← Chapters

အခန်း (၈၈၉-၈၉၀)

Vol. 62 Ch. 889-890

အခန်း (၈၈၉-၈၉၀)

Vol. 62 Ch. 889-890

အခန်း (၈၈၉) အရူးသင်္ဘော

ဆေးပုလင်းလေးသည် အလွန်သေးငယ်ပြီး ထုတ်လုပ်သည့်ရက်စွဲ သို့မဟုတ် ကုန်အမှတ်တံဆိပ် မပါရှိချေ။ ဂရုတစိုက် ကြည့်ကြည့်ပါက မမြင်နိုင်လုနီးပါးဖြစ်သော စာလုံးသေးသေးလေးနှစ်လုံးသာ ပါရှိသည်။

"အိပ်မက်နိုးထခြင်း"

တစ်လောကလုံး၏ အမှန်တရားသည် ဤဆေးပုလင်းထဲတွင် ဝှက်ထားခံရခြင်း ဖြစ်နိုင်၏။ ပန်ပန်သည် အဖြူရောင်ဆေးလုံးများကို စိုက်ကြည့်နေပြီး ဆေးပုလင်းအဖုံးကို ဖြည်းညင်းစွာ လှည့်ဖွင့်လိုက်သည်။

သူ့မှတ်ဉာဏ်ထဲတွင်မူ သူသည် ရှင်းလု၌ ချို့ယွင်းချက်ရှိသူ အပယ်ခံတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ရပြီး မစ္စတာရှစ်ရှစ်နှင့် တွေ့ဆုံချိန်မှစ၍ အိမ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သလို ခံစားခဲ့ရသည်။

သူ ဆေးလုံးများကို သူ့လက်ဖဝါးပေါ်သို့ လောင်းချလိုက်သည်။ ပန်ပန်သည် အလွန်သတ္တိရှိသူ မဟုတ်သလို၊ ဆုံးဖြတ်ချက်ပြတ်သားသူ သို့မဟုတ် ဉာဏ်ကောင်းသူတစ်ယောက်လည်း မဟုတ်ပေ။ သူသည် မွေးစားအဖေ၏ သားသမီးအားလုံးထဲတွင် သာမန်အဖြစ်ဆုံးဖြစ်သည်ဟုသာ အမြဲခံစားခဲ့ရသည်။

အချိန်အတော်ကြာ တွေဝေနေပြီးနောက် ပန်ပန်သည် ရေဖန်ခွက်တစ်ခွက်ကို ကောက်ကိုင်၍ ဆေးလုံးများကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်လေသည်။

ရေမသောက်ရသေးမီ ဖန်ခွက်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီ ဖြစ်သည်။ ဖန်ခွက်နှင့်အတူ ကမ္ဘာကြီးလည်း အပိုင်းပိုင်းအစစ ကြေမွသွားခဲ့သည်။ ပန်ပန်၏ မှတ်ဉာဏ်များသည်လည်း ပြန့်ကျဲကုန်တော့၏။ သူသည် ထူးဆန်းသောအရာမျိုးစုံကို စတင်မြင်တွေ့လာရသည်။ သူ့ခန္ဓာကိုယ်မှာ နောက်ထပ်တစ်ဝက် ထွက်ပေါ်လာပုံရသော်လည်း ထိုတစ်ဝက်သည် အခြားကမ္ဘာတစ်ခုတွင် ရှင်သန်နေပုံ ရလေသည်။(TL Note- ပန်ပန်ဆိုတာ တစ်ဝက်တစ်ဝက် လို့အဓိပ္ပါယ်ရပါတယ်။ ရှစ်ရှစ်ဆိုတာ အသားစားကြူးသူပါ)

၎င်းသည် လုံးဝပုံမှန်မဟုတ်သော ရှင်းလုမြို့ဖြစ်ပြီး လူတိုင်းကို ဆင်ခြင်တုံတရားဖြင့် အုပ်ချုပ်ထားခြင်းဖြစ်သည်။ ထောင်ချီသော ဥပဒေစည်းမျဉ်းများ၊ အလွန်အဆင့်မြင့်သော နည်းပညာများ ရှိကြပြီး မြို့တစ်ခုလုံးမှာ လူလုပ်အသိဉာဏ်တုဖြင့် လည်ပတ်နေခြင်းဖြစ်သည်။ ထိုနေရာတွင် နေထိုင်သူများသည် ပျော်ရွှင်ချမ်းမြေ့ကြသော်လည်း ဖိအားနှင့် စိုးရိမ်ပူပန်မှုဒဏ်ကိုလည်း ခံစားနေကြရသည်။ သူတို့သည် မိမိတို့၏ စံပြအိပ်မက်များကို စိတ်ကူးယဉ်ဂိမ်းများအဖြစ် ပြောင်းလဲလိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်များကိုမူ လက်တွေ့ဘဝ၏ ရွှံ့နွံထဲတွင် ပိတ်မိနေစေခဲ့သည်။

"ရှင်းလု... ရှင်းလု..."

