← Chapters

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း (၃၁၁)

ဤသည်ကား ဒဏ်ရိုက်ခြင်းထက်ပင် ပို၍ ပြင်းထန်လှပေသည်

ထိုစကားကို ကြားလျှင် လျန်ထျန်းသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် တည်ကြည်လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

“မင်းတို့တွေက သင်ခန်းစာ မရသေးတာပဲ...။ ပေးရတဲ့ ပြစ်ဒဏ်က မနာသေးဘူး ထင်တယ်...၊ အခုထိ လူကို လက်ပါဝံ့သေးတယ်ပေါ့...။”

“မင်းတို့ ဆိုင်ရှေ့မှာသာ ရန်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီစီးပွားရေးလုပ်ငန်းကို တကယ် ဆက်မလုပ်ချင်တော့တာပဲ ဖြစ်ရမယ်...။”

ထိုလူသုံးဦးသည် လျန်ထျန်းကို ဝိုင်းရံထားကြပြီး ၎င်းတို့အနက် ရိုင်းစိုင်းကာ အနိုင်ထက်စီးနင်း ပြုတတ်သူက နှာခေါင်းတစ်ချက် ရှုံ့လျက် အေးစက်စွာ ဆိုလိုက်သည်။

“မင်းလို နိမ့်ကျတဲ့ အစားအသောက်ပို့ဆောင်သူက ဘာကိစ္စ တခြားသူကိစ္စကို လာပြီး ဝင်စွက်ဖက်နေရ တာလဲ...။”

“လောလောဆယ် ဒူးရင်းသီးဈေးနှုန်းတွေက မိုးအထိ မြင့်တက်နေတာ...။ ငါတို့ ညီအစ်ကိုတွေက ဒူးရင်းသီး တော်တော်များများကို ဈေးပေါပေါနဲ့ ဝယ်ထားပြီး ဒီကာလမှာ အခွင့်ကောင်းယူပြီး စည်းစိမ် အကြီးအကျယ် ရှာဖို့ ကြံစည်ထားတာ...။”

“နောင်အနာဂတ်မှာ ငါတို့ရဲ့ စီးပွားရေးနဲ့ ဈေးကွက် ဘာဖြစ်ဖြစ် ငါတို့နဲ့ မဆိုင်ဘူး...။ အခု မင်းက ငါတို့ရဲ့ ရွှေလမ်းငွေလမ်းကို လာပိတ်နေတာပဲ...၊ ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ မဟုတ်ဘူးလား...။”

ထိုစကားကို ကြားရသောအခါ လျန်ထျန်းသည် အကြောင်းစုံကို နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“ဒါဆို မင်းတို့က ရေရှည် စီးပွားရေးလုပ်ဖို့ ရည်ရွယ်ချက် လုံးဝမရှိဘဲ လူတွေကို တတ်နိုင်သမျှ ဉာဏ်ဆင်ပြီး အမြတ်ကြီးစားဖို့ပဲ ကြံစည်နေကြတာပေါ့...။”

“ကောင်းပြီ...၊ ဒီလိုဆိုရင်တော့ မင်းတို့ရဲ့ အကြံအစည်ကို အောင်မြင်ခွင့် လုံးဝ မပေးနိုင်ဘူး...။ မဟုတ်ရင် နောင် ဘယ်နှယောက်တောင် ဉာဏ်ဆင် လှည့်ဖြားခံရဦးမလဲ မသိနိုင်ဘူး...။”

ထိုရိုင်းစိုင်းသော လူက အထိန်းအကွပ်မဲ့စွာ လှောင်ပြုံး ပြုံးလိုက်ပြီး -

“မင်းလို နိမ့်ကျတဲ့ အစားအသောက်ပို့ဆောင်သူက ဘာတတ်နိုင်မှာမို့လို့လဲ...၊ ဈေးကွက်ကြီးကြပ်ရေးဌာနကို ထပ်တိုင်မလို့လား...၊ ဒါမှမဟုတ် ရဲဌာနကို လှမ်းခေါ်မလို့လား...။”

“ငါ ပြောပြလိုက်မယ်...၊ ငါတို့က ဘာမှ မကြောက်ဘူး...။ ဘာလို့လဲဆိုတော့ ငါတို့က မင်းကို ရိုက်နှက်မှာလည်း မဟုတ်ဘူး...၊ ဘာမှလည်း လုပ်မှာ မဟုတ်ဘူး...၊ မင်းကို ဒီအတိုင်း ပိတ်ဆို့ထားရုံတင်ပဲ...။”

