← Chapters

ယုံကြည်ချက်မဲ့နေတဲ့ ချင်းရန်

Vol. 170 Ch. 2419

ယုံကြည်ချက်မဲ့နေတဲ့ ချင်းရန်

Vol. 170 Ch. 2419

“ အစ်ကိုရီ ပြောလိုက်တော့မှဖြင့် ညီမ လူသတ်သမားအတွက်တောင် ဝမ်းနည်းသွားပြီ ….”

“ မင်း ဒါ Stockholm syndrome ဖြစ်နေတာပဲ …” လင်းရီ ပြောလိုက်ပြီး “ ငါတို့ အခု ပြောနေတာတွေ အကုန်လုံးက ဒီတိုင်း ခန့်မှန်းမှု သပ်သပ်ပဲလေ … အမှန်တရားက ဒီလိုမျိုး ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့ … တအားကြီး ကိုယ်ချင်းစာပေးမနေနဲ့ … လက်တွေ့အမှန်တရားက မင်း စိတ်ကူးထားတာထက် ပိုပြီးတောင် ရက်စက်ရင် ရက်စက်နေလောက်တယ် ….”

“ ဒါဆိုရင် ညီမတို့ရဲ့ နောက်ထပ် အာရုံစိုက်ရာက ကျင်းသုန်ရွာပေါ့နော် ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ငါတော့ အမှန်တရားနဲ့ ဖြည်းဖြည်းချင်း နီးကပ်လာပြီလို့ ခံစားနေရတယ် …”

ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာထဲက ထွက်လာခဲ့ပြီးနောက် လင်းရီနှင့် ကျန်းဇီရှင်းတို့သည် ဆေးရုံသို့ ရောက်လာ၍ ကူရိရန်ထံ လာလည်သည်။ အမှုအခြေအနေကို အကြမ်းဖျင်း ရှင်းပြပြီးနောက် ပြန်လည် ထွက်ခွာလာခဲ့ကြ၏။

ဆေးရုံထဲက ထွက်လာခဲ့ပြီးနောက် မွန်းလွဲည‌နေ လေးနာရီကျော် အချိန်ဖြစ်ပြီး လင်းရီလည်း အချိန်ကို တစ်ချက်ကြည့်၍ ချောင်ရန်အုပ်စုသို့ ထွက်လာခဲ့ကာ ကျီချင်းရန်ကို အလုပ်က လာကြိုပေးသည်။

သို့သော် ရုံးခန်းထဲ ရောက်လာတော့ ကျီချင်းရန်က ရှိမနေချေ။ သူ လှည့်ပတ်မေးမြန်းကြည့်လိုက်တော့ အစည်းအဝေးသွားတက်နေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

လင်းရီလည်း ငြိမ်ငြိမ်ထိုင်မနေဘဲ ဝမ်ရင်း၏ ရုံးခန်းဘက်သို့ ထွက်လာခဲ့လိုက်၏။

“ ဟေ့ … ဒီကို ဘာလာလုပ်တာ ….” လင်းရီကို မြင်တော့ ဝမ်ရင်းက သူမ၏ အလုပ်ကို ချပြီး လင်းရီအနားသို့ ချက်ချင်းကပ်တွယ်လာခဲ့၏။

“ လာလို့ မရဘူးလား …”

“ ဒါပေါ့ … လာလို့ ရတာပေါ … နင် နေ့တိုင်းလာမယ်ဆိုရင် အစ်မက ပိုပြီးတောင် ဝမ်းသာဦးမယ် …” ဝမ်ရင်း ပြုံးလျက် ဆိုလိုက်သည်။

“ နင် ဥက္ကဌကျီ ရုံးခန်းထဲမှာ မရှိလို့ ငါ့ဆီ ရောက်လာခဲ့တာမလား …..”

“ အင်း … သူ ဘာလို့ ရုံးခန်းထဲ မရှိတာလဲတဲ့ အစ်မရင်း ….”

“ ဒီ မွန်းလွဲပိုင်းမှာပဲ အမှုဆောင် အဖွဲ့ဝင်တွေကို ရုတ်တရက် အစည်းအဝေး ခေါ်လိုက်တယ် … ငါလည်း သွားသေးတယ် … ဒါပေမယ့် ပြီးတာနဲ့ တန်းပြန်လာခဲ့လိုက်တာ ….”

