အခန်း (၁၂၁၆-၁၂၁၈)
Vol. 82 Ch. 1216-1218
အခန်း(၁၂၁၆) ဓားပွဲတော်တက်ခဲ့သူများ
(**တရားသူကြီးဆိုသည်မှာ နယ်စားပင်ဖြစ်သည်။ အပိုင်နယ်မြေမှ အမှုကိစ္စအားလုံးကို စီရင်ပိုင်ခွင့်ရှိသည်)
တစ်ချို့အရာများကို အပေါ်ယံအမြင့်ဖြင့် ဆုံးဖြတ်၍မရဟု မုန်ကျင်းကျိုးခံစားရသည်။
နေ့ခင်းပိုင်း ချွီယီကိုရောက်ချိန်တွင် အရာအားလုံး ငြိမ်းချမ်းနေသလိုထင်ရသည်။ အရိုးရိုင်း၏ အုပ်ချုပ်ရေးစွမ်းရည်ကို ချီးကျူးခဲ့သည်။
သို့သော် ညအချိန်ရောက်မှ အခြေအနေမှန်က ပေါ်လာသည်။
နှစ်ယောက်လုံး တပ်သားဝတ်စုံဖြင့် လမ်းများပေါ် ကင်းလှည့်သည်။ လက်ဖက်ရည်တစ်ခွက်စာအချိန်မပြည့်မီ နှစ်ကြိမ်တိုက်ခိုက်ခံရသည်။
သူတို့ညီအကိုနှစ်ယောက် စွမ်းအားနည်းနည်းရှိ၍သာ တော်သေးသည်။
မတွေးတော့။ အကိုကြီးတစ်ယောက်အနေဖြင့် ညီငယ်အခြေအနေနှင့် လိုက်လျောညီထွေနေရမည်။ သူနှင့်လုယန် ချွီယီကောင်တီငြိမ်းချမ်းအောင်လုပ်ပေးပြီး အရိုးရိုင်းကို ကူညီရမည်။
"ဟာ..."
မုန်ကျင်းကျိုးစဉ်းစားနေစဉ် လောင်ဝမ်က တအံ့တဩရေရွတ်သည်။ အစကတည်းက ဤတိုက်ကွက်ကို ကြိုတင်ပြင်ဆင်ထားသည်။ နတ်ဆိုးဓားကို သွေးတိုက်ကျွေးပြီး စွမ်းအားမြှင့်ခဲ့သည်။
ဘာကြောင့် ထိုလူက လက်နှစ်ချောင်ဖြင့် ညှပ်ထားနိုင်သည်မသိ။
ဓားတစ်ရာအဖွဲ့မှလူများပင် ထိုသို့လုပ်နိုင်စွမ်းရှိမည်မထင်။
လောင်ဝမ် သူ့လက်ဝါးကို ဓားသွားတလျှောက် ဆွဲချလိုက်သည်။ သွေးများ အဆက်မပြတ်စီးကျလာသည်။ အားလုံးကို နတ်ဆိုးဓားကစုပ်ယူသည်။ ထိုဓားက သိစိတ်ရှိသည်။
သို့သ်ေ လတ်ဆတ်သည့်သွေးကို အချိန်အတော်ကြာ မသောက်ခဲ့ရသဖြင့် အိပ်မောကျနေခဲ့သည်။
ယခု လောင်ဝမ်၏သွေးကို လုံလောက်အောင် သောက်သုံးလိုက်ရသဖြင့် အိပ်ပျော်နေရာမှ နိုးထလာသည်။
လောင်ဝမ်က နတ်ဆိုးဓားကို ရှေ့ဆက်တိုးဖို့ တိုက်တွန်းသည်။ သို့သော် ဓားက အဝီဝီအော်မြည်နေသည်။ ကြောက်စရာကောင်းသည့် အရာတစ်ခုကို ကြုံတွေ့နေရပုံမျိုးဖြစ်သည်။
တုန်တုန်ရင်ရင်ဖြင့် အတင်းနောက်ဆုတ်သည်။ သူ့ရှေ့မှလူကို ရင်ဆိုင်ရဲပုံမပေါ်။
"မင်းဘယ်သူလဲ"
သွေးဓားပင် ကြောက်ရသည့်လူ။ ထိုအဖြစ်ကို လောင်ဝမ်နားမလည်နိုင်တော့။
လုယန်က တပ်သားဝတ်စုံအင်္ကျီက်ောလာကို ဆွဲပြ၍ စိတ်ပျက်လက်ပျက်လေသံဖြင့် ပြောသည်။
"ခင်ဗျားကို ပြောပြီးသားပဲမဟုတ်လား။ ကျုပ်တို့က ကောင်တီရုံးတော်က အရာရှိတွေပါ။ ကျုပ်မျိုးရိုးကလု၊ သူ့မျိုးရိုးနာမည်ကမုန်"
ချွီယီမှလူများသည် တကယ်ကြမ်းတမ်းသည်။ ကိုယ်လက်ကိုဓားဖြင့်လှီး၍ သွေးထွက်တောင်လုပ်ကြသည်။
လုယန် နောက်ဘက်မှ သတိလစ်နေသည့်လူနှစ်ယောက်ကို ဆွဲထုတ်သည်။
"ကျုပ်တို့ကင်းလှည့်နေတုန်း ဒီလူမိုက်နှစ်ယောက်ကို တွေ့ခဲ့တာ။ မေးမြန်းစစ်ဆေးကြည့်တော့ သူတို့ရည်ရွယ်ချက်ကို သိရတယ်။
ဒါကြောင်ကျုပ်တို့ အခြေအနေလာစုံစမ်းတာပါ"
လူနှစ်ယောက်၏အင်္ကျီရင်ဘတ်မှ တံဆိပ်များကိုကြည့်၍ လောင်ဝမ်မျက်လုံးပြူးသွားသည်။
"ဓားတစ်ရာမဟာမိတ်ကလူတွေပဲ"
"သူတို့က ခင်ဗျားဆီကို လာတာလို့ပြောတယ်။ ခုနက ဒီနှစ်ယောက်ကို မေးမြန်းတာ နည်းနည်းကြမ်းသွားလို့ သိချင်တာအကုန်မမေးရသေးခင် သတိလစ်သွားကြတယ်။
ခင်ဗျားက သူတို့ပစ်မှတ်ဆိုတော့ တစ်ခုခုသိမှာပါ။ သူတို့ဘာလို့ ခင်ဗျားကိုလာရှာလဲဆိုတာ ပြောပြပါ"
လောင်ဝမ် ခဏတုံ့ဆိုင်းသွားသည်။ ထိ့နောက် ကျိတ်၍သက်ပြင်းချသည်။ ဤတပ်သားနှစ်ယောက်သည် သာမန်မဟုတ်နိုင်။ လိမ်ညာဖုံးကွယ်၍လည်း ရမည်မဟုတ်။
"လွန်ခဲ့တဲ့ နှစ်တစ်ရာက ကျုပ်တို့ဘိုးဘေးစည်းမျဉ်းကို ချိုးဖောက်ပြီး နတ်ဆိုးဓားတစ်လက် ကျုပ်ဖန်တီးခဲ့မိတယ်..."