“မင်းကို ဒီနေရာမှာပဲ ဆွဲထားပြီး ပေးမထွက်ဘူး...။ တကယ်လို့ မင်းက အတင်းအဓမ္မ တိုးထွက်ဖို့ ကြိုးစားရင် တော့ မင်းက ငါတို့ကို ကိုယ်ထိလက်ရောက် စော်ကားပါတယ်ဆိုပြီး ငွေညှစ်ပစ်မယ်...။ အနည်းဆုံးတော့ ငွေဒင်္ဂါး တစ်သောင်း ပေးလျော်စေရမယ်...။ မင်းရဲ့ စိတ်ဝိညာဉ်ပါ ပြိုလဲသွားစေရမယ်...။”

ဤလူသုံးဦးသည် လူမိုက်လူသွမ်းများ ပီပီ လျန်ထျန်းကို ဝိုင်းရံပိတ်ဆို့ထားပြီး ထွက်ခွာခွင့်မပြုချေ။

ဤအခြေအနေသည် သာမန် ပို့ဆောင်ရေးသမားတစ်ဦးအတွက်မူ အလွန် အရေးကြုံလှသည့် ကိစ္စဖြစ်ပေသည်၊ အကြောင်းမူကား ၎င်းတို့အတွက် အချိန်သည် ငွေကြေးကဲ့သို့ တန်ဖိုးရှိသောကြောင့် ဖြစ်သည်။

ထို့ပြင် ယုတ်မာရိုင်းစိုင်းသော လူသုံးဦး၏ ဝိုင်းရံပို့ဆောင်ခြင်းကို ခံရလျှင် မည်သူမဆို ထိတ်လန့်တုန်လှုပ်မိမည် မှာ အမှန်ပင်ဖြစ်ရာ အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှုကိစ္စနှင့် ကြုံတွေ့ရခြင်း ဖြစ်လေသည်။

သို့သော်လည်း လျန်ထျန်းမှာမူ တည်ငြိမ်ရင့်ကျက်စွာပင် ရှိနေပြီး ထိုလူသုံးဦးကို နှိမ်နင်းမည့် နည်းလမ်းကို စိတ်ထဲ၌ ကြံစည်ပြီးသား ဖြစ်လေသည်။

မင်းတို့ရဲ့ ပုပ်သိုးနေတဲ့ ဒူးရင်းသီးတွေ ရောင်းတာရော၊ အလေးခိုးတာရောက အစားအသောက်ပို့တဲ့ ပလက် ဖောင်းရဲ့ သိက္ခာကို ချနေတာဆိုတာ သိရဲ့လား...။ အယ်လာမာ အနေနဲ့ ဒီလိုလုပ်ရပ်မျိုးကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး...။”

ထိုလူသုံးဦးသည် တစ်ပြိုင်နက်တည်း ဟားတိုက်ရယ်မောလိုက်ကြပြီး -

“ဒီလောက်ကြီးတဲ့ အစားအသောက်ပို့တဲ့ ပလက်ဖောင်းကြီးပေါ်မှာ မင်းလို သေးနုပ် နုံခြာတဲ့ပို့ဆောင်ရေးသမား လေးက လာအမိန့်ပေးလို့ရမယ် ထင်နေတာလား...။ အယ်လာမာက ငါတို့ကို ဒီလိုလုပ်ခွင့်မပေးဘူး ဟုတ် လား...။”

“ငါတို့က ဒီအတိုင်းပဲ လုပ်တယ်ကွာ...၊ မင်း ဘာတတ်နိုင်လဲ။ ငါတို့ကို ဟန်းဂရီးအုပ်စုဆီ သွားတိုင်ပြီး ဆိုင်ပိတ် ခိုင်းမလို့လား...။ ဟားဟားဟား...၊ တကယ် ရယ်ရတယ်ကွာ…။”

“ငါတို့မျက်စိထဲမှာတော့ အစားအသောက်ပို့တယ်ဆိုတာ အမှိုက်တွေကို စွန့်ပစ်တဲ့ လမ်းကြောင်းတစ်ခုပဲ။ တစ်ခါ ပို့ပြီးသွားရင် ပြန်လဲဖို့ နည်းလမ်းမှ မရှိတော့တာ…။ အခု အယ်လာမာက မိုက်မဲလွန်းလို့ မင်းတို့လို အစားအ သောက် ပို့တဲ့ကောင်တွေကို ကာကွယ်ပိုင်ခွင့်တွေ အများကြီး မြှင့်ပေးထားတယ်။”

