အခန်း ၂၃၆
Vol. 24 Ch. 236
အခန်း (၂၃၆) ပြောင်းလဲခြင်း
သူ့သူငယ်ချင်းနှစ်ယောက်သည် ညနေ ၅ နာရီခန့်တွင် ပြန်သွားခဲ့ကြသည်။ ဖုန်းပုကြွယ်က သူတို့ကို တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့ပြီး သုံးယောက်သား အချင်းချင်း ဆဲဆိုလျက် နှုတ်ဆက်လိုက်ကြလေ၏။
ဖုန်းပုကြွယ် တံခါးကို ဝုန်းခနဲပိတ်လိုက်ပြီး အိမ်ကို အလျင်အမြန် သန့်ရှင်းရေးလုပ်ကာ မီးဖိုချောင်သို့ သွား၍ ရေခဲသေတ္တာကိုဖွင့်ကာ ဟင်းချက်ရန်အတွက် ပါဝင်ပစ္စည်းမျိုးစုံကို ထုတ်ယူလိုက်တော့သည်။
သူ့မျက်လုံးအစုံက ပြောင်းလဲသွားခဲ့ပြီး အေပရွန်ကို ဝတ်ဆင်၍ အင်္ကျီလက်များကို လိပ်တင်ကာ လက်ကိုပါ တစ်ပါတည်း ဆေးကြောလိုက်လေသည်။ နှစ်စက္ကန့်ခန့် ကြာပြီးနောက် သူသည် ကလေးဆန်သော အသံနေအသံထားဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“ဟိုးဟိုးဟိုး... နောက်ဆုံးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်တွေ ထွက်သွားခဲ့ပြီပေါ့၊ စာပေလောကရဲ့ အချက်အပြုတ်ကပ်ဆိုးကြီးကို မဖန်တီးဖြစ်ခဲ့တာ အတော်လေး ကြာခဲ့ပြီပဲ...”
သူသည် စားပွဲပေါ်ရှိ ဟင်းချက်စရာ အမယ်မျိုးစုံကို လှမ်းကြည့်လိုက်ပြီး လျှပ်စီးလိုအမြန်နူန်းဖြင့် စတင်ချက်ပြုတ်တော့သည်။
“ရေညှိကို အရက်ဖြူနဲ့ ပဲငံပြာရည်နဲ့ နယ်လိုက်မယ်... ဒါကို ဆန်စိမ်းထဲ ထည့်လိုက်ရင် အရသာကို ပိုမိုပေါ်လွင်စေလိမ့်မယ်... ဆန်နဲ့ ငါးရဲ့ အချိုးအစားကတော့ ဆန်တစ်ခွက်ကို ဆယ်လ်မွန်ငါးတစ်တုံးပေါ့... မျှင်မျှင်လေးလုပ်ထားတဲ့ ဂျုံနဲ့ လက်နဲ့ ဖဲ့ထားတဲ့ မှိုတွေကို ရောလိုက်မယ်...”
သူသည် ချက်ပြုတ်နေစဉ်အတွင်း ပွစိပွစိရေရွတ်နေခဲ့သည်။ သူ့လှုပ်ရှားမှုများသည် ကြမ်းတမ်းပုံရသော်လည်း အဆင့်တစ်ဆင့်ချင်းစီ တိကျလှပေရာ ယင်းက ကြမ်းတမ်းသော အသွင်သဏ္ဍာန်အောက်တွင် ရှိနေသည့် သူ၏စေ့စပ်သေချာမှုကို သက်သေပြသနေခြင်း ဖြစ်သည်။
“အင်း... ဒါကတော့ ညစာအတွက်ပဲပေါ့”
သူက ချက်ပြုတ်ပြီးသား အစားအစာများကို လျှပ်စစ်ထမင်းအိုးထဲသို့ ထည့်လိုက်ပြီး ခလုတ်ကို နှိပ်ကာ ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။
“မနေ့က ကျန်တဲ့ တို့ဖူးကြော်နဲ့ မုန်ညင်းဖြူတွေကိုတော့ အရသာပေါ့ပေါ့ အကြော်အလှော်လေးတွေ လုပ်ဖို့ သုံးလို့ရတယ်၊ ဒါ့အပြင် ငါ ကြိုပြင်ထားတဲ့ မုန်လာချဉ်နဲ့ ကမာကောင်အစိမ်းတွေလည်း ရှိသေးတယ်... ဒါပဲပေါ့”
သူက ဂတ်စ်မီးဖိုကို ခပ်ပြင်းပြင်း လှည့်ဖွင့်လိုက်ပြီး ဒယ်ပြားတစ်ခုတင်ကာ ဆီများစွာ လောင်းထည့်ပြီးနောက် ဆီပူလာချိန်တွင် ဆားခတ်ထားသော ကြက်ဥကြော်တစ်ပွဲကို ပြုလုပ်လိုက်တော့သည်။
“နောက်ထပ်ကတော့ ဆီနည်းနည်းဆမ်းပြီး အကြော်အလှော်တွေအတွက် ပါဝင်ပစ္စည်းတွေကို ဆီသတ်လိုက်မယ်...”