ရှောင်ဝမ်ကို ပြောခဲ့သည့်အကြောင်းများကို သူနောက်တစ်ကြိမ်ထပ်ပြောသည်။
ထိုသို့ပြောနေရင်း လုယန်တို့နှစ်ယောက်၏ အမူအရာကို အကဲခတ်နေသည်။ သို့သော် ထိုနှစ်ယောက်၏စိတ်ကို သူခန့်မှန်းမရ။ အမူအရာလုံးဝမပြောင်းလဲ။
"သဘောပေါက်ပါပြီ"
လုယန်တို့နှစ်ယောက် ခေါင်းငြိမ့်သည်။ အတော်လေးရိုးရှင်းသည့် သာမန်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်။ ဘာမှအံ့ဩစရာမရှိ။
"ဒါပေမယ့် ဓားတစ်ရာမဟာမိတ်ဆိုတဲ့အဖွဲ့ကို ကျုပ်တို့တစ်ခါမှမကြားဖူးဘူး"
မသေမျိုးငါးဂိုဏ်းမှ တတိယအဆင့်ဂိုဏ်းများအထိ နာမည်အတော်များများကြားဖူးသော်လည်း ဤနာမည်ကိုမကြားဖူး။
လောင်ဝမ် ခေါင်းခါနေသည်။ ဓားတစ်ရာမဟာမိတ်အကြောင်း သူလည်းသိပ်မသိ။ အဆင့်မြင့်စွမ်းအားရှင်များ ရှိကြောင်းသာသိသည်။
သူနှင့်အဆင့်တူစွမ်းအားရှင် များစွာရှိသည်။
လျှို့ဝှက်ချက်ကြီးတစ်ခု ထုတ်ပြောနေရဟန်ဖြင့် လောင်ဝမ် လေသံကိုနှိမ့်လိုက်သည်။
"ဓားတစ်ရာမဟာမိတ်ကို ရုံးတော်အရာရှိတစ်ယောက်က ထောက်ပံ့ပေးထားတယ်လို့ပြောတယ်"
"ဟား၊ အခုမှ စိတ်ဝင်စားစရာကောင်းလာတယ်"
လုယန် ခပ်ညှင်းညှင်းရယ်၍ မုန်ကျင်းကျိုးကို မျက်ရိပ်ပြလိုက်သည်။ မုန်ကျင်းကျိုးက ဖမ်းထားသူနှစ်ယောက်ကို ရေအေးဖြင့်လောင်းချပြီး သွေးကြောဆုံများကို ဆိတ်လိုက်သည်။ ဓားတစ်ရာအဖွဲ့ဝင်နှစ်ယောက် ပြန်သတိရလာသည်။
"ဘာမဟုတ်တဲ့ မင်းတို့ကင်းလှည့်တပ်သားနှစ်ယောက်က ဓားတစ်ရာအဖွဲ့ဝင်တွေကို လာပြီးရန်စရဲတယ်ပေါ့။ အသက်ရှင်ရတာ ငြီးငွေ့နေ-"
မုန်ကျင်းကျိုး စိတ်မရှည့်တော့သဖြင့် မျက်နှာကိုဖြတ်ရိုက်လိုက်သည်။
"တိတ်တိတ်နေစမ်း။ မေးတာကိုပဲဖြေပါ။ မင်းတို့ဓားတစ်ရာမဟာမိတ်ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ။ ငါတို့တစ်ခါမှမကြားဖူးဘူး"
"ဟား၊"
တစ်ယောက်က လှောင်ပြုံးပြုံးသည်။
"လောကကြီးက မင်းတို့ထင်သလောက် မရိုးရှင်းဘူးကွ။ အလင်းရှိရင် အမှောင်ဆိုတာရှိတယ်။ ဂိုဏ်းတွေရဲ့ 'အဆင့်'ဆိုတာက လူမြင်ကွင်းမှာ စွမ်းအားခွဲခြားသတ်မှတ်တာပါပဲ။
ငါတို့ဓာတစ်ရာမဟာမိတ်က အမှောင်ထဲမှာလျှောက်နေတဲ့ အဖွဲ့အစည်းပါ"
လုယန် ခေါင်းငြိမ့်သည်။ ထိုစကားကို ဘာသာပြန်သည်။
"ဒါဆို မှတ်ပုံတင်မထားတဲ့ တရားမဝင်အဖွဲ့အစည်းပေါ့"
"ကောင်လေး၊ မင်းစကားကိုကြည့်ပြောစမ်း"
နောက်တစ်ယောက်က ဒေါသတကြီးပြောသည်။ လုယန် သူတို့မဟာမိတ်အဖွဲ့ကို စော်ကားနေသည်ဟု ယူဆသည်။
"ငါတို့ဓားတစ်ရာအဖွဲ့ရဲ့ရည်ရွယ်ချက်က တစ်လောကလုံးမှာရှိတဲ့ ကောင်းကင်ဓားတွေကို စုစည်းဖို့ပဲ။ အဖွဲ့ဝင်တိုင်း ကောင်းကင်ဓားတစ်လက်စီပိုင်ဆိုင်တယ်။
ဓားတိုင်းကလည်း ပြိုင်ဘက်ကင်းစွမ်းအားရှိတယ်။ ငါ့ရဲ့ သရဲဘုရင်ဝိညာဉ်ဖျက်ဓားက ဝိညာဉ်သုံးခုလိပ်ပြာခုနစ်ပါးကို ဖျက်ဆီးနိုင်တယ်။ သူ့ရဲ့ လျှပ်စီးနဂါးဓားက လျှပ်စီးကိုဆင့်ခေါ်နိုင်တယ်ကွ။
ငါတို့ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်က မခန့်မှန်းနိုင်လောက်အောင် စွမ်းအားကြီးတယ်။ သူတို့က ဓားမျှော်စင်ရဲ့ ဓားပွဲတော်မှာ ဝင်ပြိုင်ခဲ့တဲ့ ဝိညာဉ်ပြောင်းအဆင့်ဓားသမားတွေပဲ"
"ဓားပွဲတော်.."
ရင်းနှီးနေသည့် နာမည်ကို အခုမှ လုယန်စကြားရသည်။ နည်းနည်းအံ့အားသင့်သွားသည်။
ဓားပွဲတော်တက်နိုင်သည့်ကိစ္စက ကြွားလုံးထုတ်စရာလော...
ဓားကျင့်ကြံသူမျှန်လျှင် ဓားပွဲတော်သို့ တက်ခွင့်ရှိသည်ဟု ထင်ခဲ့သည်။ အဆင့်သတ်မှတ်ချက်ရှိကြောင်း မသိခဲ့။
သူအံ့အားသင့်နေသည်ကိုကြည့်၍ ဓားတစ်ရာအဖွဲ့ဝင်နှစ်ယောက် လှောင်ပြုံးပြုံးသည်။
"အခု မင်းဘယ်လိုအဖွဲ့အစည်းကို ရန်စမိတယ်ဆိုတာ သိသွားပြီမဟုတ်လား"
မုန်ကျင်းကျိုးက နှစ်ယောက်လုံးကို ပိတ်ကန်လိုက်သည်။
"အင်အားကြီးအဖွဲ့အစည်းတစ်ခုခုများလားလို့ ထင်ထားတာ။ လက်စသပ်တော့ ဘာမဟုတ်တဲ့ တတိယအဆင့်ဂိုဏ်းလောက်နဲ့ စကားကြီးစကားကျယ်လာပြောနေတာပဲ"
တတိယအဆင့်ဂိုဏ်းလောက်...
ဓားတစ်ရာအဖွဲ့ဝင်နှစ်ယောက်နှင့် လောင်ဝမ် ကိုယ့်နားကိုယ် မယုံနိုင်အောက်ဖြစ်သွားသည်။ တတိယအဆင့်ဂိုဏ်းသည် ထိုမျှနုံချာသလော...
