← Chapters

အခန်း (၁၂၂၈-၁၂၃၀)

Vol. 82 Ch. 1228-1230

အခန်း (၁၂၂၈-၁၂၃၀)

Vol. 82 Ch. 1228-1230

အခန်း (၁၂၂၈) တတိယလမ်းစဉ်

မဟာရှားနန်းတော်။

"အရိုင်းနယ်မြေအုပ်ချုပ်ရေးအဖွဲ့က အရိုးရိုင်းကို ချွင်းချက်ထားပြီး ပြည်နယ်တရားသူကြီးအဖြစ် ရာထူးတိုးပေးဖို့ ဆုံးဖြတ်လိုက်တယ်တဲ့လား"

အင်ပါယာရှား လက်ထဲမှအစီရင်ခံစာကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေသည်။ အရိုးရိုင်းဆိုသည့်နာမည်ကို နာမည်တူလူတစ်ယောက်ဟု သူထင်ခဲ့သည်။

သို့သော် သေချာပြန်စဉ်းစားကြည့်သည်။ မဟုတ်သေး။ အရိုးရိုင်းဆိုသည်နာမည်သည် အရိုင်းမျိုးနွယ်နာမည်ဖြစ်သည်။ နှစ်တစ်သိန်းအတွင်း အရိုင်းမျိုးနွယ်ထဲမှ အရာရှိဖြစ်လာသူဟူ၍ အရိုးရိုင်းတစ်ယော်သာရှိသည်။

အသေစိတ်ကိုယ်ရေးအချက်ကို ကြည့်ပြီးနောက် သေချာသွားသည်။ မဟာရှား၏ နံပတ်တစ်စာပေပညာရှင်

အရင်ပြည်နယ်ဝန်ကြီးသုံးယောက်ခန့်သည့်ကိစ္စက နန်းတွင်းရုံးတော်သို့ သတင်းပို့ရုံသာဖြစ်သည်။ ရုံးတော်က ထောက်ခံချက်ရသည်နှင့် ကိစ္စပြီးသည်။

သို့သော် အရိုးရိုင်းက ပြည်နယ်ဝန်ကြီးဖြစ်ဖို့ သတ်မှတ်ချက်များမမီ။ ထို့ကြောင့် သူ့ကိုခန့်ထားဖို့ အင်ပါယာရှား၏ ထောက်ခံချက်လိုသည်။

"အရိုးရိုင်းက စွမ်းဆောင်ရည်ကောင်းလွန်းလို့ အရိုးနယ်မြေက သူ့ကို ချွင်းချက်အနေနဲ့ ရာထူးတိုးပေးတာများလား"

အရိုးရိုင်း၏လုပ်ဆောင်ချက်မှတ်တမ်းများကို ဖတ်ကြည့်သည်။ သူ့မျက်နှာအမူအရာ တဖြေးဖြေးထူးဆန်းလာသည်။

"လဝက်အတွင်း ကျုန်းရှန်ပြည်နယ်တရားသူကြီးတွေကို အရိုးရိုင်းက ဆက်တိုက်ဖမ်းဆီးခဲ့တယ်တဲ့လား။ မူလပြည်နယ်စား အမ်းခံရတယ်။ အောက်ခြေကနေရာထူးတိုးလာတဲ့တစ်ယောက် ထပ်အဖမ်းခံရတယ်။

နယ်မြေအတွင်းဝန်ရုံးကနေ လေ့ကျင့်ဖို့ ပို့လိုက်တဲ့နယ်စားလည်း အဖမ်းခံရတယ်"

ဤရာထူးတိုးကိစ္စသည် အရိုးရိုင်း စွမ်းဆောင်ရည်ကောင်းလွန်း၍မဟုတ်။ အရိုးရိုင်းမှလွဲ၍ ပြည်နယ်စားရာထူးကို တစ်ခြားဘယ်သူမှ မယူရဲသောကြောင့်သာဖြစ်သည်။

"ဒါပေမယ့် ထူးဆန်းနေတယ်။ အရိုးရိုင်း ကောင်တီနယ်စားအလုပ်စလုပ်တုန်းက အဆင်ပြေပါတယ်။ အခုရက်ပိုင်းကျမှ ဘာလို့အမှုတွေအများကြီးပေါ်လာတာလဲ"

ထို့နောက် မကြာခဏပေါ်လာသည့် နာမည်များကို မြင်ရသည်။ အသေးစိတ်ဖမ်းစီးမှုမှတ်တမ်းတွင် 'တပ်သားလု၊ တပ်သားမုန်'ဟုရေးထားသည်။ အင်ပါယာရှားအတော်ကြာအောင် အသံတိတ်သွားသည်။

သူ့ခေါင်းထဲ အဖြေရှင်းသွားသည်။

"ခွင့်ပြုသည်"ဆိုသည့်စာလုံးကို အစီရင်ခံစာအောက်တွင် ရေးလိုက်သည်။

...

"မင်းကြီးရဲ့ ထောက်ခံချက်က ဒီလောက်မြန်မြန်ကျလာတယ်ပေါ့"

နယ်စားချုပ် အတော်အံ့အားသင့်နေသည်။ ပုံမှန်အားဖြင့် ချွင်းချက်အဖြစ်ရာထူးတိုးပေးသည့် ကိစ္စမျိုးတွင် အင်ပါယာရှား၏ဆုံးဖြတ်ချက်သည် ထိုမျှမြန်ဆန်လေ့မရှိ။

အရိုးရိုင်းကို မင်းကြီးက အတော်အလေးထားပုံရသည်။

အရိုးရိုင်းကို ချွင်းချက်အဖြစ် ရာထူးတိုးပေးသည့်သတင်း ကျုန်းရှန်ပြည်နယ် ကောင်တီနယ်စားများထံ ချက်ချင်းသတင်းရောက်သွားသည်။ တရားဝင်ကြေငြာချက်မထွက်မီ ကြိုသိနိုင်သည့် သတင်းရင်းမြစ်လမ်းကြောင်း ကိုယ်စီရှိသောကြောင့်ဖြစ်သည်။

"အရိုးရိုင်းက ပြည်နယ်တရားသူကြီးဖြစ်လာပြီပေါ့"

"သူ့လုပ်သက်အတွေ့အကြုံက မလုံလောက်သေးဘူး။ ဘယ်လိုလုပ်ပြီးသူ့ကို ပြည်နယ်ဝန်ကြီးခန့်လိုက်တာလဲ"

"သေချာစဉ်းစားကြည်ံရင် အကြောင်းမဲ့တော့လည်း မဟုတ်ပါဘူး။ အရိုးရိုင်းက ဖြောင့်မတ်ပြီး တရားမျှတတဲ့ ဥပဒေပြုအရာရှိပါ။ အင်ပါယာကိုယ်တိုင်ခန့်ထားတဲ့ ထိပ်တန်းစာပေပညာရှင်ပဲ။

ပြီးတော့ သူက တာအိုလမ်းစဉ်ဂိုဏ်းတပည့်လည်းဖြစ်တယ်။ သူပြည်နယ်ဝန်ကြီးဖြစ်သင့်တာ ကြာပါပြီ"

"အဲလောက်မရိုးရှင်းဘူး။ အထက်မှာ ငါ့အဆက်အသွယ်တွေ နည်းနည်းရှိတယ်။ အရင်ပြည်နယ်စားနှစ်ယောက် ရွေးမယ့်ကိစ္စတုန်းက အရိုးရိုင်းလည်း ဆန်ကာတင်စာရင်းထဲမှာပါတယ်။

ဒါပေမယ့် ထိပ်တန်းအရာရှိတစ်ချို့က သူပြည်နယ်ဝန်ကြီးဖြစ်လာမှာကို သဘောမတူကြဘူး။ နောက်တော့ အဲဒီ့အရာရှိတွေက အရာရှိတစ်ရာမှတ်တမ်းနဲ့ ပတ်သက်တဲ့လူတွေဖြစ်နေတယ်။

အခု သူတို့ရာထူးကို ဆက်ထိန်းထားနိုင်ဖို့တောင် မသေချာတော့ဘူး"

"ဪ..ဒီလောက်အဆင့်ထိ အရိုးရိုင်းက ကြိုတွက်ထားတာလား။ တကယ်ကြောက်စရာပဲ"

...

