← Chapters

ငါ့နာမည် လင်းရီ

Vol. 170 Ch. 2421

ငါ့နာမည် လင်းရီ

Vol. 170 Ch. 2421

“ ကျွန်မ ဆိုက်ဘက်ကို လူလွှတ်ပြီး အခြေအနေ ကြည့်ခိုင်းခဲ့ပြီးပြီ … ဒါပေမယ့် ရှင်ပြောနေတဲ့ ဘက်ပေါင်းစုံက တစ်ခုပြီးတစ်ခု တိုးတက်နေတာတွေလည်း ဘာမှ မမြင်ရပါလား ….”

ဝမ်ကျောက်တဲ့၏ မျက်နှာအမူအရာ မလှတော့ဘဲ အနည်းငယ်ပင် တင်းမာသွားခဲ့သည်။

“ ဥက္ကဌကျီ … ဒီလောက်ကြီးမားတဲ့ ပရောဂျက်ကြီးမှာ ဆိုက်ကို သွားကြည့်ရုံနဲ့ မမြင်နိုင်တဲ့ အရာတွေဆိုတာ အများကြီးပဲ ….”

လင်းရီသည် ၎င်းတို့ဘေးနားတွင် မလှုပ်မယှက် ထိုင်ရင်းလျက်ရှိသည်။ သို့သော် ၎င်းတို့၏ စကားအသွားအလာကတစ်ဆင့် တော်တော်များများကိုတော့ ရိပ်ဖမ်းမိပြီး ဖြစ်၏။

ကြည့်ရသလောက်ကတော့ ယွမ်သန်းလေးဆယ် ရင်းနှီးမြုပ်နှံထားသည့်ထဲက တစ်ချို့တစ်ဝက်ကို ပရောဂျက်ထဲ ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့သည်ဆိုလျှင်ပင် အတော်လေး ကောင်းမွန်နေပြီဟု ပြော၍ရသည်။

လင်းရီ တည်ငြိမ်စွာဖြင့် ကျီချင်းရန်၏ ပေါင်ပေါ်သို့ လက်ကို ညင်သာစွာ တင်လိုက်၏။

နှစ်ဦးကြား နားလည်မှုအရ ကျီချင်းရန်သည် လင်းရီ ဘာမှမပြောလျှင်ပင် သူမဘက်က အလိုအလျောက် နားလည်သည်။

“ ရင်းနှီးမြုပ်နှံသူ တစ်ယောက်အနေနဲ့ ပရောဂျက်ပြီးဖို့ကို ဘယ်အချိန်ထိ စောင့်နေရမှာလဲ … ရှင်တို့ ဒီကိစ္စ ကျွန်မနဲ့ သေချာလေး တိုင်ပင်သင့်တယ်မဟုတ်ဘူးလား ….”

အကယ်၍ လင်းရီသာ ဤနေရာတွင် မရှိနေဘူးဆိုပါက ကျီချင်းရန်လည်း ဤမျှ ခက်ထန်နေမှာ မဟုတ်ချေ။

သို့သော် ကျောထောက်နောက်ခံ လင်းရီ ရှိနေသဖြင့် သူမမှာ အကြောက်အလန့် ကင်းလာခဲ့သည်။

“ ဒီလိုဆိုရင်ကော … အစည်းအဝေးကို လောလောဆယ် ရပ်နားထားကြတာပေါ့ … နောက် မိနစ် နှစ်ဆယ်လောက်နေမှ စကားဆက်ပြောကြမယ် … ဥက္ကဌကျီ ဘယ်လိုသဘောရလဲ …”

“ ကောင်းပြီလေ ….”

အစည်းအဝေးကို ခေတ္တရွေ့ဆိုင်းထားပြီး နှစ်ဘက် အဖွဲ့ဝင်ပြီးလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။

အာရုံထက်ရှသည့် အမှုဆောင် အဖွဲ့ဝင် တစ်ချို့ကတော့ လေထုထဲ မူမမှန်သည့် တင်းမာသည့် အငွေ့အသက်တစ်ချို့ကို ခံစားမိနေကြ၏။

ညှိနှိုင်းဆွေးနွေးမှုက အဆင်မပြေပေ။ နောက်ဆုံး မည်သို့သော ရလဒ် ဖြစ်ပေါ်လာမလဲဆိုတာကို အတော်လေး ပြောဖို့ ခက်၏။