"ငါတို့ညကင်းတာဝန်လှည့်ရင်း ဒီကိစ္စ မြန်မြန်ပြတ်အောင် ရှင်းကြတာပေါ့။ လမ်းပေါ်ရောက်မှ ဓားတစ်ရာအဖွဲ့အကြောင်း မေးကြမယ်"
လုယန် အဖွဲ့ဝင်နှစ်ယောက်ကိုဆွဲ၍ ထွက်သွားရန်ပြင်သည်။
လောင်ဝမ်က တားသည်။
"ခဏနေပါဦး၊ ခင်ဗျးတို့ကျုပ်ကို မဖမ်းဘူးလား"
လုယန်တို့နှစ်ယောက် အူကြောင်ကြောင်ဖြစ်သွားသည်။
"ဘာလို့ဖမ်းရမှာလဲ။ ကျုပ်တို့ကို တိုက်ခိုက်ခဲ့တာအတွက်လား။ အခုအခြေအနေအားလုံးရှင်းသွားပြီပဲလေ။ ခင်ဗျားက ကျုပ်တို့ကို ဓားတစ်ရာအဖွဲ့ဝင်တွေလို့ထင်သွားပြီး တိုက်ခိုက်ခဲ့တာပဲ။ ဒါက ခွင့်လွှတ်ပေးလို့ရပါတယ်"
"နတ်ဆိုးဓားတစ်လက် ကျုပ်ဖန်တီးခဲ့တယ်လေ"
"အဘိုး၊ ထွက်မသွားပါနဲ့"
ရှောင်ဝမ်က လောင်ဝမ်ကိုအတင်းဆွဲ၍ ငိုယိုနေသည်။
လောင်ဝမ်က ရှောင်ဝမ်ခေါင်းကို ကြင်နာစွာပွတ်သပ်၍ ထိုကလေးကို သူစတွေ့ခဲ့စဉ်က အချိန်ကို ပြန်သတိရလာသည်။
"အချိန်ကုန်တာတွေ မြန်လိုက်တာ။ မင်းတောင် ဒီအရွယ်ရောက်လာပြီ။ အဘိုးမင်းနဲ့အတူ ဆက်မနေနိုင်တော့တာ ဆိုးတာပဲ။ ဒီနှစ်ပိုင်းတွေမှာ နေ့ရောညပါ အဘိုးစိတ်ပင်ပန်းခဲ့တယ်။
နတ်ဆိုးဓားကိုသာ မဖန်တီးခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။ အဘိုးရဲ့လက်ကျန်သက်တမ်းကို ထောင်ထဲမှာပဲ ကုန်ဆုံးရလောက်တယ်။ ဒါပေမယ့် အဘိုးစိတ်ဖြေသာပါတယ်"
လုယန်တို့နှစ်ယောက် နားထောင်လေလေ အံ့ဩလေဖြစ်လာသည်။
"နတ်ဆိုးဓားတစ်လက်လုပ်တာ ရာဇဝတ်မှုမဟုတ်ပါဘူး"
"ဒါတော့မဖြစ်နိုင်ဘူး"
လောင်ဝမ်က သူ့အင်္ကျီလက်ထဲမှ စာအုပ်ဟောင်းတစ်ခုဆွဲထုတ်လိုက်သည်။ နတ်ပန်းပဲဝမ်မိသားစု၏ ဘိုးဘေးစည်းမျဉ်းများ ဖြစ်သည်။
"နတ်ဆိုးဓား မသွန်းရဘူးဆိုတဲ့ ကျုပ်တို့ဘိုးဘေးစည်းမျဉ်းတစ်ခုရှိတယ်။ ဒါက တရားဥပဒေနဲ့မညီလို့ပါ"
လုယန် ခဏအသံတိတ်သွားသည်။
"ဒီဘိုးဘေးစည်းမျဉ်းစာအုပ်ကို ဘယ်တုန်းကရခဲ့တာလဲ"
လောင်ဝမ်က ဂုဏ်ယူဝင့်ကြွားသည့်ဟန်ပန်ဖြင့် နတ်ပန်းပဲဝမ်မိသားစု၏ သမိုင်းကြောင်းကို ပြောသည်။
"ကျုပ်တို့နတ်ပန်းပဲဝမ်မိသားစုက တစ်သီးတစ်ခြား ကိုယ့်ဘာသာနေကြတဲ့ မိသားစုပါ။ နှစ်တစ်သောင်းကြာအောင် တည်တံ့ခဲ့တယ်။ ဒီတော့ ဒီစာအုပ်ကလွန်ခဲ့တဲ့ နှစ်တစ်သောင်းကရေးခဲ့တာပေါ့"
လုယန် ခေါင်းတစ်ချက်ငြိမ့်သည်။
"ဒါဆိုရှင်းသွားပြီ"
"ဘာကိုရှင်းတာလဲ"
"ရာဇဝတ်ဥပဒေကို လွန်ခဲ့တဲ့နှစ်ရှစ်ထောင်က ပြန်ပြီးပြင်ဆင်ခဲ့တယ်။ နတ်ဆိုးဓားသွန်းလုပ်တာတွေ တားမြစ်တဲ့ဥပဒေကို ဖယ်ထုတ်လိုက်ပြီ။ နတ်ဆိုးဓားတစ်လက် အန္တရာယ်ပေးနိုင်မပေးနိုင်ဆိုတာက အသုံးချတဲ့အပေါ်မှာပဲ မူတည်တယ်လေ။
ဒီနတ်ဆိုးဓားက ကိုယ်ပိုင်သွေးနဲ့ အဟာရကျွေးပြီး ပြုစုပျိုးထောင်ဖို့ တကယ်သင့်တော်တယ်။ လုံလောက်တဲ့အဟာရစွမ်းအားရရင် ဓားဝိညာဉ်တစ်ခုတောင် ပေါ်လာနိုင်တယ်"
ထွက်မသွားမီ လုယန်က လောင်ဝမ်ကို စာအုပ်တစ်အုပ်ထုတ်ပေးသည်။
"ဥပဒေအကြောင်း မသိတဲ့လူတွေကို ဉာဏ်အလင်းပြဖို့ ကျုပ်တို့အရာရှိတပ်သားတွေမှာ တာဝန်ရှိတယ်။ ဒါက နောက်ဆုံးတည်းဖြတ်ထားတဲ့ ရာဇဝတ်ဥပဒေစာအုပ်ပါ။ ခင်ဗျားအားတဲ့အချိန် လေ့လာပေါ့။ အကြောင်းမရှိ အကြောင်းရှာပြီး ကြောက်မနေနဲ့"
*********************************
အခန်း (၁၂၁၇) သတင်းကောင်းရှိတယ်
ဓားတစ်ရာမဟာမိတ်သည် တတိယဂိုဏ်းတစ်ခုနှင့် တန်းတူအဆင့်ရှိသည်။ ခေါင်းဆောင်နှင့်ဒုခေါင်းဆောင်က ဝိညာဉ်ပြောင်းအဆင့်ဖြစ်သည်။ တိုက်ခိုက်စွမ်းအားကြောင့် နာမည်ကျော်သည့် ဓားကျင့်ကြံသူများဖြစ်သည်။
အဆင့်တူကြားတွင် သူတို့ကိုယှဉ်နိုင်သူရှားသည်။
ဝိညာဉ်ပြောင်းအဆင့်ခေါင်းဆောင်များရှိသည်ဖြစ်၍ တတိယအဆင့်ဂိုဏ်းဟု သတ်မှတ်နိုင်သည်။ အလတ်တန်းဂိုဏ်းတစ်ခုဖြစ်သည်။ ထို့ပြင် ဓားတစ်ရာအဖွဲ့ဝင်များသည် အရိုင်းနယ်မြေတစ်ခွင် ပျံ့နှံ့နေသည်။ ဖမ်းဆီးနိုင်ဖို့ နည်းနည်းခက်သည်။
ခေါင်းဆောင်နှစ်ယောက်ကို ဖမ်းမိဖို့ပင်ခက်သည်။ တစ်ဖွဲ့လုံးကို ညတွင်းချင်းရှင်းနိုင်ဖို့ မလွယ်လှ။
"ငါတို့အချိန်မရဘူး။ ဒီတော့ မင်းတို့အဖွဲ့အကြောင်း မြန်မြန်ပြောပါ။ မဟုတ်ရင် မင်းတို့ကို ဝိညာဉ်မှတ်ဉာဏ်ရှာမယ်"
လုယန် အတက်အကျမရှိသည့်လေသံဖြင့်ပြောသည်။ သို့သော်ပြောသည်စကားက ခြောက်ခြားစရာကောင်းသည်။
"လောင်လု၊ နှစ်ယောက်လုံးခေါ်သွားစရာမလိုဘူး။ တစ်ယောက်ဆိုလုံလောက်ပြီ။ ဝိညာည်မှတ်ဉာဏ်သာရှာလိုက်။ ဓားတစ်ရာဂိုဏ်းကို ငါတို့ဘယ်လိုခြေရာခံခဲ့သလဲဆိုတာ ရှင်းပြနိုင်ဖို့ တစ်ယောက်ခေါ်သွားရင်ရပြီ"
