အခန်း (၁၂၁၉-၁၂၂၁)
Vol. 82 Ch. 1219-1221
အခန်း (၁၂၁၉) ကန္တာရနတ်ဆိုး
လူတစ်ယောက် ခိုးကြောင်ခိုးဝှက်ပုံစံဖြင့် လက်နှစ်ဘက်လှုပ်ရှားနေသည်။ သူ့ခြေထောက်အောက်တွင် တံခါးကြီးတစ်ချပ်ပေါ်လာသည်။
တံခါးအတိုင်း မြေအောက်ဂူသင်္ချိုင်းထဲသို့ ဆင်းသွားသည်။
စိတ်လှုပ်ရှားလာဟန်ဖြင့် လက်ဝါးနှစ်ဘက်ကို ပွတ်နေသည်။ သူ့နည်းလမ်းက တကယ်အဆင်ပြေသွားသည်။ ဂူသင်္ချိုင်းတံခါးကို ဖွင့်နိုင်ခဲ့သည်။
သို့သော် ဂူသင်္ချိုင်းခန်းမထဲတွင် ဘာမှမရှိသည်။ သူစိတ်ကူးယဉ်ထားသည့် ရှားပါရတနာများ အဖိုးတန်ရှေးဟောင်းပစ္စည်းများ လုံးတမရှိ။ အနက်ရောင် ခေါင်းတလားတစ်လုံးသာတွေ့ရသည်။
ထောင့်လေးထောင့်တွင် အနီရောင်သံချောင်းများဖြင့် သံမှိုစွဲထားသည်။ ခေါင်းတလားပေါ်တွင် လက်ဝါးအရွယ်တံဆိပ်တစ်ခုရျိသည်။
တံဆိပ်ကို အသာယူလိုက်သည်။ တံဆိပ်အောက်ခြေတွင် 'တောင်ပင်လယ်'ဟူသည့်စာလုံး ရေးထွင်းထားသည်။
တံဆိပ်ကိုယူပြီး သူအမြန်ထွက်သွာားသည်။ ခေါင်းတလားက တဖြေးဖြေးလှုပ်လာသည်ကို သူမသိတော့။
....
အလောင်းထိန်းဂိုဏ်း...
"လေဟာနယ်သန့်စင်အဆင့်မှာ ကျင့်ကြံနည်းနှစ်မျိုးရှိတယ်။ လောကအတွေ့အကြုံယူတဲ့နည်းရယ် တိုက်ပွဲကြားမှာ ကိုယ်ရည်သွေးတဲ့နည်းပဲ.."
လေဟာနယ်သန့်စင်အဆင့်ရောက်လာသည့် ကျောက်ပိုကို လွီပါချန်းက ကိုယ်တိုင်လမ်းညွှန်နေသည်။ လေဟာနယ်သန့်စဉ်အဆင့် ကျင့်စဉ်နည်းလမ်းများ မျှဝေသည်။
ကျောက်ပို စိတ်ဝင်တစားနားထောင်နေစဉ် လွီပါချန်းရင်ဘတ်ဆီမှ တစ်ခုခုအက်ကွဲသွားသည့်အသံမျိုး ရုတ်တရက် ထွက်ပေါ်လာသည်။
လွှီပါချန်း ရင်ဘတ်ထဲမှ ပစ္စည်းတစ်ခု ထုတ်လိုက်သည်။ ကျိုးကြေသွားသည့် ကျောက်စိမ်းတစ်ခုဖြစ်သည်။
"သောက်လခွမ်း၊ချိတ်ပိတ်တံဆိပ်က ပျက်စီးသွားပြီပဲ"
လွီပါချန်း မျက်နှာအကြီးအကျယ်ပျက်သွားသည်။
"ဂိုဏ်းချုပ်၊ ဘာဖြစ်တာလဲ"
"တံဆိပ်ပျက်စီးသွာားပြီ"
"တံဆိပ်...ဘာတံဆိပ်လဲ"
ကျောက်ပိုနားမလည်သေး။
"လွန်ခဲ့တဲ့ နှစ်ခြောက်ထောင်က ငါတို့အလောင်းထိန်းဂိုဏ်းရဲ့ ဘိုးဘေးတစ်ယောက် အကြောင်းတစ်ခုကြောင့် ဖုတ်ကောင်တစ်ကောင် သူ့ထိန်းချုပ်မှုအောက်က လွတ်သွားတယ်။
အဲဒီ့ဖုတ်ကောင်က 'အသွင်မဲ့အရိုး'အဆင့်ကို ရောက်နေပြီ။ နောက်ထပ်အဆင့်တက်ရင် ကန္တာရနတ်ဆိုးဖြစ်လာမှာ။
ဘိုးဘေးနဲ့ အဲဒီ့ဖုတ်ကောင် အပြင်းအထန်တိုက်ခိုက်ခဲ့တယ်။ ဖုတ်ကောင်ကို ချိတ်ပိတ်တံဆိပ်နဲ့ ထိန်းချုပ်နိုင်ခဲ့ပေမယ့် သူလည်းသေသွားတယ်။ သတင်းတစ်ပိုင်းတစ်စပဲ ဂိုဏ်းကိုပို့နိုင်ခဲ့တယ်။
ဒါပေမယ့် ဆိုးတာက အဲဒီ့တံဆိပ်ဘယ်မှာရှိတယ်ဆိုတာ သူပို့တဲ့သတင်းထဲမှာမပါတော့ ငါတို့ဂိုဏ်းကလည်း အဲဒီ့ဖုတ်ကောင်ကို မရှင်းနိုင်ခဲ့ဘူး။
အခု နှစ်ခြောက်ထောင်ကြာသွားပြီ။ ဒီဖုတ်ကောင်ကို ချိတ်ပိတ်ထားခဲ့ပေမယ့် အခုလွတ်သွားပြီဆိုတော့ ကန္တာရနတ်ဆိုးအဆင့်ကို သူရောက်နေလောက်ပြီ"
ကျောက်ပိုလည်း မျက်နှာပျက်သွားသည်။ ကန္တာရနတ်ဆိုးတစ်ကောင် ပေါ်လာလျှင် မြေပြင်မိုင်ထောင်ချီ၍ လောင်ကျွမ်းမည်။ ကမ္ဘာပျက်နိုင်သည့် အန္တရာယ်မျိုးဖြစ်သည်။
"ငါတို့ဂိုဏ်းအကြီးအကဲတွေက တံခါးပိတ်ကျင့်စဉ်ဝင်ပြီး သူတို့ဖုတ်ကောင်တွေကိုကျင့်ကြံနေတယ်။ ကန္တာရနတ်ဆိုးက ဖုတ်ကောင်တွေအပေါ် ထိန်းချုပ်နိုင်တဲ့အစွမ်းရှိတယ်။
အကြီးအကဲတွေက တိုက်ပွဲဝင်နိုင်ကြမှာမဟုတ်ဘူး။ ဒီတော့ ငါတစ်ယောက်တည်းပဲ တိုက်ခိုက်ရမှာ"
"မဟာရှားရုံးတော်ကို အကူအညီတောင်းလို့ရတယ်မဟုတ်လား"
"နောက်ကျသွားပြီး ကန္တာရနတ်ဆိုးက အထိန်းအချုပ်လွတ်တာနဲ့ ထွက်ပြေးမှာပဲ။ သူ့စွမ်းအား ပြန်ပြည့်လာရင် ကူးဖြတ်ခြင်းအဆင့်တွေတောင် ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။
ငါမြန်မြန်သွားမြှဖြစ်မယ်"
လွီပါချန်း သံလိုက်အိမ်မြှောက်တစ်ခုထုတ်သည်။ စွမ်းအင်ထည့်သွင်းလိုက်သည်။ သံလိုက်အိမ်မြှောင်က အရှေ့ဘက်သို့ ညွှန်ပြနေသည်။
"ကန္တာရနတ်ဆိုးက အရှေ့ဘက်မှာရှိလောက်တယ်"
ကျောက်ပို စိုးရိမ်စိတ်များ ထူးဆန်းစွာပေါ်လာသည်။ မကောင်းသည့်ကိစ္စ တစ်ခုခုဖြစ်တော့မည်ဟု ခံစားရသည်။
ဤနတ်ဆိုးနှင့်ရင်ဆိုင်ရမည့် သူတို့ဂိုဏ်းချုပ်သည်။ ကံကောင်းဖို့ထက် ကံဆိုးဖို့ကပိုများသည်။
"ဂိုဏ်းချုပ်၊ ကန္တာရနတ်ဆိုးကို ရင်ဆိုင်ဖို့ တစ်ခြားနည်းလမ်းမရှိတော့ဘူးလား"
"ရှိတော့ရှိတယ်။ ငါတို့ဘိုးဘေးမှာ တောင်ပင်လယ်တံဆိပ်ရှိခဲ့တယ်။ အဲဒါက ကန္တရာတ်ဆိုးတွေကို ထိန်းချုပ်တဲ့နေရာမှာ အတော်ထိရောက်တယ်။
ဒါပေမယ့် ဒီတံဆိပ်ကိုဖန်တီးခဲ့တာ နတ်ပန်းပဲဝမ်မိသားစုပါ"
လွီပါချန်း သက်ပြင်းချသည်။
"ဒီမိသားစုပျောက်သွားတာ နှစ်တစ်ရာကြာပြီ။ ဘယ်နေရာမှ ရှာမတွေ့ခဲ့ဘူး။ ကန္တာရနတ်ဆိုးနဲ့ တိုက်ခိုက်ဖို့ ငါကံရေစက်ပါလာတာဖြစ်မယ်။
....