ပန်ပန်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး လက်နှစ်ဖက်ဖြင့် ထောက်ထားလိုက်မိသည်။ သူဝေဝေဝါးဝါးဖြစ်နေစဉ်အတွင်း သူ့ခန္ဓာကိုယ် နောက်ထပ်တစ်ဝက်က ကြီးထွားလာပုံရသည်။ သူသည် အဓိပ္ပာယ်မဲ့ခြင်းနှင့် လက်တွေ့ဘဝကြားရှိ ကမ္ဘာနှစ်ခု၏ ဆုံမှတ်ဖြစ်လာတော့သည်။

"ဘယ်ဘက်က ရူးသွပ်နေတာလဲ၊ ဒါပေမဲ့ ဘာလို့ နှစ်ဖက်လုံးက ငါ့ကို မကောင်းဆိုးဝါးတစ်ကောင်လို့ ထင်နေကြတာလဲ"

အသွေးအသားများက ဆက်တိုက်ကြီးထွားလာနေခဲ့သည်။ ပန်ပန်သည် အလွန်အကောင်းမြင်တတ်သူ ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ့ကိုယ်သူ အပြုသဘောဆောင်သော အကြံပြုချက်တစ်စုံတစ်ခုမှ မပေးနိုင်တော့ပေ။

"ပန်ပန်၊ ပန်ပန်"

အစေခံက အိမ်ထဲသို့ အပြေးအလွှားဝင်ရောက်လာပြီး မွေးစားအဖေ၏ ထမင်းစားခေါင်းလောင်းကို တိုက်မိသွား၏။ ရင်းနှီးနေသော အသံက ပန်ပန်ကို ဆင်ခြင်တုံတရား အနည်းငယ် ပြန်ဝင်လာစေသည်။

သူ့မျက်လုံးများသည် ရှင်းလုမြို့တော်နှစ်ခုကို တစ်ပြိုင်တည်း မြင်တွေ့နေရပေသည်။ ဖရိုဖရဲဖြစ်နေသော မှတ်ဉာဏ်များ လျှပ်တပြက် ပေါ်လာပြီး သူမွေးဖွားချိန်ကတည်းက ရေးသားထားခဲ့သော စာသားအချို့ကို ဝေဝါးစွာ ဖုံးထားသည်။

"ဒီမြို့ထဲမှာ ငါတစ်ယောက်ပဲ တစ်ယောက်တည်းသော သက်ရှိလူသား ဖြစ်ပုံရတယ်"

မှတ်ဉာဏ်များထဲမှ ပေါ်ထွက်လာသော အချက်အလက်များက ပန်ပန်ကို အေးစိမ့်သွားစေခဲ့သည်။ သူသည် အစေခံ၏ လက်ကို ခါထုတ်လိုက်သည်။ သူ့နှင့်ရင်းနှီးသော အိမ်နီးနားချင်းများနှင့် သူငယ်ချင်းများမှာ မည်သည့်အရာများအဖြစ် ပြောင်းလဲကုန်ကြပြီလဲကို သူ မသိတော့ပေ။ ကမ္ဘာနှစ်ခု ထပ်တူကျနေသော နေရာတွင် လူးလွန့်နေသော အသားစိုင်များနှင့် ဖော်မပြနိုင်သော မကောင်းဆိုးဝါးများ လိမ်ယှက်နေကြလေသည်။

"ပန်ပန်၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီးရင် ကိုယ်အင်္ဂါချို့ယွင်းသူတွေရဲ့ အခြေအနေက အရမ်းဆိုးသွားလိမ့်မယ်၊ မစ္စတာရှစ်ရှစ်လည်း မရှိတော့ဘူး၊ မင်း တစ်ခုခုဖြစ်သွားလို့ မဖြစ်ဘူးနော်"

"သူတို့အားလုံးက လူလိမ်တွေပဲ"

"မင်း ဘာတွေပြောနေတာလဲ၊ ကိုယ်အင်္ဂါချို့ယွင်းသူတွေမှာ ခေါင်းဆောင်သစ် လိုတယ်ကွ၊ အားလုံး ကိုယ့်ရဲ့ မဲတွေကို အသုံးချပြီး အကျိုးအမြတ်ကြီးအတွက် တိုက်ပွဲဝင်ရမယ်"

"ဒါတွေအားလုံးက အတုအယောင်တွေပဲ"

ပန်ပန် လက်များကို ကြုံရာကျပန်း ဝေ့ယမ်းလိုက်သည်။ သူသည် ရေခဲသေတ္တာကို တွန်းလှဲပစ်လိုက်ပြီး ထမင်းစားခေါင်းလောင်းကို ဆွဲယူကာ ထမင်းစားခန်းထဲသို့ ယိုင်တိယိုင်ထိုး ဝင်သွားခဲ့သည်။

ဖျတ်ခနဲ ပေါ်လာသော မှတ်ဉာဏ်များကြောင့် ပန်ပန်သည် မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ယောက်ကို သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။ မစ္စတာရှစ်ရှစ်၏ ညွှန်ကြားချက်များကို သူမမေ့သေးပေ။ သူ၏ တည်ရှိမှုကား ဤအခိုက်အတန့်အတွက် ဖြစ်တော့သည်။

တစ်ဦးတည်းသော သက်ရှိလူသားတစ်ယောက်အနေဖြင့် မကောင်းဆိုးဝါးတစ်ကောင်ကို သွားရောက်တွေ့ဆုံရန်နှင့် ထိုမကောင်းဆိုးဝါးအတွက် အချိန်ပိုရစေရန် ကူညီပေးဖို့ ဖြစ်သည်။

"လမ်းဖယ်ကြစမ်း"

ပန်ပန်သည် မသိစိတ်ဖြင့် မစ္စတာရှစ်ရှစ်၏ ကုတ်အင်္ကျီရှည်ကြီးကို ဆွဲယူ၍ ပုခုံးပေါ်လွှမ်းခြုံလိုက်ပြီး ထူးဆန်းထွေလာစားသောက်ဆိုင်မှ ထွက်ခွာကာ မစ္စတာရှစ်ရှစ်၏ ကားပေါ်သို့ တက်လိုက်လေသည်။

ဒရိုင်ဘာသည် လွန်ခဲ့သော သုံးနှစ်အတွင်း မစ္စတာရှစ်ရှစ်၏ကိုယ်စား အစည်းအဝေးများစွာ တက်ရောက်ခဲ့ဖူးသဖြင့် ကျင့်သားရနေပြီ ဖြစ်သည်။ သူသည် အလုပ်များကို အရေးကြီးပုံအလိုက် စီစဉ်ပြီး ပန်ပန်ထံသို့ တိုက်ရိုက်လွှဲပြောင်းပေးလိုက်သည်။

