← Chapters

အခန်း (၁၂၁၃-၁၂၁၅)

Vol. 81 Ch. 1213-1215

အခန်း (၁၂၁၃-၁၂၁၅)

Vol. 81 Ch. 1213-1215

အခန်း (၁၂၁၃) ကောင်တီတရားသူကြီး အရိုးရိုင်း

အရိုးရိုင်း၏စာက ရှည်လျားသည်။ မထည့်သင့်သည့် အကိုးအကားများပြည့်နေသည်။ နန်းတွင်းသုံး စကားအဆင်တန်ဆာများဖြင့် အဆုံးသတ်ထားသည်။

မလိုအပ်သည့်အပိုင်းများကိုကျော်ခွပြီး အဓိကပြောလိုသည့် အကြောင်းရင်းကို လုယန် ခြုံငုံသုံးသပ်သည်။ အကြမ်းဖျင်းအဓိပ္ပါယ်က

- မြို့ထဲမှ သရဲခြောက်သည့်ပြဿနာများကို မဖြေရှင်းနိုင်။ အကို လာကယ်ပါဦး။

ထိုကိစ္စက နည်းနည်းအပေါ်ယံဆန်သည်ဟု လုယန်ယူဆသည်။ အရိုးရိုင်းသည် စွမ်းအားကြီးသည့် လေဟာနယ်သန့်စင်အဆင့်ဖြစ်သည်။ သရဲခြောက်သည့်ကိစ္စလောက်ကို မဖြေရှင်းနိုင်စရာအကြောင်းမရှိ။

...အော် ဟုတ်သားပဲ။ လေဟာနယ်သန့်စင်အဆင့်မှာဆိုတော့ သူတကယ်မဖြေရှင်းနိုင်လောက်ဘူး။

"လောင်မုန်၊ ညီလေးအရိုးရိုင်းက ငါ့ဆီ စာပို့တယ်။ သူတို့မြို့မှာ သရဲတွေ ဒုက္ခပေးနေတယ်တဲ့"

လုယန် သရဲနှီမ်ယန်ဓာတ်စွမ်းအားရှင်နှင့် သွားတွေ့သည်။

မုန်ကျင်းကျိုး ကျင့်စဉ်ဝင်နေသည်က ဆယ်ရက်ကြာခဲ့သည်။ ကျင့်စဉ်အဆင့်တည်ငြိမ်၍ ယခုမှထွက်လာခြင်းဖြစ်သည်။

"မင်းဆီလည်း စာပို့ထားတယ်ပေါ့"

မုန်ကျင်းကျိုးလည် အရိုးရိုင်း၏စာကို ထုတ်လိုက်သည်။

စာနှစ်‌စောင်မှ ရက်စွဲများကို နှိုင်းယှဉ်ကြည့်ပြီးနောက် အဖြစ်အပျက်ကို နားလည်သွားသည်။ အရိုးရိုင်းက မုန်ကျင်းကျိုးဆီ စာအရင်ပို့ခြင်းဖြ်စသည်။ သို့‌သာ် ထိုစာက မုန်ကျင်းကျိုး တံခါးပိတ်ကျင့်နေချိန်တွင် ရောက်လာသည်။

ထို့ကြောင့် အရိုးရိုင်းက လုယန်ဆီ နောက်ထပ်စာတစ်စောင်ပို့ခြင်းဖြစ်သည်။

သို့သော် စာကို ထိုမျှဖွဲ့ဖွဲ့နွဲ့နွဲ့တန်ဆာဆင်၍ ရေးနိုင်သေးသည်ဆိုလျျင် အရိုးရိုင်းကြုံနေရသည့် ပြဿနာက သိပ်မဆိုးဝါးလောက်။

"ဘယ်လိုလုပ်မလဲ"

မုန်ကျင်းကျိုးက မေးသည်။

လုယန်က အသိခက်သည့်အပြုံးမျိုးပြုံးသည်။ ကူးဖြတ်ခြင်းအဆင့်ရောက်ပြီးမှ ဖြစ်လာသည့် အကျင့်တစ်ခုဖြစ်သည်။

"ငြိမ်သက်မှုပြီးရင် လှုပ်ရှားမှုလာတယ်လေ။ အပြင်ထွက်ဖို့ အချိန််ကျပြီ"

"မှန်တယ်"

"လောင်မာ..."

လုယန် လောင်မာကိုခေါ်လိုသဖြင့် ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ သို့သော် မတွေ့။

"လောင်မာက အဆင့်တက်ကျင့်စဉ်ဝင်ဖို့ အရှေ့ပင်လယ်က သူ့ဇာတိမြေကို ပြန်သွားတယ်။ ကြည့်ရတာ ကူးဖြတ်ခြင်းအဆင့်ကို တက်တော့မယ်ထင်တယ်"

"ဒါက ဝမ်းသာစရာကိစ္စပါပဲ"

လုယန် ရယ်လိုက်သည်။ မုန်ကျင်းကျိုး၏ကာကွယ်သူ လောင်မာသည် သူတို့ကိစ္စများတွင် သိပ်ဝင်မစွက်သော်လည်း တကယ်အလုပ်ကြိုးစားသည်။

လောင်မာအဆင့်တက်ပြီးလျှင် မြင်းနဂါးမျိုးနွယ်ဆီ ဂုဏ်ပြုလက်ဆောင် ပို့မှဖြစ်မည်။

မုန်ကျင်းကျိုးလည်း ထိုကိစ္စအတွက် ဝမ်းသာသည်။

"ဦးလေးမာက ကူးဖြတ်ခြင်းအဆင့်တောင် တက်တော့မယ်။ ငါ့အဖေအဘိုးကြီးကတော့ စုစည်းခြင်းအဆင့်မှာ ပိတ်မိနေတုန်းပါ။ သူသာငါနဲ့အတူ အိမ်ကထွက်ပြေးခဲ့ရင် အခုလောက်ဆို ကူးဖြတ်ခြင်းအဆင့်ရောက်နေလောက်ပြီ"

"..ကိုယ့်စကားကိုယ် ဘယ်ရောက်နေမှန်းရောသိရဲ့လားကွာ"

တစ်ခါတစ်လေ လောင်မုန်၏အတွေးများက ထူးထွေဆန်းပြားလွန်းသဖြင့် လုယန်ပင်ဉာဏ်မမီသလို ခံစားရသည်။

"လောင်မာမပါလည်း ဖြစ်ပါတယ်။ မင်းက ကူးဖြတ်ခြင်းအဆင့်ရောက်နေပြီပဲလေ"

"ဟုတ်တယ်၊ မင်းရဲ့လက်ရှိအဆင့်နဲ့ ဘာကြောက်စရာရှိလို့လဲ"

တစ်ယောက်ကိုတစ်ယောက် စိတ်အားထက်သန်စွာချီးကျူး၍ ရယ်မောနေကြသည်။

ထို့နောက် ချက်ချင်းခရီးထွက်ရန် ဆုံးဖြတ်ကြသည်။

သတင်းစာများတွင် စာမျက်နှာပြည့် ကြော်ငြာထုတ်ခဲ့သည့် သူတို့ဂုဏ်သတင်းကို စည်းစားမိသဖြင့် ရုပ်ဖျက်သွားကြဖို့ တွေးလိုက်သည်။

အရိုးရိုင်း ကျုန်းရှန်ပြည်နယ်မှ ချွီယီကောင်တီကို အုပ်ချုပ်နေသည်။

နှစ်ယောက်သား လျှပ်စီးအမြန်နှုန်းဖြင့် ပျံသန်း၍ ချွီယွီကောင်တီသို့ ရောက်ကြသည်။

လမ်းခရီးတွင် ရှေးဟောင်းတိုက်ပွဲနယ်မြေတစ်ခုပွင့်ချိန်နှင့် အမှတ်မထင်ကြုံသည်။ ထိုနေရာသည် မဟာချန်ခေတ်နှောင်းပိုင်း နိုင်ငံအုပ်ချုပ်ခွင့် ပြိုင်ဆိုင်ခဲ့သည့် စစ်မြေပြင်ဟောင်းတစ်ခုဟု ပြောကြသည်။