"ခုမှပဲ သောက်ရေးမပါတဲ့ တံဆိပ်အောက်ကနေ လွတ်တော့တယ်"
ခေါင်းတလားလှုပ်ရှားလာပြီး ကန္တာရနတ်ဆိုးမက တီးတိုးရေရွတ်သည်။ ယခုလိုလွတ်မြောက်ဖို့ သူ့အချိန်ကြာမြင့်စွာ စောင့်ခဲ့ရသည်။ နှစ်သုံးထောင်လား နှစ်ငါးထောင်လား မမှတ်မိတော့။
ဖုတ်ကောင်တို့သည် ဝိညာဉ်သိစိတ်နှင့် ခန္ဓာကိုမပျက်စီးသရွေ အချိန်နှင့်အမျှ ပိုစွမ်းအားတိုးလာသည်။ ချိတ်ပိတ်တံဆိပ်က ထိုတိုးတက်မှုကို နှောင့်နှေးအောင်သာ လုပ်နိုင်သည်။
ဤနှစ်ခြောက်ထောင်အတွင်း သူတဖြေးဖြေးစွမ်းအားတိုးလာပြီး အသွင်မဲ့အရိုးအဆင့်မှ ကန္တာရနတ်ဆိုးအဆင့်သို့ ရောက်ခဲ့သည်။
သို့သော် ကန္တာရနတ်ဆိုးအစစ်ဖြစ်လာဖို့ ထိုမျှလွယ်ကူသည်မဟုတ်။ မိုးမြေက ဆန့်ကျင့်သည့် ဖြစ်တည်မှုမျိုးဖြစ်သည်။ ကောင်းကင်စမ်းသပ်ချက်၊ မြေစမ်းသပ်ချက်နှင့် လူသားစမ်းသပ်ချက်များ ဖြတ်ကျော်ပြီးမှ ကန္တာရတ်ဆိုးအစစ် ဖြစ်လာမည်။
လွန်ခဲ့သည့် နှစ်ငါးထောင်က ဂူသင်္ချိုင်းထဲတွင် လျှပ်စီးတိမ်တိုက်များပေါ်လာပြီး သူ့ကို သေလုမျောပါးဖြစ်အောင် ရိုက်ခတ်ခဲ့သည်။ ကံကောင်းထောက်မ၍ သူအသက်ရှင်ခဲ့သည်။
ကောင်းကင်စမ်းသပ်ချက်ဖြစ်သည်။
မြေစမ်းသပ်ချက်က ခေါင်းတလားပေါ်ဖိနှိပ်ထားသည့် တောင်ပင်လယ်တံဆိပ်ဖြစ်သည်။ ထိုတံဆိပ်ကိုဖယ်နိုင်မှ မြေစမ်းသပ်ချက်အောင်မြင်မည်။
ယခု ဂူဖောက်သမားတစ်ယောက်က တံဆိပ်ကိုခိုးသွားသည်။ လူသားစမ်းသပ်ချက်သာ ဖြတ်ကျော်ဖို့ကျန်တော့သည်။
"ငါ့လက်ရှိအဆင့်က ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ပဲ။ ငါအပြင်ထွက်တဲ့အချိန် စွမ်းအားတူကျင့်ကြံသူတစ်ယောက်တော့ တွေ့လောက်ပါတယ်။
အဲဒီ့ကျင့်ကြံသူကို အနိုင်ယူမှ လူသားစမ်းသပ်ချက်ကို ငါအောင်မြင်မှာ"
ထို့နောက် သူခပ်ညှင်းညှင်းရယ်လိုက်သည်။ ဤနေရာသည် သူ့ပိုင်နက်ဖြစ်သည်။ တောင်ပင်လယ်တံဆိပ်မသုံးလျှင် ကူးဖြတ်ခြင်းအဆင့်အောက်တွင် သူ့ကိုယှဉ်နိုင်သူမရှိ။
...
"ငါတို့လုပ်နေတဲ့ နည်းလမ်းက မှားနေတယ်လို့မြင်တယ်။ သရဲတွေရှာမယ်ဆိုရင် သင်္ချိုင်းမှာပဲ ရှာသင့်တာပေါ့"
တပ်သားလုက သုံးသပ်သည်။
"မင်းပြောတာဟုတ်တယ်"
တပ်သားမုန်က ခေါင်းငြိမ့်ထောက်ခံသည်။
ညပိုင်းအချိန် မြို့ထဲတွင် လှည့်ပတ်သွားလာနေသော်လည်း သရဲရိပ်ပင်မတွေ့ရ။ သရဲပေါ်အလာကိုစောင့်နေခြင်းထက် ကြိုတင်လှုပ်ရှားသည်က ပိုကောင်းမည်။
သူတို့စွမ်းရည်ကို သက်သေပြဖို့ စိတ်အားထက်သန်နေသည်။ ထူးဆန်းသည့် သရဲသည့်ကိစ္စကို ပြီးပြတ်အောင် ကိုင်တွယ်ဖြေရှင်းဖို့ ဆုံးဖြတ်ထားသည်။
"ချွီယီမြို့စွန်မှာ စွန့်ပစ်မြေတစ်ခုရှိတယ်လို့ကြားတယ်။ အရင်က ဂူသင်္ချိုင်းအဖြစ်သုံးခဲ့တာတဲ့။ အဲဒီ့နေရာမှာ နာကျည်းဝိညာဉ်တစ်ချို့တော့ ရှိမယ်ထင်တယ်"
နှစ်ယောက်သား မြိုစွန်သင်္ချိုင်းဆီ ချက်ချင်းဦးတည်လိုက်သည်။
သင်္ချိုင်းဆိုသည်မှာ ယင်ဓာတ်ပြင်းထန်သည့်နေရာဖြစ်သည်။ ခန္ဓာကိုယ်အားနည်းသည့်သေမျိုးများ ထိုနေရာမျိုးသို့သွားလျှင် ပူးကပ်ခံရနိုင်သည်။
သင်္ချိုင်းသို့ရောက်ပြီးနောက် မုန်ကျင်းကျိုး သမ်းတစ်ချက်ဝေသည်။ သူ့နှားခေါင်းမှထွက်လာသည့်လေကြောင့် ယင်ဓာတ်များ ချက်ချင်းပျက်စီးသွားသည်။
"ဟေ့ကောင်၊ အလုပ်ကိုအာရုံစိုက်ပါ။ ငါတို့က ရုံးတော်ကို ကိုယ်စားပြုတဲ့ တပ်သားဝတ်စုံဝတ်ထားတယ်လေ။ ငါတို့ အပျင်းကြီးတယ်လို့ သရဲတွေထင်မသွားစေချင်ဘူး"
မုန်ကျင်းကျိုး နှာခေါင်းရှုံ့သည်။
"မင်းအပူမပါပါဘူး"
နှစ်ယောက်သား ငြင်းခုန်နေစဉ် ရုတ်တရက် မြေပြင်က ပုံစံပြောင်းသွားသည်။ ပြင်းထန်သည့် ချီစွမ်းအင်များ လေထဲသို့ ထိုးထွက်လာသည်။
အလွန်လှပသည့်မိန်းကလေးတစ်ယောက် သူတို့ရှေ့့တွင်ပေါ်လာသည်။ အသားအရေက ဖြူရော်နေသော်လည်း သူ့အလှကို ထိခိုက်ခြင်းမရှိ။
လရောင်အောက်မှ ယင်ဓာတ်စွမ်းအင်များက ချိတ်ပိတ်ခံရစဉ်ကထက် ပိုသိပ်သည်းကြောင်းတွေ့ရသဖြင့် ကန္တာရနတ်ဆိုး ပျော်သွားသည်။
သူ့စွမ်းအားတိုးတက်မှု ပိုမြန်လာတော့မည်။
ထို့နောက် ကင်းလှည့်တပ်သားနှစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသည်။
"တပ်သားလေးနှစ်ယောက်ပါလား။ ဟား..ငါအစာမစားရတာ အတော်ကြာပြီပဲ။ နင်တို့ကို စပြီးစားရမှာပေါ့"
ကြောက်စရာစွမ်းအင်ရောင်ကို ထုတ်လွှတ်လိုက်သည်။ တပ်မှူနှစ်ယောက် တုန်လှုပ်သွားသည်။
ကန္တာရနတ်ဆိုးတစ်ယောက် ပေါ်လာသည်။ မိုင်ထောင်ချီပတ်လည် ကပ်ဘေးသင့်မည်။
မရဏချီများ သူ့ခြေထောက်အောက်မှစ၍ ပျံ့နှံ့သွားသည်။ ထိုချီဓာတ်နှင့်ထိလျှင် ဘယ်အရာမှ ရှင်သန်နိုင်မည်မဟုတ်။
မရဏချီများက လုယန်နှင့် နှစ်လံအကွာတွင် ရပ်သွားသည်။
သို့သော် ကန္တာရနတ်ဆိုးက မုန်ကျင်းကျိုးကိုသာ အာရုံစိုက်နေသဖြင့် ထိုထူးခြားချက်ကို သတိမထားမိ။