ဝိညာဉ်မှတ်ဉာဏ်ရှာဖွေပြီး အလောင်းကို မြေမြှုပ်လိုက်လျှင် ဘယ်သူမှသိမည်မဟုတ်။ ရိုးရှင်းလွယ်ကူသည်။
"မလုပ်နဲ့၊ မလုပ်နဲ့။ ပြောပါ့မယ်။ ကျုပ်တို့ပြောပါ့မယ်"
ဓားတစ်ရာအဖွဲ့ဝင်နှစ်ယောက် တုန်လှုပ်သွားသည်။ ထိုတပ်သားနှစ်ယောက်တွင် ဘယ်လိုနောက်ခံမျိုးရှိသည်မသိ။ ကျင့်စဉ်စွမ်းအားထူးခြားသည်။ ရက်စက်ကြမ်းတမ်းသည်။
သူတို့နှစ်ယောက် ဝန်ခံထွက်ဆိုပြီးနောက် ဓားတစ်ရာမဟာမိတ်အကြောင်း လုယန် အကြမ်းဖျင်းနားလည်လာသည်။
ဓားကျင့်ကြံသူများဖြင့် တည်ထောင်ထားသည့် အဖွဲ့အစည်းဖြစ်သည်။ လောကတစ်ခွင့်မှ နာမည်ကျော်ကြားသည့် ဓားများကို ရသမျှနည်းဖြင့် စုစည်းသည်။
အဖွဲ့ဝင်များ အရိုင်းနယ်မြေတစ်ခုလုံး ပျံ့နှံ့နေသည်။ နာမည်အတော်ကျော်ကြားသည်။ သူတို့ဆက်လက်ရပ်တည်နိုင်သည်မှာ ဓားစုစည်းရသည်ကိုနှစ်သက်သည့် အရာရှိတစ်ယောက်က ထောက်ပံ့ကူညီနေသောကြောင့်ဖြစ်သည်။
သို့သော် ဘယ်အရာရှိမှန်းတော့ မသိရ။ ခေါင်းဆောင်နှင့်ဒုခေါင်းဆောင်သာ သူ့အကြောင်းသိသည်။
ဓားတစ်ရာအဖွဲ့ဌာနချုပ်သည် ကျုန်းရှန်ကောင်တီမြို့ မှောင်ခိုဈေးတွင် တည်ရှိသည်။
"နာမည်ကျော်အဖွဲ့အစည်းဆိုတာကလွဲရင် ကျန်တာတွေ မှန်လောက်ပါတယ်"
လုယန်က ပြောသည်။
အရင်က သူနှင့်လောင်မုန် အရိုင်းနယ်မြေသို့ ရောက်ဖူးသည်။ မူပိုင်ယိနှင့် ပထမဆုံး ဆုံခဲ့ရသည်။ ယုအင်ပါယာဝူယွီထောင်ကို ဖမ်းဆီးခဲ့သည်။
အရိုင်းနယ်မြေတွင် အတော်ကြာအောင်နေခဲ့သော်လည်း ဓားတစ်ရာအဖွဲ့အကြောင်း လုံးဝသတင်းမကြားခဲ့။
"ဌာနချုပ်ကို အရင်ရှင်းတာပေါ့။ နေရာက သိပ်မဝေးပါဘူး"
ချွီယီကောင်တီသည် ကျုန်းထန်ပြည်နယ်၏ ကောင်တီနှစ်ဆယ်ထဲမှ တစ်ခုဖြစ်သည်။
"သွားကြစို့"
ညက မှောင်မိုက်၍ လေထန်နေသည်။ စခန်းသိမ်းတိုက်ခိုက်ဖို့ သင့်တော်သည်။ သဏ္ဌာန်လေးခု လျင်မြန်စွာပျံသန်းပြီး ကျုန်းရှန်မြို့နံရံများကို ဖြတ်ကျော်ခဲ့သည်။
ယခုမှအသစ်ဝင်လာသည့် တပ်သားနှစ်ယောက် ထိုမျှကြီးမားသည့် အမှုတစ်ခုကို ကိုင်တွယ်နေရသည်။ လုံးဝစိုးရိမ်ပူပန်ခြင်းမရှိပါဟုပြောလျှင် လိမ်ရာကျမည်။
သို့သော် ဘယ်လိုဖြစ်ဖြစ် ရန်သူကိုအလွတ်မပေးနိုင်။
မှောင်ခိုဈေးသို့ရောက်သည်နှင့် ဝိညာဉ်အာာရုံ ဈေးတစ်ခုလုံးဖြန့်လိုက်သည်။ ဓားတစ်ရာအဖွဲ့များ တစ်ယောက်မှလွတ်မသွားစေချင်။
ဌာနချုပ်စခန်းဂိတ်တံခါးက မြေအောက်တွင်ရှိသည်။ ထူးဆန်းသည့် ကျောက်တုံးတစ်ခုဖြင့် ဖန်တီးထားသည်။ စကားဝှက် ရွတ်ဆိုမှ တံခါးကိုဖွင့်နိုင်သည်။
ဂိတ်တံခါးက လူနှစ်ယောက် ချဉ်းကပ်လာသည်ကို အာရုံခံမိပြီးနောက် ကြောက်စရာကောင်းသည့် လူသားမျက်နှာတစ်ခု ကျောက်တံခါးပေါ်တွင် ပေါ်လာသည်။
"စကားဝှက်ပြေပါ"
လုယန် ထိုမျက်နှာကို အရေးမစိုက်ဘဲ တံခါးကိုတွန်းဖွင့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"တစ်ယောက်မှ မလှုပ်နဲ့။ လက်တွေခေါင်းပေါ်တင်ပြီး ဆောင်ကြောင့်ထိုင်ပါ။ ငါတို့က ချွီယီကောင်တီက အရာရှိတွေပဲ။ ငါတို့သတင်းရထားတယ်။
မင်းတို့အဖွဲ့အစည်းဟာ ခိုးမှု၊ လုယက်မှု။ အခွန်ရှောင်မှု။ တမင်တကာနာကျင်စေမှု၊ လူသတ်မှု စတဲ့တရားမဝင်လုပ်ရပ်တွေလုပ်နေတယ်လို့ သံသယရှိတယ်။
ခုခံရင် မင်းတို့ပြစ်မှုပိုတိုးလာရုံပဲရှိမယ်"
"ဘယ်က ကင်းလှည့်တပ်သားလေးတွေလဲ။ မင်းတို့အထက်အရာရှိကို ဆန့်ကျင်ရဲတယ်ပေါ့"
ဓားတစ်ရာအဖွဲ့တွင် စွမ်းအားကြီးသူ အတော်များများရှိသည်။ သူတို့ကိုင်သည့်ဓားများကြောင့် မှောင်ခိုဈေးတွင် ရာစုနှစ်ပေါင်းများစွာ ခြယ်လှယ်နိုင်ခဲ့သူများဖြစ်သည်။
"ရွှမ်ဟေးနဲ့ မြေပေါ်သခင်။ မင်းတို့က အဖွဲ့အစည်းကို သစ္စာဖောက်တယ်ပေါ့"
"ဘာမဟုတ်တဲ့ကောင်နှစ်ယောက်က ငါတို့ကိုသစ္စာဖောက်ရဲတယ်ပေါ့။ သူတို့ကိုပါ ရှင်းပစ်မယ်"
လုယန် ရုတ်တရက် အူကြောင်ကြောင်ဖြစ်သွားသည်။ ရွှမ်ဟေးနှင့် မြေပေါ်သခင်...။ ဘယ်သူ့ကိုပြေမှန်းမသိ။
ထို့နောက် သူနားလည်လာသည်။ ညသန်းခေါင်ချိန်က သူတို့ဖမ်းခဲ့သည့် လူနှစ်ယောက်ကို ပြောခြင်းဖြစ်မည်။
စစ်ဆေးမေးမြန်းစဉ်က ထိုနှစ်ယောက်နာမည်ကိုပင် မမေးခဲ့မိ။
ကိစ္စမရှိ။ ထိုနာမည်များကလည်း နာမည်ရင်းမဟုတ်လောက်။ နောက်ပိုင်း အမှုစွဲချက်တင်မှာ နာမည်စုံစမ်းတော့မည်။
ဓားတစ်ရာအဖွဲ့တိုင်း ကောင်းကင်ဓားတစ်လက်စီကိုင်ထားသည်။ ပုံသဏ္ဌာန်အမျိုးမျိုးကွဲပြားသည်။ ခြောက်ခြားစရာ နာမည်များရှိသည်။
တစ်ချို့ဓားများက လေဟာနယ်ကို ဖျက်ဆီးနိုင်သည်။ တစ်ချို့က ရာသီဥတုပြောင်းနိုင်သည်။ တစ်ချို့က မြေကိုထိန်းချုပ်နိုင်သည်။ တစ်ချို့က ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်သည်။
