သနားဖို့ကောင်းတဲ့ လူတစ်ယောက်
Vol. 170 Ch. 2418
“ ဒါဆို တော်တော်ငယ်သေးတယ် ပြောရမှာပဲ … သူလို့ မိန်းမငယ်လေး တစ်ယောက်ကို အဘိုး ဘယ်လိုများ အိမ်ကနေ စိတ်ချလက်ချ ထွက်သွားခွင့် ပြုနိုင်ရတာလဲဗျာ ….”
“ အိမ်ကနေ စိတ်ချလက်ချ ထွက်သွားခွင့် ပြုခဲ့တယ် ….”
စုန့်ရွှယ်ကျန့်သည် သူ့တစ်ကိုယ်စာ ကြားရုံခန့်မျှ ရေရွတ်လိုက်ရင်း လမ်းလျှောက်တုတ်ကို ကျစ်နေအောင် ဆုပ်ထားရင်း အထက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
“ အဲ့ခေတ်တုန်းက လူတွေဆိုတာ ဒီနေ့ခေတ်လူတွေလို ပျော့ညံ့မနေကြဘူး … ဆယ့်ခြောက် ၊ ဆယ့်ခုနစ် ဆိုတာ မငယ်တော့ဘူး … တစ်ချို့ဆို အိမ်ထောင်ကျပြီးလို့ ကလေးတွေတောင် ရနေပြီ …”
လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။ “ အဲ့တော့ အဘိုးကလည်း သူ့ကို အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ ခွင့်ပြုပေးလိုက်ပေးတယ်ပေါ့ …”
“ အင်း ….” အဘိုးကြီးက တုံ့ဆိုင်းသွားခဲ့ပြီး “ အတိအကျတော့ ဘယ်ဟုတ်မှာ … မင်းပြောသလိုပဲ သူက ငယ်သေးတယ် … ငါ့မှာလည်း ငါ့ရဲ့ စိတ်ပူစရာတွေ ရှိတာပေါ့ ….”
“ ဒါဆို ဘယ်လိုဖြစ်ပြီး သဘောတူလိုက်တာ …”
“ ထွေထူးတော့ မဟုတ်ပါဘူး ….” စုန့်ရွှယ်ကျန့်က ဖြည်းညင်းစွာ ဆိုလိုက်ပြီး “ ငါမှတ်မိသလောက်ဆို တစ်ညမှာ သူ့ငါ့ဆီ ရောက်လာပြီး ရွာမှာ ဆက်မနေချင်တော့ဘူး ပြောလာတယ် … သူ အပြင်ထွက်ပြီး အလုပ်လုပ်ချင်တယ်တဲ့ … ရန်ကျင်းက မြို့လည်းကြီးပြီး ငွေရှာနိုင်မယ့် အခွင့်အရေးကောင်းတွေလည်း အများကြီးပဲ … သူ အဲ့ကို သွားချင်တယ် … အဲ့နောက် … ထွက်သွားခဲ့တာပဲ ….”
“ အဘိုးသူ့ကို မတားခဲ့ဘူးလား … မဟုတ်လည်း အကြံဉာဏ်လေး ဘာလေး ပေးတာမျိုးပေါ့ ….”