ပါးစပ်ဟ၍ မုန်ကျင်းကျိုးလည်ပင်းကို ကိုက်လိုက်သည်။ ထို့နောက် မချိမဆန့်အော်ဟစ်ရင်း မြေပေါ်လဲကျ၍ လူလှိမ့်နေရသည်။
"နင်ဘယ်သူလဲ။ ဘာလို့ နင့်ရဲ့ယန်ချီက ဒီလောက်ပြင်းထန်နေတာလဲ"
ကန္တာရနတ်ဆိုး အသည်းခိုက်လောက်အောင် နာကျင်နေသည်။ ယန်ချီက သူ့ကိုအဟာရပေးနိုင်ပါသည်။ သို့သော် ထိုတပ်သား၏ ယန်ချီက သိပ်သည်းပြင်းထန်လွန်းသည်။
"မဟာအကြီးအကဲပြောတာ ကြားဖူးတယ်။ ဒီသတ္တဝါက ကန္တာရနတ်ဆိုးဆိုတာ ဖြစ်မယ်ထင်တယ်"
မုန်ကျင်းကျိုးက နတ်ဆိုးကို လက်ဖြင့်တို့ကြည့်သည်။ လက်နှင့်ထိလိုက်တိုင်း တရှဲရှဲမြည်၍ မီးခိုးများထလာသည်။ သန့်စင်ယန်ချီက လောင်ကျွမ်းတိုက်စားသည်။
ထိုမျှပြင်းထန်သည့် ယန်ချီသည် သူ့အတွက် တကယ့်အန္တရာယ်ဖြစ်သည်။ လူသားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ မလွယ်လောက်။
သို့သော် ကန္တာရနတ်ဆိုးအစစ်ဆိုသည်မှာ လွယ်လွယ်နှင့် ဖြစ်လာနိုင်သည်မဟုတ်။
သူစွမ်းအားကုန် ထုတ်သုံးမှဖြစ်မည်။
ကူးဖြတ်ခြင်းတစ်ဝက်အဆင့်စွမ်းအင်ရောင်ကို အပြည့်အဝထုတ်လွှတ်လိုက်သည်။ ထိုမျှပြင်းထန်သည့် စွမ်းအင်ရောင်ကို ဖုတ်ကောင်များပင် ဦးညွှတ်အရှုံးပေးကြလိမ့်မည်၊ ဖုတ်ကောင်တို့၏ ဘုရင်မအစစ်ဖြစ်လာလိမ့်မည်။
သူသည် ကပ်ဆိုးကို ကိုယ်စားပြုသူဖြစ်သည်။
"ကဲ လာစမ်းပါ။ နင့်အစွမ်းဘယ်လောက်ရှိသလဲကြည့်ရတာပေါ့"
"အော်မနေနဲ့။ ကောင်းကောင်းပြောစမ်း"
မုန်ကျင်းကျိုး စိတ်မရှည်တော့သဖြင့် နတ်ဆိုးမကို မြေပေါ်သို့ရိုက်ချလိုက်သည်။ သူတို့နှစ်ယောက် သရဲများကို ရှာနေခြင်းဖြစ်သည်။ ယခု ကန္တာရနတ်ဆိုးတစ်ကောင်နှင့် လာတိုးနေသည်။
"ကူးဖြတ်ခြင်းအဆင့်လား"
နတ်ဆိုးမ ထိတ်လန့်သွားသည်။ ကူးဖြတ်ခြင်းအဆင့်များသာ သူ့ကို ထိုသို့အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်။
"ဘယ်လိုလုပ်မလဲ။ သူ့ကိုသတ်လိုက်မလား"
လုယန် ချင်ဖုန်းဓားကို ဆွဲထုတ်သည်။ ကန္တာရနတ်ဆိုးကို ပထမဆုံးကြုံဖူးခြင်းဖြစ်၍ လေးစားသည့်အနေဖြင့် ဓားသုံးဖို့သူတွေးထားသည်။
"နောက်ထပ်ကူးဖြတ်ခြင်းအဆင့်တစ်ယောက်လား။ ပြီးတော့ သူက ဓားကျင့်ကြံသူလား"
ကံကြမ္မာက ဟာသလုပ်နေခြင်းဖြစ်မည်။ ယန်ချီပိုင်ရှင်တစ်ယောက်တည်းပင် သူ့ကိုအနိုင်ယူဖို့လုံလောက်သည်။ နောက်တစ်ယောက်က တိုက်ခိုက်စွမ်းအား အကောင်းဆုံး ဓားကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်။
လူသားစမ်းသပ်ချက်က ခက်ခဲမည်ဟု သူကြိုတွေးမိခဲ့သည်။ သို့သော် ယခုလောက်ထိတော့ ထင်မထားခဲ့။
သူအိပ်နေခဲ့သည်အချိန် ဘယ်လောက်ကြာသွားသည်မသိ။ ကူးဖြတ်ခြင်းအဆင့်များပင် ကင်းလှည့်တပ်သားလုပ်နေကြသည်။
"ငါ့ကိုမသတ်ပါနဲ့။ ငါအညံ့ခံပါတယ်"
နတ်ဆိုးမ ချက်ချင်းဒူးထောက်လိုက်သည်။ ထိုနှစ်ယောက်ကို သူလုံးဝမနိုင်ကြောင်း သိနေသည်။
"မင်းကြည့်လိုက်ဦး။ သူဝတ်ထားတဲ့ဝတ်စုံက အလောင်းထိန်းဂိုဏ်းဝတ်စုံမဟုတ်လား။ သူက အဖွဲ့နဲ့ကွဲလာတဲ့ ဖုတ်ကောင်ဖြစ်မယ်"
စုတ်ပြတ်နေသည့် အဝတ်အစားများက မူလအသွင်ပင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။
"ဟုတ်လား။ ဒါဆိုသူ့ကို အလောင်းထိန်းဂိုဏ်းကို ပြန်ပို့ပြီး သူတို့လက်ထဲလွှဲလိုက်မလား"
မုန်ကျင်းကျိုးက ပြောသည်။
အသက်ဆက်ရှင်နိုင်တော့မည်ဖြစ်၍ နတ်ဆိုးမ စိတ်သက်သာရာရသွားသည်။ ထိုစဉ် လုယန်က ပြန်ပြောသည်။
"အဲလောက်မလွယ်ဘူး။ သူ့ကျင်စဉ်အဆင့်က မြင့်လွန်းနေပြီ။ အလောင်းထိန်းဂိုဏ်းက သူ့ကိုမထိန်းချုပ်နိုင်လောက်ဘူး။ သူတို့လက်အောက်ကနေ ဒီနတ်ဆိုးလွတ်သွားရင် အန္တရာယ်များတယ်"
"မပြေးပါဘူး။ ကတိပေးပါတယ်။ ငါမပြေးပါဘူး"
နတ်ဆိုးမ အမြန်ပြန်ပြောသည်။ လုယန်က ချင်ဖုန်းဓားကို မထုတ်သေးသဖြင့် သူ့အားနည်းချက်ကို အမှန်တိုင်းထုတ်ပြောသည်။
"တောင်ပင်လယ်လို့ခေါ်တဲ့ မှော်တံဆိပ်တစ်ခုရှိတယ်။ အဲဒါနဲ့ဆို ငါထွက်မပြေးနိုင်ပါဘူး"
"တကယ်ပြောတာလား။ ဒါဆို အဲဒီ့တောင်ပင်လယ်တံဆိပ်က ဘယ်မှာလဲ"
လုယန် သိပ်မယုံချင်။
"တောင်ပင်လယ်တံဆိပ်ကို ငါအာရုံခံနိုင်ပါတယ်။ ငါ့ကိုထိန်းချုပ်ထားတဲ့တံဆိပ်ကို လူတစ်ယောက်က ယူသွားတာ။ အဲဒီ့ဘက်ကိုသွားတယ်"
နတ်ဆိုးမ လက်ညှိုးထိုးပြသည်။
လုယန်တို့နှစ်ယောက် သူညွှန်ပြသည့်ဘက်သို့ လိုက်ကြသည်။ ပတ်ဝန်းကျင်ကိုအကဲခတ်သည်။ ဒေသမြေပုံကို ပြန်စဉ်းစားသည်။
"အဲဒီ့ဘက်မှာ ကုယွမ်ကောင်တီရှိတယ်မဟုတ်လား"
*************************************
အခန်း (၁၂၂၀) တန်ဖိုးရှိသည်
လွီပါချန်း သစ်သားမက်မွန်ဓားတစ်ချောင်းကိုင်ထားသည်။ သူ့ဘေးပတ်လည်တွင် မြူဖုံးထားသည့် မှော်ပစ္စည်းမျိုးစုံရှိသည်။ ဖုတ်ကောင်များကို တိုက်ခိုက်ဖို့ တီထွက်ထားသည့် လက်နက်များဖြစ်သည်။