သူသည် ပါဝင်ပစ္စည်းများကို ထည့်သွင်းနေရင်း သူ့ဘာသာ တီးတိုးရေရွတ်နေခဲ့သည်။
“ဝိုင်၊ ဆော့စ်၊ ရေ၊ အရက်ပြင်း”
ထိုလူသည် မီးဖိုရှေ့တွင် တစ်နာရီနီးပါးခန့် အရူးတစ်ယောက်ကဲ့သို့ ချက်ပြုတ်ခြင်းလုပ်ငန်းထဲ နစ်မြောနေခဲ့ပြီး နောက်ဆုံး၌ သူ့ကိုယ်သူအတွက် ဟင်းသီးဟင်းရွက်မျိုးစုံ၊ အသား၊ ငါးနှင့် ပရိုတင်းဓာတ်တို့ ပါဝင်နေသော ဟင်းခြောက်ခွက်နှင့် ဟင်းချိုတစ်ခွက်... အတော်လေး မျှတလှသော အစားအစာတစ်နပ်ကို ချက်ပြုတ်နိုင်ခဲ့လေသည်။
“ဟင်းဟင်း... လုံးဝ ကျေနပ်စရာပဲ”
သူသည် ချက်ပြုတ်ပြီးစီးသွားပြီးနောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ထို့နောက် မီးဖိုချောင်ရှိ စားပွဲကြီးတွင် ဝင်ထိုင်လိုက်ပြီး သူ့ကိုယ်သူအတွက် သောက်စရာတစ်ခုကို လောင်းထည့်ကာ သူ့ကော်လာထဲသို့ အဝတ်စတစ်ခု ထည့်သွင်းဟန် ပြုလုပ်လိုက်သည်။ ယင်းမှာ အနောက်တိုင်း အစားအစာတစ်နပ်ကို စားသောက်တော့မည့်အလား လက်ထဲတွင် တူနှင့် ဇွန်းတို့ကို ကိုင်ဆောင်ထားခြင်း ဖြစ်လေ၏။
ထိုအခိုက်အတန့်တွင် အာသပ်စ်က စားပွဲပေါ် ခုန်တက်လာပြီး ဖုန်းပုကြွယ်၏ ဟင်းပွဲများဆီသို့ ဖြည်းညှင်းစွာ တွားတက်လာကာ သူ့သခင်ကို လုံးဝလျစ်လျူရှုလျက် ငါးဟင်းကို စတင်စားသောက်တော့သည်။
“မင်းလို ကြောင်ငပျင်းလေးက ငါ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းရည်တွေကြောင့် ဆွံ့အသွားရတာလား၊ အို... ဟားဟားဟား”
ဖုန်းပုကြွယ်သည် သူ့ထုံးစံအတိုင်း ရူးပေါပေါလေသံဖြင့် ရယ်မောလိုက်လေသည်။
အားသာ့စ်က ဖုန်းပုကြွယ်ကို မော့ကြည့်လိုက်ရာ သူ့မျက်လုံးအစုံက - ‘မိုက်မဲလှတဲ့ ကမ္ဘာမြေသား’ ဟု ပြောဆိုနေသည့်အလား ခံစားရစေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖုန်းပုကြွယ် သက်ပြင်းချလိုက်ပြီး သူ့ကော်လာမှ အဝတ်စကို ဆွဲထုတ်ကာ ပုံမှန်မျက်နှာအမူအရာသို့ ပြန်လည်ရောက်ရှိသွားပြီး မျက်နှာကြက်ကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။
“ဟူး... အထီးကျန်ချက်ပဲ...”