အတွင်းရေးမှူး၏ ဦးဆောင်လမ်းပြမှုအောက်တွင် ဝမ်ကျောက်တဲ့နှင့် အခြားသူများက နားနေခန်းဘက်သို့ ထွက်သွားခဲ့ကြပြီး လင်းရီနှင့် ကျီချင်းရန်တို့ကတော့ ရုံးခန်းထဲ ပြန်လာခဲ့ကြသည်။

“ ငါ သိသားပဲ … ဒီ အစည်းအဝေးက သေချာတဲ့ ရလဒ် ထွက်လာမှာ မဟုတ်ဘူးဆိုတာ ….”

ကျီချင်းရန်သည် ထိုင်ခုံသို့ ထိုင်ချလိုက်ရင်း စိတ်ပင်ပန်းနွမ်းနယ်စွာဖြင့် ဆိုလိုက်၏။

“ ဒီလို ဖြစ်မယ်လို့ ထင်ပြီးသားပါ … ဒီလိုပရောဂျက်တွေက အမြဲတမ်း ဒီလိုချည်းပဲ …. “

“ ဒါပေမယ့် ငါတော့ သူတို့တွေ မိနစ်နှစ်ဆယ်အတွင်း ဘာတစ်ခုမှ စီစဉ်နိုင်မယ်မထင်ဘူး ….”

“ ဒါပေါ့ … သူတို့ ဘယ်လုပ်နိုင်မှာ … အဲ့လိုလုပ်ဖို့အတွက် အစည်းအဝေးကို ခဏ ရပ်ဆိုင်းထားတာမှ မဟုတ်တာ ….”

“ ဒါဆို သူတို့က ဘာလုပ်ဖို့အတွက်လဲတဲ့ ….”

“ လူ အငှားခေါ်ဖို့ ….”

လင်းရီသည် ဆိုဖာပေါ်ထိုင်ရင်း သက်တောင့်သက်တာ အမူအရာဖြင့် ပြောလိုက်ပြီး “ ဒီပရောဂျက် ဘယ်လိုတွေ သွားနေလဲဆိုတာ သူတို့ မသိ မဟုတ်ဘူး သိတယ် … မင်းကို နှုတ်ပိတ်ဖို့ကလည်း သူတို့မှာ လုံလောက်တဲ့ အာဏာမရှိဘူး … ဒါပေမယ့် ပိုက်ဆံကိုကျတော့ လိုချင်တယ် … ဒီလိုဆိုရင် ကြားဝင်စွက်ဖက်ဖို့ တတိယလူတစ်ယောက်ကို ခေါ်ရမှာပဲ … စောင့်ကြည့်နေလိုက် … ငါးမိနစ်အတွင်း မင်းဆီ တစ်ယောက်ယောက် ဖုန်းခေါ်လာလိမ့်မယ် ….”

ကျီချင်းရန် ခေါင်းညိတ်လိုက်သည်။ ကိစ္စရပ်တို့က ထွက်ပေါက်မဲ့သည့် အခြေအနေသို့ ရောက်ရှိနေသည်။ တတိယလူတစ်ယောက်၏ ဝင်ရောက်စွက်ဖက်မှု မရှိဘဲ ရလဒ်တစ်ခုကို ဆုံးဖြတ်ချက်ချဖို့ဆိုတာ အတော်လေး ခက်ခဲသည့် အခြေအနေဖြစ်၏။

ကလင် ကလင် ကလင် …

လင်းရီ ခန့်မှန်းထားသည့်အတိုင်း … သုံးမိနစ် မပြည့်မီမှာပဲ ကျီချင်းရန်၏ ဖုန်းက အသံမြည်လာသည်။ အမည်မသိ နံပါတ်တစ်ခုက ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။

“ ငါ့ကို ပေး … ငါ ကိုင်လိုက်မယ် ….”

“ ဥက္ကဌကျီ … ငါ ရန်ကျစ်ပါ ….”

“ အခုပြောနေတာ သူ့ယောက်ျား လင်းရီပဲ … ကိစ္စရှိရင် ကျုပ်ကို ပြောလို့ရတယ် ….”