မှော်လက်နက်များကို အသက်သွင်းရလွယ်ကူစေရန် အသင့်ပြင်ထားခြင်းဖြစ်သည်။ သိပ်သည်းသည့်မြူခိုးများက ထိုလက်နက်များကို ကန္တာရနတ်ဆိုး မမြင်နိုင်အောင် ဖုံးကွယ်ပေးထားသည်။
တိုက်ခိုက်ဖို့လည်း နည်းဗျူဟာမျိုးစုံ စဉ်းစားထားသည်။ ပျံသန်းတိုက်ခိုက်မည့်အကွက်၊ ထိန်းချုပ်မည့်အကွက်၊ အပြစ်မဲ့သူများ မထိခိုက်အောင် တားဆီးမည့်အကွက်။
သံလိုက်အိမ်မြှောင်ကိုသုံး၍ ချွီယီမြို့စွန်သင်္ချိုင်းသို့ ရောက်လာသည်။ ဘာမှမရှိသည့် ခေါင်းတလားကိုသာ တွေ့ရသည်။
"သွားပြီ။ နောက်ကျသွားပြီ။ သူလွတ်သွားပြီ"
သူ့မျက်နှာ ချက်ချင်းအိုစာသွားသည်။ ကန္တာရနတ်ဆိုးလွတ်သွားပြီဖြစ်၍ အဆုံးမရှိသည့်ပြဿနာများ ဖြစ်လာတော့မည်။
သေချာပြန်စစ်ဆေးကြည့်ပြီးနောက် သူတွေးရခက်သွားပြန်သည်။
"ကန္တာရနတ်ဆိုးပေါ်လာရင် ဘေးပတ်လည်မြေပြင် မိုင်ထောင်ချီပတ်လည်မှာ မီးလောင်ပြင်လို ဖြစ်နေရမှာ။ ဘာလို့ ဒီနေရာက အကောင်းပကတိရှိနေတာလဲ"
ကန္တာရနတ်ဆိုးတို့သည် ထွက်ပေါ်လာသည်နှင့် အပိုင်နယ်မြေအလိုလိုသတ်မှတ်ပြီးဖြစ်သည်။ အသက်ဓာတ်များဖျက်ဆီးသည်။ သေခြင်းနယ်မြေတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။
"ဒါက သင်္ချိုင်းမြေမဟုတ်လား။ ဘာလို့ ယင်ဓာတ်တွေမရှိတာလဲ။ နတ်ဆိုးက စုပ်ယူသွားတာများလား။ ပိုင်နက်နယ်မြေကို နည်းနည်းထိန်းချုပ်ထားလို့ မရဏချီနည်းနည်းပဲထွက်တာလား"
....
"နယ်မြေကိုထိန်းချုပ်လိုက်ပါ။ မရဏချီနည်းနည်းပဲလွှတ်ပြီး စစ်ဆေးကြည့်ပါ"
မုန်ကျင်းကျိုးက လုံးအားမနာ။
"ရပါတယ် ရပါတယ်။ ငါကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်"
နတ်ဆိုးမ အားတင်းပြုံးပြသည်။ သူမရဏချီနယ်မြေက အလိုလိုဖြစ်ပေါ်သည်။ ထိုချီဓာတ်ကို မထွက်အောင် ထိန်းချုပ်ဖို့ စွမ်းအင်များစွာ သုံးရသည်။
တံဆက်မြိတ်အောက်ကိုဝင်လျှင် ခေါင်းငုံ့ရသည်ဟူသည့် စကားရှိသည်။ သူမရဏချီလွှတ်လျှင် ထိုကူးဖြတ်ခြင်းအဆင့်နှစ်ယောက်က ယန်ချီ ဓားချီတို့ဖြင့် တုံ့ပြန်လာမည်။
"အဲဒီ့ဘက်လား"
"ဟုတ်တယ်။ တောင်ပင်လယ်တံဆိပ်နဲ့ အတော်နီးလာပြီ"
....
"သခင်ကျန်း၊ ကြိုပြီးဂုဏ်ပြုပါတယ်။ မကြာခင် ခင်ဗျား ကျုန်းရှန်ပြည်နယ်တရားသူကြီး ဖြစ်လာတော့မယ်"
လောင်ကျန်းက သူ့လက်ဖက်ရည်ခွက်မှ အခိုးအငွေ့များကို အေးအေးလူလူမှုတ်ထုတ်ရင်း အတက်အကျမရှိသည့်လေသံဖြင့် ပြန်မေးသည်။
"ဝမ်ကျိ၊ မင်းဒီလောက်ညဉ့်နက်မှ ငါ့ဆီလာတာ ဒီစကားပြောဖို့လောက်တော့ မဟုတ်ဘူးထင်တယ်"
"ဘာရယ်မဟုတ်ပါဘူး။ ရတနာတစ်ခု အမှတ်မထင်တွေ့လို့ပါ။ အဲဒါ သခင်ကျန်းကို ကျုပ်အပျော်စိတ်တွေ မျှဝေရင်ကောင်းမလားတွေးမိလို့ပါ"
"ဘယ်လိုရတနာလဲ"
အနီရောင်အဝတ်စဖြင့် ရစ်ပတ်ထားသည့် တံဆိပ်တစ်ခုကို ဝမ်ကျိ အင်္ကျီရင်ဘတ်ထဲမှထုတ်ပြီး သခင်ကျန်းရှေ့သို့ ထိုးပေးသည်။
သခင်ကျန်း တံဆိပ်ကိုကောက်ကိုင်သည်။ တံဆိပ်အာက်ခြေမှစာလုံးများကို ဖတ်ကြည့်သည်။
"တောင်ပင်လယ်တံဆိပ်...ဒီတံက တကယ်ထူးခြားတာပဲ။ လက်ရာကိုကြည့်လိုက်။ ဒီအမှတ်အသားတွေက ပျောက်ကွယ်သွားတဲ့ ပန်းပဲကိုးဆယ့်ကိုးဆင့်ပညာပဲ။
သေချာတယ်။ အမှတ်အသားတွေထဲမှာ'ဝမ်အန်း'ဆိုတဲ့စာလုံးတွေကိုတောင် ဝှက်ထားသေးတယ်။ အဆင့်မြင့်ပန်းပဲဆရာတစ်ယောက်ရဲ့ အမှတ်တံဆိပ်ပဲ။ နတ်ပန်းပဲဝမ်မိသားစုရဲ့လက်ရာဆိုတာ သေချာတယ်။
ဒါပေမယ့် ဝမ်မိသားစုက ပါရမီရှင်တွေ ထွက်မလာတာ နှစ်တစ်ထောင်နီးပါးကြာပြီ။ အတာ်လေးဆုတ်ယုတ်ကျဆင်းသွားပြီ။ မိသားစုလက်ဆင့်ကမ်းလာတဲ့ အမွေအနှစ်တွေက ကောင်းပေမယ့် သူတို့ရဲ့ထိပ်တန်းလက်ရာတွေကိုတော့ လုံးဝမမီဘူး"
"သခင်ကျန်းက အမြင်စူးရှတာပဲ။ ကျုပ်လေ့လာထားသလောက်ပြောရရင် ဒီတောင်ပင်လယ်တံဆိပ်ဟာ ဝမ်မိသားစုရဲ့ ထိပ်တန်းလက်ရာအစစ်ပါ"
သခင်ကျန်း တောင်ပင်လယ်တံဆိပ်ကို ပို၍စိတ်ဝင်စားလာသည်။
"ဟုတ်တယ်။ ဒါက တောင်ပင်လယ်တံဆိပ်အစစ်ပဲ။ မကောင်းဆိုးဝါးတွေကို နှိပ်ကွပ်နိုင်တဲ့စွမ်းအားကြောင့် နာမည်ကျော်တယ်"
သခင်ကျန်းအမူအရာကိုကြည့်၍ လာရင်းကိစ္စ အဆင်ပြေပြီဖြစ်ကြောင်း ဝမ်ကျိ နားလည်သည်။
သခင်ကျန်းသည် ဝိညာဉ်ကျောက်များ မှော်ပစ္စည်းများကို အရေးမစိုက်။ ဖုန်းရွှေကိုသာ စိတ်ဝင်စားသည်။ သူ့အိမ်တော်အပြင်အဆင်ကိုကြည့်လျှင် သိနိုင်သည်။
သူ့အိမ်ကို ကောင်းကင်ဆန်းကြယ်ဂိုဏ်းမှလူများ အထူးအလေးပေး၍ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ တောင်ဘက်သို့ မျက်နှာမူထားသည်။ နောက်ကျောဘက်တွင် ကျောက်သားတောင်တန်းရှိသည်။
တောင်တန်းနှင့်မြစ်ပြင် ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်ထားသည်။ နေနှင့်လသန္ဓေစွမ်းအင်ကို ဖမ်းယူသည်။ ရှေ့မျက်နှာစာကို ဖွင့်ထားသည်။အဝေးမှကြည့်လျှင် ခြံဝင်းရေကန်ထဲမှရေကို မြင်နိုင်သည်။