...
ချန်လင်ဓားသိုင်းပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့သည်မှာ တစ်ပတ်ထက်မက ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
မကြာသေးမီက ဖုန်းပုကြွယ်၏ မိတ်ဆွေစာရင်းထဲရှိ နာမည်များသည် တဖြည်းဖြည်း တိုးပွားလာခဲ့ပြီး ထိုအထဲတွင် သခင်လေးအာတိုဘီ၊ အစ်ကိုလုံ၏ မိတ်ဆွေအချို့နှင့် ရှောင်တန်နှင့် ရီရူလီတို့ ဂိမ်းတွင်း၌ ဆုံတွေ့ခဲ့ကြသော မိတ်ဆွေအချို့ စသည်ဖြင့် စုစုပေါင်း လူအယောက်နှစ်ဆယ်ကျော် ရှိနေခဲ့ပြီ ဖြစ်သည်။
ဖုန်းပုကြွယ်နှင့် ရီရူလီတို့သည် လူမှုဆက်ဆံရေးအပေါ်တွင် တူညီသော သဘောထားမျိုး ရှိကြသည်။ သူတို့သည် မိမိတို့၏ လူမှုကွန်ရက်အား ကျယ်ပြန့်အောင် ပြုလုပ်ရခြင်း အလွန်အမင်း မုန်းတီးကြပြီး အခြားသူများနှင့် ရည်ရွယ်ချက်ရှိရှိ အလှမ်းကွာအောင် နေထိုင်ရသည်ကို ပိုမိုနှစ်သက်ကြသော လူမျိုးများ ဖြစ်ကြသည်။ သူတို့၏ မိတ်ဆွေဖြစ်လာရန်အတွက် ခက်ခဲလှပေသည်။ ပြီးလျှင် သူတို့မိတ်ဆွေအဖြစ် သတ်မှတ်ခံလိုက်ရသည့် လူများကတော့ အခြေခံအားဖြင့် နစ်မြုပ်နေသော သင်္ဘောတစ်စင်းပေါ်သို့ တက်ရောက်မိသလိုမျိုး ဖြစ်ပေလိမ့်မည်...။
မိတ်ဆွေအရေအတွက် တိုးပွားလာခဲ့သော်လည်း ငရဲကမ္ဘာရှေ့တန်းကလပ်တွင်မူ အဖွဲ့ဝင် လေးယောက်သာ ရှိနေဆဲဖြစ်ရာ ထိုဖွဲ့စည်းပုံသည် လူခြောက်ယောက်အဖွဲ့တစ်ခုအတွက်ပင် လုံလောက်မှု မရှိသေးပေ။ စနစ်၏ ဂိုဏ်းအပေါ် အထူးစွမ်းရည်အကျိုးသက်ရောက်မှုသည် နှစ်ကြိမ်တိုင်တိုင် ပြောင်းလဲခဲ့သော်လည်း သူတို့မှာ ဂိုဏ်းအဆင့်သတ်မှတ်ချက် နှစ်ခုစလုံး၏ အောက်ခြေတွင်သာ ရှိနေကြခြင်းကြောင့် အထူးစွမ်းရည်ကတော့ အတော်လေး သာမန်ဆန်နေဆဲ ဖြစ်သည်။
သို့သော်လည်း ဂိုဏ်း၏ အင်အားကို ဘေးဖယ်ထားရလျှင် ဖုန်းပုကြွယ်၏ ကိုယ်ပိုင်အင်အားသည် လက်ရှိတွင် ဂိမ်းအတွင်း၌ အဆင့်ငါးဆယ်အတွင်း ရှိနေခဲ့ပြီ ဖြစ်သည်။
ဤအချိန်ကာလပြီးနောက်တွင်တော့ ဖုန်းပုကြွယ်၏ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်၏။
ဘွဲ့အမည် - ခန့်မှန်းရခက်သော ရူးသွပ်သူ။ အတွေ့အကြုံ - ၁၈၇၅၀၀/၂၇၀၀၀၀၊ စကေးအမှတ် - ၁၁၃၀၀၊ ဂိမ်းဒင်္ဂါး - ၁၀၂၀၀၀၀။
ကျွမ်းကျင်မှုများ - အထွေထွေ C၊ လက်မှုပညာ D၊ ထောက်လှမ်းရေး D၊ တိုက်ခိုက်ရေး D၊ ပစ်ခတ်ရေး D၊ ကုသရေး E၊ မှော်အတတ် D၊ ဆင့်ခေါ်မှု (မရှိပါ)။