“ အရေးကြီး ကိစ္စ တစ်ခုခု ဖြစ်လို့များလား ….”

“ မနှစ်တုန်းက ချောင်ရန်အုပ်စုက ကောင်တီနှစ်ခုနဲ့ နွမ်းပါးမှု လျှော့ချရေး သဘောတူညီမှု စာချုပ်နှစ်ခုမှာ လက်မှတ်ထိုးခဲ့တယ် … ဒါပေမယ့် ကောင်တီ တစ်ခုက ဇယားတွေ ပတ်ရှုပ်နေတာ … ဥက္ကဌကျီလည်း တော်တော်လေး ဒေါသထွက်နေတယ် … အဲ့ပြဿနာကို ဖြေရှင်းဖို့ အစည်းအဝေး‌ ခေါ်လိုက်တာပဲ …..”

“ အဲ့တာကိုး … သဘောပေါက်ပြီ …”

လင်းယွင်အုပ်စုလည်း ကြွယ်ဝမှု ဝေမျှရေး လမ်းကြောင်းနောက်လိုက်ရင်း ယခုလို ပစ်မှတ်မျိုး ရှိခဲ့ဖူး၏။

“ ဒီလို ကိစ္စမျိုးတွေဆိုတာ အပြည့်အဝ ထိန်းချုပ်လို့မှ မရတာ … ရေကြည်လွန်းရင် ငါးတွေ မနေဘူး … အရမ်းစေ့စပ်လွန်းနေရင်လည်း ကိုယ့်နောက်လိုက်မယ့်လူ ရှိမှာ မဟုတ်ဘူး … ဒီလို သဘောတရားတွေကို ချင်းရန်လည်း နားလည်မှာပါ ….”

“ အမှန်ပဲ … ဒါပေမယ့် သူတို့အခုလုပ်နေတာတွေက တရားလွန်သွားလို့လေ ….” ဝမ်ရင်း မှတ်ချက်ပြုလိုက်ပြီး “ ယွမ်သန်း ၄၀ ကျော် ရင်းနှီးမြုပ်နှံပြီးတာတောင် သူတို့ ပေးလာတဲ့ ရလဒ်တွေက ပေးထားတဲ့ငွေနဲ့ တန်တဲ့ရလဒ်မျိုး ဘာတစ်ခုမှ ထွက်မလာဘူး … ဒါတောင် ဆက်ပြီး ရင်းနှီးမြုပ်နှံပေးဖို့ တိုက်တွန်းနေကြသေးတယ် … အဲ့တာကြောင့်လည်း အခြေအနေတွေက ရှုပ်ထွေးကုန်တာလေ ….”

ဝမ်ရင်းသည် လင်းရီကို ရုံးခန်း ဆိုဖာပေါ်တွင် ထိုင်ချခိုင်းလိုက်ပြီး သူမကတော့ ဘောင်းဘီဇစ်ကိုဖွင့်၍ လက်ကို နူးညံ့စွာ စတင်လှုပ်ရှားနေသည်။

“ ချင်းရန်ရဲ့ အကျင့်စရိုက်နဲ့သာဆိုရင် သူ သေချာပေါက် ပိုက်ဆံမထုတ်ပေးတော့မှာ ကျိန်းသေတယ် ….”

“ ဒါပေမယ့် ပြဿနာက တစ်ချို့ အစိုးရ အရာရှိတွေကလည်း အုပ်စုကို ဆက်ပြီး ရင်းနှီးမြုပ်နှံပေးဖို့ မျှော်လင့်နေကြတာလေ …”

“ အစိုးရ အရာရှိတွေပါ ပတ်သက်နေတာလား ….” လင်းရီ၏ အမူအရာမှာ နက်မှောင်သွားခဲ့ပြီး “ ကျိုးဟိုင်ကတော့ မဟုတ်ဘူးမလား ….”

“ ဟင့်အင်း …” ဝမ်ရင်း ခွန်းတုံ့ပြန်လိုက်ပြီး “ ဟုတ်လို့ကတော့ နင့်ရဲ့ ကျိုးဟိုင်က ဂုဏ်သတင်းနဲ့ ဥက္ကဌကျီကို ဘယ်သူက ဖိအားပေးရဲမှာ …..”

