← Chapters

အခန်း (၁၂၂၂-၁၂၂၄)

Vol. 82 Ch. 1222-1224

အခန်း (၁၂၂၂-၁၂၂၄)

Vol. 82 Ch. 1222-1224

အခန်း (၁၂၂၂) ခိုးနားထောင်သည့် အကျိုးဆက်

"ကျိုးဟိုင်က ရာထူးယူလိုက်ပြီ။ ကျုန်းထန်က ကောင်တီနယ်စားတွေအားလုံး မနက်ဖြန်အစည်းအဝေးတက်ရမယ်ဆိုပါလား"

အရိုးရိုင်း တစ်နေကုန်အလုပ်များနေခဲ့သဖြင့် ယခုအလုပ်ဆင်းမှ သတင်းကြားရသည်။

အရင်ရာထူးယူခဲ့သည့် တရားသူကြီးနှစ်ယောက်၏ အမှုကိစ္စများကိုင်တွယ်နေရသဖြင့် အခုရက်ပိုင်း သူအတော်အလုပ်များသည်။

သူ့အကိုနှစ်‌ယောက်ကူညီ၍သာ သူအလုပ်မှ ပုံမှန်ပြန်လာနိုင်ခြင်းဖြစ်သည်။

"အခု ပြည်နယ်အုပ်ချုပ်သူအသစ် ရောက်လာပြီပေါ့"

အရိုးရိုင်း သက်ပြင်းချသည်။ ရက်အနည်းငယ်အတွင်း နယ်စားနှစ်‌ယောက် ဆက်တိုင်းပြောင်းသွားသည့်ကိစ္စက တကယ်ခက်ခဲသည်။

သေချာစဉ်းစားပြီးနောက် လုယန်တို့နှစ်ယောက်ကို သူစည်းဝေးပွဲတက်ရမည့်ကိစ္စပြော၍ အတူလိုက်ခဲ့ဖို့ခေါ်သည်။

ပုံမှန်အားဖြင့် ပြည်နယ်တရားသူကြီးတစ်ယောက် ရာထူးတက်လာလျှင် လက်အောက်ခံ ကောင်တီနယ်စားများ လက်ထောက်အရာရှိများကို အစည်းအဝေးခေါ်၍ သူ့ကိုကူညီဖေးမပေးကြဖို့ ပြောလေ့ရှိသည်။

"ငါတို့ပါလိုက်ရမယ်ပေါ့။ ကောင်းပါပြီလေ။ မင်းက လေဟာနယ်သင့်စင်အဆင့်ပဲ။ ငါတို့အပိုင်နယ်ထဲမှာက ဘာမှမဖြစ်ဘူး။ ကောင်တီမြိ့အပြင်ကိုထွက်ရင် အန္တရာယ်ကြုံနိုင်တယ်"

သို့ဆိုလျှင် လုယန်တို့သည် ညဆိုင်းတာဝန်တွင် သရဲများကိုခြေရာခံရင်း အလုပ်များပြီး နောက်တစ်နေ့မနက်တွင် အရိုးရိုင်းနှင့်အတူ စည်းဝေးပွဲသွားရမည့်သဘောဖြစ်သည်။

ကူးဖြတ်ခြင်းအဆင့်များသည် ရက်တစ်ရာကြာအောင် ဆက်တိုက်အလုပ်လုပ်ရသည့်တိုင် မမောပန်းကြသော်လည်း အရိုးရိုင်းစိတ်ထဲ အတော်ကျေးဇူးတင်မိသည်။

ချွီယီကောင်တီတွင် အုပ်ချုပ်ရးချောမွေ့နေသည်။ ညဆိုင်းတာဝန်အတွင်း ဘာပြဿနာမှမတွေ့။ မနက်လင်းသည်နှင့် အရိုးရိုင်းနှင့်အတူ ကျုးရှန်ပြည်နယ်မြို့တော်သို့သွားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဓားတစ်ရာအဖွဲ့ကိစ္စဖြေရှင်းဖို့ လုယန်တို့နှစ်ယောက် ကျုန်းရှန်သို့ရောက်ခဲ့သည်။ သို့သော် ထိုစဉ်က ညအချိန်ဖြစ်၍ လမ်းများက ခြောက်ကပ်တိတ်ဆိတ်နေသည်။

ပြည်နယ်စားအိမ်တော်တံခါးတွင် စည်းဝေးပွဲလာတက်သည့် ကောင်တီနယ်စားများကို တွေ့ရသည်။ တစ်ချို့က ဝေါယာဉ်ဖြင့်လာသည်။ တစ်ချို့က မြင်းရထားဖြင့်လာသည်။ အားလုံးက ခမ်းနားထည်တွသည်။

အရိုးရိုင်းနှင့် သူ့တပ်သားနှစ်ယောက်သာ လမ်းလျှောက်လာသည်။

သို့သော် ကောင်တီနယ်စားမှ သူ့ကိုအထင်မသေးရဲ။ ဝေါယာဉ်များ မြင်းရထားများပေါ်မှဆင်း၍ ပြုံးရွှင်သည့်မျက်နှာဖြင့် နှုတ်ဆက်ကြသည်။

သုံးရက်အတွင်း ပြယ်နယ်တရားသူကြီးနှစ်ယောက်ကို ဖမ်းဆီးခဲ့သည်။ ဒုတိယတစ်ယောက်ကို ရုံးတော်လွှဲယူသည့်နေ့တွင် ထောင်ချခဲ့သည်။ ထိုစွမ်းဆောင်မှုမျိုးက တကယ်ကြောက်စရာကောင်းသည်။

"သခင်အရိုးရိုင်း၊ မတွေ့တာကြာပြီနော်။ အရင်လို ကြည့်ကောင်းနေတုန်းပဲ"

"သခင်အရိုးရိူင်းက အမှုကိစ္စတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တာပဲ။ ဘာပြစ်မှုကိုမှ မျက်နှာသာမပေးဘူး။ ကျုပ်တို့တကယ် လေးစားအားကျရပါတယ်ဗျာ"

"တာအိုလမ်းစဉ်ဂိုဏ်းတပည့်။ ထိပ်တန်းစာပေပညာရှင်။ သခင်အရိုးရိုင်းက ဘွဲထူးနှစ်ခုလုံး ပိုင်ဆိုင်ထားတာ တကယ်အားကျတယ်ဗျာ"

အရိုးရိုင်းက ယဉ်ယဉ်ကျေးကျေး တုံ့ပြန်သည်။

"နောက်ကို သခင်တို့နဲ့ အတွေးအမြင်ချင်း များများဖလှယ်မှဖြစ်မယ်"

ထိုစကားကြားသည်နှင့် တစ်ခြားကောင်တီနယ်စားများ အိမ်တော်ထဲသို့ အမြန်ဝင်သွားကြသည်။ 'အမြင်ဖလှယ်'သည့်အလုပ်ကို မလုပ်လိုကြ။ ရုတ်တရက် ပြဿနာတက်လာမည်ကို စိုးရိမ်ကြသည်။

အရိုးရိုင်း တွေးရခက်သွားသဖြင့် ခေါင်းကုတ်နေသည်။ သူ့လက်ထောင့်ညွှန်ကြားထားသည့်အတိုင်း ပြောလိုက်ခြင်းသာဖြစ်သည်။ ဘာကြောင့် ကောင်တီနယ်စားများ ထိုသို့ဖြစ်သွားကြသည်မသိ။

"ထားလိုက်ပါတော့လေ။ ဝင်ကြစို့"

အရိုးရိုင်းက စိတ်ဓာတ်ပွင့်လင်းသည်။ နားမလည်သည့်အရာတစ်ခုကို အချိန်ကုန်ခံ ဦးနှောက်အပင်ပန်းခံ၍ သူမစဉ်းစား။

