နောက်ဆုံး တာဝန်
Vol. 170 Ch. 2422
ရန်စီ လင်းရီကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
“ နင့်အိုင်ဒီယာမဆိုးဘူး … သဘောကျတယ် … ဘယ်သွားကြမလဲ … ဟိုတယ်လား … ဒါမှမဟုတ် ရုံးခန်းထဲမှာပဲလား ….”
“ နေရာနဲ့ ပတ်သက်ပြီး ဂျေးမများတတ်တော့ ရုံးခန်းဆိုလည်း အဆင်ပြေပါတယ် …”
ရန်စီသည် ကလူကျီစယ်သည့် မျက်စတစ်ချက် ပစ်ပေးရင်း “ တံခါး သော့သွားခတ်လိုက် …”
“ ဝင်လာကတည်းက ခတ်ခဲ့ပြီးသား ….”
ရန်စီသည် သူမ၏ လက်မောင်းများကို လင်းရီ၏ လည်ပင်းပေါ် ရစ်ပတ်ထားရင်း ရမ္မက်ပြင်းသည့် အကြည့်တို့ဖြင့် ဆွဲဆောင်လျက် “ နင်က ကြိုပြီး စီစဉ်ထားတာပဲ … စိတ်ထဲ ကြံထားတာ အတော်ကြာပြီနဲ့တူတယ် ….”
“ ရောက်လာပြီးမှတော့ တစ်ခုခုတော့ လုပ်သွားရမှာပဲ ဟုတ်တယ်မလား …. လက်ဗလာနဲ့ ပြန်တဲ့ သူခိုးက ရာဇဝင် ရိုင်းသွားမှာပေါ့ …”
“ ဒါဆိုလည်း ငါ အားနာမနေတော့ဘူးနော် ….”
ဖြည်းညင်းစွာဖြင့် … ရန်စီသည် အောက်သို့ ထိုင်ချလိုက်ရင်း နီစွေးဆွဲဆောင်မှုရှိသည့် နှုတ်ခမ်းလေးများဖြင့် လည်ချောင်းနင်သည်အထိ အလုပ်များနေတော့သည်။
တစ်နာရီခန့်ကြာပြီးနောက် ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ခုကလည်း စိတ်ကျေနပ်မှုကိုယ်စီနှင့် အဆုံးသတ်သွားခဲ့၏။ ရန်စီမှာ ဆိုဖာပေါ်တွင် လဲလျောင်းနေရင်း အသက်ကို အငမ်းမရ ရှူရှိုက်လျက် “ ငါတော့ ခုနောက်ပိုင်း ကိုယ့်ကိုယ်ကို ညှာနေမိတာပဲ … တစ်နာရီလေးပဲ ရှိသေးတာကို လူက အသက်ထွက်တော့မတတ် ဖြစ်နေပြီ … ဒီရက်ပိုင်း မအားလည်း အားအောင်လုပ်ပြီး gym ဆော့ဦးမှနဲ့တူတယ် ….”
“ အချိန်မှန်မှန်ဆော့ … အဲ့တာမှလည်း ညှစ်အားက သန်တာ ….”
ရန်စီ မျက်လုံးလှိမ့်လိုက်ပြီး “ ကောင်းတဲ့စကား ပြောမှာ မဟုတ်မှန်း ငါသိသားပဲ …”
“ အဲ့တာတွေက ဘဝရဲ့ သာယာမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ စကေးတွေလေ … ကောင်းတဲ့စကားတွေပါ …. မင်းအတွက်လည်း ကောင်းတယ် … နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းတယ် ….”
“ နင်ရော အခုတစ်လော ဘာတွေလုပ်နေတာ … တစ်လောက သတင်းထဲမှာ Apple က ကိုယ်စားလှယ်တွေကို နင် ငြင်းလိုက်တဲ့ အကြောင်း သတင်းတက်လာတာ တွေ့လိုက်သေးတယ် ….”
“ သောက်ရူးတစ်သိုက်ပါကွာ ….” လင်းရီ အမောဖြေရင်း ပြောလိုက်ပြီး “ ပုံမှန်ကတော့ ရဲအလုပ်တွေနဲ့ပဲ အလုပ်များနေတာ … မနက်ဖြန်တောင် အမှုကိစ္စနဲ့ ကျင်းလင်ဘက်ကို ခရီးထွက်ဖို့ ရှိသေးတယ် … ဘယ်အချိန် ပြန်ရောက်မလဲ မသေချာလို့ မင်းဆီ လာတွေ့လိုက်တာ ….”