စစ်သည်တော်တို့၏ ဝိညာဉ်များ မရှိတော့သော်လည်း မပျောက်ပျက်နိုင်သည့် သူတို့ဆန္ဒအစွဲဝိညာဉ်များ ကျန်ရစ်ခဲ့သည်။ တိုက်ပွဲမြေတွင် ကံကြမ္မာအခွင့်အလမ်းများစွာရှိသည်။ ဖြောင့်မတ်သည့်စိတ်ဓာတ်နှင့် ထူးခြားသည့် ပါရမီရှိသူများသာ အစွဲဝိညာဉ်များက ဝင်ခွင့်ပြုသည်။ အမွေအနှစ်များ ပိုင်ဆိုင်ခွင့်ပြုသည်။

တိုက်ပွဲမြေသို့ သူတို့စွန့်စား၍ဝင်ကြသည်။ မှော်ဖန်လုံးဖြင့် အကျဉ်းထောင်တောင်ထိပ်မှတ်တမ်းကို ထုတ်ပြပြီး အစွဲဝိညာဉ်များကိုပြောသည်။

မဟာချန်ကျင့်ကြံသူဖြစ်စေ မဟာယုကျင့်ကြံသူဖြစ်စေ ကောင်းကောင်းနေရမည်။ အနှောက်အယှက်မပေးရ။ ထိန်းချုပ်သူသခင်နှင့် ကွမ်းရှန်ဟိုင်တို့ နှစ်ယောက်လုံးကို အကျဉ်းထောင်တောင်ထိပ်တွင် ချုပ်နှောင်ထားသည်။

အစွဲဝိညာဉ်များကို သူတို့ချက်ချင်းထိန်းချုပ်သည်။ ရှေးဟောင်းတိုက်ပွဲမြေတစ်ခုလုံးကို သိမ်းယူပြီး မဟာရှားရုံးတော်ကို လက်လွှဲလိုက်သည်။ အသက်နှစ်ဆယ်အောက် ရွှေသန္ဓေအဆင့်များ ထိုနယ်မြေတွင် လေ့ကျင့်ဖို့ ခွင့်ပြုသင့်ကြောင်း အကြံပြုခဲ့သည်။

ထိုတိုက်ပွဲမြေမှ မသေမျိုးပစ္စည်းအပိုင်းအစတစ်ခုလည်းတွေ့သည်။ အစွဲဆန္ဒများကိုမေးကြည့်သော်လည်း နောက်ခံဇစ်မြစ်မသိရ။ ယင်နှင့်ယန်သန္ဓေစွမ်းအင်များပါသည်။ ယင်ယန်လမ်းစဉ် ကျင့်ကြံသူများကို ကူညီပေးနိုင်သည်။

တစ်ချိန်က ထိုအစိတ်အပိုင်းလုရင်း မသေမျိုးတစ်ဝက်အဆင့်များ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ဖူးသည်။

နတ်မယ်စကားအရ ထိုပစ္စည်းသည် ရွှေကျီးကန်းနှင့်ကျောက်စိမ်းယုန်များ မိတ်လိုက်သည်ကို စောင့်ကြည့်လေ့လာဖို့ ကိုးဆမသေမျိုးသုံးခဲ့သည့် မှတ်တမ်းမှော်ပစ္စည်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

နှစ်ယောက်လုံး ထိုမှတ်တမ်းများကိုကြည့်ဖို့ စိတ်အားထက်သ်လာသည်။ သို့သော် နှစ်ယောက်သား ငြင်းခုန်နေရင်း ထိုမှတ်တမ်းပစ္စည်းက အောက်ဘက်ခြောက်နက်ထဲသို့ကျ၍ ပျောက်ဆုံးသွားသည်။ ထို့ကြောင့် သူတို့လက်လျှော့လိုက်သည်။

ထိုတောင်တန်းများပေါ်တွင် နာမည်ကျော်သည့် နယ်ခံလူငယ်မုဆိုတးစ်ယောက်က ယုန်တစ်ကောင်ကို လေးဖြင့်ပစ်လိုက်သည်။ သွေးစက်ခြေရာခံ၍ လိုက်သွားရင်း ယုန်သေဘေးတွင်ရှိနေသည့် ရှေးဟောင်းပစ္စည်းအပိုင်းအစတစ်ခုကိုတွေ့သည်။ သူနားမလည်သည့် ထိုပစ္စည်းပေါ်တွင် အမှတ်အသားများ အနုစိတ်ပုံဖော်ထားသည်။

"ဒါကဘာလဲ"

ယုန်သေနှင့် ထိုပစ္စည်းကို ကောက်ယူလိုက်သည်။ ယုန်သွေးက အမှတ်မထင် ထိုပစ္စည်းပေါ်ကျသွားပြီး အရောင်တောက်ပလာသည်။ သူ့နဖူးထဲသို့ အလင်းတန်းတစ်ခု တိုးဝင်သွားသည်။

မှော်ပစ္စည်းထဲတွင်ပါသည့် စာသားများကို အလိုလိုနားလည်လာသည်။

"အစွန်းယောက်ယင်ကျင့်စဉ် ပထမအဆင့်...အစွန်းယောက်ယန်ကျင့်စဉ်ဆိုတာလည်းပါတယ်။ ဘာလို့နာမည်တွေပဲပါပြီး အကြောင်းအရာတွေ ရေးမထားတာလဲ။

ဒါက မပြည့်စုံတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေလို့များလား။ တစ်ခြားအစိတ်အပိုင်းတွေ ရှာတွေ့မှ ကျင့်စဉ်ကျမ်းအပြည့်အစုံရမယ်ထင်တယ်။

ပြီးတော့ ဒီရွှေကျီးက်းနဲ့ ကျောက်စိမ်းယုန်ပုံရိပ်ကို နှင်းမြူတစ်လွှာ ဖုံးနေတယ်။ ငါက ကျင့်ကြံသူမဟုတ်လို့ မမြင်နိုင်တာများလား"

ထိုပစ္စည်း၏ နောက်ခံဇစ်မြစ်ကို မသိသော်လည်း ကျင့်စဉ်နားမည်များနှင့် ပုံရိပ်များအရ သာန်ပစ္စည်းမဟုတ်ကြောင်း ထင်ရှားသည်။

"မင်းကို မဆွဲပါနဲ့လို့ ပြောသားပဲ။ မင်းကြောင့်ချောက်ထဲကျသွားတာ"

"မင်းလည်း ဆွဲတာပဲလေ"

လုယန်တို့နှစ်ယောက် လမ်းတွင်ကြုံခဲ့သည့်ကိစ္စကို ငြင်းခုန်ရင်း ချွီယီကောင်တီသို့ ရောက်လာကြသည်။ အမှန်တော့ စကားပြောစရာ အကြောင်းစဉ်းစားမရ၍ ငြင်းခုန်နေကြခြင်းသာဖြစ်သည်။

"အရိုးရိုင်း အုပ်ချုပ်တဲ့နေရာက အတော်ကောင်းတာပဲ"

အစိုးရရုံးတော်ဆီ ဦးတည်နေသည့် မြို့လမ်းမပေါ်လျှောက်ရင်း နှစ်ယောက်လုံး မှတ်ချက်ပေးသည်။ နေ့အချိန်ဖြစ်၍ ကောင်တီတရားသူကြီးသည် ရုံးတော်တွင်သာရှိလိမ့်မည်။

လမ်းများက သန့်ရှင်းသည်။ ကလေးများ ပြေးလွှားကစားနေသည်။ စာဖတ်သံများလည်း ကြားရသည်။ အရာရှိစစ်သည်များ လမ်းပေါ်တွင် ကင်းလှည့်နေသည်။

