← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄ - တွေ့ရာ လျှောက်စားရင် ဒုက္ခရောက်လိမ့်မယ်

ထိုညတွင် ချန်လော့နှင့် အခြားသူများသည် သစ်တောအုပ်ငယ်တစ်ခုအတွင်း၌ အနားယူခဲ့ကြသည်။ဤလုပ်ရပ်သည် ကျောက်မန်နှင့် အခြားသူများအတွက်မူ အနည်းငယ် နားမလည်နိုင်စရာ ဖြစ်နေခဲ့သည်။

သူတို့အားလုံးသည် ကျင့်ကြံသူများ ဖြစ်ကြပြီး အလွန်အမင်း စွမ်းအားမကြီးမားကြသော်လည်း တစ်နေ့တာ ခရီးနှင်ပြီးနောက် အနားယူရန် မလိုအပ်ချေ။ သူတို့၏ လက်ရှိခန္ဓာကိုယ် အခြေအနေအရဆိုလျှင် ပင်ပန်းနွမ်းနယ်မှု လုံးဝမရှိဘဲ တစ်ပတ်တိတိ ဆက်တိုက် ခရီးနှင်နိုင်စွမ်း ရှိကြသည်။ ပင်ပန်းလာလျှင်ပင် ဆေးလုံးတစ်လုံး သောက်သုံးလိုက်ရုံမျှဖြင့် အဆင်ပြေသွားမည်ဖြစ်ရာ အမှန်တကယ် အနားယူရန် မလိုအပ်ချေ။

သို့သော်လည်း ချန်လော့သည် ထိုနေရာတွင် ခဏမျှ အနားယူရန် ဇွတ်အတင်း ပြောဆိုနေခဲ့ပြီး သူ၏ ကောင်းကင်မှန်ပြောင်းဖြင့် ရှေ့ဘက်ဆီသို့ အမြဲတစေ လှမ်း၍ ကြည့်ရှုနေခဲ့သည်။

ချန်လော့သည် လူတိုင်းကို အနားယူရန် အတင်းအကြပ် တိုက်တွန်းနေရသည့် အဓိကအကြောင်းရင်းမှာ ရှေ့ဘက် ခပ်လှမ်းလှမ်းတွင်ရှိသော ချိုးယွီနင်နှင့် အခြားသူများသည်လည်း စတင်၍ အနားယူနေကြပြီဖြစ်ကြောင်း တွေ့မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။

အကယ်၍ သူတို့သာ ရှေ့သို့ ဆက်သွားမည်ဆိုပါက တစ်ဖက်လူက ရိပ်မိသွားနိုင်သည်။ ချန်လော့အနေဖြင့် ရိပ်မိသွားမည်ကို ကြောက်ရွံ့ခြင်း မရှိပေ။

မည်သို့ပင်ဖြစ်စေ သူ၏ နောက်ဆုံးပန်းတိုင်မှာ ချိုးယွီနင်နှင့် အခြားသူများ၏ သတိပြုမိခြင်းကို ခံရရန်ဖြစ်ပြီး ၊ ထိုမှတစ်ဆင့် ချိုးယွီနင်သည် သူ့ကို အခွင့်အရေးတစ်ခုပေးကာ လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိအောင် ဖျောင်းဖျလာစေရန် ဖြစ်သည်။

သို့သော် ယခုအချိန်သည် ထိုသို့လုပ်ဆောင်ရန် အချိန်ကောင်း မဟုတ်သေးသည်မှာ ထင်ရှားသည်။ သူတို့သည် နေ့ဘက်ကမှ လမ်းတွင် ဆုံတွေ့ခဲ့ကြခြင်းဖြစ်ပြီး ယခု ညဘက်တွင်မူ အနောက်မှနေ၍ ခိုးကြောင်ခိုးဝှက် လိုက်ပါလာသည် မဟုတ်လော။

အကယ်၍ ဤအရာကို တိုက်ဆိုင်မှုတစ်ခု ဖြစ်ကြောင်း ဆိုခဲ့လျှင်ဖြင့် ၊ သူတို့အနေဖြင့် ယုံကြည်လိမ့်မည်လော။ အထူးသဖြင့် တစ်ဖက်အဖွဲ့တွင် ထက်မြက်သော ပါရမီရှင်အချို့ ရှိနေသဖြင့် စကားအနည်းငယ် ပြောရုံမျှဖြင့် မိမိ၏ ရည်ရွယ်ချက် အစစ်အမှန် ပေါ်လွင်သွားနိုင်ပေသည်။