ပြည်နယ်စားအိမ်တော်ထဲသို့ ဝင်ပြီးနောက် အရိုးရိုင်း စည်းဝေးခန်းမသို့သွားရမည်။ လုယန်တို့နှစ်ယောက်က တပ်သားများဖြစ်၍ အပြင်ဘက်တွင်သာ စောင့်နေကြရမည်။

တစ်ခြားနယ်စားများ၏ လက်ထောက်တပည့်များလည်း ရှိသည်။ ထို့ကြောင့် သူတို့အထီးမကျန်ကြ။

"အကိုတို့နှစ်ယောက်ကို အားနာစရာကောင်းနေပြီ။ ပြည်နယ်ခေါင်းဆောင်သစ်ရဲ့ စည်းဝေးပွဲက ဘယ်လောက်ကြာမယ်မသိဘူး။ အကိုတို့နှစ်ယောက် မြို့ထဲလမ်းလျှောက်ထွက်ကြပါလား"

လုယန် လက်ခါပြ၍ ရယ်သည်။

"မလိုပါဘူး။ မလိုပါဘူး။ ငါတို့က မင်းကိုကာကွယ်ပေးဖို့ လိုက်လာတာပဲ။ ထွက်သွားလို့ဘယ်ဖြစ်မလဲ"

စည်းဝေးခန်းမထဲရောက်ပြီး ထိုင်လိုက်သည်နှင့် အရိုးရိုင်းဆီသို့ မျက်နှာစိမ်း ကောင်တီနယ်စားတစ်ယောက် လျှောက်လာသည်။

"သခင်အရိုးရိုင်းကို ကျေးဇူးတင်ပါတယ်"

"ခင်ဗျားက ဘယ်သူလဲ"

"ယန်တင်းဟိုင်ပါ။ ကုယွမ်ကောင်တီရဲ့ တရားသူကြီးအသစ်ပါ"

"ဪ..သခင်ယန်ပေါ့။ ဒါနဲ့ ကျုပ်ကိုဘာလို့ကျေးဇူးတင်တယ်ပြောတာလဲ"

အရိုးရိုင်း လက်နှစ်ဘက်ဆုပ်၍ ယဉ်ကျေးစွာပြန်မေးသည်။

"ကျုပ်က သခင်လိုအခေါ်မခံထိုက်ပါဘူး။ အစက ကျန်းတုန်ဟန် ပြည့်နယ်အဆင့်ရာထူးတိုးတော့ သူ့ရဲ့ကောင်တီနယ်စားနေရာ လစ်လပ်သွားတယ်လေ။

ကျုပ်နဲ့ လျိုဝမ်ကျိနှစ်ယောက်လုံး အဲဒီ့နေရာကို ရနိုင်ခြေရှိတဲ့လူတွေပါ။ ဒါပေမယ့် လျိုဝမ်ကျိက ကျန်းတုန်ဟန်နဲ့ ရင်းနှီးအောင်ပေါင်းတတ်တော့ သူက ကောင်တီနယ်စားဖြစ်လာနိုင်ခြေ ပိုများတယ်။

သခင်အရိုးရိုင်းက ကျန်းတုန်ဟန်နဲ့ လျိုဝမ်ကျိကိုဖမ်းလိုက်လို့ ကျုပ်ရာထူးတက်ခွင့်ရလာတာပေါ့"

အရိုးရိုင်း နားလည်သွားသည်။

"သဘောပေါက်ပါပြီ။ ဒါက ကျုပ်တာဝန်ကို ထမ်းဆောင်တာပါ။ ကျေးဇူးတင်ဖို့ မလိုပါဘူး"

"သခင်အရိုးရိုင်း၊ နောက်ကို ကျုပ်အကူအညီလိုလာရင် အားမနာတမ်းသာပြောပါ။ ကျုပ်အကောင်းဆုံးကြိုးစားပြီး ကူညီပါ့မယ်"

နှစ်ယောက်သား စကားခဏပြောကြသည်။ တဖြေးဖြေးထူးဆန်းလာသလို ခံစားရသည်။

"ဒါနဲ့..ကျုပ်တို့စကားပြောနေတာ အတော်ကြာပြီ။ ပြည်နယ်တရားသူကြီးက ဘာလို့ရောက်မလာသေးတာလဲ"

သူ့အကိုနှစ်ယောက်က အပြင်ဘက်တွင်စောင့်ကြပ်နေရသည်။ စည်းဝေးပွဲကို မြန်မြန်အဆုံးသပ်ပြီး သူစောစောပြန်ချင်သည်။

အရိုးရိုင်းသာမဟုတ်။ တစ်ခြားကောင်တီနယ်စားများလည်း စောင့်ရသည်ကို နည်းနည်းငြီးငွေ့လာသည်။ ပထမဆုံးလုပ်သည့် စည်းဝေးပွဲတွင် ပြည်နယ်စားကျိုး ဘာကြောင့် နောက်ကျနေသည်မသိ။

"ရာထူးအသစ်ယူတဲ့လူတွေ ဩဇာပြတာမျိုးလား"

လူတစ်ယောက် စည်းဝေးခန်းအပြင်ဘက်တွင် ရပ်နေသည်။ သူ့ဝတ်စုံအရ ပြည်နယ်တရားသူကြီးဖြစ်ကြောင်း သိသာသည်။

အခန်းထဲမှ တီးတိုးစကားသံများကိုကြားနေရသဖြင့် ပြည်နယ်စားကျိုးဟိုင် ပြုံးလိုက်သည်။

အရိုင်းနယ်မြေတွင် အတွင်းဝန်ရာထူးကို ထမ်းဆောင်ခဲ့သည်။ အမှုထမ်းစီမံခန့်ခွဲမှုပိုင်းကို တာဝန်ယူခဲ့သည်။ ဩဇာတိက္ကမကြီးမားသည်။ ကောင်တီနယ်စားများပင် သူ့ကိုလေးလေးစားစားဆက်ဆံရသည်။

ကျန်းရှန်ပြည်နယ်တရားသူကြီးယူသည်က ပုံမှန်အတိုင်း ကိုယ်ရေးအချက်ဖြည့်လိုက်ရုံသာဖြစ်သည်။ ရာထူးတိုးဖို့အတွက် သတ်မှတ်ချက်မီပြီးသားဖြစ်သည်။

ယနေ့လိုအောင်မြင်မှုရလာသည်က သူ့ကျင့်စဉ်ပညာကြောင့်ဆိုလျှင် မှားမည်မထင်။

သူ့ကျင့်စဉ်ပညာက နည်းနည်းထူးခြားသည်။ ဗုဒ္ဓအကြားအမြင်ပညာနှင့်တူသည်။ သို့သော် ထိုလောက်တော့ စွမ်းအားမကြီး။

တစ်ခြားလူများပြောသည့်စကားကို ခိုးနားထောင်နိုင်ရုံသာဖြစ်သည်။ ပင်ကိုယ်ပါးနပ်မှုလည်း ရှိသူဖြစ်င တစ်ခြားလူများ၏စကားကို သုံးသပ်စဉ်းစားသည်။

အချင်းချင်းသွေးကွဲအောင် နှစ်ဘက်လုံးမြှောက်ပင့်ပေးပြီး အကျိုးအမြတ်ရအောင်ယူသည်။

သူနောက်ကျမှလာသည်က စည်းဝေးခန်းထဲမှ ကောင်တီနယ်စားများပြောနေသည့်စကားကို နားထောင်လိုသောကြောင့်ဖြစ်သည်။ ထို့ပြင် အပြင်ဘက်မှ လက်ထောက်အရာရှိများပြောနေသည့် စကားထဲမှလည်း သတင်းရယူလိုသည်။

