← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

Chapter 80: ကောင်းကင်နှင့်မြေကြီး၏အံ့ချီဖွယ်နေရာထဲမှတစ်ခုဖြစ်သော ယွမ်ရေကန်။

စုယွမ်လည်း ယွမ်ရေကန်ထဲဝင်၍ တင်ပျင်ခွေထိုင်လိုက်သည်။

သူ စနစ်မျက်နှာပြင်ကိုကြည့်လိုက်၏။

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: ကျော်ကြားမှုမြင့်တက်နေဆဲ (9389 / 10000)

【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်ခြောက် (99/ 100)

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်: ၁၈၃.၇ရက်။

【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာ။

【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်။

သူ အနားယူချိန်ကိုအသုံးပြုလိုက်သည်။

တစ်ခဏချင်းတွင်း စုယွမ်၏စိတ်မှာ အဆများစွာပို၍ရှင်းလင်းလာ၏။

သို့သော် ဤမျှတင်မပြီးသေး၊ အလုပ်နှင့်နားနေဖလှယ်မှုသည် အချိန်များကိုချုံ့ရန်လုပ်လိုက်သည်။

သူ၏စိတ်အခြေအနေမှာ ထပ်မံ၍များစွာရှင်းလင်လာ၏။

ကျင့်ကြံချိန်ဟာ ၁.၈ရက်အထိ ချုံးသွားချေပြီ။

ဤသည်မှာ လုံလောက်ပြီပင်။

စုယွမ် မျက်လုံးများကိုမှိတ်လိုက်သည်။ နှစ်ဝက်ဟူသောအချိန်အတွင်း သူဖတ်ခဲ့သမျှသောစာအုပ်များမှ ယခုအချိန်လေးတွင် အကုန်ပြန်ပေါ်လာကြ၏။ မြောက်များစွာသောကျင့်ကြံရေးဗဟုသုတများမှာ စုယွမ်၏အသိစိတ်ပင်လယ်ထဲတွင်အစီအစဉ်တကျခွဲသွားပြီး အစီအရီပေါ်လာကြ၏။

နားလည်အလင်းပွင့်ခြင်းတို့မှာ အစီအရီဝင်ရောက်လာလျက် သူ၏ကျင့်ကြံရေးအပေါ်နားလည်မှုကလည်း ထပ်မံတစ်ခါ ထိုးတက်လာပြန်သည်။

ယခင်က သူ ချီစုဆောင်းခြင်းအဆင့်အကြောင်းကို ပိုင်နိုင်စွာနားလည်သွားခဲ့သည်ဆိုပါက ယခုဆိုလျှင် သူဟာ ချီစုဆောင်းခြင်းတွင် ဆရာတစ်ဆူဖြစ်သွားချေပြီ။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အတွက်မူ သူ၏နားလည်မှုမှာ ကျွမ်းကျင်ရုံအဆင့်မျှသာရှိခဲ့ဖူးလင့်ကစား ယခုမြောက်များစွာသောဗဟုသုတများကြောင့် သူ၏အနှီအဆင့်အပေါ်နားလည်မှုမှာ အမြင့်ဆုံးအဆင့်ရောက်ရှိသွားခဲ့၏။

သူဟာ ရွှေအမြူတေအဆင့်အကြောင်းကိုပါ အနည်းငယ်နားလည်လာခဲ့သေးသည်။

“အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ဆိုတာ တာအိုရဲ့အုတ်မြစ်တည်ဆောက်ခြင်းပဲ။ အဲ့ဒါဆိုရင် တာအိုအုတ်မြစ်ဆိုတာဘာလဲ။ နောက်ပိုင်းမှာ ကောင်းကင်နဲ့မြေကြီးရဲ့နိယာမကိုနားလည်ဖို့ အခြေခံလား။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ဆိုတာ ဒီလိုမျိုးနိယာမတွေကိုနားလည်ဖို့ အခြေတည်တာပဲဖြစ်ရမယ်၊ ပြီးမှတဖြည်းဖြည်းမြင့်သွားပြီး နိယာမတွေကိုမြင်လာနိုင်မှာလေ။”