“ တကယ် ….”
“ အင်း … ဘာလဲဖြစ်လို့ …”
“ ငါတို့ ကုမ္ပဏီလည်း ကျင်းလင်မှာ ရုပ်ရှင်တစ်ကား ရိုက်နေတာ …” လင်းရီအပေါ် ခွလျက် ပြန်ထိုင်ရင်း “ နင် ပြန်မလာဘူးဆိုရင် ငါနင့်ကို လာရှာလို့တောင် ရတယ် ….”
“ ဒါဆို အတော်လေး အဆင်ပြေသွားတာပေါ့ …” လင်းရီသည် ရန်စီ၏ ခါးကို ဖက်ထားလိုက်ရင်း “ ဒါနဲ့ ရုပ်ရှင်ရိုက်တာကို ကျင်းလင်အထိ သွားရိုက်သေးတာလား …. ဆက်တင်တစ်ခု တည်ဆောက်လိုက်လို့ မရဘူးလား ….”
“ ဒါရိုက်တာလင်းက ဒီလောက်ထိ ပြောင်မြောက်နေမှတော့ ကျွန်မလည်း ကြိုးစားရတော့တာပဲ … မဟုတ်ရင် ငုံ့ကြည့်ခံနေရမှာလေ ….”
“ gym ဆော့တဲ့ နေရာမှာသာ အာရုံစိုက်ထားစမ်းပါ … ကျန်တာ ဘာမှ ကြိုးစားစရာ မလိုဘူး ….”
“ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ တကယ်ပဲ ….” ရန်စီ အပေါ်က ဆင်းရင်း “ တစ်ခုခု သွားစားကြစို့… ငါ ဗိုက်ဆာနေပြီ ….”
“ အင်း သွားစို့ ….”
ကုမ္ပဏီမှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်မှာ ဘာဘီကျူးစားသောက်ဆိုင်တစ်ခုတွင် ရိုးရိုးရှင်းရှင်း နေ့လည်စာ စားလိုက်ကြသည်။ ပြီးနောက် လမ်းများထက် လျှောက်လည်ရင်း လမ်းခွဲလိုက်ကြ၏။
ညနေပိုင်းတွင် လင်းရီသည် စူပါမားကတ်သို့ ဈေးဝယ်ထွက်ပြီး ပစ္စည်းတစ်ချို့ ဝယ်ယူကာ လီချူးဟန်၏ နေရာသို့ ရောက်လာသည်။ သူမကတော့ အလုပ်က မဆင်းသေးချေ။
အချိန်ကို တစ်ချက် တွက်ချက်ပြီးနောက် ဟင်းလေးပွဲနှင့် အရည်သောက်တစ်ပွဲကို ချက်ပြုတ်လိုက်၏။
ချလပ် …
ဟင်းပွဲများ အဆင့်သင့်ဖြစ်ပြီး မကြာမီ တံခါးတွန်းဖွင့်လာသည်။
လီချူးဟန်က အိတ်လွယ်ရင်း အထဲသို့ ဝင်ရောက်လာခဲ့၏။ လင်းရီနှင့် စားပွဲပေါ်ရှိ အငွေ့တထောင်းထောင်းနှင့် ပူပူနွေးနွေးဟင်းလျာများကို မြင်တော့ သူမ အေးခဲသွားခဲ့လေသည်။
“ နင် … နင် ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ …..”
“ ငါက ဒီရောက်နေလို့ မဖြစ်လို့လား ….” လင်းရီ ပြုံးလိုက်ပြီး “ ဒါမှမဟုတ် … ဒေါက်တာလီက ငါ ဒီလာတာကို မကြိုဆိုတာများလား ….”
“ မဟုတ်ပါဘူး ….” သူမ ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး ရင်ဘက်တစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်လျှံသွားခဲ့၏။ “ နင် လာမယ်လို့ ထင်မထားလို့လေ ….”
“ ကောင်းပြီ … လက်သွားဆေးတော့ … ဟင်းတွေက စားဖို့ အဆင်သင့်ပဲ ….”
“ အင်း ….”
လီချူးဟန် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့ပြီး ပွယောင်းယောင်း ပိုးထည် ညအိပ်ဝတ်စုံကို လဲပြု၍ ထမင်းစား စားပွဲသို့ ပြန်ရောက်လာခဲ့သည်။
“ အခု တစ်လော ဘာတွေ အလုပ်ရှုပ်နေတာ … ဆေးရုံမှာ ဟမ် … ဘာလို့ ငိုနေတာလဲ ….”