"ဝင်ဖို့အချိန်ကျပြီပဲ"

သူပြုံး၍ပြောသည်။ အရိုးရိုင်းခေါ်လာသည့်လူနှစ်ယောက်၏စကားကို မကြားရသဖြင့် သူနည်းနည်စိတ်ပျက်မိသည်။

သို့သော် ရုတ်တရက် ထိုနှစ်ယောက်၏စကားသံ သူ့နားထဲသို့ လွင့်ပျံလာသည်။

"ကောင်းကင်အင်ပါယာသခင်ရဲ့ ဝါးမျိုခြင်းအရိယလက စွမ်းအားကြီးပုံပဲ။ တစ်ခြားလူတွေရဲ့ အရိယဖလကို စုပ်ယူနိုင်တယ်။ ဒီတော့သူ့မှာ အရိယဖလတွေ အများကြီးပိုင်ဆိုင်နိုင်တဲ့သဘောပဲမဟုတ်လား"

"ကွမ်းရှန်ဟိုင်ရဲ့ ပုံသွန်းအရိယဖလလည်း စွမ်းအားကြီးတာပဲ။ အခွင့်အရေးရရင် ကမ္ဘာသစ်တစ်ခုကို သူဖန်တီးနိုင်လောက်တယ်"

"ငါတို့ဘယ်လိုအရိယဖလမျိုး တည်ဆောက်ရင် ဘာတွေအကျိုးရနိုင်မလဲဆိုတာ စဉ်းစားနေတာ"

ပြည်နယ်စားကျိုး ခဏမင်သက်မိသွားသည်။ ခုနက ဘာဖြစ်သွားမှန်းမသိ။ မှတ်ဉာဏ်တစ်ခုခု ပျောက်သွားသလို ခံစားရသည်။

"ဝင်ဖို့အချိန်ကျပြီပဲ"

သူပြုံး၍ပြောသည်။ အရိုးရိုင်းခေါ်လာသည့်လူနှစ်ယောက်၏စကားကို မကြားရသဖြင့် သူနည်းနည်စိတ်ပျက်မိသည်။

သို့သော် ရုတ်တရက် ထိုနှစ်ယောက်၏စကားသံ သူ့နားထဲသို့ လွင့်ပျံလာသည်။

"ယင်ထန်မသေမျိုးရဲ့ လျှပ်စီးအရိယဖလက ကောင်းကင်လျှပ်စီးကို ထိန်းချုပ်နိုင်တယ်။ တွေးကြည့်ရုံနဲ့တင် အားကျဖို့ကောင်းတယ်"

"ကိုးဆမသေမျိုးရဲ့ ယင်ယန်အရိယဖလက လောကကို ကျားခုံလို အသုံးချနိုင်တယ်။ ယင်ယန်ဂုတ်သတ္တိတွေ သတ်မှတ်ပြီး အရာအားလုံးကိုဖျက်ဆီးနိုင်တယ်။

သူတို့နှစ်ယောက် ဘယ်သူပိုစွမ်းအားကြီးမလဲမသိဘူး"

"ဘာလို့ ပြည်နယ်တရားသူကြီးက ငါတို့ပြောတဲ့စကားကို ခိုးနားထောင်နေတာလဲ။ ဒါတွေကို သူနားလည်လို့လား။ အရိယဖလအတွေးအမြင်တွေက ကံကြမ္မာဖျက်စွမ်းရည် ရှိတယ်မဟုတ်လား"

"ငါလည်းမသိဘူး။ သူနားထောင်ချင်ရင်လည်း နားထောင်ပါစေ။ ပြီးရင် သူဘာမှမှတ်မိမှာမဟုတ်ပါဘူး"

ပြည်နယ်စားကျိုး ခဏမင်သက်မိသွားပြန်သည်။ ခုနက ဘာဖြစ်သွားမှန်းမသိ။ မှတ်ဉာဏ်တစ်ခုခု ပျောက်သွားသလို ခံစားရသည်။

"ဝင်ဖို့အချိန်ကျပြီပဲ"

"ဒီအရိယဖလဆိုတာက..."

......

"ပြည်နယ်တရားသူကြီး ဘာလို့ရောက်မလာသေးတာလဲ'

အရိုးရိုင်း တဖြေးဖြေး စိုးရိမ်လာသည်။ နေ့တစ်ပိုင်းနီးပါး စောင့်ခဲ့သည်။ သုံးနာရီခန့်ကြာပြီဖြစ်သည်။

တစ်ခြားကောင်တီနယ်စားမျာလးည်း စိတ်ပျက်လက်ပျက် ညည်းညူနေသည်။

"ပြည်နယ်တရားသူကြီးကို ငါသွားရှာမယ်"

စည်းဝေးခန်းတံခါးကို အရိုးရိုင်းဖွင့်လိုက်သည်။ ငူငူငိုင်ငိုင်ရပ်နေသည့် ကျိုးဟိုင်ကို မြင်လိုက်ရသည်။

"နယ်စားသခင်၊ ဘာလို့ဒီမှာရပ်နေတာလဲ"

ရုံးတော်လွှဲယူသည့် ပထမရက်တွင် ပြည်နယ်တရားသူကြီးကျိုးဟိုင်သည် သူ့ဩဇာအရှိန်အဝါကိုပြလိုခဲ့သည်။ သို့သော် စည်းဝေးခန်းအပြင်ဘက်တွင် မတ်တပ်ရပ်နေရသည်။ သုံးနာရီနီးပါး အပြစ်ပေးခံရသည်။

*************************

အခန်း (၁၂၂၃) ထိန်းထားနိုင်ရုံ

စည်းဝေးခန်းပြင်ဘက်မှ လက်‌ထောက်အရာရှိအားလုံး ပြည်နယ်တရားသူကြီးကျိုးဟိုင် သုံးနာရီနီးပါး မတ်တပ်ရပ်နေသည်ကို ကိုယ်တွေ့မြင်ခဲ့သည်။ သက်ဆိုင်ရာ ကောင်တီနယ်စားများထံ သိစိတ်အသံလှိုင်းဖြင့် လမ်းပြောကြသည်။

ကျိုးဟိုင်ကို ပြုံးစေ့စေ့မျက်နှာဖြင့် လှမ်းကြည့်လာကြသည်။

ထိုအကျင့်သည် တရားသူကြီးသစ်၏ ထူးဆန်သည့်ဝါသနာများလော...

သို့သော် တံခါးဝတွင်ရပ်ရသည်ကို ဝါသနာပါလျှင်ပင် မွန်းတည့်ချိန်မှ ညနေပိုင်းအထိတော့ ရပ်မည်မထင်။

လူမှုဆက်ဆံရေးပညာကျွမ်းကျင်ပြီး စိတ်ဓာတ်တည်ငြိမ်သည့် ကျိုးဟိုင်ပင် ထိုအ‌ခြေအနေကို ရှက်လာသည်။

"ကျင့်ကြံရင်းနဲ့ အမှားအယွင်းနည်းနည်းဖြစ်ခဲ့လို့ပါ။ စည်းဝေးပွဲစကြရအောင်"

ကျိုးဟိုင် ခပ်တည်တည်ပြော၍ အထဲဝင်သွားသည်။

"ပြည်နယ်သခင်။ အခု အလုပ်ဆင်းချိန်ရောက်ပါပြီ"

အရိုးရိုင်းက စေတနာဖြင့် သတိပေးသည်။

ကျိူးဟိုင်မျက်နှာ အရောင်မျိုးစုံ ပြောင်းလဲသွားသည်။ သူ့အမှားဖြစ်သော်လည်း အစည်းအဝေးဆက်မလုပ်ဖို့ အရိုးရိုင်းက ဖျောင်းဖျသည့်စကားသည် သူ့သိက္ခာကို ထိပါးခြင်းဖြစ်သည်။

