← Chapters

အခန်း (၄၃၃-၄၃၄)

Vol. 44 Ch. 433-434

အခန်း (၄၃၃-၄၃၄)

Vol. 44 Ch. 433-434

အခန်း ၄၃၃

ပန်မြို့မှာ ယခုအချိန်တွင် ကမ္ဘာပျက်တော့မည့်နှယ် ဖြစ်နေသည်။

ကောင်းကင်နှင့် မြေကြီးတို့မှာ မှောင်မိုက်စွာ ဖုံးလွှမ်းလျက်ရှိပြီး လျှပ်စီးများ လက်ခနဲ လက်ခနဲ ဖြစ်ကာ မိုးခြိမ်းသံများမှာ တဝုန်းဝုန်းနှင့် ဟိန်းဟွက်နေသည်။

မိုးရေများမှာ ရေပုံးဖြင့် လောင်းချလိုက်သကဲ့သို့ သည်းထန်စွာ ရွာသွန်းနေပြီး လေပြင်းများမှာမူ တစ္ဆေများအော်ဟစ်နေသည့်အလား ပျံ့လွင့်နေသည်။

လွင့်စဉ်လာသော အပျက်အစီးများမှာ လမ်းလွဲနေသည့် ဝိညာဉ်များကဲ့သို့ လေထဲတွင် ဝဲပျံနေကြသည်။

မြို့သူမြို့သားအားလုံးသည် တံခါးနှင့်ပြတင်းပေါက်များကို တင်းကျပ်စွာ ပိတ်ထားလိုက်ကြသည်။ အနည်းငယ် ယိုယွင်းနေသည့် အဆောက်အအုံများတွင် နေထိုင်သူများမှာမူ ကံဆိုးစွာပင် မိုးရေနှင့် လေဒဏ်ကို အပြည့်အဝ ခံစားလိုက်ရသည်။

သာမန်ပြည်သူများမှာမူ ကြောက်လန့်တကြားဖြင့် တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်ထားကြပြီး ဤဘေးအန္တရာယ်ကြီး အမြန်ဆုံး အဆုံးသတ်သွားပါစေရန် ဆုတောင်းနေကြသည်။

"ဒါက ကောင်းကင်ဘုံက ပေးတဲ့ ပြစ်ဒဏ်လား"

တစ်စုံတစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

ဤသည်မှာ ပန်မြို့ရှိ လူအများစု၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် အတွေးပင်။

အားမရှိ၊ အစွမ်းမရှိကြသူများဖြစ်ရာ ဤကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်မျိုးကို ရင်ဆိုင်ရချိန်တွင် ကံကြမ္မာကိုသာ အရှုံးပေးလိုက်ရသည်။

ရာနှင့်ချီသော မိုင်ပေါင်းများစွာ အကွာတွင်ရှိနေသည့် လုံယီမှာမူ အရာအားလုံးကို အထင်အရှား မြင်နေရသည်။

ကောင်းကင်မှ ကျဆင်းလာနေသည်မှာ အနက်ရောင်တိမ်တိုက်မဟုတ်ဘဲ ကြီးမားလှသော လက်ဖဝါးကြီးတစ်ခု ဖြစ်နေသည်။

လက်ဖဝါးပေါ်ရှိ ထူထဲသော အမွေးများမှာ တိမ်တိုက်များကဲ့သို့ စုဝေးနေကြပြီး လက်ချောင်းတစ်ခုစီမှာ တောင်တန်းတစ်ခုပမာ ကြီးမားလှသည်။ ၎င်း ကျဆင်းလာသည်နှင့် ကောင်းကင်ကြီး ပြိုကျတော့မည့်အလား လုံယီ၏ ရင်ထဲတွင် အေးစက်သွားရသည်။

"ဒီနတ်ဆိုးက ဘယ်နယ်ပယ်ကလဲ"

နှစ်ထောင်မိုင်အကွာရှိ အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၊ မေ့လျော့ခြင်း ထိပ်သီးတောင်ထွတ်။

ဤသည်မှာ ဂိုဏ်း၏ ထိပ်သီးတောင်ဆယ်သုံးခုအနက် အလျှို့ဝှက်ဆုံးတောင်ဖြစ်ပြီး တောင်တန်းကြီး၏ အတွင်းပိုင်းတွင် တည်ရှိသည်။

တစ်နှစ်ပတ်လုံး မီးခိုးရောင် မြူနှင်းများဖြင့် ဖုံးလွှမ်းနေပြီး အကြီးအကဲများပင် လာရောက်လေ့မရှိပေ။

ယခုအချိန်တွင်မူ တောင်ထွတ်မှ ရွှေရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာကာ မြူနှင်းများကို ဖယ်ရှားလိုက်ပြီး ဂိုဏ်း၏ တောင်တန်းကြီးတစ်ခုလုံးကို လင်းထိန်သွားစေသည်။

"စိမ်းပြာရောင်ဝံပုလွေတောင်က ဘာလုပ်ဖို့ ကြံစည်နေတာလဲ"

ကြီးမားလှသော အသံတစ်သံသည် ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခုသည် ပန်မြို့ဆီသို့ ကမ္ဘာပေါ်တွင် အမြန်ဆုံး အရှိန်ဖြင့် ပျံသန်းသွားသည်။

ခဏအကြာတွင် ရွှေရောင်အလင်းတန်းသည် ပန်မြို့၏ ကောင်းကင်ထက်သို့ ရောက်ရှိလာပြီး ဝဲပျံနေသည်။ ၎င်းသည် အထက်ရှိ ကြီးမားသော လက်ဖဝါးကြီးကို ငေးကြည့်ရင်း ကျယ်လောင်စွာ ပြောလိုက်သည်။

"စိမ်းပြာရောင် ဝံပုလွေသခင် ငါတို့ဂိုဏ်းနဲ့ စစ်ဖြစ်ဖို့ ကြံစည်နေတာလား"

"မင်းတို့က ငါ့မျိုးဆက်ကို သတ်လိုက်တယ်။ ဒီနေ့ ငါ မင်းတို့မြို့ကို သွေးချောင်းစီးအောင် လုပ်မယ်"

အနက်ရောင်တိမ်တိုက်မှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာပြီး အောက်ဘက်ရှိ မိုးနှင့်လေမှာ ပိုမိုပြင်းထန် အေးစက်လာသည်။