“မှန်တယ်... အရင်ကဆိုရင် ငွေပြန်အမ်းရုံတင်ပဲ။ ပြီးရင် အရှုံးအားလုံးကို မင်းတို့လို ပို့ဆောင်ရေးသမားတွေကပဲ စိုက်လျော်ရတာ…။”

“ဒါပေမဲ့ အခုတော့ အခြေအနေက ပြောင်းသွားပြီ။ ဒါကြောင့် ငါတို့ အခွင့်ကောင်းယူလို့ရတဲ့ တစ်ခုတည်းသော ဟာကွက်က ဖောက်သည်တွေပဲ…။ ကံကောင်းချင်တော့ ပလက်ဖောင်းက ဆိုင်သမားတွေကို ကာကွယ်ပေးထား တာက တော်သေးတယ်ပြောရမယ်…။”

“ဟုတ်ပ...၊ ငါတို့က ဇွတ်ငြင်းနေသရွေ့တော့ ငွေတစ်ပြားမှ ပြန်အမ်းစရာမလိုဘူး…။ အစားအသောက်ပို့တဲ့ ပလက်ဖောင်းကလည်း ဘာသက်သေမှ ရှာတွေ့မှာ မဟုတ်ဘူး...၊ ဟဲဟဲ...။”

ထိုစကားများကို ကြားရသောအခါ လျန်ထျန်းသည် ဒေါသအဟုန်ကြောင့် အံများကို တင်းတင်းကြိတ်ထားမိပြီး အေးစက်လှသော အသံကို ညှစ်ထုတ်လျက် ဆိုလိုက်သည်။

“မင်းတို့လို လူ့အမှိုက်တွေ...။”

“ပလက်ဖောင်းက ပြောင်းလဲ ကြိုးပမ်းမှုမှန်သမျှဟာ ဈေးကွက်ကို ပိုမိုကောင်းမွန်ပြီး တရားမျှတစေဖို့အတွက် ပဲ...။”

“ဒါပေမဲ့ မင်းတို့ကတော့ ဘာလဲ...။ ဒီဟာကွက်တွေကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ဖို့ နည်းလမ်းပေါင်းစုံကို ကြံစည်နေကြတယ်...။ မင်းတို့မှာ လူမှုကိုယ်ကျင့်တရား ဆိုတာ နည်းနည်းလေးတောင် မရှိကြဘူးလား...။”

ထိုလူသုံးဦးသည် တစ်ဖန် အထိန်းအကွပ်မဲ့စွာ လှောင်ရယ်ကြပြန်သည်။

“လူမှုကိုယ်ကျင့်တရား...၊ အဲ့ဒါက ဘာလဲ...။”

“ဟုတ်တာပေါ့...၊ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ ပိုက်ဆံရှာနိုင်ဖို့က အရေးကြီးဆုံးပဲ...။”

“ငါတို့ ဆုံးဖြတ်ပြီးသား...၊ တကယ်လို့ ငါတို့က ဆိုင်မှာ အလေးခိုးတာဖြစ်ဖြစ်၊ ပစ္စည်းအတု ရောင်းတာဖြစ်ဖြစ် လုပ်ရင် စုံစမ်းစစ်ဆေးခံရပြီး ဒဏ်ရိုက်ခံရလိမ့်မယ်...။”

“ဒါကြောင့် ကျန်တဲ့ ဒူးရင်းသီးပုပ်တွေကိုတော့ အစားအသောက် ပို့ဆောင်ရေး ပလက်ဖောင်းပေါ်မှာ အဓိက တင်ရောင်းပြီး အမြန်ဆုံး ငွေရှာပြီးတာနဲ့ လက်ရှောင်တော့မှာ...။”

“ဟုတ်တယ်... အွန်လိုင်းပေါ်မှာ ပိုက်ဆံရှာရတာက ပိုပြီး လွယ်သေးတယ်...။ ဈေးပေါပေါနဲ့ ဒူးရင်းသီး မှာပြီး နောက်ဆုံး ပုပ်သိုးနေတဲ့ ဒူးရင်းသီးတွေ ရသွားတဲ့ ကောင်တွေကတော့ ခံရမှာပဲ...။ ဟားဟားဟား...။”