လေသံတင်းတင်းဖြင့် သူပြန်ပြောသည်။

"သခင်အရိုးရိုင်း။ ဒီနေ့ စည်းဝေးပွဲမလုပ်ရင် မနက်ဖြန်ဆက်လုပ်ရမှာပါ။ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို မနက်ဖြန် သူတို့ကောင်တီကနေ ဒီအထိ ထပ်လာစေချင်လိုလ့ား။ အားလုံးရဲ့အချိန်ကို ဖြုန်းတီးချင်တာလား"

အရိုးရိုင်း တွေးရခက်သွားသည်။

"ဒါပေမယ့် တံခါးဝမှာရပ်ပြီး အထဲကိုဝင်မလာဘဲ ကျုပ်တို့အချိန်ကိုဖြုန်းခဲ့တာ ပြည်နယ်သခင်ပဲမဟုတ်လား"

အမှန်တရားကို ခွန်းတုံ့မပြန်နိုင်သဖြင့် ကျိုးဟိုင် ချက်ချင်းအမိန့်ပေးသည်။

"စည်းဝေးပွဲကို ဒီနေ့ပဲလုပ်မယ်"

"ဪ"

အရိုးရိုင်း အမိန့်နာခံ၍ ထိုင်လိုက်သည်။

သူ့မထုံတက်ထေးပုံစံကြောင့် ကျိုးဟိုင် သွေးဖိအားမြင့်တက်လာသည်။ သူ့အရာရှိသက်တမ်းတစ်လျှောက် ယခုလိုလူမျိုး တစ်ခါမှမကြုံဖူး။

စိတ်ကိုကြိုးစား၍ တည်ငြိမ်အောင် ထိန်းလိုက်ပြီး စည်းဝေးပွဲစသည်။

တကယ်တမ်းတော့ ပုံမှန်မိတ်ဆက်ပွဲ အစည်းအဝေးမျိုးသာဖြစ်သည်။ ရာထူးသစ်တာဝန်ယူရခြင်းဖြစ်၍ ဤနေရာပတ်ဝန်းကျင်နှင့် မရင်းနှီး။ ကျုန်းရှန်ပြည်နယ်ဖွံ့ဖြိုးရေးစီမံချက်များ သူမချမှတ်နိုင်သေး။

စည်းဝေးပွဲပြီးသွားချိန်တွင် သူမေးလိုက်သည်။

"တစ်ခုခုပြောချင်တာများ ရှိကြသေးလား"

ဘယ်သူမှ အသံမထွက်ကြ။

ကျိုးဟိုင် အခန်းထဲ မျက်လုံးဝေ့ကြည့်သည်။ ထပြန်ရန်စိတ်အားထက်နေသယောင်ရှိသည့် အရိုးရိုင်းဆီ သူအကြည့်ရောက်သွားသည်။

"သခင်အရိုးရိုင်း၊ ခင်ဗျားတစ်ခုခုပြောစရာရှိသေးလား"

လက်ထောက်ရေးထားသည့် ညွှန်ကြားချက်များကို ပြန်သတိရလာသဖြင့် အရိုးရိုင်း ခေါင်းခါသည်။

"မရှိပါဘူး"

အရိုးရိုင်းက ရုံးတော်လောကဝတ်စည်းမျဉ်းကိ နည်းနည်းနားလည်ပြီး အလိုက်သိသည်ကို မြင်သဖြင့် ကျုန်းဟိုင် လေသံနည်းနည်းပျော့ပျောင်းသွားသည်။

"သခင်အရိုးရိုင်း အားမနာပါနဲ့။ ခင်ဗျားပြောချင်တာ လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်"

အရိုးရိုင်း ဆက်၍ခေါင်းခါသည်။

"မယုံနဲ့။ အဲလိုစကားမျိုးပြောတဲ့လူတွေဟာ အရမ်းသဘောကောင်းသလို ဟန်ဆောင်ထားတဲ့ လူလိမ်တွေပဲ။ ယုံကြည်လို့မရဘူး"

ထိုစကားသည် အရိုးရိုင်းနားလည်အောင် သူ့လက်ထောက်က အခြေအနေကို ရှင်းပြထားသည့် စာသားဖြစ်သည်။ တကယ်ထုတ်ပြောဖို့မဟုတ်။

ကျိုးဟိုင် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ နှစ်ရာချီကျင့်ကြံထားသည့် သူ့စိတ်တည်ငြိမ်မှု ပျက်စီးမတတ်ဖြစ်လာသည်။ အသံကို တည်ငြိမ်အောင်ထိန်း၍ ပြန်ပြောလိုက်သည်။

"သခင်အရိုးရိုင်းက တကယ်ဟာသဉာဏ်ရွှင်တာပဲ"

"ကျုပ်ဟာသပြောနေတာမဟုတ်ပါဘူး"

ကျိုးဟိုင် အရိုးရိုင်းကို အစိမ်းလိုက်ဝါးတော့မလို့ စိုက်ကြည့်သည်။ ထိုအရိုးရိုင်းသည့် ပြည်နယ်တရားသူကြီးနေရာကို မျက်စိကျနေပုံရသည်။

ပြည်နယ်တရားသူကြီးနှစ်ယောက်ကို ဖမ်းဆီးပြီးဖြစ်သည်။ ယခု သူတရားသူကြီးဖြစ်လာချိန်တွင်လည်း အရိုးရိုင်းက အညှိုးအတေးထား၍ လူပုံအလယ်တွင် အထပ်ထပ်အရှက်ခွဲသည်။

ကျိုးဟိုင် အံတင်းတင်းကြိတ်လိုက်သည်။

"စည်းဝေးပွဲပြီးပြီ"

လုယန်နှင့်မုန်ကျင်းကျိုးတို့က စည်းဝေးပွဲတွင် အရိုးရိုင်းဘယ်လိုဆွေးနွေးမည်ကို သိလိုကြသည်။ ဝိညာဉ်အာရုံဖြင့် စောင့်ကြည့်နေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်ပြီးနောက် အချင်းချင်းကြည့်၍ ခေါင်းခါယမ်းရင်း ပြုံးနေကြသည်။

"ညီလေးအရိုးရိုင်းက ဒီလိုလူမျိုးပဲ"

လုယန် တွေးမိသည်။ ကောင်တီသို့ပြန်ရောက်လျှင် အရိုးရိုင်းအတွက် သူ့လက်ထောက်က နောက်ထပ်စည်းမျဉ်းသတ်မှတ်ချက်မှတ်စုများ ထပ်ဖြည့်ရတော့မည်။

အရိုးရိုင်းလိုသခင်တစ်ယောက်ဘေးတွင် နေရသည်မှာ ထိုလက်ထောက်အတွက် တကယ်မလွယ်ကူလောက်။

"ဟေ့၊ ဒီကိစ္စမှာ ဘာရယ်စရာပါလို့လဲ"

နတ်မယ်လည်း အရိုးရိုင်းအခြေအနေကို စောင့်ကြည့်ခဲ့သည်။ အရိုးရိုင်း၏အပြုအမူက ဘာမှအမှားအယွင်းမရှိဟု သူယူဆသည်။

"ရိုးသားပွင့်လင်းပြီး စိတ်ထဲရှိတဲ့အတိုင်းပြောတယ်။ သူ့ဘိုးဘေးတွေရဲ့စိတ်ဓာတ်နဲ့ တကယ်တူတာပဲ"