‘ဒီကောင်တွေကိုလည်း ငါ လှည့်စားထားရဦးမယ်’

ချန်လော့သည် မိမိ၏ဘေးတွင်ရှိသော ချင်မူနှင့် အခြားသူများကို လှမ်းကြည့်လိုက်သည်။ အကယ်၍ ပြဇာတ်ကရမည်ဆိုပါက အဆုံးအထိ ပီပြင်အောင် ကရပေလိမ့်မည်။ မဟုတ်ပါက အားလုံး ယုံကြည်လာအောင် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

ခဏမျှ စဉ်းစားပြီးနောက် သူသည် ချင်မုကို ကြည့်ကာ မေးမြန်းလိုက်သည်။

“မင်းမှာ မြေပုံ ရှိလား”

ချင်မုသည် ခေါင်းညိတ်ပြပြီး လက်ကို ‌ဝှေ့ယမ်းလိုက်ကာ သူ၏ သိုလှောင်အိတ်ထဲမှ မြေပုံ ငါးစောင်၊ ခြောက်စောင်ခန့်ကို ထုတ်ယူ၍ ၎င်းတို့အနက်မှ တစ်စောင်ကို ချန်လော့ထံသို့ ကမ်းပေးလိုက်သည်။

ချင်မု၏ သိုလှောင်အိတ်ထဲရှိ မြေပုံများကို ကြည့်ရင်း ချန်လောမှာ ကူကယ်ရာမဲ့ အပြုံးဖြင့် ခေါင်းခါယမ်းမိတော့သည်။

ကြည့်ရတာ ချင်မူ၏ ဖခင်ကြီးသည် ပြီးခဲ့သည့်အကြိမ်က သွေးကန္တာရတွင် ဖြစ်ပွားခဲ့သော ကိစ္စကြောင့် စိတ်ရောဂါရသွားပုံရပြီး မြေပုံများကို ငါးစောင်၊ ခြောက်စောင်အထိ ထည့်ပေးလိုက်ပုံရသည်။

ချန်လော့သည် မြေပုံကို ကိုင်ဆောင်ကာ အလျင်အမြန်ပင် တွက်ချက်လိုက်ပြီး လက်ရှိ တည်နေရာကို ရှာဖွေလိုက်သည်။ ယခုအခါ သူတို့သည် အဝင်အထွက် တံခါးဝနှင့် မိုင်တစ်ရာပင် မပြည့်သော အကွာအဝေးတွင် ရှိနေကြပြီး၊ သူတို့၏ ရှေ့ဘက် မိုင်ငါးဆယ်၊ ခြောက်ဆယ်ခန့် အကွာတွင် ရှဲ့ဖုန်းတောင်ကြား ဟု ခေါ်သော နေရာတစ်ခု ရှိသည်။

“သူတို့ သေချာပေါက် ဒီနေရာကို ဦးတည်နေတာပဲ”

ချန်လော့က တိုးတိုးလေး ရေရွတ်လိုက်သည်။

ချိုးယွီနင်နှင့် အခြားသူများ၏ ပထမဆုံး ဦးတည်ရာမှာ ရှဲ့ဖုန်းတောင်ကြား ဖြစ်ဟန်တူပြီး ၊ ထို့ကြောင့်သာ ဤနေရာတွင် အနားယူရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။

သို့ဖြစ်ရာ မနက်ဖြန်တွင် သူတို့သည်လည်း ရှဲ့ဖုန်းတောင်ကြား သို့ သွားရောက်ကြရမည် ဖြစ်သည်။

ချိုးယွီနင်တို့အဖွဲ့သည် ရှန်းဖုန်းတောင်ကြားထဲသို့ မည်သည့်အရာသွားယူကြမည်ကို ချန်လော့ စိတ်မဝင်စားချေ။ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ချိုးယွီနင်ကို သတ်ဖြတ်ရန်သာ ဖြစ်သည်။ ဤသို့ တွေးမိသည်နှင့် ချန်လော့သည် ချင်မူနှင့် အခြားသူများကို ကြည့်ကာ မြေပုံကို ဖြန့်ပြလိုက်သည်။

“ဒါက ငါတို့ရဲ့ ဦးတည်ရာပဲ”