"ဒီနေ့ ငါ ဒါတွေကို မကြည့်တော့ဘူး၊ ရှင်းလုရဲ့ အကြီးဆုံး လူနေထိုင်ရာစီမံခန့်ခွဲမှုနယ်မြေကို သွားရအောင်"

ပန်ပန်သည် စာရွက်စာတမ်းများကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူ့ဦးခေါင်းကို ကားမှန်တွင် မှီထားလိုက်သည်။ မှန်၏ အတွင်းဘက်ကမ္ဘာနှင့် အပြင်ဘက်ကမ္ဘာများမှာ ပေါင်းစပ်နေခဲ့သည်။ မိုးမျှော်တိုက်များနှင့် ပုံပျက်နေသော အဆောက်အအုံများ ထပ်တူကျနေသည်ကို သူမြင်တွေ့နေရသည်။ လမ်းပေါ်ရှိ လူအုပ်ကြီးမှာ မနားမနေ သွားလာနေကြသော ဆာဒင်းငါးများအဖြစ် အစားထိုးခံထားရပြီး သူ့ပတ်ဝန်းကျင်တွင်လည်း ယာဉ်များ ပိုမိုများပြားလာနေသည်။ အချို့ယာဉ်များတွင် လူများ ပါရှိသော်လည်း အချို့တွင်မူ သရဲတစ္ဆေများ ခိုကပ်နေကြပေသည်။

"မြန်မြန်မောင်း"

ကားစတင် ထွက်ခွာလိုက်သည်။ မစ္စတာရှစ်ရှစ်၏ ကားဒရိုင်ဘာသည် အလွန်ကျွမ်းကျင်သူဖြစ်သဖြင့် မိနစ်ငါးဆယ်ခရီးကို နာရီဝက်ဖြင့် ရောက်ရှိသွား၏။

"ပန်ပန်၊ ကားက ရှေ့ဆက်သွားလို့ မရတော့ဘူး"

ဘန်း။

ကားတံခါးက ကျယ်လောင်စွာ ဆောင့်ပိတ်သွားခဲ့ပြီး ပန်ပန်သည် မြို့ဟောင်းထဲသို့ တစ်ကိုယ်တည်း လျှောက်ဝင်သွားလိုက်သည်။ အဓိကအဖွဲ့အစည်းသုံးခုက သတ်မှတ်ထားသော စည်းမျဉ်းများကို မြို့သားများ ပိုမိုလက်ခံလာကြသည်နှင့်အမျှ ရှင်းလုမြို့တော်ကို ပြန်လည်ဖွံ့ဖြိုးအောင် လုပ်ဆောင်ခဲ့ကြသည်။ ပျက်စီးနေသော မြို့ဟောင်းသည် ရှင်းလုမြို့တော်၏ အကြီးဆုံး လူနေထိုင်ရာစီမံခန့်ခွဲမှုနယ်မြေ ဖြစ်လာခဲ့ပြီး ထိုနေရာတွင် စည်းမျဉ်းအသစ်များကို လက်မခံနိုင်သူ သို့မဟုတ် အသားမကျသူများ နေထိုင်ကြပေသည်။

သူတို့သည် နေ့စဉ် အခမဲ့အစားအစာနှင့် ရေကို ရရှိကြသည်။ အစားအသောက်တွင် အသက်ရှင်သန်ရန် လိုအပ်သော အာဟာရဓာတ်များ ပြည့်စုံသော်လည်း ဈေးအပေါဆုံးနှင့် အရိုးရှင်းဆုံး အရာများသာ ဖြစ်သည်။ အကယ်၍ သူတို့ဖျားနာခဲ့ပါက ကုသပေးမည့် အထူးကုဆရာဝန်များလည်း ရှိသည်။ သို့သော် ရေရှည်ခံစားရမှုကို လျှော့ချရန်အတွက် ဆေးခန်းများတွင် နာကျင်မှုဖယ်ရှားသည့် ခွဲစိတ်မှုများကိုလည်း လုပ်ဆောင်ပေးသည်။ အကယ်၍ သူတို့ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းများ ခံစားရပါက ရှင်းလုတွင် စိတ်ခံစားမှုကန့်သတ်ခြင်း ဝန်ဆောင်မှုများကိုလည်း ပေးအပ်ထားသည်။

လူနေထိုင်ရာစီမံခန့်ခွဲမှုနယ်မြေသည် အဓိကအဖွဲ့အစည်းသုံးခု၏ အကောင်းဆုံး ဖန်တီးမှုတစ်ခုပင် ဖြစ်တော့သည်။ ထိုနေရာတွင် စိုးရိမ်စရာ မရှိ၊ နာကျင်မှု မရှိချေ။ ထို့အတူပင် စံပြရည်မှန်းချက်နှင့် ပျော်ရွှင်မှုဆိုသည်မှာလည်း လုံးဝမရှိပါပေ။

သူ့စိတ်ထဲတွင် ဝိုးတဝါးပေါ်ပေါက်လာသော လမ်းညွှန်ချက်နောက်လိုက်ရင်း ပန်ပန် မော့ကြည့်လိုက်မိသည်။ မရေမတွက်နိုင်သော စွန့်ပစ်အဆောက်အအုံများစွာမှာ စုပြုံနေလျက်ရှိသည်။ ၎င်းတို့သည် လူ့ယဉ်ကျေးမှုမြစ်ကြောင်းမှ နှင်ထုတ်ခံထားရသော ပုပ်သိုးနေသည့် သင်္ဘောကြီးတစ်စင်းကဲ့သို့ ဘာမှမရှိသော ဟင်းလင်းပြင်ထဲတွင် မျောပါနေခဲ့သည်။