လုယန် နဖူးကိုလက်ဖြင့်အုပ်လိုက်သည်။ နတ်မယ် အုပ်ချုပ်ရေးပိုင်းတွင် ဝင်မပါသည်က တကယ်ကံကောင်းသည်။

မဟုတ်သေး...ထိုစကားသည် မမှန်။ နတ်မယ်က အုပ်ချုပ်ရေးပိုင်း၏ အမြင့်ဆုံးရာထူးကို ရထားသူဖြစ်သည်။

နတ်မယ်ကို လုံးဝအားကိုး၍မရနိုင်။ အကိုကြီးနှစ်ယောက်ဖြစ်သည့် သူနှင့်လောင်မုန်သာ အရိုးရိုင်းကို ပိုဂရုစိုက်ပေးရမည်။

စည်းဝေးပွဲပြီးသွားပြီးနောက် သူတို့သုံးယောက် ကျုန်းရှန်တွင် ဆက်မနေတော့။ လုယန်တို့နှစ်ယောက် ညကင်းတာဝန်ရှိသေးသည်။

အရိုးရိုင်း ကောင်တီရုံးတော်မှ သူ့အခန်းသို့ပြန်၍ အနားယူသည်။ လုယန်တို့နှစ်ယောက်က ချွီယီကောင်တီထဲ ကင်းလှည့်သည်။ ထင်မထားသည့်လူတစ်ယောက်နှင့် တွေ့သည်။

"ဂိုဏ်းချုပ်လွီ"

နှစ်ယောက်လုံး အံ့အားသင့်သွားသည်။ လွီပါချန်း ဤနေရာတွင် ဘာလုပ်နေသည်မသိ။ ကန္တာရနတ်ဆိုး ဂိုဏ်းသို့ပြန်ရောက်နေသည်ကို မသိသေး၍ ဆက်ရှာနေခြင်းလော...

လွီပါချန်းက သူတို့ထက်ပင် ပို၍အံ့ဩနေသည်။

"မင်းတို့က ဒီမှာကင်းလှည့်တပ်သားလုပ်နေတာလား။ ဪ ဟုတ်ပြီး။ အရိုးရိုင်းကို ဒီကောင်တီရဲ့နယ်စားပဲ။ မင်းတို့နှစ်ယောက်က သူ့ကိုလာကာကွယ်ပေးနေတာပေါ့"

အရိုးရိုင်းသည် ချွီယီကောင်တီနယ်စားဖြစ်ကြောင်း လွီပါချန်း ပြန်သတိရလာသည်။

"သခင်လွီက ကျုပ်တို့ကောင်တီကို ဘာလာလုပ်တာလဲ"

"နတ်ပန်းပဲဝမ်မိသားစုအမွေခံတစ်ယောက်နဲ့ ဒီမှာအမှတ်မထင် ဆုံခဲ့ရလို့ပါ။ ကန္တာရနတ်ဆိုးနဲ့ရင်ဆိုင်ဖို့ ‌တောင်ပင်လယ်တံဆိပ်ဖန်တီးတဲ့ ပုံစံမူကြမ်းတွေကို သူတို့ဆီက ကျုပ်အလျင်စလို ယူသွားခဲ့ရတယ်။ ကျေးဇူးဆပ်ဖို့ အချိန်မရှိခဲ့ဘူး။

ပန်းပဲဆရာရှောင်ဝမ်က ပါရမီဓာတ်ခံကောင်းတယ်။ ဒါပေမယ့် အသက်ငယ်လွန်းသေးတယ်။ သူကြီးလာရင် ကျုပ်တို့အလောင်ဂိုဏ်းကို ဝင်နိုင်အောင် ဒါမှမဟုတ် တစ်ခြားဂိုဏ်းတစ်ခုခုကို ဝင်နိုင်အောင် ကျုပ်ရဲ့ကိုယ်ပိုင်တံဆိပ်ကို ပေးမလို့ပါ။

အဝေးကနေရာတွေတော့ မပြောရဲဘူး။ ဒါပေမယ့် အရိုင်းနယ်မြေက ဂိုဏ်းတွေကတော့ ကျုပ်ကိုမျက်နှာသာပေးကြမှာ သေချာပါတယ်"

အရိုင်းနယ်မြေတွင် ကူးဖြတ်ခြင်းအဆင့်အောက်တွင် နံပတ်တစ်ဟူသည့် သူ့ဘွဲ့နာမည်ကို ဂိုဏ်းတိုင်းသိသည်။ သူ့ကို မျက်နှာသာမပေးဘဲ နေရဲကြမည်မဟုတ်။

"ပြီးတော့ ကန္တာရနတ်ဆိုးကို အလောင်းထိန်းဂိုဏ်းအထိ လာပို့ပေးခဲ့တဲ့အတွက် ငါ့တူနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်ဖို့ မလိုပါဘူး ဂိုဏ်းချုပ်လွီ။ ကျုပ်တို့ကင်းလှည့်ရင်း သူနဲ့မထင်မှတ်ဘဲတွေ့တာပါ။ သူ့ပိုင်ရှင်ဆီ ပြန်ပို့ပေးရမှာပေါ့"

"ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ သူ့တိုက်ခိုက်စွမ်းရည်က ထူးခြားတယ်။ ငါတို့အလောင်းထိန်းဂိုဏ်းအတွက် အဖိုးတန်ရတနာပဲ။

ငါသူနဲ့ လက်ရည်ယှဉ်ခဲ့တယ်။ ကူးဖြတ်ခြင်းအဆင့်အောက်မှာ နံပတ်တစ်ဆိုတဲ့ ငါ့နာမည်ကို အတော်ကြိုးစားပြီး ထိန်းခဲ့ရတယ်"

"ဒါဆို ဂိုဏ်းချုပ်လွီက ကန္တာရနတ်ဆိုးကို အနိုင်ရခဲ့တယ်ပေါ့"

"မဟုတ်ဘူး။ သူကငါ့ကို အနိုင်ယူပြီး ကူးဖြတ်ခြင်းအဆင့်ကို တက်သွားတာ"

လွီပါချန်း ဒဏ်ရာအပြင်းအထန်ရ၍ ကုတင်ပေါ်လှဲနေခဲ့ရသည်။ တိုက်ပွဲအကြောင်း အကြိမ်ကြိမ်သုံးသပ်ပြီးမှ အဆုံးသတ်ကောက်ချက်တစ်ခုချနိုင်ခဲ့သည်။

တောင်ပင်လယ်တံဆိပ်(ပုံတူ)ဖြင့် ကန္တာရနတ်ဆိုးကို သူအနိုင်ယူနိုင်ခဲ့သင့်သည်။ သို့သော် နတ်ဆိုးက လုယန်တို့နှင့်တွေ့ကြုံပြီးဖြစ်၍ သတ္တိခွန်အားများတိုးပွားလာသည်။

လွီပါးချန်းလိုလူကို လုံးဝမကြောက်တော့။

"ဒါဆို အလောင်းထိန်းဂိုဏ်း မဟာထိပ်တန်းဂိုဏ်းအဆင့်တက်သွားတဲ့အတွက် ဂုဏ်ယပါတယ်။

ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ရှိလျှင် မဟာထိပ်တန်းဂိုဏ်းအဖြစ် သတ်မှတ်နိုင်သည်။ကန္တာရနတ်ဆိုး ရောက်လာသဖြင့် ထိုအဆင့်သတ်မှတ်ချက်က တရားဝင်ဖြစ်လာသည်။