“ ဟမ် … ဥက္ကဌကျီဘယ်မှာလဲ … ငါ သူနဲ့ ရှားနင် ကောင်တီပရောဂျက် အကြောင်း ပြောဖို့ ရှိတယ် … သူ့ကို ဖုန်းပေးလိုက် ….”

တစ်ဖက်သူက လေးလေးနက်နက် ပြောဆိုလာခဲ့ပြီး အနည်းငယ်ပင် ရိုင်းစိုင်းသည့် လေသံ ပေါက်နေခဲ့သည်။

“ ခင်များဘာခင်များ ဘယ်သူဖြစ်ဖြစ် ဒီပရောဂျက်အတွက် နောက်ဆုံး ဆုံးဖြတ်ချက်က ကျုပ်လက်ထဲမှာ …” လင်းရီ ပြောလိုက်ပြီး “ ကျုပ် ခင်များကို ပြောပြီးပြီ … ကျုပ်နာမည် လင်းရီ … လင်းယွင်အုပ်စုရဲ့ ဥက္ကဌပဲ … ခင်များမှာ ကိုယ်ပိုင် အဆက်အသွယ်တွေ ရှိမှန်း ကျုပ်သိတယ် … ဗဟိုအာဏာပိုင်တွေကို ဖုန်းဆက်ပြီး ကျုပ် ဘယ်သူလဲ လှမ်းမေးကြည့်လိုက် … ပြီးရင် ဒီကိစ္စအကြောင်း ဆက်ပြောကြမယ် ….”

တစ်ဖက်သူကို စကားပြောဆိုခွင့် မပေးဘဲ လင်းရီ ဖုန်းချလိုက်၏။

“ နည်းနည်း မပွင့်လင်းလွန်းဘူးလား … ဘာပဲဆိုဆို တစ်ဖက်က အစိုးရ အရာရှိပဲဟာ …..”

“ သူက ကျိုးဟိုင်က အရာရှိမှမဟုတ်တာ … စကားပတ်ဝေ့ပြီး အချိန်ဖြုန်းနေစရာ အကြောင်းမရှိဘူး … ပြီးတော့ သူလည်း ဘာကောင်မှ ဟုတ်တာမဟုတ်ဘူး ….”

လင်းရီသည် ဖုန်းကို ကျီချင်းရန်ထံ ပြန်ပေးလိုက်ပြီး “ အခု ပရောဂျက်နဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိလောက်တော့ဘူး … ကျန်တာကို မင်းပဲ ကိုင်တွယ်လိုက်တော့ … ငါ တစ်ခြား ကိစ္စလေးတွေရှိသေးလို့ သွားရတော့မယ် …”

“ အွန်း အွန်း ….”

ကျီချင်းရန် မတ်တပ်ရပ်လိုက်ပြီး လင်းရီကို အဝတ်အစားများ သပ်သပ်ရပ်ရပ် ဖြစ်အောင် ချိန်ညှိပေးလိုက်သည်။

“ နင် အစွမ်းအစ ရှိမှန်း ငါသိပါတယ် … ဒါပေမယ့် ဂရုစိုက်ဦး … ကိုယ့်ကိုယ်ကို အပင်ပန်း မခံနဲ့ …”

“ ငါ နားလည်ပါတယ် … စိတ်မပူပါနဲ့ ….” လင်းရီ ကျီချင်းရန်၏ ဝမ်းဗိုက်ကို ညင်သာစွာ ထိတွေ့လိုက်ပြီး အင်္ကျီလှန်၍ ဝမ်းဗိုက်အား ကြင်နာစွာ နမ်းရှုံ့လိုက်သည်။

“ ငါ သွားတော့မယ် … အလုပ်လုပ်ရင်လည်း ဂရုစိုက်ဦး ….”

“ အင်း … ဘာမှမပူနဲ့ ….”

