← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း (၁၈၂) - ဖြောင့်မတ်သောတာအိုနှင့် မိစ္ဆာတာအို

"ချန်လော့... မင်း ခုနက ပြောလိုက်တဲ့ စကားတွေက ဘာကို ဆိုလိုတာလဲ..."

ချင်မုသည် မနေနိုင်တော့ဘဲ ချန်လော့ကို မေးမြန်းလိုက်သည်။ သူသည် ချန်လော့၏ အပြုအမူများအတွက် အကြောင်းရင်းကို နားမလည်နိုင်ဖြစ်နေ၏။

ချန်လော့သည် အနည်းငယ် ပြုံးလိုက်ပြီး မည်သည့်ရှင်းပြချက်မှ မပေးခဲ့ပေ။

ပထမအချက်မှာ ဤသကောင့်သားကို ရှင်းပြရန် ခက်ခဲခြင်းကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ အကယ်၍ ရှင်းပြမိပါက ဤအူကြောင်ကြောင်ကောင်သည် မိမိ၏ အစီအစဉ်ကို ဖော်ထုတ်ပစ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ဤသည်မှာ သူ လျှို့ဝှက်စွာ စီစဉ်ထားခဲ့သော ကြီးမားသည့် အစီအစဉ်တစ်ခု ဖြစ်ပြီး ဤသကောင့်သားကြောင့် ပျက်စီးသွားလို့ မဖြစ်ချေ။

ချန်လော့ ရရှိထားသော သတင်းအချက်အလက်များအရ ချိုးယွီနင်သည် ယခင်ဘဝက စကားအရ ဆိုရလျှင် အတွေးမြင်သမားတစ်ဦး ဖြစ်ပုံရသည်။ ထို့အပြင် သူသည် စိတ်ထားကောင်းသော အတွေးမြင်သမားတစ်ဦး ဖြစ်သည်။

သူသည် အဆင့်မြင့်‌ေသာ ရာထူးတွင် ရှိနေသော်လည်း ပြည်သူတို့၏ ဆင်းရဲဒုက္ခကို သိရှိသူဖြစ်သည်။

ထို့အပြင် တခြားသော မျိုးဆက်သစ် သူတော်စင်များကဲ့သို့ ပျက်စီးနေသော လူငယ်လေးကဲ့သို့သော မောက်မာသည့် အငွေ့အသက်မျိုး မရှိပေ။

ဆန့်ကျင်ဘက်အနေနှင့် သူသည် ဖြောင့်မတ်သောတာအို နှင့် လောကကြီးအတွက် တစ်ခုခုကို လုပ်ဆောင်ပေးလိုသူဖြစ်သည်။

ချန်လော့၏ အစီအစဉ်မှာ ရိုးရှင်းသည်။ ချိုးယွီနင်ကို အကြောင်းပြချက်တစ်ခု ပေးရန်သာ ဖြစ်သည်။ မိမိကိုယ်ကို ဖြောင့်မတ်သောလူငယ်တစ်ယောက်အဖြစ်၊ ဖြောင့်မတ်သောတာအို၏ မတရားဖိနှိပ်မှုကို ခံခဲ့ရသော၊ တစ်ဖန် ဖြောင့်မတ်သောတာအို၏ အမှောင်ဘက်ခြမ်းကို မြင်တွေ့ခဲ့ရသော လူငယ်တစ်ယောက်အဖြစ် သူ ယုံကြည်လာစေရန် ပြုလုပ်ပေမည်။

"ငါက အရင်က လူကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ ဒီလောကကြီးရဲ့ မတရားမှုတွေကို အများကြီး မြင်ခဲ့ရလို့သာ ငါက လမ်းလွဲသွားရတာပါ..."

ဤသည်မှာ သူ ဖန်တီးလိုသော ပုံစံ သို့မဟုတ် ချိုးယွီနင်ကို မြင်စေလိုသော ပုံစံပင်ဖြစ်သည်။

အတွေးမြင်သမား တစ်ယောက်အတွက် ဖြောင့်မတ်သောတာအိုကို စိတ်ပျက်ပြီး မိစ္ဆာတာအိုဘက်သို့ ရောက်သွားသော ကျင့်ကြံသူကို ပြန်လည်ကယ်တင်ရန် ကြိုးစားခြင်းသည် ခက်ခဲမည်လော။

သူသည် အမှောင်ထုထဲတွင် နစ်မွန်းနေသော ဖြောင့်မတ်သည့် လူငယ်လေးတစ်ယောက်ကို အလင်းရောင်ပြန်တွေ့စေရန် ကူညီပေးချင်လိမ့်မည် မဟုတ်လော။