“ ငါလည်း သူ့ကို နားချဖို့ ကြိုးစားခဲ့ပါသေးတယ် ….” စုန့်ရွှယ်ကျန့်က ပြောလိုက်ပြီး “ ဘာပဲဆိုဆို သူက မိန်းမငယ်လေးတစ်ယောက် …. ရွာပြင်တောင် တစ်ခါမှ ထွက်ဖူးတာ မဟုတ်ဘူး … နည်းနည်းလေး ဆိုးသွမ်းတယ်ဆိုပေမယ့် ရွာမှာနေတာနဲ့ အပြင်ကို တစ်ယောက်တည်း ထွက်သွားတာနဲ့က ဘယ်တူနိုင်မှာ … ငါလည်း စိတ်ပူတာပေါ့ …”
“ အဲ့တော့ သူက အဘိုးအကြံပေးတာကို နားထောင်ရောလား …”
စုန့်ရွှယ်ကျန့် ခေါင်းခါယမ်းလိုက်၏။
“ သူ လုံးဝကို စိတ်ပိုင်းဖြတ်ထားခဲ့တာ …. သူ ကျိန်းသေပေါက်ကို ထွက်သွားမှာလို့ ပြောတယ် … ငါလည်း လုံးဝ တားလို့ မရခဲ့ဘူး … ပြီးတော့ အဲ့တုန်းက ငါတို့အခြေအနေက အဆင်မပြေဘူး … ဇနီးသည်နဲ့ ငါနဲ့ကလည်း ကျန်းမာရေး မကောင်းကြဘူး … တကယ်လို့ သူသာ ရွာမှာ ဆက်ရှိနေရင် အနာဂတ်ရှိမှာ မဟုတ်ဘူး … ဒီတော့ သွားခွင့်ပြုလိုက်ရတာပဲ …”
“ လုံးဝ စိတ်ပိုင်းဖြတ်ထားခဲ့တယ် ဟုတ်လား ….” လင်းရီ မေးမြန်းလိုက်သည်။
“ အင်း … ညတွင်းချင်းပဲ အထုပ်အပိုးတွေပြင်ပြီး မနက်ရောက်တာနဲ့ တန်းထွက်သွားခဲ့တာပဲ….”
စုန့်ရွှယ်ကျန့် ရှင်းပြလိုက်ပြီး “ နောက်ပိုင်းကျတော့မှ ကောင်လေး တော်တော်များများကလည်း ရွာကနေ တစ်ချိန်တည်း ထွက်သွားခဲ့ကြတာကို သိလိုက်ရတယ် … အဲ့အကြောင်း သိလိုက်ရတော့ ငါ ရူးမတတ်ကို ဒေါသထွက်သွားခဲ့တာ … ဒါပေမယ့် လိုက်မေးကြည့်လိုက်တော့ တစ်ယောက်ချင်းစီက မတူတဲ့ နေရာတွေဆီ ထွက်သွားခဲ့မှန်း သိလိုက်ရတာပြ … ဒါနဲ့ ငါလည်း များများစားစား တွေးမနေတော့ဘူး ….”
လင်းရီ၏ အကြည့်တို့ ထက်ရှသွားခဲ့ပြီး “ ရွာကနေ ထွက်သွားတဲ့ ကောင်လေးတွေက ဘယ်သူလဲ အဘိုး မှတ်မိသေးလား …..”
“ အေး … ငါ စဉ်းစားကြည့်လိုက်ဦးမယ် …..” စုန့်ရွှယ်ကျန်း အတွေးနက်သွားခဲ့ပြီး “ ဖန်းမိသားစုရဲ့ ဒုတိယသား … ဖန်း ဘာဆိုလား …..”
“ ဖန်းတရဲ့ …..”
“ ဟုတ်တယ် ဟုတ်တယ် … ဖန်းတရဲ့ …” စုန့်ရွှယ်ကျန့် အတည်ပြုလိုက်ပြီး “ ဒါပေမယ့် သူ့ကြည့်ရတာ အလုပ်သွားလုပ်တဲ့ပုံ မပေါ်ဘူး .. ငါကြားမိတာတော့ သူ့အိမ်က အိမ်ထောင်ဖက် ရွေးချယ်ပေးထားလို့ ကျင်းသုန်ရွာက ထွက်သွားခဲ့တာဆိုပဲ … သူ ဘယ်ထွက်သွားလဲတော့ ငါလည်း မသိဘူး ….”
“ နောက်ထပ်ရော … တစ်ခြား ဘယ်သူတွေကို မှတ်မိသေးလဲ …..”