အားလုံးက ချန်လော့ ညွှန်ပြနေသည့် ဘက်သို့ လှမ်းကြည့်လိုက်ကြရာ ထိုနေရာမှာ ရှဲ့ဖုန်းတောင်ကြား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ရှဲ့ဖုန်းတောင်ကြား ဟုတ်လား... ဒါပေမဲ့ အဲဒီနေရာက လေပြေငှက်တွေနဲ့ ပြည့်နေတာ မဟုတ်ဘူးလား...နင်က အဲဒီကို ဘာသွားလုပ်မလို့လဲ”

မူရှာရှာက မေးမြန်းလိုက်သည်။ သူမသည် ချန်လော့၏ ဦးတည်ရာနှင့် ပတ်သက်၍ အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံရသည်။

ချန်လော့မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ မူရှာရှာသည် ဤနေရာသို့ မလာရောက်မီ ကြိုတင်လေ့လာမှုများ ပြုလုပ်ထားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

သို့သော်လည်း ချန်လော့သည် သူ၏ တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည်ရယူလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ဆိုလိုက်သည်။

“ငါ လေပြေတောင်ပံငှက်ရဲ့ အစိတ်အပိုင်းအချို့ကို လိုချင်လို့ပါ”

မူရှာရှာ တစ်ယောက် မိမိ၏ အကြံအစည်အား ရိပ်မိသွားမည်ကို စိုးရိမ်မိသော်လည်း ၊ သို့သော် သူမသည် ထိုစကားကို နားထောင်ပြီးနောက် အခြား အမှတ်အသားတစ်ခုကို ညွှန်ပြလိုက်သည်။

“ဒါဆိုရင် လေနက်တောအုပ်ကို တိုက်ရိုက် မသွားတာလဲ”

“လေနက်တောအုပ်ထဲမှာလည်း လေပြေတောင်ပံငှက်တွေ ရှိတာပဲ ပြီးတော့ လေနက်တောအုပ်က ပိုပြီးတော့ နီးတဲ့အပြင် သွေးမိစ္ဆာတောင်ကြားနဲ့လည်း အတော်လေး နီးတယ် ၊ အကယ်၍ ငါတို့ လေနက်တောအုပ်ကို သွားရင် လမ်းကြုံဝင်လို့လည်း ရတာပေါ့”

ထိုစကားများကို ကြားပြီးနောက် ချန်လော့ တစ်ယောက် အံကြိတ်နေမိသည်။

‘ တောက်... ဒီလောက်အထိ အသေးစိတ် ကြိုတင်လေ့လာထားတဲ့သူမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ…’

သို့သော်လည်း သူ၏ စစ်မှန်သော ရည်ရွယ်ချက်ကို မူရှာရှာအား ထုတ်ဖော်ပြောကြားလို့ မဖြစ်ပြန်ပေ။

ထို့ကြောင့် သူသည် တင်းမာစွာဖြင့် ပြန်ပြောလိုက်သည်။

“ငါ ကြိုတင်လေ့လာမှု သိပ်မလုပ်ခဲ့မိဘူး... ဘာလဲ... မင်းမှာ ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိလို့လား”

ချန်လော့၏ အနည်းငယ် စိတ်တိုဒေါသထွက်နေသော အမူအရာကို မြင်လိုက်ရသည်နှင့် မူရှာရှာ တစ်ယောက် ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။

အားလုံးကလည်း ချန်လော့သည် ကြိုတင်လေ့လာမှု သေချာမလုပ်ခဲ့မိသည့်အတွက် အရှက်ရကာ စိတ်တိုသွားခြင်း ဖြစ်သည်ဟု ယူဆလိုက်ကြသဖြင့် သိပ်ပြီး အာရုံမစိုက်ခဲ့ကြချေ။

ချန်လော့သည် နောက်ထပ် ပြဿနာများ မဖြစ်ပွားစေရန် မြေပုံကို ပြန်လည်သိမ်းဆည်းလိုက်သည်။ သို့သော် ထိုစဉ်မှာပင် သူသည် အားလုံးကို တစ်ချက်ကြည့်လိုက်ရာ ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။

လူတစ်ယောက် ပျောက်ဆုံးနေသကဲ့သို့ လူအရေအတွက် တစ်ယောက် လျော့နေသည်ကို မြင်လိုက်ရသည်။

‘ ဒီကောင် ချင်မု ဘယ်ရောက်သွားတုန်း’

