အခန်း (၁၂၁၀-၁၂၁၂)
Vol. 81 Ch. 1210-1212
အခန်း (၁၂၁၀) ချီလင်အာ
ကောင်းကင်ဖွင့်ဓားပညာကို ကျွမ်းကျင်ပြီးနောက် ကျင့်စဉ်ပညာကျမ်းများကို သူဆက်လေ့လာသည်။
စိတ်နှလုံးဉာဏ်အလင်းကျင့်စဉ်ကျမ်းသည် သူ့အနာဂတ်လမ်းကြောင်းနှင့် ပတ်သက်နေသည်။ အမယွမ်က အခြေခံအဆင့်ထိ ကူညီတည်းဖြတ်ပေးခဲ့သော်လည်း သူရေသာမခိုရဲ။
လပေါင်းများစွာ ကုန်လွန်သွားသည်။ လုယန် ကျမ်းစာတိုက်ထိပ်ဆုံးထပ်မှ လုံးဝမခွာခဲ့။ ကျင့်စဉ်ကျမ်းအားလုံးကို သူအလွတ်ရလာသည်။ အားသာချက်အားနည်းချက်များကို သုံးသပ်သည်။
"ကွမ်းရှန်ဟိုင်ရဲ့ တောင်ပင်လယ်မသေမျိုးကျင့်စဉ်က မိုးမြေကို ပြောင်းလဲနိုင်တယ်။ ထိန်းချုပ်သူသခင်ရဲ့ နတ်ဘုရားချုပ်ကျင့်စဉ်က ယုံကြည်မှုစွမ်းအားရင်းမြစ် ဖန်တီးနိုင်တယ်။ မသေမျိုးအဆင့်ကျင့်စဉ်ဖြစ်ဖြစ် ကူးဖြတ်ခြင်းအဆင့်ကျင့်စဉ်ဖြစ်ဖြစ် အားလုံးက ထူးခြားတဲ့အကျိုးသက်ရောက်မှုတစ်ခုစီရှိတယ်။
စိတ်နှလုံးဉာဏ်အလင်းကျင့်စဉ်က ကိုယ့်သရုပ်မှန်ကိုယ် ဆက်ထိန်းသိမ်းထားဖို့ပဲ။ ကိုယ့်သဘာဝကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ပဲ။...နတ်ယ်၊ ထာဝရအရိယဖလသန္ဓေတည်ဆောက်ဖို့ လိုအပ်ချက်က ကိုယ်သရုပ်မှန်ကိုထိန်းသိမ်းပြီး ကိုယ့်သဘာဝကိုယ် ရှင်းရှင်းလင်းလင်းသိဖို့လား"
ယွမ်မုန်မုန်နှင့် နတ်မယ်၏ အပြုအမူအများကို ပြန်စဉ်းစားကြည့်သည်။ တူညီသည့်ဗီဇစရိုက်ကို သူအလွယ်တကူမြင်နိုင်သည်။
"ဒီအချက်ကြောင့် ထာဝရအရိယဖလကို ငါတည်ဆေက်နိုင်ခဲ့တာလို့ နင်အမြဲပြောခဲ့ပဲမဟုတ်လား"
နတ်မယ်က လုယန်ဘေးတွင် လှည့်ပတ်ပျံသန်းရင်း ရယ်မောနေသည်။
"ဟုတ်တယ်၊ အဲဒါကြောင့်လည်း ပါတယ်။ ထာဝရအရိယဖလတည်ဆောက်ဖို့ အခြေခံအကျဆုံးလိုအပ်ချက်က စိတ်နှလုံးဟာ မသေမျိုးဖြစ်နေရမယ်။ နှစ်ဘဘ်လောက်ကြာကြာ ပြောင်းလဲမသွားရဘူး။ မူလအခံစိတ်ဓာတ်ကနေ စရိုက်ပြောင်းလဲသွားတာမျိုး သွေဖယ်သွားတာမျိုး မဖြစ်ရဘူး"
"ဒီလိုလူမျိုးတွေ များများရှိလို့လား"
ထိုစရိုက်မျိုးရှိသူကို လုယန်မမြင်မိ။
နတ်ယ်က သမ်းတစ်ချက်ဝေ၍ ဆက်ပြောသည်။
"အများကြီးရှိပါတယ်။ နင်ကျင့်ကြံတာက မြန်လွန်းလို့ ဒီလိုလူတွေနဲ့ တွေ့ခွင့်မကြုံခဲ့တာပါ။ ရှေးဟောင်းခေတ်မှာတုန်းက ငါအများကြီးမြင်ဖူးတယ်။ အသက်ရှည်ရှည်နေကြတယ်။ ဒါပေမယ့် စွမ်းအားတိုးဖို့ ကြိုးစားရင်း တဖြေးဖြေး လူသားဆန်မှုလျော့လာတယ်။
နင်က စိတ်နှလုံးဉာဏ်အလင်းကျင့်စဉ်ကို ကျင့်ကြံတောဆိုတော့ ဒီကိစ္စကို စိုးရီမ်စရာမလိုပါဘူး"
လုယန်နားလည်လာသည်။ အစကတည်းက အမယွမ်သူ့ကို ထိုကျင့်စဉ်ပညာ လေ့ကျင့်ခိုင်းခဲ့သည်မှာ ထိုရည်ရွယ်ချက်ကြောင့်ဖြစ်မည်။
ထိုသို့တွေးရင်း ကူးဖြတ်ခြင်းအဆင့် စိတ်နှလုံးဉာဏ်အလင်းကျင့်စဉ်ကျမ်းရေးဖို့ စိတ်ကူးစိတ်သန်းများ သူ့ခေါင်းထဲတွင်ပေါ်လာသည်။
...
"အမယွမ်၊ ဒါက ကျုပ်ရေးထားတဲ့ ကျင့်စဉ်ကျမ်းအသစ်ပါ"
လုယန် ကျင့်စဉ်ကျမ်းကို ထုတ်ပေးသည်။ လပေါင်းများစွာ လေ့လာထားသည့် သူ့အတွေးအမြင်များအားလုံး ဤစာအုပ်ထဲတွင် စုစည်းထားသည်။
ပြီးခဲ့သည့်ကျင့်စဉ်ကျမ်းများတွင် အမယွမ်သုံးသပ်ခဲ့ပုံများကို သူပြန်တွေးရင်း စိတ်ဂဏာမငြိမ်ဖြစ်နေသည်။ အမယွမ်က မလုံလောက်သေးဟု ပြောမည်ကို ကြောက်နေသည်။
ထို့နောက် ယွမ်ကျိမျက်နှာ နည်းနည်းပြုံးလာသည်ကိုမြင်ရသဖြင့် သူစိတ်လှုပ်ရှားလာသည်။
"ရေးထားတာကောင်းတယ်"
"ဒါဆို ကျုပ်ရဲ့ကျင့်စဉ်ကျမ်း အဆင်ပြေသွားပြီလား အမယွမ်"
ယွမ်ကျိက ချက်ချင်းမဖြေသေးဘဲ လုယန်ကို စာအုပ်ပြန်ပေးသည်။
"မင်းအခု ကူးဖြတ်ခြင်းအဆင့်ကို ရောက်ပြီဆိုတော့ မင်းလုပ်သမျှကိစ္စတိုင်းက အရိယဖလသန္ဓေတည်ဆောက်ဖို့ အခွင့်အရေးတစ်ခုဖြစ်လာနိုင်တယ်။ မင်းရဲ့ကျင့်စဉ်ကျမ်းကလည်း အရိယဖလသန္ဓေတည်ဆောက်နိုင်ဖို့အတွက် အရမ်းအရေးကြီးတယ်။
ငါဝင်ကူတာများလွန်းရင် မင်းအတွက် ကောင်းကျိုးမရှိနိုင်ဘူး။ ကူးဖြတ်ခြင်းအဆင့်ကစပြိး မင်းကိုယ်မင်းပဲ အားကိုးရမယ်"