ရွှေရောင်အလင်းတန်းက "မျိုးဆက်သစ် ဝံပုလွေသခင် သေဆုံးမှုက ငါတို့ဂိုဏ်းနဲ့ မသက်ဆိုင်ဘူး။ အဲဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ချက်ပဲ" ဟု ရှင်းပြသည်။

သို့သော် အနက်ရောင်တိမ်တိုက်မှာ ၎င်းကို လျစ်လျူရှုကာ ဒေါသတကြီး ဟိန်းဟောက်လိုက်

သည်။

"မင်းတို့ ယုတ်မာတဲ့ လူသားတွေ ငါ့မျိုးဆက်ကို ဝိုင်းပတ်ပြီး အဆင့်မတက်နိုင်အောင် တားဆီးခဲ့ကြတယ်။ ဒါဟာ လမ်းကြောင်းကို ပိတ်ဆို့တဲ့ ရန်ငြိုးပဲ ဒီလိုသာမဟုတ်ရင် သူ ဒီလောက်နဲ့ မသေနိုင်ဘူး"

ကြီးမားသော လက်ဖဝါးကြီးမှာ ပိုမိုမြန်ဆန်စွာ ကျဆင်းလာသည်။

"ရဲရင့်လှချည်လား"

နောက်တစ်ခဏတွင် ရွှေရောင်အလင်းတန်းမှာ လျင်မြန်စွာ ပြန့်ကားသွားသည်။

ချက်ချင်းဆိုသလိုပင် ပေတစ်ထောင်ကျော်မြင့်သော ရွှေရောင်ဧရာမလူသားတစ်ဦးအဖြစ် ပြောင်းလဲသွားကာ ပန်မြို့၏ တစ်ဝက်ကို ရွှေရောင်အလင်းဖြင့် ဖုံးလွှမ်းသွားသည်။

ထိုရွှေရောင်ဧရာမလူသားတွင် ဆံပင်၊ မျက်ခုံး၊ မုတ်ဆိတ် မရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှုပ်ထွေးသော လိုင်းများ ပြည့်နှက်နေသည်။

သူတို့သည် မဟာတာအို၏ သစ္စာတရားများ၊ သို့မဟုတ် ရှုပ်ထွေးသော အစီအရင်များကို ထည့်သွင်းထားသကဲ့သို့ စီးဆင်းနေကြသဖြင့် ကြည့်မိသူတိုင်း ခေါင်းမူးသွားစေသည်။

ရွှေရောင်ဧရာမလူသားသည် ကောင်းကင်ကို မော့ကြည့်ကာ လက်ဖဝါးကြီးနှစ်ဖက်ကို ရွှေရောင်နေလုံးကြီးနှစ်လုံးပမာ ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

သူသည် ကောင်းကင်ထက်သို့ အလျင်အမြန်ရောက်ရှိသွားပြီး ကျဆင်းလာတော့မည့် ကြောက်မက်ဖွယ် အနက်ရောင် လက်ဖဝါးကြီးကို ဖမ်းဆုပ်လိုက်သည်။

ဗုန်း

တိမ်တိုက်များ ပေါက်ကွဲသွားပြီး လေစီးကြောင်းများ ပြန့်ကျဲသွားသည်။

ယခင်ကထက် ပိုမိုပြင်းထန်သော မိုးသက်မုန်တိုင်းမှာ ပန်မြို့ပေါ်သို့ ကျရောက်လာပြီး အဆောက်အအုံများစွာကို ပြိုကျစေသည်။

အနက်ရောင် အရိပ်ငယ်များစွာမှာ လေမုန်တိုင်းထဲသို့ ရက်စက်စွာ အစုပ်ခံလိုက်ရပြီး အော်ဟစ်သံများမှာ လုံးဝ ပျောက်ကွယ်သွားသည်။

တိမ်တိုက်များအထက်တွင် ကောင်းကင်တစ်ခုလုံးကို ပိတ်ဆို့ထားသကဲ့သို့ ကြီးမားလှသော မီးခိုးရောင် ဝံပုလွေခေါင်းကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

"မင်း ငါ့ကို မတားနိုင်ပါဘူး"

ဝံပုလွေခေါင်းကြီးက ဟိန်းဟွက်လိုက်သည်။

၎င်း၏ ကြီးမားသော လက်ဖဝါးကြီးမှာ ဆက်လက်၍ ကျဆင်းနေသည်။

ရွှေရောင်ဧရာမလူသား၏ ကြိုးပမ်းမှုများရှိနေသော်လည်း လက်ဖဝါးကြီးကို မတားဆီးနိုင်ဘဲ တဖြည်းဖြည်း အရေးနိမ့်လာနေသည်။

ဤအရေးကြီးသော အချိန်အခါသမယတွင်

ဝူး... ဝူး... ဝူး... ဝူး...

အရောင်အသွေးမျိုးစုံရှိသည့် ဝါးတားတားအလင်းတန်း ခြောက်ခု ထပ်မံရောက်ရှိလာပြီး စိမ်းပြာရောင် ဝံပုလွေသခင်ကို ပတ်ပတ်လည်မှ ဝိုင်းရံလိုက်ကြသည်။

တောက်ပသော အလင်းတန်းခြောက်ခုသည် ကောင်းကင်သို့ ထိုးတက်သွားကာ ရွှေရောင်ဧရာမလူသားကို ကူညီပြီး အနက်ရောင်တိမ်တိုက်ကို တွန်းလှန်လိုက်သဖြင့် ကျဆင်းလာသော အရှိန်ကို ရပ်တန့်သွားစေရုံသာမက အထက်သို့ ပြန်လည်တွန်းပို့နိုင်ခဲ့သည်။

"အားလုံးက အတုအယောင်ဆေးလုံးတွေပဲလား။ မင်းတို့ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းက တကယ့်ကို အသုံးမကျတာပဲ။ ဒီနှစ်ပေါင်းများစွာအတွင်းမှာမှ စစ်မှန်တဲ့ဆေးလုံး တစ်လုံးတောင် မမွေးထုတ်နိုင်ဘူး"

"အတုအယောင်ဆေးလုံးဖြစ်ရင်တောင်မှ သူတို့က ကိုယ့်ကိုကိုယ် မီးရှို့ပြီး မင်းကို ဆွဲချသွားနိုင်တယ်။ စိမ်းပြာရောင် ဝံပုလွေသခင် မင်း ပြန်စဉ်းစားသင့်တယ်။ မင်းရဲ့ စိမ်းပြာရောင်