လင်းရီနှင့် ကျန်းဇီရှင်းတို့ နှစ်ဦးလုံး အနည်းငယ် စိတ်လှုပ်ရှားနေမိကြ၏။ ဤသည်က ငါးယောက်မြောက် နစ်နာသူကို ဖော်ထုတ်နိုင်မယ့် အဓိက သဲလွန်စ ဖြစ်နေနိုင်သည်.
“ အမြဲတမ်း အလေလိုက်နေတတ်တဲ့ မာမိသားစုက ကောင်လေး … ၊ အဲ့ကောင်လေးက ကောင်းတဲ့ကောင်တော့ မဟုတ်ဘူး ….”
“ မာဟိုင်ချန်လား …” ကျန်းဇီရှင်း အလျင်စလို မေးမြန်းလိုက်၏။
“ အင်း … အဲ့နာမည် ထင်တာပဲ ….”
“ တစ်ခြား ဘယ်သူတွေ ရှိသေးလဲ အဘိုး ….”
“ နောက်ထပ် နှစ်ယောက် ရှိသေးတယ် …”
“ နှစ်ယောက် ….”
လင်းရီတို့နှစ်ဦးလုံး ပိုပိုပြီး စိတ်လှုပ်ရှားလာသည်။
နှစ်ယောက်အနက် တစ်ယောက်က ဝမ်ကျန့်ရှုဖြစ်ပြီး ကျန်တစ်ယောက်က ငါးယောက်မြောက် အသတ်ခံရမည့် နစ်နာသူ ဖြစ်နိုင်ချေ အလားအလာရှိသည်။
“ ဒါဆိုရင် ဓာတ်ငါးပါး ပုံစံ ပြီးမြောက်သွားပြီ ….” ကျန်းဇီရှင်း ရေရွတ်လိုက်၏။
“ ဝမ်အိမ်က ဒုတိယသားလည်းပါတယ် …” အဘိုးကြီးက ဆက်ပြောလိုက်ပြီး “ ဝမ်ကျန့်ရှု … အဲ့တုန်းက ငါ့သမီးနဲ့ အတော်လေး ဆက်ဆံရေး ကောင်းတယ် … ငါတောင် သူတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့အထိ စဉ်းစားခဲ့ဖူးသေးတယ် .. ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး … ဟင်း …..”
ဤအပိုင်းကလည်း သူတို့ ထင်မှတ်ထားသည်နှင့် ကိုက်ညီနေသည်။ ယင်းက နှစ်ဦး၏ နောက်ပိုင်း ဆက်စပ်မှုကို ဖြေရှင်းပေးပြီးသား ဖြစ်သွားခဲ့သည်။
ငယ်သူငယ်ချင်းများ …
အချစ်ဦးများပင် ဖြစ်နေနိုင်သည်။ နှစ်ပေါင်းများစွာကြာပြီး မြို့တစ်မြို့၌ အတူပြန်တွေ့ချိန်၌ ဒရမ်မာ ဇာတ်လမ်းများထဲကကဲ့သို့ ကိုယ်စီ အိမ်ထောင်တွေကျ …
ယင်းကလည်း ဝမ်ကျန့်ရှုလို အမူအကျင့်ကောင်းသည့် စီးပွားရေးသမားတစ်ယောက်က အခြားမိန်းမများအစား စုန့်လင်းနှင့် ဆက်သွယ်ဖြစ်သွားခဲ့ရလဲဆိုတာကို ရှင်းပြသွားခဲ့လေသည်။
အချစ်ဦးကို မြေးဦးရသည်ထိ မမေ့ဘူးဆိုတဲ့ စကားလည်း ရှိသေးသည်မလား။
“ အဘိုး … နောက်ဆုံးတစ်ယောက်က ဘယ်သူဆိုတာရော မှတ်မိသေးလား ….” လင်းရီ မေးမြန်းလိုက်သည်။
“ နောက်ဆုံးတစ်ယောက် …..” အဘိုးကြီးက ခေါင်းကုတ်၍ “ ငါ သေချာရှင်းရှင်းလင်းလင်းတော့ မမှတ်မိဘူး … သူ့အရပ်က မရှည်ဘူး .. ဒါပေမယ့် ဉာဏ်တော့ အတော်လေး ကောင်းတယ် … ကလေးတုန်းကတည်းက အမြဲတမ်း ဉာဏ်နီဉာဏ်နက်တွေနဲ့ ….”
