← Chapters

အခန်း (၁၂၀၇-၁၂၀၉)

Vol. 81 Ch. 1207-1209

အခန်း (၁၂၀၇-၁၂၀၉)

Vol. 81 Ch. 1207-1209

အခန်း (၁၂၀၇) ဆရာတပည့် လက်ရည်ယှဉ်ပွဲ

နတ်မယ်အကြောင်း ချင်ဟဲမိတ်ဆက်ပေးပြီးနောက် ယွမ်မုန်မုန်လည်း ကိုယ့်ဝတ္တရားကိုယ် ပြန်သတိရလာသဖြင့် ချက်ချင်းဒူးထောက်ဦးညွှတ်သည်။

"အရှင်မကို ဂါရဝပြုပါတယ်"

သူ့အရှင်မက လူစိမ်းများရှေ့တွင်ပေါ်လာသည်။ ယဉ်ကျေးမှုဝန်ကြီးတစ်ယောက်အနေဖြင့် အကောင်းဆုံးလောကဝတ်ကို ပြရမည်။

နတ်မယ်ပေါ်လာသဖြင့် ယွမ်ကျိမှလွဲ၍ အားလုံးအံ့အားသင့်သွားသည်။ ယွမ်ကျိက အသံတိတ်ခေါင်းငုံ့၍ သူ့ညီမလက်ရာကို ဆက်စားနေသည်။

ဝစီပိတ်ကိုယ်တိုင် ငယ်စဉ်က သူ့ကိုယ်ထဲတွင် ရှေးဟောင်းနတ်ဆိုးသားရဲတစ်ကောင်ရှိသည်ဟု ထင်‌ယောင်ထင်မှားဖြစ်ခဲ့ဖူးသည်။

လုယန်လည်း လူငယ်ဖြစ်၍ ကိုယ်ထဲတွင် မသေမျိုးတစ်ယောက်ရှိသည်ဟု စိတ်ကူးယဉ်မိသည်မှာ မဆန်းလှဟု သူတွေးခဲ့သည်။

သို့သော်ယခု စိတ်ကူးမဟုတ်။ တကယ်ရှိနေကြောင်းသိရသည်။

သူငယ်စဉ်က နတ်ဆိုးသားရဲရှိသည်ဟုသာ စိတ်ကူးရဲသည်။ လုယန်က မိန်းကလေးမသေမျိုးတစ်ယောက် တကယ်ရှိနေသည်။ ခုနက မိတ်ဆက်ပေးခဲ့သည်။ ရှေးဟောင်းအလှပိုင်ရှင်ဆယ်ယောက်၏ နံပတ်တစ်။ ထိုနာမည်က သူဘယ်လောက်လှကြောင်း သက်သေခံသည်။

ဝစီပိတ် သေချာစဉ်းစားသည်။ မသေမျိုးတစ်ယောက်နှင့် ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ ဘယ်လိုနှုတ်ဆက်ရမှန်းမသိဖြစ်နေသည်။

"တာအိုရှင်ဝစီပိတ်ပါ။ မသေမျိုးအရှင်ကို ဂါရဝပြုပါတယ်"

"နင်က ရှောင်ယန်ရဲ့ဆရာပဲ။ ဒီလိုလောကဝတ်တွေမလိုပါဘူး"

နတ်မယ်က ပြန်ပြော၍ စွမ်းအားဖြင့် ထိန်းထားသည်။

ဝစီပိတ် ဦးညွှတ်ရန် အတင်းကြိုးစားသည်။ သို့သော် လုံးဝမရ။ ထို့ကြောင့် သူလက်လျှော့လိုက်သည်။

"မသေမျိုးအရှင်က ကျုပ်တပည့်ကိုယ်ထဲမှာ ရှိနေတာကိုး။ သူ့ကျင့်စဉ်တိုးတက်နှုန်းမြန်တာ ခင်ဗျားလမ်းညွှန်ပေးလို့ပဲဖြစ်မယ်"

"အင်း ဒါက ငါ့လမ်းညွှန်ချက်သက်သက်ကြောင့် မဟုတ်ပါဘူး။ သူ့ပါရမီကလည်း ထူးခြားလို့ပါ"

...မဟုတ်သေးပါဘူး နတ်မယ်၊ ကျပ်တို့စတွေ့ကတည်းက ခင်ဗျားကျုပ်ကို ဘာလမ်းညွှန်ချက်တွေများ ပေးဖူးလို့လဲ။ ရှေးဟောင်းအရှုပ်တော်ပုံတွေ နားထောင်ခဲ့လို့ ယင်ထန်အရှင်က လျှပ်စီးပြင်းပြင်းနဲ့ရိုက်တယ်။ ပြီးတော့ လေဟာနယ်သန့်စင်အဆင့်ရဲ့ အကန့်အသတ်တွေကို...

လုယန် ပြန်စဉ်းစားရင်း အတွေးပြတ်သါားသည်။ ယခုသူ ကူးဖြတ်ခြင်းအဆင့်ရောက်နေသည်မှာ နတ်မယ်လမ်းညွှန်မှုနှင့် သက်ဆိုင်သလိုလိုဖြစ်နေသည်။

နတ်မယ်သာမရှိလျှင် ပုံမှန်အတိုင်း စုစည်းခြင်းအဆင့်သာ တက်လိမ့်မည်။

"ရှောင်ယန်ကို မသေမျိုးတစ်ယောက် ကာကွယ်ပေးထားတာပဲ။ အစက သူလောကအတွေ့အကြုံနည်းသေးလို့ ကျုပ်စိတ်ပူခဲ့တာ။ အခုတော့ စိတ်အေးလက်အေးနဲ့ သူ့ကိုဂိုဏ်းချုပ်ရာထူးလွှဲပေးလို့ရပါပြီ"

"စိတ်မပူပါနဲ့။ လွှဲသာလွှဲပေးလိုက်ပါ။ ဘာပြဿနာမှမဖြစ်စေရဘူး"

"ခင်ဗျားတို့နှစ်ယောက် ခဏနေပါဦး။ ကျုပ်က ဂိုဏ်းချုပ်လုပ်ဖို့ လက်ခံပါတယ်လို့ ပြောသေးလို့လား။ အခြေအနေတိုးတက်လာသည်ကို အတော်ပျော်မြူးနေသည့် နတ်မယ်ကို လုယန်အမြန်ဆွဲတားလိုက်သည်။

ဝစီပိတ်က စိတ်အားထက်သန်စွာပြောသည်။

"ရှောင်ယန်၊ ဂိုဏ်းချုပ်လုပ်ဖို့ကိစ္စဆိုတာ သုံးကြိမ်ငြင်းပြီး လေးကြိမ်မြောက်မှ လက်ခံရတယ်ဆိုတဲ့ လောကဝတ်ကို ငါနားလည်ပါတယ်။ငါလည်းဒါကို ဖြတ်သန်းခဲ့တာပဲ။ ဒါပေမယ့္ မင်းစွမ်းဆောင်ရည်ကို ဂိုဏ်းဝင်အားလုံး သိနေတာပဲ။ မင်းချက်ချင်းဂိုဏ်းချုပ်လုပ်လည်း ဘယ်သူမှဆန့်ကျင်မှာမဟုတ်ပါဘူး။

မင်းဆရာက အသက်ကြီးနေပြီး။ တစ်ချို့ကိစ္စတွေကို မစွမ်းဆောင်နိုင်တော့ဘူး။ ငါအဖြစ်ချင်ဆုံးဆန္ဒက မင်းတို့လူငယ်မျိုးဆက်တွေ စွမ်းအားကြီးလာပြီး ငါတို့ပုခုံးထမ်းထားရတဲ့ တာဝန်တွေကို လက်လွှဲယူစေချင်တာပါ"