ဝံပုလွေမျိုးနွယ်စုကို စောင့်ကြည့်နေတဲ့ ဂိုဏ်းအုပ်စုတွေ အများကြီးရှိတယ်"

အနက်ရောင်အလင်းတန်းထဲမှ လေးနက်သောအသံတစ်ခု ထွက်ပေါ်လာသည်။

ဗုန်း

နောက်တစ်ခဏတွင် အလင်းတန်းခြောက်ခု၏ စွမ်းအားများ မြင့်တက်လာပြီး ပိုမိုတောက်ပလာသည်။

အလောင်းထိန်းချုပ်ခြင်းဂိုဏ်းမှာ အသက်ကိုပဓာနမထားဘဲ အတူသေဆုံးရန် ဆုံးဖြတ်ထားကြောင်းကို မြင်လိုက်ရသဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေနတ်ဆိုးမှာ ခဏတာ တွန့်ဆုတ်သွားပြီး သူ၏ပုံရိပ်မှာ လေဟာနယ်ထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"ငါ ချီဂူဆီကျွဲ့ရဲ့ စကားကို မှတ်ထားလိုက် ဒီရန်ငြိုးကို အပြည့်အဝ လက်စားမချေရသမျှ ငါ အနားယူမှာမဟုတ်ဘူး..."

စိမ်းပြာရောင် ဝံပုလွေသခင် ထွက်ခွာသွားပြီးနောက် ပန်မြို့အထက်ရှိ တိမ်တိုက်များ ကွဲသွားကာ လေနှင့်မိုးတို့မှာလည်း ပျောက်ကွယ်သွားပြီး နေရောင်ခြည်မှာ ပြန်လည်ပူပြင်းစွာ ထွန်းလင်းလာသည်။

သို့သော် မြို့မှာမူ အပျက်အစီးများဖြင့်သာ ပြည့်နှက်နေတော့သည်။ ပြိုကျနေသော အဆောက်အအုံများ၊ နေရာအနှံ့ ပျံ့ကျဲနေသည့် ရုပ်အလောင်းများနှင့် ချောင်းငယ်များပမာ ရေအိုင်များမှာ မြင်မကောင်းအောင် ဖြစ်နေသည်။

အစွမ်းထက်သူတို့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပိုလျှံသော စွမ်းအားများသည်ပင် သာမန်လူသားများအတွက် ကျော်လွှားရန် မဖြစ်နိုင်သော ဘေးဒုက္ခတစ်ခု ဖြစ်ခဲ့ရသည်။

ပန်မြို့ပတ်လည်တွင် ကျန်ရစ်နေသော အလင်းတန်းရှစ်ခုမှာ တိတ်တဆိတ် ဆက်သွယ်လိုက်ကြသည်။

"သံမဏိကျောပြင်ရှိတဲ့ စိမ်းပြာရောင်ဝံပုလွေမျိုးနွယ်စုရဲ့ အကြီးအကဲက ငါတို့ဂိုဏ်းကို ပစ်မှတ်ထားဖို့ ဆုံးဖြတ်ထားပုံပဲ"

"သူတို့က တရားခံက ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်မှန်း မကြာခင် သိသွားလိမ့်မယ်။ ဒါပေမဲ့ စိမ်းပြာရောင် ဝံပုလွေမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လို့မရဘူးလေ။ သူတို့ ဒေါသကို တစ်နေရာရာမှာ ပုံချရမှာပဲ..."

"ဒါက ရိုးရှင်းတဲ့ကိစ္စ မဟုတ်ဘူး။ နတ်ဆိုးမျိုးနွယ်စုတွေက ငြိမ်နေတာ ကြာပြီ။ ဒါဟာ စစ်ပွဲအတွက် မီးစတစ်ခုပဲ။ ငါတို့ စစ်ပွဲအတွက် ပြင်ဆင်ထားရမယ်"

"စိမ်းပြာရောင် ဝံပုလွေသခင်ရဲ့ အဆင့်တက်တာကို ရပ်တန့်သွားစေခဲ့တဲ့အတွက် နီရဲသောနေဂိုဏ်း၊ စစ်မှန်သောသွေးဂိုဏ်းနဲ့ ချင်းလွမ်းနန်းတော်တို့အားလုံးမှာ တာဝန်ရှိတယ်။ သူတို့လည်း ကြည့်မနေနိုင်တော့ဘူး..."

အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ အထက်ပိုင်းရှိသူများမှာ အကျပ်အတည်းမှာ ခဏတာ ပြေလည်သွားသော်လည်း စိမ်းပြာရောင်ဝံပုလွေတောင်ကတော့ ငြိမ်နေမည်မဟုတ်ကြောင်း ကောင်းစွာ သိရှိကြသည်။ စကားပြောဆိုပြီးနောက် အလင်းတန်းခုနစ်ခုမှာ ပျံ့နှံ့သွားသည်။

ရာမိုင်အကွာရှိ ပင်အန်းရွာအနီး တောင်ထိပ်တစ်ခုပေါ်တွင် လုံယီ ရပ်နေသည်။ သူ၏ မျက်လုံးများတွင် အနက်ရောင်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

တဖက်နှင့်တဖက် တိုက်ခိုက်မှု၏ အစိတ်အပိုင်းအများစုကို သူ မြင်လိုက်ရသည်။

ဒါက ရွှေအမြုတေအဆင့်ရဲ့ စွမ်းအားပေါ့။

အဲဒီ ဝံပုလွေနတ်ဆိုးက ရွှေအမြုတေဆရာသခင်တစ်ဦးနဲ့ ယှဉ်နိုင်တဲ့ နတ်ဆိုးကြီးပဲ။ ငါသတ်ခဲ့တဲ့ မျိုးဆက်သစ် ဝံပုလွေသခင်နဲ့လည်း ဆက်စပ်နေနိုင်တယ်။

လုံယီသည် ကြီးမားသော ပြဿနာတစ်ခုကို ဖန်တီးမိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ရွှေအမြုတေအဆင့်၏ အစွမ်းသတ္တိကြောင့် သူ တုန်လှုပ်ချောက်ချားသွားသည်။

ရွှေအမြုတေအဆင့်နှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တို့ကြားရှိ ကွာဟချက်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှင့် သာမန်လူသားတို့ကြားရှိ ကွာဟချက်ထက်ပင် ပိုမိုကြီးမားနေသည်။