"သခင်အရိုးရိုင်းက အရမ်းဉာဏ်ထက်တာပဲ ကျုပ်လေးစားမိပါတယ်"

လက်ထောက်က အထပ်ထပ်ချီးမွှမ်းသည်။ အရိုးရိုင်းကောင်တီနယ်စား စဖြစ်ကတည်းက လက်ထောက်အဖြစ် သူအမှုထမ်းခဲ့သည်။ အချိန်အများစုတွင် အတူရှိခဲ့သည်။

ထိုမျှအချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံခဲ့သဖြင့် အရိုးရိုင်းသည် ရိုးသားပွင့်လင်းသူတစ်ယောက်ဟု သူယုံကြည်ခဲ့သည်။ အမှန်တိုင်းပြောရလျှင် ထိုလူမျိုးသည် အရာရှိနယ်ပယ်တွင် အမြင့်သို့ သိပ်မရောက်တတ်။

ထို့ကြောင့် အရိုးရိုင်းကို လုပ်ဖော်ကိုင်ဖက်များ၏ဖိနှိပ်မှု သိပ်မခံရအောင် သူအတတ်နိုင်ဆုံး ကာကွယ်ပေးရုံသာရှိသည်ဟု ယူဆခဲ့သည်။

ပထမဆုံးပြည်နယ်စားကို အရိုးရိုင်းဖမ်းလိုက်ချိန်တွင် သူအတော်လေးစိုးရိမ်သွားသည်။ ထိုလုပ်ရပ်မျိုးသည် အရာရှိနယ်ပယ်တွင် မဟာတားမြစ်ချက်ဖြစ်သည်။

အရိုးရိုင်း နောက်ထပ်ဆက်လုပ်သည့် လုပ်ရပ်များက ပို၍ရင်တုန်စရာကောင်းသည်။ နောက်ထပ် ပြည်နယ်စားနှစ်ယောက်ကို ဖယ်ထုတ်လိုက်သည်။

ထိုကိစ္စကို တိုက်ဆိုင်မှုဟုပြောလျှင် သူလုံးဝမယုံနိုင်။ တိုက်ဆိုင်မှုဆိုသည်မှာ အကြိမ်ကြိမ်ထပ်ဖြစ်နိုင်သည်မဟုတ်။

အရိုးရိုင်း၏ ကြိုတင်စီမံချက်များသာ ဖြစ်ရမည်။

ပုံမှန်နေ့များတွင် ရိုးရိုးအအပုံစံမျိုး နေထိုင်ခြင်းသည်လည်း ပြိုင်ဘက်ကို အာရုံမှောက်မှားစေဖို့သာဖြစ်မည်။

ထိုမျှအတွေးအခေါ်ပါးနပ်၍ ထိုမျှစိတ်ရှည်ပြီး ထိုမျှကြိုတင်တွက်ချက်နိုင်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့် တကယ်ပီသသည်။

ကောင်တီနယ်စားရှစ်ယောက်လက်အောက်တွင် သူတာဝန်ထမ်းခဲ့သည်။ ဘယ်သူက ရာထူးတိုးသွားမည့်လူ ဘယ်သူကမူလရာထူးဖြင့် အငြိမ်းစားယူမည့်လူဖြစ်ကြောင်း သူချက်ချင်းခန့်မှန်းနိုင်သည်။

လူကဲခတ်မညံ့ဟု ကိုယ့်ကိုယ်ကို ထင်ခဲ့သည်။ သို့သော် အရိုးရိုင်းကို သူလုံးဝမခန့်မှန်းနိုင်ခဲ့။

"ဘယ်လို၊ ငါရာထူးတိုးသွားတာလား"

ပြောင်းရွှေ့မိန့်ကိုကိုင်၍ အရိုးရိုင်းမင်သက်မိနေသည်။ အမိန့်စာအစစ်ဟုတ်မဟုတ် ရှုထောင့်စုံမှ စစ်ဆေးသည်။

လောကအတွေ့အကြုံယူဖို့ သူထွက်လာခြင်းဖြစ်သည်။ အရာရှိလုပ်ရင်း လောကအတွေ့အကြုံယူဖို့မဟုတ်။

ထို့ပြင် သူဘာမှမလုပ်ခဲ့။ ဘာကြောင့်ဘယ်လိုရာထူးတိုးသွားသည်မသိ။

"ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်"

လုယန်တို့နှစ်ယောက်က ဘေးတစ်ဘက်တစ်ချက်စီမှ လက်ခုပ်တီးသည်။ သူတို့ညီငယ် ရာထူးတိုးသွားသဖြင့် တကယ့်စိတ်ရင်းနှင့် ပျော်ရွှင်နေကြသည်။

"ကျုပ်..ကျုပ်က ပြည်နယ်တရားသူကြီးတာဝန်ကို တကယ်ထမ်းဆောင်နိုင်ပါ့မလား"

အရိုးရိုင်း ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိ။

"ကောင်တီလေးတစ်ခုကိုတောင် ကျုပ်ကောင်းကောင်းမအုပ်ချုပ်နိုင်ဘူး။ အခုရက်ပိုင်း အမှောင်ထဲမှာပုန်းခိုနေတဲ့လူတွေ ဘယ်လောက်များလဲဆိုတာပဲ ကြည့်လေ။ တရားမဝင်ရာဇဝတ်ဂိုဏ်းတွေ ပေါ်ပေါ်ထင်ထင် လုယက်တဲ့လူတွေ၊ ခိုးတဲ့လူတွေ စုံလို့ပဲ။

အကိုတို့နှစ်ယောက်ကြောင့်သာမဟုတ် ဒီကောင်တီဘယ်လောက်ပရမ်းပတာဖြစ်နေလဲဆိုတာတောင် ကျုပ်သိမှာမဟုတ်ဘူး"

မုန်ကျင်းကျိုးက နှစ်သိမ့်သည်။

"အဲလိုပြောလို့မရပါဘူး။ မဟာရှားရဲ့ တစ်ခြားနေရာတွေလည်း ဒီလိုပရမ်းပတာဖြစ်နေတာပါပဲ။ သတိမထားမိကြတာပဲရှိတယ်။ ငါတို့ကောင်တီမှာ ဒီလိုလူတွေဖမ်းမိတာက မင်းအုပ်ချုပ်ပုံ ထိရောက်တယ်ဆိုတဲ့သက်သေပဲ။

ပြီးတော့ လေဟာနယ်သန့်စင်အဆင့်မှာ လောကအတွေ့အကြုံယူတဲ့လူတွေ အများကြီးရှိတယ်။ အများစုက အရာရှိလုပ်ဖို့ ရွေးချယ်ကြတယ်။ ဒါပေမယ့် မင်းလောက် ဘယ်သူရာထူးမြန်မြန်တိုးဖူးလို့လဲ"

"မင်းက အရာရှိဖြစ်ဖို့ ပင်ကိုယ်ပါရမီပါလာတဲ့လူပါ"

လုယန်က အားပေးသည်။

"ဘယ်သူသိနိုင်မလဲ။ လေဟာနယ်သန့်စင်အဆင့်မှာ တတိယကျင့်စဉ်လမ်းကြောင်းကိုတောင် မင်းဖောက်ချင်ဖောက်နိုင်မှာ။ လောကအတွေ့အကြုံယူရင်း အရာရှိဖြစ်တဲ့လမ်းစဉ်ပေါ့"

"ကျုပ်ကအဲလောက်ထူးခြားတယ်ပေါ့"

