောရရင် ငါကကျင့်ကြံတာမဟုတ်ဘဲ၊ ရှောင်ချိုက်ကြောင့် ဖြစ်တာဆိုတော့ အနားယူချိန်လည်းမပျက်တော့တာမျိုးပဲလား။”

စုယွမ်မှာ စနစ်မျက်နှာပြင်ကို မြင်မိတာမှားမနေကြောင်းတစ်ခါထပ်ကြည့်လိုက်သည်။

သူ တကယ်ကို စွံ့အနေရပေသည်။

စနစ်မှာကား ဤကဲ့သို့ နှစ်ပေါက်တစ်ပေါက်ရိုက်ခြင်းမျိုးကိုခွင့်ပြုသည်လား။ တစ်ခုခုများ အယ်ရာတက်နေသည်လား။ ပျက်တော့မည်များလား။

စုယွမ်လည်း တစ်နာရီလောက်ထိုင်စောင့်ပြီးချိန်တွင် သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်းချင်း တိုးတက်လာတာကိုခံစားနေရ၏။

သူ စိတ်သက်သာရရသွားသည်။ သူလည်း ပက်လက်ကုလားထိုင်တစ်ခုကိုထုတ်၊ စားပွဲတစ်ခုချလျက် လက်ဖက်ရည်တစ်ခွက်တင်ကာ သူငှားယူထားခဲ့သောစာအုပ်တစ်အုပ်ကိုဖတ်နေလိုက်သည်။ သူ့မှာ အတော်လေးကိုဇိမ်ကျသာယာနေတော့၏။

သူဖတ်နေသောစာအုပ်မှာ လွန်ခဲ့သောနှစ်သုံးထောင့်ငါးရာလောက်ရွှေအမြူတေအဆင့်အကြီးအကဲများ၏ကိုယ်ရေးမှတ်တမ်းဖြစ်ပြီး သူ့ဘဝ၏နှစ်ပေါင်းငါးရာစာ ဒဏ္ဍာရီကိုမှတ်တမ်းတင်ထားသည်။ ထိုအထဲတွင် အလွန်စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများနှင့်အတူ ကျင့်ကြံရေးနိယာမများပါပါဝင်၏။ စုယွမ်လည်း ယင်းကို ဝတ္ထုတစ်အုပ်လိုသဘောထားဖတ်ကာ သဘောအကျကြီးကျနေတော့သည်။

ပင်မတောင်ထိပ်၏အဓိကခန်းမထဲတွင် ဂိုဏ်းချုပ်ကုမှာ တောင်အကာအကွယ်စည်းအစီအရင်၏ထိန်းချုပ်ကတ်ပြားအပေါ် လက်တင်လိုက်၏။

သူက စုယွမ်က ယွမ်ရေကန်သို့ ကျင့်ကြံရန်ဝင်သွားပြီဖြစ်ကြောင်း သတင်းရပြီးပြီပင်။ မကြာမီတွင်ပင် သူ စုယွမ်၏တည်နေရာကိုရှာတွေ့သွား၏။ သို့သော် မြူခိုးများကဝိုင်းရံထားရာ စုယွမ်၏ပုံရိပ်ကို သေချာမတွေ့ရပါပေ။ ဤသည်မှာကား ကိုယ်ရေးကိုယ်တာအကာအကွယ်အစီအရင်ဖြစ်ပြီးအမျိုးသမီးအကြီးအကဲများက အကြံပြုထားသောအစီအစဥ်ဖြစ်သည်။ များစွာသော အမျိုးသမီးကျင့်ကြံသူတို့မှာ ယွမ်ရေကန်အတွင်းသို့ မိမွေးတိုင်းဖမွေးတိုင်းဝင်စိမ်လေ့ရှိကြရာ ဂိုဏ်းချုပ်မှကြည့်ရှုရန် မသင့်တော်သည်များဖြစ်လာနိုင်သည့်အတွက်ကြောင့် ဖြစ်၏။