သိုလှောင်အိတ် (၈/၁၅) - မာရီယို၏ဂွ၊ လက်နှိပ်ဓာတ်မီး၊ ခေါက်ထိုင်ခုံ (နံပါတ် ၅)၊ SCP-500 (၁၃/၂၀)၊ ဆွဲငင်အားဆန့်ကျင်ရေး သေနတ်၊ မစ္စမောက်ဇီ၏ ဒေါသ၊ ဗာဂျရာခေါင်းလောင်း၊ ပါစီဖုန်း၏ ဖုန်စုပ်စက်။
ဝတ်ဆင်ထားသော ပစ္စည်းများ - ဂျက်ဇ်ဖိနပ်၊ ပင့်ကူမျှင်လက်အိတ်၊ သေမင်းဖဲချပ် (မှော်လက်နက်)၊ အက်ခိုးချပ်ဝတ်၊ ဂေါ်ဘလင်ဓာတ်ငွေ့ကာမျက်နှာဖုံး။
သိုလှောင်ခန်း (၃/၁၀) - ပဟေဠိကတ် (မျောက်)၊ ပဟေဠိကတ်ပြား (မျက်မှန်)၊ ပဟေဠိကတ် (စတော်ဘယ်ရီ)။
စွမ်းရည်များ - အလျင်အမြန်ပြုပြင်ခြင်း၊ ခန္ဓာကိုယ်မြင့်တင်ခြင်းနည်းစနစ်၊ ဒါကို ခံစားလိုက်စမ်း၊ ရေခဲမှော်ဆရာ၏ ဇွဲလုံ့လ။
ပထမဆုံးအနေဖြင့် အတွေ့အကြုံမှတ်များ၏ ပြောင်းလဲမှုအကြောင်းကို ပြောကြပါစို့...
ကစားသမားတစ်ယောက် အဆင့် ၂၀ သို့ ရောက်ရှိပြီးနောက်တွင် အဆင့်တက်ရန် လိုအပ်သော အမြင့်ဆုံး အတွေ့အကြုံမှတ်သည် အဆင့် ၁၀ တုန်းကလိုပင် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုမျိုး ကြုံတွေ့ရပြီး နောက်ထပ် သုညတစ်လုံး ထပ်တိုးလာခြင်း ဖြစ်သည်။ အကြိမ်တိုင်းတွင် အပိုဆောင်းဆုလာဘ်များ လက်ခံရရှိသည့် အားသာချက်အပေါ် မူတည်၍ ဖုန်းပုကြွယ်သည် အခြေခံအားဖြင့် တစ်နေ့လျှင် တစ်ဆင့်နှုန်းဖြင့် အဆင့်တက်နေခဲ့ခြင်း ဖြစ်သည်။မှန်ပေသည် အဆင့်ပိုင်းဆိုင်ရာ ပြောရမည်ဆိုပါက သူသည် ထိုဂိုဏ်းကြီးများတွင် အဆင့်တက်ရန်အတွက်သာ တာဝန်ရှိကြသော ပရော်ဖက်ရှင်နယ်ကစားသမားများနှင့်တော့ နှိုင်းယှဉ်မရနိုင်သေးပေ။ ထိုကစားသမားများသည် အွန်လိုင်းပေါ်တွင် အချိန်များ ပိုမိုပေးဆပ်ကြမည်မှာ သေချာသလို သူတို့၏ ဂိမ်းတွင်းဖြတ်သန်းမှုများလည်း ပိုမိုစနစ်ကျလှပြီး အတွေ့အကြုံကတ်များ၏ အထောက်အပံ့ကိုလည်း ရရှိထားကြသည်။ လက်ရှိတွင် ဆာဗာအတွင်း၌ အဆင့်တစ်နေရာကို ရရှိထားသော ကစားသမားသည် အဆင့် ၃၂ သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုအဆင့် ငါးဆင့်ကွာခြားမှုကို အထင်မသေးပါနှင့်၊ အဆင့် ၃၀ ကျော်သွားခဲ့ပြီးနောက် အတွေ့အကြုံမှတ်များသည် ဂဏန်းခုနစ်လုံးအထိ တိုးပွားသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်...။