ချန်လော့သည် ပျောက်ဆုံးနေသောလူမှာ မည်သူဖြစ်သည်ကို လျင်မြန်စွာ သတိပြုမိသွားခဲ့ပြီး မေးမြန်းလိုက်တော့သည်။

ထိုသကောင့်သားသည် တစ်နေရာရာသို့ လျှောက်သွားပြီး ချိုးယွီနင်တို့နှင့် သွားရောက်ဆုံတွေ့ကာ သူ၏ စီမံကိန်းကြီးအား ဖျက်ဆီးပစ်မည်ကို သူ စိုးရိမ်မိသည်။

ကံကောင်းထောက်မစွာဖြင့် သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ချင်မု၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ဒီမှာ”

အသံထွက်ပေါ်လာရာ ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ ၊ ချန်လော့သည် ချုံပုတ်ငယ်တစ်ခု၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ တစ်စုံတစ်ခုကို လက်လှမ်း၍ ဆွတ်ခူးနေသော ချင်မုကို တွေ့လိုက်ရသည်။

“မင်း ဘာလုပ်နေတာလဲ”

ချန်လော့မှာ သိလိုစိတ်ဖြင့် လျှောက်လှမ်းသွားခဲ့သည်။

“အသီးခူးနေတာ”

ချင်မုက ပြန်လည်ဖြေကြားပြီး အသီးများကို ဆက်လက်ဆွတ်ခူးနေခဲ့သည်။

ထိုသစ်ပင်ချုံပုတ်များအကြားတွင် အနီရောင် အသီးငယ်လေးများက သစ်ကိုင်းများထက်၌ တွဲလောင်းကျလျက် ရှိသည်။ တစ်လုံးချင်းစီတိုင်း ကြည်လင်တောက်ပကာ အတော်လေး လှပသည်။

ချင်မုသည် အသီးများကို ဆွတ်ခူးပြီး တစ်ခါတစ်ရံတွင် သစ်သီးအချို့ကို ပါးစပ်ထဲသို့ ပစ်ထည့်ရင်း ဝါးစားနေလေ၏။ သူ၏ နှုတ်ခမ်းများတွင် အသီးဖျော်ရည်များကြောင့် အနီရောင်များ စွန်းထင်းလျက် ရှိနေသည်။

“ဒါတွေက စားလို့ရလို့လား”

ချန်လော့တစ်ယောက် မမေးဘဲ မနေနိုင်တော့ချေ။

“ငါ ဒီအသီးကို တစ်ခါမှ မမြင်ဖူးဘူး ပြီးတော့ ဂိုဏ်းထဲက ဘယ်စာအုပ်ထဲမှာမှလည်း ဒီအသီးအကြောင်း ဖော်ပြထားတာ မတွေ့မိပါဘူး”

ချင်မုက ခေါင်းခါယမ်းကာ ဆိုသည်။

“ငါလည်း မသိဘူး”

ထိုစကားကို ကြားလိုက်ရသောအခါ ချန်လော့ ခမျာ ဆွံ့အသွားခဲ့ရသည်။ ဤသကောင့်သားသည် တကယ့်ကို သတ္တိခဲပင် ဖြစ်သည်။ အသီးတွင် အဆိပ်ရှိ၊ မရှိကို မသိဘဲနှင့် ပါးစပ်ထဲသို့ တန်းပြီး ပစ်ထည့်ဝံ့သည်။

မည်သို့ဆိုစေကာမူ သူသည် နေ့တိုင်း ထူးဆန်းသော အစားအစာများကိုသာ စားသောက်ရန် တွေးတောနေတတ်သည့် အစားသောင်းကျန်းသော လူတစ်ယောက် ဖြစ်နေခြင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။

“မင်းကိုယ်မင်း အဆိပ်သင့်ပြီး သေအောင် မလုပ်နဲ့ဦး”

ချန်လော့သည် ပြောရင်းနှင့် ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် သူ လှည့်ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် အနောက်ဘက်မှ အန်ထုတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဝေါ့…”

ချန်လော့ ခေါင်းလှည့်ကြည့်လိုက်ရာ ချင်မုသည် လက်တစ်ဖက်ဖြင့် မြေပြင်ကို ထောက်ကာ အန်နေပြီး အခြားလက်တစ်ဖက်မှာ သူ ဆွတ်ခူးထားသော အသီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