ကွေ့ကောက်နေသော လမ်းငယ်များအတိုင်း အတွင်းဘက်သို့ လျှောက်လှမ်းလာရင်း လှေကားထစ်များကို တစ်ထစ်ပြီးတစ်ထစ် ကျော်ဖြတ်ကာ အဆောက်အအုံ အမျိုးမျိုးထဲသို့ ဝင်ရောက်လာသည်။ ပန်ပန်၏ ပုံရိပ်သည် အလင်းနှင့်အမှောင်ကြားတွင် ကူးလူးနေပြီး ကမ္ဘာနှစ်ခု၏ အလယ်ဗဟိုတွင် ရှိနေသော တံခါးတစ်ချပ်ကို ရှာဖွေနေသကဲ့သို့ ဖြစ်သည်။

ပန်ပန်နောက်သို့ တိတ်တဆိတ် လိုက်ပါလာသူများသည် လျင်မြန်စွာပင် မျက်ခြေပြတ်သွားခဲ့ကြပြီး သူတို့၏ ဆိုးယုတ်သောအကြည့်များမှာလည်း ဗလာနတ္တိဖြစ်သွားခဲ့ကြသည်။ အဓိကအဖွဲ့အစည်းသုံးခုသည် မြို့ဟောင်းကို ရှင်းလင်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း မျှော်လင့်မထားသော မတော်တဆမှုမျိုးစုံကြောင့် အမြဲလိုလို နှောင့်နှေးခဲ့ရသည်။ သူတို့၏ နောက်ဆုံး အတင်းအကြပ် တွန်းအားပေးမှုသည်လည်း နောက်ထပ်ကပ်ဆိုးတစ်ခုကိုသာ ဖြစ်ပေါ်စေခဲ့လေသည်။

မိုးမျှော်တိုက်များပေါ်သို့ တက်လိုက် ချောက်နက်ကြီးထဲသို့ ဆင်းလိုက်နှင့် ပန်ပန်တွင် မြေပုံမရှိပေ။ သူ လျှောက်လှမ်းနေသော လမ်းကြောင်းကို အခြားသူများ လိုက်ပါရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သူ့ကိုယ်ပိုင်မှတ်ဉာဏ်များနှင့် နှိုင်းယှဉ်ကာ လျှောက်လှမ်းနေခြင်းကြောင့်ပင်။ သူ့ရှေ့တွင်ရှိသော လမ်းသည် မတူညီသော ရှင်းလုမြို့နှစ်မြို့ကို ဆက်စပ်ထားသော လမ်းကြောင်းတစ်ခုသာ ဖြစ်သည်။

ပျက်စီးနေသော အိမ်များကို တစ်ခုပြီးတစ်ခုဝင်ရင်း ပြတင်းပေါက် သို့မဟုတ် တံခါးများမှ ပြန်ထွက်ရင်းနှင့် ပန်ပန်၏ မျက်လုံးထဲတွင် ရှင်းလုမြို့နှစ်မြို့သည် ထပ်တူကျနေဆဲ ဖြစ်သည်။ သူ၏ အသိစိတ်သည်လည်း သင်္ဘောကြီးတစ်စင်းပေါ်တွင် ရပ်နေသကဲ့သို့ ယိမ်းထိုးလျက်ရှိနေလေသည်။

တဖြည်းဖြည်းချင်းဖြင့် သူမြင်တွေ့နေရသော ရှင်းလုမြို့နှစ်မြို့သည် အလွန်ရှင်းလင်းလာပြီး အမှန်တရားကလည်း အပြည့်အဝ ပေါ်ထွက်လာတော့သည်။

ပန်ပန်သည် ကော်ရစ်ဒါလမ်းကျဉ်းလေးပေါ်တွင် လဲလျောင်းနေသော လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ သူသည် အမှောင်ထဲတွင် လဲလျောင်းနေခြင်းဖြစ်ပြီး အရေပြားများ မရှိတော့ပေ။ သွေးများလည်း ကုန်ခန်းလုနီးပါးဖြစ်ကာ ကိုယ်အင်္ဂါအစိတ်အပိုင်းများမှာလည်း ကြေမွနေလေသည်။ သူ့ခန္ဓာကိုယ်သည် သေးငယ်သော အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး လေတစ်ချက်ဝေ့လိုက်ရုံဖြင့် ပြိုလဲသွားတော့မည့်ပုံ ပေါက်နေခဲ့သည်။ သူ၏ နှလုံးသားတစ်ခုသာ အားနည်းစွာ ခုန်ပေါက်နေဆဲ ဖြစ်သည်။

ပန်ပန်သည် မသိစိတ်၏ တွန်းအားကြောင့် ခြေလှမ်းတစ်လှမ်း ရှေ့တိုးလိုက်မိသည်။ လူတစ်ယောက်သည် ဤအခြေအနေမျိုးဖြင့် အသက်ရှင်နိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ဖူးပေ။ လူတစ်ယောက်က အဘယ်ကြောင့် ဤမျှအထိ ဆင်းရဲဒုက္ခ ခံစားနေရသနည်း။

သေဆုံးခြင်းသည်သာ တစ်ခုတည်းသော သက်သာရာရမှုနှင့် အကောင်းဆုံးအဖြေ ဖြစ်နိုင်ပေသည်။

ကော်ရစ်ဒါလမ်းကျဉ်းလေးအတိုင်း လျှောက်လာရင်းပင် သူ့နောက်ကျောဘက်မှ နေရောင်ခြည်အလင်းတန်းများ ဟိုတစ်ကွက် ဒီတစ်ကွက် ကျရောက်နေလေသည်။ သူသည် ထိုမကောင်းဆိုးဝါးရှေ့တွင် ရပ်တန့်လိုက်သည်။

မှန်ပေသည်။ ၎င်းသည် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ ဤကဲ့သို့ အသွင်ပြောင်းခံထားရပြီးနောက် ဘယ်သူမှ ခေါင်းမာစွာ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