“ သဘောပေါက်ပြီ … “

“ ဥက္ကဌကျီကလည်း သူတို့နဲ့ လုံးဝ အဆက်အသွယ်ဖြတ်ပစ်တာမျိုး မလုပ်ချင်ဘူးလေ … စေ့စပ်ညှိနှိုင်းကြည့်ဖို့ ကြိုးစားနေတယ် … ဒါပေမယ့် သူတို့ကို ဆက်ပြီး ထိန်းချုပ်ထားခွင့်တော့ ပေးတော့မှာ မဟုတ်ဘူး …. အဖြေရလဒ်က ဘယ်အချိန် ထွက်လာမလဲလည်း ငါ မသိဘူး ….”

လင်းရီ သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ အခု ငါးနာရီတောင် ထိုးတော့မယ် … သူ အစည်းအဝေးလုပ်နေတာ သုံးနာရီတောင် ရှိနေပြီ ….”

“ တကယ်ပဲ အဲ့လောက်တောင် အရေးကြီးနေလို့လား ….”

“ မနက်ဖြန်ကျရင် တစ်ဖက်ကိုယ်စားလှယ်တွေ ရောက်လာပြီး ဥက္ကဌကျီနဲ့ လာဆွေးနွေးဖို့ရှိတယ်လေ … အဖြေမပေးခင် တစ်ခြားလူတွေရဲ့ အမြင်ကိုလည်း ကြားချင်နေတာ …”

“ သဘောပေါက်ပြီ ….”

“ ဥက္ကဌကျီရဲ့ ကိစ္စတွေ နောက်မှ ဆက်ပြောကြတာပေါ့ ….” ဝမ်ရင်းသည် လင်းရီ၏ ပေါင်ပေါ်သို့ ခွထိုင်လိုက်ပြီး “ ဒီနေရာက အစ်မရဲ့ ရုံးခန်းဆိုတော့ ပျော်ဖို့ကောင်းတာတွေ မလုပ်သင့်ဘူးလား ….”

“ ပျော်ဖို့ကောင်းတာတွေလား …”

ခြောက်သွေ့နေသည့် သစ်သားခြောက်နှယ် မီးစာ တစ်ချက်ထိသည်နှင့် မီးဟုန်းဟုန်းတောက်လောင်လာသည်။

တစ်နာရီကြာပြီးနောက် နှစ်ဦးကြား ပြင်းထန်သည့် တိုက်ပွဲသည်လည်း အဆုံးသတ်သွားခဲ့သည်။

လင်းရီ သူ၏ အင်္ကျီအဝတ်အစားများကို သပ်ရပ်အောင် ပြုလုပ်ပြီး ကျီချင်းရန်၏ ရုံးခန်းသို့ ပြန်ရောက်လာသည်။ သို့တိုင် သူမက အစည်းအဝေး ပြုလုပ်နေဆဲပင်။

လင်းရီ မျက်မှောင်ကြုတ်သွားခဲ့ပြီး အတွင်းရေးမှူးကို စကားပြော၍ ကျီချင်းရန်ကို ခေါ်ခိုင်းလိုက်သည်။

“ နင် စောင့်နေတာ ကြာသွားပြီလား ….” ကျီချင်းရန်က လင်းရီအနားသို့ ရောက်လာပြီး ထိုင်ချလိုက်၏။

“ အရေးကြီး ကိစ္စလည်း မဟုတ်တာကို ဘာလို့ အဲ့လောက်အကြာကြီး အစည်းအဝေးထိုင်နေရတာ … လူပင်ပန်းတာပေါ့ ….”

ကျီချင်းရန်၏ ရင်ဘက်ထဲ နွေးထွေးသွားခဲ့ပြီး နူးညံ့စွာ ပြုံးပြလိုက်သည်။ “ အဆင်ပြေပါတယ် … ထိုင်လို့ပင်ပန်းလာရင် ထပြီး လမ်းလျှောက်လိုက်တယ် … အကုန်လုံးက ကိုယ့်ဝန်ထမ်းတွေချည်းပဲလေ ….”