"မဟုတ်ဘူး ဆရာ။ ဆရာကအခုမှ နှစ်နှစ်ထောင်ပဲသက်တမ်းရှိသေးတာပါ။ နောက်ထပ် နှစ်ရှစ်ထောင်တောင်ကျန်သေးတာပဲ"

လုယန် မင်သက်မိနေသည်။ ဘာကြောင့်ထိုမျှကြောင်တက်တက် စကားမျိုးပြောသည်မသိ။

"ဒီတော့ ဂိုဏ်းချုပ်ရာထူး မင်းကိုလွှဲလိုက်ပြီ"

ဝစီပိတ် နောက်ထပ်ဆက်မပြောတော့ဘဲ ဆုံးဖြတ်ချက်ချလိုက်သည်။ ဂိုဏ်းသို့ပြန်‌ရောက်သည်နှင့် ထိုသို့လုပ်ဖို့ ကြိုတင်ရည်ရွယ်ခဲ့သည်။ ယခု လုယန်က မသေမျိုးတစ်ယောက် အထောက်အပံ့လည်း ရှိနေသည်ဖြစ်၍ ဂိုဏ်းချုပ်တာဝန် မထမ်းဆောင်နိုင်မည်ကို စိတ်ပူစရာမရှိတော့။

"မရဘူး။ ကျုပ်လက်မခံဘူး"

"ငါက ဂိုဏ်းချုပ်ပဲ။ ငါ့အမိန့်ကို မင်းနာခံရမယ်"

"ကျုပ်မှာ ယာယီဂိုဏ်းချုပ်လက်မှတ်ရှိတယ်။ ဆရာကျုပ်ကို ထိန်းချုပ်လို့မရဘူး"

ဆရာတစ်ပည့်နှစ်ယောက် အချင်းချင်း စိုက်ကြည့်နေကြသည်။

"ဒီလိုဆိုမှတော့ လက်ရည်ယှဉ်ရုံပဲပေါ့"

နှစ်ယောက်လုံး ပြိုင်တူပြောကြသည်။

နှစ်ယောက်လုံး ကူးဖြတ်ခြင်းအဆင့် ဓားကျင့်ကြံသူများဖြစ်သည်။ တစ်ယောက်စွမ်းရည် တစ်ယောက်သိကြသည်။ ကောင်းကင်ဂိတ်တောင်ထိပ်သည် သူတို့တိုက်ခိုက်အားကို ခံနိုင်မည်မဟုတ်။

နှစ်ယောက်လုံး ဂိုဏ်းအတွင်းပိုင်းနယ်မြေဆီ ပျံသန်းသွားကြသည်။ လူသူမရှိသည့် တောင်တန်းတစ်နေရာကို ရွေးကြသည်။

ကျန်သည့်လူများလည်း လိုက်လာပြီး မလှမ်းမကမ်းတွင် တိုက်ပွဲကြည့်ဖို့ နေရာတစ်ခုရှာကြသည်။ ယွမ်မုန်မုန်က အစားအသောက်များနှင့် စားပွဲကိုသယ်ခဲ့ဖို့မမေ့။ ချင်ဟဲ၊ ကန်ထန်နှင့် ယဲ့ဇီကျင်းတို့လည်း ကူသယ်သည်။

ယွမ်ကျိက ဓားချီအားလှိုင်း မသက်ရောက်စေရန် မှော်စက်ဝန်းတစ်ခုကာသည်။

ဝစီပိတ်နှင့်လုယန်တို့ တောင်ထိပ်တွင် မျက်နှာချင်းဆိုင်ရပ်ကြသည်။ ဘယ်သူမှ စကားမပြောကြ။

တိုက်ပွဲစဖို့ ကြေငြာစရာမလို။ နှစ်ယောက်လုံး ဓားကိုယ်စီဆွဲထုတ်၍ ဓားနယ်မြေများ ကိုယ်စီဖန်တီးကြသည်။

"ဘုန်း"

ဓားနယ်မြေနှစ်ခု ရင်ဆိုင်တွေ့သည်။ အဆုံးစမဲ့ဓားရိပ်များဖြစ်ပေါ်လာသည်။ ဓားစွမ်းအင်များ ဓားနယ်မြေထဲတွင် လှည့်ပတ်နေသည်။ မျက်တောင်တစ်ခတ်အတွင်း ဓားချီထိသည့် တောင်ကုန်းနှင့်မြေပြင်များ ပျောက်ကွယ်သွားသည်။ နက်ရှိုင်းသည့် ချောက်နက်တစ်ခု ဖြစ်ပေါ်လာသည်။

ဝစီပိတ်မျက်လုံးတွင် တိုက်ပွဲစိတ်ဓာတ်များ တောက်ပနေသည်။ ဓားနယ်မြေပညာ ကျွမ်းကျင်ပြီးကတည်းက သူနှင့်တန်းတူ ဓားစွမ်းရည်ယှဉ်နိုင်သူမျိုး ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။

လုယန်က ဓားပွဲတော်တွင် မိန်ထိုက်နှင့် ကြုံဖူးသည်။ လောကတစ်ခွင်မှ ဓားကျင့်ကြံသူများနှင့် ရင်ဆိုင်ခဲ့သည်။ ယခုထိ သူ့ကိုယှဉ်နိုင်သူတစ်ယောက်မှ မတွေ့သေး။

"သိပ်ကောင်းတာပေါ့ကွာ။ မင်းက ကူးဖြတ်ခြင်းအဆင့်ကို တန်းရောက်လာလို့ တိုက်ပွဲအတွေ့အကြုံနဲ့ ဓားပညာအတွေးအမြင် လိုက်မမီမှာစိုးရိမ်ခဲ့တာ။ အခုကြည့်ရတာ စိုးရိမ်စရာမလိုဘူးပဲ"

ဝစီပိတ်အော်ဟစ်ရယ်မော၍ ဓားချီကို အပြည့်အဝထုတ်လွှတ်လိုက်သည်။ ဓားချီက လှိုင်းလုံးများလို့ လိမ့်ထွက်သွားသည်။ အဖြူရောင်အလင်းများ ဖြာထွက်သွားသည်။ သူထုတ်သုံးခဲသည် သတ်ဖြတ်ခြင်းဓားပညာတစ်ခုဖြစ်သည်။

အဆင့်တူထဲတွင် ထိုဓားချက်ကို ရျေင်နိုင်သူရှားသည်။

လုယန်၏ညာလက် တုန်ခါလာပြီး အဆုံးစမဲ့ဓားချီဖန်တီးသည်။ တောင်ကျရေတစ်ခွန်တစ်ခုလို ဓားနယ်မြေအဆုံးကိူ ဖြတ်ကျော်သွားသည်။ ထို့နောက် သူ့ဓားချိများက နဂါးနက်၊ ရွှေဖီးနစ်နှင့် ကျားဖြူများအသွင်ပြောင်းပြီး ဝစီပိတ်ဆီ ပြေးဝင်သွားသည်။

စွမ်းအင်ရေင်များ လေထဲတွင် ထိုးထွက်လာသည်။ ထို့နောက် ပေါက်ကွဲထွက်သွားသည်။ လေဟာနယ်ကို ဖျက်ဆီးသည်။ ဝိညာဉ်စွမ်းအင်များ တရစပ်စီးဆင်း၍ ကောင်းကင်တစ်ခုလုံး တုန်ခါနေသည်။