“အဲ့ဒါကြောင့်မလို့ ထိပ်တန်းအဆင့်နဲ့အမြင့်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်က ကောင်းကင်နဲ့မြေကြီးနဲ့ပိုလိုက်ဖက်ညီတဲ့အတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့အသင့်တော်ဆုံးလို့ ပြောကြတာပဲ။ ပိုပြီးလိုက်ရောညီထွေဖြစ်လေလေ၊ ပိုတည်ဆောက်ဖို့လွယ်လေလေပဲလေ။ ထိပ်တန်းအဆင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်တွေက များသောအားဖြင့် သူရဲ့ရင်းမြစ်ကိုကကောင်းတဲ့အတွက် အခြေခံကောင်းကောင်းလည်းပိုင်ကြတယ်။ ဝိညာဉ်ရင်းမြစ်ကို အုတ်မြစ်တည်ဆောက်ဖို့အတွက်သုံးလိုက်ရင် တကယ့်ကို အကောင်းပေါ်အကောင်းဆင့်တာပဲကို။ ဒါပေမဲ့လည်း ဒါတွေက ငါနဲ့မကိုက်ပါဘူးလေ။”

စုယွမ် အတွေးနက်သွားရ၏။

“ငါက သဘာဝရဲ့အရှိန်အဟုန်၂ခုနဲ့ နိယာမတစ်ခုကိုတောင် နားလည်ပြီးပြီ။ ငါသာ ဒါတွေကို တာအိုအုတ်မြစ်တည်ဆောက်ဖို့ရင်းမြစ်အဖြစ်ထားလိုက်ရင် ဒါက ပိုပြီးမပြည့်စုံဘူးလား။”

စုယွမ် ရေရွတ်လိုက်သည်။

စုယွမ်မှာ ကျင့်ကြံရေးဆိုင်ရာအသိများကို သေချာနားလည်ပြီးတွင် သူ၏ဤကောက်ချက်ချခြင်းမှာ တကယ်ကို အဓိပ္ပါယ်ရှိကြောင်း အတည်ပြုနိုင်သွား၏။ အခြားသူများကတော့ ကောင်းကင်နှင့်မြေကြီး၏အရှိန်အဟုန်နှင့်နိယာမများက အနာဂတ်ကိုခြေရာကောက်နိုင်ကြောင်းမသိကြပါပေ။ ထို့အတွက် သူတို့တည်ဆောက်သောတာအိုအုတ်မြစ်ဆိုသည်မှာ အဆင်ပြေသလိုသာ နားလည်သလိုသာ တည်ဆောက်လိုက်ကြခြင်းဖြစ်သည်။ ထို့အတွက် သူတို့အနာဂတ်တွင် နားလည်မည့်နိယာမနှင့်သူတို့၏အုတ်မြစ်မှာ နီးစပ်လျှင်တော့ ထိပ်တန်းအဆင့်အဖြစ် ရရှိလာမည်သာ။

သို့သော် စုယွမ်ကတော့ ပြောင်းပြန်လုပ်ခဲ့၏။ သူဟာအစောကတည်းက နိယာမများကိုနားလည်ပြီးဖြစ်သည့်အတွက် အုတ်မြစ်ကိုလည်း ထိုအတိုင်းအံဝင်ခွင့်ကျ တထပ်တည်းဖြစ််အောင်တည်ဆောက်မည်ပင်။ ထိုသို့ဆိုလျှင် သူ၏အခြေခံအုတ်မြစ်မှာ လောကတွင် အင်အားအကြီးဆုံး၊အခိုင်မာဆုံးများထဲမှ တစ်ခုဖြစ်လာတော့ချေမည်။

ထို့သို့လုပ်မည်ဟု အတည်ပြုပြီနောက် စုယွမ် ပြုံးမိသွားရသည်။

“စာအုပ်တစ်ခုမှာ ရှေးအခါတုန်းက ပြီးပြည့်စုံတဲ့တာအိုအုတ်မြစ်တွေရှိတဲ့ကျင့်ကြံသူကြီးတွေရှိခဲ့တယ်ပြောတယ်။ အဲ့ဒီတုန်းကတော့ အပြီးပြည့်စုံဆုံးဖြစ်အောင်ဘယ်လိုဆောက်ရမလဲမသိခဲ့ဘူး။ အခုမှသာ အဲ့ဒီလိုဖြစ်ဖို့က အုတ်မြစ်မတည်ခင် နိယာမတွေကိုအရင်နားလည်မှဖြစ်မယ်ဆိုတာ သိတော့မယ်။ အရင်တုန်းက ကျင့်ကြံသူတွေက တော်တော်လေးသန်မာခဲ့တာပဲ။ အခုထိ ရှိနေဦးမလားဆိုတာ သိချင်မိသား။”

စုယွမ် သက်ပြင်းချလိုက်၏။

သူ ထပ်မံ၍ဗဟုသုများကို ခွဲယူ၍ အမျိုးအစားစီလိုက်၏။ ထို့နောက် သူ ယွမ်ရေကန်ကိုကြည့်ရင်း ဆက်တိုက် အလင်းပွင့်လာရတော့သည်။