ချန်လော့၏ အစီအစဉ်မှာ ချိုးယွီနင်ကို သူသည် "ဖြောင့်မတ်သောတာအိုကို သိမြင်သွားသော" လူငယ်တစ်ယောက်ဟု ယုံကြည်စေရန် ဖြစ်သည်။

နောက်ထပ် ထပ်မံတွေ့ဆုံသည့်အခါ ချိုးယွီနင်သည် မိမိအား ပြန်လည်ပြင်ဆင်ရန် အခွင့်အရေးပေးပြီး သူ၏အဖွဲ့ထဲသို့ ဝင်ရောက်ခွင့်ရအောင် လုပ်ဆောင်စေမည်။ထိုအချိန်တွင် မိမိသည် သူ့ကို အမြဲတမ်း စောင့်ကြည့်နိုင်မည်ဖြစ်ပြီး ချိုးယွီနင်ကို သတ်ဖြတ်ရန် အခွင့်အရေးကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။

ဤသည်မှာ ချန်လော့၏ အစီအစဉ်ဖြစ်ပြီး အလွန်ရိုးရှင်းသည်။

ရိုးရိုးပြောရလျှင် ၎င်းမှာ လှည့်စားခြင်းအကွက်ပင် ဖြစ်သည်။ သို့သော်လည်း အလွန်ခက်ခဲသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းမှာ စိတ်ပညာဆိုင်ရာ နည်းဗျူဟာဖြစ်သောကြောင့်ပင်။

ယခု အဓိကမေးခွန်းမှာ ချိုးယွီနင်သည် မိမိဖန်တီးထားသော ပုံစံ ဖြစ်သည့် ‘ဖြောင့်မတ်သောတာအို၏ အမှောင်ဘက်ခြမ်းကို မြင်သွားပြီး မိစ္ဆာတာအိုသို့ ရောက်သွားသောသူ’ ဟု ယုံကြည်ခြငိး ရှိမရှိ နှင့် မိမိကို "အလင်းရောင် ပြန်မြင်စေရန်" ကူညီပေးလိုသော ဆန္ဒရှိမရှိကိုသာ ဖြစ်သည်။

ပထမအချက် အောင်မြင်သွားပါက ဒုတိယအချက်မှာ အလွယ်လေးပင် ဖြစ်သည်။

ဤသည်မှာ အတွေးမြင်သမား တို့၏ ဘုံပြဿနာတစ်ခု ဖြစ်သည်။ သူတို့အားလုံးသည် ဇွဲရှိလျှင် လမ်းရှိသည်ဟူသော ဒဿနကို ပြတ်ပြတ်သားသား ယုံကြည်ထားကြသည်။

...

ဤအချိန်တွင် ချန်လော့ထွက်သွားသည့် ဘက်ကို ကြည့်ရင်း ချိုးယွီနင်သည် ထိုနေရာတွင် ငေးငိုင်စွာ ရပ်နေ၏။

"ဒီနားမှာ ချန်လော့ ဆိုတဲ့သူကို သိတဲ့သူ ရှိလား..."

ချိုးယွီနင်က ရုတ်တရက် မေးလိုက်သည်။

သူ့နောက်မှ ဖြောင့်မတ်သောတာအိုဂိုဏ်းသားအချို့သည် ချန်လော့အကြောင်း သိပ်မသိကြသဖြင့် ပခုံးတွန့်လိုက်ကြသည်။

"မသိဘူး... ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို သိပ်မနှစ်သက်ဘူးဆိုတာတော့ သေချာတယ်..."

ဝမ်ရှန်းဂိုဏ်းမှ တပည့်ဖြစ်သူ ကျန်းချွမ်ရှန်းသည် ရှေ့သို့ တိုးလာ၏။

"ကျွန်တော်ကြားတာတော့ လွန်ခဲ့တဲ့ ခြောက်လလောက်က လောချင်းယွီ သိမ်းသွင်းခဲ့တဲ့ တပည့်တဲ့... သူက တော်တော်လည်း သန်မာတယ်လို့ ပြောတယ်..."

ချင်းရှန်ဂိုဏ်းမှ တပည့်ဖြစ်သူ လီချန်က ရှေ့သို့တိုးကာ ပြောလိုက်၏။

"ကျွန်မ... ကျွန်မ သူ့ကို သိတယ်..."