ကျင့်ကြံခြင်းနယ်ပယ်တစ်ခုကို ကျော်ဖြတ်လိုက်ခြင်းမှာ ဘဝ၏ အမြင့်ဆုံးသို့ ရောက်ရှိသွားခြင်းပင်။

ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိလေလေ လောကကြီးမှာ ပိုမိုကျယ်ပြန့်လာပြီး ခွန်အားမှာလည်း ပြင်းထန်စွာ ပြောင်းလဲသွားလေလေဖြစ်သည်။

ဤအချက်က လုံယီ၏ အဆင့်တက်ခြင်းမှ ရရှိခဲ့သော ပျော်ရွှင်မှုကို လျော့နည်းသွားစေသည်။

ကိုယ်ခံပညာတွေက အခက်အခဲအတားအဆီးတွေနဲ့ နီးကပ်နေပြီ။ ငါလမ်းကြောင်းသစ် ရှာရမယ် ဒါမှမဟုတ် ရှေးခေတ် ကိုယ်ခံပညာရှင်တွေရဲ့ အမွေအနှစ်ကို မရခင်မှာ တိုးတက်မှုတွေ ရပ်တန့်သွားလိမ့်မယ်...

အလောင်းထိန်းချုပ်ခြင်းဂိုဏ်းကို ပြန်ပြီး လမ်းစရှိမလား ရှာကြည့်ရမယ်

လုံယီ ပင်အန်းရွာသို့ ပြန်သွားပြီး အဘိုးအိုရှီနှင့် အရှင်သခင် ချူဖုန်းတို့နှင့် ကိစ္စအချို့ ဆွေးနွေးကာ သူတို့အတွက် တန်ဖိုးကြီးမားသော အသံလွှင့်အဆောင်ကို ချန်ထားခဲ့သည်။

ဤအဆောင်မှာ ဝမ်မိသားစုထံမှ ရရှိခဲ့သော ပစ္စည်းဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် လုံယီသည် မြို့ပြင်ရှိ သစ်တောတစ်ခုထဲသို့ ဝင်သွားသည်။

"ဝူး……"

ပေလေးဆယ်ခန့် မြင့်မားသော ဝက်ဝံကြီးတစ်ခု ပေါ်လာပြီး လုံယီဆီသို့ ပြေးလာသည်။

လုံယီကို ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် လမ်းတစ်ဝက်တွင် ရုတ်တရက် ရပ်တန့်လိုက်ပြီး လေ့ကျင့်ထားသော ခွေးတစ်ကောင်ပမာ လုံယီ၏ ခြေထောက်အောက်တွင် လူးလိမ့်နေသည်။ ဝက်ဝံ၏ တောက်ပသော အမည်းရောင်အမွေးများနှင့် ကြက်ဥအရွယ်အစားရှိ မျက်လုံးများမှာ အလွန်ဉာဏ်ကောင်းသည့် အရိပ်အယောင်ကို ပြသနေသည်။

ဤသည်မှာ ဝမ်ကျန်းမှ လုံယီနောက်ကို လိုက်လာခဲ့သော အမည်းရောင်ဝက်ဝံ ဝိညာဉ်ဖြစ်ပြီး ယခုအခါတွင် အမည်းရောင်ဝက်ဝံ နတ်ဆိုးဟု ခေါ်တွင်ကာ တောအုပ်တစ်ခုလုံးကို အုပ်စိုးနေသည်။

"ငါထွက်သွားပြီးရင် ပင်အန်းရွာကို ကောင်းကောင်းစောင့်ရှောက်ပါ။ အခြေအနေ တကယ်ဆိုးရွားရင် ကိုယ့်အသက်ကို အရင်ဦးစားပေးပါ"

လုံယီက မှာလိုက်သည်။ ဝက်ဝံဝိညာဉ်က လူတစ်ယောက်လို ခေါင်းညိတ်ပြလိုက်ရာ အလွန် ချစ်စရာကောင်းပြီး အနည်းငယ် အဆင်မပြေဖြစ်နေသည်။

၎င်းမှာ ပင်အန်းရွာအနီးတွင် ဆက်နေမည်ဖြစ်ပြီး ဝမ်ကျန်းဂိုဏ်း၏ အထက်ပိုင်းရှိသူများမှာလည်း သိရှိကာ မကြာခဏ အသားများ လာပို့လေ့ရှိသည်။

လုံယီသည် သူ၏ သိုလှောင်အိတ်ထဲမှ နတ်ဆိုးအဆင့်ရှိ အသားခြောက်ပုံများကို ပစ်ပေးလိုက်ရာ ဝက်ဝံဝိညာဉ်မှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကာ သူ၏ခြေသည်းကြီးများဖြင့် မြေကြီးကို ပုတ်ခတ်နေသည်။

ပြင်ဆင်မှုများ ပြီးဆုံးသွားသည့်အခါ လုံယီ မဆိုင်းမတွဘဲ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းသို့ အမြန်ဆုံး ပြန်သွားတော့သည်။

ဂိုဏ်းတစ်ခုလုံးမှာ ပန်မြို့ တိုက်ခိုက်ခံရသည့် သတင်းကြောင့် အကြီးအကျယ် ရှုပ်ထွေးနေသည်။

နတ်ဆိုးကြီးများ၏ တိုက်ခိုက်မှုမှာ ထူးခြားသည့်ကိစ္စဖြစ်ပြီး နှစ်တစ်ထောင်နီးပါး မဖြစ်ခဲ့ဖူးသော အရာဖြစ်သည်။

ဒီနေ့ကစပြီး ငြိမ်းချမ်းရေးဆိုတာ ခက်ခဲတော့မှာပဲ။

လူတိုင်း၏ စိတ်ထဲတွင် အတွေးဝင်နေကြသည်။

အခန်း ၄၃၄

စိမ်းပြာရောင် ဝံပုလွေတောင်မှာ အလွန်ပင် အစွမ်းထက်လှပြီး ရှောင်နိုင်ငံ၊ ချူနိုင်ငံနှင့် ယန်နိုင်ငံတို့ကဲ့သို့ လူသားနိုင်ငံများ၏ စုပေါင်းအားဖြင့်သာ အနိုင်နိုင် ခုခံနိုင်ကြသည်။