အချိန်တခဏအတွင်း တိုက်ကွက်ပေါင်းရာချီ ထုတ်သုံးကြသည်။ မြန်လွန်းသဖြင့် တစ်ခြားကူးဖြတ်ခြင်းအဆင့်များပင် သေချာမြင်ရမည်မဟုတ်။ ခုခံဖို့၊ တန်ပြန်တိုက်ခိုက်ဖို့ဆို ပို၍ဝေးသေးသည်။

"ဗုဒ္ဓလက်ဝါး"

အဆုံးမရှိကျယ်ပြန့်သည့် လက်ဝါးရိပ်တစ်ခု တောင်တန်းတစ်ခုလုံးဖုံးလွှမ်းသွားသည်။ ကောင်းကင်ပြိုကျသကဲ့သို့ ကြောက်စရာအရှန်ဖြင့် ဆင်းလာသည်။

လက်ဝါးထဲမှ စုပ်အားတစ်ခုကို ဝစီပိတ်ခံစားမိသည်။ ခုခံနိုင်ခြင်းမရှိဘဲ စုပ်ယူခံလိုက်ရသည်။ ဓားချီများစွာ သူထုတ်လွှတ်လိုက်သည်။ သို့သော် အားလုံးကို လက်ဝါးက စုပ်ယူသွားသည်။

"လေဟာနယ်မှော်ပညာပေါ့...ဟားဟား...ခြေတစ်လှမ်းမိုင်ချီစွမ်းအား"

ဝစီပိတ် မပွင့်တစ်ပွင့်ပြုံး၍ မှော်ပညာကို မှော်ပညာဖြင့်ရင်ဆိုင်သည်။ လေဟာနယ်ကိုဖြတ်၍ လက်ဝါးနောက်ဘက် လက်ခုံပေါ်သို့ရောက်သွားသည်။ လက်ဝါးတိုက်ခိုက်မှု လွတ်ကင်းသည့်နေရာဖြစ်သည်။

သို့သော် သူမပျော်နိုင်မီ သူ့ဦးခေါင်းအထက်တွင် အမှောင်ထုလွှမ်းခြုံသွားသည်။ ဒုတိယလက်ဝါးကျလာသည်။

လုယ်က ဗုဒ္ဓလက်ဝါးကို နှစ်ကြိမ်ဆက်တိုက်သုံးသည်။ လက်ခုံပေါ်မှ ဝစီပိတ်ကို ထိန်းချုပ်သည်။

ဝစီပိတ် မျက်နှာပျက်သွားသည်။ ခြေတစ်လှမ်းမိုင်ချီပညာကို ထပ်သုံးလိုသော်လည်း အချိန်မမီတော့။

ဒုတိယလက်ဝါးက ပထမလက်ခုံပေါ်ကျလာသည်။ ဝစိပိတ်ကြားညပ်သွားသည်။ ကမ္ဘာနှစ်ခုဖြင့် ကြိတ်ချေသလိုပင်ဖြစ်သည်။

လက်ဝါးရိပ်များပျောက်သွားပြီးနောက် ဝစီပိတ်ပေါ်လာသည်။ အဝတ်အစားများ စုတ်ပြတ်နေသည်။ အသက်ကိုမောပန်းစွာရှူနေရသည်။ အသက်ဓာတ်များစွာ ထိခိုက်သွားသည်။

"ဆရာ အရှုံးပေးလိုက်ပါ။ မသေမျိုးဓားပညာတွေ အရိပ်တုလက်သီးပညာတွေ ကျုပ်မသုံးရသေးဘူးနော်"

ခဏတာ အရေးနိမ့်သွားသော်လည်း ဝစီပိတ် အညံ့မခံ။ နှုတ်ခမ်းထောင့်မှသွေးကိုသုတ်၍ ချက်ချင်း ခွန်းတုံ့ပြန်သည်။

"အရှုံးပေးရမယ်တဲ့လား။ ငါ့တစ်သက်မှာ တစ်ခါမှ အရှုံးမပေးခဲ့ဖူးဘူးကွ။ ငါအစွမ်း ဒါအကုန်ပဲလို့ မင်းထင်နေတာလား။ ကောင်ကင်ဖွင့်ဓားပညာကို မင်းမေ့နေပြီလား"

"ကြိုးစားထား ဒုခေါင်းဆောင်၊ နင်နိုင်မယ်ဆိုတာ ငါယုံကြည်တယ်"

တစ်ဘက်တွင် ဒုခေါင်းဆောင်။ တစ်ဘက်လူက ဝစီပိတ်ဖြစ်၍ ယွမ်မုန်မုန်က ဒုခေါင်းဆောင်ကိုသာ ထောက်ခံအားပေးသည်။

"ဟေ့၊ နင်တို့ဘာလို့အားမပေးကြတာလဲ"

သူတစ်ယောက်သာ အော်ဟစ်နေကြောင်း ယွမ်မုန်မုန် သတိထားမိလာသည်။ ကန်ထန်နှင့်ယဲ့ဇီကျင်းက တိုက်ပွဲရလာဒ်ကို စိတ်မဝင်စားဟန်ဖြင့် အသံတိတ်နေကြသည်။

ကန်ထန်က စိတ်ပျက်လက်ပျက်ခေါင်းခါ၍ ရှင်းပြသည်။

"သူတို့နှစ်ယောက် ဘယ်သူဂိုဏ်းချုပ်ဖြစ်လာလာ ဘာထူးမှာလဲ။ နောက်ဆုံးကျရင် ဂိုဏ်းကိစ္စအားလုံး အမယွမ်ပဲ လုပ်ရမှာမဟတု်လား"

ယွမ်မုန်မုန် ပြန်စဉ်းစားကြည့်သည်။ ထိုစကားမှန်ကြောင်း နားလည်လာသည်။ ဒုခေါင်းဆောင်က မဟာပဲဝါနိုင်ငံတော်ကို ချဲ့ထွင်ရင်း အလုပ်များနေသည်။ ဂိုဏ်းချုပ်လုပ်ဖို့ အချိန်ရှိမည်မဟုတ်။

ကန်ထန်က အမယွမ်ကို လှည့်မေးသည်။

"ဒါနဲ့ အမယွမ်၊ သူတို့က တိုက်သာတိုက်နေကြတယ်။ ဂိုဏ်းချုပ်ရာထူးယူမယ့်လူကို ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ သေချာမပြောခဲ့ဘး"

ယွမ်ကျိက လေသံအေးအေးဖြင့်

"ထုံးစံအတိုင်းပဲလေ။ နိုင်တဲ့လူက ဂိုဏ်းချုပ်ဖြစ်မှာပေါ့"

******************************

အခန်း (၁၂၀၈) လုယန်သေဆုံးခြင်း

ကောင်းကင်အထက်တွင် ဆရာတစ်ပည့်နှစ်ယောက် ဓားချင်းယှဉ်နေသည်။ နှစ်ယောက်လုံး အသက်ရှူနှုန်းထိန်းထားသည်။ ပြင်းထန်သည့်စွမ်းအင်ရောင်ကြောင့် တစ်လောကလုံး တိတ်ဆိတ်နေသည်။

ယနေ့ခေတ်၏ စွမ်းအားအကြီးဆုံး ဓားသမားနှစ်ယောက်၏ စွမ်းအားကိုပြကြသည်။ တိုက်ကွက်းပေါင်းရာချီ ရင်ဆိုင်သည်။ မျက်တောင်တစ်ခတ်စာ အာရုံလွင့်သွားသည်နှင့် အနိုင်အရှုံး ကွဲပြားသွားနိုင်သည်။