ရုံးတော်သို့ရောက်ချိန်တွင် အရိုးရိုင်း တရားခွင်ထိုင်နေသည့်အချိန်နှင့်ကြုံသည်။

အရပ်မြင့်မြင့် ဗလတောင့်တင်းသည့် အရိုးရိုင်းအသွင်က ရုံးတော်အဝတ်အစားနှင့် လုံးဝမလိုက်ဖက်။ အင်္ကျီလက်များကိုပါ လိပ်တင်ထားသဖြင့် ကြွက်သားအမြှောင်းလိုက်ထနေသည့် လက်မောင်းများက ပေါ်လွင်နေသည်။

အရိုးရိုင်း ခါးမတ်၍နေထိုင်ပြီး စားပွဲကို လက်ဝါးဖြင့်ရိုက်၍ တရားခွင့်စဖို့ အော်လိုက်သည်။

ထိုသို့အော်လိုက်ပြီးမှ စားပွဲကိုရိုက်ဖို့ သစ်သားတူသုံးရမည့်ကိစ္စကို မေ့သွားကြောင်း သူပြန်သတိရလာသည်။ ဘာမှသိပ်တော့မကွာခြားလှဟု သူတွေးသည်။

မိန်းမနှစ်ယောက်က ငိုယိုနေသည့်ကလေးတစ်ယောက်ကို ကိုင်ထားသည်။

လုယန်တို့နှစ်ယောက် ရုံးတော်တံခါးဝရှိ လူအုပ်ကြားမှ ရပ်ကြည့်နေသည်။ အခြေအနေကို အကြမ်းဖျင်းနားလည်သွားသည်။

မိန်းမတစ်ယောက်က သူမီးဖွားပြီးစတွင် သူ့ကလေးပျောက်သွားခဲ့ကြောင်းပြောသည်။ မနေ့ကမှ တစ်ခြားမိသားစုတစ်ခုတွင် သူ့ကလေးနှင့်ရုပ်ချင်းအရမ်းတူနေသည့် ကလေးတစ်ယောက်ကိုတွေ့သည်။

ထိုကလေးကို သူ့ကလေးဖြစ်ကြောင်းပြောသည်။ သို့သော် တစ်ဘက်မိသားစုက လက်မခံ။ သူတို့ကလေးအစစ်ဖြစ်ကြောင်း ကြေငြာသည်။

ထိုပြဿနာက မငြိမ်းအေးနိုင်ပဲ အရိုးရိုင်းရှေ့သို့ တရားရင်ဆိုင်ဖို့ ရောက်လာသည်။

လက်ထောက်စာရေးက အရိုးရိုင်းကို တီးတိုးပြောသည်။

"သခင်၊ လူတစ်ယောက်လွှတ်ပြီး အဲဒီ့ကလေးကို ရိုက်ခိုင်းလိုက်ပါ။ ရိုက်ချက်ပြင်းလေ ကောင်းလေပဲ။ ပိုပြီးဝမ်းနည်းတဲ့မိန်းမက ဒီကလေးရဲ့ အမေအရင်းပဲပေါ့"

အရိုးရိုင်းက သူ့လက်ထောက်ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။

"ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်ပါ့မလား။ ကလေးက အရိုက်ခံရမယ်။ လက်ရှိမိသားစုက ဒီကလေးရဲ့ မိဘအရင်းမဟုတ်ရင်တောင် နှစ်တွေအကြာကြီးပြုစုလာတာပဲ။ ဒီကလေးအသားနာရင် သူတို့လည်း ဝမ်းနည်းမှာပေါ့"

"ဒါဆို သခင်ဘယ်လိုလုပ်ချင်လဲ"

"သွေးဆက်အတည်ပြုမယ်လေ"

"အား..သွေးဆက်အတည်ပြုတဲ့နည်းလမ်းက သိပ်ပြီးမတိကျဘူးလို့ ကျုပ်ကြားဖူးတယ်"

"အတော်လေးတိကျတယ်လို့ ငါယုံကြည်ပါတယ်"

အရိုးရိုင်းက မိန်းမနှစ်ယောက်နှင့် ကလေးဆီမှ သွေးတစ်စက်စီယူ၍ ခွဲထဲသို့ အစက်ချသည်။ ထို့နောက် သူ့စွမ်းအားကို အသက်သွင်းလိုက်သည်။ သွေးစက်တစ်ခုပေါက်ကွဲထွက်သွားပြီး ထိုသွေးထဲတွင်ပါဝင်သည့် အချက်အလက်များ ပေါ်လာသည်။

တရားခွင်မှလူအားလုံးကို သူရှင်းပြသည်။

"သွေးထဲမှာ အစိတ်အပိုင်းငယ်လေးတွေ သန်းသုံးရာရှိတယ်။ ဒီအစိတ်အပိုင်းတွေရဲ့ အစီအစဉ်က တစ်ယောက်နဲ့တစ်ယောက် ကွဲပြားတယ်။ သွေးချင်းဆက်စပ်တဲ့ ဆွေမျိုးတွေချင်းပဲ အစီအစဉ်ထပ်တူကျတာ"

"သန်းသုံးရာတောင်လား"

သူ့လက်ထောက် အံ့အားသင့်သွားသည်။

"ဒါတွေကို ဘယ်လိုနှိုင်းယှဉ်မှာလဲ"

"မျက်လုံးနဲ့ကြည့်ပြိး နှိုင်းယှဉ်မှာပေါ့"

အရိုးရိုင်းက ခပ်အေးအေးလေသံဖြင့်ပြောသည်။ ထို့နောက်အစိတ်အပိုင်းငယ်များ၏ အစီအစဉ်ကို သေချာလေ့လာသည်။ ထို့နောက် ချက်ချင်းအဖြေထွက်လာသည်။

"ထူးဆန်းတယ်၊ ဒီတို့သုံးယောက်လုံးရဲ့ သွေးအစိတ်အပိုင်းအစီအစဉ်တွေက ဘာလို့ထပ်တူနီးပါးဖြစ်နေတာလဲ။...ဪ သဘောပေါက်ပြီး။ ခင်ဗျားတို့သုံးယောက်လုံး မိသားစုတစ်ခုတည်းကပဲ"

အရိုးရိုင်း မိန်းမတစ်ယောက်ကို လက်ညှိုးထိုး၍ပြောသည်။

"ခင်ဗျားက အသက်ငါးဆယ်ကျော်ပြီမဟုတ်လား။ ကျင့်ကြံသူဖြစ်နေလို့ ခင်ဗျားက ငယ်တဲ့ပုံစံပေါက်နေတာပါ။ အရင်က ခင်ဗျားသမီးတစ်ယောက် ပျောက်သွားဖူးတယ်မဟုတ်လား"

ထိုမိန်းမ ခေါင်းငြိမ့်သည်။

ထို့နောက် အရိုးရိုင်း တစ်ခြားမိန်းမကို လက်ညှိုးထိုး၍မေးသည်။

"ခင်‌ဗျားက ကလေးဘဝကတည်းက ကောက်ယူမွေးစားခံခဲ့ရတာမဟုတ်လား"

ထိုမိန်းမလည်း ခေါင်းငြိမ့်သည်။

အရိုးရိုင်း သစ်သားတူကို ထုလိုက်သည်။

"ဒါဆို ပြဿနာရှင်းသွားပြီ။ သူက ခင်ဗျားအမေပဲ။ တစ်နည်းပြောရင် ခင်ဗျားက ဒီကလေးရဲ့အမေ။ သူက ဒီကလေးရဲ့အဖွား‌ပေါ့"

(သွေးဆက်စမ်းသပ်နည်းသည် ဒီအန်အေခွဲခြားနည်း တစ်ဘက်လှည့်ဖြင့် ပြောနေခြင်းဖြစ်ကြောင်း ရိပ်မိကြမည်ထင်ပါသည်)

**********************************

အခန်း (၁၂၁၄) စည်းကမ်းတွေများသည်။

အရိုးရိုင်းအုပ်ချုပ်မှုအောက်တွင် ချွီယွီကောင်တီက တည်ငြိမ်အေးချမ်းနေကြောင်း သိသာသည်။ အချိန်တိုအတွင်းမှာပင် လူနှစ်ယောက်၏ ပျောက်ဆုံးနေသည့် မိခင်ကို ကူရှာပေးနိုင်သည်။