"ခင်ဗျားနဲ့ မစ္စတာရှစ်ရှစ်နဲ့ ဘယ်လို ပတ်သက်တာလဲ"

ပန်ပန်က သူ့သံသယကို မေးခွန်းထုတ်လိုက်သည်။ သူသည် သူ့မွေးစားအဖေ ကူညီခိုင်းခဲ့သောသူမှာ ထိုမကောင်းဆိုးဝါးပင် ဖြစ်ကြောင်း နားလည်လိုက်သည်။

အပိုင်း (၈၉၀) ပုတ်သိုးနေသော ငါ

သူ့ရှေ့မှ မကောင်းဆိုးဝါးသည် ဒဏ်ရာအလွန်ပြင်းထန်လှသဖြင့် မည်သည့်တုံ့ပြန်မှုမျှ မပြုနိုင်ပေ။ ပန်ပန်သည် ကြောက်ရွံ့စိတ်ကို ထိန်းချုပ်ကာ အနားသို့ ချဉ်းကပ်သွားပြီး ထိုမကောင်းဆိုးဝါးအား တိုက်ကျွေးရန် ဆေးတချို့ ရှာဖွေလိုက်သည်။

သူ ရှေ့သို့ ကိုင်းညွတ်လိုက်ရာ မကောင်းဆိုးဝါးနောက်ကျောရှိ အခန်းကို မတော်တဆ လှမ်းမြင်လိုက်ရသည်။ မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်အောက်ပိုင်းသည် မှောင်မိုက်ကျဉ်းမြောင်းသော အခန်းထဲ၌ ပုန်းကွယ်နေပြီး အလောင်းသုံးလောင်းနှင့် ရစ်ပတ်နှောင်ဖွဲ့နေခြင်းဖြစ်သည်။

သူသည် ကြောက်စရာကောင်းသော ကောလာဟလအချို့ကို ရုတ်တရက် သတိရသွားမိသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လူနေရပ်ကွက်၌ ကွင်းဆက်လူသတ်သမားတစ်ဦးအကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ မျက်မြင်သက်သေတိုင်းက သူတို့မြင်တွေ့ခဲ့ရသော ခြောက်ခြားဖွယ်မြင်ကွင်းများကို မီဒီယာများသို့ ယုံကြည်ချက်ရှိရှိ ပြောကြားခဲ့ကြသည်။ သူတို့ဆိုကြသည်မှာ အဆောက်အအုံဟောင်းထဲတွင် လူဟု ခေါ်ရန်ပင် မထိုက်တန်သော မကောင်းဆိုးဝါးတစ်ကောင် ခိုအောင်းနေကြောင်း။ ၎င်းသည် သူ့ဇနီးကို စားသောက်ပစ်ခဲ့ပြီး မိသားစုဝင်များကိုလည်း လည်ပင်းညှစ်သတ်ကာ ဘာမှမဖြစ်သကဲ့သို့ အလောင်းများနှင့်အတူ နေ့စဉ် နေထိုင်ကြောင်း ပြောဆိုခဲ့ကြသည်။

"ဒဏ္ဍာရီထဲက သရဲပုံပြင်က သူ့အကြောင်းပဲကိုး၊ အဓိကအဖွဲ့အစည်းသုံးခုက မြို့ဟောင်းကို ခဏခဏ လာရှင်းနေတာလည်း သူ့ကြောင့်ပဲ ဖြစ်ရမယ်"

ပန်ပန်သည် လက်ထဲရှိ ဆေးပုလင်းကို ကိုင်ရင်း ခဏမျှ တုံ့ဆိုင်းသွားမိသည်။ သူသည် ကွင်းဆက်လူသတ်သမားတစ်ဦးကို မကယ်တင်လိုသော်လည်း ကိစ္စများမှာ ထင်သလောက် မရိုးရှင်းနိုင်ဟုလည်း ခံစားနေရသည်။

အဓိကအဖွဲ့အစည်းသုံးခု၏ လုပ်ထုံးလုပ်နည်းများကို သူ ကောင်းကောင်းသိပေသည်။ သူတို့သည် တစ်စုံတစ်ခုကို မလုပ်ဆောင်မီ လူထု၏ သဘောထားကို ကြိုးကိုင်ခြယ်လှယ်လေ့ရှိပြီး မိမိကိုယ်ကို တရားမျှတသူများအဖြစ် ပုံဖော်လေ့ရှိသည်။ သူကိုယ်တိုင်ပင် ထိုကဲ့သို့သော အရာများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးပေသည်။

"မြို့ဟောင်းထဲက သရဲပုံပြင်တွေဆိုတာ လူနေထိုင်ရာစီမံခန့်ခွဲမှုနယ်မြေကို ရှာဖွေဖို့အတွက် အကြောင်းပြချက်ရအောင် အဖွဲ့အစည်းသုံးခုက လုပ်ကြံဖန်တီးထားတာလည်း ဖြစ်နိုင်တာပဲ"

အဖွဲ့အစည်းသုံးခုနှင့် ယှဉ်လျှင် ပန်ပန်သည် သူ့မွေးစားအဖေကိုသာ ပိုယုံကြည်ရန် ဆန္ဒရှိသည်။

သူသည် ဆေးများကို မကောင်းဆိုးဝါး၏ ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်ပေးလိုက်လေသည်။ အဆင့်မြင့် ကုသဆေးများမှာ မကောင်းဆိုးဝါး၏ ဒဏ်ရာများကို မသက်သာစေနိုင်ပေ။ အကယ်၍ ထိုမကောင်းဆိုးဝါး၏ နှလုံးခုန်သံကိုသာ မခံစားရပါက ပန်ပန်အနေဖြင့် ဤမကောင်းဆိုးဝါး သေဆုံးနေသည်မှာကြာပြီဟု ထင်မိပေလိမ့်မည်။

"အလုပ်မဖြစ်ဘူးလား"