ထိုစကားကြားသော်လည်း လုယန် ပျော်ရွှင်မှုကို မခံစားရ။ တစ်ခုခုဆုံးရှုံးသွားသလို ခံစားရသည်။
အမယွမ် သူ့အတွက် ခင်းပေးခဲ့သည့်လမ်းက ဤနေရာတွင် အဆုံးသတ်သွားသည်။ အမယွမ်အကာအကွယ်မရှိဘဲ သူရှင်သန်နိုင်ရမည်။
သူ့အနာဂတ်ကျင့်စဉ်ခရီးတွင် ယွမ်ကျိ ဆက်ကူညီတော့မည်မဟုတ်။
"ဘုန်း"
ရုတ်တရက်ပေါ်လာသည့် မိုးချုန်းသံကြောင့် လုယန်အတွေးပြတ်သွားသည်။
"တစ်ယောက်ယောက် ကောင်းကင်ဆင်းရဲဖြတ်တော့မလို့ထင်တယ်"
အသံလာရာဆီ လှမ်းကြည့်လိုက်သည်။ မုန်ကျင်းကျိုးလှိုဏ်ဂူဆီမှဖြစ်ကြောင်း သူသိလိုက်သည်။
"ဟုတ်သားပဲ။ လောင်မုန် အဆင့်တက်ဖို့ အချိန်ကျပြီပေါ့"
နေအကအကွယ်မှော်စက်ဝန်းကို ချိုးဖျက်ပြီးနောက် နေလစွမ်းအားများ ရှေးဟောင်းခေတ်ကပမာဏအတိုင်း ပြန်ရလာသည်။ မုန်ကျင်းကျိုးတွက် အခွင့်အလမ်းများ တစ်ခုပြီးတစ်ခုပွင့်လာသည်။ အခက်အခဲများကို ကျော်လွန်နိုင်ခဲ့သည်။
လုယန်ကျမ်းစာတိုက်သို့မဝင်မီ သေမျိုးလောကစမ်းသပ်ချက်များရင်ဆိုင်ဖို့ မုန်ကျင်းကျိုး ခရီးထွက်သွားသည်ဟုကြားခဲ့သည်။
ယခု ကောင်းကင်လျှပ်စီး ဆင်းလာသည်။ စမ်းသပ်ချက်များကို လောင်မုန် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပုံရသည်။
ကောင်းကင်စွမ်းအားကိုပြသနေသည့် လျျပ်စီးတန်းများ အဆက်မပြတ် ထိုးဆင်းလာသည်။ လျှပ်စီးရောင်များကြားတွင် မုန်ကျင်းကျိုးအသွင်က ပိုးဖလံတစ်ကောင်လိုသာဖြစ်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးတန်းက ထိုးခွဲနေသော်လည်း ဇွဲလုံ့လအပြည့်ဖြင့် ခုခံနေသည်။
"ထူးဆန်းတယ်။ လောင်မုန်ရင်ဆိုင်ရတဲ့လျှပ်စီးက ဘာလို့ရှစ်ဆယ့်တစ်ချက်ပဲရှိတာလဲ"
သူအဆင့်တက်စဉ်က လျှပ်စီးတန်း တစ်ရာခြောက်ဆယ့်နှစ်ချက် ဖြတ်သန်းခဲ့ရသည်။ အနည်းဆုံးတော့ လောင်မုန်လည်း လျှပ်စီးချက် တစ်ရာ့ခြောက်ဆယ်လောက် ရင်ဆိုင်သင့်သည်။
"ယင်ထန်အရှင်က ငါ့ကိုတကယ်ပစ်မှတ်ထားနေတာများလား"
သူအဆင့်တက်စဉ်ကလိုပင် တာအိုလမ်းစဉ်ဂိုဏ်းတပည့်များက မုန်ကျင်းကျိုးကို ကြည့်နေကြသည်။
ကောင်းကင်ဆင်းရဲနှင့် နှလုံးစမ်းသပ်ချက် အဆုံးသတ်သွားသည်။ စွမ်းအင်မြူမှုန်များကျလာပြီး မုန်ကျင်းကျိုးခန္ဓာကိုယ်ကို အားဖြည့်ပေးသည်။
မုန်ကျင်းကျိုး လက်သီးကိုခပ်ဖွဖွဆုပ်လိုက်သည်။ ကိုယ်ထဲမှ ပြင်းထန်သည့်စွမ်းအားကို ခံစားမိသဖြင့် သံရှည်ဆွဲ၍ ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။
သူလည်း ကူးဖြတ်ခြင်းအဆင့်ိသု့ ရောက်လာပြီဖြစ်သည်။
အရိယလသန္ဓေတည်ဆောက်မည်။ ထို့နောက် အရိယဖလရပြည့်ဝပြီး မသေမျိုးဖြစ်လာမည်။ ထို့နောက် သူလွတ်လပ်ခွင့်ရတော့မည်။
မသေမျိုးဖြစ်လာဖို့ သိပ်မဝေးတော့သဖြင့် သူပျော်ရွှင်နေသည်။
"ဟားဟားဟား၊ ကောင်းတယ်ဟေ့ သိပ်ကောင်းကွာ။ မုန်မိသားစုမှာ အမွေခံတစ်ယောက်ရပြီပဲ"
ဘယ်သူမှဂုဏ်မပြုနိုင်သေးမီ မထင်မှတ်ဘဲ မုန်ကျင်းဇီက တာအိုလမ်းစဉ်ဂိုဏ်းတွင် ပေါ်လာသည်။
မုန်မိသားစုအထူချွန်ဆုံးပါရမီရှင် မုန်ကျင်းကျိုး၏ အဆက်တက်ပွဲကို သူလက်လွတ်မခံနိုင်။
အမယွမ်မျက်နှာ တည်ငြိမ်နေသည်ကို လုယန်သတိထားမိသည်။ မုန်ကျင်းဇီပေါ်လာသည်ကို အံ့ဩဟန်မရှိ။ မုန်ကျင်းဇီက တာအိုလမ်းစဉ်ဂိုဏ်းသို့လာမည့်ကိစ္စ ယွမ်ကျိကို ကြိုတင်အကြောင်းကြားထားဟန်ရှိသည်။
"ဘိုးဘေး"
မုန်ကျင်းကျိုး ဝတ်စုံသစ်လဲပြီးနောက် သူ့ဘိုးဘေးကို အရိုအသေပေးသည်။ လျှပ်စီးရှစ်ဆယ့်တစ်ချက်သည် ဘယ်ပစ္စည်းကိုမဆို မီးလောင်ပြာကျသွးစေနိုင်သည့်အစွမ်းရှိသည်။
"ငါတို့မုန်မိသားစုရဲ့ ချီလင်အာ တကယ်ပီသတာပဲ"
မုန်ကျင်းဇီ ယနေ့လောက် တစ်ခါမှမပျော်ရွှင်ခဲ့ဖူး။
မဟုတ်သေး၊ နိုင်ငံမတည်ထောင်မီက ကျန်းပင်ကန်းကို နိုင်ခဲ့သည့်အချိန်ကလည်း သူထိုသို့ပျော်ရွှင်ခဲ့ရသည်။
"ဘိုးဘေး၊ ကျုပ်ကို ချီလင်အာလို့ခေါ်တာက နည်းနည်း..."
