← Chapters

ဂြိုလ်ဆိုး

Vol. 170 Ch. 2424

ဂြိုလ်ဆိုး

Vol. 170 Ch. 2424

“ မင်း ခဏနေစမ်းပါ … ငါ ဒီမှာ အလုပ်များနေတာ မင်း မမြင်ဘူးလား …..”

လီပေါင်းလုံက စိတ်မရှည်သည့် လေသံဖြင့် ပြန်ပြောလိုက်၏။

“ ကျွန်မ အရေးကြီး ကိစ္စ ပြောစရာရှိလို့ …. ရှင် ခဏနေတော့မှ ဆက်ပြောတော့ရော ဘာထူးသွားမှာမို့လို့ …. နည်းနည်းလေးစောင့်ခိုင်းလိုက်ရလို့ ဘာမှ ဖြစ်မသွားပါဘူး ….”

လီပေါင်လုံ မျက်မှောင်ကြုတ်သွားခဲ့သည်။ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်မှာ သိသာသည်။ ပြီးနောက် ကျန်းဟွေ့နှင့် အဖော်နှစ်ဦးဘက်သို့ လှည့်၍ ကူကယ်ရာမဲ့နေသည့် လေသံဖြင့် “ အရာရှိကြီးတို့ … စိတ်တော့ မရှိနဲ့ကွာ … ငါ အထဲ ခဏသွားလိုက်ဦးမယ် … သူကလည်း ဘာဖြစ်ချင်နေမှန်း မသိပါဘူး ….”

“ ရပါတယ် … ခင်များ လုပ်စရာရှိတာ အရင်သွားလုပ်ပါ ….” ကျန်းဟွေ့ နားလည်မှုရှိစွာဖြင့် ပြန်ပြောလိုက်၏။

လီပေါင်းလုံ မတ်တပ်ရပ်ပြီး အထဲသို့ ဝင်သွားခဲ့ကာ လင်းရီတို့ သုံးယောက်ကို ခြံဝန်းထဲ လက်ဖက်ရည်သောက်ခိုင်းရင်း ချန်ထားရစ်ခဲ့လိုက်သည်။

“ လေသံနားထောင်ကြည့်ရသလောက်ကတော့ လီပေါင်းလုံရဲ့ ဇနီးနဲ့တူတယ် …” ကျူးကျွင်းချီ တိုးတိုးပြောလိုက်သည်။

ကျန်းဟွေ့ ခေါင်းညိတ်လိုက်၏။

“ အင်း … သူ့ ပုံစံကြည့်ရတာတော့ ငါတို့ကို ကြည်ဖြူတဲ့ပုံ မပေါ်ဘူး ….”

“ ငါတို့ကို မကြည်ဖြူတာ မဟုတ်ဘဲ လီပေါင်လုံကို အမြင်မကြည်တာလားမှ မသိတာ …” ကျူးကျွင်းချီ ပြောဆိုပြီးနောက် ထပ်ပေါင်းပြောလိုက်၏။ “ လင်မယား ဆက်ဆံရေးက သိပ်မကောင်းဘူးနဲ့တူတယ် ….”

“ အင်း … ဟုတ်မှာ ….”

နှစ်ဦးလုံး ဆက်မတွေးကြတော့ပေ။ သူတို့ချင်းမှာ ယခင်က အဆက်အဆံလည်း မရှိခဲ့ဖူးသလို … နောက်ပြီး မိမိတို့က ရဲအရာရှိများ ဖြစ်ကြ၏။ အကြောင်းမဲ့ ရန်လိုနေခြင်းကတော့ မဖြစ်နိုင်ပေ။

လင်းရီ လက်ဖက်ရည်ခွက်ကို ကိုင်ပြီး ညင်သာစွာ တစ်ကျိုက်မော့သောက်လိုက်သည်။

ဇနီးဖြစ်သူ၏ အမူအရာက သူတို့ ရွာထဲ ဝင်လာစဉ် ရွာသားများ ဝိုင်းကြည့်သည့် အကြည့်တစ်ချို့ကို ပြန် အမှတ်ရသွားစေခဲ့လေသည်။

အကုန်လုံးက အင်မတန် သတိကြီးစွာ ထားနေကြပြီး သာမန်လျှံကာ သိလိုစိတ် ပြင်းပြရုံမျှ မဟုတ်ကြပေ။