တကယ်အံ့ဩလောက်သည့် မြင်ကွင်းဖြစ်သည်။

အရိုးရိုင်း အမှုဖြေရှင်းပြီးနောက် အနားယူရန် ခန်းမနောက်ဘက်သို့ ပြန်လာသည်။

"ညီလေးအရိုးရိုင်း"

ထိုစကားသံကြောင့် အရိုးရိုင်းနောက်လှည့်ကြည့်သည်။ ပြိုင်ဘက်ကင်းပါရမီရှင်နှစ်ယောက်ကို မြင်လိုက်ရသဖြင့် သူပျော်သွားသည်။

"အကိုလု၊ အကိုမုန်"

နှစ်ယောက်လုံး ရုပ်ဖျက်ထားသော်လည်း အသံပြောင်းမထားသဖြင့် အရိုးရိုင်း ချက်ချင်းမှတ်မိသည်။

အထူးဧည့်သည်နှစ်ယောက်ကို ကောင်တီတရားသူကြီးကိုယ်တိုင် လက်ဖက်ရည်များ၊ သစ်သီးများ၊ မုန့်များ တည်ခင်းဧည့်ခံသည်။

"အကိုတို့နှစ်ယောက်လုံး ကူးဖြတ်ခြင်းအဆင့်ကို ရောက်သွားပြီလို့ ကျုပ်ကြားပါတယ်။ ရုံးတော်ကိစ္စတွေနဲ့ အလုပ်များနေလို့ စာနဲ့ပဲဂုဏ်ပြုခဲ့ရတယ်။

အခုရောက်လာတာနဲ့ အတော်ပဲ။ ဒီနေရာမှာပဲ ဂုဏ်ပြုဧည့်ခံရတော့မှာပေါ့"

မုန်ကျင်းကျိုးဆီ စာပို့ပြီးနောက် သတင်းစာတွင် မုန်ကျင်းကိုး ကူးဖြတ်ခြင်းအဆင့်တက်သွားကြောင်း သူတွေ့သည်။ ထို့နောက် လုယန်ဆီ နောက်ထပ်စာတစ်ဆောင်ပို့သည်။

လုယန် အံ့အားသင့်နေသည်။ မတွေ့ဖြစ်သည့် နှစ်အနည်းငယ်အတွင်း အရိုးရိုင်း၏ စကားပြောပုံဆိုပုံက လုံးဝပြောင်းလဲသွားသည်။

"မင်းက ကောင်တီတရားသူကြီးလုပ်ရတာ အတော်အဆင်ပြေနေပုံပဲ"

"ဒါတော့ ပြောစရာမှမလိုတာလေ..အဲ မဟုတ်သေးဘူး။ ဒါကိုဘယ်လိုပြောရမှာပါလိမ့်။ ခဏနေဦး"

ထိုသိုပြောပြီးနောက် အရိုးရိုင်း အင်္ကျီရင်ဘတ်ထဲမှ မှတ်စုစာအုပ်တစ်ခုဆွဲထုတ်သည်။ စာအုပ်အနားများ အတော်နွမ်းနေသည်။ အချိန်အတော်ကြာအောင် အသုံးပြုခဲ့သည့် လက္ခဏာဖြစ်သည်။

နောက်ဆုံးစာမျက်နှာအထိ လှန်ပြီးနောက် စာအုပ်ထဲမှစာသားများကို စိတ်ပါလက်ပါဖတ်သည်။

"အကိုတို့နှစ်ယောက် စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျုပ်တရားသကြီးဖြစ်လာကတည်းက အလုပ်တွေကြိုးစားလုပ်ပြီး ကျုပ်တို့ကောင်တီတိုးတက်ရေးအတွက် အလေးအနက်တွေးခေါ်ဆင့်ခြင်.."

"နေပါဦး၊ မင်းဘာတွေဖတ်နေတာလဲ"

လုယန် မေးလိုက်သည်။

မှတ်စုစာအုပ်ထဲမှ မိတ်ဆက်စကားများအတိုင်း တစ်လုံးမှမလွဲအောင် ဖတ်နေခြင်းဖြစ်ကြောင်း လုယန် သတိထားမိသည်။

ဇာတ်ညွှန်းစာသား ဖတ်ပြနေခြင်းလော..

"အကိုတို့လည်း သိသားပဲ။ ကျုပ်စကားပြောတဲ့ပုံစံက စာပေကျင့်ကြံသူတစ်ယောက်ဟန်ပန်နဲ့ မလိုက်ဖက်ဖူးလေ။ စာပေသမားတွေက သူတော်စင်အဆုံးအမတွေကို အမြဲကိုးကားပြီးပြောတယ်။ ဒါက စာဖတ်တာနဲ့ သဘောချင်းအတူတူပါပဲ။

ဒီတော့ ဘယ်အချိန် ဘယ်လိုပြောရမယ်ဆိုတာ ကြိုတင်ချရေးပြီး အလွတ်ကျက်ထားတာပါ။ ကျုပ်လက်ထောက်ကလည်း ဒီလိုလုပ်ထားဖို့ အကြံပေးတယ်။ ကျုပ်ပြောမယ့်မိန့်ခွန်းတွေလည်း သူပဲရေးပေးတာ"

စာပေကျင့်ကြံသူဟူသည့် အယူအဆကို အရိုးရိုင်းနားလည်မှုလွဲနေသည်ဟု လုယန်တို့ခံစားမိကြသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် အရိုးရိုင်းလုပ်နေသည့်နည်းလမ်းက မှန်သလိုတော့ရှိသည်။

မုန်ကျင်းကျိုးသက်ပြင်းချသည်။

"မင်းပြောချင်သလိုသာပြောပါကွာ။ အလွတ်ကျက်မနေပါနဲ့"

"အင်း..ကောင်တီတရားသူကြီးလုပ်ရတာ တကယ်တော့ အတော်ပင်ပန်းတယ်။ စည်းမျဉ်းစည်းကမ်းတွေ အများကြီးပဲ"

"ဘာကိုပြောချင်တာလဲ"

"ကျုပ်တရားသူကြီးစဖြစ်တော့ ပြည်နယ်ရုံးကို အစည်းအဝေးသွားတက်တယ်။ အစည်းအဝေးသိမ်းခါနီးမှာ ပြည်နယ်တရားသူကြီးက ကျုန်းရှန်ကောင်တီနဲ့ပတ်သက်ပြီး အကြံပြုစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်လို့ပြောတယ်။

ကျုပ်လုပ်ဖော်ကိုင်ဖက်တွေပြောပြီးမှ ကျုပ်ပြောမယ်လို့တွေးလိုက်တယ်။ ဒါပေမယ့် အတော်ကြာတဲ့အထိ ဘယ်သူမှ ဘာမျမပြောကြဘူး။ ဒါနဲ့ ကျုပ်မတ်တပ်ရပ်ပြီး ကိစ္စတစ်ချို့ နည်းနည်းထောက်ပြလိုက်တယ်။

ပြည်နယ်တရားသူကြီးက ကျုပ်ပြောတာကို အတော်သဘောကျသွားတယ်ထင်တယ်။ ကျုပ်ကို ပြည့်အဆင့်တရားသူကြီးဖြစ်ချင်လားလို့မေးတယ်။

ကောင်တီတရားသူကြီးဖြစ်စဆိုတော့ ပြည်နဘ်တရားသူကြီးအဆင့် ချက်ချင်းရာထူးတိုးလို့မရဘူး။ ဒါက စည်းမျဉ်းစည်းကမ်းနဲ့မညီလောက်ဘူးလို့ ကျုပ်က စေတနာနဲ့သူ့ကိုသတိပေးလိုက်တယ်။

ပြန်ရောက်တော့ အဲဒီ့ကိစ္စ ကျုပ်လက်ထောက်ကိုပြောပြတယ်။ သူက ကျုပ်မှတ်စုထဲမှာ လမ်းညွှန်ချက်တစ်ချို့ ရေးပေးတယ်။ အဲလိုပြောလို့မရဘူးတဲ့"

အရိုးရိုင်းက လုယန်ကိ မှတ်စုစာအုပ်ပြသည်။ ပထမသုံးလေးမျက်နှာ လှန်ကြည့်သည်။ တားမြစ်ချက်များ အပြည့်ရေးထားသည်။

"အထက်အရာရှိက လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ်လို့ပြောရင် ဘာမှမပြောနဲ့...