လင်းရီလည်း အစည်းအဝေးကိစ္စကို သိပြီးဖြစ်မှာ သေချာသောကြောင့် ကျီချင်းရန်လည်း ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ချေ။

“ ဘာပဲဖြစ်ဖြစ် တော်ပြီ … မနက်ဖြန်မှ ဆက်ပြောတော့ …” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ဘာလို့ ဒေါက်ဖိနပ်တွေ စီးနေတာ … ငါ မနက်လာတုန်းက ခြေညှပ်ဖိနပ်တွေ စီးနေတာပါ …”

ကျီချင်းရန် အပေါ်နှုတ်ခမ်းကို ထော်လိုက်ပြီး “ အဲ့ ဖိနပ်တွေက ညစ်ပတ်ကုန်လို့လေ … ဝတ်ရမှာ ရှက်လို့ ဒါတွေ စီးလိုက်တာ … ဒါပေမယ့် ဟိုလို အရမ်းမြင့်တဲ့ ဒေါက်တွေလည်း မဟုတ်ပါဘူးဟယ် … သုံးလေးစင်တီမီတာလောက်ပဲ ရှိတာပါ …. မယုံဘူးဆို နင့်ဘာနင် စစ်ကြည့် ….”

“ ညစ်ပတ်တော့လည်း ညစ်ပတ်တယ်ပေါ့ … ဘာများ ဖြစ်သွားတာကျလို့ …” လင်းရီ ပြောလိုက်ပြီး “ အခုကစပြီး ဒေါက်ဖိနပ်တွေကို မေ့ထားလိုက်တော့ … ခြေညှပ်ဖိနပ်ပဲ စီးရမယ် …”

“ ဒါပေမယ့် ခြေညှပ်ဖိနပ်က အခု ဝတ်စုံနဲ့ လိုက်မှမလိုက်ပဲကို ….”

“ ဒါဆိုလည်း ဘောင်းဘီတွေ ဝတ်ပေါ့ … အိမ်ကနေ စကတ်မဝတ်ဘဲ အပြင်မထွက်နိုင်ဘူးလို့တော့ ငါ့ မပြောဘူးမလား ….”

ကျီချင်းရန် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ပြီး လင်းရီကို အကြည့်တစ်ချက်သာ ပေးလိုက်သည်။ သို့သော် ရှည်ရှည်ဝေးဝေးတော့ ထပ်ပြောမလာခဲ့ချေ။

မည်သို့ပင်ဆိုစေ သူပြောသည်ကလည်း ယုတ္တိရှိလေသည်။

“ သွားစို့ … ဒီနေ့ အလုပ်ထပ်မလုပ်နဲ့တော့ … ခုနစ်နာရီတောင် ထိုးတော့မယ် … အရင်ဆုံး တစ်ခုခု သွားစားကြမယ် … ပြီးရင် ရုံးခန်းထဲ စီးဖို့ ဖိနပ်တွေ သွားဝယ်ကြမယ် ….”

“ အိုကေ …”

ဈေးဝယ်ထွက်ရမည်ဆိုသည့် အကြောင်းကြားတော့ ကျီချင်းရန်မှာ ချက်ချင်းပဲ မျက်နှာအရောင် ဝင်းလက်လာသည်။

ထို့နောက် ချက်ချင်းပဲ အတွင်းရေးမှူးကို အစည်းအဝေးပြီးဆုံးကြောင်း ကြေညာခိုင်းလိုက်ပြီး လင်းရီနှင့်အတူ ဒိတ်လုပ်ဖို့ ထွက်ခွာလာခဲ့တော့သည်။

ညနေစာ စားပြီးနောက် နျစ်ယောက်မှာ ဟိန်လုံမောလ်သို့ ရောက်ရှိလာသည်။

ယခင်တုန်းက ကျီချင်းရန်သည် သူမ၏ အဝတ်အစားများကို ဤနေရာမှာပဲ ဝယ်လေ့ရှိပြီး အကယ်၍ စိတ်အာရုံရလျှင်တော့ လင်းရီအတွက်ပါ တစ်ချို့တစ်လေ ဝယ်ပေးတတ်သည်။