“မင်းက မြင်သမျှအရာရာကို လျှောက်စားတယ်... အခုတော့ ပြဿနာတက်ပြီ မဟုတ်လား”

“တွေ့ရာလျှောက်စားရင် ဒုက္ခရောက်လိမ့်မယ်”

ချင်မု၏ အမူအရာကို ကြည့်ပြီး ချန်လော့မှာ အားကိုးရာမဲ့စွာဖြင့် ခေါင်းခါယမ်းမိတော့သည်။

ဤသကောင့်သားသည် အစစအရာရာ တော်ပါသော်လည်း ဖြူစင်ရိုးသားလွန်းသည်။ အစားမက်သည်ဆိုလျှင်ပင် အခြားလူတစ်ယောက်အား အဆိပ်ရှိ၊ မရှိ အရင် စမ်းသပ်ခိုင်းသင့်သည် မဟုတ်လော။

ချန်လော့ကဲ့သို့ပင် သွေးကန္တာရတွင် ရှိစဉ်က သူ မည်မျှပင် ဆာလောင်နေပါစေ အဆိပ်ကို မိမိဘာသာ ဘယ်သောအခါမျှ မစမ်းသပ်ခဲ့ချေ။ ယင်းအစား ကျောက်မန်ကို ဖမ်းဆီးကာ အဆိပ်ရှိ၊ မရှိ သိရှိနိုင်ရန် အတင်းအကြပ် ကျွေးမွေးခဲ့သည်။

ဉာဏ်ပညာဆိုသည်မှာ အဘယ်နည်း။ ဤအရာမှာ ဉာဏ်ပညာတစ်မျိုးပင် ဖြစ်သည်။

ဤသို့ တွေးမိသည်နှင့် ချန်လော့သည် ချင်မုကို ထပ်မံကြည့်ရှုလိုက်ရာ ထိုသကောင့်သားသည် သူ၏ လက်ထဲရှိ အသီးများကို ပါးစပ်ထဲသို့ ထပ်မံ ပစ်ထည့်ကာ စားသောက်နေပြန်သည်ကို တွေ့လိုက်ရသည်။

“ကျပ်... မင်းက ဒါကို ထပ်ပြီး စားရဲသေးတယ်ပေါ့”

ချန်လော့ လုံးဝ ဆွံ့အသွားခဲ့ရသည်။ သူသည် ခေါင်းမာသော လူအများအပြားကို မြင်ဖူးခဲ့သော်လည်း ယခုကဲ့သို့ ခေါင်းမာလွန်းသော လူမျိုးကိုမူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

'ဒီကောင် ဒါကို တကယ် စားရဲတာပဲ... အဆိပ်ရှိမှန်း အားလုံးက သိနေတာတောင်မှ ပါးစပ်ထဲကို ထပ်ထည့်နေသေးတယ်…’

“မင်း အရင်ဘဝက ငတ်ပြတ်ပြီး သေခဲ့တာလား... ဒါမှမဟုတ် ဒီဘဝမှာ ဝအောင် မစားခဲ့ရလို့လား…’’

သို့သော် ချင်မုက ပြန်လည်ပြောကြားလိုက်သည်။

“ဒါပေမဲ့... ဒါပေမဲ့ ဒါက တကယ် အရသာရှိတယ်”

ပြောရင်းနှင့် ချင်မုသည် ပို၍ပင် စိတ်အားထက်သန်စွာဖြင့် ဆက်လက်စားသောက်နေခဲ့သည်။ ထိုမြင်ကွင်းကြောင့် ချန်လော့၏ ပထမဆုံး အတွေးမှာ ဤငတုံးကောင်တော့ အနှေးနှင့် အမြန် အဆိပ်သင့်တော့မည် ဟူသော အချက်သာပင်။

ချန်လော့သည် ချင်မု၏ လက်ထဲရှိ အသီးများကို လျင်မြန်စွာ ပုတ်ထုတ်ပစ်လိုက်ပြီး သူ့ကို မိမိ၏ အနောက်သို့ ဆွဲခေါ်လိုက်တော့သည်။

ဘေးတွင် ရပ်နေကြသော ကျန်သူများမှာ သူတို့ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အနေမိကြသည်။

All Chapters