"အထက်လူကြီးက ထမင်းစားသွားပါဦးလို့ဖိတ်ရင် မစားနဲ့။ စားမိရင်တောင် ဗိုက်ပြည့်အောင်မစားနဲ့...

စသဖြင့်ရှိသည်။

"ဘာလို့အဲလောက် စည်းကမ်းချက်တွေ များနေတာလဲ"

လုယန်တို့နှစ်ယောက်လုံး အံ့အားသင့်သွားသည်။ အရိုးရိုင်း၏လက်ထောက်သည် တကယ်ပါရမီရှိပုံရသည်။ အသေးစိတ်အချက်များစွာ သတိထားသည်။

"ဪ ဒါကဒီလိုပါ။ ကျုပ်စည်းကမ်းတစ်ခု ချိုးဖောက်မိတိုင်း သူကတစ်ခုချရေးပေးထားတာလေ။ ဒါကြောင့် အရာရှိလုပ်ရတာ စည်းကမ်းတွေများလွန်းတယ်လို့ ကျုပ်ပြောတာ။

ဂိုဏ်းမှာနေရတာလောက် သက်တောင့်သက်သာမရှိဘူး"

"အမှန်အတိုင်းပြောရရင် ငါလည်း အရာရှိလုပ်နေတာ အတော်ကြာပါပြီ"

လုယန်ကပြောသည်။

"ဘယ်လို"

အရိုးရိုင်း အံ့အားသင့်သွားသည်။ အကိုလုယန် ဘယ်အချိန်က ရုံးတော်သို့ဝင်ခဲ့သည်မသိ။

"ငါ့လက်ရှိသရုပ်မှန်က နိုင်ငံ့အကြံပေးဝန်ကြီးပါ"

"အကြံပေးဝန်ကြီး..ကျုပ်တို့မဟာရှားမှာ ဒီလိုရာထူးမျိုးရှိလို့လား"

"အင်း..အင်ပါယာရှားက အသိအမှတ်ပြုပါတယ်"

"အကိုလုက တကယ်အံ့ဩစရာပဲ"

အရိုးရိုင်း တကယ်အံ့ဩမိသည်။ ကောင်တီငယ်လေး၏ တရားသူကြီးလုပ်ရသည်ပင် သူ့အတွက်အတော်ခက်ခဲသည်။ အကိုလုက လူမသိသူမသိ ဝန်ကြီးအဆင့် ရောက်နေသည်။ လူချင်းတူသော်လည်း အရည်အချင်းမတူ။

သူ့နောက်ထပ်များစွာ သင်ယူရဦးမည်။

"ဒါတွေထားပါတော့။ သရဲခြောက်တဲ့ကိစ္စဆိုတာကဘာလဲ"

မုန်ကျင်းကျိုးကမေးသည်။ ယခု နေစွမ်းအင်မီးအိမ်များက ဖယောင်းတိုင်နေရာတွင် အပြည့်အဝအစားထိုးအသုံးပြုနေပြီဖြစ်သည်။ အိမ်တိုင်းတွင် နေစွမ်းအင်မီးအိမ်ရှိသည်။

နေအကာအကွယ်မှော်စက်ဝန်းလည်း မရှိတော့သဖြင့် အဓိပဓိယန်စွမ်းအင်က အလုံးအရင်းနှင့် ဝင်လာသည်။ ဘယ်သရဲက ခြောက်လှန့်နိုင်သေးသည်မသိ။

"လွန်ခဲ့တဲ့သုံးလက ညတစ်ညမှာဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ကျုပ်က ကျင့်ကြံနေတာ။ ကင်းလှည့်စစ်သားတစ်ယောက်က ရုတ်တရက် လာသတင်းပို့တယ်။

မြို့လမ်းမပေါ်မှ သရဲတွေလျှောက်သွားနေတယ်တဲ့။ သူတို့ နည်းလမ်းစုံသုံးပြီး ရှင်းထုတ်ဖို့ကြိုးစားပေမယ့် မရဘူး။ သရဲတွေက လုံးဝအရေးမစိုက်ဘူးတဲ့။

ကျုပ်သွားကြည့်တယ်။ တကယ်လည်းဟုတ်တယ်။ သရဲတွေကို နေစွမ်းအင်မီးအိမ်နဲ့ အလင်းထိုးတယ်။ မက်မွန်သစ်သားဓားနဲ့ခုတ်တယ်။ လုံးဝမထိရောက်ဘူး။

မက်မွန်သစ်သားဓားတွေက ဖြတ်သွားပေမယ့် သူတို့က ဘာမှမခံစားရသလိုဖြစ်နေတယ်။ ကျုပ်တို့တိုက်ခိုက်တာကိုလည်း မတုံ့ပြန်ဘူး။ ကျုပ်တို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိတဲ့ပုံမျိုးပဲ။

ကျုပ်ရောက်သွားတော့ သရဲရိပ်တွေက စပြီးပျောက်ကွယ်နေပြီ။ နောက်ပိုင်းမှာ သရဲတွေထပ်ပေါ်လာတယ်။ အဲဒီတုန်းကတော့ ကျုပ်ကျင့်စဉ်အဆင့်က အတော်ကျနေလို့ မလှုပ်ရှားရဲဘူး။

ကောင်တီထဲက ကျင့်ကြံသူတွေကို အကူအညီတောင်းရတယ်။ ဒါပေမယ့် အကျိုးမထူးခဲ့ဘူး။ တစ်ခြားရွေးစရာမရှိလို့ အကိုတို့နှစ်ယောက်ကို အကူညီတောင်းခဲ့တာပါ"

"နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ သရဲတွေပေါ်လာတာ ဘယ်နှကြိမ်ရှိပြီလဲ"

"သုံးကြိမ်။ သူတို့ပေါ်လာတဲ့အချိန်က တရားသေမရှိဘူး။ ဒါပေမယ့် ညဘက်မှာပဲပေါ်တယ်"

မုန်ကျင်းကျိုးက မေးစေ့ကိုသပ်လျက်

"အချိန်တရားသေမရှိဘူးဆိုတော့ နည်းနည်းခက်တာပဲ။ အနီးအနားက ကောင်တီတွေမှာရော ဒါမျိုးဖြစ်လား"

အရိုးရိုင်း ခေါင်းခါသည်။

"ကျုပ်မေးကြည့်တယ်။ မဖြစ်ဘူးတဲ့"

"ကြည့်ရတာ၊ ဒီမှာငါတို့ အတော်ကြာအောင် နေရမယ်ထင်တယ်။..ဪ ပြီးတော့ ငါတို့ရောက်လာတဲ့ကိစ္စကို ဘယ်သူမှမသိပါစေနဲ့ အရိုးရိုင်း"

လုယန်က ပြောသည်။

...တရားမျှတမှုကိုထိန်းသိမ်းတယ်လို့ နာမည်ကျော်ကြားတဲ့ လောင်မုန်နဲ့ငါ ဒီမှာရှိနေတာ သရဲတွေသိသွားရင် ကြောက်လွ်းလို့ ပေါ်မလာရဲဘဲ ဖြစ်နေမှာစိုးတယ်..