ထို့ကြောင့် သူ ယွမ်ရေကန်အတွင်းရှိ အခြေအနေအစစ်ကို လုံးဝမမြင်ရပေ၊ သို့လင့်ကစား ရေကန်အတွင်း ချီစုပ်ယူနေနှုန်းကိုတော့ စစ်ဆေးလို့ရပေသည်။

“စုပ်ယူနှုန်းက တစ်နာရီကို အနိမ့်တန်းဝိညာဉ်ကျောက်တုံး၂၈၉ခုစာတဲ့လား။”

ဂိုဏ်းချုပ်ကုတစ်ယောက် မျက်လုံးများကျွတ်ကျမတတ်ထိတ်လန့်သွားရ၏။

တစ်နာရီကို ဝိညာဉ်ကျောက်တုံး၂၈၉ခုစာလောက်အသုံးပြုသည်ဆိုပါက တစ်ရက်ဆိုလျှင် ဝိညာဉ်ကျောက်တုံး၃၀၀၀လောက်ဖြစ်နေမည်မဟုတ်ပေလား။

ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ရှိသူတစ်ဦးတောင် ထိုမျှလုပ်နိုင်စွမ်းမရှိပါပေ။

“ဒီကောင်လေး၊ တကယ်ပဲ ဘယ်လိုကျင့်ကြံနေတာများလဲ။”

ဂိုဏ်းချုပ်ကု သိချင်သွားရသည်။

သို့သော်လည်း သူ မြန်မြန် ပြန်၍တည်ငြိမ်စေလိုက်ပြီး တွက်ချက်ကြည့်လိုက်သည်။ ဤနှုန်းနှင့်ဆိုပါက ဆယ်နှစ်ဆိုလျှင် ဝိညာဉ်ကျောက်တုံး၁၂သန်းသာကုန်ကျပေမည်။ ထို့အပြင် အချိန်တိုင်းလည်းကျင့်ကြံနေရန်မဖြစ်နိုင်ရာ ဤတန်ဖိုးမှာလျော့သွားနိုင်သေး၏။ အဆင့်တက်ရန်အတွက်စုပ်ယူနှုန်းလျော့ထားရသည်ကိုပါထပ်ပေါင်းပါလျှင် စုစုပေါင်းဝိညာဉ်ကျောက်တုံးဆယ်သန်းမျှသာကုန်ကျချေမည်။

ဂိုဏ်းချုပ်ကု ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ ဤယွမ်ရေကန်သည်ကား စုယွမ်အတွက် သူ့အိတ်ထဲမှစိုက်ထုတ်ကာ ပေးခဲ့ခြင်းဖြစ်၏။ စုယွမ်တွင် လုံလောက်သောထောက်ပံ့အမှတ်မရှိရာ ယွမ်ရေကန်ကဲ့သို့သောနေရာများကို သူမရှိဘဲ ခြေချနိုင်မည်တောင်မဟုတ်ပါပေ။ ဂိုဏ်းချုပ်ဖြစ်သောသူတောင်မှ ထိုသို့သောဂိုဏ်း၏အရင်းအမြစ်တို့ကို စိတ်ထင်တိုင်းသုံးစွဲခွင့်မရပေရာ အကုန်လုံးမှာ သူအိတ်စိုက်ထုတ်ပေးထားရခြင်းဖြစ်၏။ စုယွမ်သာ အများကြီးသုံးပါက သူတကယ် အရှုံးပေါ်သွားလိမ့်ချေမည်။

“ငါသူ့ကိုတော်တော်လေးအထင်ကြီးနေပြီးသားကို၊ ဒီလိုမျိုးပါ မြင်ရတယ်ထင်မထားဘူး။ သူရဲ့ကျင့်ကြံနှုန်းသာဒီအတိုင်းဆက်သွားရင်၊ နောက်ပြီး သူ့ရဲ့တစ်သန်းတစ်ယောက်တွေ့ရတဲ့နားလည်နိုင်စွမ်းကိုပါထပ်ပေါင်းလိုက်ရင် ကျစ်၊ကျစ် စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်လောက်တော့ ရောက်နိုင်တာပဲ။ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကတော့... ဟားဟား၊ ငါတောင် မရောက်နိုင်သေးဘူး။”