လေနှင့်ချီဓာတ်ကို စုစည်းထိန်းသိမ်းထားသည့်သဘောဖြစ်သည်။
ကောင်းကင်ဆန်းကြယ်ဂိုဏ်းက လူအင်အားဘယ်လောက်သုံးခဲ့သည် ဝိညာဉ်ကျောက်ဘယ်လောက်သုံးခဲ့သည်တော့ မသိ။ ကျောက်သားတောင်တန်းနှင့် ရေကန်ကိုကြည့်နိုင်သည်။
သာမန်ဟုထင်ရသည့် တောင်တန်းကျောက်သားများသည် နတ်ဆိုးနယ်မြေ တောင်တန်းများမှယူလာခြင်းဖြစ်သည်။ ကန်ထဲမှရေသည် မြောက်ပိုင်းတိုက်နယ်ရေခဲများမှ အရည်ပျော်နေခြင်းဖြစ်သည်။
အကောင်းဆုံးဖုန်းရွှေဓာတ်ကိုရဖို့ မကောင်းဆိုးဝါးများဖိနှိပ်နိုင်စွမ်းရှိသည့် တောင်ပင်လယ်တံဆိပ်ကို မှော်အဆောင်အနေဖြင့် သုံးရသည်ဟု ကောင်းကင်ဆန်းကြယ်ဂိုဏ်းမှလူများ ပြောဖူးသည်။
သာမန်မှော်စ္စည်းများကို သခင်ကျန်း စိတ်မဝင်စား။ အကောင်းဆုံးကိုသာ သုံးချင်သည်။
ရှေးဟောင်းဂူသင်္ချိုင်းမှ မှတ်တမ်းတစ်ခု အမှတ်မထင်သူတွေ့ခဲ့သည်။ လွန်ခဲ့သည့် နှစ်ငါးထောင်မှမှတ်တမ်းဖြစ်သည်။ ဂူဖောက်သမားများက အနီးအနားကောင်တီမှ သင်္ချိုင်းမြေအောက်တွင် လျှို့ဝှက်ဂူသင်္ချိုင်းတစ်ခု တွေ့ခဲ့သည်။
ခေါင်းတလားပေါ်တွင် တောင်ပင်လယ်တံဆိပ်တစ်ခုရှိသည်။ တံဆိပ်ကိုယူရန်ပြင်လိုက်သည်နှင့် ခေါင်းတံခါးအထက်တွင် တိမ်မည်းများစုဝေးလာပြီး လျှပ်စီးတန်းများထိုးဆင်းလာသည်။ ခေါင်းတလားကို ရိုက်ခတ်သည်။ ဂူဖောက်သမားများ ကြောက်လန့်တကြားထွက်ပြေးခဲ့သည်။
သခင်ကျန်း ပျော်ရွှင်စွာ ရယ်မောနေသည်။
"ကောင်းကင်ဆန်းကြယ်ဂိုဏ်းလူတွေဟာ တကယ်နတ်မျက်စိအမြင်မျိုးရှိတာပဲ။ ငါ့ကို ဩဇာတိက္ကမကြီးမားတဲ့အရာရှိတစ်ယောက် သေချာပေါက်မျက်စိကျလာလိမ့်မယ်လို့ သူတို့ပြောခဲ့တယ်။
အဲဒီ့အချိန်ကစပြီး ငါ့ရဲ့ဘဝလမ်းဟာ ရှေ့လျှောက်ဘာမှ စိတ်ပူစရာမလိုတော့ဘူးတဲ့"
ပြည်နယ်တရားသူကြီးအဆင့် ရာထူးတိုးဖို့ ဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်လောက်ကြာမည်ဟု ထင်ခဲ့သည်။ ယခု အချိန်စော၍ ဩဇာတိက္ကမကြီးမားသည့် ထိုအရာရှိက သူ့ကိုမျက်စိကျလာခြင်းဖြစ်မည်။
"အစက ငါထွက်သွားရင် မင်းနဲ့တင်းဟိုင်နှစ်ယောက်မှာ ဘယ်သူ့ကို ကောင်တီတရားသူကြီးနေရာ ထောက်ခံပေးရမလဲဆိုပြီး ဝေခွဲမရဖြစ်နေတာ။
အခုကြည့်ရတာ တင်းဟိုင်က စွမ်းဆောင်ရည်ကောင်းပေမယ့် ဒဲ့တိုးဆန်လွန်းပြီး လိုက်လျောညီထွေ မရှိသလိုပဲ။ မင်းကိုရာထူးတိုးပေးရင် သူစိတ်ဒုက္ခရောက်သွားနိုင်တယ်။
ဝမ်ကျိ၊ မင်းကပါးနပ်ပြီး အလိုက်သိတယ်။ ဒီတော့ မင်းပဲ အမြင့်ကိုတက်သင့်ပါတယ်"
"ကျုပ်အားထုတ်မှုကို အသိအမှတ်ပြုတဲ့အတွက် သခင်ကျန်းကို ကျေးဇူးတင်ပါတယ်"
ဝမ်ကျိထွက်သွားရန်ပြင်သည်။
ထိုစဉ် လူသုံးယောက် အခန်းထဲတွင် ရုတ်တရက်ပေါ်လာသည်။ ယောက်ျားနှစ်ယောက် မိန်းမတစ်ယောက်ဖြစ်သည်။
လုယန်က ဓားကိုဆွဲထုတ်၍ လူနှစ်ယောက်ကို ချိန်ရွယ်လိုက်သည်။
"လက်တွေ စားပွဲပေါ်တင်ထားပါ။ မလှုပ်နဲ့။ ငါတို့က ချွီယီကောင်တီက တပ်သားတွေပဲ။ ငါတို့ ခုနကတည်းက စောင့်ကြည့်နေတာ။ မင်းတို့လုပ်ခဲ့တဲ့ လာဘ်ပေးလာဘ်ယူကိစ္စကို မှော်ဖန်လုံးနဲ့ သက်သေယူထားတယ်။ မင်းတို့ကို ဖမ်းလိုက်ပြီ"
တပ်သားဟုကြားစဉ်က သခင်ကျန်း သိပ်စိတ်မလှုပ်ရှားသေး။ မှတ်တမ်းယူထားကြောင်းကြားသည်နှင့် သခင်ကျန်း အကြီးအကျယ် မျက်နှာပျက်သွားသည်။ ထိုမှတ်တမ်းသည် သူ့ကိုဒုက္ခပေးနိုင်သည့် သက်သေဖြစ်သည်။
"မင်းလုပ်ရဲသလားကွ"
သခင်ကျန်း၏အရိပ်မှ အရိပ်နှစ်ခုကွဲထွက်လာသည်။ ဝံပုလွေအရိပ်များအဖြစ် အသွင်ပြောင်းသွားပြီး တပ်သားနှစ်ယောက်၏အရိပ်ကို ခုန်ဟပ်သည်။
အလွန်ရှားပါးသည့် အရိပ်မှော်ပညာဖြစ်သည်။ ခုခံကာကွယ်ဖို့ မဖြစ်နိုင်။
"ဘယ်သူ့ကိုမှဒုက္ခပေးဖို့ မစဉ်းစားနဲ့"
ကန္တာရနတ်ဆိုးမက လုယန်တို့ရှေ့သို့ ချက်ချင်းခုန်ထွက်လာပြီး ဝံပုလွေရိပ်တစ်ခုကို ဆောင့်နင်းလိုက်သည်။ ထိုအရိပ်က သခင်ကျန်းနှင့် ဆက်သွယ်ထားသဖြင့် သူ့ရင်ဘတ်တစ်ခုလုံး ကြေမွသွားသလို ခံစားရသည်။ အသက်မရှူနိုင်တော့။
ကန္တာရနတ်ဆိုးက လုယန်ကို စိတ်အားထက်သန်စွာလှည့်ကြည့်သည်။
"သခင်တို့။ ဒါက ကျွန်မအကျိုးဆောင်တယ်လို့ သတ်မှတ်လို့ရလား"
"ငါ့ကိုဖမ်းရအောင် မင်းတို့ကဘာမို့လဲကွ"
မုန်ကျင်းကျိုး စိတ်မရှည်ဖြစ်လာပြီး သခင်ကျန်းမျက်နှာကို ဖြတ်ရိုက်လိုက်သည်။
"မင်းနားကန်းနေလား။ ဒါနဲ့များ ကောင်တီတရားသူကြီးလုပ်နေတယ်ပေါ့။ ငါတို့ကချွီယွီကောင်တီက တပ်သားတွေပါလို့ ခုနကပြောလိုက်တာ မကြားဘူးလား"
"မင်းတို့သိထားဖို့က ငါ့ကိုအဆင့်မြင့်အရာရှိက မျက်စိကျနေပြီကွ။ ငါ့ဘဝလမ်းကြောင်းအတွက် စိုး၇ိမ်စရာမလိုတော့ဘူး။ ငါအခု ပြည်နယ်တရားသူကြီးရာထူးတိုးကိစ္စက အဲဒီ့အရာရှိဆုံးဖြတ်တာ။
မင်းတို့ငါ့ကို ရန်စရင် အဲဒီ့အရာရှိကို ဆန့်ကျင်တာနဲ့ အတူတူပဲ"
"ဘာတွေလဲကွာ"
...