"ဟုတ်ကဲ့ပါ"

အရိုးရိုင်း ခေါင်းငြိမ့်သည်။ သူ့အကိုနှစ်ယောက်သည် အမြဲတမ်း ခပ်လျှိုလျှိုသာနေသည်။ နာမည်ကျော်ကြားဖို့ စိတ်ဝင်စားကြ။

"အကိုတို့အတွက် နေရာထိုင်ခင်းစီစဉ်ပေးရမလား"

"မင်းတို့ရုံးတော်မှာ လူလိုသလား။ ဝန်ထမ်းလစ်လပ်နေတာမျိုးဆို ငါတို့ခဏအစားဝင်လို့ရတယ်လေ"

"တိုက်တိုက်ဆိုင်ဆိုင်ပဲ။ လာဘ်စားလို့ အလုပ်ထုတ်လိုက်တဲ့ ကင်းလှည့်တပ်သားနှစ်ယောက်ရဲ့နေရာ လွတ်နေတယ်။ဒါပေမယ့် အကိုတို့က ကျုပ်ကိုကူညီဖို့လာတဲ့ ဧည့်သည်တွေဆိုတော့.."

မုန်ကျင်းကျိုးက အရိုးရိုင်းလည်ပင်းကို သိုင်းဖက်လိုက်သည်။

"ကိစ္စမရှိပါဘူး။ တစ်ချိန်လုံး အလုပ်မရှိဘဲ အချိန်ဖြုန်းနေရတာမကောင်းဘူးလေ။ လုပ်စရာတစ်ခုခုရှိတော့ အဆင်ပြေတာပေါ့"

အရိုးရိုင်း အတော်ကျေးဇူးတင်သွားသည်။ သူ့အကိုနှစ်ယောက်သည် သရဲဖမ်းဖို့ ခရီးဝေးမှလာခဲ့ရသည်။ သူ့ပြဿနာများကိုပင် ကူညီဖြေရှင်းပေးကြသည်။

တကယ်စိတ်ထားမြင့်မြတ်သည့် လုပ်ရပ်ဖြစ်သည်။

သိပ်မကြာမီ အရိုးရိုင်းက သူတို့အတွက် ကင်းလှည့်တပ်သားဝတ်စုံများ ယူလာသည်။ စစ်သည်အဝတ်အစားဝတ်ပြီး မာနကြီးသည့်အပြုံးများ အားဖြည့်လိုက်သဖြင့် လူတကာအနိုင်ကျင့်တတ်သည့် အရာရှိများပုံစံ ပေါက်လာသည်။

မလိုအပ်သည့်ပြဿနာများ ပေါ်မလာစေရန် သူတို့နှစ်ယောက်ကို ရုံးတော်မှလူများနှင့်မိတ်ဆက်ပေးဖို့ အရိုးရိုင်းက ဦးဆောင်ခေါ်သွားသည်။

ကောင်တီတရားသူကြီးက မျက်နှာစိမ်းတပ်သားသစ်နှစ်ယောက်ခေါ်လာသဖြင့် အရိုးရိုင်း၏လက်ထောက် အတော်အံ့အားသင့်နေသည်။

ပုံမှန်အားဖြင့် ကင်းလှည့်တပ်သားသစ်ခေါ်လျှင် စမ်းသပ်စစ်ဆေးမှုများစွာ လုပ်ဆောင်ရသည်။ ကောင်တီတရားသူကြီးက ထိုနှစ်ယောက်ကို အချိန်တိုအတွင်း ဘယ်လိုရှာခဲ့သည်မသိ။

"သခင်၊ ဒီတပ်သားသစ်နှစ်ယောက်က ဘယ်သူလဲ"

သူတို့သရုပ်မှန်ကို လျှို့ဝှက်ထားဖို့ လုယန်ပြောခဲ့သည့်စကားကို အရိုးရိုင်းမှတ်မိသည်။ ထို့ကြောင့် သူ့ဂိုဏ်းတူအကိုများဖြစ်ကြောင်း မိတ်ဆက်ပေး၍မဖြစ်။ အကျဉ်းချုံးမိတ်ဆက်ပေးလျှင် လုံလောက်မည်ထင်သည်။

"ဒီနှစ်ယောက်က ငါ့အဆက်အသွယ်နဲ့ ဝင်လာတာပါ"

***********************************

အခန်း (၁၂၁၅) လုံခြုံရေးညံ့သည်

အဆက်အသွယ်နှင့်ဝင်လာသည်ဆိုသည့်စကားကို ရုံးတော်မှလူတိုင်းသိသည်။

ရုံးတော်တစ်ခုလုံး သူတို့နောက်ခံကို ခန့်မှန်းနေကြသည်။

"ကောင်တီတရားသူကြီးက တာအိုလမ်းစဉ်ဂိုဏ်းကပဲ။ သံမဏိမျက်မျိုးရှိတယ်။ ဘက်မလိုက်ဘူး။ ဘယ်သူ့ကိုမှမျက်နှာသာမပေးဘူး။

သခင်ကိုယ်တိုင် ခေါ်လာတယ်ဆိုတော သူတို့အဆက်အသွယ်က တကယ်ခိုင်မာလို့ ဖြစ်မှာပေါ့"

"သူတို့နှစ်ယောက်လည်း တာအိုလမ်းစဉ်ဂိုဏ်းကများလား"

"မဖြစ်နိုင်ဘူး။ တာအိုလမ်းစဉ်ဂိုဏ်းကလူတွေက ပါရမီရှင်တွေချည်းပဲ။ ဘာလို့ ပင်ပန်းတဲ့ ကင်းလှည့်တပ်သားအလုပ်ကို လုပ်မှာလဲ"

သာမန်လူများအတွက် ကင်းလှည့်တပ်သားသည် ကြောက်ရွံ့စရာဖြစ်ကောင်းဖြစ်မည်။ သို့သော် တကယ်လုပ်ကြည့်လျှင် နေ့ဆိုင်းညဆိုင်းပြောင်း၍ လုပ်ရသည့်အလုပ်ဖြစ်ကြောင်း သိလာလိမ့်မည်။

နားရက်များမှာပင် ဆင့်ခေါ်ခံရနိုင်သည်။ အမှုကြီးတစ်ခုပေါ်လာလျှင် အနားယူဖို့ တွေးမရနိုင်တော့။ ထို့ပြင် ရာဇဝတ်သားများ ဓားထိုးမခံရအောင် ရုပ်ခန္ဓာစွမ်းရည်များ လိုသေးသည်။

အရိုးရိုင်း၏လက်ထောက်က ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။

"ငါ့အထင်တော့ ဒီနှစ်ယောက် အရိုင်းမျိုးနွယ်ကဖြစ်မယ်"

"အရိုင်းမျိုးနွယ်..."

"ဟုတ်တယ်။ စဉ်းစားကြည့်လေ၊ ချွီယီကောင်တီက အရိုင်းနယ်မြေမှာရှိတယ်။ အရိုင်းမျိုးနွယ်တွေရှိတယ်။ သူတို့က သခင့်ရဲ့ဆွေမျိုးတွေပဲဖြစ်မယ်"

"ဒါပေမယ့် သူတို့မျိုးရိုးနာမည်တွေက အရိုင်းမျိုးနွယ်နာမည်မဟုတ်ပါဘူး"

"မျိုးနွယ်ခွဲဆွေမျိုးပေါ့။ မျိုးနွယ်ခွဲတွေက အရိုးမျိုးနွယ်ရဲ့ နာမည်တွေနဲ့မတူဘူး"

ဖြစ်နိုင်တယ်"

ထိုအမြင်ကို ရုံးတော်မှလူအားလုံး လက်ခံကြသည်။ တရားသူကြီးအဆက်အသွယ်နှင့် ဝင်လာသူများဖြစ်၍ ရုံးတော်စည်းမျဉ်းများသည် ထိုနှစ်ယောက်နှင့်မဆိုင်။ လွန်လွန်ကျူးကျူးမဟုတ်လျှင် အားလုံးက မသိချင်ယောင်ဆောင်ထားကြသည်။

အရိုင်းနယ်မြေသည် တွင်းထွက်ပစ္စည်းကြွယ်ဝသည်။ ထိုတွင်းထွက်များ ထုတ်လုပ်သန့်စင်သည့်လုပ်ငန်းများ လုပ်ကိုင်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ အရိုင်းနယ်မြေသည် ပန်းပဲပညာရှင်(ပစ္စည်းသွန်းပညာရှင်)များ စုဝေးသည့်နေရာဖြစ်လာသည်။