【တာအိုပညာနှင့်သဘာဝ】 စွမ်းရည်မှာ အသက်ဝင်သွားချေပြီ။

မထင်မှတ်ထားစွာဖြင့် ဤယွမ်ရေကန်ကလည်း ကောင်းကင်နှင့်မြေကြီး၏အံဖွယ်နေရာများထဲမှတစ်ခုဖြစ်နေသည်ပင်။

စုယွမ်၏မျက်လုံးထဲရှိ မြင်ကွင်းမှရုတ်တရက်ပြောင်းလဲသွားသည်။ သူဟာ ကောင်းကင်နှင့်မြေကြီးအကြားမှ သွေးကြောတို့ကို မြင်လိုက်ရသလိုပင်။

များပြားလှသောဝိညာဥ်ကျောက်တုံးများထဲတွင် လူသားခန္ဓာကိုယ်ကဲ့သို့ မရီဒျာန်များစွာတည်ရှိနေပြီး ချီစွမ်းအင်များစွာက ယွမ်ရေကန်ထဲ စီးဝင်သွားကြလေသည်။

ဤသည်များမှာ ဝိညာဉ်သွေးကြောမြစ်ပါပေ။

စုယွမ် အံ့သြသွားရသည်။ သူ တကယ်ကို ဝိညာဉ်သွေးကြောမြစ်တို့ကို တိုက်ရိုက်ကြီးမြင်နေရပေပြီ။

【အလုပ်နှင့်နားနေဖလှယ်မှု】က 【တာအိုပညာနှင့်သဘာဝ】 ၏စွမ်းပကားကို အဆပေါင်းများစွာ တိုးမြင့်ပေးလိုက်ခြင်းပါပေ။

ဤသို့ဖြင့် စုယွမ်မှာ ကောင်းကင်နှင့်မြေကြီး၏အံ့ဖွယ်နေရာများမှတစ်ခုရှိ ဖုံးကွယ်ထားသော ဆန်းကြယ်မှုများကို မြင်လိုက်ရချေပြီ။

တစ်ချိန်တည်းတွင်ပင် စုယွမ် ယခင်ခြောက်လတာအတွင်း လေ့လာခဲ့သောယွမ်ရေကန်၏အစိတ်အပိုင်းတိုင်းက စိတ်ထဲတစ်ခုချင်းပေါ်လာကာ အတွေးပေါင်းများစွာ ပေါ်ပေါက်လာစေတော့သည်။

ယွမ်ရေကန်၏အလုပ်လုပ်ပုံတစ်ခုလုံးမှာ စုယွမ်၏အသိစိတ်ပင်ပယ်ထဲ ဝင်လာလေသည်။ သူ ကောင်းကင်နှင့်မြေကြီး၏ထူးဆန်းသောဝိညာဥ်သွေးကြောမြစ်တို့မှာ ပေါင်းစုလျက် ချီစုဆောင်းရေးအစီအရင်အတွင်းသို့ တိုးဝင်သွားကြတာကိုမြင်လိုက်ရသည်။

“အစီအရင်လား။ လူလုပ်နဲ့တော့မတူဘူး။ ဒါပေမဲ့ ထောင်ချီစီရင်ပညာ ထဲမှတ်တမ်းတင်ထားတဲ့ထဲမရှိဘူး။ မဟုတ်ဘူး၊ ဒါက ကောင်းကင်နဲ့မြေကြီးက သဘာဝအလျောက်ဖြစ်တာဖြစ်မယ်။”

စုယွမ်၏မျက်ဝန်းများမှာ တောကပသထက်တောက်ပလာတော့သည်။ ဆယ်မျိုးသောအကြွင်းမဲ့စွမ်းရည်များထဲမှတစ်ခုဖြစ်သည့် ထောင်ချီစီရင်ပညာ သည်ကား နက်နဲသောအမွေအနှစ်တစ်ခုပင်။ ထိုအထဲတွင် ဤသို့ဖော်ပြထားခဲ့၏၊ အစီအရင်များဆိုသည်မှာ ကျင့်ကြံသူများက သဘောဝတရားကိုနားလည်ပြီးနောက်တွင် ကောင်းကင်နှင့်မြေကြီးကိုဆက်နွယ်ရန်အသုံးချထားသည့် ဘာသာစကားတစ်ခုမျှသာဖြစ်သည်။ ထို့အတူ တားမြစ်အခင်းအကျင်းဆိုသည်မှာလည်း ကောင်းကင်နှင့်မြေကြီး၏သဘာဝသဘာစကားတစ်ခုဖြစ်ပေ၏။