ဈေးကြီးလှသော ဆေးဝါးများသည် မကောင်းဆိုးဝါးအပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိပေ။ ထိုအစား ဆေးများကို မျိုချလိုက်ခြင်းက မကောင်းဆိုးဝါး၏ မျက်နှာကို ပိုမိုတွန့်လိမ် ပုံပျက်သွားစေသည်။

မွေးစားအဖေ၏ ညွှန်ကြားချက်များကို ပြန်လည်အမှတ်ရရင်း ပန်ပန်သည် အလွန်အဓိပ္ပာယ်မရှိသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေသည်။ သူ့တည်ရှိမှု၏ အဓိပ္ပာယ်တစ်ခုလုံးမှာ ဤအခိုက်အတန့်အတွက် ဖြစ်နေသည့်အလားပင်။

"ဒီဆေးက ခင်ဗျားအတွက် ပြင်ဆင်ထားတာလား"

သူသည် "အိပ်မက်နိုးထခြင်း" ဟု ရေးထားသော ဆေးပုလင်းကို ထုတ်ယူလိုက်ပြီး အတွင်းရှိ အဖြူရောင်ဆေးလုံးများကို မကောင်းဆိုးဝါး၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဒဏ်ရာအသေးစားလေးများ ပြည့်နှက်နေသော မျက်ခွံများ တဖျတ်ဖျတ်ဖြစ်လာပြီး ကျိုးပဲ့ကြေမွနေသော ခန္ဓာကိုယ်နှင့် လုံးဝမလိုက်ဖက်သည့် မျက်လုံးတစ်စုံက ဖြည်းညင်းစွာ ပွင့်ဟလာလေသည်။

ပန်ပန်သည် ထိုအကြည့်မျိုးကို အရင်က တစ်ခါမှ မမြင်ဖူးပေ။ အကြည့်သည် ပင်လယ်နက်ကြီးကဲ့သို့ နက်ရှိုင်းလှပြီး အတွင်း၌ ဒီလှိုင်းထန်နေကာ မုန်တိုင်းတစ်ခု စတင်တော့မည့်ပုံစံမျိုး ဖြစ်သည်။

မမြင်နိုင်သော ကံကြမ္မာကြိုးမျှင်များ ဆွဲငင်ခံနေရပြီး ပန်ပန်သည် ထိုအကြည့်များထဲမှ အချက်အလက်များစွာကို ဖတ်ရှုနေမိသကဲ့သို့ ခံစားရသည်။ သူ့စိတ်ထဲရှိ ရှုပ်ထွေးနေသော မှတ်ဉာဏ်များက စတင်တည်ငြိမ်လာခဲ့သည်။ နောက်ဆုံးတွင် ကမ္ဘာသစ်နှစ်ခု၏ ပုံရိပ်များမှာ ထိုမကောင်းဆိုးဝါးထံ ဆုံစည်းသွားကြတော့သည်။

မကောင်းဆိုးဝါးသည် ၎င်း၏ ကွဲအက်နေသော နှုတ်ခမ်းများကို ဖွင့်ဟလိုက်ပြီး တစ်စုံတစ်ခုပြောပြရန် ကြိုးစားသော်လည်း အသံထွက်မလာပေ။ ပန်ပန်က နောက်ထပ် ဆေးလုံးတစ်လုံးကို ထပ်တိုက်ရန် လုပ်သော်လည်း မကောင်းဆိုးဝါးက ခေါင်းအနည်းငယ် ခါပြလိုက်သည်။ သူသည် ဤအိပ်မက်ထဲမှ နိုးထရန် အလိုမရှိသေးသည့်ပုံပင်။

"ခင်ဗျားကို အချိန်ပိုရအောင် ကူညီပေးဖို့ မျှော်လင့်ချက်နဲ့ မွေးစားအဖေက ကျွန်တော့်ကို ဒီကိုလွှတ်လိုက်တာပဲ၊ လူတိုင်း သေကုန်ကြပြီ၊ ကျွန်တော်လည်း ဘာဆက်လုပ်ရမလဲ မသိတော့ဘူး"

"လွန်ခဲ့တဲ့ သုံးနှစ်က ပျောက်ကွယ်သွားခဲ့တဲ့ သက်တမ်းချေးယူသူတွေ ပြန်ပေါ်လာကြပြီ၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က အနာဂတ်ကနေ လာပါတယ်လို့ ပြောတဲ့လူတချို့ကို ရှာတွေ့ထားတယ်၊ လူနာအမှတ် (၀) ကိုတော့ အဓိကအဖွဲ့အစည်းသုံးခုက ကာကွယ်ထားပြီး သူ့ရဲ့ စိတ်ကမ္ဘာကလည်း တဖြည်းဖြည်း ပုံပေါ်လာပြီ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ 'သုည' သတိပြန်ရလာပြီဆိုတဲ့ သတင်းကို ရခဲ့တယ်၊ ကမ္ဘာသစ်တစ်ခု တည်ရှိနေတယ်ဆိုတာလည်း အတည်ပြုပြီးသား ဖြစ်ပုံပဲ"

"မွေးစားအဖေ ပြောတာက မင်း အဲဒီလူရှစ်ယောက်ကို တားဆီးထားရမယ်တဲ့၊ ဒါပေမဲ့ ဘယ်လိုပဲ တားဆီးဖို့ ကြိုးစားပါစေ သူတို့က အမြဲတမ်း ပြန်ပေါ်လာတတ်ကြတယ်၊ သူတို့ကို သတ်လို့မရသလို ဖျက်ဆီးလို့လည်း မရဘူး၊ သူတို့က အမြဲကပ်ပါနေတဲ့ သရဲတစ္ဆေတွေလိုပဲ၊ သူတို့က ရှင်းလုထဲမှာ ပုံစံအမျိုးမျိုးနဲ့ ပြန်ပေါ်လာကြဦးမှာ"