အကိုနှစ်ယောက်စကားကို သူယုံကြည်သည်။ သူ့ကိုလှည့်စားမည့်လူများမဟုတ်။

ထို့နောက် အရိုးရိုင်း ခေါင်းကိုက်လာသလို ခံစားရသည်။ ချွီယီကောင်တီတစ်ခုတည်းပင် အကျင့်ပျက်ကျင့်ကြံသူများစွာ ဖမ်းမိသည်။ ကျုန်းရှန်ပြည်နယ်ကြီးဆိုလျှင် မကောင်းသည့် ကျင့်ကြံသူများ ဘယ်လောက်တွေ့ရမည်မသိ။

ထို့ပြင် သူ့ကျင့်စည်အဆင့်က မတည်ငြိမ်သေး။ အကိုနှစ်ယောက်ကလည်း သရဲကိစ္စရှင်းပြီးလျှင် ပြန်သွားကြမည်။ ကျိုးရှန်ကောင်တီ မုန်တိုင်းကြားသို့ ပစ်ချသလိုဖြစ်လာမည်။

ထိုအခြေအနေကို ဘယ်သူမှ တည်ငြိမ်အောင် ထိန်းနိုင်မည်မဟုတ်။

အရိုးရိုင်း ထိုကိစ္စကို ရင်ဖွင့်သည်။ လုယန်နှင့်မုန်ကျင်းကျိုးလည်း ထိုပြဿနာကို အလေးအနက်စဉ်းစားသည်။ သူတို့ရှိနေချိန်တွင် အားလုံးအဆင်ပြေသော်လည်း သူတို့ထွက်သွားလျှင် ဘယ်လိုဖြစ်လာမည်မသိ။

လုယန် စိတ်ကူးတစ်ခုရလာသည်။

"အာမခံစာချုပ်ဝယ်လိုက်ပါလား။ ပြဿနာတွေကို ကာကွယ်မပေးနိုင်ပေမယ့် ဆုံးရှုံးမှုတော့ သက်သာနိုင်တယ်"

မုန်ကျင်းကျိုလးည်း လုယန်စိတ်ကူးကို ထောက်ခံသည်။

အကိုနှစ်ယောက်က စိတ်ကူးကောင်းဟု ယူဆသဖြင့် အရိုးရိင်းလည်း ပို၍ယုံကြည်ချက်ရှိလာသည်။

"ဒါနဲ့...လက်ထောက်လျို၊ ကျုပ်နဲ့အတူ ပြည်နယ်ရုံးကို လိုက်ချင်လား"

အရိုးရိုင်း မေးလိုက်သည်။ ဤနှစ်ပိုင်းအတွင်း လက်ထောက်လျိုက သူ့ကို အရာရှိလောကဝတ်စည်းမျဉ်းများစွာ သင်ပေးခဲ့သည်။ နေရာသစ်သို့အတူခေါ်သွားလျှင် သူလိုအပ်ချိန်တွင် အကြံတောင်းနိုင်မည်။

"ကျုပ်ကိုလလား"

လက်ထောက်လျို အံ့အားသင့်သွားသည်။ သူ့အသက်အရွယ်ဖြင့် ရာထူးတိုးဖို့ အခွင့်အရေးရှိလာမည်ဟု မထင်ခဲ့။

အရိုးရိုင်းကို အားရဝမ်းသာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"သခင်ကျုပ်ကို အလေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"အကိုတို့နှစ်ယောက်ကရော ဘယ်လိုလဲ"

"ငါတို့လည်း ကျုန်းရှန်ကို မင်းနဲ့အတူလိုက်မှာပေါ့။ ဒီကိစ္စက သရဲရှာမယ့်ကိစ္စအတွက် အနှောက်အယှက်မဖြစ်ပါဘူး"

မည်သို့ဆိုစေ အရိုးရိုင်းက ပြည်နယ်တရားသူကြီးရာထူးသို့ တက်ရမည်ဖြစ်၍ ပြည်နယ်အတွက် သူတို့ကူညီပေးဖို့လိုသည်။

....

"ခင်‌ဗျားက ကျုန်းရှန်ပြည်နယ်တစ်ခုလုံးအတွက် အာမခံဝယ်ချင်တယ်ပေါ့"

ရွှေစီးပွားအသင်း၏ ဟန်ကျိုးဌာနခွဲတာဝန်ခံ အံ့အားသင့်နေသည်။ အရိုးရီုင်းက ကျုန်းရှန်နယ်စားဖြစ်လာသည့်ကိစ္စ သတင်းပြန့်နေပြီဖြစ်သည်။ ပြည်နယ်စားအသစ်က ရုံးတော်လွှဲယူယူချင်း အာမခံလာဝယ်သည်။

ပြည်နယ်တစ်ခုလုံးစာအတွက် အာမခံဝယ်သည့်ကိစ္စသည် တကယ်ကြီးမားသည့် ကိစ္စဖြစ်သည်။

"ဟုတ်ပါတယ်။ အမြင့်ဆုံးအာမခံကို ကျုပ်ဝယ်ချင်ပါတယ်"

အရိုးရိုင်းက အလေးအနက်ကြေငြာသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့က သူ့နောက်တွင် ရပ်နေသည်။ နှစ်ယောက်လုံး စီးပွားရေးလုပ်ငန်းရှင်ဟန်ပန်မျိုး ရှိနေသည်။

"ဒါက..."

ဌာနခွဲတာဝန်ခံ နည်းနည်းတုံ့ဆိုင်းသွားသည်။ ထိုတောင်းဆိုချက်က နည်းနည်းထူးဆန်းနေသည်ကို အာရုံခံမိသည်။ သို့သော် မျက်နှာအမူအရာကိုထိန်း၍

"ခင်ဗျား အာမခံဝယ်ချင်တဲ့ကိစ္စကို ကျုပ်တို့ဘက်ကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျုန်းထန်ပြည်နယ်အတွက် အာမခံဝယ်တာမျိုး ပထမဆုံးကြုံဖူးတာဆိုတော့ အန္တရာယ်စစ်ဆေးအကဲဖြတ်တာမျိုး လုပ်ဖို့လိုတယ်"

"ကျုပ်နားလည်ပါတယ်။ ခင်ဗျားတို့ဌာနခွဲက ကျုပ်တို့ကျုန်းရှန်ပြည်နယ်ကို လူတစ်ယောက်လွှတ်မယ်။ အန္တရာယ်ဖြစ်နိုင်ခြေတွေ အကဲဖြတ်ပြီး ကုန်ကျစရိတ်သတ်မှတ်မယ်ပေါ့"

အရိုးရိုင်းက ပြောသည်။ သူသိပ်နားမလည်သော်လည်း လုယန်က ထိုစည်းမျဉ်းစည်းကမ်းများရှိကြောင်း လမ်းတွင် ပြောပြခဲ့သည်။

တာဝန်ခံက ခေါင်းခါသည်။

"အဲဒါက အရင်ကမူဟောင်းပါ။ ဓားမျှော်စင်နဲ့ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းမှာ ကြုံခဲ့တဲ့ကိစ္စတွေကြောင့် ကျုပ်တို့အသင်းက အများကြီးဆုံးရှုံးနစ်နာခဲ့တယ်။

ဒါကြောင့် အန္တရာယ်ဖြစ်နိုင်ခြေအကဲဖြတ်တာနဲ့ပတ်သက်ပြီး မူဝါဒသစ် ပြင်ဆင်ခဲ့တယ်။ ခင်ဗျားတောင်းဆိုသလို အဆင့်မြင့်အာမခံအတွက် ဌာနချုပ်ကို ကျုပ်တို့သတင်းပို့ဖို့လိုတယ်။

သူတို့က အမှုထမ်းတွေလွှတ်ပြီး အန္တရာယ်ဖြစ်နိုင်ခြေ အကဲဖြတ်လိမ့်မယ်။ အသင်းဥက္ကဌက အပြီးသတ်အတည်ပြုပြီးမှ နောက်ဆုံးအဖြေကို သိရမှာ"

*******************************

အခန်း (၁၂၂၉) ရွှေစီးပွားကုန်သည်အသင်း

"ဒါက နာမည်ကျော်ကုန်သည်အသင်းကြီးတစ်ခုပါ။ ကိစ္စတွေ သူတို့ကိုင်တွယ်ဖြေရှင်းပုံက စိတ်ချရပါတယ်"