“ ဟင့်အင်း … ဒီတိုင်းပါပဲ … ဘာမှမဟုတ်ပါဘူး ….”
လီချူးဟန် မျက်ရည်များအား ဖယ်ရှားလိုက်၏။
“ ဘာမှမဟုတ်ဘူး ပြောနေသေးတယ်ပေါ့ ….”
“ အွန်း … ဒီတိုင်း …” လီချူးဟန် ညင်သာသည့် လေသံဖြင့် “ ဒီလိုမျိုး ပူပူနွေးနွေး ဟင်းတွေကို အမေရှိမှပဲ စားလို့ရတာလေ … အမေမရှိတဲ့နောက်ပိုင်း ကိုယ့်ဘာကိုယ်ပဲ ချက်စားရတော့တာ ….”
မျက်ရည်များ ကျဆင်းလာခဲ့၏။ သို့သော် သူမကတော့ ပြုံးနေလျက်ပင်။
အတိတ် အမှတ်တရများက နာကျင်ကောင်း နာကျင်နိုင်သည်။ သို့သော် လက်ရှိ အခိုက်အတန့်ကတော့ ချိုမြိန်ဖွယ်ရာ ကောင်းလှ၏။
လင်းရီ သူမ၏ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။
“ ငါ အားတဲ့အချိန်တိုင်း မင်းဆီ လာချက်ပေးမယ် ဟုတ်ပြီလား …..”
“ ငါ နင့်ကို နေ့တိုင်းနေ့ လာချက်ပေးဖို့ မတောင်းဆိုပါဘူး ….” သူမ ညင်သာစွာ ဆိုလိုက်ပြီး “ ဒီတိုင်း ခံစားသွားရလို့ပါ ….”
“ စားတော့ … ပြီးခဲ့တာတွေလည်း ပြီးပါစေတော့ … ကိုယ့်ရှေ့မှာ အနာဂတ်က ရှိနေသေးတယ်လေ ….”
“ အွန်း ….”
ကောင်းကင်ယံလည်း ဖြည်းဖြည်းချင်း မှောင်ရိပ်ကျဆင်းလာခဲ့ပြီး နှစ်ဦးမှာ အေးချမ်းပြီး နွေးထွေးသက်တောင့်သက်သာရှိသည့် ညနေစာကို အတူစားလိုက်ကြသည်။
စားသောက်ပြီးနောက် လီချူးဟန်က သာမန် အဝတ်အစားများ ပြန်လဲပြုပြီး အတူ ရုပ်ရှင်သွားကြည့်ကြ၏။
ည ဆယ်နာရီကျော်တော့မှပဲ လီချူးဟန်ကို အိမ်ပြန်ပို့ပေးခဲ့ပြီး လင်းရီ သူ့အိမ်သူ ပြန်လာခဲ့လိုက်သည်။
…..
နောက်တစ်နေ့ နံနက်ခင်း ၊ သူ အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေစဉ်တွင် ကျီချင်းရန်၏ အသံကို ကြားလိုက်ရ၏
“ မြန်မြန်ထတော့ … နင် ဒီနေ့ အလုပ်ခရီး ထွက်စရာ ရှိတယ်မလား … နောက်ကျနေတော့မယ် ….”
“ အင်း …..”
အိပ်စုံမှုန်မွှား အသံပေးရင်း စောင်ကို ဘေးသို့ လွင့်ပစ်လိုက်၏။ ထို့နောက် ရေချိုးခန်းထဲသွားကာ မျက်နှာသစ် သွားတိုက်သည်။
“ နင့်ကို အဝတ်တွေ ပြင်ထားပေးတယ် … လဲသွားဖို့ မမေ့နဲ့ဦး ….”