သို့သော် လုယန်အရေးမစိုက်။
"ဌာနေပြန်တဲ့ဓား"
ကောင်ကင်ဓားများ သူတို့သခင်လက်ထဲမှ ရုန်းထွက်ပြီး လုယန်ဆီ ချက်ချင်းလွင့်ပျံလာသည်။ ရှေးဟောင်းခေတ်အင်ပါယာတစ်ယောက်ကို လာရောက်ခစားသည့် လက်အောက်ခံများလိုပင်ဖြစ်သည်။
အဖွဲ့သားအားလုံး မယုံနိုင်အောင်ဖြစ်သွားသည်။ သူတို့သည် ထိုကောင်းကင်ဓားများ၏ သခင်ဖြစ်သည်။ ဓားများ၏ အသိအမှတ်ပြုမှု ရထားပြီးဖြစ်သည်။ ပုံမှန်ဆိုလျှင် တစ်ခြားလူများ သူတို့ဓားကို ထိန်းချုပ်၍မရနိုင်။
သူတို့သေမှသာ သခင်မဲ့ဓားများဖြစ်လာမည်။
ထိုတပ်သား ဘယ်သူမှန်းမသိ။ သူဘယ်လိုလုပ်လိုက်သည်မသိ။
"ဟားဟားဟား။ ကင်းလှည့်တပ်သားတွေထဲမှ စွမ်းအားရှင်တစ်ယောက် ဝင်ပုန်းနေတာပဲ"
မြေအောက်ခန်းမတစ်ဘက်ဆီမှ ရယ်သံနှစ်ခုလွင့်ပျံလာသည်။ အေးအေးလူလူလှမ်းလျှောက်လာသည့် ခြေသံများကြားရသည်။
"ခေါင်းဆောင်၊ ဒုခေါင်းဆောင်"
အဖွဲ့သားအားလုံး ပျော်သွားသည်။
"မင်းတို့နောက်ဆုတ်ပါ။ ဒိလူက အလွန်ရှားပါးတဲ့ ဓားပါရမီရှင်ပဲ။ သူ့ကို မင်းတို့မနိုင်ဘူး"
ခေါင်းဆောင်နှစ်ယောက် ဘေးချင်းယှဉ်၍ လျှောက်လာသည်။ သာမန်လူလိုထင်ရသည့် တပ်သားနှစ်ယောက်ကို စိတ်ဝင်စားဟန်ဖြင့်ကြည့်၍ ပြောသည်။
"အရိုင်းနယ်မြေမှာ ပန်းပဲဆရာတွေ အများကြီးရှိပေမယ့် ဓားကျင့်ကြံသူ အတော်နည်းတယ်။ ဒါကြောင့်လည်း နယ်ခံဓားကျင့်ကြံသူတွေကို အနိုင်ယူပြီး ဓားပွဲတော်ကိုတက်နိုင်ခဲ့တာ။
မင်းလိုဓားပညာရှင်မျိုး အရိုင်းနယ်မြေမှာ ရှိမယ်လို့ မထင်ခဲ့ဘူး။ ငါတို့ ဓားပွဲတော်သွားတက်တာက နီးတာကိုမလိုက်ဘဲ ဝေးတာကို အာရုံစိုက်ခဲ့သလို ဖြစ်ခဲ့တာပဲ။
အရိပ်မဲ့အသွင်မဲ့ အနန္တလေဟာနယ်ကမွေးဖွားတဲ့ ထိုက်ရှု။ ကဲ လာပါ၊ အတူတိုက်ကြရအောင်။ ငါ့ရဲ့ အနန္တယင်ယန်ဓားက ပြိုင်ဘက်မတွေ့ခဲ့တာ အတော်ကြာပြီ"
ခေါင်းဆောင်က ယင်ယန်ဓားကို ဆွဲထုတ်သည်။
"ကမ္ဘာလောက တည်မြဲနေတယ်။ ကြယ်တွေက အသွင်ပြောင်းတယ်။ ရှစ်မြှောင့်ကံကြမ္မာစက်ဝန်း ပြောင်းလဲနေတယ်။ ဆန်းကြယ်တဲ့လေဟာနယ်ကို ထုတ်ပြတယ်။ ငါ့ထိုက်ရှူဓားကို မင်းတို့ဘယ်နှစ်ချက်ခုခံနိုင်မဲ ကြည့်ရသေးတာပေါ့"
ဒုခေါင်းဆောင်က ထိုက်ရှုကောင်းကင်ဓားကို ဆွဲထုတ်သည်။
"ဒါက အနန္တယင်ယန်ဓားပဲ။ ဒီဓားကို ခေါင်းဆောင်မသုံးခဲ့တာ အတော်ကြာပြီမဟုတ်လား"
"ပြီးတော့ ထိုက်ရှုဓားရောပဲ။ တိုက်ကွက်ကိုးကွက်ရှိတယ်။ ဓားကွက်ခြောက်ခုထိ ခံနိုင်ရည်ရှိတဲ့လူ အတော်ရှားတယ်။ ကိုးကွက်လုံးခံနိုင်ရည်ရှိတဲ့လူ တစ်ယောက်မှမပေါ်သေးဘူး။
ခေါင်းဆောင်နှင့်ဒုခေါင်းဆောင်တို့ သူတို့ဂုဏ်ယူအားထားသည့် ဓားများကို လှုပ်ရှားလိုက်သည်။ ဓားချက်များက ဆန်းကျယ်သည်။ အသိခက်သည်။ သူတိုဘယ်လိုစွမ်းရည်ရှိမှန်း မသိနိုင်။
"ဘုန်း ဘုန်း"
မုန်ကျင်းကျိုး လက်သီးနှစ်ချက်ဆင့်ထိုးလိုက်သည်။ နှစ်ယောက်လုံးလဲကျသွားသည်။
"ဘာပေါက်တတ်ကရတွေပြောနေတာလဲ။...လောင်လု၊ ဒီနှစ်ယောက်ကို မြင်ဖူးလား"
လုယန် ဓားပွဲတော်အကြောင်း ပြန်စဉ်းစားသည်။
"ဒုခေါင်းဆောင်ကိုတော့ မမြင်ဖူးဘူး။ ခေါင်းဆောင်ကတော့ ရွှဲ့ရှီလုန်နဲ့ တိုက်ခိုက်ခဲ့တဲ့လူထင်တယ်။ ပထမပွဲစင်မှာရှုံးပြီး ထွက်သွားတဲ့လူပါ
..ပြီးတော့ မင်းနောက်ကို လက်သီးသုံးရင် အားနည်းနည်းလျှော့ပါ။ အခုကြည့်၊ နှစ်ယောက်လုံး သတိလစ်သွားပြီလေ"
မုန်ကျင်းကျိုး ပြန်လှည့်ကြည့်သည်။ တကယ်မှန်သည်။ ခေါင်းဆောင်နှစ်ယောက်၏ သွေးကြောဆုံများကို လက်ဖြင့်ညှပ်ဆွဲ၍ ပြန်သတိရအောင်လုပ်သည်။
"ပြောစမ်း၊ ဓားတစ်ရာအဖွဲ့ကို ကာကွယ်ပေးနေတဲ့အရာရှိက ဘယ်သူလဲ"
မုန်ကျင်းကျိုး ပြင်းထန်သည့်စွမ်းအင်ဖိအားတစ်ချို့ ထုတ်လွှတ်လိုက်သည်။ ကမ္ဘာဦးသားရဲ သို့မဟုတ် နေမင်း၏စွမ်းအားမျိုးနှင့်တူသည်။ ခေါင်းဆောင်နှစ်ယောက် ထိတ်လန့်တုန်လှုပ်သွားကြသည်။
"ပြည်နယ်..ပြည်နယ်တရားသူကြီးပါ"
မုန်ကျင်းကျိုး လုယန်ကိုလှည့်ကြည့်သည်။
"ဒီကိစ္စဘယ်လိုဖြေရှင်းကြမလဲ။ ဒီလူတွေကိုအရင်ဖမ်းပြီးမှ ပြည်နယ်တရားသူကြီးဆီ သွားကြမလား။ ဒါမှမဟုတ် သူ့ဆီကိုပဲ တန်းသွားကြမလား"
"သူ့ဆီကို မတော်တဆ သတင်းရောက်သွားရင် ထွက်ပြေးသွားနိုင်တယ်။ အခုချက်ချင်း တန်းသွားကြတာပေါ့"
ဓားတစ်ရာအဖွဲ့ဝင်များကို စောင့်ကြည့်ဖို့ လုယန် သစ်သားကိုယ်ပွားတစ်ခု ချန်ခဲ့သည်။ လောင်မုန်နှင့်အတူ ပြည်နယ်တရားသူကြီးအိမ်တော်သို့ ချက်ချင်းသွားသည်။
.......