သို့သော် ယွမ်ကျိပြောသည့် စကားကြောင့် ဝစီပိတ်က လုယန်ကို ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့တပည့်လေးသည် ဗဟုသုတသိပ်မစုံသေးကြောင်း နားလည်လာသည်။

ရာထူးစွန့်လွှတ်ဖို့ အချိန်ကျလာသည်။

"သေချာပြန်စဉ်းစားကြည့်တော့ မင်းဆရာဖြစ်တဲ့ငါဟာ ဘဝတစ်သက်မှာ တစ်ခါမှ အရှုံးမပေးခဲ့ဖူးဘူး။ ရှုံးနိမ့်တဲ့အရသာကို ခံစားကြည့်ရရင်လည်း စိတ်ဝင်စားစရာကောင်းမှာပါ။ ဒီတော့-"

"ရွှီး"

ပြင်းထန်သည့်ဓားချီတစ်ခု သူ့ဆီလွင့်ပျံလာသည်။ ဝစီပိတ် အားသုံး၍ဖယ်ထုတ်လိုက်ရသည်။ နောက်ထပ်စကားမပြောနိုင်မီ လုယန်က သူ့ရှေ့သို့ရောက်လာသည်။

"ချွင်"

ဓားနှစ်လက် ရင်ဆိုင်တွေ့သည်။ မိုးမြေတစ်ခုလုံး တုန်ခါသွားသည်။

"ဆရာခုနက ဘာပြောတာလဲ။ ကျုပ်သေချာမကြားလိုက်ဘူး။ ဆရာသေချာပေါက်နိုင်မှာလို့ ပြောလိုက်တာလည်း။ ကျုပ်လည်း အဲလိုပဲထင်ပါတယ် ဆရာ။ ဒါကြောင့်-"

"တပည့်အလိမ်မာလေး။ ဆရာက အသက်ကြီးနေပြီ။ မင်းကိုမနိုင်တော့ပါဘူး"

ဝစီပိတ် ဓားရိုးကိုလက်တစ်ဘက်တည်းကိုင်ထားရမှ လက်နှစ်ဘက်လုံးဖြင့် ဆုပ်ကိုင်လိုက်သည်။ အားစိုက်၍ လုယန်ကို ဖိတွန်းပြီး စကားဖြတ်ပြောသည်။

လုယန်စိတ်ထဲ တောင်တန်းများ ဆက်တိုက်ဖိကျလာသလို့ ခံစားရသည်။ လေးလံလွင်းသဖြင့် ဘာမှစဉ်းစားချိန်မရ။ သူစကားပြောဖို့ပြင်တိုင်း သူ့ဆရာကစွမ်းအားပိုမြှင့်ပြီး စကားဖြတ်သည်။

မွေခံဓားနှင့် ခုနစ်စင်ကြယ်ဓားစုက ချင်ဖုန်းဓားကမ္ဘာငယ်မဓှ ထွက်လာသည်။ မသေမျိုးသတ်ဓားစက်ဝန်း လုယန်ဦးခေါင်းအထက်တွင် ပေါ်လာသည်။

ဝစီပိတ် ရင်ထိတ်သွားသည်။ ထိုဓားသည် အင်ပါယာဝူယောက်ကို ယွမ်ကျိအနိုင်ပိုင်း၍ သိမ်းယူထားသည့် ဓားဖြစ်သည်။ ဤမသေမျိုးသတ်ဓားပညာသည်လည်း ချီလင်မသေမျိုး၏ပညာတစ်ခုဟု ယွမ်ကျိပြောဖူးသည်။

ထိုဓားစက်ဝန်း ဘယ်လောက်စွမ်းအားကြီးမှန်း သိသာသည်။

ဓားစက်ဝန်းအောက်တွင် လုယန်ခန္ဓာကိုယ်အထိန်းအချုပ်လွတ်၍ ဒူးထောက်ကျသွားသည်။

"တပည့်က ဆရာ့လောက်မတော်ပါဘူး။ ဒီတော့..."

"ကောင်းကင်ဖွင့်ဓား"

ဝစီပိတ် မာန်သွင်းအော်ဟစ်လိုက်သည်။ ဓားဦးထိပ်တွင် ‌အေးစိမ့်သည့်အလင်းတန်းတစ်ခု တောက်ပလာပြီး ကောင်းကင်သို့ ထိုးချိန်လိုက်သည်။ ဓားစက်ဝန်းပျက်စီးသွားသည်။ လုယန် မြေပြင်သို့ ထိုးကျသည်။ တွင်းနက်တစ်ခုဖြစ်လာသည်။

ဝစီပိတ်က လတ်ဆတ်သည့်သွေးတစ်ပွက် အန်ထုတ်ပြီး မြေပြင်ပေါ်လက်တစ်ဘက်ထောက်၍ နောက်တစ်ဘက်ဖြင့် ရင်ဘတ်ကိုဖိထားသည်။ တစ်ကိုယ်လုံး တုန်ရင်နေသည်။

"ကောင်းကင်ဖွင့်ဓားဟာ ငါ့ရဲ့စွမ်းအားအမြင့်ဆုံးပညာဖြစ်ပေမယ့် ပေးဆပ်ရတဲ့ တန်ဖိုးကလည်းများတယ်။ ငါမှာ ဆက်တိုက်ခိုက်ဖို့ အားမရှိ-"

နဂါးအော်သံနှင့်အတူ မြေပြင်တုန်ခါသွားသည်။ မြေအောင်းပညာသုံး၍ လုယန်က ဝစီပိတ်ခြေထောက်အောက်တွင် ပေါ်လာသည်။ ဓားချီက နဂါးရိပ်အသွင်ပြောင်း၍ ဝစီပိတ်ကို ကောင်းကင်သို့ ဆွဲခေါ်သွားသည်။

ဝစီပိတ်က ခန္ဓာကိုယ်ကိုလှုပ်ရှား၍ နဂါးရိပ်ဓားချီကို ဖျက်ဆီးသည်။ မြေပေါ်သို့ပြန်ဆင်းလာသည်။

တိုက်ရိုက်အရှုံးပေး၍မရမှန်း နှစ်ယောက်လုံး နားလည်သည်။ တစ်ယောက်က တစ်ယောက်ကို အရှုံးမပေးနိုင်အောင် နှောက်ယှက်သည်။ ပြိုင်ဘက်ကို စကားမပြောနိုင်အော် ဖိနှိပ်ပြီးမှသာ အရှုံးပေးနိုင်လိမ့်မည်။

ထို့ကြောင့် ရိုးရှင်းသည့်ဖြေရှင်းနည်းက တစ်ခုသာရှိသည်။

"တစ်ကွက်တည်းနဲ့ အပြတ်ရှင်းကြတာပေါ့"

"ကျုပ်လည်း အဲလိုပဲစိတ်ကူးပါတယ်"

"ကောင်းကင်ဖွင့်ဓား"

"မသေမျိုးဓားစွမ်းအား"

စွမ်းအားများ စုစည်းကြသည်။ စွမ်းအင်ရောင်များ တစ်ပြိုင်တည်း ထိုးတက်လာသည်။ အကောင်းဆုံးဓားပညာများ ထုတ်သုံးသည်။

ဓားလမ်းကြောင်းတစ်လျှောက် အလင်းရောင်ဖြာသွားသည်။ ညမှ နေ့အသွင် ပြောင်းသွားသည်။ တာအီုလမ်းစဉ်ဂိုဏ်းတစ်ခုလုံး ဓားချီစွမ်းအားကို ခံစားမိကြသည်။