ထိုအသင်း၏ စည်းမျဉ်းစည်းကမ်းများသည် ကြောင်းကျိုးဆီလျော်သည်ဟု လုယန်တွေးသည်။ ကြီးမားသည့် စာချုပ်အရောင်းအဝယ်မျိုးကို ထိုသို့ပင် စေ့စေ့စပ်စပ်လုပ်ရမည်။

ဓားမျှော်စင်နှင့် တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းတို့၏ အဖြစ်အပျက်များကို တိုက်တိုက်ဆိုင်ဆိုင် သူကိုယ်တိုင်ကြုံခဲ့ရသည်။ တိုက်ဆိုင်မှုသက်သက်သာဖြစ်သည်။

ကုန်သည်အသင်း၏ အကဲဖြတ်ချက် မှားယွင်းခဲ့သည်မှာလည်း သဘာဝကျသည်။

မူဝါဒစည်းမျဉ်းများ အဆင့်မြှင့်ခြင်းသည်လည်း အကျိုးရှိသည်။ ဌာနချုပ်မှလူများသည် ဂိုဏ်းခွဲမှဝန်ထမ်းများထက် ပို၍စွမ်းဆောင်ရည်ကောင်းလိမ့်မည်။ ပို၍တိတိကျကျ အကဲဖြတ်နိုင်လိမ့်မည်။

မကြာမီ အရိုးရိုင်းနှင့် သူ့အကိုနှစ်ယောက် ကုန်သည်အသင်းမှ ထွက်ခဲ့သည်။

ထိုအရောင်းအဝယ် အဆင်ပြေလျှင် ကျုန်းရှန်ကောင်တီအတွက် အာမခံကို နှစ်စဉ်ဝယ်နိုင်မည်။ တကယ်အကျိုးရှိမည့် ကိစ္စဖြစ်ည်။ ထိုသို့တွေး၍ ဌာနခွဲတာဝန်ခံ တုံ့ဆိုင်းမနေတော့ဘဲ နန်းမြို့တော် ကုန်သည်အသင်းဌာနချုပ်သို့ ချက်ချင်း သတင်းပို့သည်။

"ကျုန်းရှန်အတွက် အာမခံအပြည့်ဝယ်မယ်တဲ့လား"

တာအိုလမ်းစဉ်ဂိုဏ်းတပည့်၊ မဟာရှားနံပတ်တစ်စာပေပညာရှင်၊ အထူးဦးစားပေး ရာထူးတိုးခံရသည့် ပြည်နယ်တရားသူကြီး။ သုံးထပ်ကွမ်းဘွဲ့နာမည် အတူပေါင်းစပ်ထားသည့် အရိုးရိုင်းသည့် အရာရှိလမ်းကြောင်းရော ကျင့်ကြံမှုလမ်းကြောင်းပါ လျှောက်လှမ်းနိုင်သူဖြစ်သည်။

နန်းမြေို့တော်ဌာနချုပ်ကလည်း ဤကိစ္စကို အလေးအနက်ထားသည်။

"အကြီးအကဲတို့၊ ခင်ဗျားတို့ အကဲဖြတ်ဖို့လိုတဲ့ ကိစ္စတစ်ခုရှိတယ်"

အကဲဖြတ်အဖွဲ့ခေါင်းဆောင် သူ့အဖော်များကိုပြောသည်။ ထိုခုနစ်ယောက်သည် အစက ကျင်းကျိုးဌာနခွဲမှ ဝါရင့်ပညာရှင်များဖြစ်သည်။ စွမ်းဆောင်ရည်ထူးခြား၍ အကဲဖြတ်ရာတွင် အမှားအယွင်းကင်းသည့်မှတ်တမ်းကြောင့် ဌာနချုပ်သို့ ပြောင်းရွှေ့ရခြင်းဖြစ်သည်။

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းကိစ္စတွင် ဆုံးဖြတ်ချက်လွဲခေါ်ခဲ့သော်လည်း နောက်ပိုင်းစုံစမ်းစစ်ဆေးမှုများအရ တိုက်ဆိုင်မှုသက်သက်သာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ နှစ်ရှစ်သောင်းကြာအောင် ပျောက်နေခဲ့သည့် ကွေ့ယန်နှင့် မဟာချန်နတ်သခင် ရုတ်တရက်ပေါ်လာပြီး တိုက်ခိုက်ကြမည်ဟု ဘယ်သူထင်ထားမည်နည်း။

တိုက်ဆိုင်မှုသက်သက်ဖြစ်၍ အကဲဖြတ်သူခုနစ်ယောက်၏ အပြစ်မဟုတ်။ သူတို့ပါရမီများကို မပြစ်ပယ်သင့်။ ထိုဆုံးဖြတ်ချက်ကို ကုန်သည်အသင်းဥက္ကဌကိုယ်တိုင် ထောက်ခံခဲ့သည်။

"ကောင်းပါပြီ။ ဒီကိစ္စ ကျုပ်တို့တာဝန်ထထားပါ"

ဝါရင့်ခုနစ်ယေက် ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။

ဌာနချပ်သို့ရောက်ပြီးနောက်ပိုင်း သူတို့စွမ်းရည်ကိုလည်း သက်သေပြခဲ့သည်။ အာမခံအတွက် အန္တရာယ်အကဲဖြတ်ချက်တစ်ခုချင်းစီက အတိမ်းအစောင်းလုံးဝမရှိ။

လုပ်နေကျပုံစံအတိုင်း ကျုန်းရှန်ပြည်နယ်သို့ ချက်ချင်းခရီးထွက်သည်။ လမ်းတွင် ပြည်နယ်နှင့်ပတ်သက်သည့် အချက်အလက်များကို စစ်ဆေးသည်။

"ဒီတစ်ခါ အာမခံဝယ်တဲ့လူက အသစ်ခန့်လိုက်တဲ့ တရားသူကြီးအရိုးရိုင်းပဲ။ သူက တာအိုလမ်းစဉ်ဂိုဏ်းရဲ့ တပည့်လည်းဖြစ်တယ်"

"တာအိုလမ်းစဉ်ဂိုဏ်းတပည့်လား"

အရိုးရိုင်းရာထူးကို သူတို့သိပ်အရေးမိုက်ခဲ့။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းဟူသည့်နာမည်ကြောင် အလိုလိုကြက်သီးထလာကြသည်။

ခေါင်းဆောင်က နှစ်သိမ့်သည်။

"မင်းတို့ကလည်းကွာ။ ဖြစ်ခဲ့တဲ့ကိစ္စကို ငါတို့သေချာပြန်သုံးသပ်ခဲ့တာပဲမဟုတ်လား။ ပြဿနာက လုယန်နဲ့မုန်ကျင်းကျိုးပါ။ တာအိုလမ်းစဉ်ဂိုဏ်းကြောင့်မဟုတ်ဘူး။ အဲလိုတွေးပူနေစရာ မလိုပါဘူး"

သို့သော် လုယန်နှင့်မုန်ကျင်းကျိုးသည် နာမည်ကျော်ကြားသူများဖြစ်၍ တာအိုလမ်းစဉ်ဂိုဏ်းဟုကြားလျှင် ထိုနာမည်များနှင့် အလိုလိုဆက်စပ်တွေးမိကြသည်။

"ဒါနဲ့...သတင်းအချက်အလက်တွေထဲမှာ လုယန်နဲ့မုန်ကျင်းကျိုးတို့ ကျုန်းရှန်ကိုရောက်နေတယ်ဆိုတာမျိုး ဖော်ပြထားတာရှိလား"

တစ်ယောက်က မေးသည်။

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းကိစ္စကြောင့် လုယန်နှင့်မုန်ကျင်းကျိုးကို အလိုလိုလန့်မိသည်။ ဘယ်လိုအန္တရာယ်ဖြစ်နိုင်ခြေအကဲဖြတ်မှုဖြစ်ဖြစ် ထိုနှစ်ယောက်ကို သူတို့ဦးစားပေးစဉ်းစားသည်။