ကျုန်းရှန်ပြည်နယ်တရားသူကြီး နယ်စားလွီ ဇိမ်ခံလှေပေါ်တွင် ပျော်မြူးနေသည်။ မျက်လုံးကို ပဝါစည်းခံထားရပြီး မိန်းကလေးတစ်ချို့ကို လိုက်ဖမ်းနေသည်။
ရုတ်တရက် မိန်းကလေးများ၏ရယ်သံ ပျောက်သွားသည်။ နယ်စားလွီ တွေးရခက်သွားသည်။ ပဝါကိုမ,တင်၍ နည်းနည်းစိတ်အလိုမကျသည့် လေသံဖြင့်ပြောသည်။
"ဘာလို့ အသံတိတ်သွားကြတာလဲ"
တပ်သားနှစ်ယောက် အခန်းထဲရောက်နေသည်။ နယ်စားလွီကိုပြုံး၍ကြည့်နေသည်။
"နယ်စားလွီ၊ ကျုပ်တို့က ချွီယီကောင်တီက တပ်သားတွေပါ။ ခင်ဗျားက ဓားတစ်ရာအဖွဲ့နဲ့ ပူးပေါင်းနေတယ်လို့ တိုင်ကြားချက်ရထားတယ်။ ကျုပ်တို့နဲ့လိုက်ခဲ့ပါ"
နယ်စားလွီ မျက်နှာပျက်သွားသည်။ ထို့နောက် မုန်ကျင်းကျိုးကို ဒေါသတကြီး တွန်းလိုက်သည်။
"ထွက်သွားစမ်း။ မင်းတို့လို ကင်းလှည့်တပ်သားလေးနှစ်ယောက်ကများ ငါ့ကိုဖမ်းရဲတယ်ပေါ့။ ငါပျော်နေတာကို လာနှောက်ယှက်ရဲတယ်ပေါ့"
မုန်ကျင်းကျိုး မလှုပ်မယှက်ရပ်နေသည်။
လုယန် နယ်စားလွီကို ကြမ်းပြင်ပေါ်လဲသွားအောင် ပိတ်ကန်လိုက်ပြီး ချက်ချင်းကြိုးတုပ်သည်။
နယ်စားလွီသည် ဝိညာဉ်ပြောင်းအဆင့်ဖြစ်သည်။ သို့သော် လုယန်ကိုရင်ဆိုင်ရသည်က ကျောက်တောင်တစ်ခုကို ရင်ဆိုင်ရသလို ဖြစ်နေသည်။
လုံးဝခုခံနိုင်စွမ်းမရှိ။
ထိုတပ်သားနှစ်ယောက်သည် သာမန်လူမဟုတ်ကြောင်း နားလည်လာသည်။
"မင်းတို့ဘယ်သူလဲ။ ဘယ်သူလွှတ်လိုက်တာလဲ။ ငါက မဟာရှားရုံးတော်ကခန့်ထားတဲ့ အရာရှိတစ်ယောက်ဆိုတာ မမေ့နဲ့။ မင်းတို့အဆင့်နဲ့ ငါ့ကိုဖမ်းခွင့်မရှိဘူးကွ"
လုယန် အံ့အားသင့်သွားပြီး မုန်ကျင်းကျိုးကို လှည့်မေးသည်။
"အဲလိုစည်းမျဉ်းသတ်မှတ်ချက် ရှိတယ်ပေါ့"
မုန်ကျင်းကျိုး ခဏစဉ်းစားသည်။
"ပြည်နယ်တရားသူကြီးဆိုတာ စတုတ္ထအဆင့်အရာရှိပဲ။ သူ့ကိုဖမ်းဖို့ဆို အနည်းဆုံး စတုတ္ထအဆင့်အရာရှိ ဖြစ်ဖို့လိုမယ်။ ဒါပေမယ်ဒါက လုပ်နေကျပုံစံကိုပြောတာပါ။ တရားဝင်သတ်မှတ်ထားတဲ့ စည်းမျဉ်းမဟုတ်ပါဘူး"
လုယန် ပုခုံးတစ်ချက်တွန့်ပြသည်။
"ဒါဆို ဒီလုပ်ထုံးလုပ်နည်းကို ငါတို့မေ့ထားလို့ရတာပဲ"
လုယန်သည် ဥပဒေကို အမြဲလိုက်နာခဲ့သည်။ တရားဝင်စည်းမျဉ်းအတိုင်း လှုပ်ရှားသည်။ ဓားတစ်ရာမဟာမိတ်အမှုကို သူတို့တာဝန်ယူထားသည်ဖြစ်၍ သက်ဆိုင်သူမှန်သမျှ ဖမ်းဆီးနိုင်သည်။
"ပြီးတော့ ငါလည်း နိုင်ငံ့အကြံပေးဝန်ကြီးပဲ။ သူ့ထက်ရာထူးမြင့်တယ်။ ငါသူ့ကိုဖမ်းတာ ဘာမှားလို့လဲ"
အရုဏ်ချိန် ရောက်လာသည်။ အရိုးရိုင်း အိပ်ယာနိုးလာသည်။ လုယန်နှင့် မုန်ကျင်းကျိုးက လာနှိုးခြင်းဖြစ်သည်။
"ညီလေးအရိုးရိုင်း၊ သတင်းကောင်းရှိတယ်။ ငါတို့အမှုကြီးတစ်ခု ဖြေရှင်းလိုက်ပြီ"
"ဘာအမှုလဲ"
"မင်းရဲ့အထက်လူကြီး ပြည်နယ်တရားသူကြီးနယ်စားလွှီကို ငါတို့ဖမ်းလိုက်ပြီ"
"ဘယ်လို"
...ငါအိပ်မက်မက်နေသေးတာများလား..
*******************************
အခန်း (၁၂၁၈) ရိုးသားသူသည် ကြောင်းကျိုးဆင်ခြင်တတ်သည်
အရိုးရိုင်း အူတူတူမျက်နှာဖြင့် ထထိုင်သည်။ ခဏသေချာပြန်စဉ်းစားသည်။ အိပ်မက်မဟုတ်ကြောင်း နားလည်လာသည်။
နားလည်ရသည့်အကြောင်းရင်းက ရိုးရှင်သည်။ ထိုအိပ်မက်မျိုး သူမက်နိုင်စွမ်းမရှိ။
"အကိုတို့၊ အရင်က ရုံးတော်လောကဝတ်စည်းမျဉ်းတွေ ကျုပ်နားမလည်လို့ နယ်စားလွှီကို ဒေါသထွက်အောင်လုပ်မိတယ်။ ဒါကြောင့်သူကျုပ်အပေါ် အမြင်မကြည့်ဘူး။
ဒါပေမယ့် ဒီအကြောာင်းပြချက်နဲ့တော့ သူ့ကိုဖမ်းလိုမရဘူး"
မုန်ကျင်းကျိုး လက်မထောင်ပြပြီး စိတ်အေးအေးထားရန် အချက်ပြသည်။
"ငါတို့က စည်းမျဉ်းစည်းကမ်းအတိုင်းပဲ လုပ်နေတာပါ။ နယ်စားလွီက ပြစ်မှုကျူးလွန်ထားလို့ ဖမ်းတာပါ"
အရိုးရိုင်း စိတ်သက်သာရာရသွားသည်။ သူ့အကိုနှစ်ယောက်လုံး ဥပဒေကို အတိအကျလိုက်နာကြသည်။ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက်တော့ လူတစ်ယောက်ကို ဖမ်းလိမ့်မည်မဟုတ်။
"ဒါဆို နယ်စားလွီက ပြစ်မှုကျူးလွန်နေတုန်း ဖမ်းမိခဲ့တာလား"
သုံးလကြာအောင် သူ့ကိုဒုက္ခပေးနေသည့် ပြဿနာကို တစ်ရက်တည်းဖြေရှင်းပေးခဲ့သည်မှာ သူ့အကိုနှစ်ယောက်သာဖြစ်မည်။
"အဲလိုတော့မဟုတ်ဘူး။ ငါတို့ ညကင်းလှည့်ရင်း တရားမဝင်အဖွဲ့အစည်းတစ်ခု အမှတ်မထင်တွေ့ခဲ့တယ်။ သူတို့ဆီကရတဲ့ သဲလွန်စအတိုင်း ဆက်စုံစမ်းရင်း ဒီအဖွဲ့အစည်းကို နယ်စားလွီက ကာကွယ်ပေးထားတယ်ဆိုတာ သိရတာ"
"သဘောပေါက်ပါပြီ"
နယ်စားများနှင့် ရင်ဆိုင်ဖူးသည့်အတွေ့အကြုံရှိနေသဖြင့် ထိုကိစ္စအတွက် စိတ်ထဲတွင် ဝန်ထုပ်ဝန်ပိုးလုံးဝမဖြစ်။ သူနှင့်လုယန် ယန်ကျန်းကောင်တီနယ်စားကို သတ်ခဲ့ဖူးသည်။