ယင်းက လင်းရီကို အတော်လေး စူးစမ်းချင်သွားစေခဲ့၏။ တစ်ခုခုကတော့ မူမမှန်ပေ။

ထိုအချိန် လီပေါင်းလုံနှင့် ဇနီးဖြစ်သူကတော့ အိမ်ထဲ ရောက်ရှိနေကြသည်။

“ မင်း ငါ ဧည့်သည်တွေနဲ့ စကားပြောနေတာ မမြင်ဘူးလား … နည်းနည်းလေးတောင် ထပ်မစောင့်နိုင်တော့ဘူးလား …” လီပေါင်းလုံက စိတ်မရှည်သည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။

“ ရှင် ကျွန်မ အစ်ကိုကြီးကို ဘာကိစ္စ ဆွဲထည့်လိုက်တာလဲ ….” လီပေါင်းလုံ၏ ဇနီး စုန့်ရှုလန်က ပြောလိုက်သည်။

“ ဒီတိုင်း မေးမြန်းရုံလောက်ပါကွာ ….”

“ ရှင် မေ့သွားပြီလား … တစ်လောတုန်းက ကျွန်မတို့ရွာကို တာအိုရသေ့ကြီး တစ်ပါး ရောက်လာခဲ့ပြီး ရွာထဲ ကပ်ဆိုးတစ်ခု ရောက်လာတော့မယ်လို့ ပြောခဲ့တယ်လေ … ရွာသားတွေကိုတောင် အပြင်လူတွေနဲ့ အဆက်အဆံ သိပ်မလုပ်ဖို့ သတိပေးသွားခဲ့သေးတယ် …”

“ မင်း ဘာပေါက်ကရတွေ လျှောက်ပြောနေတာတုန်းကွ …” လီပေါင်းလုံ ကျိန်ဆဲလိုက်ပြီး “ သူတို့က ရဲအရာရှိတွေ … မင်း ပါးစပ်ထဲကြမှ ဘယ်လိုဖြစ်ပြီး ‘ဂြိုဟ်ဆိုး’တွေ ဖြစ်ကုန်ရတာလဲ ….”

“ ကျွန်မက ဒီတိုင်း စိတ်ပူမိရုံပါပဲ …” စုန့်ရှုလန် ပြောလိုက်ပြီး “ ရွာက ခုနောက်ပိုင်း သိပ်အေးချမ်းတာ မဟုတ်ဘူး … အပြင်လူတွေနဲ့ အဆက်အဆံလုပ်တာ ရှောင်သင့်တယ် ….”

“ အဲ့လောက်ထိ တယူသန် အယူမသည်းစမ်းပါနဲ့ကွဦ ….” လီပေါင်းလုံ ပြောလိုက်ပြီး “ အိမ်ထဲမှာနေ … ငါ့အလုပ်ကို မင်း ဝင်မစွက်ဖက်နဲ့ ….”

စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် … အိမ်ပြင်သို့ ပြန်ထွက်လာခဲ့သည်။

“ စောနက ကိစ္စအတွက် တောင်းပန်ပါတယ် … မိသားစု ကိစ္စလေးပါ … အခု စကားဆက်ပြောကြတာပေါ့ ….”

“ ကျုပ်တို့ဘက်က ဒီလူတွေအကြောင်း နည်းနည်း သိချင်ရုံလောက်ပါပဲ… ရွာလူကြီးက ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ် ….” ကျန်းဟွေ့ ပြောလိုက်သည်။

“ ဒါပေါ့ ဒါပေါ့ … ငါ့ယောက်ဖကို အခုချက်ချင်းပဲ ဖုန်းဆက်ခေါ်လိုက်မယ် ….”

လီပေါင်းလုံသည် သူ့ဖုန်းကို ထုတ်၍ ဖုန်းခေါ်ဆိုမှု ပြုလုပ်လိုက်သည်။ သို့သော် စိုက်ကွင်းထဲ အလုပ်များနေသဖြင့် တစ်နာရီကျော်ပြီးမှသာ ရောက်လို့လာသည်။

“ ဘယ်သူ့အကြောင်း သိချင်တာတုန်း …..”