"ကျွန်တော်လည်း သူတို့ကို အချိန်ဆွဲဖို့ ကြိုးစားခဲ့ပါသေးတယ်၊ မစ္စတာရှစ်ရှစ် ထွက်သွားပြီးနောက်မှာ ကျွန်တော်နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် ကျွန်တော်နဲ့ သူတို့ကြားက ကွာဟချက်က အရမ်းကြီးလွန်းနေတယ်"

မစ္စတာရှစ်ရှစ်၏ မွေးစားသားဖြစ်သူ ပန်ပန်သည် ပုံပျက်နေသူများအပေါ် ကြီးမားသော အာဏာတစ်ခု ပိုင်ဆိုင်ထားသော်လည်း မသိထိုက်သူအဆင့် ဖြစ်တည်မှုရှစ်ခုနှင့် ရင်ဆိုင်ရချိန်တွင်မူ စွမ်းအားမဲ့ရသည်ဟု ခံစားနေရသည်။

"ကျွန်တော့်ရဲ့ ပထမဆုံးဆရာ ဒေါက်တာကောင်းက မီးလောင်ပြီး သေဆုံးသွားခဲ့တယ်၊ ဒုတိယဆရာ ရှရန်ကလည်း သုညရဲ့ စိတ်ကမ္ဘာထဲမှာ ပျက်စီးသွားခဲ့ပြီ၊ ကျွန်တော့်ရဲ့ မွေးစားအဖေကလည်း ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး စည်းမျဉ်းကို ထိန်းသိမ်းဖို့ ရူးသွပ်မတတ် ကြိုးစားခဲ့ပြီး သူမသေခင်မှာ ဒေါက်တာ ဝူကျိကိုလည်း တစ်ပါတည်း ခေါ်သွားခဲ့တယ်၊ ကျွန်တော်သိသမျှလူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားတာကို ကျွန်တော် ထိုင်ကြည့်နေခဲ့ရတာ"

"အခုတော့ အဲဒီအရာတွေက ကျွန်တော့်ကို ရှာတွေ့သွားပြီလို့ ကျွန်တော်ခံစားနေရတယ်၊ သူတို့က ဒီကမ္ဘာကြီးကို သိမ်းပိုက်နေကြပြီ၊ တကယ်လို့ ကျွန်တော်သာ ခင်ဗျားဆီ အမြန်မလာဘဲ ဆေးမတိုက်ခဲ့ရင် နောက်ထပ်အခွင့်အရေးမရှိတော့မှာကို ကျွန်တော်ကြောက်နေမိတာ"

မကောင်းဆိုးဝါး၏ ကွဲအက်နေသော လက်တစ်ဖက်က အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကို ဖတ်ရှုနေသကဲ့သို့ ပန်ပန်ကို ထိတွေ့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည်လည်း မကောင်းဆိုးဝါး၏ နှလုံးသားကို မြင်တွေ့လိုက်ရလေသည်။

ထူးဆန်းပြီး မှောင်မိုက်လှသည့် ဟင်းလင်းပြင်ထဲတွင် သွေးနီရောင်မီးတောက်တစ်ခု လောင်ကျွမ်းနေခြင်းဖြစ်သည်။

"ဒီမြို့ကြီးက ခင်ဗျားနဲ့အတူ ပြိုလဲနေပြီ၊ အခုက နိုးထရမယ့်အချိန်ပဲ"

ပုလင်းထဲမှ ဆေးလုံးများကို သူ့လက်ဖဝါးပေါ်သို့ လောင်းချလိုက်သည်။ ပန်ပန်သည် မစ္စတာရှစ်ရှစ်၏ အရန်အစီအစဉ် ဖြစ်သည်။ သူသည် ဤမြို့ကြီး၏ တစ်ဦးတည်းသော သက်ရှိလူသားဖြစ်ပြီး နောက်ဆုံး ကျောက်ဆူးတစ်ခုလည်း ဖြစ်ပေသည်။

မကောင်းဆိုးဝါးက ဆေးလုံးများကို တစ်လုံးချင်း မျိုချလိုက်သည်။ သူ့ဒဏ်ရာများမှာ အနည်းငယ်မျှ မသက်သာလာသော်လည်း သူ၏ဆင်ခြင်တုံတရားများ ပြန်လည်ရရှိလာသကဲ့သို့ သူ့မျက်လုံးများက ပိုမိုတောက်ပလာလေသည်။

သို့သော် ပန်ပန်အတွက်မူ ယင်းသည် လုံးဝကွဲပြားသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ဆေးတစ်လုံး မျိုချလိုက်တိုင်း ထိုမကောင်းဆိုးဝါးသည် ပိုမိုကြောက်မက်ဖွယ်ကောင်းလာကာ မဖော်ပြနိုင်သော အရာတစ်ခုအဖြစ် ပြောင်းလဲလာနေသည်ကို သူ မြင်တွေ့နေရသည်။

ပထမဆုံးအနေဖြင့် ၎င်း၏ ဝမ်းဗိုက်သည် ပါးစပ်ကြီးတစ်ခုကဲ့သို့ ဒေါက်တာကောင်း၏ မိသားစုတစ်ခုလုံးကို ဝါးမြိုပစ်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်းသည် စွန့်ပစ်ထားသော အခန်းများကို ဖုံးလွှမ်းသွားပြီး အရေပြားမရှိသော ၎င်းလက်မောင်းများက ရွက်တိုင်ကြီးများသဖွယ် တဖြည်းဖြည်း ပွင့်ထွက်လာကာ ၎င်းအရိုးများက ဧရာမသင်္ဘောကြီးတစ်စင်း၏ အခြေခံအဖြစ် ပြောင်းလဲသွားတော့သည်။၎င်း၏ရင်ဘတ်က မြို့ဟောင်းရှိ အဆောက်အအုံများကို ပွေ့ဖက်လိုက်ပြီး အိမ်ခြေရာမဲ့များမှာလည်း သူ့အသိစိတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာကြတော့သည်။