လေဟာနယ်တုန်ခါ၍ ဖုန်မှုန့်များ လိမ့်တက်လာသည်။

ဝစီပိတ်၏စွမ်းအားကြောင့် လုယန်နောက်ပြန်လွင့်ထွက်သွားသည် စွမ်းအင်အားလုံး ကုန်ခမ်းသွားသယောင်ရှိသည်။ တောင်တန်းနှစ်ခုကို ဆက်တိုက်ထိုးဖောက်ပြီး တတိယတောင်ကမ်းပါးနံရံထဲသို့ နစ်ဝင်သွားသည်။

မလှုပ်မယှက်ဖြစ်နေသည့် လုယန်ကိုကြည့်၍ တာအိုရှင်ဝစီပိတ် ဝင့်ကြွားသည့်ဟန်ပန်ဖြင့် ပျံသန်းလာသည်။

"ငါ့တပည့်၊ နောက်ဆုံးတော့လည်း မင်းက သိပ်ကို-"

ဝစီပိတ် အရှုံးပေးရန်ပြင်နေရာမှ ရုတ်တရက် မျက်နှာအကြီးအကျယ်ပျက်သွားသည်။ တောင်နံရံတွင်နစ်ဝင်နေသည့် လုယန်၏စွမ်းအင်ရောင်က ချက်ချင်းမှိန်ကျသွားသည်။

"မင်းဘာဖြစ်သွားတာလဲ"

သေလုမျောပါးဖြစ်နေသည့်လုယန်က လက်ကိုမြှောက်၍ တာအိုရှင်ဝစီပိတ်ဆီ ဆန့်ထုတ်ရန် ကြိုးစားသည်။ သို့သော် အားနည်းလွန်းသဖြင့် လက်ကို ကောင်းကောင်းမမြှောက်နိုင်တော့။

"ဆရာက...အမြဲတမ်းဆရာပါပဲ...ကျုပ်ရဲ့စွမ်းရည်က...ဆရာ့ထက်ညံ့ပါတယ်...နောင်တ...နောင်တမရှိဘဲ...ကျုပ်သေပျော်ပါပြီ"

ဝစီပိတ် ပါးစပ်အဟောာင်းသားဖြစ်သွားပြီး လုယန်ကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင် ချက်ချင်းသွင်းပေးသည်။ သို့သော် ပူးဖောင်းတစ်လုံး လေလျော့သွားသလို စွမ်းအင်များ ချက်ချင်းပြန်ထွက်သွားသည်။

တိုက်ပွဲကြည့်နေသူများလည်း အမြန်ပြေးလာသည်။ အခြေအနေကိုမြင်ပြီးနောက် အားလုံးအသံတိတ်သွားသည်။

နတ်မယ်က လုယန်ကိုယ်ထဲမှ ထွက်လာပြီး လုယန်ရင်ဘတ်ပေါ်ပါးအပ်၍ ဝမ်းနည်းပက်လက်ငိုသည်။

"ရှောင်ယန်၊ နင်ဘာလို့ ဒီလိုသေသွားတာလဲ။ ငါနင့်ကို မကာကွယ်နိုင်ခဲ့လို့ ဒီလိုဖြစ်ရတာ။ နင်မရှိဘဲ ငါဘယ်လိုနေရမှာလဲ"

သူ့မျက်လုံးတွင် မျက်ရည်များပြည့်နေသည်။ သူ့ငိုသံက ကြားရသူတိုင်း စိတ်နှလုံးမချမ်းမြေ့စရာဖြစ်နေသည်။ နတ်မယ်ငိုရှိုက်သံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။

ဆရာတပည့်နှစ်ယောက် ဂိုဏ်းချုပ်နေရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရင်း ဝစီပိတ်က သူ့တပည့်ကိုသတ်လိုက်သည်။ ဓားသမားချင်းရာထူးလု၍ ဖြစ်ပေါ်လာသည့် သေမျိုးလောက၏ ဝမ်းနည်းစရာ မြင်ကွင်းတစ်ခုဖြစ်သည်။ ထိုထက်ပို၍ ဝမ်းနည်းစရာအဖြစ်မျိုး မရှိနိုင်တော့။

"အဲ..ဟုတ်ပြီ။ ငါနင့်ကို ထာဝရအရိယဖလသန္ဓေ ပေးလို့ရတာပဲ"

"...မလိုတော့ပါဘူး"

လုယန်က နောက်ဆုံးလက်ကျန်ခွန်အားဖြင့် နတ်မယ်ကိုတားသည်။ သူ့စကားများက ပြတ်တောင်းပြတ်တောင်းဖြစ်နေသည်။

"ဆရာ...ကျုပ်...ကျုပ်မသေခင်...တစ်ခုပဲ..တောင်းဆိုချင်တယ်...ဆရာ...ဂိုဏ်းချုပ်ကောင်းတစ်ယောက်...အနေနဲ့...ဂိုဏ်းတိုးတက်အောင်..ကြိုးစား..ပေးပါ။

အမယွမ်က...အရမ်းပင်..ပန်းတယ်။...သူ့ကို ..ယာယီ..ယာယီဂိုဏ်းချုပ်..မလုပ်ခိုင်းပါနဲ့တော့"

"ကောင်းပါပြီ။ ဆရာမင်းကို အားလုံးကတိပေးပါတယ်"

ဝစီပိတ်က တဖြေးဖြေးအေးစက်လာသည့် လုယန်၏လက်ကိုကိုင်ရင်း အမြန်ပြောလိုက်သည်။

ထိုစကားကြောင့် လုယန် စိတ်သက်သာရာရသွားဟန်ရှိသည်။ သူ့လက်နှစ်ဘက်ပြုတ်ကျသွားသည်။ ခန္ဓာကိုယ် အေးစက်သွားသည်။ အပြုံးမျက်နှာဖြင့် သူသေသွားသည်။

သူအသက်မရှူတော့။ ထို့ကြောင့် သေသွားသည်မှာ သေချာနေသည်။

ဝစီပိတ် အသံတိတ်သွားသည်။

"နေဦး၊ ဒါတော့မဟုတ်သေးဘူး။ ဆရာကတိပေးပြီးပြီဆိုတော့ ကျုပ်ဘာလို့ သေဟန်ဆောင်နေစရာလိုမှာလဲ"

လုယန် သေဟန်ဆောင်ရင်း ဈာန်ဝင်နေရာမှ ထိုအချက်ကို ပြန်တွေးမိလာသည်။

သူ့ဆရာနိုင်သွားပြီဖြစ်၍ ဆက်ဟန်ဆောင်နေစရာ အကြောင်းမရှိ။

"မင်းက ဝိညာဉ်အစွဲကျန်နေတာလား"

ဝစီပိတ် လုယန်ကို ချက်ချင်းပြန်ဖိထားသည်။

"မင်းရဲ့ နောက်ဆုံးဆန္ဒလေ။ ငါမင်းကို အားလုံး ကတိပေးတယ်။ ဒီတော့ ငါတပည့်လေး။ မင်းငြိမ်းငြိမ်းချမ်းချမ်းနားပါတော့"

လုယန်က ဝစီပိတ်လက်ကို ပြန်တွန်းထုတ်၍ ထထိုင်သည်။ ဝစီပိတ် သူ့ကို ထိန်းထားနိုင်စွမ်းမရှိ။

"ကျုပ်တကယ် မသေသေးပါဘူး"

နှစ်ယောက်သား စိုက်ကြည့်နေကြသည်။ ဝစီပိတ်က တုံ့ဆိုင်းဆိုင်းလေသံဖြင့်မေးသည်။

"သေဟန်ဆောင်တာလား"

"သေဟန်ဆောင်တာပါ"