မုန်ကျင်းကျို သတိထား၍ပြောသည်။ ချီလင်အာဆိုသည့် အခေါ်အဝေါ်သည် ချီးကျူးသည့်စကားဖြစ်သည်။ သို့သော် မိုးမြေကြားတွင် ချီလင်မသေမျိုးဟူသည့် ချီလင်တစ်ယောက်သာရှိသည်။
ထို့ကြောင့် ချီလင်အာဆိုသည်က ချီလင်မသေမျိုး၏သားဟု အဓိပ္ပါယ်ရသလိုလိုဖြစ်နေသည်။
"ဟုတ်သားပဲ။ စိတ်ထဲထားမနေပါနဲ့ကွာ။ ဒါက အရေးမကြီးပါဘူး။ ငါ့မိတ်ဆွေဟောင်းတွေဆီ မင်းကိုခေါ်သွားမယ်"
မုန်ကျင်းဇီ တုံ့ဆိုင်းမနေတော့။ မုန်ကျင်းကျိုးကိုဆွဲခေါ်၍ နန်းမြို့တော်သို့ တန်းသါားသည်။
အခုတလော မဟာရှားတော်ဝင်မိသားစုထံမှ အားတက်စရာသတင်းတစ်ခုကြားရသည်။ သီးခြားနေထိုင်သည့် မဟာဘိုးဘေးကျန်းပင်ကန်း အပြင်ထွက်လာပြီး တော်ဝင်မင်းသား မင်းသမီးကို ကျင့်စဉ်ပညာသင်နေသည်ဟုဆိုသည်။
အင်ပါယာရှားက သူ့ကလေးများကို ပြတ်သားစွာ 'ထုတ်ရောင်း'လိုက်သည်။ ဘိုးဘေးကိုယ်တိုင် ကျင့်စဉ်ပညာသင်ပေးနေသည်မှာ သူ့မျိုးဆက်သစ်များ ဂုဏ်ယူဝမ်းသာသင့်သည့် အခွင့်ထူးဖြစ်သည်။
မင်းသားမင်းသမီးများ အံကြိတ်သည်းခံ၍ ချွေးသီးချွေးပေါက်ကျအောင် လေ့ကျင့်ကြရသည်။
ကျန်းပင်ကန်းက ပေါက်ပြားတစ်လက်ထမ်း၍ အချိုးမကျသည့် သူတို့လှုပ်ရှားမှုများကို တင်းတင်းကြပ်ကြပ် ပြုပြင်ပေးသည်။
မုန်ကျင်းဇီက မုန်ကျင်းကျိုးနျင့်အတူ နန်းတော်ထဲသို့ ရဲရဲတင်းတင်းဝင်လာသည်။
"ဪ ငါ့လူလောင်ကျန်း။ မင်းဒီလိုသင်လို့မရဘူးလေကွာ။ ဒီကောင်လေးကျင်းကျိုးကို ကြည့်လိုက်။ ငါတောင် သိပ်မသင်ရဘဲနဲ့ ကူးဖြတ်ခြင်းအဆင့်ကို သူရောက်သွားပြီ"
မုန်ကျင်းဇီက မုန်ကျင်းကျိုးနောက်ကျောကို ပုတ်လိုက်သည်။
"ကဲ၊ သူ့ကို အဘိုးလို့ခေါ်လိုက်ပါဦး"
"အဘိုးကျန်းကို ဂါရဝပြုပါတယ်"
မုန်ကျင်းကျိုး ယဉ်ကျေးစွာနှုတ်ဆက်သည်။ ဂါရဝတရားနားလည်သည့် အဆင့်မြင့်မိသားစု၏ မျိုးဆက်သစ်ပီသသည်။
ကျန်းပင်ကန်း၏ မျက်ခုံးနှစ်ဘက် ဆတ်ခနဲခါသွားသည်။ နှစ်ယောက်လုံးကို ပေါက်ပြားဖြင့်လွှဲရိုက်ချင်စိတ် ပေါက်လာသည်။
"လောင်ကျန်း၊ သူကမင်းကို အဘိုးလို့ခေါ်နေတာလေ။ သူ့ကို မိတ်ဆက်လက်လောင်လေးဘာလေး မင်းမပေးတော့ဘူးလား။ ငါအများကြီးမတောင်းဆိုပါဘူး။ မသေမျိုးရတနာတစ်ခုလောက်ဆို တော်ပါပြီ။
မင်းရဲ့ ထိုက်ရှန်းဓားလောက်ဆို မဆိုးပါဘူး"
"ထွက်သွားစမ်းကွာ"
မုန်ကျင်းဇီ နန်းတော်ထဲမှ စိတ်ကျေနပ်စွာ ထွက်သွားသည်။ မုန်ကျင်းကျိုးကို တစ်ခြားမိတ်ဆွေဟောင်းများဆီ ဆက်ခေါ်သွားသည်။
မြေးအဘိုးနှစ်ယောက် မသေမျိုးငါးဂိုဏ်းထဲတွင် သုံးဂိုဏ်းသို့သွားသည်။ မသေမျိုးငါးဂိုဏ်း၏ မူလတည်ထောင်သူ မသေမျိုးတစ်ဝက်များ ယခုထိ သက်ရှိထင်ရှားရှိနေသေးကြောင်း မုန်ကျင်းကျိုး သိလိုက်ရသည်။
မိတ်ဆွေဟောင်းများ၏ မနာလိုတိုရှည်ဖြစ်နေသည့် မျက်နှာကြောင့် မုန်ကျင်းဇီစိတ်ထဲ လန်းဆန်းတက်ကြွးသွားသလို ခံစားရသည်။ နွေရာသီတွင် ရေခဲမက်မွန်သီးဖျော်ရည်သောက်ရသလို အရသာရှိသည်။
"ကျင်းကျိုး၊ မင်းဖြစ်ချင်တဲ့ ဆန္ဒတစ်ခုခုရှိရင်ပြောပါ။ ငါဖြည့်ဆည်းပေးမယ်"
မုန်ကျင်းကျိုး ပျော်သွားသည်။
"ဘိုးဘေး၊ ကျုပ်သူငယ်ချင်းလုယန်ကို အမယွမ်က ထောက်ပံ့ပေးထားတယ်။ အပြင်ထွက်တဲ့အချိန်ကျရင် သူကကျုပ်ထက်ပိုပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေတယ်။
အမယွမ်ထက်သာအောင် ဘိုးဘေးမကြိုးစားနိုင်ဘူးလား။ အဲလိုဆို ကျုပ်လည်း ယုံကြည်ချက်ရှိလာမှာပဲ"
"မင်းဘာပြောလိုက်တာလဲ"
"အမယွမ်ထက်ပိုစွမ်းအားကြီးအောင် ဘိုးဘေးမကြိုးစားနိုင်ဘူးလားလို့ ပြောတာ"
"အဲဒါထက်အရင်ပြောတဲ့ စကားကိုမေးတာ"
"လုယန်ကို အမယွမ်က လုယန်ကို ထောက်ပံ့ပေးထားတယ်"
"အဲဒီ့ထက်အရင်ပြောတဲ့စကား"
"ဘိုးဘေး"
"ငါမင်းရဲ့ဘိုးဘေးမဟုတ်တော့ဘူး။ အခုချိန်ကစလို့ မင်းက ချီလင်အာ(ချီလင်ရဲ့သား)ပဲ"
**************************
အခန်း (၁၂၁၁) တိုက်ရဲလား
"မလုပ်နဲ့ မလုပ်နဲ့ အဲလိုမလုပ်ပါနဲ့ ဘိုးဘေး။ ကျုပ်ဆန္ဒကို ပြောင်းချင်ပါတယ်"
မုန်ကျင်းကျိုး သူ့အမှားသူချက်ချင်းဝန်ခံသည်။
"ဘာဆန္ဒကိုပြောင်းမှာလဲ"
"လုယန်ကို ကျုပ်နိုင်ချင်တယ်"
မုန်ကျင်းဇီ ခေါင်းခါသ်ည။
"အဆင့်တူပြိုင်ဘက်တစ်ယောက်ကိုနိုင်ဖို့ တစ်ခြားလူရဲ့အစွမ်းကို ဘယ်လိုအားကိုးလို့ရမှာလဲ။ ကိုယ့်ဘာသာအနိုင်ယူနိုင်စွမ်းရှိအောင် ကြိုးစားရမှာပေါ့"
မုန်ကျင်းကျိုးက မအီမလည်မျက်နှာဖြင့်
"အဆင့်တူချင်း သူနဲ့တိုက်ခိုက်ရမှာကို မကြောက်ပါဘူး ဘိုးဘေး။ ဒါပေမယ့် ပြဿနာက သူ့မှာလျှို့ဝှက်ပညာတစ်ခုရှိတယ်။ ကူးဖြတ်ခြင်းထိပ်ဆုံးအထိ ယာယီစွမ်းအားမြှင့်နိုင်တယ်။