အချုပ်ဆိုရသော် ၎င်းတို့နှစ်ခုလုံးမှာ ဘာသာစကားများဖြစ်ကြသည်၊ အခြေခံအားဖြင့် ကွာခြားချက်များစွာမရှိကြ။ သို့သော် ကောင်းကင်နှင့်မြေကြီး၏တားမြစ်အခင်းအကျင်းကတော့ သဘာဝအလျောက်ဖြစ်ပေါ်ခြင်းဖြစ်သောကြောင့် ပို၍နက်နဲအစွမ်းထက်၏။ ထို့အပြင် အထူးကွာခြားချက်မှာကား တားမြစ်အခင်းအကျင်းမှာ ၎င်း၏စွမ်းအင်ကို အပြည့်အဝအသုံးချရန်အတွက် တစ်ခုလုံးကိုနားလည်ရန်မလိုအပ်ပါပေ။

သို့ရာတွင် တားမြစ်အခင်းအကျင်းတို့မှာ အစီအရင်များပင်ဖြစ်ကြ၏။ အချို့ဆရာသခင်တို့မှာ သူတို့၏အဆင့်ထက်များစွာကျော်လွန်နေသောအစီအရင်များကိုဖန်တီးရန် ၎င်းတို့ကိုအသုံးပြုလေ့ရှိကြသည်။ ထိုသို့သောအစီအရင်ပညာရှင်တို့ကိုလည်း တားမြစ်သခင်များဟုခေါ်ဆိုခဲ့ကြ၏။

တားမြစ်အခင်းအကျင်းဆိုသည်မှာလည်း အဓိကအမွေအနှစ်များ၏ ကျောရိုးတစ်ခုပင်။ အစီအရင်ပညာရှင်တစ်ဦးက ယင်းတို့ကို ပို၍အသုံးပြုနိုင်လေလေ၊ ပို၍ ထိုလူကအစွမ်းလေလေပင်။ အကယ်၍သာ လူတစ်ယောက်က အနာဂတ်တွင် တားမြစ်အခင်းအကျင်းတစ်ခုလုံးကိုအစစ်အမှန်နားလည်အသုံးပြုနိုင်သွားပါက အစီအရင်အရှင်သခင်ဖြစ်လာနိုင်ချေမည်။

ထို့အတူ သူ့ရှေ့တွင်ရှိနေသော ယွမ်ရေကန်ဆိုသည်မှာလည်း ထောင်ချီစီရင်ပညာထဲတွင် မမြင်ဖူးရာ ၎င်းမှာ ဘိုးဘေးဆရာသခင်၏ခေတ်ပြီးဆုံးသွားမှ ပေါ်ပေါက်လာကြောင်းထင်ရှားလေသည်။

စုယွမ် သေချာလေ့လာကြည့်ရာ အနှီတားမြစ်သဘာဝနယ်မြေက တားမြစ်ချက်၁၈ချက်ဖြင့်ဖွဲ့စည်းထားကြောင်းသိလိုက်ရ၏။

စုယွမ်ပို၍ကြည့်လေလေ၊ မျက်ဝန်းများပိုတောက်ပလာရလေလေပင်။ ဤသဘာဝကအစီအရင်မှာ လူ့ခန္ဓာကိုယ်၏သွေးကြောနေရာများနှင့် လုံးဝနှိုင်းယှဥ်လို့ရနေပေသည်။

သူ ယွမ်ရေကန်၏သွေးကြောများကို ခြေရာခံကြည့်တော့ အံ့သြဖို့ကောင်းလောက်အောင် ဒန်ထျန်၏တည်နေရာကိုတောင်တွေ့လိုက်ရသည်။

“ဒါ၊ဒါ၊ဒါ၊ဒါ အရမ်းဆန်းကြယ်လွန်းသွားပြီ။”

စုယွမ် လုံးဝမှတ်သားထားလိုက်၏။

သူပို၍ နားလည်လာလေလေ၊ တားမြစ်အခင်းအကျင်းထဲမှ ချီလည်ပတ်မှုများကို ပို၍နားလည်လာနေလေလေဖြစ်လာသည်။ ထိုအထဲက အယူအဆအများစုမှာ ဆယ်မျိုးသောအကြွင်းမဲ့အမွေအနှစ်များထဲကကောင်းကင်မြေပထဝီအဆောင်နိယာမနှင့်တောင် တူနေခဲ့လေ၏။

All Chapters