“ အိုကေ …” ရေချိုးခန်းထဲမှ လင်းရီ မပီမပြင် လေသံဖြင့် ပြန်ပြောလိုက်၏။
လင်းရီ ကျင်းလင်ဘက်သို့ အလုပ်ခရီး ထွက်ရမည်ဖြစ်ကြောင်း ကျီချင်းရန်၏ မိဘများ သိတော့ သူ့ကို စကားပေါင်းများစွာ မှာကြားနေလျက် ရှိတော့သည်။ လင်းရီ အလုပ်လုပ်ရင်း အန္တရာယ် တစ်စုံတစ်ရာနှင့် ကြုံတွေ့မှာကို သူတို့တွေ စိုးရိမ်နေကြ၏။
လင်းရီကို အလုပ်ထွက်လိုက်ဖို့ရာပင် အကြံပြုနေကြလေသည်။
မည်သို့ပင်ဆိုစေကာမူ သူ့လက်ထဲတွင်လည်း ငွေကြေးကိစ္စ ပူပင်စရာမလိုပါဘဲ … နောက်ပြီး မကြာမီတွင် ဖခင် တစ်ဦးလည်း ဖြစ်လာပေတော့မည်။ ယခုလို အသက်အန္တရာယ်ရှိသည့် အလုပ်မျိုးက မိသားစုဝင်များကို ရင်တထိတ်ထိတ်နှင့် အသက်ရှင်ရစေသည်။
လင်းရီလည်း မဆိုင်းမတွ သဘောတူလိုက်၏။
ဤအမှုက သူ့ ရဲအလုပ်အကိုင်၏ နောက်ဆုံးသော မစ်ရှင် ဖြစ်လိမ့်မည် ဖြစ်ကြောင်း အလိုလို ခံစားနေရသည်။
အမှုပြီးဆုံးသွားသည့်အချိန်က သူ အလုပ်ထွက်စာ တင်တော့မည့် အချိန်ပင်။
မနက်စာ စားသောက်ပြီးနောက် နှစ်ယောက်အတူ အလုပ်သို့ သွားကြသည်။
ကျီချင်းရန်၏ ယနေ့ အဝတ်အစားက ပို၍ အများအပြား သာမန်ဆန်နေသည်။ ဟူဒီ၊ ချွေးစုပ်ဘောင်းဘီ၊ စနိကာနှင့် တစ်ကိုယ်လုံးက ဖျတ်လတ်တက်ကြွမှုတို့ အပြည့်ဖြစ်နေခဲ့၏။
“ ငါ ဒီနေ့ ဘယ်လိုနေလဲ ….”
“ အတော်လေး စပိုက်စီ ဖြစ်တဲ့ မိန်းကလေးစတိုင်ပဲ ….”
ကျီချင်းရန် ရယ်မောလိုက်ပြီး “ ပြောတတ်လိုက်တာ … ငါက အခု စပိုက်စီဖြစ်တဲ့ မိန်းကလေး … နောင်ကျရင် စပိုက်စီဖြစ်တဲ့ မေမေ ဖြစ်လာတော့မှာ …”
( စပိုက်စီ = Hot )
“ ငါ့ကို ရေနည်းနည်းလောက် ….”
“ ခုကတည်းက သည်း(သီး)နေပြီလား ….”
“ မင်းရဲ့ အစပ်တွေကြောင့်လေ ….”
ကျီချင်းရန် ခေတ္တ အေးခဲသွားခဲ့သည်။ ထို့နောက် ကျယ်လောင်စွာ အားပါးတရ ရယ်မောလိုက်၏။
“ နင်ဆို အရမ်း စိတ်တိုဖို့ကောင်းတာပဲ ….”
စားသောက်ပြီးနောက် နှစ်ယောက်အတူ မောင်းထွက်လာခဲ့ကြသည်။
“ ကျင်းလင်မှာ အမှုသွားဖြေရှင်းတဲ့အချိန် ကိုယ့်လုံခြုံရေးကို မမေ့နဲ့နော် ….” ကုမ္ပဏီ ကားပါကင်သို့ ရောက်တော့ ကျီချင်းရန်က အမှာစကားဆိုလိုက်၏။
“ တကယ်လို့ တစ်ခုခုဆို ငါ ယွမ်ယွမ်ကို ဆက်သွယ်လိုက်မယ် … ဒီက ကိစ္စတွေ နင် ဘာမှ မပူနဲ့ … အမေတို့လည်း ရှိတယ် ….”