ကျီချင်းရန်ကို စကားတစ်ချို့ မှာကြားပြီးနောက် လင်းရီသည် ချောင်ရန်အုပ်စုမှ ထွက်လာခဲ့ပြီး ရန်စီ ရှိသည့် နေရာသို့ မောင်းနှင်လာခဲ့သည်။

နှစ်သစ်ကူးကတည်းက သူတို့နှစ်ယောက်မှာ အချင်းချင်း မတွေ့ဖြစ်ကြသဖြင့် ယနေ့တွင် အချိန်တစ်ချို့ရှာပြီး သူမထံသို့ လည်ပတ်ရန် စီစဉ်ထားသည်။

ထိုစဉ် ချောင်ရန်အုပ်စု နားနေခန်းထဲ၌ ဝမ်ကျောက်တဲ့နှင့် အခြားသူများမှာ ကိုယ်စီ ထိုင်ခုံများတွင် သက်တောင့်သက်သာ ထိုင်နေရင်း ပရောဂျက် ကိစ္စ တိုင်ပင်ဆွေးနွေးနေခြင်း မပြုဘဲ ဆေးလိပ်သောက်ရင်း စကားပြောနေကြသည်။

“ အစ်ကိုဝမ် … ဥက္ကဌကျီရဲ့ သဘောထားကို ကြည့်ရတာ တော်တော်လေး တင်းမာနေတယ် … နောက်ဆက်တွဲ ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေတွေ ကျုပ်တို့ ရနိုင်ပါ့မလားနော် ….”

“ ကြီးကြီးမားမား ပြဿနာ ဟုတ်တာ ကျလို့ကွာ … ငါ အားလုံး စီစဉ်ပြီးသွားပြီ … တစ်ယောက်ယောက်က အခြေအနေကို သူ့ဆီ ရှင်းပြသွားလိမ့်မယ် ….”

“ အဲ့လိုဆို ကောင်းတယ် … ဒီငွေနဲ့ဆိုရင် ကျုပ်တို့လည်း ဟနေတဲ့ ငွေပမာဏကို ဖြည့်လို့ ရပြီ ….”

“ စောင့်သာကြည့်နေလိုက် … ငါ ကိုယ်တိုင် ရောက်လာပြီးမှတော့ အဆင်မပြေစရာ အကြောင်းရှိပါ့မလားကွာ ….”

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ ဝမ်ကျောက်တဲ့၏ ဖုန်းသံက မြည်ဟည်းလာသည်။

ဖုန်းပြောပြီးနောက် ဝမ်ကျောက်တဲ့၏ မျက်နှာအမူအရာမှာ စက္ကူတစ်ရွက်နှယ် ဖြူလျော်သွားခဲ့ပြီး ချွေးစေးများလည်း စီးကျလာခဲ့တော့သည်။

လူတိုင်း အေးခဲသွားခဲ့ကြ၏။

“ အစ်ကိုဝမ် … အခြေအနေ ဘယ်လိုလဲတဲ့ … ကိုင်တွယ်ပြီးသွားပြီလား ….”

“ ပြဿနာတော့ အကြီးကြီး တက်ပြီ … ငါတို့ ဒီပရောဂျက်ကို ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး ….”

“ ဘာ …”

ဤစကားကြားတော့ လူတိုင်း အံ့အားတကြီး ဖြစ်သွားခဲ့ကြသည်။

“ တစ်ယောက်ယောက်က ဆွေးနွေးညှိနှိုင်းပေးမယ်ဆို … မဖြေရှင်းရသေးဘူးတဲ့လား ….”

“ အစည်းဝေးလုပ်တုန်းက ဥက္ကဌကျီ ဘေးနား ထိုင်နေတဲ့ လူငယ်လေးကို မင်းတို့ သတိထားမိကြလား ….”

“ မြင်တယ်လေ … အတော်လေးတော့ ခန့်တယ် ….”

“ သူက ဥက္ကဌကျီရဲ့ ယောက်ျားပဲ … သူ့အထောက်အထားက အတော်လေး ပုံမှန် မဟုတ်ဘူး … ငါတို့ ဒီအတိုင်း ဆက်သွားနေရင် ငါတို့တင် မဟုတ်ဘူး … ငါ့အထက်လူကြီးပါ အောက်ဆွဲချခံရနိုင်ချေ ရှိတယ် ….”

ထိုစကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်နှာအရောင်များ သိသိသာသာ ပြောင်းလဲကုန်ကြသည်။

သူတို့ စိတ်ထဲတွင် လူငယ်လေးတစ်ဦး၏ ပုံရိပ်က ထွက်ပေါ်လာသည်။

ဒီလောက် အသက်ငယ်ငယ်လေးနဲ့ သူ့မှာ ဘယ်လို ရူးလောက်စရာ နောက်ခံတွေများ ရှိနေနိုင်မှာမို့လို့လဲ ….