ဤအချိန်၌ တစ်စုံတစ်ယောက်က ရုတ်တရက် ထပြောလိုက်သည်။

ချိုးယွီနင်သည် ခေါင်းလှည့်ကြည့်လိုက်ရာ ပိုင်ယီယီ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

သူသည် ပိုင်ယီယီကို အတော်လေး ရင်းနှီးသည်။

ပိုင်ယီယီ၏ ယွင်ထျန်းဂိုဏ်းသည် ဒုတိယတန်းစားသာ ဖြစ်သော်လည်း ပိုင်ယီယီ၏ ကျင့်ကြံမှုနှင့် စွမ်းအားမှာ ပထမတန်းစား ဂိုဏ်းများမှ တပည့်များနှင့် ရင်ဘောင်တန်းနိုင်သောကြောင့် ဖြစ်သည်။

"ယီယီ... မင်း ချန်လော့ကို သိတာလား..."

ချိုးယွီနင်သည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"သူ့အကြောင်း ပြောပြလို့ ရမလား..."

ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ပိုင်ယီယီ က ခေါင်းညိတ်လိုက်၏။

"အစ်ကို ချန်လော့က..."

ပိုင်ယီယီသည် စကားစရန် ဟန်ပြင်ပြီးမှ ချက်ချင်း ပြန်ပိတ်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ချန်လော့သည် ယခု မိစ္ဆာတာအို ဖြစ်နေသည်ကို ရုတ်တရက် သတိရသွား၍ ဖြစ်သည်။ထို့ကြောင့် သူမသည် လည်ချောင်း ရှင်းထုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ချန်လော့က ကျွန်မနဲ့ ရွာတစ်ရွာတည်းကနေ ယွင်ထျန်းဂိုဏ်းကို ဝင်လာခဲ့တဲ့ တပည့်တစ်ယောက်ပါ..."

"အော်..." ချိုးယွီနင်သည် အနည်းငယ် အံ့အားသင့်သွားပုံရသည်။

သို့သော် ဤသတင်းအချက်အလက်နှင့် ပေါင်းစပ်ကြည့်လိုက်သောအခါ ချန်လော့၏ ယခင်စကားများသည် ပို၍ အဓိပ္ပာယ်များစွာ ရှိလာတော့သည်။

"သူ ယွင်ထျန်းဂိုဏ်းမှာ ရှိတုန်းက သူ့ရဲ့ အရည်အချင်း မကောင်းတဲ့အတွက် အဆင့်အတန်း နိမ့်ခဲ့တယ်... ဂိုဏ်းထဲက အကြီးတန်း တပည့်တစ်ယောက်က သူ့ကို ခဏခဏ အနိုင်ကျင့်တယ်..."

"ချန်လော့က သူနဲ့ မယှဉ်နိုင်မှန်း သိတဲ့အတွက် အမြဲတမ်း သည်းခံခဲ့တယ်... တစ်ရက်မှာတော့ ချန်လော့က အဲဒီကောင်ကြောင့် အကြီးအကျယ် ဒဏ်ရာရသွားတယ်လို့ ကြားခဲ့ရတယ်..."

"ကျွန်မ ကျင့်ကြံအားထုတ်ရာမှ ပြန်ထွက်လာပြီး ချန်လော့ကို ဆေးလုံးအချို့ သွားပေးဖို့ စဉ်းစားခဲ့ပေမဲ့ သူက ဆေးလုံးကို ယူပြီး ချက်ချင်း ထွက်သွားခဲ့တယ်..."

"နောက်တော့ ချန်လော့က သူ့ကို အနိုင်ကျင့်နေတဲ့ တပည့်ကို သတ်လိုက်တယ်လို့ ကြားခဲ့ရတယ်..."

ထိုသို့ပြောပြီးနောက် ပိုင်ယီယီသည် ချိုးယွီနင်ကို ကြည့်လိုက်သည်။ချိုးယွီနင်သည် ခေါင်းငုံ့လိုက်ပြီး သူ၏အကြည့်မှာ နက်နဲနေကာ ဘာတွေးနေသည်ကို မသိရပေ။

"ဒါဆို သူ အနိုင်ကျင့်ခံရတုန်းက ဂိုဏ်းက အကြီးအကဲဆီ မတိုင်ခဲ့ဘူးလား..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ပိုင်ယီယီမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွား၏။

သူမသည် ချိုးယွီနင်ကဲ့သို့ ငယ်စဉ်ကတည်းက အဆင့်မြင့်ရာထူးတွင် နေခဲ့ရသူမျိုးမှာ ဤအရာကို နားလည်နိုင်မည် မဟုတ်ကြောင်း သိသည်။

"ကျွန်မ သူ့ကို အဲဒီအကြောင်း ပြောပြတော့ သူက ပြောတယ်..."