မဟာရှာားကို ပေးဆောင်ရသည့်အခွန်များ လျော့သွားမည်။

လုယန်တို့နှစ်ယောက်က တကယ်ကံကောင်းသည်ဟု လွီပါချန်းတွေးမိသည်။ ဤလူငယ်နှစ်ယောက် ရွှေသန္ဓေအဆင့်တွင် အလောင်းထိန်းဂိုဏ်းသို့ရောက်လာသည်။ ထို့နောက် ကူးဖြတ်ခြင်းတစ်ဝက်အဆင့်သို့ သူတက်ခဲ့သည်။

ဤတစ်ကြိမ်လည်း ကူးဖြတ်ခြင်းအဆင့်ကန္တာရနတ်ဆိုးကို သူတို့လာပို့သည်။ သူတို့လာလည်တိုင်း အလောင်းထိန်းဂိုဏ်း အင်အားနှစ်ဆတိုးလာသလိုဖြစ်နေသည်။

"အလောင်းထိန်းဂိုဏ်း ဒါမှမဟုတ် တစ်ခြားဂိုဏ်းတစ်ခုခု ကျုပ်ရွေးရမယ်ပေါ့"

လွီပါချန်းပေးသည့် ရွေးချယ်ခွင့်ကြောင့် ပန်ပဲဆရာပေါက်စရှောင်ဝမ် အတော်စိတ်ပျက်သွားဟန်ရှိသည်။

လောင်ဝမ်ကလည်း သူ့မြေအတွက် ဆုံးဖြတ်ပေးဖို့ ခက်ခဲနေသည်။

"ရှောင်ဝမ်၊ စိတ်မလောနဲ့။ မင်းက ဆယ့်ခြောက်နှစ်မပြည့်သေးဘူး။ အချိန်ယူပြီး စဉ်းစားလို့ရတယ်"

လွီပါချန်းကပြောသည်။

ရှောင်ဝမ် မျက်မှောင်ကျုံ့၍ အလေးအနက် စည်းစားသည်။ သူအတော်ကြာအောင် စဉ်းစားနေခဲ့သည့် ကိစ္စတစ်ခုရှိသည်။

"အလောင်းထိန်းဂိုဏ်းက အလောင်းထိန်းပညာတွေကျွမ်းကျင်ပြီး ဖုတ်ကောင်အလောင်းတွေကို ကိုယ်ပိုင်သွေးနဲ့ အဟာရပေးတယ်။

ဒါဆို ကျုပ်ရဲ့သွေးနတ်ဆိုးဓားလည်း သွေးကိုသောက်ပြီး စွမ်းအားမြှင့်လို့ရတဲ့ သက်မဲ့ပစ္စည်းတစ်ခုပဲ။ ဒါကိုလည်း အလောင်းထိန်းနိုင်တယ်လို့ သတ်မှတ်လို့ရလား"

လွီပါချန်း ခဏအသံတိတ်သွားပြီးနောက် စိတ်အားထက်သန်စွာပြောသည်။

"ကောင်လေး၊ ငါတို့အလောင်းထိန်းကို မင်းဝင်လိုက်တော့။ ငါတို့ဂိုဏ်းမှာ လိုအပ်နေတာက မင်းလိုအတွေးအခေါ်မျိုးပဲ"

***************************************

အခန်း (၁၂၂၄) ခေတ်ကီုအမီမလိုက်နိုင်

ကျုန်းရှန်မြို့၊ နယ်စားအိမ်တော်ခေါင်မိုးထိပ်။

ပြည်နယ်စားအိမ်တော်သည် ကျုန်းရှန်မြို့ထဲတွင် အမြင့်ဆုံးအဆောက်အဦးဖြစ်သည်။ ပြည်နယ်တစ်ခုလုံး၏ လှပသည့်ရှူခင်းများကို အတားအဆီးမရှိ မြင်နိုင်သည်။

အနီးအနားလမ်းမြင်ကွင်းတစ်ခုကို ဖမ်းဆုပ်ဟန်ဖြင့် လက်ကိုဆန့်ထုတ်လိုက်သည်။ ကျန်းရှန်ကောင်တီတစ်ခုလုံးကို လက်တစ်ဘက်ဆန့်ရုံဖြင့် ထိန်းချုပ်နိုင်သလိုခံစားရသည်။

ညလေပြေက ပွတ်သပ်ကျီစယ်နေသည်။ သူ့အတွေးများ မငြိမ်မသက်ဖြစ်နေသည်။

စည်းဝေးပွဲတွင် အရိုးရိုင်း၏ ပြုမူပြောဆိုပုံများကို ပြန်စဉ်းစားမိသည်။ လက်သီးကို တဖျစ်ဖျစ်အသံမြည်လာသည်အထိ ဆုပ်လိုက်မိသည်။

"အရိုးရိုင်းရှိနေသရွေ့ ကျုန်းရှန်ပြည်နယ်ဟာ ငါတစ်ယောက်တည်းအပိုင် မဖြစ်နိုင်လောက်ဘူး"

"သခင်၊ စည်းဝေးပွဲမှာ အရိုးရိုင်းက သခင့်ကို တကယ်မခန့်လေးစားလုပ်ခဲ့တာပဲ"

ကျိုးဟိုင်၏ ကိုယ်ရံတော်အစောင့်က နောက်ဘက်တွင်ရပ်နေသည်။ သူ့သခင်ကိုယ်စား မကျေမနပ်ဖြစ်နေသည်။

ကျိုးဟိုင် ခေါင်းခါ၍ ရယ်လိုက်သည်။

"ဘာပဲပြောပြော သူက တာအိုလမ်းစဉ်ဂိုဏ်းတပည့်။ ပြီးတော့လက်ရှိမှာ နံပတ်တစ်စာပေပညာရှင်ပဲလေ။ သူမောက်မာပြီး ငါ့လိုပြည်နယ်တရားသူကြီးကို သိပ်အရေးမစိုက်တာလည်း သဘာဝကျပါတယ်"

သူ့မျက်လုံးတွင် အေးစက်သည့်အလင်းရိပ်တစ်ခု ဖြတ်သွားသည်။

"ဒါပေမယ့် နှစ်တစ်ရာကြာအောင် ကြိုးစားပြီးမှ ငါဒီနေရာရောက်လာတာဟာ သဘောကောင်းလို့မဟုတ်ဘူးဆိုတာတော့ သူသိဖို့လိုတယ်။

ဒီလောကကို မဟာရှားက ပိုင်တယ်။ တာအိုလမ်းစဉ်ဂိုဏ်းဆိုတာက မသေမျိုးငါးဂိုဏ်းထဲက တစ်ဂိုဏ်းပါပဲ။ အရိုင်းနယ်မြေအရာရှိအသိုင်းအဝိုင်းကိုရောက်ရင် အရိုင်းနယ်မြေစည်းမျဉ်းကို လိုက်နာရမယ်"

အရိုင်းနယ်မြေအရာရှိလောကတွင် သူ့အဆက်အသွယ်များစွာရှိသည်။

ထိုသို့တွေးရင် သူ့လက်ခလယ်မှ မှော်လက်စွပ်ကို အလိုလိုစမ်းမိသည်။ အရိုင်းနယ်မြေအရာရှိအသိုင်းအဝိုင်းအားလုံးကို စောင့်ကြည့်လေ့ထားသည့် သူ့နိုင်ကွက်ဖြစ်သည်။

"မှော်လက်စွပ်ဘယ်မှာလဲ"

သူမျက်လုံးပြူးသွားသည်။ သူ့မှော်လက်စွပ် မရှိတော့။

ထိုလက်စွပ် တစ်ခြားလူများလက်သို့ လုံးဝရောက်သွား၍မဖြစ်။

....