သို့သော်လည်း အဆင့်သည် ခွန်အားကို ကိုယ်စားမပြုပါချေ။ ဖုန်းပုကြွယ်သည် လက်ရှိတွင် ဂိမ်း၏ အမြင့်ပိုင်းအဆင့်သို့ ရောက်နေခဲ့ပြီဖြစ်ရာ သူ၏ အထူးပြုအဆင့်များအရ မြင်တွေ့နိုင်သည့် ထူးခြားချက်တစ်ခုကား... သူ့တွင် မည်သည့်အားနည်းချက်မျှ ရှိမနေခြင်းပင်။
ဥပမာအားဖြင့် အားကစားတစ်ခုခုဆိုပါတော့... တင်းနစ်ကစားနည်းလိုမျိုး ကစားသမားတစ်ယောက်၏ အင်အားကို အမြန်နူန်း၊ တုံ့ပြန်မှု၊ ဇွဲလုံ့လ၊ ဆားဗစ်ရိုက်ချက်၊ နောက်ပြန်ရိုက်ချက်၊ ကြိုတင်ခန့်မှန်းမှု စသည့်စွမ်းဆောင်ရည် ဆယ်ခုထက်မက ခွဲခြားနိုင်ပြီး တစ်ခုချင်းစီကို ဆယ်မှတ်အပြည့် သတ်မှတ်ထားတယ်ဆိုပါစို့။
ထိပ်သီးကစားသမားများသည် အခြေခံအားဖြင့် စွမ်းဆောင်ရည် သုံးခု သို့မဟုတ် သုံးခုထက်မကတွင် ဆယ်မှတ်အပြည့် ရရှိတတ်ကြပြီး ကျန်အပိုင်းများတွင် ရှစ်မှတ်အထက်၌ ရှိနေတတ်ကြကာ အားနည်းချက် တစ်ခု သို့မဟုတ် နှစ်ခုလောက်သာ ခြောက်မှတ် သို့မဟုတ် ခုနစ်မှတ်လောက် ရှိနေတတ်ကြသည်။
သာမန်ကစားသမားများအနေဖြင့် အခြေခံအားဖြင့် စွမ်းဆောင်ရည်အများစုသည် ခုနစ်မှတ်ဝန်းကျင်တွင် ရှိနေတတ်ကြပြီး တစ်ခု သို့မဟုတ် နှစ်ခုလောက်သာ ကိုးမှတ်အထက်တွင် ရှိနေတတ်ကာ ငါးမှတ်ဝန်းကျင်တွင်လည်း ရှိနေတတ်ကြသည်။
ထိုစံနှုန်းအရဆိုလျှင် ဖုန်းပုကြွယ်သည် စွမ်းဆောင်ရည်အားလုံး ဆယ်မှတ်တွင် ရှစ်မှတ်အဆင့်၌ ရှိနေသည့် လူတစ်ယောက်နှင့် တူပေသည်။ သီအိုရီအရ ထိုကဲ့သို့ အားကစားသမားမျိုးသည် အလွန်အမင်း ရှားပါးလှသည်။
စွမ်းဆောင်ရည်အားလုံး ခြောက်မှတ်အထက်တွင် ရှိနေသောလူကား သာမန်မျှသာ ဖြစ်သည်။ သို့သော်လည်း စွမ်းဆောင်ရည်အားလုံးတွင် ရှစ်မှတ် သို့မဟုတ် ရှစ်မှတ်ထက်မက ရှိနေနိုင်ဖို့ကတော့ ထိပ်သီးကစားသမားတစ်ယောက် ဖြစ်လာဖို့ထက်ပင် ပိုမိုခက်ခဲပေသည်။
ယင်းသည် ‘ဘက်စုံတော်ခြင်း’ သို့မဟုတ် အကြွင်းမဲ့စွမ်းဆောင်နိုင်ခြင်းကို ဆိုလိုခြင်းသာ ဖြစ်တော့သည်။
ဘေ့စ်ဘောကစားနည်းမှာဆိုပါက ယင်းသည် ရိုက်ချက်၊ ပြေးလွှားမှု၊ ဖမ်းယူမှု၊ ပစ်လွှတ်မှုနဲ့ ပစ်သွင်းမှုအားလုံးတွင် ထူးချွန်ပြောင်မြောက်သည့် လူတစ်ယောက်နှင့် တူနေခြင်းဖြစ်သည်။ သို့သော် ထိုကဲ့သို့သောလူမျိုးကတော့ ကမ္ဘာပေါ်တွင် မရှိသေးပါချေ။ အဘယ်ကြောင့်ဆိုသော် ယေဘုယျအားဖြင့် ဤစွမ်းရည်ငါးခုထဲက နှစ်ခုလောက် ကျွမ်းကျင်ရုံမျှဖြင့် ဘေ့စ်ဘောကြယ်ပွင့်တစ်ယောက် ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