ကျုပ်ကို ဒီပညာမသုံးပဲ သူတိုက်ခိုက်ရင် သူ့စွမ်းအားအပြည့်ထုတ်မသုံးတဲ့သဘောဖြစ်သွားမယ်။ ကျုပ်အနိုင်ရလည်း ဂုဏ်မရှိတော့ဘူး။ သူဒီပညာတကယ်သုံးရင်လည်း ကျုပ်သူ့ကိုနိုင်မှာမဟုတ်ဘူး"
"ဪ ဒီလိုလျှို့ဝှက်ပညာမျိုး ရှိသေးတာလား"
သူ့မျိုးဆက်သစ်၏ဒုက္ခကို မုန်ကျင်းဇီနားလည်လာသည်။ လုဘန်သည် ယွမ်ကျိလေ့ကျင့်ပေးထားသည့်လူငယ် တကယ်ပီသသည်။ တကယ်ထူးခြားသည်။
"ကောင်းပြီလေ။ ငှားယူခြင်းအရိယဖလနဲ့ ငါ့စွမ်းအားတစ်ချို့ မင်းကိုလွှဲပေးလို့ရပါတယ်။ မင်းလည်း ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ထိ စွမ်းအားမြှင့်နိုင်လာမယ်"
မုန်ကျင်းကျိုး ဝ်းသာလုံးဆို့သွားသည်။ ငှားယူခြင်းအရိဖလကို ထိုသို့အသုံးချနိုင်မှန်း သူမသိခဲ့။
လုယန်က အမယွမ်နှင့် မသေမျိုးတစ်ဝက်များ နောက်ခံရှိသလို သူလည်း မသေမျိုးဘိုးဘေးတစ်ယောက်၏ ထောက်ပံ့မှုရှိနေပြီဖြစ်၍ အရင်ထက်နည်းနည်းပို၍ ယုံကြည်မှုရှိလာသည်။
မြေအဘိုးနှစ်ယောက် ကောင်းကင်ဂိတ်တောင်ထိပ်သို့ ရောက်လာကြသည်။
"မိတ်ဆွေယွမ်ကျိ၊ ငါတို့လာတာ အနှောက်အယှက်များဖြစ်သွားပြီလားမသိဘူး"
"အကြီးအကဲက ဘာကိစ္စရှိလို့လဲ"
"အသေးအဖွဲကိစ္စလေးပါ။ ငါ့ကောင်လေးကျင်းကျိုးက အဆင့်တက်စဆိုတော့ လေ့ကျင့်ဖို့ အချိန်ကောင်းပဲလေ။ ရှောင်လုကလည်း သိပ်မကြာခင်က အဆင့်တက်ထားတော့ သူတို့နှစ်ယောက်ကို လက်ရည်စမ်းခိုင်းရင် ကောင်းမလားလို့ပါ"
"ကောင်းသားပဲ"
လုယန်ကို တိုက်ပွဲအတွေ့အကြုံများများယူပြီး တိုးတက်အောင်လုပ်ဖို့ ယွမ်ကျိအမြဲတိုက်တွန်းအားပေးသည်။
မုန်ကျင်းကျိုးတို့မြေးအဘိုးကို လှမ်းကြည့်၍ နားမလည်နိုင်အောင်ဖြစ်နေသည့် လုယန်ကို သူလှမ်းခေါ်သည်။
အစောပိုင်းက မုန်ကျင်းဇီ၏ စိတ်အားထက်သန်မှုကို သူမြင်ခဲ့သည်။ လောင်မုန်အကြောင်း နေရာစုံလှည့်လည်၍ ကြွားလုံးထုတ်ခဲ့ဟန်ရှိသည်။
ထိုခရီးစဉ်က ယခုဘာကြောင့် သူတို့ဂိုဏ်းသို့ ရောက်လာသည်မသိ။
ယွမ်ကျိရှင်းပြလိုက်ပြီးနောက် လုယန် နားလည်သွားသည်။ လောင်မုန်က နောက်တစ်ကြိမ် ကိုယ့်ကိုယ်ကို အထင်ကြီးလာခြင်းဖြစ်သည်။
"ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့။ ကျုပ်က ကြောက်နေရမှာလား"
ကြွားလုံးထုတ်ခြင်းမဟုတ်။ ကူးဖြတ်ခြင်းအဆင့်တွင် ဘယ်သူ့ကိုမှ သူမကြောက်။
ထိုလူစု နောက်တစ်ကြိမ် တာအိုလမ်းစဉ်ဂိုဏ်း အတွင်းပိုင်းသို့ သွားကြပြန်သည်။ ဂိုဏ်းနယ်မြေက ကျယ်ပြန့်ပြီး လူနေကျဲသည်။ ဂိုဏ်းအတွင်းပိုင်းသို့သွားလျှင် လူမနေသည့် နေရာလွတ်တစ်ခု စိတ်ကြိုက်ရွေးနိုင်သည်။ လျှို့ဝှက်မြေတစ်ခုပင် တွေ့နိုင်ခြေနည်းနည်းရှိသည်။
ဂိုဏ်း၏သမိုင်းကြောင်းက နှစ်တစ်သိန်းနှစ်သောင်းရှိခဲ့သည်ဖြစ်၍ လျှို့ဝှက်မြေများလည်း မရှားပါးလှ။ ထိုနေရာများကို တပည့်များအတွက် လေ့ကျင့်ကွင်းအဖြစ် အသုံးချနိုင်သည်။ တစ်ချို့နေရာများကို ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲအတွက်ပင် သုံးနိုင်သည်.
တစ်ခြားလူများအတွက် ကူးဖြတ်ခြင်းအဆင့်တက်ဖို့ လွယ်ကူမည်မဟုတ်သော်လည်း လုယန်နှင့်မုန်ကျင်းကျိုးအတွက် ထမင်းစားရေသောက်ကိစ္စသာဖြစ်သည်။ သူတို့နှစ်ယောက်က သီးခြားလေ့ကျင့်ဖို့ မလိုသဖြင့် ယွမ်ကျိက ထိုလျှို့ဝှက်မြေများသို့ ဝင်ခွင့်မပေးခဲ့။
နေရာလွတ်တစ်ခုကို တိုက်ပွဲကွင်းအဖြစ် ရွေးချယ်ကြသည်။
လုယဣ်က အပေါ်ဝတ်ရုံကိုချွတ်ပြီး အရိုးအဆက်များလှုပ်ရှား၍ သွေးပူလေ့ကျင့်ခန်းစသည်။ တစ်ခြားကူးဖြတ်ခြင်းအဆင့်များကို တိုက်ခိုက်လျှင်သာ သူထိန်းချုပ်ဖို့လိုကောင်းလိုမည်။ လောင်မုန်ကို ဘာမှအားနာနေစရာမလို။
မုန်ကျင်းကျိုးက လုယန်ထက်ပင် ပို၍ယုံကြည်ချက်ရှိနေပုံရသည်။
"လောင်လု၊ မင်းစွမ်းအား အကုန်ထုတ်ပါ။ မင်းတတ်ထားသမျှပညာတွေ အကုန်ထုတ်သုံးလို့ရတယ်"
"ဪ အဲလိုလား။ ဒါဆို အရိပ်တုလက်သီးသုံးရင်လည်းရတယ်ပေါ့"
"ရတယ်"
လုယန် အံ့အားသင့်သွားသည်။ လောင်မုန်က သူနှင့်ရင်ဆိုင်နိုင်မည့် နည်းလမ်းတစ်ခု တွေ့ထားဟန်ရှိသည်။
"မင်းစကားနဲ့မင်းနော်။ နောက်မှနောင်တမရနဲ့"
"မရပါဘူးကွာ။ လာစမ်းပါ"
လောင်မုန်က စိတ်အေးလက်အေးအသွင်ရှိနေသဖြင့် လုယန် လုံးဝမညှာတော့။ တိုက်ပွဲစသည်နှင့် အရိပ်တုလက်သီးသုံး၍ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ထိ ကျင့်စဉ်စွမ်းအားမြှင့်သည်။
သို့သော် သူအံ့ဩသွားသည်။ လောင်မုန်ကလည်း ယန်ဓမ္မခန္ဓာပုံရိပ်ကိုသုံးသည်။ ဓမ္မခန္ဓာက ခံ့ညားထည်ဝါသည်။ ခြေတစ်ချက်ဆောင့်ရုံဖြင့် တောင်ကုန်းတစ်ခု ပြိုကျသွားနိုင်သည်။ ချင်ဖုန်းဓားက ဓမ္မခန္ဓာပေါ်တွင် အရာတစ်ခုထင်ကျန်ခဲ့ရုံသာ စွမ်းနိုင်သည်။
ယခုမှအဆင့်တက်လာသည့် မုန်ကျင်းကျိုးသည် ထိုအစွမ်းမျိုးမရှိနိုင်။