ညကင်းလှည့်ပြီးနောက် ကောင်တီရုံးတော်သို့ လုယန်တို့ပြန်လာကြသည်။ ကောင်တီမြို့၏လမ်းများက မနက်ပိုင်းစောစောစီးစီး ခါတိုင်းထက်နည်းနည်းပိုစည်ကားနေသဖြင့် သူတို့အံ့အားသင့်သါားသည်။

"လောင်မုန်၊ မင်းသတိထားမိလား။ ငါတို့ကောင်တီကို အပြင်ကဝင်လာတဲ့လူတွေ ပိုများလာသလိုပဲ"

ချွီယွီကောင်တီသည် ခရီးသွားများကို ဆွဲ‌ဆောင်နိုင်သည့်နေရာမဟုတ်။ အပြင်မှဝင်လာသည့်သူများ ယခုလောက်များသင့်။

"ဟုတ်တယ်။ အတော်များလာတယ်။ ဝင်လာတဲ့လူတေါအားလုံးကလည်း ကျင့်ကြံသူတေါပဲ။ ရွှေသန္ဓေအဆင့်ကနေ ဝိညာဉ်ပြောင်းအဆင့်ထိရှိတယ်"

သေမျိုးအရေအတွက်နှင့်ယှဉ်ကြည့်လျှင် ကျင့်ကြံသူများအတော်နည်းပါးသည်။ ရုတ်တရက် ကျင့်ကြံသူများစွာရောက်လာသည့် ကိစ္စသည် ထိုမျှမရိုးရှင်းနိုင်။

ရုံးတော်သို့ပြန်ရောက်မှ အရိုးရိုင်းကို မေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဪ...ကျင့်ကြံသူအရေအတွက် တိုးလာတဲ့ကိစ္စလား။ အဲဒါက လျှို့ဝှက်မြေတစ်ခု ပွင့်ခါနီးအချိန်မို့ပါ"

အရိုးရိုင်းက ရှင်းပြသည်။

"ဒီကောင်တီမှာ လျှို့ဝှက်မြေရှိတယ်ပေါ့"

"ဒီမှာမဟုတ်ပါဘူး။ ငါတို့ကောင်တီအပြင်ဘက်က တောင်တန်းတစ်ခုပေါ်မှာ မဟာရှားခေတ်ဦးပိုင်းက ကျင့်ကြံသူတစ်ယောက်ချန်ခဲ့တဲ့ လျှို့ဝှက်မြေတစ်ခုရှိတယ်။ ရတနာလေးပါး လျျို့ဝှက်မြေတဲ့"

အရိုးရိုင်း ခြံဝင်းထဲသို့ဆင်း၍ အဝေးမှတောင်တန်းတစ်ခုကို လက်ညှိုးထိုးပြသည်။ မနက်စောစောဖြစ်၍ တောင်တန်းက မြူဆိုင်းနေသည်။ ထူးခြားဆန်းကြယ်သည့် မြင်ကွင်းတစ်ခုလို ဖြစ်နေသည်။

"အဲဒီတောင်တန်းကို အနောက်တောင်တန်းလို့ခေါ်တယ်။ တောင်တန်းအတွင်းပိုင်းမှာ လျှို့ဝှက်မြေရှိတယ်။ ရတနာလေးပါးလျှို့ဝှက်မြေက နှစ်တစ်ရာမှာ တစ်ခါပွင့်တယ်။ အဆင့်သုံးဆင့်ရှိတယ်။ ရွှေသန္ဓေအဆင့်၊ နတ်ဝိညာဉ်အဆင့်နဲ့၊ ဝိညာဉ်ပြောင်းအဆင့်ပေါ့။

အဲဒီ့အဆင့်သုံးဆင့်က ကျင့်ကြံသူတွေ လျှို့ဝှက်မြေရဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ဖို့ ကြိုးစားခွင့်ရှိတယ်။ အနောက်တောင်တန်းဘေးပတ်လည်က ကောင်တီတွေမှာ လျှိုဝှက်မြေဖွင့်ခါနီးရင် ကျင့်ကြံသူအရေအတွက် တိုးလာတယ်"

"ငါတို့ဝိညာဉ်ပြောင်းအဆင့်မှာ မကြုံခဲ့ရတာ ဆိုးတာပဲ"

လုယန်တို့နှစ်ယောက် ညည်းညူကြသည်။ သူတို့ဝင်ခွင့်ရဖို့ ကူးဖြတ်ခြင်းအဆင့်လျှို့ဝှက်မြေတစ်ခု ရှိနေစေချင်သည်။

အမြင့်ဆုံးသတ်မှတ်ချက်က ဝိညာဉ်ပြောင်းအဆင့်ဖြစ်၍ သူတို့ဝင်ခွင့်မရှိ။

"ရှောင်ယန်၊ နင်တကယ်တုံးတာပဲ။ ကူးဖြတ်ခြင်းအဆင့်လျှို့ဝှက်မြေဆိုတာ မသေမျိုးတွေပဲ ဖန်တီးနိုင်တာလေ"

"ဒါလည်းဟုတ်တာပဲ။ ဒီလိုအဆင့်မြင့်လျှို့ဝှက်မြေမျိုးက လွယ်လွယ်မတွေ့နိုင်လောက်ဘူး"

"တွေ့ခဲ့ရင်တောင် နင်ဝင်ဖို့မလိုပါဘူး"

နတ်မယ်က လက်တွေ့ကျကျသုံးသပ်သည်။

"ဒီလိုဟာမျိုးက မသေမျိုးတွေတည်ဆောက်ထားတာလေ။ လျှို့ဝှက်မြေက ဆုလာဘ်တစ်ခုခုရချင်ရင် နယ်မြေတည်ဆောက်တဲ့ မသေမျိုးကိုရှာပြီး တိုက်ရိုက်တောင်ရုံပဲပေါ့"

"အား...အဲလိုလုပ်ဖို့လည်း မလိုလောက်ပါဘူး"

ဘယ်လောက်အရေထူသည်ဖြစ်စေ ထိုလုပ်ရပ်မျိုးတော့ လုယန်မလုပ်နိုင်။

နောက်ရက်များတွင် ချွီယွီကောင်တီသို့ ကျင့်ကြံသူများစွာ ထပ်ရောက်လာသည်။ လူများလာသော်လည်း လျှို့ဝှက်မြေမပွင့်မီ ပြဿနာမဖြစ်လိုသဖြင့် ကိုယ့်ကိုယ်ကို ထိန်းကြသည်။

ချွီယီကောင်တီ၏ အုပ်ချုပ်ရေးစနစ်က ပုံမှန်အတိုင်းရှိနေသည်။

လုယန်တို့နှစ်ယောက် နေ့ခင်းပိုင်းတွင် နောက်တစ်ကြိမ် လမ်းပေါ်ထွက်သည်။ တအံ့တဩပြောဆိုသံများ မကြာခဏကြားရသည်။

"ဟိုမှာကြည့်ဦး၊ မြင်းဖြူဘုံကျောင်းက ခုန်ဝမ်ပဲ။ ဗုဒ္ဓစွမ်းအားခြောက်ခုထဲက စိတ်ဖတ်ပညာကို သူတတ်ထားတယ်ပြောတယ်။

ဘယ်အကြံအစည်မှ သူ့အာရုံကနေ မလွတ်ဘူးတဲ့။ စွန်စီးဘုံကျောင်းက ကိုယ်တော်ရှီချန်းတောင် သူ့ကိုချီးကျူးတယ်"

ကိုယ်တော်ခုန်ဝမ်က ရင်ဘတ်ရှေ့တွင် လက်ဝါးတစ်ဘက်ထောင်၍ သုတ္တာန်တစ်ခု ရွတ်ဆိုနေသည်။ ဘေးပတ်လည်မှ ပြောဆိုသံများကို အရေးစိုက်ဟန်မတူ။