“ ကဲ ကဲ တော်ပြီ တော်ပြီ … အလကား ထိုင်မနေကြနဲ့တော့ … ဥက္ကဌကျီနဲ့ တွေ့ပြီး အခြေအနေကို ရှင်းပြလိုက်ကြရအောင် ….”

“အိုကေ အိုကေ ….”

….

နာရီဝက်ခန့် ကြာပြီးနောက် လင်းရီသည် ရန်စီ၏ ကုမ္ပဏီ အဆောက်အဦးသို့ ရောက်ရှိလာခဲ့သည်။

ရုံးခန်းတံခါကို တွန်းဖွင့်လိုက်တော့ ရန်စီက ကွန်ပျူတာရှေ့တွင် ဗလာကျင်းစွာ ငေးငိုင်နေရင်း အတွေးနွံထဲ နစ်မြောနေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ဘာတွေဖြစ်နေတာ … ဘယ်သူက ဥက္ကဌရန်ကို စိတ်ဆိုးအောင် လုပ်လိုက်တာလဲ ….”

လင်းရီ ဝင်လာသည်ကို မြင်တော့ ရန်စီ၏ မျက်နှာထက်ရှိ အုံ့မှိုင်းနေသည့်သွင်ပြင်မှာ နေလာနှင်းအလား ကွယ်ပျောက်သွားခဲ့တော့သည်။

“ နင် လာမယ်ဆိုလည်း ဖုန်းကြိုဆက်ရောပေါ့ … ငါ ကုမ္ပဏီမှာ မရှိဘူးဆို ဘယ်လိုလုပ်မှာ …”

“ စပရိုက် ဖြစ်သွားအောင်လေ….” လင်းရီ ပြောလိုက်ပြီး “ စောနက ဘာတွေ အတွေးနက်နေတာလဲ ….”

“ ဟင်း …. ပြောမနေစမ်းပါနဲ့ဟယ် … ငါတော့ ဒီတစ်နှစ်လုံး ကံဆိုးနေလားတောင် မပြောတတ်ပါဘူး … ဘာလုပ်လုပ် ချောမွေ့တယ်ရယ်ကို မရှိဘူး ….” ရန်စီက စိတ်ပျက်လက်ပျက်လေသံဖြင့် သက်ပြင်းချလိုက်သည်။

“ ဘာတွေဖြစ်တာ … ဖြည်းဖြည်းချင်းပြော ….”

“ အခုတလော အတော်လေး နာမည်ကြီးလာတဲ့ လီမန့်မန့်ဆိုတဲ့ မင်းသမီးတစ်လက် ရှိတယ် … ငါ မနှစ်ကတည်းက သူနဲ့ ဆက်သွယ်ပြီး စာချုပ် လက်မှတ်ထိုးဖို့ လုပ်ထားတာ … အားလုံးလည်း အဆင်ပြေပြေ ရှိနေရဲ့သားနဲ့ တစ်ခြားတစ်ယောက်က ငါတို့ကို လာကျော်သွားတယ်လေ ….” ရန်စီရှင်းပြလိုက်သည်။

“ ပြီးတော့ အရင် အပတ်တုန်းကလည်း ရီဗျူးလုပ်ပေးဖို့ တောင်းဆိုထားတဲ့ ရုပ်ရှင်ကလည်း ပြန်ပို့ပေးလာခံရတယ် … ဒုံရင်းက ဒုံရင်းပဲ … တစ်ခုပြီးတစ်ခုကို ကံဆိုးနေတာ … ဘာတွေမှားနေမှန်းကို နားမလည်တော့ဘူး ….”

“ အရင်တစ်ခေါက် ငါတို့တွေ့တုန်းက မင်းပဲ နှစ်သစ်ကူးမှာ မီးပန်းတွေ လွှတ်ပေးစေချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား …. ကြည့်ရတာ ပြဿနာ နည်းနည်း ရှိသွားတယ်နဲ့တူတယ် .. နောက်တစ်ခါဆိုရင်တော့ အသံပိုကျယ်ကျယ်နဲ့ဆို အဆင်ပြေလောက်မယ် …”

All Chapters