"ကျွန်တော် မပြောရဲဘူး... ပြောရင် ပိုပြီးတောင် အနှိပ်စက်ခံရလိမ့်မယ်တဲ့..."

ပိုင်ယီယီ၏ စကားကို ကြားပြီးနောက် ချိုးယွီနင်သည် တိတ်ဆိတ်သွားပြန်သည်။

အချိန်အတော်ကြာပြီးနောက် သူသည် သက်ပြင်းချလိုက်သည်။

"ဖြောင့်မတ်သောတာအိုဆိုတာ သူတော်ကောင်းယောင်ဆောင်ပြီး မေတ္တာတရားနဲ့ ဖြောင့်မတ်ခြင်းအကြောင်းတွေပဲ အော်ဟစ်နေကြတဲ့ လူယုတ်မာတွေပဲ... သူတို့ရဲ့ စိတ်နှလုံးသားတွေက တခြားသူတွေထက် ပိုပြီး ညစ်ပတ်နေသေးတယ်"

သူသည် ချန်လော့၏ ယခင်စကားများကို ရေရွတ်လိုက်ပြီး ထိုစကား၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားသည်။ ဖြစ်နိုင်သည်မှာ ဤသည်မှာ ချန်လော့အနေဖြင့် သူတို့ကို အလွန်အမင်း မနှစ်သက်ရခြင်း၏ အကြောင်းရင်း ဖြစ်နိုင်သည်။

"လူတွေဟာ မိစ္ဆာတာအိုအဖြစ် မွေးဖွားလာကြတာ မဟုတ်ဘူး..."

ချိုးယွီနင်သည် ထိုစကားများကိုရေရွတ်ရင်း သူသည် နောင်တအနည်းငယ်ရမိသကဲ့သို့ ခံစားလိုက်ရသည်။

အကယ်၍ ချန်လော့သာ မိစ္ဆာတာအိုဘက်သို့ တွန်းပို့မခံခဲ့ရလျှင် ...

ထိုအခိုက်အတန့်တွင် သူသည် တစ်ခုခုကို သတိရသွားပြီး ပိုင်ယီယီကို လှည့်ကြည့်လိုက်သည်။

"ယီယီ... မင်းနဲ့ ချန်လော့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ..."

ပိုင်ယီယီ ခေတ္တမျှ ရပ်တန့်သွားပြီး စဉ်းစားကာ ပြန်ဖြေလိုက်၏။

"အဆင်ပြေပါတယ်... သူက ကျွန်မအပေါ် အမြဲတမ်း သဘောကောင်းတယ်..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ချိုးယွီနင် က ပြုံးလိုက်သည်။

"နောက်တစ်ခါ သူ့ကို ထပ်တွေ့ရင် ငါတို့နဲ့အတူ ပူးပေါင်းဖို့ သူ့ကို ပြောပေးလို့ ရမလား..."

ပိုင်ယီယီသည် အံ့အားသင့်သွား၏၊ ချိုးယွီနင်ဘက်မှ ထိုသို့ ပြောလိမ့်မည်ဟု မထင်ထားပေ။ သို့သော် သေချာ စဉ်းစားကြည့်ပါက ၎င်းမှာ သဘာဝကျပေသည်။

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော အရာများမှာ ယခင်ကလည်း ဖြစ်ပျက်ခဲ့ဖူးသည်။ထို့အပြင် ချန်လော့သာ ဖြောင့်မတ်သောတာအိုဘက်သို့ ရောက်လာမည်ဆိုပါက ၊ သူတို့ ဆက်ပြီး ရန်သူတော်များ ဖြစ်စရာ မလိုတော့ပေ။ ၎င်းမှာ ပိုင်ယီယီ ဖြစ်စေချင်သော အရာလည်း ဖြစ်သည်။

စဉ်းစားပြီးနောက် ပိုင်ယီယီ က ခေါင်းညိတ်လိုက်၏။

"ကျွန်မ ချန်လော့ကို ပြောကြည့်ပါ့မယ်..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ချိုးယွီနင် က ပြုံးကာ ပိုင်ယီယီကို ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို မင်းကိုပဲ အားကိုးရတော့မယ်..."

ဘေးတွင် ရပ်နေသူများကမူ ဘာမှ မပြောကြပေ။သို့သော် လီချန်သည် မျက်မှောင်ကြုတ်လိုက်သည်။ ဤကိစ္စတွင် တစ်စုံတစ်ရာ လွဲမှားနေကြောင်း ခံစားလိုက်ရ၏။

All Chapters