"မင်းလည်း ကျင့်စဉ်စွမ်းအားမြှင့်တဲ့နည်းလမ်းတစ်ခု တွေ့ထားပုံပဲ"
တိုက်ပွဲကြည့်နေသည့် မုန်ကျင်းဇီကို သူသတိထားမိသည်။ မုန်ကျင်းဇီ၏ ငှားယူခြင်းအရိယဖလကြောင်း တွေးမိပြီးနောက် သူသဘောပေါက်သွားသည်။
မုန်ကျင်းကျိုးက သွားဖြဲရယ်လျက်
"လောင်လု၊ မင်းထမင်းမစားရသေးဘူးလား။ ငါ့ဓမ္မခန္ဓာကိုတောင် မဖျက်ဆီးနိုင်ဘူးပေါ့"
ခုနက လုယန် စွမ်းအားလျှော့ထားခြင်းဖြစ်သည်။ အားသုံးများသွားလျှင် လောင်မုန် စိတ်ဒဏ်ရာကျန်နေမည်ကို စိုးရိမ်ခဲ့သည်။ ယခု သူမစိုးရိမ်တော့။
"မိုးမြေနိယာမစွမ်းအား"
"ကောင်းကင်မျိုမြေစားပညာ"
"စကြာဝဠာအင်္ကျီလက်"
အဆင့်မြင့်မှော်ပညာသုံးခု ဆက်တိုက်သုံး၍ လူ့ဘီးခန္ဓာအဖြစ် လုယန် အသွင်ပြောင်းလိုက်သည်။
လူ့ဘီလူးးလုန် ချင်ဖုန်းဓားဖြင့် ဓမ္မခန္ဓာကိုခုတ်သည်။ ခေါင်းသုံးလုံးလက်ခြောက်ခုဓမ္မခန္ဓာက လက်ဝါးခြောက်ခုဖြင့် ချင်ဖုန်းဓားကို ခုခံသည်။
လုယန်က ဓမ္မခန္ဓာ၏ဝမ်းဗိုက်ကို ပိတ်ကန်လိုက်သည်။
နှစ်ယောက်လုံး အပြင်းအထန် တိုက်ခိုက်ကြသည်။ တိုက်ပွဲက ပြင်းထန်လွန်းသည်။ ရှေးဟောင်းခေတ်၌သာဆိုလျှင် သူတို့အားလှိုင်းကြောင့် ကြယ်ကမ္ဘာများစွာ ပျက်စီးသွားလောက်သည်။
မုန်ကျင်းကျိုး၏ ထူးခြားသည့်စွမ်းဆောင်ရည်ကိုကြည့်၍ မုန်ကျင်းဇီ ပြုံးရွှင်နေသည်။
"တာအိုရှင်ယွမ်ကျိ။ ကျုပ်က မုန်ကျင်းဇီကို စွမ်းအားနည်းနည်း လွှဲပေးထားတယ်။ အဲဒါကို လှည့်စားတယ်လို့ မသတ်မှတ်ဘူးမဟုတ်လား"
မုန်ကျင်းဇီ ကျိတ်ပျော်နေသည်။ ယွမ်ကျိကို သူမနိုင်သော်လည်း ယွမ်ကျိလေ့ကျင့်ပေးထားသည့်လုယန်ကို မုန်ကျင်းကျိုးနိုင်လျှင် အနိုင်ရသည်ဟု သတ်မှတ်နိုင်သည်။
"မသတ်မှတ်ပါဘူး"
ယွမ်ကျိမျက်နှာက အပြောင်းအလဲမရှိ။
"လောင်လု၊ မင်းအစွမ်း ဒါအကုန်ပဲပေါ့။ ဘာမှအထင်ကြီးစရာမရှိပါလား။ မင်းအစွမ်း အကုန်ထုတ်ပါလို့ ငါပြောထားတယ်နော်"
မုန်ကျင်းကျိုး အော်ရယ်နေသည်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်တွင် တည်ငြိမ်နေသည့်စွမ်းအားက တကယ်ခံစား၍ကောင်းသည်။
လုယန် မပွင့်တပွင့်ပြုံးလီုက်သည်။ သူ့အပြုံးကိုကြည့်၍ မုန်ကျင်းကျိုး ရင်ထိတ်သွားသည်။
ထိုသကောင့်သား မသေမျိုးဓားပညာကို ထုတ်သုံးတော့်မည်လော..။ ကိစ္စမရှိ သူလည်း အဓိပဓိလက်သီးဖြင့် တိုက်ခိုက်နိုင်သည်။
လူ့ဘီလူးလုယန်ကိုယ်မှ အဖြူရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ထွက်ပေါ်လာသည့် စွမ်းအားကြောင့် မုန်ကျင်းကျိုး မျက်နှာအကြီးအကျယ်ပျက်သွာားပြီး အော်ဆဲသည်။
"လောင်လု၊ ခွေးသူတောင်း.."
"ဘုန်း"
လုယန် ခန္ဓာကိုယ်ဖောက်ခွဲလိုက်သည်။ ဓမ္မခန္ဓာ တစ်စစီပေါက်ကွဲသွားပြီး မုန်ကျင်းကျိုး အတော်ဝေးဝေးထိ လွင့်ပျံသွားသည်။
လုယန်ခန္ဓာကိုယ် ပြန်စုစည်းလာသည်။ ပေါက်ကွဲသည့်အားလှိုင်းအရှိန်ဖြင့် မုန်ကျင်းကျိုးနောက်သို့ ဆက်လိုက်သွားသည်။ နောက်တစ်ကြိမ် ခန္ဓာကိုယ်ဖောက်ခွဲသည်။
အသံလှိုင်းက ကောင်းကင်မိုးချုန်းသံထက်ပင် ပိုကျယ်လောင်သည်။
ထိုမြင်ကွင်းကြောင့် မုန်ကျင်းကျိုး ချောင်းတဟွတ်ဟွတ်ဆိုးလာသည်။ ဘယ်လိုတိုက်ကွက်မျိုးလဲမသိ။
မုန်ကျင်းကျိုး မြေပေါ်တွင် လဲကျနေသည်။ မျက်လုံးများက အသက်ဝိညာဉ်ကင်းမဲ့နေသည်။
လုယန် မြေပေါ်သို့ဆင်းလာပြီး မြေအက်ကြောင်းအစွန်းတွင် ဆောင်ကြောင့်ထိုင်၍ အက်ကြောင်းထဲလဲကျနေသည့် သူငယ်ချင်းကောင်းကို စိုးရိမ်တကြီးမေးသည်။
"မင်းအဆင်ပြေရဲ့လား လောင်လု။ ဒါတောင်ငါ စွမ်းအားလျှော့ထားတာနော်။
"ခွေးသူတောင်းစား။ တို့ဟူးအရှင်ခန္ဓာက အရိယဖလသန္ဓေစွမ်းအား ငှားသုံးနိုင်တယ်ဆိုတာ မင်းအစကတည်းက ကြိုပြောထားသင့်တာပေါ့ကွ။ မြောက်ပိုင်းနယ်မြေမှာ ယန်ခုန်တုန်နဲ့တိုက်တုန်းက ဒီနည်းလမ်းကို မင်းဘာလို့မသုံးတာလဲ"
လုယန်က ခေါင်းကုတ်၍
"အရိယဖလသန္ဓေစွမ်းအားနဲ့ အနိုင်ယူရင် လွယ်ကူလွန်းတယ်လေ။ ငါက ငါ့စွမ်းရည်ကို နည်းနည်းလေ့ကျင့်ချင်လို့ ဒီနည်းလမ်းမသုံးခဲ့တာပါ"
"ဒါဆိုဘာလို့ ငါနဲ့လေ့ကျင့်တဲ့အချိန်ကျမှ မင်းသုံးတာလဲ"
မုန်ကျင်းကျိုး ဒေါသတကြီး အော်သည်။
"ဟောင်မနေပါနဲ့လေ။ မင်းပဲ ငါ့အစွမ်းအစ အကုန်ထုတ်သုံးဖို့ ပြောခဲ့တာမဟုတ်လား"
မုန်ကျင်းဇီ အနားသို့ပြေးလာပြီး လုယန်ကို မယုံနိုင်သည့် မျက်လုံးများဖြင့် ကြည့်သည်။
"မသေမျိုးတစ်ဝက်လား"
ခန္ဓာဖောက်ခွဲစွမ်းအားနှစ်ခုသည် မှော်ပညာ ကျင့်စဉ်ပညာအဆင့်ထက် ကျော်လွန်နေသည်။ အရိယဖလသန္ဓေစွမ်းအားသာဖြစ်သည်။
"ဟဲဟဲ၊ ဘယ်လိုလဲ။ ရှောင်ယန်က တော်တယ်မဟုတ်လား"
လုယန် ထာဝရအရိယဖလသန္ဓေစွမ်းအားသုံးခဲ့သဖြင့် နတ်မယ် အတော်ပျော်နေသည်။
"မသေမျိုး..."