ယခုကိစ္စက ထိုအဆင့်ထိလည်းမရောက်။ ဖမ်းဆီးရုံသာဖြစ်သည်။ သတ်ခြင်းမဟုတ်။
နယ်စားလွီကို ဖမ်းဆီးသည့်ကိစ္စက အမှုကြီးတစ်ခုဖြစ်၍ ဖုံးဖိထားဖို့မဖြစ်နိုင်။ လုယန်တို့နှစ်ယောက်က ဥပဒေအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်၍ ဖုံးကွယ်နေစရာလည်းမလို။
ထိုသတင်းက အစိုးရရုံးတော်တစ်ခုလုံး ချက်ချင်းပျံ့နှံ့သွားသည်။
"ဘယ်လို၊ အသစ်ရောက်လာတဲ့ တပ်သားနှစ်ယောက်က နယ်စားလွီကို ဖမ်းလိုက်တယ်ပေါ့"
ရုံးတော်မှလူအားလုံး ထိုသတင်းကြားပြီးနောက် ခဏမင်သက်မိသွားသည်။ အဖြစ်မှန်ကို လက်ခံနိုင်ဖို့ အချိန်ယူရသည်။
"သူတို့က မနေ့ကမှ အလုပ်စဝင်တာမဟုတ်လား။ အလုပ်ဝင်တဲ့ညမှာ ပြည်နယ်တရားသူကြီးကို ဖမ်းလိုက်တယ်ပေါ့"
အစိုးရအဖွဲ့အစည်းတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော်လည်း ထိုမျှထူးဆန်းသည့်အဖြစ်မျိုး တစ်ခါမှမကြုံဖူးကြ။
"လက်ထောက်၊ ခင်ဗျားဘယ်လိုမြင်...အဲ၊ ခင်ဗျားက ဆေးတွေသောက်နေတာလား။ ဒါဆိုကျုပ်ခင်ဗျားကို ဒုက္ခမပေးတော့ပါဘူး"
အရိုးရိုင်း၏ လက်ထောက်ကို သူတို့မေးချင်ကြသည်။ သို့သော် လက်ထောက်က တုန်တုန်ရင်ရင်ဖြင့် ဆေးသောက်နေသည်ကိုကြည့်၍ သူတို့လှည့်ထွက်သွားကြသည်။
လက်ထောက် မတုန်လှုပ်ဘဲနေနိုင်မည်လော...အရိုးရိုင်းကို မလုပ်သင့်သည့်စည်းကမ်းချက်များ သူချရေးပေးခဲ့ခြင်းဖြစ်သည်။ နယ်စားလွီက အရိုးရိုင်းက အမြင်မကြည်မှန်း သူသိသည်။
နံပတ်တစ်စာပေပညာရှင်ဟူသည့် အဆင့်အတန်းကြောင့်သာမဟုတ်လျှင် နယ်စားလွီ အစောကြီးကတည်းက ဒုက္ခပေးပြီးဖြစ်မည်။
အရိုးရိုင်း၏ တစ်နှစ်တာစွမ်းဆောင်ရည်အကဲဖြတ်ချက်က နယ်စားလွီ၏ သုံးသပ်ချက်အပေါ်မူတည်သည်။ ထို့ကြောင့် အရိုးရိုင်းနှင့်နယ်စားလီ ဆက်ဆံရေးပြေလည်အောင် သူအကောင်းဆုံးကြိုးစားခဲ့သည်။
ယခု၊ ထိုကိစ္စ ဆက်တွေးစရာမလိုတော့။
....
"ရုံးတော်စမယ်"
အရိုးရိုင်းက တရားသူကြီးဝတ်စုံဖြင့် အင်္ကျီလက်များကို လိပ်တင်ထားပြီး စားပွဲကို လက်ဝါးဖြင့်ရိုက်လိုက်သည်။ သစ်သားတူထုသံထက် ပိုကျယ်သည်။
"အကျဉ်းသားကို ခေါ်လာပါ"
စွမ်းဆောင်ရည်ပြည့်ဝသည့် တပ်သားနျှစ်ယောက်က နယ်စားလွီကို ခေါ်သွင်းလာသည်။
ထိုတရားခွင်ကို မြိုခံများ စိတ်ဝင်တစားလာကြည့်ကြသည်။ ရုံးတော်သို့ရောက်ပြီးမှ အဆင့်မြင့်နယ်စားကို ဖမ်းခဲ့သူသည် တပ်သားသစ်များဖြစ်ကြောင်း ယုံကြည်သွားသည်။
လောင်ဝမ်တို့ မြေးအဘိုးလည်း အံ့အားသင့်နေသည်။ နယ်စားလွီကို ခေါ်ထုတ်လာသည့် တပ်သားနှစ်ယောက်သည် မနေ့ညက သူတို့တွေ့ခဲ့သည့် အရာရှိများပင်ဖြစ်သည်။
ဓားတစ်ရာမဟာမိတ်ကို သွားဖမ်းမည်ဟု ပြောသွားသည်မဟုတ်လော...ဘယ်ကဘယ်လို နယ်စားလွီကို ဖမ်းလာသည်မသိ။
"အရိုးရိုင်း၊ မင်းက သူတို့ကိုလွှတ်ပြီး ငါ့ကိုဖမ်းခိုင်းရဲတယ်ပေါ့"
နယ်စားလွီ ဒေါသမထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။ ဤတပ်သားနှစ်ယောက်သည် အရိုးရိုင်းလွှတ်လိုက်ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
"ကျုပ်ကဘာလို့မဖမ်းရဲရမှာလဲ...ဪ..ငါပြောရမယ့်စကားက ဒါမဟုတ်ဘူး...ခင်ဗျားက လာဘ်စားပြီး ကိုယ်ပိုင်အကျိုးအမြတ်ရဖို့ ဩဇာအရှိန်အဝါအသုံးချခဲ့တယ်။ ခင်ဗျားကို ဖမ်းရမှာ ကျုပ်တာဝန်ပဲ။
ဓားတစ်ရာအဖွဲ့ကို ဝိညာဉ်ကျောက်တွေ ခင်ဗျားပုံမှန်ထောက်ပံ့ပေးနေတယ်ဆိုတာ အမှန်ပဲလား"
"မဟုတ်ဘူး"
"ဓားတစ်ရာအဖွဲ့ကို အရိုင်းနယ်မြေက နာမည်ကျော်ဓားတွေ ရသမျှနည်းနဲ့ စုစည်းဖို့ ခင်ဗျားအမိန့်ပေးခဲ့တာလား"
"မဟုတ်ဘူး"
"ဓားတစ်ရာ့ရှစ်ချောင်း။ ဝိညာဉ်ပြောင်းအဆင့်ကနေ ရွှေသန္ဓေအဆင့်ထိရှိတယ်။ အဲဒါတွေ ခင်ဗျားအခန်းထဲမှာတွေ့တယ်။ အဲဒီ့ဓားတွေက ခင်ဗျားဟာလား"
"မဟုတ်ဘူး"
"ရုံးတော်စည်းကမ်းကို ချိုးဖောက်ပြီး အလုပ်ချိန်ပြင်ပမှာ ဆောင်ကြာမြိုင်ကို ခင်ဗျားသွားခဲ့တယ်ဆိုတာ ဟုတ်သလား"
"မဟုတ်ဘူး"
ကြားနာချက်မှတ်တမ်း တုန်တုန်ရင်ရင်ဖြင့် ရေးနေသည့် သူ့လက်ထောက်ကို အရိုးရိုင်း လှည့်ကြည့်သည်။
"ဒါကို ချရေးထားပါ။ သက်သေခိုင်မာပေမယ့် တရားခံက ပြစ်မှုကို ဝန်မခံဘူး။ ဝန်ခံထွက်ဆိုတဲ့ ပြစ်ဒဏ်လျှော့ပေါ့်ခွင့်ရဖို့ သတ်မှတ်ချက်မမီဘူး"
တရားခွင်မစမီ လုယန်တို့နှစ်ယောက်က ဓားတစ်ရာအဖွဲ့ဝင် ကိုးဆယ့်ကိုးယောက်အပါအဝင် သက်သေအားလုံးစုစည်းခဲ့သည်။
ဓားတစ်ရာအဖွဲ့ဝင်တို့၏ သက်က်သေထွက်ဆိုချက်များသည် မပြည့်စုံနိုင်။ ထို့ကြောင့် ခေါင်းဆောင်နှစ်ယောက်ကိုသာ မေးမြန်းစစ်ဆေးခဲ့သည်။