"တော်ဝင်လေးပါးဂိုဏ်းက မိုးပြာနဂါးသားတော်လည်း ရောက်လာတာပဲ။ သူ့မိုးပြာနဂါးသတ်ပညာကက သက်တူရွယ်တူထဲမျှာ ပြိုင်ဘက်ကင်းတယ်လို့ သတ်မှတ်ကြတယ်။

ဓားကျင့်ကြံသူတွေနဲ့တောင် ယှဉ်နိုင်တယ်တဲ့"

"တော်ဝင်လေးပါးဂိုဏ်းက သူ့အတွက် နဂါးသွေးကိုတောင် ဝယ်ပေးကြတာ။ နဂါးသွေးထဲမှာစိမ်ပြီးတော့ သူ့နဂါးသတ်ပညာက ကျွမ်းကျင်အဆင့်ရောက်လာတယ်။

သူ့ကိုဒုက္ခပေးနိုင်တဲ့ မှော်လက်နက်ဆိုတာ မရှိသလောက်ရှားတယ်"

မိုးပြာနဂါးသားတော်က နဂါးဦးချိုနှင့် ကြွက်သားများအမြှောင်းလိုက်ထနေသည့် လူတစ်ယောက်ဖြစ်သည်။ နောက်လိုက်များစွာ ပါလာသည်။

"တင်းဟိုင်ဂိုဏ်းက အကိုကြီးလည်း ရောက်လာပြီ။ တင်းဟိုင်ဂိုဏ်းရဲ့ အကြီးအကဲအတော်များများ အဖမ်းခံလိုက်ရတော့ ဒီဂိုဏ်းက အင်အားလျော့သွားတယ်။

ကျန်ခဲ့တဲ့ခေါင်းဆောင်တွေက အချင်းချင်းသဘောထားကွဲလွဲတာတွေကို စွန့်လွှတ်ပြီး ဂိုဏ်းကိုပြန်အားဖြည့်ဖို့ သူ့ကို ဂရုစိုက်လေ့ကျင့်ပေးနေပြီတဲ့"

"ခုနစ်စဉ်ကြယ်တော်ဝင်မြေက တော်ဝင်သမီးတော်လည်း ရောက်လာတာပဲ။ သူ့က ဒုတိယလန်ထင်ဖြစ်လာနိုင်တယ်လို့ ပြောကြတယ်..."

"ရှုရဂိုဏ်းက ဂိုဏ်းချုပ်တပည့်လည်း ရောက်လာတယ်..."

လုယန်တို့နှစ်ယောက် အကြည့်ချင်းဖလှယ်ကြသည်။ ထိုလူများကို တစ်ယောက်မှမသိ။

"ငါတို့က အသက်ကြီးပြီး ခေတ်နဲ့ အဆက်ပြတ်နေပြီပဲ"

လုယန် သက်ပြင်းချသည်။ ဘေးပတ်လည်မှလူများ တအံ့တဩပြောနေသော်လည်း ထိုပါရမီရှင်လူငယ်များကို တစ်ယောက်မှ သူတို့မသိ။ အားလုံးက တက်သက်စကြယ်ပွင့်များဖြစ်လိမ့်မည်။

"အချိန်တွေကုန်တာ မြန်လိုက်တာ။ ငါတို့သိတဲ့လူတွေ တစ်ယောက်မှမရှိတော့ဘူး"

မုန်ကျင်းကျိုးလည်း ခေါင်းခါရင်း သက်ပြင်းချသည်။

"နေပါဦး။ မဟုတ်သေးဘူး။ ဒီလူတွေက ငါတို့သက်တူရွယ်တူလောက်ပဲ။ မိုးပြနဂါးသားတော်လိုလူမျိုးဆို ငါတို့ထက်တောင် အသက်ကြီးတယ်"

မုန်ကျင်းကျိုး ဝိညာဉ်အာရုံဖြန့်ကြည့်သည်။ ထိုလူများ၏ အရိုးသက်တမ်းကို သူအကဲဖြတ်နိုင်သည်။ အားလုံးက သက်တူရွယ်တူများဖြစ်သည်။

မိုးပြာနဂါးသားတော်ကို ယခုမှမြင်ဖူးကြသည်။ သို့သော် သူတို့အခြေတည်အဆင့် မဟာရှားနယ်စပ်သို့ရောက်ခဲ့စဉ်က တော်ဝင်လေးပါးဂိုဏ်းမှ ကျားဖြူသားတော်နှင့် ဆုံခဲ့ဖူးသည်။

လုယန်က အရိပ်တုလက်သီးဖြင့် ကျားဖြူသားတော်ကို ခေါင်းတုံးဖြစ်အောင်လုပ်ခဲ့သည်။

"ဝိညာဉ်ပြောင်းအဆင့်ပဲ ရှိကြတာလား"

သူတို့နှင့် မျိုးဆက်တူများ အနည်းဆုံးတော့ လေဟာနယ်သန့်စင်အဆင့် ရှိကြမည်ဟု လုယန်ထင်ခဲ့သည်။

သူတွေ့ခဲ့သည့် မျိုးဆက်တူအားလုံး လေဟာနယ်သန့်စင်အဆင့်များဖြစ်သည်။ အရိုးရိုင်း၊ လီဟော်ရန်၊ ထောင်ယော်ယဲ့၊ လန်ထင်၊ ရှီချန်း...

ကျောက်ပိုပင် လေဟာနယ်သန့်စင်အဆင့်ဖြစ်သည်။

"ဆိုင်ရှင်၊ မုန့်ချောင်းကြောနှစ်ခုပေးပါ"

ဆိုင်တစ်ခုဘေးမှ ဖြတ်သွားချိန်တွင် ဗိုက်ဆာလာသလို သူတို့ခံစားရသည်။

"အင်း...ကျင့်စဉ်မြန်မြန်တက်ရတဲ့ အားနည်းချက်က မျိုးဆက်တူတွေနဲ့ သာမန်လို စကားစမြည်ပြောလို့မရတော့တာပဲ"

နှစ်ယောက်လုံး သက်ပြင်းချကြသည်။ ထိုကိစ္စသည် ကူးဖြတ်ခြင်းအဆင့်ရောက်ခြင်း၏ ပေးဆပ်ရန်သည့် တန်ဖိုးဖြစ်သည်။

...

ကင်းလှည့်တပ်သားနှစ်ယောက်နှင့် ခုန်ဝမ် ဘေးချင်းကပ်၍ ဖြတ်သွားသည်။ ရုတ်တရက် ခုန်ဝမ် မျက်လုံးပြူးသွားသည်။

စိတ်ဖတ်စွမ်းအား တိုးတက်နေချိန်ဖြစ်၍ ထိုစွမ်းအားကို သူမထိန်းချုပ်နိုင်။ ထိုစွမ်းအားဖြင့် သူ့ဘေးပတ်လည်မှလူများ၏ စိတ်အတွေးကို အဆက်မပြတ်ကြားနေရသည်။

သို့သော် ထိုတပ်သားနှစ်ယောက်၏စိတ်က အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေသည်။ သူဘာမှမကြားရ။

လုယန် မုန့်ချောင်းကြော်စားနေရင်းမှ ခုန်ဝမ် သူ့စိတ်ကို နားထောင်နေမှန်း ရိပ်မိသဖြင့် မပွင့်တပွင့်ပြုံးလိုက်သည်။

ခုန်ဝမ်ဘေးဖြတ်သွားချိန်တွင် သိစိတ်အာရုံဖြင့် ပြောလိုက်သည်။

"ငါသာမင်းနေရာမှာဆိုရင် ငါတို့အကြောင်း ဘယ်သူ့ကိုမှထုတ်ပြောမှာမဟုတ်ဘူး"

**********************************

All Chapters