နောက်တစ်ကြိမ် ပို၍တိတ်ဆိတ်သွားသည်။ ထို့နောက် ဝစီပိတ်၏ ဓားဆွဲထုတ်သံကို ကြားလိုက်ရသည်။

"ဉာဏ်များတဲ့ကောင်၊ ငါ့ကိုလှည့်စားရဲတယ်ပေါ့"

ပြင်းထန်သည့်ဓားချက်ကို လုယန် လှိမ့်ရှောင်သည်။

"ဆရာပဲကျုပ်ကို တိုက်ပွဲမှာ ဉာဏ်နဲ့သတ္တိအသုံးချဖို့ သင်ခဲ့တာလေ"

"ငါ့ကိုလှည့်စားဖို့တော့ မင်းကိုမသင်ခဲ့ဘူးကွ။ အသုံးမကျတဲ့ကောင်။ ငါမင်းကို အပိုင်းပိုင်းပြတ်အောင်ခုတ်မယ်"

"ကောင်းကင်စွမ်းအား"

လုယန် ဝိညာဉ်စွမ်းအင်အဖြစ်ပြောင်းလိုက်သည်။ ဝစီပိတ်၏ဓားချက်က မထိနိုင်တော့။

"မင်းမရှောင်နဲ့"

"ဆရာလည်း မခုတ်နဲ့လေ"

ကြည့်နေသည့်လူအုပ်ကိုပတ်၍ သူတို့နှစ်ယောက် လိုက်တမ်းပြေးတမ်းကစားကြသည်။ အတော်ကြာပြီးနောက် နှစ်ယောက်လုံး ခြေကုန်လက်ပမ်းကျသွားသည်။ စိတ်များ ပြန်လည်တည်ငြိမ်လာသည်။

ဝစီပိတ်က ခြေလှမ်းရပ်၍ လက်ယန်ကို လက်ညှိုးထိုးပြီး တစ်ဟားဟားအော်ရယ်သည်။

"ကောင်းတယ်၊ မင်းက တစ်ခုခုတော့ တစ်ခုခုပဲ ကောင်လေး။ ငါ့ထက်တောင် ပိုပြီးဉာဏ်များသေးတယ်။ ဒါကြောင့် မင်းကို ငါသင်ပေးဖို့မလိုဘူးလို့ ပြောတာ။ ငါသင်ပေးရင်တောင် မင်းကိုဒီလိုဖြစ်လာအောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး။

ကောင်းပါပြီလေ။ ငါတို့သဘောတူထားတဲ့အတိုင်း ငါပဲဂိုဏ်းချုပ်ဆက်လုပ်ရမှာပေါ့"

ဝစီပိတ်ရယ်နေသဖြင့် လုယန်လည်း ရယ်သည်။ ဆရာတပည့်နှစ်ယောက်၏ ရယ်သံက တောင်တန်းတလျှောက်ပဲ့တင်ထပ်နေသည်။

"ဒါဆို ဂိုဏ်းကိစ္စအားလုံး ဆရာ့ကိုပဲလွှဲလိုက်တော့မယ်"

ဘေးတွင်ရပ်နေသည့် ယွမ်ကျိက ပြောသည်။

ဝစီပိတ် ဆက်မရယ်နိုင်တော့။

***************************

အခန်း (၁၂၀၉) တပည့်နာမည်ဖြင့် ဆရာကျော်ကြားခြင်း

လုယန် ပြန်အသက်ဝင်လာသည်။ ယွမ်ကျိက အငြိမ်းစားယူသွားသည်။ ဝစီပိတ်က ဂိုဏ်းတာဝန်များ ပြန်ယူရသည်။ အားလုံးပျော်ရွှင်နေသည်။

လရောင်အောက်တွင် ညစာဆက်စားကြသည်။ ပြောဆိုရယ်မောရင်း ဂုဏ်ပြုကြသည်။ ဝစီပိတ်တစ်ယောက်သာ စိတ်ဓာတ်ကျနေသည်။

တပည့်လေးယောက်ထဲတွင် ဝစီပိတ်နှင့် အများဆုံးအချိန်ဖြုန််းခဲ့သူက ယဲ့ဇီကျင်းဖြစ်သည်။ လိမ္မာသိတတ်မှုအပြည့်ဖြင့် ဝစီပိတ်ကို သူနှစ်သိမ့်သည်။

"ဆရာ၊ ဒီနေ့က ကျုပ်တို့ ကောင်းကင်ဂိတ်တောင်ထိပ် ပြန်ပေါင်းစည်းတဲ့နေ့ပါ။ နည်းနည်းပိုပြီးပြုံးထားပါ။ မနက်ဖြန် ဆရာဂိုဏ်းချုပ်ဖြစ်လာပြီးရင် နောက်ထပ်ပြုံးနိုင်တော့မယ်မထင်ဘူး"

ဝစီပိတ် "..."

"အစက ရှောင်ယန်ဂိုဏ်းချုပ်ရာထူးတက်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ကောင်းကင်ဖွင့်ဓားပညာ ငါသင်ပေးမလို့ပါပဲ။ အခုကြည့်ရတာ မလိုလောက်တော့ဘူးထင်ပါတယ်"

လုယန် သေဟန်ဆောင်ခဲ့စဉ်က ဝစီပိတ် အတော်လန့်သွားသည်။ သူတို့တိုက်ခိုက်ခဲ့သည့် တိုက်ကွဲများနှင့် မသေမျိုးဓားပညာစွမ်းအားကို သူပြန်တွေးကြည့်သည်။

လုယန်၏ မသေမျိုးဓားပညာသည်။ ကောင်းကင်ဖွင့်ဓားပညာထက်ပင် ပိုစွမ်းအားကြီးသည်ဟု သူဝိုးတဝါးခံစားမိသည်။

ရှောင်ယန်က ကိုယ်ပိုင်အဆင့်မြင့်ဓားပညာရှိနေပြီဖြစ်၍ သူ့ဓားပညာကို သင်ဖို့မလိုအပ်တော့။

ဓားကျင့်ကြံသူတို့အတွက် အာရုံစူးစိုက်မှုသည် အရေးကြီးဆုံးဖြစ်သည်။ လောဘကြီးခြင်းသည် မကောင်း။ ကောင်းကင်ဖွင့်ဓားသည် သင်ဖို့မလွယ်။ ထိုပညာသင်ဖို့ ရှောင်ယန်ကို တစ်နှစ်ခွဲလောက် အချိန်ဖြုန်းမခိုင်းသင့်။

ဂိုဏ်းချုပ်တာဝန်ကို ဝစီပိတ်ပြန်ယူသည့်သတင်း တစ်ဂိုဏ်းလုံး ပျံ့နှံ့သွားသည်။ အားလုံး အံ့အားသင့်နေကြသည်။

"တာအိုရှင်ဝစီပိတ်ဆိုတာဘယ်သူလဲ"

ထိုသို့မသိနားမလည်သူများက အတော်ရှားပါသည်။ လုယန်ဂိုဏ်းဝင်စကလည်း ကျင့်ကြံမှုလောကအကြောင်း ဘာမှမသိ။ နာမည်ကျော်ဝစီပိတ်အကြောင်းလည်း မကြားဖူးခဲ့။

"ဘယ်လို၊ ငါတို့ဂိုဏ်းမှာ ဂိုဏ်းချုပ်ရှိသေးတယ်ပေါ့"

"ဂိုဏ်းချုပ်က အမယွမ်မဟုတ်ဘူးလား"

"မင်းငတုံးပဲ။ အမယွမ်လို့ခေါ်မှတော့ ဂိုဏ်းချုပ်ဖြစ်နိုင်မလားကွ"