ယခုတစ်ကြိမ်တွင် နတ်ဆိုးကြီးများ၏ ရိုင်းစိုင်းသော တိုက်ခိုက်မှုကြောင့် ဂိုဏ်းသားများမှာ စိုးရိမ်တကြီး ဖြစ်နေကြသလို ဒေါသအလျောက် စိတ်လှုပ်ရှားမှုများ မြင့်တက်နေကြသည်။

"စိမ်းပြာရောင် ဝံပုလွေတောင်က အရမ်းမာနကြီးတာပဲ။ ငါတို့ဂိုဏ်းကို လုံးဝဂရုမစိုက်ဘူး တကယ်တိုက်ကြမယ်ဆိုရင်လည်း အဲဒီနတ်ဆိုးတွေကို ငါတို့ ကြောက်စရာမလိုပါဘူး"

"ဟေ့ကောင် သူတို့က မာနကြီးတာပေါ့။ သူတို့မှာ မာနကြီးဖို့ အစွမ်းရှိလို့လေ။ စိမ်းပြာရောင် ဝံပုလွေတောင်မှာ နတ်ဆိုးကြီး ဘယ်လောက်ရှိလဲ မင်းသိလား ငါပြောမယ် လက်တစ်ဖက်တည်းနဲ့တောင် ရေတွက်လို့ မလောက်နိုင်ဘူး"

"ငါတို့ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းမှာလည်း ရွှေအမြုတေအဆင့် ဆရာသခင်တစ်ဦး ရှိတယ်လေ။ တစ်နယ်တည်းမှာ ယှဉ်နိုင်မယ့်သူ မရှိဘူး။ တစ်ယောက်နဲ့ငါးယောက် တိုက်ရင်တောင် မရှုံးနိုင်ဘူး"

"ခွေးကောင် မင်းပြောတဲ့စကားကို မင်းကိုယ်တိုင် ယုံရဲ့လား ငါထင်တာတော့ အထင်မှားမှုတစ်ခုခုရှိရင် စနစ်တကျ ရှင်းပြသင့်တယ် တိုက်ခိုက်ဖို့ လုံးဝမလိုဘူး"

"သောက်လခွမ်း…..မင်း ကြောက်လို့လား ကြောက်တတ်တဲ့ကောင်"

"ခွေးမသား နောက်တစ်ခါ ထပ်ပြောကြည့်စမ်းပါဦး။ ဘာဖြစ်မလဲဆိုတာ သိရလိမ့်မယ်"

လုံယီ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းသို့ ပြန်ရောက်သည်နှင့် နေရာတိုင်းတွင် ငြင်းခုံသံများကို ကြားနေရသည်။

ဂိုဏ်းသားအများစုမှာ စိတ်တိုကာ ဒေါသထွက်နေကြပြီး အလောင်းများကိုအသုံးပြုကာ စိန်ခေါ်တိုက်ခိုက်လိုသူများလည်း ရှိသည်။ ငြင်းခုံသူများကို ထိန်းသိမ်းရေးသမားနှင့် အစွန်းရောက်သမားဟူ၍ အဓိက နှစ်ဖွဲ့ခွဲထားသည်။

ထိန်းသိမ်းရေးသမားများက အလောင်းထိန်းချုပ်ခြင်းဂိုဏ်းအနေဖြင့် စိမ်းပြာရောင် ဝံပုလွေတောင်နှင့် တိုက်ရိုက် ရင်ဆိုင်ရန် မလိုဘူးဟု ယူဆကြသည်။

အဘယ်ကြောင့်ဆိုသော် မျိုးဆက်သစ် ဝံပုလွေသခင်မှာ အမည်မသိ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦး၏ လက်ချက်ဖြစ်ပြီး အလောင်းထိန်းချုပ်ခြင်းဂိုဏ်းနှင့် မသက်ဆိုင်ကြောင်း သတင်းများ ပျံ့နှံ့နေသောကြောင့်ပင်။

အစွန်းရောက်သမားများကမူ သူတို့က တံခါးဝအထိ ရောက်လာကြပြီဖြစ်ရာ အရှုံးပေးခြင်းမှာ နူးညံ့သိမ်မွေ့လွန်းပြီး အကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်ဟု ယူဆကြသည်။

နှစ်ဖက်စလုံးက သူတို့ အမြင်ကိုသာ စွဲကိုင်ထားကြသဖြင့် ဂိုဏ်း၏ နေရာတိုင်းတွင် ဆွေးနွေးငြင်းခုံသံများဖြင့် ဆူညံနေသည်။

လုံယီသည် အငြင်းပွားသံများကို နားထောင်ရင်း ဝမ်သောက်တောင်ထွတ်သို့ ပြန်ရောက်လာသည်။

"ကတုံးကြီးလုံ မင်း နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့"

လုံယီ ပြန်ရောက်သည်နှင့် ပိယောင်ယောင်က ခွေးနှာခေါင်းပိုင်ရှင်ပမာ အနံ့ခံပြီး ဒေါသတကြီး ရောက်လာသည်။

"ငါ့ကို မခေါ်ဘဲ အပြင်ထွက်ပြီး ပျော်ပါးခဲ့တာလား"

"ငါ အရေးကြီးတဲ့ကိစ္စလေး လုပ်နေတာပါ။ ဒါနဲ့ ဂိုဏ်းသားအားလုံး စိမ်းပြာရောင် ဝံပုလွေတောင်နဲ့ အငြင်းပွားနေကြတာကို မြင်ရတယ်။ တကယ်ပဲ တိုက်ကြတော့မှာလား"

"ပြောရခက်တယ်။ ငါ့အဖေကို မေးကြည့်ပေမယ့် ဘာမှ မပြောဘူး။ သူကိုယ်တိုင်လည်း သိပုံမရဘူး"

ပိယောင်ယောင်က ပြောသည်။

"မျိုးဆက်သစ် ဝံပုလွေသခင်က လျှို့ဝှက်ဆန်းကြယ်တဲ့ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ချက်လို့ ဆိုကြတာပဲ။ ဘာလို့ စိမ်းပြာရောင် ဝံပုလွေတောင်က ငါတို့ဂိုဏ်းကို အခက်တွေ့အောင် လုပ်နေရတာလဲ"

"ငါ့အဖေပြောတာတော့ ဒါနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူးတဲ့။ စိမ်းပြာရောင် ဝံပုလွေတောင်က နှစ်ပေါင်းထောင်ချီ ငြိမ်သက်နေတာ ကြာပြီ။ ဂိုဏ်းတွင်း ပဋိပက္ခတွေကလည်း ပြည့်နှက်နေတော့ ထွက်ပေါက်တစ်ခု လိုအပ်နေတာ။ မျိုးဆက်သစ် ဝံပုလွေသခင်ကိစ္စ မရှိရင်တောင် သူတို့က ငါတို့လူသားတွေကို အခက်တွေ့အောင် လုပ်ဖို့ နည်းလမ်းရှာနေမှာပဲ။ အခုတော့ သူတို့က ငါတို့ဂိုဏ်းကို အဆင်သင့် ရွေးလိုက်တာပေါ့..."