ဂိုဏ်းချုပ်ကုလည်း သက်ပြင်းချလိုက်ပြီး ထိန်းချုပ်ရေးကတ်ကိုချထား၍ ဂိုဏ်းကိစ္စများကို ကိုင်တွယ်တော့သည်။

မျက်စိတစ်မှိတ်အတွင်းတွင်ပင် နှစ်ဝက်ဟူသောအချိန်မှာ ကုန်လွန်သွားခဲ့၏။

ယွမ်ရေကန်တွင် စုယွမ်မှာ တည်ငြိမ်စွာဖြင့် ငါးမျှားတံကို အရှိန်အပြည့်ဖြင့် ရေကန်ထဲပစ်ကာ ငါးအုပ်စုကိုခြောက်လိုက်သည်။

ဝိညာဥ်ငါးတို့မှာ ချက်ချင်း အုပ်စုကွဲကာ ထွက်ပြေးသွားကြ၏။ သို့သော် ငါးလေးတစ်ကောင်မှာ ပိတ်မိသွားပြီး စုယွမ်ထံမှ ကမ်းပေါ်သို့အတင်ခံလိုက်ရသည်။

စုယွမ်မှာ ထိုငါး၏တိုးတက်မှုကိုစိတ်ပျက်နေဟန်ဖြင့် ပြောလိုက်၏။

“သုံးဆယ်ခြောက်လေး၊ မင်းက ဘာလို့အရမ်းတုံးနေရတာလဲကွာ။ ခုနစ်စဥ်လွှင့်မြောခြေလှမ်းကျင့်စဥ်ကနေ ဘာမှသင်မထားဘူးလား။ မင်းဒါလေးတောင်မရှောင်နိုင်တာ၊ တကယ်ကိုဘာမှလေ့မလာထားတာဖြစ်မယ်။”

ဝိညာဉ်ငါးလေးမှာ ခေါင်းငိုက်စိုက်ကျသွားလျက် ဝမ်းနည်းသွားဟန်ပေါ်ပြီး စုယွမ်ပြောသမျှကိုလိုက်နားထောင်တော့သည်။

ရေကန်အတွင်းတွင်မူ ငါးတစ်အုပ်မှာ ရေမျက်နှာပြင်ပေါ်တက်လာလျက် ဤမြင်ကွင်းကိုကြည့်ကာ ရယ်မောနေသလိုအသံအမျိုးမျိုးထွက်လာ၏။ ငါးများကရယ်နိုင်သည်ဆိုသည့်ကိစ္စကတော့ တကယ်အထူးတဆန်းပါပေ။

စုယွမ်လည်း အနှီငါးကိုကြည့်၍ နှာမှုတ်လိုက်၏။

“မင်းက အဝါရောင်အလတ်တန်းအဆင့်ရောက်နေပြီ၊ လူနဲ့ဆိုရင် ချီစုဆောင်းခြင်းအဆင့်ခြောက်တောင်ရှိနေပြီ။ ငါးဘဝရဲ့အခြေခံပညာစာမေးပွဲတော့အောင်မှဖြစ်မယ်လေကွာ။ မင်းက ခုနစ်စဥ်လွှင့်မြောခြေလှမ်းကျင့်စဥ်ကို မလုပ်နိုင်ရင်လည်း အဆင်ပြေသေးတယ်၊ ဒါပေမဲ့မင်းက ခုနစ်စဥ်ကြယ်နတ်ဘုရားကျင့်စဥ်၊ ခုနစ်စဥ်ကြယ်သန့်စင်ကျင့်စဥ်နဲ့ မင်းတို့အတွက် ပြုပြင်ပေးထားတဲ့ခုနစ်စဥ်ရေဓါးကျင့်စဥ်တွေကိုပါ မရတာပဲ။

ဘာလို့ကြောင်တောင်တောင်ရပ်နေသေးတာလဲ။ အချိန်တိုင်း မင်းပဲကျနေတာ၊ အခုသူများတွေပါ ပြန်ဖြေရတော့မယ်။”