"အကြီးအကဲမျိုးဆက်တွေထဲမှာ အသက်အကြီးဆုံးမို့ အမယွမ်လို့ခေါ်တယ်ထင်တာ။ ဒီအခေါ်အဝေါ်က ငါတို့မျိုးဆက်ထိ နာမည်တွင်လာတယ်ထင်ခဲ့တာ။ ဒါဆိုသူက ငါတို့နဲ့မျိုးဆက်တူပေါ့"

"တိုးတိုးလုပ်ပါကွ။ စကားကို လက်လွတ်စပယ်မပြောနဲ့။ မင်းစကားက အမယွမ်ကို နှစ်နှစ်ထောင်ကျော်သမက်တမ်းရှိတဲ့ ဘွားတော်ကြီးလို့ ပြောသလိုဖြစ်နေပြီ"

ရံဖန်ရံခါ တောင်ပေါ်မှဆင်းလာချိန်တွင် ဂိုဏ်းဝင်သစ်များ၏စကားသံကို သက်ပြင်းချမိသည်။ သူတို့အတော်ငယ်ရွယ်ကြသေးသည်။ သူလည်း ဂိုဏ်းဝင်စက အန္တရာယ်ကို မသိနားမလည်သည့် အချိန်များရှိခဲ့သည်။

အမယွမ်ကသူ့ကို နယ်စပ်သို့ ပို့ခဲ့သည်။ ထိုနေရာရောက်မှ သူ့ကိုယ်သူထိန်းသိမ်းတတ်အောင် သင်ယူနိုင်ခဲ့သည်။

"ဒါနဲ့...အမယွမ်နဲ့ဂိုဏ်းချုပ်ရာထူးကြားမှာ တရားဝင်သတ်မှတ်ချက်မျိုး တစ်ခါမှမရှိခဲ့ဘူးပဲ"

ဂိုဏ်းသို့စဝင်ကတည်းက ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကို လုယန်ပြန်စဉ်းစားသည်။ အမယွမ် ယာယီဂိုဏ်းချုပ်လုပ်သည့်ကိစ္စသည် တစ်ဆင့်ပြောစကားဖြင့်သာ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ တပည့်သစ်များ ထိုအဖြစ်ကို မသိကြသည်မှာလည်း မဆန်းလှ။

ဝစီပိတ်က အထပ်လိုက်ရှိနေသည့် ဂုဏ်ပြုစာများကိုကြည့်၍ အတော်ဒေါသထွက်နေသည်။

"ဒီဂုဏ်ပြုစာတွေအားလုံး မင်းတို့ ဇီကျင်းကို ရေးခိုင်းခဲ့တာလား။ အားလုံးက လှောင်သလိုပြောင်သလို စာတွေချည်းပဲ"

သို့သော် စိတ်ရင်းဖြင့် ရေးပို့သည့် စာတစ်ချို့လည်းပါသဖြင့် သူ့ကိုယ်သူ စိတ်ဖြေရသည်။

ဥပမာ နတ်ဆိးမြို့တော်၊ အနောက်မိုးပျံဘုံကျောင်း၊ အရှေ့ပင်လယ်နဂါးမျိုးနွယ်တို့မှ ပို့လိုက်သည့် ဂုဏ်ပြုစာများ။

သို့သော သူတို့ရေးသားပုံက တစ်ခြားစာများနှင့် အတော်ကွာသည်။ ဂုဏ်ပြုစာထဲတွင် 'လုယန်၏ဆရာ'ဆိုသည့်စကားဖြင့် စရေးကြသည်။

"တပည့်ကြောင့်ဆရာဂုဏ်တက်တယ်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်"

တာအိုလမ်းစဉ်ဂိုဏ်းအပြင်ဘက်တွင် ကူးဖြတ်ချင်းအဆင့်ကျင့်ကြံသူတစ်ချို့ စုဝေး၍ မကျေမနပ် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။

"ဝစီပိတ်က လုယန်ဆီသွားလည်ရုံပဲလို့ ပြောသွားတာမဟုတ်လား။ အခုဘာလို့ ဂိုဏ်းချုပ်ဖြစ်လာတာလဲ"

"သောက်လခွမ်း၊ ဒီအဘိုးကြီးလှည့်စားတာ ခံလိုက်ရတယ်ကွာ"

"အမြဲတမ်း ဉာဏ်နီဉာဏ်နက်များခဲ့တဲ့ ကောင်ပဲလေ"

"ဒီသူခိုးအိုပြောတာကို ယုံလို့မရမှန်း သိသားပဲ"

အတ်ောကြာအောင် တိုင်ပင်ဆွေးနွေးကြသော်လည်း သူတို့ဘာမှမတတ်နိုင်ကြ။ ဘယ်အချိန်မှထွက်လာမည်မသိသည့် ဝစီပိတ်ကို ဂိုဏ်းဂိတ်တံခါးရှေ့တွင် အမြဲထိုင်စောင့်မနေနိုင်။

...

ကျမ်းစာတိုက်ထိပ်ဆုံးထပ်ကိုဝင်ဖို့ အနည်းဆုံးစုစည်းခြင်းအဆင့်ရှိရသည်။

ယခုလုယန်က ထိုအဆင့်ထက် သာလွန်နေပြီဖြစ်၍ အလွယ်တကူဝင်ခွင့်ရသည်။

သူကြုံရာဆွဲယူလိုက်သည့် စာအုပ်တိုင်းက အနည်းဆုံး စုစည်းခြင်းအဆင့်ကျင့်စဉ်များဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့်ကျင့်စဉ်များလည်း မရှားလ။

ကူးဖြတ်ခြင်းအဆင့် ဉာဏ်အလင်းစိတ်နှလုံးကျင့်စဉ်ရေးသားဖို့ ထိုစာအုပ်များကို မဖြစ်မနေကိုးကားဖို့လိုသည်။

"ဘာလို့ ဒီစာအုပ်တွေက အရမ်းရှေးကျသလို ဖြစ်နေတာလဲ"

ကျင့်စဉ်ကျမ်းတစ်ချို့က တစ်ခြားစာအုပ်များနှင့် အရောင်အသွေးချင်း သိသိသာသာကွာခြားနေသည်။ ဤကျမ်းစာတိုက်သို့ ရောက်လာသည်မှာ ဘယ်လောက်ကြာခဲ့ပြီမသိ။

"အဲ၊ ငါသဘောပေါက်ပြီ။ ဒါတွေက အကျဉ်းထောင်တောင်ထိပ်က အကျဉ်းသားတွေပေးတဲ့ ကျင့်စဉ်တွေပဲ"

သူနားလည်လာသည်။ အကျဉ်းသားတစ်ယောက်ဖမ်းမိသည်နှင့် သူဝှက်ထားသည့် ရတနာတိုက်တည်နေရာကို သိရမည်။ ရတနာတိုက်တွင် သူစုဆောင်းထားသည့် ကျင့်စဉ်ကျမ်းများရှိမည်။

ယခုလက်ရှိတွင် စုစည်းခြင်းအဆင့်အကျဉ်းသား တစ်ရာကျော်ရှိသည်။ ဤရှေးဟောင်းကျမ်းများသည် သူတို့ထံမှ ရခြင်းဖြစ်မည်။

အကိုတိုင်က ဂိုဏ်းဝင်တပည့်အဖွဲ့နှင့်အတူ သူတို့ရတနာတိုက်တည်နေရာများကို ရှာဖွေသိမ်းယူပြီး ကောင်းကင်ဂိတ်တောင်ထိပ်မှ ရတနာတိုက်တွင် သိမ်းထားခြင်းဖြစ်မည်။