မုန်ကျင်းဇီ နားလည်သည်။ နတ်မယ်၏ကျင့်စဉ်စွမ်းအားကို သူထိုးဖောက်မမြင်နိုင်။ ထိုမိန်းမသည် မသေမျိုးတစ်ယောက်သာဖြစ်မည်။
"မိတ်ဆွေက ရှောင်လုရဲ့ ကာကွယ်သူထင်တယ်။ လုယန်ကို အနိုင်ရအောင် ကျင်းကျိုးကို ကူညီမယ်လို့ ကျုပ်ကတိပေးထားတယ်။ အခု အခြေအနေက ဒီလိုဖြစ်လာတယ်ဆိုတော့ ကျင်းကျိုးက ဆက်မတိုက်ခိုက်နိုင်တော့ဘူး။
သူ့အစား ကျုပ်ပဲတိုက်ခိုက်မယ်။ မိတ်ဆွေ ကျုပ်နဲ့တိုက်ခိုက်ရဲလား"
နတ်မယ် ချက်ချင်းချောင်းတဟွတ်ဟွတ်ဆိုးလာပြီး အားနည်းချင်ယောင်ဆောင်သည်။
"အဲဒါတော့မဖြစ်ဘူး။ ငါက ပဲပြာအရှင်ကို အနိုင်ယူရတဲ့ တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ ငါမတိုက်ခိုက်နိုင်သေးဘူး"
"ပဲပြာအရှင်ဆိုတာ ဘယ်သူလဲ"
မသေမျိုးများထဲတွင် ထိုနာမည်မျိုးမကြားဖူး။
ထိုစဉ် ယွမ်ကျိရောက်လာပြီး နတ်မယ်ကိုယ်စား ရှင်းပြသည်။
"အဲဒါ ဗုဒ္ဓနိုင်ငံမှာ ရှင့်ကို သေလုမျောပါးဖြစ်အောင်ရိုက်ခဲ့တဲ့လူပါ"
ယွမ်ကျိကိုမြင်သည်နှင့် နတ်မယ် ချက်ချင်းအတွေးတစ်ခုရလာသည်။
"ဪ ဟုတ်တယ်. လောလောဆယ င့ါမှာ ရုပ်ခန္ဓာမရှိသေးဘူး။ ဒါပေမယ့် ယွမ်ကျိခန္ဓာကိုယ်ကိုငှားသုံးပြီး နင်နဲ့တိုက်ခိုက်ရင်တော့ ရပါတယ်"
ထိုစကားကြောင့် မုန်ကျင်းဇီမျက်လုံးများ မှေးစင်းသွားသည်။ အေးစက်တင်းမာလာသည်။ တည်ကြည်လေးနက်သည့်လေသံဖြင့်မေးသည်။
"မိတ်ဆွေ၊ ခုနက ကျုပ်ပြောခဲ့တဲ့ စိန်ခေါ်စကားမျိုး ခင်ဗျားပြောရဲလား"
နတ်မယ်က လုံးဝတမကြောက်။ မုန်ကျင်းဇီ စိန်ခေါ်ခဲ့သည့်စကားကို ပြန်စဉ်းစားသည်။
"နင်ငါနဲ့တိုက်ရဲလား"
"ကျုပ်မတိုက်ရဲပါဘူး"
***********************************
အခန်း (၁၂၁၂) မသေမျိုးက မင်းလားငါလား
ရယ်စရာကောင်းလွန်းသည်။ သူသည် အရူးမဟုတ်။ ပြိုင်ဘက်က အရမ်းစွမ်းအားကြီးမှန်း သိသာနေသည်။ သူဘာကြောင့် အရှုံးခံပြီး တိုက်ခိုက်နေမည်နည်း။
"မသေမျိုးဆိုတာလည်း လူပါပဲ။ လူဆိုတာ ကိုယ်မယှဉ်နိုင်ရင် မယှဉ်နိုင်မှန်း သိသင်ပါတယ်။... ကောင်လေးကျင်းကျိုး၊ ဘိုးဘေး ဘာမှမတတ်နိုင်ဘူး။ ငါတောင်းပန်ပါတယ်ကွာ။ အခုချိန်ကစပြီး မင်းက ချီလင်အာပါပဲ"
လုယန် မပွင့်တပွင့်ပြုံး၍ မုန်ကျင်းကျိုးကို မြေအက်ကြောင်းထဲမှ ဆွဲထုတ်သည်။ မုန်ကျင်းကျိုးက မကျေမနပ်ကြည့်နေသဖြင့် လုယန် နည်းနည်းအားနာသွားည်။
"ကဲပါကွာ။ မင်းမနိုင်ရင်လည်း မနိုင်ဘူးလို့ ဝန်ခံလိုက်ရုံပေါ။ မင်းနဲ့မတွေ့ခင်က ငါဘာလုပ်နေတယ်ထင်လဲ"
"ဘာတွေများလုပ်နေလို့လဲ"
မုန်ကျင်းကျိုး ဘောက်ဆတ်ဆတ်မေးသည်။
ခုနက မုန်ကျင်းဇီလည်း မုန်ကျင်းကျိုးကို ငှားယူခြင်းအရိယဖလသန္ဓေပေးနိုင်စွမ်းရှိသည်။ သို့သော် ပြဿနာက ထိုအရိယဖလသန္ဓေဘယ်လိုသုံးရမည်ကို မုန်ကျင်းကျိုးမသိ။
"ငါက ကျင့်ကြံသူလစဉ်မှာ အချပ်ပိုတစ်ခုထပ်ထည့်ချင်တာ။ မင်းကူးဖြတ်ခြင်းအဆင့်ကို တက်သွားတဲ့ဆောင်းပါးပေါ့"
ထိုစကားကြောင့် မုန်ကျင်းကျိုးပျော်ရွှင်သွားပြီး လုယန်လက်ကောက်ဝတ်ကို ပြုတ်တူလို ခပ်တင်းတင်းဆွဲညှစ်လိုက်သည်။ ခုနက ခန္ဓာကိုယ်ဖောက်ခွဲဒဏ်ကြောင့် နာကျင်နေသည်ကိုပင် သတိမရတော့။
"ညီအကိုကောင်းစိတ်ဓာတ်ပဲ"
လုယန် ဝေဒနာကြောင့် ရှုံ့မဲ့သွားသည်။ အရိပ်တုလက်သီးပညာ ရပ်လိုက်ပြီဖြစ်၍ မုန်ကျင်းကျိုး၏ လက်ညှစ်အားကြောင့် အတော်နာကျင်နေသည်။
"အချိန်ကိုက်ပဲ။ လူတွေက ငါတို့သတင်းစာကို အတော်ကြိုက်ကြတာ သတိထားမိတယ်။ ကျင့်ကြံသူလစဉ်ကနေ ကျင့်ကြံသူအပတ်စဉ်အဖြစ် ပြောင်းရင်ကောင်းမလား စဉ်းစားနေတာ"
ကျင့်ကြံသူလစဉ်သတင်းစာသည် ကျင့်ကြံသူလောက၏ နာမည်ကျော်ဖြစ်ရပ်များကိုသာ ဖော်ပြသည်။ သို့သော် တတိယအဆင့်ဂိုဏ်းတစ်ခုတည်ထောင်ခြင်း၊ ဂိုဏ်းနှစ်ဂိုဏ်းကြား မဟာမိတ်ပျက်ခြင်း၊ ပြည်နယ်မျိုးစုံမှကျင်ပသည့် ကျင့်ကြံသူပြိုင်ပွဲရလာဒ်များလို အသေးအဖွဲသတင်းများကိုလည်း လူအများက စိတ်ဝင်စားကြကြောင်း သူသတိထားမိသည်။
ထိုသတင်းမျိုးက နေ့တိုင်းလိုလို ဖြစ်ပျက်နေသည်။ အပတ်စဉ်သတင်းစာထုတ်ဖို့ ကုန်ကြမ်းလုံလောက်သည်။