လူကို မမြင်ရသေးခင်မှာပဲ အသံကို အရင်ကြားလိုက်ရ၏။

ဂျက်ကတ်အမည်းဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးက အပြင်မှ ဝင်ရောက်လာခဲ့ပြီး သူ့အသားအရေကလည်း နေလောင်ဒဏ်ကြောင့် ညိုမည်းနေသည်။ မျက်လုံးထောင့်စွန်းတွင်လည်း အရေးအကြောင်းတို့ ဖြစ်ပေါ်နေပြီး ဦးခေါင်းထက်တွင်လည်း ဆံပင်ဖြူတို့ အတော်များများ ပေါက်ရောက်နေလျက်ရှိသည်။

လီပေါင်းလုံနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက သူ့ပုံစံက ပိုပြီးတော့ တောင်သူဦးကြီးသွင်ပြင်နှင့် ကိုက်ညီသည်။

ဤသည်ကတော့ တောင်ယာလုပ်ရင်း အသက်မွေးဝမ်းကြောင်း ပြုနေသည့် လီပေါင်းလုံ၏ ယောက်ဖ … စုန့်ကော်ဖူပင်။

“ ကျုပ်လည်း သိပ်မရှင်းသေးဘူး ယောက်ဖ … အထဲကို အရင်ဝင်ဦး … ထိုင်ရင်း အေးဆေး ပြောကြတာပေါ့ …”

စုန့်ကော်ဖူ ဝင်လာခဲ့ပြီးနောက် လင်းရီနှင့် အခြားနှစ်ဦးကို မြင်တွေ့သွားခဲ့ပြီး ရိုးရိုးရှင်းရှင်း ခေါင်းညိတ်ပြလိုက်သည်။

သူတို့သုံးဦးလုံး အပြုံးကိုယ်စီနှင့် တုံ့ပြန် နှုတ်ဆက်လိုက်ကြ၏။

“ ယောက်ဖ … ဒီလူတွေက ကျိုးဟိုင်က ရဲအရာရှိတွေ … သူတို့မေးသမျှကို ဖြေပြီး ပူးပေါင်းပေးလိုက် ….” လီပေါင်းလုံ ပြောလိုက်သည်။

“ အေးအေး …” စုန့်ကော်ဖူ အနည်းငယ် စိုးရိမ်ကြောက်လန့်သွားခဲ့ပြီး “ ငါ့လက်တွေ အရင်သွားဆေးလိုက်ဦးမယ် … လူက အတော်လေး ညစ်ပတ်နေတာ ….”

“ ရပါတယ် … ကျုပ်တို့လည်း အလျင်မလိုပါဘူး ….” ကျန်းဟွေ့ ပြုံးလျက် ပြောဆိုလိုက်သည်။

မကြာမီ စုန့်ကော်ဖူသည် အနည်းငယ် သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်လာခဲ့ပြီး လွတ်နေသည့် နေရာသို့ ဝင်ထိုင်လိုက်၏။

“ ဒီက ရဲအရာရှိကြီးတို့က ဘာများ သိချင်တာလဲ မသိဘူး ….”

ကျူးကျွင်းချီသည် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို လီကော်ဖူထံ တွန်းပို့ပေးလိုက်ပြီး “ အရင်ဆုံး ဒီလူတွေကို တစ်ချက်အရင် ကြည့်လိုက်ပါဦး … ခင်များ သူတို့ကို မှတ်မိလား ….”

စုန့်ကော်ဖူသည် အနည်းငယ် စိုထိုင်းနေသေးသည့် လက်ကို အင်္ကျီစဖြင့် သုတ်လိုက်ပြီး ကျူးကျွင်းချီ ကမ်းပေးလာသည့် စာရွက်များအား ကောက်ကိုင်ကြည့်လိုက်သည်။

ပြီးနောက် … သူ့မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့တော့၏။

“ ဘယ် … ဘယ်လိုတွေ ဖြစ်ရတာလဲ … သူတို့အကုန်လုံး တစ်ခုခု ဖြစ်သွားခဲ့ကြတာများလား …..”

ကျူးကျွင်းချီ ခေါင်းညိတ်လိုက်သည်။ “ ဒါတွေ အကုန်လုံးက အရင် လဝက်အတွင်း ဖြစ်သွားခဲ့တာတွေပဲ … ခင်များရဲ့ အမူအရာကို ကြည့်ရသလောက်ဆိုရင် ခင်များ သူတို့ကို မှတ်မိတယ်နဲ့တူတယ် ….”