"ငါဖတ်ကြည့်ပြီးပါပြီ။ သူတို့နာမည် မပါပါဘူး"

"ကောင်းတာပေါ့"

အချက်အလက်ဖိုင်များကို သူတို့ဆက်စစ်ဆေးသည်။ အရိုးရိုင်း၏ ဆောင်ရွက်ချက်များကို ချီးကျူးကြသည်။

"ဒီလူက အတော်ပါးနပ်တာပဲ။ ကောင်တီတရားသူကြီးနေရာမှာ အချိန်အတော်ယူခဲ့တယ်။ လွန်ခဲ့တဲ့လဝက်ကမှ အခွင့်ကောင်းကို အမိအရကိုင်ပြီး သူ့အရင် ပြည်နယ်တရားသူကြီးသုံးယောက်ကို ဖယ်ထုတ်ပစ်တယ်။

လုပ်ပုံက အတော်ကြမ်းတယ်။ ဒါပေမယ့် ဥပဒေစည်းမျဉ်းနဲ့ကိုက်ညီတယ်။ တရားဝင်တယ်။ အရိုင်းနယ်မြေက အထက်အရာရှိတွေကို သူဒီရာထူးယူဖို့ဆုံးဖြတ်ထားတယ်ဆိုတာ အသိပေးလိုက်သလိုမျိုးပဲ"

"ဒါဆိုသူ့စရိုက်ကိုက ဘာမဆို သတိထားပြီးလုပ်တတ်တဲ့ သဘောပဲ။ မဟုတ်ရင် လှုပ်ရျားဖို့အတွက် ဒီလောက်စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့မှာမဟုတ်ဘူး"

"သတိထားတတ်တဲ့လူတစ်ယောက် အာမခံဝယ်တာ သဘာဝကျပါတယ်"

"ဒါပေမယ့် ရာထူးတိုးတိုးချင်း အာမခံဝယ်တာက ထူးဆန်းမနေဘူးလား"

တစ်ယောက်က မေးခွန်းထုတ်သည်။

အဖွဲ့ခေါင်းဆောင်က ခေါင်းခါသည်။ သူ့လုပ်သက်အတွေ့အကြုံအရ လူမျိုးစုံမြင်ဖူးသည်။ အရိုးရိုင်း၏ ရည်ရွယ်ချက်ကို သူခန့်မှန််းနိုင်သည်။

"မင်းမစဉ်းစားမိတာ တစ်ချက်ရှိတယ်။ ပြည်နယ်တစ်ခုလုံးအတွက် အာမခံဝယ်တယ်ဆိုတာ အတော်အကုန်အကျများတယ်။ ဒီလိုအများလက်ခံနိုင်စရာမရှိတဲ့ အရောင်းအဝယ်တစ်ခု ရာထူးလွှဲယူယူချင်းလုပ်တယ်။

ဒါဟာ ကျုန်းရှန်ပြည်နယ် အရာရှိတွေထဲမှာ သူ့ကိုဘယ်သူက ထောက်ခံတယ် ဘယ်သူကဆန့်ကျင်တယ်ဆိုတာ စောင့်ကြည့်ချင်လို့ဖြစ်မယ်"

"သွေးတိုးစမ်းတာပေါ့။ ဟုတ်တယ်၊ ဒီတစ်ချက်ကို ကျုပ်မတွေးမိဘူး"

အပြန်အလှန်ဆွေးနွေးရင်း အမှန်တရားက တဖြေးဖြေးပုံကြမ်းပေါ်လာသည်။

ကျုန်းရှန်ပြည်နယ်သို့ရောက်ချိန်တွင် ချွီယီကောင်တီရုံးတော်သို့သွားသည်။ ရုံးတော်အရာရှိများကို ပါးနပ်စွာမေးမြန်းသည်။

"အရိုးရိုင်းက ဆွေမျိုးနှစ်ယောက်ကို ကင်းလှည့်တပ်သားအဖြစ် ခေါ်သွင်းခဲ့တယ်။ ဒီတပ်သားနှစ်ယောက်ကိုလည်း ပြည်နယ်အဆင့်အဖြစ် ရာထူးဆိုးပေးတယ်။ အဲဒါကလွဲရင် အားလုံးပုံမှန်ပါပဲ"

"ဆွေမျိုးတွေကို အလုပ်ခန့်တာမျိုးက မဆန်းပြားလှပါဘူး။ ငါ့ဆွေမျိုးတွေလည်း ငါ့အဆက်အသွယ်နဲ့ သူတို့ကို ကုန်သည်အသင်းထဲသွင်းပေးဖို့ တောင်းဆိုကြတာပဲ"

"ပြီးတော့ မင်းတို့သတိထားမိလား။ ဒီဆွေမျိုးနှစ်ယောက်က တရားသူကြီးသုံးယောက်ကို ဖမ်းတဲ့ကိစ္စမှာလည်း ပါဝင်ခဲ့တယ်။ ပုံမှန်တပ်သားတွေက ဒီလိုအလုပ်မျိုး ဘယ်လုပ်ရဲမှာလဲ။

ဒီဆွေမျိုးနှစ်ယောက်က အရိုးရိုင်းရဲ့ လူယုံတွေပဲ"

"ဟုတ်တယ်"

လှည့်ပတ်စစ်ဆေးပြီးနောက် ဝါရင့်အကဲဖြတ်ပညာရှင်ခုနစ်ယောက် အစီရင်ခံစာရေး၍ ဌာနချုပ်အကဲဖြတ်ခေါင်းဆောင်ဆီ တင်သွင်းသည်။

"အန္တရာယ်ဖြစ်နိုင်‌ခြေ အရမ်းနည်းတယ်ပေါ့"

အကဲဖြတ်ခေါင်းဆောင် အစီရင်ခံစာကို သေချာဖတ်သည်။ အကျိုးအကြောင်းခိုင်လုံစွာ ရှင်းပြထားသည်။ အထောက်အထားများစွာ ထည့်ထားသည်။ အသေးစိပ် လေ့လာစီစစ်ထားသည်။ ယုံကြည်ထိုက်ကြောင်း သက်သေခံနေသည်။

ဥက္ကဌ၏ ထောက်ခံချက်သာလိုသည်။

"ဥက္ကဌက ဌာနမှာရှိလား"

အကဲဖြတ်ခေါင်းဆောင် ဥက္ကဌ၏လက်ထောက်ကိုမေးသည်။ မရှိကြောင်း သိရသည်။

"အဆက်အသွယ်မရတာ လေးငါးရက်ကြာပြီ"

လက်ထောက်ကပြောသည်။ သူတို့ဥက္ကဌသည် မကြာခဏ ထိုသို့ပင် လေးငါးဆယ်ရက်‌ ပျောက်သွားတတ်သည်။

"ဒါဆို ဒီအကဲဖြတ်အစီရင်ခံစကို အတည်ပြုမှာလား မပြုဘူးလား"

အဓိကဖောက်သည်ဖြစ်သည့် အရိုးရိုင်းက သူတို့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။

ဥက္ကဌလက်ထောက်က တည်ငြိမ်စွာပြန်ပြောသည်။

"စည်းမျဉ်းသတ်မှတ်ချက်အရ ဥက္ကဌကို ဆက်သွယ်လို့မရတဲ့အချိန် အရေးပေါ်အခြေအနေကြုံလာရင် အကဲဖြတ်အစီရင်ခံစာကို ချက်ချင်းအတည်ပြုခွင့်ရှိပါတယ်။ ဖြစ်လာတဲ့အကျိုးဆက်အားလုံးကို ဥက္ကဌက တာဝန်ယူလိမ့်မယ်"

.........