ထိုပြင် ဂိုဏ်းငယ်များက လုယန်ဆီ မကြာခဏဆက်သွယ်ကြသည်။ သူတို့ဂိုဏ်းတပည့်သစ် စုစည်းသည့်ကိစ္စများ သတင်းစာထဲတွင် ကြော်ငြာထည့်ချင်သည်။ သို့သော် သတင်းစာနေရာလွတ်ပြဿနာကြောင့် ထိုတောင်းဆိုချက်များကို မဖြည့်ဆည်းနိုင်ခဲ့။
ကွန်းရှန်ဟိုင်နှင့် ထိန်းချုပ်သူသခင်က တစ်ယောက်နှင့်တစ်ယောက် လျှို့ဝှက်ပြိုင်ဆိုင်နေသည်။ တိုက်ခိုက်ရေးစိတ်ဓာတ် အပြည့်ရှိသည်။ သို့သော် သတင်းစာထုတ်ဝေသည့် ကိစ္စတွင် တာဝန်လစ်ဟင်းမှုမရှိ။
"ဒီစိတ်ကူးက အတော်ကောင်းတာပဲ။ ငါသေမျိုးလောကအတွေ့အကြုံသွားယူတုန်းကလည်း ဒီကိစ္စကို သတိထားမိတယ်။ လစဉ်သတင်းစာက လူတွေအတွက် မလုံလောက်ဘူး"
အဆင့်တက်မီရက်ပိုင်းက မုန်ကျင်းကျိုး လောကအတွေ့အကြုံသွားယူခဲ့သည်။ ထို့ကြောင်လည်း လေဟာနယ်သန့်စင်အဆင့် ပြည့်စုံခဲ့ခြင်းဖြစ်သည်။
ထိုစဉ် မုန်ကျင်းဇီက အလေးအနက်လေသံဖြင့် စကားဖြတ်ပြောသည်။
"ကျ်းကျိုး၊ အခုမင်းက ကူးဖြတ်ခြင်းအဆင့်ကို ရောက်ပြီဆိုတော့ အရိယဖလသန္ဓေတည်ဆောက်တာနဲ့ပတ်သက်ပြီး မင်းသိထားသင့်တာတွေ ငါပြောပြဖို့ အချိန်ကျပြီ။
မင်းပါရမီနဲ့ဆို အရိယဖလသန္ဓေတည်ဆောက်ပြီး မသေမျိုးတစ်ဝက်အဆင့်ရောက်ဖို့ မခက်လောက်ဘူး။ မသေမျိုးအဆင့်တောင် ရောက်နိုင်ခြေရှိတယ်"
မုန်ကျင်းကျိုးက လက်မြောက်၍ လေးလေးစားစားပြောသည်။
"ဘိုးဘေး၊ အရိယဖလတည်ဆောက်တာနဲ့ပတ်သက်ပြီး ထာဝရနတ်မယ် ရှင်းပြတာကို ကျုပ်နားထောင်လို့ရမလား"
"ထာဝရနတ်မယ်.."
မုန်ကျင်းဇီ မျက်ခုံးနှစ်ဘက်မြင့်တက်သွားသည်။ လုယန်ကိုယ်ထဲမှ မသေမျိုး၏နာမည်က ထာဝရနတ်မယ်ဖြစ်လိမ့်မည်။
"ငါသူ့အကြောင်းမသိပေမယ့် နှစ်သုံးသိန်းကြာအောင် သူပေါ်မလာခဲ့ဘူးဆိုတော့ ရှေးဟောင်းခေတ်က မသေမျိုးပဲဖြစ်မှာပါ။ ဒါပေမယ့် သက်တမ်းရင့်တိုင်း စမ်းအားပိုကြီးတယ်လို့ မယူဆနဲ့။
သူဘယ်လိုလူမှန်းမသိပေမယ့် အရိယဖလအကြောင်း ငါ့လောက်သိချင်မှသိလိမ့်မယ်"
မုန်ကျင်းဇီ သိသည်။ တိုက်ခိုက်စွမ်းအားတွင် သူအမြင့်ဆုံးမဟုတ်။ ယွမ်ကျိနှင့် ပဲပြာအရှင်က သူ့ထက်ပိုစွမ်းအားကြီးသည်။
သို့သော် အရိယဖလနားလည်နိုင်စွမ်းတွင် သူ့ကိုဘယ်သူမှမမီဟု သူပြောရဲသည်။
သူထိုသို့ပြောနေသော်လည်း နတ်မယ်လမ်းညွှန်ချက်ကို နားထောင်သည်ကသာ ပိုကောင်းသည်ဟု မုန်ကျင်းကျိုး ယူဆသည်။ သူ့ဘိုးဘေးကို တီးတိုးပြောသည်။
"ဒါပေမယ့် နတ်မယ်က အရိယဖလအယူအဆကို တီထွင်ခဲ့တဲ့လူပါ"
မုန်ကျင်းဇီ "..."
ပြိုင်ဘက်၏နောက်ကြောင်းရာဇဝင်က အတော်ကြောက်စရာကောင်းသည်။
သို့သော် ဘယ်လိုဖြစ်ဖြစ် ခေတ်သစ်မသေမျိုးသည် ရှေးဟောင်းမသေမျိုးလောက် အရည်အချင်းမရှိဟု တရားသေသတ်မှတ်၍မရ။
"ငါက အရိယဖလနဲ့ပတ်သက်ရင် ထူးခြားတဲ့ အတွေးအမြင်မျိုးရှိတယ်။ တစ်ခြားလူတွေရဲ့ အရိယဖလက မေ့ပျောက်ဗီဇစွမ်းရည် (ကံကြမ္မာဖျက်စွမ်းရည်)မျိုးရှိတယ်။ ဒါပေမယ့် ငါ့အရိယဖလလမ်းစဉ်က သူတို့နဲ့မတူဘူး။
အဲလို မေ့ပျောက်ဗီဇစွမ်းရည်မျိုး မပါဘူး။ ငါသိသလောက်တော့ ဒီလိုအရိယဖလမျိုး တစ်ခြားဘယ်သူမှ မတည်ဆောက်ဖူးသေးဘူး"
"သူ့အရိယဖလမှာ မေ့ပျောက်စွမ်းရည် မရှိပါဘူး"
မုန်ကျင်းကျိုးက အသံတိုးတိုးဖြင့် ဆက်ပြောသည်။
မုန်ကျင်းကျိုး ဘာမှဆက်မပြောဘဲ နတ်မယ်ကို လှည့်ကြည့်သည်။
"မိတ်ဆွေ၊ ဒီမျိုးဆက်သစ်လူငယ်ကို အရိယဖလတည်ဆောက်နည်း ရှင်းပြပေးလို့ရမလား"
မုန်ကျင်းဇီ ခဏစကားရပ်သည်။ ထို့နောက် ထပ်ပြောသည်။
"ပြီးတော့ ဖြစ်နိုင်ရင် ကျုပ်လည်းနားထောင်ချင်ပါတယ်"
ရှေးဟောင်းခေတ်မသေမျိုးထက် သာလွန်အောင်ကြိုးစားရမည့် ပင်ပန်းသည့်တာဝန်မျိုးကို ယွမ်ကျိလက်ထဲသာ လွှဲပေးသင့်သည်။ သူအရေးမစိုက်သင့်။
"နတ်မယ်၊ လောင်မုန်ကို ရှင်းပြပေးလို့ရမလား"
လုယန်ကလည်း မေးသည်။
"ရပါတယ်"
အရိယဖလတည်ဆောက်သည့်နည်းလမ်းကို နတ်မယ် ဘယ်တုန်းကမှ လျှို့ဝှက်မထားခဲ့ဖူး။ သူသာလျှို့ဝှက်ထားခဲ့လျှင် ရှေးဟောင်းခေတ်၌ မသေမျိုးတစ်ဝက်အဆင့်များစွာ ပေါ်ထွက်ခဲ့စရာ အကြောင်းမရှိ။