ချွီယီကောင်တီတွင် ပန်းပဲဆိုင်ပေါင်း တစ်ရာကျော်ရှိသည်။

ထိုဆိုင်များကြားတွင် ဝမ်မိသားစုပန်းပဲဆိုင်သည် အနုံချာဆုံးဖြစ်သည်။ ဖောက်သည်ဟူ၍ ဂေါ်ပြား၊ ပေါက်ပြား၊ မီးဖိုချောင်သုံးဓား၊ ဒယ်အိုးများပြုပြင်မည့် အိမ်နီးချင်းများ အဓိကလာကြသည်။

ရှေ့သွားတစ်ချောင်းကိုးနေသည့် လောင်ဝမ်က အတော်ကျွမ်းကျင်သည်။ ထိုပစ္စည်းများကို အပြစ်အနာအဆာလုံးဝမရှိအောင် ပြင်ပေးသည်။

သို့သော် ထိုအလုပ်များသာ လုပ်ရသည်။

ဝမ်မိသားစုပန်းပဲဆိုင်တွင် လောင်ဝမ်နှင့်ရှောင်ဝမ် နှစ်ယောက်သာရှိသည်။ တစ်ယောက်ကိုတစ်ယောက်အားကိုး၍ ရပ်တည်ကြသည်။ လောင်ဝမ်က အသက်ကြီးလာသဖြင့် သူ့အလုပ်ကို ရှောင်ဝမ်က လက်လွှဲယူပြီး အိမ်နီးချင်းတို့၏ အိမ်သုံးပစ္စည်းများကို ပြုပြင်ပေးသည်။

"အဘိုး၊ ထမင်းစားချိန်ရောက်ပြီ"

ရှောင်ဝမ်က လောင်ဝမ်ကို လှမ်းအော်သည်။

ပုံမှန်ဆိုလျှင် လောင်ဝမ် ရယ်ရယ်မောမောဖြင့် ထွက်လာတတ်သည်။ သို့သော်ယနေ့ သုံးလေးကြိမ်ခေါ်သော်လည်း တုံ့ပြန်သံမကြားရ။

အဘိုးဖြစ်သူအတွက် စိုးရိမ်သဖြင့် ရှောင်ဝမ် အိမ်ထဲဝင်သွားသည်။လောင်ဝမ်က အနီရောင်အဝတ်ထုပ်တစ်ခုကိုကိုင်၍ ငေးငိုင်နေသည်ကို မြင်ရသည်။

"ရှောင်ဝမ်၊ ဒီကိုလာဦး။ ငါမင်းကိုပြောာစရာရှိတယ်"

လောင်ဝမ်၏ စကားသံက အက်ကွဲနေသည်။ မျက်လုံးများက အရင်လိုမတောက်ပတော့။

"ဘာလဲအဘိုး"

"အဘိုးမင်းကို တစ်ခါမှမပြောခဲ့ဖူးတဲ့ကိစ္စတစ်ခုရှိတယ်။ တကယ်တော့ အဘိုးက သာမန်လူမဟုတ်ဘူး။ ကျင့်ကြံသူပဲ။ နတ်ပန်းပဲဝမ်မိသားစုရဲ့ အမွေခံတစ်ယောက်ပဲ။

ငါတို့မိသားစုက နှစ်တစ်သောင်း ပညာအမွေအနှစ်ရှိခဲ့တဲ့ ပန်းပဲမျိုးရိုးပါ။ ဘိုးဘေးစည်းမျဉ်းကို ချိုးဖောက်ပြီး နတ်ဆိုးဓားတစ်ခု ငါလုပ်ခဲ့မိတယ်။

ဒီဓားက အဆင့်သတ်မှတ်ချက်မရှိဘူး။ လူသတ်ဖို့နဲ့ သွေးသောက်ဖို့ပဲသိတယ်။ သွေးသောက်လေ သူ့အဆင့်ပိုမြင့်လာလေပဲ"

လောင်ဝမ် အနီရောင်အဝတ်ထုပ်ကို ဖြေလိုက်သည်။ ကြောက်စရာကောင်းသည့် သွေးဓား ပေါ်လာသည်။ လက်ကိုင်ရိုးတွင် ဇာမနီကျောက်တစ်လုံးမြှုပ်ထားသည်။ နတ်ဆိုးမျက်လုံးနှင့် တူနေသည်။

"ဒီဓားပေါ်လာတာကို ဓားတစ်ရာမဟာမိတ်အဖွဲ့က သိသွားတော့ လိုချင်ကြတယ်။ သွေးဆာနေတဲ့ ဒီနတ်ဆိုးဓား သူတို့လက်ထဲရောက်သွားရင် လူဘယ်နှယောက်သေကြေပျက်စီးရမလဲ မသိနိုင်ဘူး။

သူတို့လိုက်ဖမ်းတာကို ရှောင်တိမ်းရင်းနဲ့ ဒီမြို့ကိုရောက်လာတာ။ နတ်ဆိုးဓားကို ငါဖျက်ဆီးဖို့ ကြိုးစားဖူးတယ်။ ဒါပေမယ့် ဒါက ငါ့ရဲ့အထူးခြားဆုံးလက်ရာဖြစ်နေတယ်။ ငါဖျက်ဆီးပေမယ့် မရတော့ဘူး။

နတ်ဆိုးဓားသွန်းလုပ်တဲ့ကိစ္စကို မဟာရှားက တားမြစ်ထားတယ်။ ဒီကိစ္စ ရုံးတော်ကိုလည်း တိုင်လို့မရဘူး။ ဒါကြောင့် ငါ့နာမည်ကိုပြောင်းပြီး ဒီမှာဇာတ်မြှုပ်နေရင်းနဲ့ မင်းကိုတွေ့ခဲ့တာ။

နှစ်ပေါင်းများစွာ ပုန်းရှောင်ခဲ့ပေမယ့် အခုတော့ ဓားတစ်ရာမဟာမိတ်အဖွဲ့က ငါ့ကိုခြေရာခံမိသွားပြီ"

လောင်ဝမ် တံဆိပ်တစ်ခုထုတ်လိုက်သည်။

"ဒါက ဓားတစ်ရာဖမ်း်ဆီးမိန့်ပါ။ ဒီနေ့မှ ငါရတာ။ သူတို့က သူတို့ပစ်မှတ်ကို ကစားရတာကြိုက်တယ်။ ငါ့အထင်တော့ ဒီည သူတို့လှုပ်ရှားကြမယ်ထင်တယ်။

ဓားတစ်ရာအဖွဲ့ဝင်တွေက ကောင်းကင်ဓားတစ်ချောင်းစီ ပိုင်ဆိုင်တယ်။ ဓားဦးညွှန်ရာ ဩဇာသက်ရောက်တယ်"

လောင်ဝမ်က ရှောင်ဝမ်လက်ထဲ အထုပ်တစ်ထုပ်ထည့်ပေးသည်။

"အဘိုးဘာမှမတတ်နိုင်ဘူး။ မင်းကိုမကာကွယ်နိုင်တော့ဘူး။ ခဏနေရင် ဓားတစ်ရာအဖွဲ့ကလူတွေနဲ့ ငါအသေအကြေတိုက်ရမယ်။ အဲဒီ့အချိန်မှာ မင်းထွက်ပြေးပါ။

မင်းကိုသင်ပေးခဲ့တဲ့ ပန်းပဲပညာတွေက ကိုးဆယ်ကိုးဆင့်ပန်းပဲပညာတဲ့။ ငါတို့ နတ်ပန်းပဲဝမ်မိသားစုရဲ့ လက်ဆင့်ကမ်းအမွေအနှစ်ပေါ့။ အခုချိန်ကစပြီး မင်းက နတ်ပန်းပဲဝမ်မိသားစုရဲ့ တစ်ဦးတည်းသော အမွေခံပဲ"

"အဘိုး"

ရှောင်ဝမ်က လောင်ဝမ်လက်ကိုဆွဲ၍ ငိုသည်။

လောင်ဝမ်သည် ကလေးအရွယ်မဟုတ်တော့။ သို့သော် လောင်ဝမ်မျက်လုံးများလည်း နီရဲလာသည်။

....