ကျင့်စဉ်ကျမ်းများကို‌ ကျမ်းစာတိုက်၏ထိပ်ဆုံးအထပ်တွင် ထားခြင်းဖြစ်မည်။

အရင်က ထိပ်ဆုံးထပ်သို့ လုယန်ဝင်ခွင့်မရခဲ့သဖြင့် ထိုအကြောင်းများကို မသိခဲ့။ ယခုလက်တွေ့မြင်မှ သူစဉ်းစားသုံးသပ်မိခြင်းဖြစ်သည်။

"တောင်ပင်လယ်မသေမျိုးကျင့်စဉ်"

"နတ်သခင်ချုပ်နှောင်ခြင်းကျင့်စဉ်"

ထိုပညာနှစ်ခုက အတော်ထူးခြားသည်။ ကျင့်စဉ်နာမည်ကပင် သာမန်မဟုတ်။

သူ့လက်ရှိ့အဆင့်နှင့် မသေမျိုးကျင့်စဉ်များ၏ သဘောတရားကို အပြည့်အဝနားမလည်သော်လည်း အကြမ်းဖျင်းလောက်တော့ ဖမ်းဆုပ်မိသည်။

"ဒါတွေက ကွမ်းရှန်ဟိုင်နဲ့ ထိန်းချုပ်သူသခင်ရဲ့ ကျင့်စဉ်တွေလား။ သူတို့နှစ်ယောက်က သေချာအသေးစိတ်ရေးထားတာပဲ"

သူခပ်ညှင်းညှင်းရယ်လိုက်သည်။ ထိုနှစ်ယောက်၏ ကျင့်စဉ်ကျမ်းများသည် အပြင်လောကသို့ရောက်သွားလျှင် အတ်ောဂယက်ထသွားနိုင်သည်။

မသေမျိုးဖြစ်လာအောင် တိုက်ရိုက်အလင်းပြနိုင်သည်။ သေချာလေ့လာလျှင် အရိယဖလသန္ဓေ တည်ဆောက်နိုင်ခြေရှိသည်။

သို့သော် လေ့လာသူ၏ နားလည်နိုင်စွမ်းအပေါ် မူတည်လိမ့်မည်။

"စိတ်နှလုံးထဲမှာ စကြာဝဠာကို တည်ဆောက်ပြီး လောကကိုအသွင်ပြောင်းတယ်။ ယုံကြည်မှုစွမ်းအားနဲ့ နတ်သခင်တွေကိုထိန်းချုပ်ပြီး ယုံကြည်ရင်းမြစ်တစ်ခုဖြစ်လာအောင်လည်း လုပ်လို့ရတယ်။ နည်းလမ်းနှစ်ခုလုံးက အတော်စိတ်ကူးကောင်းတာပဲ"

နတ်မယ် အံ့အားသင့်သွားသည်။ ထိုပညာနှစ်ခု၏ နည်းလမ်းများက ထူးခြားသည်။ ရှေးဟောင်းခေတ်မှာပင် မရှိခဲ့ဖူး။

အကျဉ်းသားဖြစ်နေသော်လည်း ကွမ်းရှန်ဟိုင်နှင့်ထိန်းချုပ်သူသခင်တို့နှစ်ယောက်လုံး မသေမျိုးများဖြစ်သည်။ သူ့တို့ခေတ်ကို နှစ်တစ်သိန်းကြာအောင် လွှမ်းမိုးခဲ့သူများဖြစ်သည်။

မသေမျိုးအဆင့်ထိကျင့်ကြံနိုင်သူများသည် ပါရမီရှင်များဖြစ်သည်။ ကိုယ်ပိုင် ထူးခြားစွမ်းရည်များရှိကြသည်။

သူတို့ကံက ညံ့၍သာ ယွမ်ကျိနှင့် တိုးခြင်းဖြစ်သည်။

လုယန် ကျင့်စဉ်ပညာများသုံးသပ်ရင်း တီးတိုးရေရွတ်နေသဖြင့် နတ်မယ် အတော်အံ့အားသင့်သွားသည်။

"သူတို့ကံကြမ္မာက နင့်လောက်အားမကောင်းလောက်မဟုတ်ဘူးလား။ နင့်ကြောင့် သူတို့ အကျဉ်းသားဖြစ်ခဲ့တာလေ"

မသေမျိုးကျင့်စဉ်များကို လုယန် အကြမ်းဖျင်းသာနားလည်သော်လည်း ကူးဖြတ်ခြင်းအဆင့်ကျမ်းများကိုတော့ အလွယ်တကူသဘောပေါက်သည်။

ထိုနားလည်နိုင်စွမ်းမျိုး တစ်ခြားကူးဖြတ်ခြင်းအဆင့်များ ရှိမည်မဟုတ်။ ဝစီပိတ်မှာပင် မရှိနိုင်။

လုယန်၏ အတွေးအမြင်များက ထိုအဆင့်ထက် သာလွန်နေသည်။

သူ့နားလည်နိုင်စွမ်းကို အဆင့်သတ်မှတ်ရလျှင် မသေမျိုးတစ်ဝက်အဆင့်ဖြစ်လိမ့်မည်။

"ဒီကျင့်စဉ်ကျမ်းတွေကို အကူအဖြစ်ပဲသုံးလို့ရမယ်။ အဲလောက်နဲ့ မလုံလောက်သေးဘူး"

လုယန် သွေးနတ်ဆိုးအဓိပဓိ၏ ကျင့်စည်ကျမ်းတစ်ခုကိုချ၍ ခေါင်းခါသည်။ တစ်ခုခုလိုနေသည်ဟု ခံစားရသည်။

"ဒီကျင့်စဉ်တွေက ကူးဖြတ်ခြင်းအဆင့်ပညာတွေကိုပဲ ဆွေးနွေးထားတာ။ အရိယလသန္ဓေအကြောင်း မပါဘူး"

မသေမျိုးတစ်ဝက်အဆင့်ကျင့်စဉ်ပညာများလည်း သူရယူနိုင်သည်။ သူတောင်းဆိုလျှင် အောင်းလင်း၊ လျန်ယိနှင့် တစ်ခြားလူများကလည်း သူတို့ကျင့်စဉ်ပညာများကို မျှဝေကြမည်သာဖြစ်သည်။

သို့သော် ထိုကျင့်စဉ်ပညာများသည် သူနှင့်ကိုက်ညီမည်မထင်။

အရိယဖလသန္ဓေနှင့်ပတ်သက်၍ အတွေးအမြင်တစ်ချို့ သူခံစားမိသည်။ သို့သော် ထိုအတွေးအမြင်ကို သူပြောမပြတတ်။

"ငါ့ရဲ့ကျင့်စဉ်ပညာနဲ့ ပတ်သက်နေတာများလား။...ဒါက ဘာလဲ။ ကောင်းကင်ဖွင့်ဓားပညာ...။ငါ့ဆရာရဲ့ အဆင့်မြင့်ဆုံးဓားပညာပဲ။ စိတ်အပြောင်းအလဲလေးဖြစ်အောင် အပျင်းပြေလေ့ကျင့်ဦးမှပဲ"

ကျင့်စဉ်ပညာများကိစ္စ သူခဏဘေးဖယ်ထားလိုက်သည်။ ကောင်းကင်ဖွင့်ဓားပညာကို စတင်လေ့လာသည်။

ငါးရက်ကြာပြီးနောက် ကောင်းကင်ဖွင့်ဓားပညာစာအုပ်ကို မူလနေရာသို့ ပြန်ထားလိုက်သည်။

"ငါနားလည်ပြီ"

**********************************

All Chapters