ပြဿနာသိပ်မရှိ။ တစ်ခြားလူတို့၏ သက်သေထွက်ဆိုချက်များကို နောက်မှတင်သွင်းနိုင်သည်။
"ငါက အင်ပါယာခန့်ထားတဲ့ အရာရှိကွ။ စတုတ္ထအဆင့်အောက်က အရာရှိတွေ ဘယ်သူမှ ငါ့ကိုစီရင်ဆုံးဖြတ်ခွင့်မရှိဘူး"
နယ်စားလွီ တဖြေးဖြေးပိုဒေါသထွက်လာသည်။ ထိုကိစ္စသည် သူ့ကိုသိက္ခာချနေခြင်းဖြစ်သည်။
"ဒါဆို ခဏစောင့်ဦး"
အရိုးရိုင်းက ရာဇဝတ်ဥပဒေစာအုပ်ကို ချက်ချင်းဖွင့်ကြည့်သည်။ ပြစ်မှုအမျိုးအစားနှင့် ရာဇဝတ်စီရင်ဆုံးဖြတ်ခွင့်များကို အတည်ပြုသည်။ ထို့နောက် စိတ်ကျေနပ်စွာ စာအုပ်ကိုပိတ်လိုက်သည်။
"ဥပဒေမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ ကျုပ်စီရင်ခွင့်နယ်မြေထဲက ဘယ်သူ့ကိုမဆို ကျုပ်တရားစီရင်ခွင့်ရှိတယ်တဲ့။ အဆင့်နိမ့်အရာရှိက အဆင့်မြင့်အရာရှိတွေကို ဖမ်းခွင့်မရှိဘူးလို့ ပြောမထားဘူး"
ထို့နောက် အရိုးရိုင်းက သူ့ကျောက်စိမ်းတံဆိပ်ကို ထုတ်ပြသည်။
"ပြီးတော့ ကျုပ်က တာအိုလမ်းစဉ်ဂိုဏ်းရဲ့ တပည့်ပဲ။ ကျုပ်တို့မှာ ဥပဒေစီရင်ပိုင်ခွင့်ရှိတယ်"
သူသည် လုယန်တို့နှစ်ယောက်ကို စံနမူနာထား၍ အမြဲလေ့လာသင်ယူခဲ့သည်။ လုယန်တို့နှစ်ယောက်သည် ရိုးသားသူများဖြစ်လျှင် သူလည်း ရိုးသားသူဖြစ်သည်။ ရိုးသားသူများသည့် အမြဲတမ်း ကျိုးကြောင်းဆင်ခြင်ဉာဏ်ဖြင့် ပြုမူဆောင်ရက်သည်။
"ကဲ၊ သူ့ကိုခေါ်သွားတော့"
နယ်စားလွီ ဘာမှထပ်မပြောတာ့သဖြင့် အရိုးရိုင်းလည်း ဆက်မေးမြန်းစစ်ဆေးစရာမလိုတော့။
အထက်အရာရှိကို အရိုးရိုင်းဖမ်းလိုက်သည့်သတင်းက အရိုင်းနယ်မြေမှ တစ်ခြားအထက်အရာရှိများထံ ချက်ချင်းသတင်းရောက်သွားသည်။ သူတို့လည်း ကောင်တီရုံးတော်မှလူများလိုပင် တအံ့တဩဖြစ်သွားသည်။
နားကြားမှားသလားဟု ထင်မိကြသည်။
သမိုင်းဆိုသည်မှာ လက်ရှိအချိန်ကို ထင်ဟပ်သည်ဟု ပြောကြသည်။ သို့သော် မဟာယု၊ မဟာချန်၊ မဟာရှားခေတ်များ၏ နှစ်သုံးသိန်းအတွင်း ထိုအဖြစ်မျိုး တစ်ခါမှ မရှိခဲ့ဖူး။
"ကောင်းဘက်က တွေးကြည့်ပါ။ အနည်းဆုံးတော့ အနာဂတ်မျိုးဆက်တွေ သမိုင်းကြောင်းလေ့လာရင် ကိုးကားစရာတစ်ခုရတာပေါ့"
အဆင့်မြင့်အရာရှိတစ်ယောက် စနောက်သည်။ အရိုးရိုင်းနှင့် သုံးလေးကြိမ်ဆုံဖူးသည်။ ထိုအရိုးရိုင်းသည် ထိုကိစ္စမျိုး လုပ်မည့်လူမှန်း သူသိသည်။
"အရင်ကလည်း ဒီလိုအဖြစ်မျိုးတွေ မရှိဘူးတော့မဟုတ်ပါဘူး။ ခေတ်တစ်ခေတ်အဆုံးသတ်ချိန်တိုင်း သူပုန်တွေက အဲလိုလုပ်ကြတာပဲလေ"
"သခင်စုန့်၊ ခင်ဗျားစကားက အရိုးရိုင်းပုန်ကန်နေတယ်လို့ ပြောချင်တာလား"
"ငါအဲလိုမပြောပါဘူး။ မင်းပဲပြောတာပါ"
"ခင်ဗျားပြောချင်တာက အဲဒီအဓိပ္ပါယ်ပါ"
ပြောဆိုနေသည့်စကားများက မလိုလားအပ်သည့်လမ်းကြောင်းသို့ ဦးတည်လာသဖြင့် အရိုင်းနယ်မြေနယ်စားချုပ်က စားပွဲကိုလက်ဖြင့်ပုတ်လိုက်သည်။
"စနောက်နေတာတွေ တော်ကြတော့။ ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှမကြုံဖူးပေမယ့် အရိုးရိုင်းလုပ်ရပ်က ဥပဒေကိုနဲ့ညီတယ်။ တင်သွင်းထားတဲ့ သက်သေအထောက်အထားအရ နယ်စားလွီက တကယ်ဥပဒေဖောက်ဖျက်ခဲ့တာပဲ။ သူ့ကိုရာထူးက ထုတ်ပယ်ရမယ်"
"ဒါဆို သူ့နေရာမှာ ဘယ်သူ့ကိုခန့်ထားမလဲ။ အရိုးရိုင်းကို ခန့်မှာလား။ သူက ကောင်တီနယ်စားဖြစ်လာပြီးနောက်ပိုင်း ချွီယီကောင်တီကို ကောင်းကောင်းအုပ်ချုပ်နိုင်တယ်။ ကောင်တီစီးပွားရေး သိသိသာသာတိုးတက်လာတယ်"
"တိုးတက်မှာပေါ့။ သူကျင့်စဉ်မတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး ကိုယ်တိုင် ဝိညာဉ်ကျောက်မိုင်းတွင်းထဲဆင်းတာလေ။ သူ့ကြောင့် ဝိညာဉ်စွမ်းအင်ကြောတစ်ခုလုံး ကုန်သလောက်ဖြစ်သွားတယ်။
သူ့လိုလူကို ပြည်နယ်တရားသူကြီး ခန့်လို့မဖြစ်ဘူး"
"စီးပွားရေးတိုးတက်အောင် လုပ်နိုင်ဖို့က အဓိကပါ။ တစ်ခြားဘာတွေအဲလောက်အရေးကြီးလို့လဲ။ ပြီးတော့ သူ့ကျင့်စဉ်စွမ်းအားသူ အသုံးချတာပဲလေ"
"အရိုးရိုင်းကိုမခန့်ရင် ဘယ်သူ့ကိုခန့်မှာလဲ။ ကျိုးရှန်ပြည်နယ်မှာ စွမ်းဆောင်ရည်ကောင်းတဲ့လူ ခပ်ရှားရှားပဲ။ ဒီတာဝန်မျိုးကို ဘယ်သူယူနိုင်မှာလဲ"
နယ်စားချုပ်က ခေါင်းကိုခါယမ်း၍ ဆုံးဖြတ်ချက်ချသည်။
"ဟုတ်တယ်၊ အရိုးရိုင်းကတော့ မသင့်တော်ဘူး။ ထိပ်တန်းစာပေပညာရှင်ဆိုပေမယ့် အတွေ့အကြုံနည်းသေးတယ်။ ဒီလိုရာထူးမျိုးတိုးပေးဖို့ တော်ဝင်ရုံးတော်က အမိန့််စာလိုတယ်။
ငါ့အမြင်အရတော့ ကျုန်းရှန်ပြည်နယ်ထဲက ကုယွမ်ကောင်တီနယ်စားက ထက်မြက်တယ်။ အတွေ့အကြုံရှိတယ်။ အများကလည်း လေးစားကြတယ်။ သူ့ကိုပြည်နယ်တရားသူကြီးခန့်လို့ ရနိုင်တယ်"
******************************