မနက်စောစောတွင် လုယန်တို့နှစ်ယောက် အရိုးရိုင်းကိုနှိုးဖို့ စိတ်ကူးမိသည်။ သို့သော် အရိုးရိုင်းအခန်းမှ ဟောက်သံကြားနေရသဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေကြောင်း သိလိုက်သည်။
သူ့ကိုနှိုးလိုက်လျှင် လူမဆန်ရာကျမည်။ ထို့ကြောင့် စာရွက်တစ်ခုတွင် စာရေးပြီး အခန်းတံခါးဘေးထိုင်ခုံပေါ်တွင် မှောက်လျက်ချထားခဲ့သည်။
သိပ်မကြာမီ လက်ထောက်က တော်ဝင်ရုံးတော်အမိန့်တစ်ခုယူလာပြီး အရိုးရိုင်းအခန်းတံခါးဘေး ထိုင်ခုံပေါ်တွင် လာထားပြန်သည်။
အရိုးရိုင်းနိုးလာပြီးနောက် မျက်လုံးကိုပွတ်ရင်း အခန်းတံခါးကိုဖွင့်သည်။ တံခါးဝထိုင်ခုံပေါ်မှ စာရွက်နှစ်ရွက်ကိုတွေ့သည်။ တစ်ချမ်သမ်းဝေပြီးနောက် ကောက်ဖတ်သည်။
"တော်ဝင်ရုံးတော်အမိန့်ပဲ။ ပြည်နယ်တရားသူကြီးနေရာကို အတည်ပြုလိုက်ပြီ။ ကုယွမ်ကောင်တီက ကျန်းတုန်ဟန်ကို ခန့်လိုက်ပြီတဲ့"
"ဒါက အကိုလုတို့ရေးခဲ့တဲ့စာပဲ..ဘာများပါလိမ့်..။ မနေ့ညက ဂူဖောက်သမားတစ်ယောက်ဖမ်းမိတယ်။ လာဘ်ပေးလာဘ်ယူမှုတစ်ခုလည်း မထင်မှတ်ဘဲကြုံတယ်။ ဒီကိစ္စက အရေးကြီးလို့ လူကိုဖမ်းထားပြီးပြီတဲ့။
ငါ့ကို ဖမ်းဆီးဝရမ်းထုတ်ပေးဖို့ ပြောထားတာပဲ။ ဖမ်းဆီးဝရမ်းလည်း အသင့်ပြင်ထားတယ်။ ငါလက်မှတ်ထိုးရုံပဲ ဆိုပါလား"
လုယန်တို့ ချန်ထားခဲ့သည့် ဖမ်းဆီးဝရမ်းကို သူဖွင့်လိုက်သည်။
"ထူးဆန်းတယ်။ ဒီလူနာမည်ကလည်း ကျန်းတုန်ဟန်တဲ့လား"
*********************************
အခန်း (၁၂၂၁) နောက်တစ်ကြိမ်လစ်လပ်ခြင်း
"ဒီတောင်ပင်လယ်တံဆိပ်ကို ဘယ်လိုသုံးရတာလဲ"
လုယန်က တံဆိပ်ကို လက်ထဲတွင်ကိုင်ထားရင်း ကန္တာရနတ်ဆိုးကိုမေးသည်။
"မန္တာန်တစ်ခုရှိပါတယ်။ ဒီမန္တာန်ကိုသိရင် ငါ့ကိုထိန်းချုပ်လို့ရတယ်..."
ကန္တာရနတ်ဆိုး မလိမ်ညာရဲ။ မန္တာန်ကို ရွတ်ပြသည်။
လုယန် တစ်ကြိမ်ရွတ်လိုက်သည်။ မန္တာန်တစ်ဝက်လောက်ရောက်ချိန်တွင် ကန္တာရနတ်ဆိုးက ခေါင်းကိုအတင်းအုပ်၍ ဝေဒနာခံစားရသည့်အသွင်မျိုးဖြစ်လာသည်။
"သခင်တို့နှစ်ယောက် ကျွန်မကိုယုံပြီလား"
မန္တာန်ဆုံးသွားချိန်တွင် နတ်ဆိုးက မဝံ့မရဲလေသံဖြင့်မေးသည်။ ဘာကြောင့် သူဖြတ်သန်းရသည့် လူသားစမ်းသပ်ချက်က ထိုမျှခက်ခဲနေသည်ကို နားမလည်နိုင်သေး။
ထိုနတ်ဆိုးမှ တမင်ဟန်လုပ်နေခြင်းဖြစ်မည်ကို လုယန် စိုးရိမ်သည်။ မန္တာန်ကို စိတ်ထဲမှ နောက်တစ်ကြိမ်ရွတ်ကြည့်သည်။ နတ်ဆိုး၏တုံ့ပြန်မှုက အရင်အတိုင်းပင်ဖြစ်သည်။
လုယန် ယုံကြည်သွားသည်။
"ဒါဆိုမန္တာန်ကိုသိပြီး တောင်ပင်လယ်တံဆိပ်ရှိတဲ့လူတိုင်း မင်းကိုထိန်းချုပ်နိုင်တယ်ပေါ့"
"တံဆိပ်နဲ့မန္တာန်က ကျွန်မကို ခေါင်းကိုက်အောင်ပဲလုပ်နိုင်တာပါ။ တကယ်မထိန်းချုပ်နိုင်ဘူး။ ကျွန်မကို ထိန်းချုပ်နိုင်ဖို့ဆိုရင် တံဆိပ်ပေါ်မှာ သွေးစက်ချပြီး သခင်အဖြစ်သတ်မှတ်ရတယ်"
လုယန်တို့နှစ်ယောက် ခေါင်းငြိမ့်သည်။ အမှန်ပြောနေခြင်းဖြစ်မည်။
"သွားစို့။ သူ့ကို အလောင်းထိန်းဂိုဏ်းကို ခေါ်သွားရအောင်"
....