ဤစကားကို ကြားသောအခါ လုံယီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူ၏ စိတ်ထဲရှိ အပြစ်ရှိသလို ခံစားရမှုမှာ အနည်းငယ် လျော့ပါးသွားသည်။

စိမ်းပြာရောင် ဝံပုလွေတောင်က အလောင်းထိန်းချုပ်ခြင်းဂိုဏ်းကို ပစ်မှတ်ထားခြင်းမှာ လုံယီ၏ တာဝန်အချို့ ပါဝင်သော်လည်း ယခုအချိန်တွင် သူသည် ဤဝန်ထုပ်ဝန်ပိုးတစ်ခုလုံးကို မထမ်းနိုင်တော့ပေ။

ခဏအကြာတွင် ရုံရွှယ်ကျန်း၊ ဝက်တုပ်ကလေး တန်ရှန်နှင့် အခြားသူများ ရောက်လာကြသည်။

သူတို့အုပ်စုငယ်လေးမှာ မကြာသေးမီက ဖြစ်ပွားခဲ့သော အဓိကဖြစ်ရပ်များကို ဆွေးနွေးကြသည်။

"တကယ်တိုက်ပွဲဖြစ်ရင် ငါတို့ဂိုဏ်းက ခုခံပြီး ကျန်တဲ့ဂိုဏ်းသုံးခုရဲ့ အကူအညီကိုပဲ စောင့်ရတော့မှာ"

ရုံရွှယ်ကျန်းက သက်ပြင်းချသည်။

"မှန်တယ် ငါတို့ဂိုဏ်းမှာ ရွှေအမြုတေအဆင့်က တစ်ယောက်ပဲရှိပြီး အတုအယောင်ဆေးလုံးက ခြောက်လုံးပဲရှိတယ်..."

ဝက်တုပ်ကလေး တန်ရှန်မှာလည်း အလွန်ပင် စိတ်ဓာတ်ကျနေသည်။

ယခုတစ်ကြိမ်တွင် သံမဏိကျောပြင်ရှိသော ဝံပုလွေများကို မောင်းထုတ်ရန်အတွက် အလောင်းထိန်းချုပ်ခြင်းဂိုဏ်းမှာ သူတို့၏ အခြေခံအင်အားစုအားလုံးနီးပါးကို ထုတ်ပြလိုက်ရသည်။

ရွှေအမြုတေအဆင့် ဆရာသခင်မှာ ဂိုဏ်း၏ အမြင့်ဆုံးအကြီးအကဲဖြစ်ပြီး လက်ရှိဂိုဏ်းချုပ်

ဖြစ်သူ အလောင်းသုံးမျိုး တာအိုဆရာ၏ ဆရာဖြစ်သည်ဟု ပြောကြသည်။

သူ၏ ကျင့်ကြံမှုမှာ နက်နဲသော်လည်း တစ်ယောက်တည်းဖြင့် မစွမ်းနိုင်ပေ။ အတုအယောင်ဆေးလုံးကြီး ခြောက်လုံးထဲတွင် ယခင်မျိုးဆက် ဂိုဏ်းချုပ်တစ်ဦးလည်း ပါဝင်ပြီး သူ၏စွမ်းအားမှာ သာမန်အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ထက် များစွာသာလွန်သော်လည်း ရွှေအမြုတေ သို့မဟုတ် နတ်ဆိုးကြီးများနှင့် ယှဉ်လျှင် ကွာဟချက် များစွာရှိသည်။

"အတုအယောင်ဆေးလုံးအဆင့် အကြီးအကဲတွေရဲ့ စွမ်းအားက အခြေခံအုတ်မြစ်

တည်ဆောက်ခြင်း အထွတ်အထိပ်နဲ့ ယှဉ်ရင် ဘယ်လောက်ရှိလဲ"

လုံယီက သိလိုစိတ်ဖြင့် မေးသည်။

"ငါ့အဖေပြောတာတော့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်ရှိတဲ့ ထိပ်တန်းကျင့်ကြံသူအချို့က ကပ်ဘေးကို ကျော်လွှားဖို့ မယုံကြည်တာကြောင့် အတုအယောင်ဆေးလုံး လမ်းကြောင်းကို ရွေးချယ်ကြတယ်။ သူတို့ရဲ့ သက်တမ်းမှာ သိပ်မကွာခြားပေမယ့် အတုအယောင်ဆေးလုံးတွေက ဘယ်တော့မှ အဆင့်ထပ်တက်လို့ မရတော့ဘူး"

ပိယောင်ယောင်က ရှင်းပြသည်။

"အတုအယောင်ဆေးလုံးရဲ့ စွမ်းအားက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အထွတ်အထိပ်

ထက် အများကြီး သာတယ်။ ကိုယ့်ကိုကိုယ် မီးရှို့ပြီး တိုက်ရင် ရွှေအမြုတေအဆင့်ကိုတောင် ယှဉ်နိုင်သေးတယ်။ ဒါပေမဲ့ ခဏပဲခံပြီး ပြာဖြစ်သွားမှာပေါ့။ ဒါဟာ အဓိကအားဖြင့် ကြောက်ရွံ့မှု ဖြစ်စေဖို့အတွက်ပဲ အရေးအကြီးဆုံး အခြေအနေမဟုတ်ရင် မသုံးဘူး..."