“ အင်း ……”

စုန့်ကော်ဖူ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး “ အကုန်လုံးက တစ်ရွာတည်းသားတွေ ၊ အတူကြီးပြင်းလာကြတဲ့လူတွေ … ဒါပေါ့ … သူတို့ကို မှတ်မိတာပေါ့ … ဒါပေမယ့် နောက်ဆုံးတွေ့ဖြစ်ခဲ့တာ အရင် နှစ် ၂၀ ကျော် ၃၀ လောက်ကဆိုတော့ အရမ်းကြီး မရင်းနှီးကြတော့ဘူး ….”

“ အဆင်ပြေပါတယ် …. ခင်များ မှတ်မိသလောက်သာ ပြောပါ ….” ကျူးကျွင်းချီ ပြောလိုက်ပြီး “ ကျုပ်တို့ ဒီတစ်ခေါက် ရောက်လာခဲ့တာက သတင်းအချက်အလက်တစ်ချို့ စုဆောင်းချင်လို့ပဲ ….”

“ ဒါက ….”

စုန့်ကော်ဖူ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ပြီး “ အရာရှိကြီးက အဲ့လိုပြောလာတော့ ငါ ဘယ်က စပြောရမှန်းတောင် မသိတော့ဘူး …. ငါတို့ချင်းက ကလေးတုန်းကလောက်ပဲ အတူဆော့ကစားခဲ့ဖူးတာ … ဘယ်အကြောင်း ပြောပြရမှန်း တကယ်ကို မသိတာ ….”

သုံးဦးသား အကြည့်ချင်း ဖလှယ်မိလိုက်ကြပြီး လင်းရီ မေးမြန်းလိုက်၏။

“ အဲ့တုန်းက ခင်များအပြင် တစ်ခြား ဘယ်သူတွေ သူတို့နဲ့ တွဲသွားတွဲလာ လုပ်သေးလဲ ….”

“ ငါတို့ချင်း အတူ ကစားဖြစ်ကြတယ်ဆိုပေမယ့် ဒီတိုင်း သာမန် သူငယ်ချင်းတွေလောက်ပဲ … အဲ့ငါးယောက်ကမှ တကယ် ရင်းနှီးကြတာ ….”

သုံးဦးလုံး၏ အမူအရာများ လေးနက်တည်ကြည်လာသည်။

“ ခင်များပြောတဲ့ ငါးယောက်က ဘယ်သူတွေလဲ ….”

“ စဉ်းစားစမ်း ….” စုန့်ကော်ဖူ ရေရွတ်ရင်း ခေတ္တအတွေးနက်သွားခဲ့ပြီး “ လီအာကျူးဇီ … အဲ့တုန်းက သူတို့ အကုန်လုံး အတူ ထွက်သွားခဲ့ကြတာပဲ … အဲ့တုန်းကတည်းက မတွေ့ဖြစ်တော့တာ အခုထိပဲ ….”

“ လီအာကျူးဇီဆိုတဲ့သူရဲ့ နာမည်ရင်းက ဘာလဲ ….”

“ လီ .. လီဟုန်ကျူး …. စီချွမ် စီရင်စုဘက် ထွက်သွားခဲ့တယ်လို့တော့ ပြောသံကြားတာပဲ …. ငါ သိတာ အဲ့သလောက်ပဲ ….”

“ စီချွမ် စီရင်စု …..”

လင်းရီ ရေရွတ်လိုက်ပြီး “ ကျုပ်ကြားမိတာတော့ သူတို့တွေ မြို့က ပြန်လာပြီး တစ်ည ၊ နောက်နေ့မနက်ရောက်တော့ ရွာကနေ အကုန် ထွက်သွားခဲ့ကြတာဆို … ကျုပ်တို့ကတော့ မြို့မှာ သူတို့ကို ရွာကနေ ထွက်သွားစေမယ့် ကိစ္စ တစ်ခုခု ဖြစ်ခဲ့တယ်လို့ ယူဆတယ် …. ခင်များရော အဲ့အကြောင်း သိလား ….”