သည်းထိတ်ရင်ဖိုသုခဘုံ ဂိမ်းအတွင်း၌ ဖုန်းပုကြွယ်သည် ဆာဗာတစ်ခုလုံးတွင် အထူးပြုစွမ်းရည်အားလုံးကို တစ်ပြိုင်နက်ကျွမ်းကျင်အောင် စွမ်းဆောင်နိုင်ခဲ့သည့် တစ်ဦးတည်းသော ကစားသမား ဖြစ်လေသည်။
နောက်ထပ် ဂိမ်းတွင်းငွေကြေးနဲ့ အိုင်တမ်တွေရဲ့ ပြောင်းလဲမှုအကြောင်းကို ပြောဆိုကြပါစို့...
ဖုန်းပုကြွယ်သည် အဆင့် ၂၇ သို့ ရောက်ရှိချိန်တွင် အတော်လေး များပြားလှသော ဂိမ်းတွင်းငွေကြေးကို ရှာဖွေနိုင်ခဲ့သော်လည်း ယင်းတို့ထဲမှ တစ်သန်းအား သိုလှောင်အိတ်နေရာလွတ် ငါးနေရာ တိုးလာအတွက် ပြောင်းလဲအသုံးပြုခဲ့သည်။ ဤသည်မှာ မလွဲမသွေပင် ဖြစ်သည်။ လူသစ်ကစားသမားတစ်ယောက်၏ ပစ္စည်းသိုလှောင်အိတ်အတွင်းရှိ နေရာလွတ်ဆယ်နေရာဆိုသည်မှာ အမှန်တကယ်ပင် မလုံလောက်လှသောကြောင့် သူက လက်ရှိတွင် အဆင့်မြှင့်တင်ထားသည့် ‘စံချိန်မီသိုလှောင်အိတ်’ ကို အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။
ချန်လင်ဖြစ်ရပ်ပြီးနောက်တွင် ဖုန်းပုကြွယ်သည် SCP-500 အချို့ကို ထပ်မံအသုံးပြုခဲ့ရသလို အဆင့် ၂၀ တွင် ပါစီဖုန်း၏ ဖုန်စုပ်စက်ကိုလည်း ရရှိခဲ့သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက သူသည် ပစ္စည်းကိရိယာအချို့ကိုလည်း ရရှိခဲ့ပြီး တစ်ရက်ကို တစ်ခုနှုန်းလောက် ပျမ်းမျှ ရရှိနေခဲ့သော်လည်း ယင်းတို့ထဲက တစ်ခုမှ သူနှင့် ကိုက်ညီမှု ရှိမနေခဲ့ခြင်းကြောင့် သူသည် အဖွဲ့ဝင်များကို ပေးလိုက်ခြင်း သို့မဟုတ် လေလံတင်ရောင်းချပစ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထိုကြောင့် စာရင်းအင်းအရ ပြောရပါကင် ဖုန်းပုကြွယ်သည် လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ပဟေဠိကတ်တစ်ခုကိုသာ ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးအနေဖြင့် စကေးများအကြောင်းကို ပြောဆိုကြပါစို့။ သင်တို့ မြင်တွေ့ရသည့်အတိုင်း ဖုန်းပုကြွယ်၏ ပထမဦးဆုံး အမြဲတမ်းအသုံးပြုနိုင်သည့် တက်ကြွစွမ်းရည်သည် အကြိမ်ပေါင်းမြောက်များစွာ အသုံးပြုခဲ့ပြီးနောက် ဆင့်ကဲပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်...။