"ဂိုဏ်းချုပ်ဘာလို့ပြန်မလာသေးတာလဲ"
ကျောက်ပို အလောင်းထိန်းဂိုဏ်းဂိတ်တံခါးတွင် စိုးရိမ်ပူပန်စွာစောင့်ဆိုင်းနေသည်။
ဂိုဏ်းချုပ် တစ်ညလုံးပြန်မလာသည်မှာ ကောင်းသည့်လက္ခဏာမဟုတ်။
ဂိုဏ်းချုပ်သေသွားသည်ဖြစ်စေ...ကန္တာရနတ်ဆိုး လွတ်မြောက်သွားသည်ဖြစ်စေ နှစ်ခုလုံးက အကြီးအကျယ်ပြဿနာတက်နိုင်သည်။
အလင်းတန်းသုံးခု ကောင်းကင်မှ ပျံသန်းလာသည်ကို သူမြင်ရသည်။ မျက်လုံးမှေးစင်း၍ စိုက်ကြည့်နေသည်။ ထို့နောက် ရင်းနှီးနေသည့်မျက်နှာများကို မြင်လိုက်ရသည်။
"အကိုလု၊ အကိုမုန်"
ကျောက်ပို ဝမ်းသာအားရ လက်ဝှေ့ယမ်းပြပြီး အော်ခေါ်သည်။ သို့သော် ထိုနျှစ်ယောက်ကြားတွင် လိုက်လာသည် အဝတ်အစားခပ်နွမ်းနွမ်းနှင့်မိန်းမကိုတော့ သူမသိ။
"ဪ၊ ညီလေးကျောက်ပါလား"
လုယန်ပြုံး၍ မြေပေါ်ဆင်းလာသည်။ သူတို့ အရင်တစ်ခေါက် အရိုင်းနဘ်မြေသို့လာစဉ်က အလောင်းထိန်း၏ နံပတ်တစ်တပည့် ကျောက်ပိုနှင့် ဆုံခဲ့သည်။ ကျောက်ပိုက သူတို့ကို အလောင်းထိန်းဂိုဏ်းသို့ခေါ်သွားသည်။
ရေသရဲရှင်းလင်းသည့် ဂိုဏ်းတာဝန်တွင် အတူပူးပေါင်းခဲ့ကြသည်။ အတော်ရင်းနှီးခဲ့သည်။
ထိုစဉ်က သူနှင့်လောင်မုန် ရွှေသန္ဓေအဆင့်သာရှိသည်။ နှစ်ပေါင်းများစွာ မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားသည်။
"အကိုတို့ဘာလို့ဒီကိုရောက်လာတာလဲ။ ဒီမိန်းကလေးတာအိုရှင်က ဘယ်သူ...အဲ..ထားပါတော့။ အခုဒါတွေ ပြောရမယ်အချိန်မဟုတ်ဘူး။ ကန္တာရနတ်ဆိုးတစ်ကောင် ပေါ်လာပြီ။
ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာတော့မယ်။ ဂိုဏ်းချုပ်က သူနဲ့ရင်ဆိုင်ဖို့ထွက်သွားတယ်။ တစ်ညလုံးပြန်မလာဘူး။ အကိုတို့သူ့ကို သွားကူညီပေးပါ"
ကျောက်ပိုက အလောတကြီးပြောသည်။ ရှေးဟောင်းနှောင်းဖြစ်များ ပြောနေဖို့ အချိန်မရှိသေး။
သူ့စကားကြောင့် ကန္တာရနတ်ဆိုး ရင်ထိတ်သွားသည်။
"ပေါက်ကရတွေမပြောနဲ့။ ကန္တာရနတ်ဆိုးက ဘာမှမဖြစ်ပါဘူး"
ကိုယ့်အသက်ကိုယ် ကယ်နိုင်ဖို့ သူချက်ချင်းပြောမှဖြစ်မည်။ သူ့ကိုယ်သူထိန်းချုပ်ထို့ နည်းလမ်းစုံသုံးခဲ့ရသည်။ ထိုလူငယ် ပေါက်တတ်ကရ ထပ်ပြောနေလျှင် သခင်နှစ်ယောက် သူ့ကိုမကောင်းမြင်လာနိုင်သည်။
"ဒီလောက်အရေးကြီးတဲ့ကိစ္စကို ကျုပ်ကဘာလို့ပေါက်တတ်ကရပြောရမှာလဲ။ ဒီကိစ္စဖြေရှင်းဖို့ ကျုပ်တစ်ညလုံး ရှေးဟောင်းကျမ်းတွေဖတ်ပြီး တွေ့သမျှလူတွေဆီက အကြံဉာဏ်တောင်းခဲ့တာ"
"ဘာလို့ပေါက်တတ်ကရမဟုတ်ရမှာလဲ။ ငါက ကန္တာရနတ်ဆိုးပဲ"
"ခင်ဗျား ကန္တာရနတ်ဆိုးဆိုရင်တောင်...အဲ.ဘာရယ်။ ခင်ဗျားဘာပြောတယ်"
နတ်ဆိုးမ၏ စုတ်ပြဲနေသည့် အဝတ်အစားများကို ကျောက်ပိုယခုမှ သတိထားမိလာသည်။ သူတို့အလောင်းထိန်းဂိုဏ်း၏ ဝတ်စုံဖြစ်သည်။
"ခင်..ခင်ဗျားက ကန္တာရနတ်ဆိုးပေါ့"
ကျောက်ပို မျက်လုံးပြူးသွားပြီး နားမလည်ဟန်ဖြင့် လုယန်တို့နှစ်ယောက်ကို လှည့်ကြည့်သည်။
လုယန်က ခေါင်းကိုကုတ်၍ နည်းနည်းစိတ်ရှုပ်နေသည်။ ထိုကိစ္စက အတော်ရိုးရှင်းသည်မဟုတ်လော။ ဘာမှသိပ်ရှင်းပြစရာလိုသည်မထင်။
"ငါတို့သူ့ကို မထင်မှတ်ဘဲ တွေ့ခဲ့တာပါ။ သူက အလောင်းထိန်းဂိုဏ်းဝတ်စုံ ဝတ်ထားတာတွေ့လို့ မင်းတို့ဆီလက်လွှဲပေးဖို့ ခေါ်လာတာ"
"ကျုပ်တို့သူ့ကို ဘယ်လိုထိန်းချုပ်နိုင်မှာလဲ"
ကျောက်ပို ချက်ချင်းပြ်ပြောသည်။ ကူးဖြတ်ခြင်းအဆင့်အောက်တွင် စွမ်းအားအကြီးဆုံးဖြစ်သည့် သူ့ဆရာဂိုဏ်းချုပ်ပင် ကန္တာရနတ်ဆိုးကို အနိုင်ယူနိုင်ခြေသိပ်မရှိ။ သူတို့ဂိုဏ်းတွင် ထိုနတ်ဆိုးဂြိုလ်မွှေလျှင် ဘယ်လိုလုပ်မည်နည်း...
"ဒါအတွက် စိတ်မပူပါနဲ့။ငါတို့မှာ တောင်ပင်လယ်တံဆိပ်ပါလာတယ်"
လုယန်က တံဆိပ်အသုံးပြုနည်းရှင်းပြသည်။
ကျောက်ပို စိတ်သက်သာရာရသွားသည်။
"ဒါဆို ဂိုဏ်းချုပ်ပြန်လာရင် တံဆိပ်ပေးလိုက်ရမလား"
"ငါတို့မှာ လုပ်စရာကိစ္စတွေရှိသေးတယ်။ တံဆိပ်ပေါ်ကို မင်းရဲ့သွေးတစ်စက်ချပြီး သခင်အဖြစ်သတ်မှတ်လိုက်ပါလား။ ဘာပဲပြောပြော မင်းက လေဟာနယ်သန့်စင်အဆင့်ရောက်နေပြီ။ အသက်ကယ်နည်းလမ်းတွေလည်း မရှိသေးဘူးလေ"
ကျောက်ပို လုယန်ဆန္ဒကို မဆန့်ကျင်နိုင်။ စိတ်မပါ့တပါဖြင့် ကန္တာရနတ်ဆိုးကို လက်လွှဲယူသည်။ တံဆိပ်ပေါ်သွေးစက်ချ၍ သခင်အဖြစ်သတ်မှတ်လိုက်သည်။
လူယန်တို့နှစ်ယောက် စိတ်ချစေရန် ကန္တာရတ်ဆိုးက 'သခင်'ဟုပင် ချိုချိုသာသာခေါ်နေသည်။
"ညီလေးကျောက်။ ဝီရိယစိုက်ပြီး ကျင့်ကြံပါ။ ငါတို့နောက်မှ စကားပြောကြသေးတာပေါ့"
လုယန်တို့နှစ်ယောက် နှုတ်ဆက်လိုက်သည်။
"ဒါနဲ့...မဟာအကြီးအကဲက ကန္တာရနတ်ဆိုးကို အတော်စိတ်ဝင်စားလောက်တယ်။ သူ့ဆီစာရေးပြီး လာကြည့်ဖို့ပြောရင် ကောင်းမယ်ထင်တယ်"
လုယန်တို့ထွက်သွားပြီးနောက် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် လွီပါချန်း ဂိုဏ်းသို့ပြန်ရောက်လာသည်။
တစ်ညလုံးရှာခဲ့သော်လည်း ကန္တာရနတ်ဆိုး၏ သဲလွန်စကို မတွေ့ခဲ့။
"ဒီနတ်ဆိုးက အရမ်းလျှို့ဝှက်ပြီး စိတ်ရှည်တယ်။ ရင်ဆိုင်၇ အတော်ခက်ခဲမယ့်ပုံပဲ"
သတင်းကောင်းတစ်ခုတော့ရှိသည်။ နတ်ပန်းပဲဝမ်မိသားစုအမွေခံနှင့် မထင်မှတ်ဘဲတွေ့ခဲ့သည်။ သို့သော် ထိုအမွေခံ၏ ကျင့်စဉ်အဆင့်က နိမ့်လွန်းနေသည်။ ကန္တာရနတ်ဆိုးကို ထိန်းချုပ်နိုင်မည့် တောင်ပင်လယ်တံဆိပ် မလုပ်နိုင်သေး။
သို့သော် သူ့လက်ထဲတွင် တောင်ပင်လယ်တံဆိပ်ဒီဇိုင်းပုံများရှိသည်။ ထိုပုံများကိုသုံးလျှင် တောင်ပင်လယ်တံဆိပ်၏စွမ်းအား တစ်စိတ်တစ်ပိုင်းထုတ်လွှတ်နိုင်သည်။ ကန္တာရနတ်ဆိုးကို အငိုက်ဖမ်းတိုက်ခိုက်နိုင်သည်။
အဆင့်မြင့်တိုက်ပွဲတစ်ခုတွင် တစ်ချက်အငိုက်မိသည်နှင့် ရှုံးနိမ့်သွားမည်။
"ဂိုဏ်းချုပ်၊ ဘေးကင်းကင်းပြန်ရောက်လာပြီပဲ"
ကျောက်ပိုက ပြုံးရွှင်သည့်မျက်နှာဖြင့် ဂိတ်တံခါးဝတွင် စောင့်နေဆဲဖြစ်သည်။
"ဒါပေမယ့် ကန္တာရနတ်ဆိုးကို ရှာမတွေ့ခဲ့ဘူး.."