“ …….”
လင်းရီ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။
အခြားသူများ အားလုံးကို မှတ်မိပါလျက်နဲ့ အရေးကြီးသည့် နောက်ဆုံးတစ်ယောက်ကိုမှ မေ့လျော့နေရသလော။
“ သေချာ ပြန်တွေးကြည့်ပါဦး အဘိုး … ဒီ သတင်းအချက်အလက်က တော်တော်လေး အရေးကြီးလို့ပါ ….”
“ ငါလည်း စဉ်းစားနေတာပဲ ကွ ….” အဘိုးကြီးက စက္ကန့်အတော်ကြာအောင် တုတ်ကောက်နှင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလျက် ရှိပြီး “ အိမ်း … အသက်ကြီးလာပြီဆိုတော့ မှတ်ဉာဏ်တွေကလည်း သုံးစားမရတော့ပါဘူး … ဒါပေမယ့် သူ့ပုံစံက ပုတုတုနဲ့ မျက်လုံးမှေးမှေးဆိုတာတော့ ကျိန်းသေတယ် ….”
“ ရတယ် … အဆင်ပြေပါတယ်အဘိုး …” လင်းရီ ညင်သာစွာ ပြောလိုက်ပြီး “ နောက်မေးခွန်းတစ်ခုကို သွားကြတာပေါ့ …” လင်းရီသည် သူ၏ ကိုယ်ဟန်ကို ပြောင်းလဲပြီးနောက် “ အဘိုးရဲ့ သမီး ရွာက ထွက်မသွားခင် တစ်ခုခု ပုံမှန် မဟုတ်တာတွေ ဖြစ်ခဲ့သေးလား ….”
“ မရှိပါဘူး … သူတို့တွေက အမြဲတမ်း တွဲသွားတွဲလာ လုပ်နေကြ…. အဲ့နေ့ မြို့က ပြန်လာပြီးတဲ့ညမှာပဲ ရွာက ထွက်သွားချင်တယ်ဆိုတဲ့ စကားမျိုး ပြောလာခဲ့တာပဲ … ငါ သိတာ အဲ့တာအကုန်ပဲ ….”
လင်းရီ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြုံးပြလိုက်၏။
“ ဒီနေ့ ဒီမှာတင် ရပ်လိုက်ကြတာပေါ့ … ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ် အဘိုး ….”
“ ဟေ့ … နေဦး .. မသွားသေးနဲ့ …” စုန့်ရွှယ်ကျန့်က လင်းရီကို လှမ်းအော်လိုက်ပြီး “ မင်းငါ့ကို ဒါတွေလာမေးနေတာ ငါ့သမီးက ဥပဒေကို ချိုးဖောက်ထားလို့လား … မင်းတို့ ငါ့ကို ဖုံးကွယ်ထားလို့ မရဘူးနော် ….”
ကျန်းဇီရှင်းမှာ စိတ်ထဲ အပြစ်ရှိသလို ခံစားလိုက်ရပြီး မကြည့်ရက်နိုင်စွာဖြင့် အကြည့်လွှဲသွားခဲ့၏။
“ မဟုတ်ပါဘူး …” လင်းရီ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ ဥက္ကဌစုန့်က အဆင်ပြေပါတယ် … ဒီကိစ္စက သူနဲ့ပတ်သက်နေတာ မဟုတ်ပါဘူး … စိတ်မပူပါနဲ့ ….”
“ အဲ့တာဆို ရပြီ …. အဲ့တာဆို ရပြီ ….”
လင်းရီ လက်ဝှေ့ယမ်းပြလိုက်ပြီး “ ဒါဆို ကျွန်တော်တို့ သွားလိုက်ပါဦးမယ် … ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါအဘိုး ….”