"ညဘက်ကျတော့ ဒီနေရာက တကယ်ခြောက်ကပ်‌နေတာပဲ"

တပ်သားလုယန်နှင့် မုန်ကျင်းကျိုးတို့ မြို့လမ်းများပေါ် ညကင်းလှည့်နေသည်။

သန်းခေါင်ကျော်ပြီဖြစ်သည်။ လမ်းများက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။

"ဒါနဲ့...ဘယ်လိုအရိယဖလမျိုး မင်းဖန်တီးမယ် စိတ်ကူးထားလဲ"

လုယန် စကားစသည်။

မုန်ကျင်းကျိုးခေါင်းခါသည်။ သူ့ဓားကို ဘယ်ညာဝှေ့ယမ်းနေသည်။

"မတွေးရသေးဘူး။ ကိုးဆမသေမျိုးရှိနေတယ်ဆိုတော့ အဓိပဓိယန်အရိယဖလမျိုး ဖန်တီးလို့မဖြစ်ဘူး။ မင်းကရော"

"ငါလည်းမဆုံးဖြတ်ရသေးဘူး"

သူတို့ဆွေးနွေးနေစဉ် လူရိပ်နှစ်ခု အမှောင်ထုကိုအကာအကွယ်၍ လှုပ်ရှားနေသည်ကိုမြင်ရသည်။ နောက်ကျောတွင် အဝတ်နက်ပတ်ထားသည့် ပစ္စည်းတစ်ခု လွယ်ထားသည်။

"ရပ်စမ်း၊ မင်းတို့ဘယ်သူလဲ။ ဘာလို့ ညသန်းခေါင်ချိန်မှာ လျှောက်သါားနေတာလဲ"

"မင်းတို့ရဲ့ သက်သေခံတံဆိပ်ပြ။ ဒါမှမဟုတ် တစ်ခြားအထောက်အထားတစ်ခုခုပြပါ"

လူနှစ်ယောက်၏ ပုခုံးများ လှုပ်ခါလာပြီး အေးစက်စက်ရယ္နေသည်။

"မသိတာက သုခတစ်ပါးဆိုတဲ့စကား တကယ်မှန်တာပဲ။ ဒါပေမယ့် ငါတို့နဲ့တွေ့တာ မင်းတို့ကံဆိုးတယ်"

"ငါတို့ဓားက ငါတို့သက်သေပဲ"

နောက်ကျောမှ ပုံသဏ္ဌာန်ထူးဆန်းသည့် ဓားများဆွဲထုတ်သည်။

ထို့နောက် သူတို့နှစ်ယောက် သရဲဝိညာဉ်များလို တပ်သားနှစ်ယောက်၏ နောက်ကျောဘက်သို့ ရောက်သွားသည်။ သူတို့ဓားများကို သပ်ရပ်စွာပြန်သိမ်းသည်။

"ငါက ဓားရှစ်ကွက်သုံးခဲ့တာ"

တစ်ယောက်ကပြောသည်။

"ငါက ဓားကိုးကွက်သုံးခဲ့တာကွ"

နောက်တစ်ယောက်က သူပို၍စွမ်းအားကြီးကြောင်း ကြွားလုံးထုတ်သည်။

နောက်လှည့်မကြည့်ဘဲ အေးစက်စက်ရယ်ကြရင်း ဝမ်မိသားစုပန်းပဲဆိုင်ဆီ ဆက်သွားသည်။

"ဘာလို့အလျင်လိုနေတာလဲ။ ပြန်လာစမ်း"

လုယန်က လူထူးဆန်းနှစ်ယောက်ကို အင်္ကျီကော်လာမှကိုင်၍ နောက်သို့ပြန်ဆွဲလိုက်သည်။

လူထူးဆန်းနှစ်ယောက် လုယန်ကို မယုံနိုင်သည့်အကြည့်ဖြင့် ကြည့်နေသည်။ ခုနကသူတို့ဓားချက်ကြောင့် ထိုတပ်သား အပိုင်းပိုင်းပြတ်နေရမည်မဟုတ်လော...

သူတို့ဓားများကို နောက်တစ်ကြိမ်ဆွဲထုတ်လိုက်သည်။ ဓားရိုးသာကျန်တော့သည်။

မုန်ကျင်းကျိုးက ခြေရင်းတွင်ပြန့်ကျဲနေသည့် ဓားကျိုးအပိုင်းအစများကို စိတ်ပျက်လက်ပျက်ကြည့်သည်။ ခန္ဓာကိုယ်ကိုထိသည်နှင့် ဓားများကြေမွသွားသည်။ အရည်အသွေးညံ့လွန်းလှသည်။

ထိုလူနှစ်ယောက်သည် တကယ်ဘာမှမကျွမ်းကျင်။ သူတို့ဓားများ ဓားရိုးသာကျန်တော့သည့်အဖြစ်ကိုပင် သတိမထားမိဘဲ ဆောင့်ကြွားကြွားဟန်ပန်ဖြင့် ရှေ့ဆက်လျှောက်သွားသည်။

"ပြောစမ်း။ မင်းတို့ဘာလုပ်နေတာလဲ"

.......

ဝမ်မိသားစုဆိုင်။

မြေးအဘဘိုးနှစ်ယောက် အချင်းချင်းဖက်၍ အတော်ကြာအောင်ငိုနေကြသည်။ လောင်ဝမ် တဖြေးဖြေးစိုးရိမ်ပူပန်လာသည်။ ဓားတစ်ရာအဖွဲ့ဝင်များ ရောက်လာတော့မည်။

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံ ပေါ်လာသည်။ ‌လောင်ဝမ် စိတ်ဓာတ်ကျသွားသည်။ တကယ်ရောက်လာကြပြီဖြစ်သည်။

"အထဲမှာလူရှိလား။ ကျုပ်တို့က ကောင်တီရုံးတော်က အရာရှိတွေပါ။ ကိစ္စတစ်ခုမေးစရာရှိလို့ လာတာပါ"

...အရာရှိလိုဟန်ဆောင်၍ တံခါးဖွင့်ခိုင်းနေသည်။ ဓားတစ်ရာအဖွဲ့က သူ့ကို အရူးထင်နေသလားမသိ။

လောင်ဝမ် ဓားသွားပေါ်သို့ လက်ဝါးပွတ်လိုက်သည်။ နတ်ဆိုးဓားက သူ့လက်ဝါးမှသွေးများကို စုပ်ယူပြီး ပို၍အရောင်တောက်လာသည်။

ရှောင်ဝမ်က တံခါးကိုဖျတ်ခနဲဖွင့်လိုက်သည်။ လောင်ဝမ်စွမ်းအားကုန်စုစည်း၍ တံခါးရှေ့မှလူနှစ်ယောက် ဓားဖြင့်ထိုးလိုက်သည်။

"ပြေးတော့ ရှောင်ဝမ်။ ငါသူတို့ကို ရင်ဆိုင်မယ်"

လုယန် လက်ညှိးလက်ခလယ်နှစ်ခုဆန့်ထုတ်၍ နတ်ဆိုးဓားကို ညှပ်လိုက်သည်။ ဓားကျိုးသွားမည်စိုး၍ အားမလွန်အောင် သေချာထိန်းသည်။

မုန်ကျင်းကျိုး စုပ်သပ်လိုက်သည်။

"ဒီမြို့က လုံခြုံရေးအတော်ညံ့တာပဲ။ တပ်သားအဖြစ် အလုပ်စဝင်တဲ့ညမှာတောင် တိုက်ခိုက်ခံရတာ နှစ်ခါရှိပြီ"

*****************************

All Chapters