“ ငါ တကယ်ပဲ အဲ့အကြောင်းကို မသိတာပါ ….” စုန့်ကော်ဖူ ပြောလိုက်ပြီး “ တစ်ခြားမပြောနဲ့ … သူတို့ ဘယ်အချိန် ထွက်သွားမှန်းတောင် မသိလိုက်ရတာ ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။

သူတို့ကြား ဆက်ဆံရေးကိုလည်း ပိုပြီး ရှင်းလင်းလာသည်။

ဆိုတော့ စုန့်ကော်ဖူနဲ့က ဒီတိုင်း သာမန် ကလေးဘဝ သူငယ်ချင်းပဲပေါ့ … အဓိကအုပ်စုက အဲ့ငါးယောက်ပဲ …

“ သူတို့တွေ ငယ်ငယ်တုန်းက မြို့ဘက်ကို မကြာခဏ သွားကြတာလား ….”

“ မကြာခဏလို့တော့ ပြောလို့မရဘူး .. ဒါပေမယ့် မြို့ဘက်ကို အကြိမ်ရေ နည်းနည်း ရောက်ဖူးတာတော့ အမှန်ပဲ ….”

သုံးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကျန်းဟွေ့က “ ခင်များ အပြင် ရွာထဲမှာ သူတို့နဲ့ ရင်းနှီးတဲ့လူ ဘယ်သူရှိသေးလဲ … ပိုပြီး အသေးစိတ်ကျကျ သိမယ့်လူ တစ်ယောက်ယောက်ပေါ့ ….”

“ ငါ စဉ်းစားဦးမယ် ….”

စုန့်ကော်ဖူ ရေရွတ်လိုက်ပြီး “ ကျန်းဝန်ဟွားကို မေးကြည့်လို့ရတယ် …. သူနဲ့ မာဟိုင်ချန်က ရင်းနှီးတယ်လို့ ဆိုရမယ် …. ဒါပေမယ့် မာဟိုင်ချန်က ရုတ်တရက် ထွက်သွားခဲ့တော့ သူတို့ရဲ့ ပတ်သက်မှုကလည်း အဆုံးသတ်သွားခဲ့တယ် ပြောရမှာပဲ ….”

“ အဲ့လူက ဘယ်မှာလဲ … သူ့ကို လှမ်းခေါ်လိုက်လို့ ရလား ….”

“ ဒါတော့ နည်းနည်းခက်လောက်မယ် …” စုန့်ကော်ဖူ ပြောလိုက်ပြီး “ မာဟိုင်ချန် ရွာက ထွက်သွားပြီး လနည်းနည်းကြာတော့ သူ့မိသားစုက သူ့ကို အိမ်ထောင်ချပေးလိုက်တယ် … အဲ့တာနဲ့ သူလည်း ကျင်းလင်ဘက်ကို ထွက်သွားခဲ့တာပဲ … ဒီနှစ်တွေတစ်လျှောက်လုံး မြို့ပေါ်မှာပဲ ရှိနေတာ ….”

“ ကျန်းဝန်ဟွားနဲ့ကော အဆက်အသွယ်ရှိလား ….”

“ အင်း …. မကြာခဏ ဆက်သွယ်ဖြစ်တယ် ပြောရမယ် …” စုန့်ကော်ဖူ ပြောလိုက်ပြီး “ သူ့မိဘတွေက သက်ရှိထင်ရှား ရှိနေတုန်းပဲလေ .. ပြီးတော့ သူ့မောင်ကလည်း ရွာမှာပဲ … တစ်ခါတစ်လေ ရွာကို ပြန်လာတတ်တယ် … မာကျောက်တောင် အတူကစားဖူးသေးတယ် … သူက အတော်လေး ကောင်းစားနေတာကွ … မာစီးတီးဂွေတောင် ကိုင်နိုင်နေပြီ …”

ကျန်းဟွေ့ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး “ ငါးနာရီတောင် ထိုးတော့မယ် … ကျန်းအိမ်ကို သွားပြီး ကျန်းဝန်ဟွားရဲ့ လိပ်စာကို သွားတောင်းကြတာပေါ့ ….”

“ ငါ မင်းတို့ကို အဲ့နေရာ ခေါ်သွားပေးမယ် …” လီပေါင်းလုံ ပြောလိုက်သည်။

All Chapters