သို့သော် ယခု .. သူမ၏ အာရုံစူးစိုက်မှုများက ကလေးပစ္စည်းများအပေါ်တွင်သာ ကရောက်နေလျက်ရှိပြီး ၎င်းတို့တစ်ခုချင်းစီတိုင်းကို ဂရုစိုက်မှုအပြည့်နှင့် ရွေးချယ်ဝယ်ယူနေသည်။

လင်းရီကတော့ အပြင်တွင် စောင့်ဆိုင်းရင်း ပျင်းရိနေပြီး ဈေးဝယ်ထွက်ဖို့ အကြံပြုလိုက်သည်က မှားယွင်းသည့် ရွေးချယ်မှုတစ်ခုဟု ခံစားလာခဲ့ရသည်။

“ မင်း ရွေးနေတာ နာရီဝက်လောက်ရှိနေပြီ အခုထိ ဘာမှကို မဝယ်ရသေးဘူးပေါ့ ….”

ကျီချင်းရန်မှာ အတော်လေး စိတ်ပျက်နေသည့် မျက်နှာအမူအရာဖြင့် “ ငါ ကလေးနို့ဘူး လှလှလေး တွေ့ခဲ့တယ် …. စစချင်းတုန်းကတော့ ဝယ်မလို့ပဲ … ဒါပေမယ့် မေမေနှစ်ယောက်က သူတို့ကလေးတွေအတွက် ဖော်မြူလာရွေးနေတာကို ကြားလိုက်ရတယ် .. သူတို့နဲ့ စကားနည်းနည်းပါးပါး ပြောကြည့်ပြီးတော့ မဝယ်ချင်တော့ဘူး ….”

“ ဟင် … သူတို့က ဘာတွေများ ပြောလိုက်လို့ ….”

“ စစချင်းတုန်းကတော့ ငါ အတော်လေး ယုံကြည်ချက် ပြည့်နေခဲ့တာ … ဒါပေမယ့် သူတို့ ပြောတာ ကြားပြီးတော့ ယုံကြည်ချက် မရှိတော့ဘူး …..”

“ လိုရင်းပြောစမ်းပါကွာ … သူတို့ တကယ်ပဲ ဘာတွေ ပြောလိုက်လို့လဲ ….”

“ သူတို့ပြောတာက ကြီးတယ်ဆိုတိုင်း နို့ရှိတယ်လို့ မဆိုလိုဘူးတဲ့ …” ကျီချင်းရန်မှာ သူမ၏ ရင်ဘက်ကို ပြန်ငုံ့ကြည့်ရင်း “ မေမေတစ်ယောက်ဆို ငါ့ထက်တောင် ပိုကြီးသေးတယ် … ဒါပေမယ့် သူ့မှာ နို့တစ်စက်လေးမှတောင် မထွက်ဘူး … သူ့ကလေးက နို့မှုန့်သောက်ရတယ် … ဒါပေမယ့် တစ်ခြားမေမေတစ်ယောက်ကျတော့ တကယ့် သေးသေးလေးရယ် … ဒါပေမယ့် သူကျတော့ နို့တွေ ပေါလွန်းလို့ တစ်ခြား နို့မထွက်တဲ့ မေမေတွေကိုတောင် ဝေမျှပေးနိုင်သေးတယ်ဆိုပဲ … အဲ့စကားကြားပြီးတော့ ငါ့မှာလည်း နို့မထွက်မှာကို ကြောက်သွားတာ ….”

“ အဲ့တာလေးလား ….” လင်းရီ ဆွံ့အသွားခဲ့ပြီး “ ဆေးပညာရှုထောင့်ကနေကြည့်ရင် ကလေးအမေတိုင်းက နို့ထွက်တယ် … ဒါပေမယ့် ပမာဏနဲ့ ပတ်သက်ပြီးကတော့ တကယ်လည်း ပြဿနာ တစ်ချို့ရှိတယ် …”

“ ဒါပေမယ့် ကိစ္စမရှိဘူး … ငါဖြေရှင်းပေးနိုင်ပါတယ် … အဲ့တာက ပြဿနာ မဟုတ်ဘူး ….”

“ တကယ် … “ သူမ အံ့အားတကြီး မေးလိုက်၏။

“ ဒါပေါ့ … ရေပန်းထွက်သလိုတောင် ပန်းထွက်စေရမယ် …”

All Chapters