ငါးအုပ်စုမှာ ချက်ချင်း ခေါင်းများရေထဲပြန်ငုံသွားလျက် ကျင့်ကြံရန်ပြန်ထွက်သွားတော့၏။ စုယွမ်လည်း ငါးမျှားတံကိုပြန်လွှတ်ကာ သုံးဆယ်ခြောက်လေးကို ရေထဲပြန်ပို့လိုက်သည်။ ၎င်းမှာ အလွန်ဒေါသထွက်နေပြီး သူ့အပေါင်းအဖော်များဆီပြေးသွားလျက် တစ်ကောင်ပြီးတစ်ကောင်ကိုဆော်တော့လေသည်။

ရှောင်ချိုက်က အပြေးလေးရောက်လာပြီး စုယွမ်၏ခြေထောက်ကို သူ့အမြှီးလေးဖြင့် သပ်ကာ ချော့လာ၏။

စုယွမ် ပြုံးမိသွားရသည်။

“ သူတို့ကိုစနေရုံပါကွာ။”

စုယွမ်လည်း အနှီကိုးရောင်ခြယ်အမတငါးထဲက ဝိညာဉ်သွေးကြောများကိုအာရုံခံကြည့်လိုက်တော့ တော်တော်လေးများနေပြီဖြစ်ကြောင်းကိုတွေ့လိုက်ရသည်။

နှစ်ဝက်အတွင်းတွင် ရှောင်ချိုက်မှာ အဝါရောင်အမြင့်တန်းအဆင့်ဝိညာဉ်သားရဲဖြစ်လာခဲ့သည်။

ထို့အပြင် လာမည့်နှစ်ရက်အတွင်းတွင် ၎င်းမှာအဆင့်ထပ်တက်ပေတော့မည်။

စုယွမ်မှာ ကိုးရောင်ခြယ်အမတငါး၏ကျင့်ကြံနှုန်းကိုအံ့သြနေရသည်။ ရှောင်ချိုက်လေး၏ကြိုးစားမှုကြောင့် သူ၏ဒန်ထျန်များမှာ ဝိညာဉ်စွမ်းအင်တို့ပြည့်နေလေပြီ။ သူသည်လည်း အနားယူချိန်ကိုတောင် ဆက်လက်ဆွဲဆန့်ခွင့်မရတော့ဘဲ အဆင့်တက်ရပေတော့မည်။

စုယွမ်သက်ပြင်းချလိုက်မိ၏၊ အကယ်၍သာမန်လူတစ်ဦးသာ ကိုးရောင်ခြယ်အမတငါးတစ်ကောင်ကိုရသွားပါမူ ကျင့်ကြံစရာမလိုဘဲ ဒီအတိုင်းမှီခိုနေလိုက်လျှင်တောင်ရ၏။ သို့သော် အခြားသူများလက်ထဲ ရှောင်ချိုက်ဘာလို့ရောက်မသွားသလဲဆိုသည်ကို တော်တော်လေးသိချင်မိ၏။ ထို့အပြင် ဝိညာဉ်ကျောက်တုံးလေးတစ်ရာကျော်ကျော်ဖြင့်ပင်ရောင်းချနေသေးသည်။ ဤသည်မှာ ထိုငါးတို့က အစားကြီးသောကြောင့်သာပဲလား။ သို့သော် ဝိညာဉ်ကျောက်တုံးကိစ္စဆိုသည်မှာလည်း ဖြေရှင်းလို့ရနိုင်သည်ပင်။

သူ တွေးကြည့်လည်းနားမလည်တော့ပါပေ၊ သို့သော် စုယွမ် အနှီငါးဆိုင်ပိုင်ရှင်ဂိုဏ်းတူအစ်ကိုသာ ထပ်မံကျေးဇူးတင်မိပါတော့၏။ စကားမစပ်၊ သူ အနှီအစ်ကို၏နာမည်ကိုလည်း မသိခဲ့ပါချေ။

All Chapters