ကျုန်းရှန်မြို့ ပြည်နယ်အကျဉ်းထောင်။

လုယန်တို့ဖမ်းလာသည့် ရာဇဝတ်သားများကို အစောပိုင်းက ချွီယီကောင်တီအကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့သည်။ အရိုးရိုင်းက ပြည်နယ်ရားသူကြီးဖြစ်လာသည်။ အကျဉ်းသားများကို ကျုန်းရှန်သို့ တစ်ပါတည်းသယ်လာလျှင် အရိုးရိုင်ဂုဏ်တက်မည်ဟု လုယန်တို့နှစ်ယောက် ယူဆသည်။

ထို့ပြင် ပြည်နယ်အကျဉ်းထောင်သည် ကောင်တီအကျဉ်းထောင်ထက် များစွာပိုကောင်းသည်။ အကျဉ်းသားများ လူ့အခွင့်အရေးပိုရသည်။

အကျဉ်းထောင်၏ အချုပ်ခန်းတစ်ခုတွင် တရားသူကြီးသုံးယောက်ကို အတူထိန်းသိမ်းထားသည်။ အတွေ့အကြုံကွဲပြားသော်လည်း ကံကြမ္မာချင်းတူသဖြင့် ပြောဆိုဆွေးနွေးစရာအကြောင်းများစွာရှိနေသည်။

"ဆရာ၊ ဆရာက တကယ်သူခိုးဘုရင်ပေါ့"

ဖန်နင် သူ့ဆရာကို လေးလေးစားစားမော့ကြည့်သည်။ သူ့ဆရာသည် စွမ်းအားကြီးပြီး အလွန်လျှို့ဝှက်သူဖြစ်ကြောင်းသိသည်။ ထိုမျှစွမ်းအားကြီးသည့် သူခိုးဘုရင်ဖြစ်ကြောင်းတော့ မသိခဲ့သည်။

သူခိုးဘုရင်ဆိုသည်မှာ သူခိုးအသိုင်းအဝိုင်းတွင် ဒဏ္ဍာရီပုဂ္ဂိုလ်ဖြစ်သည်။ သူ့ထက်သာသူဟူ၍ သူခိုးဘိုးဘေးသာရှိသည်။

သူခိုးဘုရင် သက်ပြင်းချသည်။

"ငါမင်းကိုဘယ်လိုသင်ထားလဲ။ စိတ်တည်ငြိမ်ရမယ်။ သတိထားရမယ်။ မဝင့်ကြွားရဘူး။ မဆင်မခြင်မလုပ်ရဘူးဆိုတာတွေ မပြောခဲ့ဘူးလား။

မင်းကို ငါ့သရုပ်မှန်မပြောခဲ့တာက မင်းဒီလိုအမူအရာမျိုး ပေါ်လာမှာစိုးလို့ပဲ။ သူခိုးဘုရင်ဆိုတာက ငါသရုပ်မှန်တွေထဲက တစ်ခုပါ။ နောက်သရုပ်မှန်တစ်ခုရှိသေးတယ်"

"ဘာလဲ"

ဖန်နင် သူ့ဆရာပြောမည့်စကားကို အာရုံစိုက်နေသည်။

သူခိုးဘုရင် မပွင့်တပွင့်ပြုံး၍ပြောသည်။

"ရွှေစီးပွားကုန်သည်အသင်းရဲ့ လက်ရှိဥက္ကဌ"

ယခု သူ့တပည့်အလိမ္မာက သူသခိုးဘုရင်ဖြစ်ကြောင်း သိနေပြီဖြစ်၍ နောက်ထပ်လျှို့ဝှက်မထားတော့။

"ဘယ်လို"

ဖန်နင် ခေါင်းကိုမိုးကြိုးပစ်သလို ခံစားလိုက်ရသည်။ သူခိုးဘုရင်က ရွှေစီးပွားကုန်သည်အသင်း၏ ဥက္ကဌဖြစ်နေသည်။ ထိုသရုပ်မှန်နှစ်ခုက ကမ္ဘာသုံးလေးခုစာခန့် ကွာခြားနေသည်။

ပျင်းရိပျင်းတွဲအကြောဆန့်ရင်း သူခိုးဘုရင် သက်တောင့်သက်သာလှဲလိုက်သည်။ ဤနေရာက ချွီယီကျဉ်းထောင်ထက် တကယ်ပိုကောင်းသည်။

"ဒါပေမယ့်...ဆရာအခု ဒီမှာပိတ်မိနေပြီဆိုတော့ ကုန်သည်အသင်းက အဆင်ပြေပါ့မလား"

ဖန်နင် သူ့ဆရာကိုယ်စား စိုးရိမ်နေသည်။ သူ့ဆရာက ဘာမှပူပင်ဟန်မရှိ။

"ဥက္ကဌလုပ်ရတာ မင်းထင်သလောက် အလုပ်မများပါဘူးကွာ။ ငါမကြာခဏ အပြင်ထွက်ပြီးစွန့်စားခန်းဖွင့်တယ်။ ကုန်သည်အသင်းက ပုံမှန်လည်ပတ်နေတာပဲ။ ဘာပြဿနာမှမရှိပါဘူး"

*********************************

အခန်း (၁၂၃၀) ခြောက်လှန့်ခံရခြင်းလော

"ဆရာဒီလောက်ချမ်းသာနေတာတောင် ဘာလို့သူခိုးဂိုဏ်းကို ဝင်ခဲ့တာလဲ။ ဝါသနာကြောင့်လား"

ဖန်နင်နားမလည်။

ဖန်နင် တစ်ခါမှမချမ်းသာဖူး။ ချမ်းသာသူများသည် သာမန်လူများနားမလည်နိုင်သည့် အရာများကို အပျင်းပြေလုပ်တတ်သည်။

သူခိုးဘုရင် သက်ပြင်းချသည်။

"သောက်လခွမ်း ဝါသနာလား။ ကုန်သည်အသင်းမှာ ဥက္ကဌမဖြစ်ခင်ကတည်းက ငါက သူခိုးဘုရင်ဖြစ်ခဲ့တာကွ"

"ဘာကိုပြောချင်တာလဲ"

ဖန်နင် နားမလည်ပြန်။

"ငါ့ဇာတ်လမ်းတွေ မင်းအများကြီးကြားဖူးမှာပါ။ ဒီတော့ ငါ့ဘဝအစောပိုင်းက အတွေ့အကြုံတွေပြန်မပြောတော့ဘူး"

"ဟုတ်"

သူခိုးဂိုဏ်းဝင်တစ်ယောက်အနေဖြင့် သူခိုးဘုရင်ဇာတ်လမ်းများကို မကြားဖူးစရာအကြောင်းမရှိ။

'တော်ဝင်နန်းတော်ညစွန့်စားခန်း' 'ကောင်းကင်ခိုး၍ နေ့ကိုပြောင်းလဲခြင်း' 'မှော်ခြေရာထိန်းချိတ်ပိတ်ခြင်း'စသဖြင့် သူခိုးဘုရင်ပုံပြင် များစွာရှိသည်။

သို့သော် ရွှေစီးပွားနယ်မြေအသင်းဌာနချုပ်ကိုဝင်ခိုးမည်ဟု ကြေငြာပြီးနောက် သူ့အကြောင်းကို နောက်ထပ်မကြားရတော့။

"အရင်က ကူးဖြတ်ခြင်းအဆင့်ရောက်တော့ မာနတွေအပြည့်ရှိလာတယ်။ ငါမသွားနိုင်တဲ့နေရာ မရှိဘူး။ ငါမခိုးနိုင်တဲ့အရာ မရှိဘူးလို့ ယုံကြည်လာတယ်။

အထူးသဖြင့် မဟာရှားနန်းတော်ကို ခိုးဝင်ပြီး အကောင်းပကတိပြန်ထွက်လာနိုင်တဲ့နောက်ပိုင်း ဘယ်သူ့ကိုမှ ငါအရေးမစိုက်တော့ဘဘူး။ ငါခိုးမယ့်အကြောင်းကိုတွေကိုတောင် ကြိုတင်ကြေညာခဲ့တယ်။