လုံယီ နားလည်သွားသည်။ ရွှေအမြုတေမှာ ကြာရှည်ခံသော အစွမ်းထက် လက်နက်ဖြစ်ပြီး ဂိုဏ်း၏ အဓိကအချက်အချာ ဖြစ်သည်။

အတုအယောင်ဆေးလုံးမှာမူ တစ်ကြိမ်သာ သုံးနိုင်သော လက်နက်ဖြစ်ပြီး သုံးလိုက်သည်နှင့် ကုန်ဆုံးသွားမည့် ပံ့ပိုးကူညီမှုမျှသာ ဖြစ်သည်။

"အတုအယောင်ဆေးလုံးတွေ ဒီလောက်ရှိနေရင် စိမ်းပြာရောင် ဝံပုလွေတောင်က အလွယ်တကူ စစ်အပြည့်မဆင်နွှဲနိုင်ပါဘူး။ အစပိုင်းမှာတော့ အဆင့်နိမ့်ကျင့်ကြံသူတွေကြားမှာပဲ တိုက်ပွဲတွေ ဖြစ်လာမှာပါ"

တန်ရှန်က သက်ပြင်းချသည်။

"ခက်ခဲမှာပဲ သူတို့က ငါတို့ဂိုဏ်းကို အသက်ကုန်တဲ့အထိ ပင်ပန်းအောင် လုပ်နိုင်တယ်။ အချိန်အခါက တကယ့်ကို မကောင်းဘူး"

လုံယီ၏ အကြီးအစ်မ လုထျန်းရန်နှင့် အစ်ကို လျူချီတို့ ရောက်လာကာ ပြောသည်။

လုထျန်းရန်က သက်ပြင်းချရင်း "အမြင့်ဆုံးအကြီးအကဲက သက်တမ်း ခုနစ်ရာကျော်နေပြီ။ ကုန်ဆုံးဖို့လည်း မဝေးတော့ဘူး" ဟု ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။

"ငါတို့ဂိုဏ်းချုပ် အလောင်းသုံးမျိုး တာအိုဆရာက လာမယ့်နှစ်တွေမှာ အဆင့်တက်ဖို့ ပြင်ဆင်နေတာ အခုတော့ အဲဒါကို အရှိန်မြှင့်ရတော့မယ်"

အမြဲတိတ်ဆိတ်နေတတ်သော စီနီယာအစ်ကို လျူချီက ထူးထူးခြားခြား စကားများစွာ ပြောလာသည်။

"စိမ်းပြာရောင် ဝံပုလွေတောင်ကတော့ သူ့ကို တားဆီးဖို့ အစွမ်းကုန် ကြိုးစားမှာပဲ။ ငါတို့ဂိုဏ်းမှာ ရွှေအမြုတေအဆင့်နဲ့ ဂိုဏ်းကို ထိန်းကျောင်းပေးမယ့်သူ မရှိတော့ရင် အမြစ်မပါတဲ့ ရေမှော်ပင်လို ဖြစ်သွားလိမ့်မယ်။ အတုအယောင်ဆေးလုံး ဘယ်လောက်များများလည်း အသုံးမဝင်တော့ဘူး"

"တခြား လူသားဂိုဏ်းတွေဖြစ်တဲ့ နီရဲသောနေဂိုဏ်းနဲ့ စစ်မှန်သောသွေးဂိုဏ်းက မကူညီကြဘူးလား"

တန်ရှန်က မကျေမနပ်ဖြင့် ပြောသည်။

"ငါတို့ဂိုဏ်း ပျက်စီးရင် သူတို့အတွက်လည်း ဘာကောင်းကျိုးမှ ရှိမှာ မဟုတ်ဘူးလေ"

"အဆင့်တက်ဖို့ ကြိုးစားနေတာ အလောင်းသုံးမျိုး တာအိုဆရာသာ မဟုတ်ရင် သူတို့ ကူညီကောင်း ကူညီလိမ့်မယ်"

ပိယောင်ယောင်က တွန့်ဆုတ်စွာ ပြောသည်။

"ငါ့အဖေဆီက ကြားတာတော့ အလောင်းသုံးမျိုး တာအိုဆရာက ပါရမီအလွန်ထူးချွန်ပြီး ဘဝတစ်သက်တာ အလောင်းသုံးလောင်းကို မကြုံစဖူး ကျင့်ကြံထားနိုင်သူပဲ။ သူ အဆင့်တက်သွားရင် ငါတို့ဂိုဏ်းမှာ ရွှေအမြုတေအဆင့် တိုက်ခိုက်နိုင်သူ လေးဦးရှိသွားလိမ့်မယ်။ နီရဲသောနေဂိုဏ်းနဲ့ တခြားဂိုဏ်းတွေက ဒါကို မဖြစ်စေချင်တာ သေချာတယ်။ ဘာလို့လဲဆိုတော့ ဒါက အင်အားကြီးဂိုဏ်းတွေကြားက မျှခြေကို ပျက်စီးသွားစေမှာမို့လို့..."

"ခွေးမ..."

ဤစကားကို ကြားသောအခါ လုံယီနှင့် အခြားသူများမှာ ကြောင်အသွားကြသည်။

ပါရမီထူးချွန်ခြင်းမှာလည်း အခက်အခဲတစ်ခု ဖြစ်နိုင်ကြောင်းကို သူတို့ နားလည်လိုက်ကြသည်။

ထို့နောက် လုံယီတို့သည် ပိယောင်ယောင်နှင့် လုထျန်းရန်တို့ ရှင်းပြသည့် ရွှေအမြုတေနှင့် အတုအယောင်ဆေးလုံးဆိုင်ရာ အသိပညာများကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။ ပိယောင်ယောင်၏အဖေမှာ ဂိုဏ်းအကြီးအကဲတစ်ဦး ဖြစ်သလို လုထျန်းရန်မှာလည်း အကြီးအကဲဟယ်ထံတွင် နှစ်ပေါင်းများစွာ လေ့လာခဲ့သူများဖြစ်ရာ သာမန်သူတို့ မသိနိုင်သော အချက်အလက်များကို များစွာသိရှိထားကြသည်။

သူတို့၏ အဆိုအရ ကျင့်ကြံသူများသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ရွှေအမြုတေအဆင့်သို့ တက်လှမ်းကာ ဆရာသခင်ဖြစ်လိုပါက ကပ်ဘေးသုံးပါးဖြစ်သည့် မိုးကြိုးကပ်ဘေး၊ လူသားကပ်ဘေးနှင့် နတ်ဆိုးကပ်ဘေးတို့ကို ရင်ဆိုင်ရမည်ပင်။

မိုးကြိုးကပ်ဘေးမှာ ကောင်းကင်နှင့်မြေကြီး၏ အပြစ်ပေးခြင်းပင်။

ကျင့်ကြံခြင်းမှာ ကောင်းကင်ကို ဆန့်ကျင်ခြင်းဖြစ်ပြီး သက်တမ်းပိုရှည်ရန်အတွက် ကောင်းကင်၏ အပြစ်ပေးခြင်းကို ခံယူရသည်။