ယွမ်ကျိက အလိုက်တသိဖြင့် အင်ပါယာထိုင်ခုံများ ထုတ်ပေးသည်။
နတ်မယ်က ပြောသည့်အကြောင်းအရာများကို လုယန်တစ်ခါကြားဖူးပြီးဖြစ်သည်။ လောင်မုန်ကိုအဖောပြု၍ နားထောင်ပေးရုံသာရှိသည်။
မုန်ကျင်းကျိုးက အရိယလသဘောတရားများကို သိပ်အံ့ဩခြင်းမရှိ။ လောင်မုန်က အရိယဖလဗဟုသုတများ မကြာခဏသူ့ကိုပြောဖူးသည်။ ဟန်ဆောင်နားထောင်နေရုံသာဖြစ်သည်။
သို့သော် မုန်ကျင်းဇီက သူတို့နှင့်မတူ။ အရိယဖလကို ဤနည်းလမ်းဖြင့် ဖော်ထုတ်ထားကြောင်း သူမသိခဲ့။ ကံကြမ္မာဆက်အရိယဖလနှင့် ကံကြမ္မာဖျက်အရိယဖလ နှစ်မျိုးခွဲထားကြောင်း၊ ထိုအဆင့်ပြီးလျှင် လွှမ်းခြုံခြင်းအဆင့်နှင့် လွန်မြောက်ခြင်းအဆင့်ဖြစ်ကြောင်း ယခုမှသိသည်။
သူအံ့ဩမိသည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ လာလည်သည့်ခရီးသည် အချည်းအနှီးမဖြစ်တော့။ ကျင်းကျိုးက နှစ်ဆအကျိုးရနိုင်သည်။ ဤကိစ္စသည် သူ့အနာဂတ်လမ်းကြောင်းအတွက် မဟာအခွင့်အရေးဖြစ်သည်။
မုန်ကျင်းဇီ မျက်လုံးထောင့်ကပ်၍ မုန်ကျင်းကျိုးကို တစ်ချက်ကြည့်သည်။ မုန်ကျင်းကျိုးအာရုံမစိုက်သည်ကို မြင်ရသဖြင့် နည်းနည်းဒေါသဖြစ်လာပြီး သိစိတ်အာရုံမှလှမ်းပြောသည်။
"မင်းဘာလို့အာရုံစိုက်ပြီး နားမထောင်တာလဲ။ ဒီအသိပညာတွေက မင်းအတွက် အများကြီးအကျိုးရှိတယ်"
"...ဘိုးဘေးက ဒါတွေမသိသေးဘူးလား"
မုန်ကျင်းဇီ "..."
မသေမျိုးက မင်းလားငါလားကွာ...
ပိုချချက်က အချိန်ခဏသာကြာသော်လည်း မုန်ကျင်းဇီ အလေးအနက်ထားသည်။ အရိယဖလအယူအဆ တီထွင်သူ၏ ရှုမြင်သုံးသပ်ပုံက တကယ်ထူးခြားသည်။
နှစ်တစ်သိန်းကြာအောင် သူကြိုးစားလေ့လာခဲ့သော်လည်း ယနေ့နားထောင်ရသလောက် ရှင်းရှင်းလင်းလင်းနားမလည်ခဲ့။
"မသေမျိုးတာအိုရှင်၊ လွန်မြောက်ခြင်းလမ်းစဉ်ကို ဘယ်လိုလျှောက်ရမလဲ"
မေးလိုက်ပြီးမှ မုန်ကျင်းဇီ နောင်တရသွားသည်။ ထိုမေးခွန်းသည် အရိယဖလ၏ အမြင့်ဆုံးအနှစ်သာရဖြစ်သည်။ သူက နတ်မယ်နှင့် ယခုမှတွေသူဖြစ်သည်။ ထိုမေးခွန်းမျိုးမမေးသင့်။
"အင်း ဒါက...အခြေခံကနေပြန်စရင် ရလောက်မလား"
အဖြေမရသော်လည်း မုန်ကျင်းဇီ စိတ်မပျက်။ ယနေ့ရခဲ့သည့် အသိအမြင်က နည်းနည်းနောနောမဟုတ်။ နောက်ထပ် သူမတောင်းဆိုရဲတော့။
"မသေမျိုးနတ်မယ်၊ တာအိုရှင်ယွမ်ကျိ၊ ကျုပ်ပြန်လိုက်ပါဦးမယ်"
မုန်ကျင်းဇီ လက်နှစ်ဘက်ဆုတ် အရိုအသေပြုလိုက်သည်။ တာအိုလမ်းစဉ်ဂိုဏ်းမှထွက်ပြီးနောက် အရှိန်ကုန်မြှင့်၍ နန်းမြို့တော်သို့ ပျံသန်းသွာားသည်။ သူကျင့်စဉ်ဝင်ရမည်။ အရိယဖလနားလည်မှုစွမ်းရည် တိုးတက်အောင်လုပ်ရမည်။
နောက်ရက်များတွင် မုန်ကျင်းကျိုး ငြိမ်းချမ်းစွာ တံခါးပိတ်ကျင့်စဉ်ဝင်သည်။ လုယန်က သူ့အကြောင်း သတင်းဆောင်းပါးရေးသည်။ ပုံနှိပ်ထုတ်ဝေသည်။ ကျင့်ကြံသူအပတ်စဉ်သတင်းစာအဖြစ် ပြောင်းလဲသည်။
အပတ်စဉ်သတင်းစာအတွက် ဝန်ထမ်းခေါ်ယူမှု သီးခြားအစီအစဉ်ဖန်တီးသည်။ မစ်ရှင်ခန်းမတွင် သတင်းစာဖြန့်သည့်ကိစ္စကို အခြေတည်အဆင့်ဂိုဏ်းတပည့်များ ထမ်းဆောင်နိုင်သည့် ဂိုဏ်းတာဝန်အဖြစ် သတ်မှတ်သည်။
"ကျင့်စဉ်အဆင့်မြင့်တာကောင်းတယ်။ အရင်ကဆို ဂိုဏ်းတာဝန်ထမ်းဆောင်ဖို့ပဲ လုံးပန်းခဲ့ရတာ။ တာဝန်တွေတစ်ခါမှ မချမှတ်ခဲ့ဖူးဘူး"
ပြောလိုက်ပြီးမှ သူ့စကားသူ နည်းနည်မူမမှန်သလို ခံစားရသည်။
အခြေတည်အဆင့်တွင် ဂိုဏ်းတာဝန်ဆို၍ နှစ်ကြိမ်သာ ထမ်းဆောင်ဖူးသည်။ ပထမတစ်ကြိမ်က ကြက်တူရွေးဖမ်းရသည်။ ဒုတိယတစ်ကြိမ်က ကျားနတ်ဆိုးနှင့် တိုက်ခိုက်ရသည်။
နောက်ဆယ်ရက်အကြာတွင် သူ့ဆီ စာတစ်စောင်ရောက်လာသည်။
"အရိုးရိုင်းပို့လိုက်တဲ့စာလား"
လုယန် စာအိတ်ကိုဖွင့်လိုက်သည်။ အရိုးရိုင်းက နံပတ်တစ်စာပေပညာရှင်ဖြစ်ပြီးနောက် ကောင်တီတရားသူကြီးရထူးရလာသည်။
ကောင်တီမြို့နှင့်ပတ်သက်သည့် အသေးအဖွဲကိစ္စများ ဆွေးနွေးတိုင်ပင်လို၍ဖြစ်မည်ဟု လုယန်တွေးလိုက်သည်။
"မြို့ထဲမှာ သရဲတွေတွေ့တယ်တဲ့လား"
************************************