“ အင်း … မွှေးမွှေးပေးပါဦး …”
ကျီချင်းရန် အနားသို့ တိုးကပ်လာခဲ့ပြီး နီမြန်းနေသည့် အမူအရာဖြင့် လင်းရီ၏ ပါးတစ်ဖက်သို့ အနမ်းပေးလိုက်သည်။
နှုတ်ဆက်အနမ်း ရပြီးနောက် လင်းရီလည်း ပြန်ထွက်လာခဲ့လိုက်၏။
…
ရှင်းရှန်းရဲစခန်း၌။
ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့မှာ စာရွက်စာတမ်းများနှင့်အတူ ရယ်ဒီ ဖြစ်နေသည်။
“ အစ်ကိုဟွေ့ … ကျုပ် မနေ့က ဒီမှာမရှိတုန်း အမှုနဲ့ ပတ်သက်ပြီး တစ်ခုခု တိုးတက်တာများ ရှိသေးလား …” လင်းရီ မေးမြန်းလိုက်သည်။
ကျန်းဟွေ့ ပခုံး တွန့်ပြလိုက်၏။ “ အရင် အတိုင်းပဲ … သဲလွန်စတွေ အကုန်လုံးက ကျင်းသုန်ရွာကို ညွှန်ပြနေတယ် … အချိန်ဖြုန်းမနေတော့ဘဲ သွားစို့ ….”
“ အိုကေ … ကျုပ်ကားလည်း အဆင်သင့်ပဲ …”
ကျင်းလင်နှင့် ကျိုးဟိုင်က ကီလို ၃၀၀ လောက် ဝေးကွာသည်။ လေယာဉ်စီးသွား၍ ရသော်လည်းပဲ သုံးနာရီကြာ ကားမောင်းခရီးက ၎င်းတို့အတွက်တော့ ပိုပြီး အဆင်ပြေလှ၏။
“ ဒီနေ့တော့ မင်းနားကပ်စီးလိုက်ပါဦးမယ် … အပြန်ကျ ဆီဖြည့်ပေးမယ် ဟုတ်ပြီလား …”
“ မလိုပါဘူး … ပိုက်ဆံလည်း အဲ့လောက် မကုန်ပါဘူး …”
သုံးယောက်မှာ စာရွက်စာတမ်းများ စုစည်းပြီးနောက် လင်းရီ၏ အဲဖာ့ဒ်ထဲသို့ ဝင်ရောက်ကာ ကျင်းလင်သို့ ဦးတည်လိုက်ကြသည်။
“ အဲဖာ့ဒ်တွေက သက်တောင့်သက်သာ ရှိတယ်လို့ လူတွေ ပြောသံတာ ကြားဖူးတာ အခုတော့ ပထမဆုံးအကြိမ် စီးဖူးသွားပြီ ….” ကျူးကျွင်းချီက အထင်ကြီးစွာ ဆိုလိုက်သည်။
“ ကြိုက်ရင် အချိန်မရွေးယူမောင်းလေ … ကျုပ်မှာ နောက်ကားတစ်စင်း ရှိသေးတယ် ….” လင်းရီ ရက်ရောမှု အပြည့်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
“ အဲ့လိုတော့ ဘယ်ဖြစ်မှာ … မင်းရဲ့ စေတနာကိုပဲ လက်ခံလိုက်မယ် ….” ကျူးကျွင်းချီ ပြန်ပြောလိုက်သည်။
“ ဒါနဲ့ ဒီလောက်ဆိုရင် မင်းရဲ့ မိသားစု အခြေအနေကလည်း အကောင်းသားကြီးပါ … ဘာလို့ ရဲလုပ်နေရတာလဲ … ဒီအလုပ်က လွယ်တဲ့ အလုပ်လည်း မဟုတ်ဘူးလေ ….”
“ ဒီတိုင်း အလုပ်အတွေ့အကြုံ လာယူတာလေ … မဟုတ်လည်း ဒီတိုင်း ထိုင်နေရမှာ ပျင်းလို့ ….”
“ ဟားဟား ….”
နှစ်ယောက်မှာ ရယ်မောမိသွားခဲ့ကြပြီး “ မင်းတို့ အခုခေတ် လူငယ်တွေကိုတော့ ငါ တကယ်ပဲ နားမလည်နိုင်တော့ဘူး ….”
ရယ်မောပြောဆိုရင်းဖြင့် သုံးယောက်သား ကျင်းလင်ရွာသို့ မောင်းထွက်လာခဲ့ကြသည်။
“ ရှေ့က လမ်းကျဉ်းလေးထဲ မောင်းလိုက် … အဲ့တာ ကျင်းသုန်ရွာဆီ သွားတဲ့ လမ်းဖြစ်မယ် …”
“ ဒေသခံ ရဲစခန်းကို အရင်သွားကြတာပေါ့ … “ ကျန်းဟွေ့ ပြောလိုက်ပြီး “ သူတို့ရဲ့ ပူးပေါင်းပေးမှုလည်း လိုအပ်သေးတယ် …”