ဤကပ်ဘေးမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ရင်ဆိုင်ရခြင်းပင်။

အနည်းငယ် မှားယွင်းမှုရှိပါက ဝိညာဉ်အစစ်အမှန်များ ပျက်စီးသွားကာ တစ်ဖန်ပြန်လည်မွေးဖွားရန်ပင် မဖြစ်နိုင်တော့ပေ။ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်မှသာ ရွှေအမြုတေကို စုစည်းနိုင်ပြီး နတ်ဘုရားစွမ်းရည်များ ပိုင်ဆိုင်သည့် ဆရာသခင် ဖြစ်လာနိုင်သည်။

လူသားကပ်ဘေးမှာမူ အဆင့်တက်နေချိန်တွင် ရန်သူများက လာရောက်တားဆီးခြင်းပင်။ နတ်ဆိုးကပ်ဘေးမှာမူ လူနှင့် နတ်ဆိုးတို့မှာ သဘာဝရန်သူများဖြစ်ရာ နတ်ဆိုးမျိုးနွယ်စုတို့က လူသားမျိုးနွယ်တွင် ရွှေအမြုတေအဆင့်များ ပိုမိုတိုးပွားလာသည်ကို မလိုလားကြပေ။

သို့သော် အလောင်းထိန်းချုပ်ခြင်းဂိုဏ်းတွင်မူ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အထွတ်အထိပ် ကျင့်ကြံသူများအတွက် ဒုတိယလမ်းကြောင်းတစ်ခု ရှိသေးသည်။

၎င်းမှာ အတုအယောင်ဆေးလုံးကို ရရှိခြင်းပင်။

"ငါ့အဖေပြောတာတော့ အတုအယောင်ဆေးလုံးလမ်းကြောင်းက ကပ်ဘေးကို ကျော်ဖြတ်နိုင်မယ်လို့ မယုံကြည်သူတွေ ရွေးချယ်တဲ့လမ်းပဲ။ မဖြစ်မနေမှသာ ဒီလမ်းကို ရွေးကြတယ်"

ပိယောင်ယောင်က ပြောပြလိုက်သည်။

"ပြီးတော့ အတုအယောင်ဆေးလုံးကို လူတိုင်း မရနိုင်ဘူး။ ဂိုဏ်းက ထိန်းချုပ်ထားတဲ့ ကမ္ဘာငယ်လေးတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောကြတယ်"

"ကမ္ဘာငယ်လေး"

လုံယီတစ်ယောက် ရင်းနှီးမှုမရှိသော ဝေါဟာရကို ကြားလိုက်ရသဖြင့် အလျင်အမြန် စုံစမ်းတော့သည်။

"ရွှေအမြုတေအဆင့် ဆရာသခင်တွေက တိမ်တိုက်ပင်လယ်ထဲမှာ ခရီးသွားနိုင်ပြီး ငါတို့ကမ္ဘာနဲ့ တွဲလျက်ရှိတဲ့ ကမ္ဘာငယ်လေးတွေကို ရှာဖွေနိုင်တဲ့ အခွင့်အရေးရှိတယ်။ ကမ္ဘာငယ်လေး တစ်ခုစီမှာ အရင်းအမြစ်တွေ ကြွယ်ဝပြီး ဂိုဏ်းတစ်ခုရဲ့ အခြေခံအုတ်မြစ်ပဲ။ ကမ္ဘာငယ်လေးတစ်ခုစီက အတုအယောင်ဆေးလုံး ကျင့်ကြံသူတစ်ဦးကို ထောက်ပံ့ပေးနိုင်တယ်"

လုထျန်းရန်က ရှင်းပြသည်။

မည်သို့ ထောက်ပံ့သည်ကိုမူ ပညာရှင်များပင် နားမလည်ကြပေ။ လုံယီအတွက်မူ သူ၏ အသိပညာမှာ များစွာ ကျယ်ပြန့်သွားခဲ့သော်လည်း အကျပ်အတည်း ခံစားချက်မှာ ပိုမိုပြင်းထန်လာသည်။

အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ အင်အားမှာ စိမ်းပြာရောင် ဝံပုလွေတောင်နှင့် ယှဉ်လျှင် အလွန်အားနည်းနေသည်။ စစ်ပွဲကြီး ဖြစ်ပွားလာရန်မှာ အလွန်နီးစပ်နေသည်။

အစောပိုင်းကာလတွင် အဆင့်မြင့် ကျင့်ကြံသူများ မပါဝင်နိုင်သော်လည်း အသိုက်ပြိုလျှင် ဥမကျန်ဆိုသည့်အတိုင်း လုံယီတစ်ယောက် သူ၏ စွမ်းအားကို အမြန်ဆုံး မမြှင့်တင်ပါက နတ်ဆိုးကြီးများ၏ အနိုင်ကျင့်ခြင်းကို ခံရလိမ့်မည်ပင်။

ငါ စတုတ္ထမြောက် ကိုယ်ခံပညာလမ်းကြောင်းကို အမြန်ရှာရမယ် ဒါမှမဟုတ် ရှေးခေတ် ကိုယ်ခံပညာရှင်တွေရဲ့ အမွေကို ရှာရမယ်...

လာမည့်ရက်များတွင် လုံယီသည် ကျင့်ကြံရင်း စွမ်းအင်များ စုဆောင်းကာ အဖိုးတန်ပစ္စည်းများကို ရှာဖွေနေသည်။

ဂိုဏ်းကလည်း တိုက်ပွဲအတွက် ပြင်ဆင်နေပြီး အောင်မြင်မှု ဆုလာဘ်များကို တိုးမြှင့်ပေးကာ တပည့်များကို နယ်စပ်သို့ စုစည်းစေသည်။

စစ်ပွဲဆိုသည်မှာ စမ်းသပ်မှုတစ်ခုဖြစ်သလို အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

သုံးလကြာပြီးနောက်တွင် ရှောင်နိုင်ငံနှင့် စိမ်းပြာရောင် ဝံပုလွေတောင် ဆုံမှတ်ဖြစ်သည့် နယ်စပ်တွင် ကြီးမားသော ဂယက်တစ်ခု စတင်ပေါ်ပေါက်လာတော့သည်။

All Chapters