ထို့နောက် ကျောက်ပိုဘေးတွင် သစ်သားရုပ်ထုလို ငြိမ်သက်စွာရပ်နေသည့် ကန္တာရနတ်ဆိုးကို သတိထားမိသွားသဖြင့် သူအတော်လန့်သွားပြီး တိုက်ခိုက်ရန်အသင့်ပြင်သည်။
ကျောက်ပိုက အမြန်ရှေ့ထွက်တားပြီး အခြေအနေကို သေချာရျင်းပြသည်။
တစ်ချို့အသေးစိတ်အချက်များကို သူလည်းသေချာမသိ။
"ဪ..ရှောင်လုနဲ့ရှောင်မုန် လာပို့တာလား။...နေပါဦး၊ ဒါဆိုအခုမင်းက ဒီကန္တာရနတ်ဆိုးရဲ့ သခင်ပေါ့။ သူ့ကိုထိန်းချုပ်နိုင်တယ်ပေါ့။
ဟား...ငါတို့နှစ်ယောက် ဘယ်သူစွမ်းအားပိုကြီးသလဲ ကြည့်ရသေးတာပေါ့"
လွီပါချန်း ချက်ချင်းစိတ်အားတက်ကြွလာသည်။ ကန္တာရနတ်ဆိုးကို ရင်ဆိုင်ဖို့နည်းလမ်းများ သူတစ်ညလုံး စဉ်းစားခဲ့သည်။ သူအပင်ပန်းခံထားသမျှ အချည်းအနှီးမဖြစ်ချင်။
ကျောက်ပို၏ခွင့်ပြုချက်ရပြီးနောက် ကန္တာရနတ်ဆိုးက လွီပါချန်း၏ စိန်ခေါ်မှုကို လက်ခံသည်။
ကူးဖြတ်ခြင်းတစ်ဝက်အဆင့်နှစ်ယောက် ချက်ချင်းတိုက်ခိုက်ကြသည်။ တောင်ကုန်းများ ချက်ချင်းပျိုကျသွားသည်။
လုယန်တို့နှစ်ယောက်၏အထိန်းအချုပ် မရှိတော့သဖြင့် ကန္တာရနတ်ဆိုးက သူ့ပြိုင်ဘက်ကင်းစွမ်းရည်ကို ထုတ်ပြသည်။ သိပ်မကြာမီ လွီပါချန်း အရေးနိမ့်လာသည်။
ကန္တာရနတ်ဆိုးက လွီပါချန်းထက်ပင် ပို၍စိတ်အားထက်သန်နေသည်။ မှန်သည်။ ထိုလူသည် သူဖြတ်ကျော်ရမည့် လူသားစမ်းသပ်ချက်ဖြစ်သည်။
"တကယ်ရင်ဆိုင်ရခက်တာပဲ..."
လွီပါချန်း နှုတ်ခမ်းထောင့်မှသွေးများကို သုတ်လိုက်သည်။ ကန္တာရနတ်ဆိုးက မရဏချီနယ်မြေကို ထုတ်လွှတ်ခဲ့သည်။ မရဏချီကိုကာကွယ်ရင်း အာရုံများနေသဖြင့် နတ်ဆိုး၏အဆက်မပြတ် တိုက်ခိုက်မှုကို သူမခုခံနိုင်ခဲ့။
"ဒါပေမယ့္ နည်းလမ်းတစ်ခုရှိတာပဲ။ တောင်ပင်လယ်တံဆိပ်..."
လွှီပါချန်း မှော်စွမ်းအင်သုံး၍ တောင်ပင်လယ်တံဆိပ်ဖန်တီးသည်။ သို့သော် ကန္တာရနတ်ဆိုးက သူ့ကိုယ်ပိုင်ထိန်းချုပ်မန္တာန်သုံး၍ တံဆိပ်ကို ရင်ဆိုင်သည်။ စွမ်းအင်နှစ်ခု လေထဲတွင် ပေါက်ကွဲသွားသည်။
"မင်းဘာလို့ တောင်ပင်လယ်တံဆိပ်ကို မကြောက်တာလဲ"
လွီပါချန်းနားမလည်တော့။ အမှန်ဆို ထိုသို့မဖြစ်သင့်။
ကန္တာရနတ်ဆိုးက လေသံအေးအေးဖြင့် ပြန်ပြောသည်။
"ထွက်လာလာချင်း ကူးဖြတ်ခြင်းအဆင့် ဓားကျင့်ကြံသူနဲ့ သန့်စင်ယန်စွမ်းအားရှင်တွေ အလစ်တိုက်ခိုက်တာထက် ဒီတံဆိပ်က ပိုကြောက်စရာကောင်းနိုင်ဦးမှာလား"
...
အရိုင်းနယ်မြေ ထိပ်သီးစည်းဝေးပွဲခန်းမ။
"ကျန်းတုန်ဟန် ရာထူးတိုးတိုးချင်း အရိုးရိုင်းက ဘာလို့ဖမ်းလိုက်တာလဲ"
ထိုသတင်းကြောင့် အရိုင်းနယ်မြေထိပ်သီးများလည်း အံ့ဩနေကြသည်။ အဖြစ်မှန်ကို လက်မခံနိုင်ဘဲ အတော်ကြာအောင် မင်သက်မိသွားကြသည်။
"အတင့်ရဲလွန်းတယ်။ ငါတို့ဆုံးဖြတ်ချက်ကို လုံးဝအရေးမစိုက်တဲ့သဘောပဲ"
သခင်စုန့်က ဒေါသတကြီးစားပွဲကို ရိုက်လိုက်သည်။ အရာရှိအဖြစ် ရာစုနှစ်ချီ၍ သူတာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမျှ ရယ်စရာကောင်းသည့်အခြေအနေမျိုး တစ်ခါမှမကြုံခဲ့ဖူး။
"မင်းဘာတွေပြောနေတာလဲ။ ကျန်းတုန်ဟန်ကိုယ်တိုင်က လောဘမထိန်းနိုင်လို့ လာဘ်စားခဲ့တာလေ။ အရိုးရိုင်းကို အပြစ်တင်လို့ရမလား။
ပြောရရင် ဒီလိုပြဿနာကောင်ကို ရှင်းပေးတဲ့အတွက် အရိုးရိုင်းကိုတောင် ကျေးဇူးတင်ရဦးမှာ"
"ပြဿနာကောင်ကိုရှင်းတယ်ဆိုတာ ဘာစကားလဲကွ။ သူက မသေမျိုးဂိုဏ်းတပည့်ဆိုပြီး စိတ်ထင်ရာတဇွတ်ထိုးလုပ်နေတာ"
အုပ်စုနှစ်ခုကွဲပြီး အခြေအနေတင်းမာလာသဖြင့် နယ်စားချုပ် မျက်မှောင်ကျုံ့သွားသည်။
"တော်ကြတော့။ အရိုးရိုင်းကိစ္စ လောလောဆယ် ခဏထားဦး။ ကျုန်းရှန်ပြည်နယ်တရားသူကြီးနေရာ လစ်လပ်သွားပြန်ပြီ။ ဘယ်သူ့ကို နေရာပေးမလဲ"
"ကျုန်းရှန်ပြည်နယ် ကောင်တီတရားသူကြီးတွေထဲက နောက်တစ်ယောက်ရွေးကြမလား"
"ဒါတော့ အဆင်မပြေလောက်ဘူး။ ကျန်တဲ့တရားသူကြီးတွေက သိပ်လေးစားကြမှာမဟုတ်ဘူး"
"ဒါဆိုနယ်စားမင်း ဘယ်လိုစိတ်ကူးထားလဲ"
နယ်စားချုပ် မေးစေ့ကိုသပ်လျက် သင်တော်သူကို စဉ်းစားသည်။
"အတွင်းရုံးတော်က အရာရှိတစ်ယောက်ကို ခန့်လိုက်ရင် ကောင်းမယ်ထင်တယ်။ ဝန်ကြီးကျိုးဟိုင်က ဉာဏ်ထက်တယ်။ လူတွေရဲ့စိတ်ကိုဖတ်ပြီး အခြေအနေကို သုံးသပ်နိုင်စွမ်းရှိတယ်။
အမှုထမ်းတွေကို အုပ်ချုပ်တဲ့နေရာမှာကျွမ်းကျင်တယ်။ သူက ဒီနေရာနဲ့သင့်တော်မယ်လို့ ငါယူဆတယ်"
************************************