“ အေး အေး …”
ယဉ်ကျေးသည့် စကားလုံးတစ်ချို့ ပြောဆိုပြီးနောက် နှစ်ယောက်မှာ ထွက်လာခဲ့ကြသည်။
…..
“ ကံကြမ္မာက လူကို လာပလေးနေလား မသိပါဘူး… အရေးကြီးဆုံးဟာကျမှ လာမေ့နေရတယ်လို့ဟယ် …. “
“ အဲ့လို ပြောလို့တော့ ဘယ်ရမှာ ….” လင်းရီ မှတ်ချက်ပြုလိုက်ပြီး “ အဘိုးကြီးက ငါတို့ကို အသုံးဝင်တဲ့ အချက်အလက်တစ်ချို့ ပြောပြခဲ့တယ်လေ .. သူတို့က မြို့က ပြန်လာပြီးတဲ့နောက်မှာမှ ထွက်သွားခဲ့ကြတာ ….”
ကျန်းဇီရှင်း မျက်လုံးအရောင် လက်သွားခဲ့သည်။
“ ဒါဆို မြို့ထဲမှာ တစ်ခုခု ဖြစ်ခဲ့တာပေါ့နော် …..”
“ အင်း …” လင်းရီ ခိုင်မာသည့် လေသံဖြင့် “ အဲ့တုန်းက ယွမ်ပေါင်မြို့မှာ လူတွေ မသိလိုက်တဲ့ ကိစ္စတစ်ခုခုတော့ ဖြစ်ပျက်ခဲ့ရမယ် … သူတို့ကို ကျင်းသုန်ရွာက ထွက်သွားစေခဲ့တဲ့ အရာတစ်ခုခုပေါ့ …. အဲ့ဒီ ဖြစ်ရပ်ကပဲ သူတို့ကို ဒီလို သေချင်းတရားမျိုးနဲ့ လာကြုံရစေတာလည်း ဖြစ်နိုင်တယ် … နောက်ပြီး အမည်မသိလူသတ်သမားကလည်း ယွမ်ပေါင်မြို့ .. မဟုတ်လည်း ကျင်းသုန်ရွာက ဖြစ်နေနိုင်တယ် ….”
ကျန်းဇီရှင်း ကြက်သီးဖြန်းသွားခဲ့၏။
“ ကြောက်ဖို့ကောင်းလိုက်တာ … လက်စားချေဖို့ ဆယ်စုနှစ်နဲ့ချီပြီးတော့တောင် သည်းခံခဲ့တယ် … အဲ့လောက် ဉာဏ်များမှုကြီးက တွေးကြည့်ရုံနဲ့တင် အရမ်း ကြောက်ဖို့ကောင်းတာပဲ ….”
“ မဟုတ်လည်း အမုန်းတရားက နက်ရှိုင်းလွန်းလို့ မမေ့ပျောက်နိုင်တာလည်း ဖြစ်နိုင်တာပဲလေ ….”
“ သူများအဖေကို သတ်ခဲ့တာ … ဒါမှမဟုတ် သူများ ဇနီးမယားကို ခိုးယူခဲ့လို့ လက်စားချေတယ်ဆိုရင်တောင် ဒီလောက်ထိ ကြောက်ဖို့ ကောင်းမယ်မထင်ဘူး … “ ကျန်းဇီရှင်း ပြောလိုက်ပြီး “ ဒီလူက အရမ်း ရက်စက်တာပဲ …..”
လင်းရီ ရှေ့သို့ မော်ကြည့်လိုက်ပြီး “ ငါတို့ရဲ့ အမြင်ကနေ ကြည့်ရင် လူသတ်သမားရဲ့ ခံစားချက်တွေကို နားလည်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး .. ဒါပေမယ့် တစ်ခြားရှုထောင့်တစ်ခုခုမှာ … “
“ သူကလည်း သနားဖို့ကောင်းတဲ့ လူတစ်ယောက် ဖြစ်ရင် ဖြစ်နေမှာပဲလေ ….”