သူတို့ဘယ်လောက်သတိထားထား ငါ့ကိုမယှဉ်နိုင်ကြဘူးလေ။ ငါလိုချင်တဲ့ပစ္စည်းတွေ ခိုးခံရတာကို သူတို့စိတ်ပျက်လက်ပျက် ကြည့်နေရတယ်။

သူခိုးဂိုဏ်းရဲ့ ဘိုးဘေးစည်းမျဉ်းတစ်ခုရှိတယ်။ ဂိုဏ်းဝင်တွေကို ရွှေစီးပွားကုန်သည်အသင်းကို ဝင်မခိုးဖို့ တားမြစ်ထားတယ်။

အဲဒီတုန်းက ဒီလောက်မှာငါက နံပတ်တစ်သူခိုးဖြစ်ခဲ့တာလေ။ ဘိုးဘေးစည်းမျဉ်းတွေကို သိပ်အရေးမစိုက်ဘူး။ နောက်ပိုင်းတော့ ကုန်သည်အသင်းကို ငါဝင်ခိုးတယ်။ အဲဒီမှာ ဟိုအဘိုးကြီးနဲ့တွေ့တာပဲ"

"ဘယ်အဘိုးကြီးလဲ"

သူခိုးဘုရင် မျက်နှာကိုလက်နှစ်ဘက်ဖြင့် အုပ်လိုက်သည်။ သူ့ဘဝတွင် ရှက်စရာအကောင်းဆုံး ကံအဆိုးဆုံးကိစ္စ ဖြစ်ပုံရသည်။

"သူခိုးဘိုးဘေးလေ။ သူက သူခိုးဘိုးဘေးဘွဲ့ကိုရပြီးနောက်ပိုင်း သူခိုးဘဝကိုစွန့်လွှတ်ပြီး ရွှေစီးပွားကုန်သည်အသင်းကို တည်ထောင်တယ်။ အဲဒီ့အကြောင်းသာကြိုသိခဲ့ရင် ငါဘာလို့ဝင်ခိုးခဲ့မှာလဲ"

ဖန်နင် "..."

သူ့ဆရာခံစားချက်ကို ကိုယ်ချင်းစာနိုင်ပါသည်။

သူ့ဆရာသိသမျှနည်းလမ်းတိုင်းသည် သူခိုးဘုရင်၏ နည်းလမ်းဟောင်းများသာဖြစ်သည်။ သူခိုးဘုရင်မျက်စိရှေ့တွင် ဝင်ခိုးခြင်းသည့် မိကျောင်းမင်းရေခင်းပြသလိုသာဖြစ်သည်။

ရွှေစီးပွားကုန်သည်အသင်းကို ဝင်မခိုးရဟု သူခိုးဂိုဏ်းတွင် ဘိုးဘေးစည်းမျဉ်းတွင် အတိအလင်းပြောထားသည်မှာ မဆန်းတော့။ သူခိုးဘုရင်ကိုယ်တိုင် ချမှတ်ခဲ့သည့် စည်းမျဉ်းဖြစ်သည်။

"ငါ့စွမ်းရည်ကိုမြင်တော့ ငါ့ကိုသူ့ကိုယ်စား ကုန်သည်အသင်းဥက္ကဌလုပ်ခိုင်းတယ်"

"ဪ အဲလိုလား..အဲ နေဦး။ သူခိုးဘုရင်က လွန်ခဲ့တဲ့နှစ်ခြောက်ထောင်က ပေါ်ခဲ့တဲ့လူမဟုတ်လား။ ဘယ်လိုလုပ် အခုချိန်ထိ အသက်ရှင်နေသေးတာလဲ"

ကူးဖြတ်ခြင်းအဆင့်သည် ထိုမျှကြာအောင် အသက်ရှည်သလော...

"ကူးဖြတ်ခြင်းအဆင့်ဆိုရင်တော့ ဒီလောက်ဘယ်အသက်ရှင်မှာလဲ။ ဒါပေမယ့် အဘိုးကြီးက မသေမျိုးတစ်ဝက်လေ။ ပြီးတော့ အမြန်နှုန်းအရိယဖလသန္ဓေ တည်ဆောက်ထားတာ"

ထိုအကြောင်းတွေးတိုင်း ‌ကျောက်ဆောင်ကို ခေါင်းနှင့်ပြေးတိုက်ခဲ့မိသလို သူခံစားရသည်။

အမြန်နှုန်းပညာကို သူကျွမ်းကျင်ပါသည်။ သို့သော် ဘယ်လောက်ကျွမ်းကျင်သည်ဖြစ်စေ အမြန်နှုန်းအရိယဖလသန္ဓေစွမ်းအားကိုတော့ သူဘယ်လိုယှဉ်နိုင်မည်နည်း။

မြန်ဆန်သည့်သူ့လှုပ်ရှားမှုများက သူခိုးဘုရင်ရှေ့တွင် အနှေးပြကွက်လိုသာ ဖြစ်နေလိမ့်မည်။

"အရိယလသန္ဓေဆိုတာဘာလဲ"

"ဒီအကြောင်းပြောဖို့တော့ နည်းနည်းစောလွန်းသေးတယ်။ မင်းကျင့်စဉ်အဆင့်က မလုံလောက်သေးဘူး။ သိတာများလွန်းရင် စိတ်အားထက်သန်မှုလွန်ကဲလာလိမ့်မယ်။ ငါသင်ထားတဲ့ပညာတွေပဲ အရင်ကျွမ်းကျင်အောင်လုပ်ပါ"

......

"ငါတို့ ကင်းလှည့်တပ်သားလုပ်နေတာ တစ်လရှိပြီ။ သရဲတစ်ချို့တော့ တွေ့သင့်ပြီမဟုတ်လား"

ချွီယီကောင်တီတွင် ကင်းလှည့်ရင်း မုန်ကျင်းကျိုးကပြောသည်။

အရိုးရိုင်းက သူတို့ကို ပြည်နယ်အဆင့်အရာရှိအဖြစ် ရာထူးတိုးပေးခဲ့သ်ေလည်း သူတို့လာရင်းရည်ရွယ်ချက်ကိုမမေ့။ လမ်းပေါ်တွင် ကင်းလှည့်သည့်အလုပ်ကိုသာ ဆက်လုပ်သည်။

"အရင်က သင်္ချိုင်းမြေမှာ သရဲတွေရှိခဲ့လောက်မယ်ထင်တယ်။ ကန္တာရနတ်ဆိုးမက စားပစ်လိုက်တာများလား"

လုယန်က သုံးသပ်သည်။

"မဖြစ်နိုင်ဘူး။ ဖုတ်ကောင်တွေက သရဲငယ်တွေကိုစားလေ့မရှိဘူး"

"ငါလည်းမသိဘူးလေ။ ဒါကြောင့်မင်းကို မေးနေတာ။ ဖုတ်ကောင်တွေအကြောင်းကို ငါလည်းနားမလည်ဘူး"

"တာဝန်ချိန်ပြီးရင် ကန္တာရနတ်ဆိုးကို သွားမေးကြမလား"

"ကောင်းသားပဲ"

စကားပြောနေကြရင်း ရုတ်တရက် လုယန်က လက်ထောင်ပြသည်။ မုန်ကျင်းကျိုး စကားရပ်လိုက်သည်။ သိစိတ်အာရုံဖြင့် ပြန်မေးသည်။

"ဘာဖြစ်တာလဲ"

လုယန် လမ်းရှေ့ဆီ လက်ညှိုးထိုးပြသည်။

"တစ်ခုခုတော့ ထူးဆန်းနေတယ်"

သန်းခေါင်ချိန်လမ်းများသည် ခြောက်ကပ်တိတ်ဆိတ်နေသည်။ သို့သော် မလှမ်းမကမ်းတွင် မှုန်ဝါးဝါးပုံရိပ်များ နှစ်ယောက်တစ်တွဲ သို့မဟုတ် အဖွဲ့လိုက်စု၍ စကားပြောနေကြသည်။

မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ ထိုပုံရိပ်များ၏ ထူးဆန်းသည့်မျက်နှာသွင်ပြင်ကို သတိထားမိသည်။

"သူတို့က သရဲတွေလား။ မဟုတ်ဘူး။ ဒါလည်းမဖြစ်နိုင်ဘူး။ သရဲတွေဆိုရင် သူတို့ယင်ချီကို ငါခံစားမိမှာပဲ။ အခုဘာမှအာရုံမခံမိဘူး"

ယင်ချီနှင့်ယန်ချီကို မုန်ကျင်းကျိုး ကောင်းကောင်းအာရုံခံနိုင်သည်။ သို့သော် ထိုလူများထံမှ အသက်ဓာတ်ကို လုံးဝအာရုံမခံမိ။

လူလည်းမဟုတ် သရြလည်းမဟုတ်သည့် ဖြစ်တည်မှုမျိုးလော...