၎င်းမျက်နှာပေါ်ရှိ ကျန်ရှိနေသော သွေးမြို့တော်တက်တူးမှာ ကမ္ဘာမြေပြင်ပေါ် ရေးထွင်းခံလိုက်ရသည်။ ၎င်းသည် တစ်ချိန်က အစွမ်းထက်ဆုံး စည်းမျဉ်းများကို ပိုင်ဆိုင်ခဲ့ဖူးသော်လည်း ယခုအခါ ၎င်း၏ဦးခေါင်းမှာ ထောင့်တစ်နေရာရှိ ဖုန်မှုန့်တစ်စကဲ့သို့ပင် အရေးမပါတော့ပေ။

နောက်ဆုံးဆေးလုံးကို မျိုချလိုက်ချိန်တွင် ပန်ပန်သည် နားကွဲမတတ် ဟိန်းဟောက်သံကြီးကို ကြားလိုက်ရလေသည်။ ၎င်းမှာ တော်လဲသံ သို့မဟုတ် ကောင်းကင်အက်ကွဲသံ မဟုတ်ဘဲ လူတိုင်း၏ နှလုံးသားအနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာသော အသံဖြစ်တော့သည်။

ပန်ပန်သည် သူ့ခန္ဓာကိုယ်က ယိမ်းထိုးနေကြောင်း ခံစားလိုက်ရသည်။ သူသည် ထိုဦးခေါင်းကို အသည်းအသန်ပွေ့ဖက်ထားရင်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။

ရင်းနှီးနေသော မြို့တော်သည် ထူးဆန်းပြီး ပုံမှန်မဟုတ်သော အရာများဖြင့် လုံးဝဖွဲ့စည်းထားကာ လူသားတို့၏ ကံဆိုးမှုများစုဝေးရာ ဖြစ်နေပြီး စိတ်ဖောက်ပြန်နေသော ပင်လယ်ကြီးတစ်စင်းသဖွယ် ဖြစ်နေလေသည်။ ဤနေရာတွင် စိတ်ကြည်လင်မှု သို့မဟုတ် ဆင်ခြင်တုံတရား မရှိပေ။ လက်တွေ့အရှိတရားနှင့် အကွာအဝေးသည် ကောင်းကင်ဘုံနှင့် အကွာအဝေးထက်ပင် ပို၍ ဝေးကွာနေသေး၏။

ထိုစိတ်ဖောက်ပြန်မှုအရှိန်အဝါများအောက်တွင် ခန့်မှန်းရခက်သော ခြောက်ခြားမှုရှစ်ခုသည် ရူးသွပ်သွားကြပြီး သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တိုက်ခိုက်နေကြလေသည်။ ပန်ပန် စီးနင်းလိုက်ပါလာသော သင်္ဘောကြီးမှာလည်း ပြိုလဲလုနီးပါး ဖြစ်နေခဲ့သည်။

ကမ်းခြေကို မမြင်ရပေ။ သင်္ဘောပိုင်ရှင်သည် ဤကဲ့သို့သော စိတ်ပျက်အားငယ်မှုကို မည်သို့ကျော်ဖြတ်ခဲ့ကြောင်း ပန်ပန် မသိပေ။ ဤပင်လယ်တွင် ကမ်းခြေဟူ၍ လုံးဝမရှိနိုင်ကြောင်း ထိုမကောင်းဆိုးဝါးက အခြားဘယ်သူထက်မဆို ပိုသိပေလိမ့်မည်။

"အခုထိ မနိုးထချင်သေးဘူးလား"

နိုးထခြင်းဆိုသည်မှာ အရာများစွာ အဆုံးသတ်သွားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ မကောင်းဆိုးဝါးကို တိုက်ကျွေးရန် ပြင်ဆင်ထားသော ဆေးဝါးသည် အရန်အစီအစဉ်တစ်ခု ဖြစ်သည်။ သို့သော်လည်း ထိုမကောင်းဆိုးဝါးက ၎င်းကို အချိန်ပိုရရန်အတွက်သာ အသုံးပြုခဲ့သည်။

လှိုင်းလုံးများ ရိုက်ခတ်နေပြီး မုန်တိုင်းများ ပြင်းထန်နေဆဲ ဖြစ်သည်။ ခန့်မှန်းရခက်သော ခြောက်ခြားမှုရှစ်ခု၏ တိုက်ခိုက်မှုများအောက်တွင် အရူးများကို တင်ဆောင်လာသော သင်္ဘောကြီးမှာ ဆက်လက်ခရီးဆက်နေဆဲ ဖြစ်သည်။

ရွက်များ စုတ်ပြဲနေပြီး သင်္ဘောကိုယ်ထည်မှာလည်း ပြုပြင်၍မရတော့ချေ။ ရေခဲတမျှ ဒဏ်ရာတိုင်းမှတစ်ဆင့် ရေခဲတမျှအေးစက်လှသော ပင်လယ်ရေများ သူ့နှလုံးသားထဲသို့ စိမ့်ဝင်လာသည့်တိုင်အောင်ပင်။

လောင်ကျွမ်းနေသော မီးတောက်များသည် စည်းမျဉ်းအမျိုးမျိုး၏ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ငြိမ်းသတ်ခံလိုက်ရသည်။ ပန်ပန်သည် ဦးခေါင်းပြတ်ကို ပွေ့ပိုက်ထားရင်း ပျက်စီးသွားသော သင်္ဘောကြီးနှင့်အတူ ပင်လယ်နက်ထဲသို့ နစ်မြုပ်သွားခဲ့တော့သည်။

လေးနှစ်နှင့် တစ်လ။

ယင်းသည် ပန်ပန်မှတ်မိနေသော နောက်ဆုံးအချိန်ပင် ဖြစ်သည်။

All Chapters