အခြေအနေက ပုံမှန်မဟုတ်ကြောင်း နားလည်ကြသည်။ ထို့ကြောင့် စွမ်းအင်ရောင်ဖုံးကွယ်၍ တိတ်တဆိတ်ချဉ်းကပ်သွားသည်။

"ရိုးရာပွဲအခမ်းအနားက ပြီးသလောက်ရှိနေပြီ။ အရေးကြီးတဲ့အချိန်ကျမှ အမှားအယွင်းမဖြစ်စေနဲ့"

"စိတ်ချပါ။ ငါတို့ မင်းစိတ်ပျက်အောင် ဘယ်တုန်းကလုပ်ဖူးလို့လဲ။ ဘာပြဿနာမှမဖြစ်စေရဘူး"

"အဲလိုပဲ ဖြစ်ပါစေကွာ"

သူတို့ပြောနေသည့်စကားကို နားထောင်ရင်း လုယန်တို့နှစ်ယောက် တွေးရခက်နေသည်။ ဘာရိုးရာပွဲမှန်းမသိ။

"မင်းတို့ဘယ်သူတွေလဲကွ"

လုယန် ဖုံးကွယ်ထားသည့်စွမ်းအင်ကို ပြန်လွှတ်ပြီး မျက်မှောင်ကျုံ့၍ မေးလိုက်သည်။

သို့သော် ထိုလူများက သူတို့ကို လုံးဝမမြင်သလိုလုပ်နေသည်။ သူတို့ချင်းသာ စကားဆက်ပြောနေသည်။

လုယန် လက်ကိုဆန့်၍ လှမ်းကိုင်သည်။ သို့သော် သူ့လက်က လေကိုသာဖမ်းမိသည်။ မြင်နေရသော်လည်း ထိတွေ့၍မရ။

"ဘာတွေဖြစ်နေတာလဲ။ ပုံရိပ်ယောင်လား"

မုန်ကျင်းကျိုး မျက်မှောင်ကျုံ့သွားသည်။ အပြင်လောကတွင် လှည့်လည်သွားလာခဲ့သည့် သက်တမ်းတလျှောက် ထိုအဖြစ်မျိုး တစ်ခါမှမကြုံဖူး။

လုယန် ခေါင်းခါသည်။

"မဟုတ်ဘူး။ ငါ့ကျင့်စဉ်ပညာအကြောင်း မင်းသိတာပဲ။ ပုံရိပ်ယောင်က ငါ့ကိုမလှည့်စားနိုင်ဘူး"

ပြောသာပြောလိုက်ရသည်။ သူလည်း သိပ်မသေချာလှ။

ထိုလူများက ဤနေရာတွင် တကယ်မရှိသလိုဖြစ်နေသည်။

"နတ်မယ်။ ဒါက ဘာတွေဖြစ်နေတာလဲ"

တွေးမရတော့သဖြင့် လုယန် နတ်မယ်ကို အကူအညီတောင်းရသည်။

"ဪ..ဒါက လေဟာနယ်ပုံရိပ်ပါ"

"လေဟာနယ်ပုံရိပ်..ဟုတ်လား"

"လေဟာနယ်လောကတစ်ခုမှာ အက်ကြောင်းပေါ်လာရင် ဒါမျိုးဖြစ်တတ်တယ်။ အဲဒီ့လေဟာနယ်နယ်မှာရပ်နေတဲ့ လူတွေရဲ့ပုံရိပ်တစ်ချို့က ဒီလေဟာနယ်မှာ ပေါ်လာတာပါ။

သူတို့ခန္ဓာကိုယ်အစစ်က တစ်ခြားလေဟာနယ်မှာ ရှိနေတာ။ ဒါကြောင့် နင်သူတို့ကို ထိကိုင်လို့မရတာ"

"လေဟာနယ်ပုံရိပ်ပေါ်တာမျိုးက ရှားသလား"

လျှို့ဝှက်နယ်မြေများ လေဟာနယ်လောကများ လုယန် အတော်များများမြင်ဖူးသည်။ သူ့ချင်ဖုန်းဓားမှာပင် လေဟာနယ်ကမ္ဘာငယ်တစ်ခုပါသည်။ သို့သော် လေဟာနယ်ပုံရိပ်ကို တစ်ခါမှမမြင်ဖူး။

နတ်မယ် ခေါင်းငြိမ့်သည်။

"အတော်ရှားတယ်။ ငါလည်း လေးငါးခါပဲ မြင်ဖူးတာ"

လုယန် အံ့အားသင့်သွားသည်။ တကယ်တွေ့ရခဲသည့် ကိစ္စဖြစ်သည်။

"အဓိကအားဖြင့်တော့ မတည်ငြိမ်တဲ့ လေဟာနယ်ရဲ့ အက်ကြောင်းတွေကြောင့် လေဟာနယ်ပုံရိပ်ဖြစ်တာပါ။ ဟောနယ်တည်ဆောက်တဲ့ ကျင့်ကြံသူက လုံလောက်တဲ့အရည်အချင်းမရှိရင် လေဟာနယ်မတည်မငြိမ်ဖြစ်လာတယ်။

ပုံမှန်ကတော့ လေဟာနယ်ပညာ ကျွမ်းကျင်တယ်မကျွမ်းကျင်ဘူးဆိုတာ ကျင့်ကြံသူတွေက ကိုယ့်ကိုယ်ကိုသိကြပါတယ်။ ကျွမ်းကျင်တဲ့လူတွေက လေဟာနယ်နည်ဆောက်တယ်။ မကျွမ်းကျင်တဲ့လူက မဆောက်ဘူး။

ကိုယ့်အရည်အချင်းကိုယ်မသိဘဲ စိတ်ရူးပေါက်ပြီး လေဟာနယ်တည်ဆောက်တဲ့လူမျိုးက တွေ့ရခဲတယ်လေ။

ဟိုအရိုင်းမျိုးနွယ်လေးပြောတဲ့ သရဲခြောက်တယ်ဆိုတာ လေဟာနယ်ပုံရိပ်တွေပဲဖြြစ်မယ်။ ဒီလိုဖြစ်နေတာ လေးလကြာပြီ။ လေးလကြာတာတောင် လေဟာနယ်သခင်က အက်ကြောင်းရှိမှန်းမသိသေးဘူးဆိုတော့ သူ့ကျွမ်းကျင်မှုအဆင့်ကို နင်တွေးကြည့်ပေါ့"

လေဟာနယ်ပုံရိပ်မှလူများက စားကားပြောနေဆဲဖြစ်သည်။

"စိတ်ချပါ။ ရိုးရာပူဇော်ပွဲက ဘာမှပြဿနာမရှိနိုင်ပါဘူး။ ကြည့်လေ၊ ရိုးရာပွဲကို လတိုင်းအကြိုစမ်းသပ်ပွဲလုပ်နေတာ အခုဆို လေးကြိမ်ရှိသွားပြီ။ အဆင်ပြေနေတာပဲမဟုတ်လား"

လုယန် "..."

ငါတော့ မင်းတို့အကြိုစမ်းသပ်တာ အဆင်မပြေဘူးလို့ ထင်တယ်ကွာ..

****************************************

All Chapters