ဤစကားများသည် နားမခံသာအောင် ယုတ်မာလှပေသည်။ လျန်ထျန်းသည် ဒေါသအဟုန် ပြင်းထန်လွန်းသဖြင့် လက်သီးများကို တင်းတင်းဆုပ်ကာ အောင့်အည်းသည်းခံထားလိုက်သည်။

နောက်ဆုံးတွင် သူသည် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ မှုတ်ထုတ်လိုက်ပြီး တစ်လုံးချင်း ဆိုလိုက်သည်။

“ကံကောင်းလို့ ငါ ဒီပြဿနာကို စောစောစီးစီး ရှာဖွေတွေ့ရှိခဲ့တာပဲ...။ အားလုံးက ဈေးကွက်ကို ကောင်းမွန် အောင်၊ ကုန်သွယ်မှုကို တရားမျှတပြီး ဘက်မလိုက်အောင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြတာ မဟုတ် ဘူးပဲ...။”

“မင်းတို့ရဲ့ တည်ရှိမှုက ငါ့ကို ပြဿနာအများကြီးကို သတိပြုမိစေခဲ့တယ်...။ အခုတော့ ငါ ဒီပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ဖော်ထုတ်ရတော့မယ်...။”

စကားဆုံးသည်နှင့် လျန်ထျန်းသည် သူ၏ လက်ကိုင်ဖုန်းကို ထုတ်ယူကာ ဂဏန်းတစ်ခုကို နှိပ်လိုက်လေသည်။

ထိုလူသုံးဦးမှာမူ ဘေးအန္တရာယ် ကျရောက်လုနီးသည်ကို မသိရှိသေးဘဲ မောက်မာမြဲ မောက်မာနေကြဆဲ ဖြစ် သည်။

“မင်းလို နံစော်နေတဲ့ ပို့ဆောင်ရေးသမားက အခု ဘယ်သူ့ကို ဖုန်းခေါ်နေတာလဲ...။”

“ငါတို့ ပြောပြီးပြီပဲ...၊ မင်း ရဲခေါ်လည်း ငါတို့ မကြောက်ဘူး...။ ငါတို့ မင်းကို ဘာမှ မလုပ်ရသေးသရွေ့တော့ ရဲတွေ လာလည်း ငါတို့ကို ဘာမှ လုပ်လို့မရဘူး...။”

“ဈေးကွက်ကြီးကြပ်ရေးဌာနဆိုရင် ပိုတောင် ဆိုးသေး...၊ သူတို့ ငါတို့ကို ဒဏ်ရိုက်ပြီးပြီပဲ...။ ထပ်ခါတလဲလဲ လာပြီး ဒဏ်ရိုက်လို့ရဦးမှာမို့လို့လား...၊ မင်းမှာ အသံဖမ်းထားတာ ရှိရင်တောင် ငါတို့က စကားအဖြစ် လျှောက် ပြောတာ လို့ ပြောရင် ဥပဒေနဲ့ မငြိစွန်းဘူး မဟုတ်လား...၊ ဟွန်း...။”

ထိုလူသုံးဦး၏ ရွှေပလုံကောင် စကားများကြားတွင် လျန်ထျန်း၏ ဖုန်းခေါ်ဆိုမှုသည် အချိန်တိုအတွင်း ဖုန်းဝင် သွားခဲ့လေသည်။

“ဟယ်လို...၊ မစ္စတာဝမ်...၊ ကျွန်တော် ဒီနေ့ XX ဈေးကွက်မှာ အစားအသောက် ပို့ဆောင်ရင်းနဲ့ အခြေအနေ တစ်ခုနဲ့ ကြုံတွေ့ခဲ့ရလို့...၊ ဖြစ်ကြောင်းကုန်စင်ကတော့ ဒီလိုပါ...။”

အကြောင်းအရာအားလုံးကို ရှင်းပြပြီးနောက် လျန်ထျန်းက နောက်ဆုံး အမိန့်ကို ချမှတ်လိုက်လေသည်။

“ငါတို့ရဲ့ အစားအသောက် ပို့ဆောင်ရေး ပလက်ဖောင်းပေါ်မှာရှိတဲ့ 'ထိုက်ရှန့်ဒူးရင်းသီး' ဆိုတဲ့ ဆိုင်ကို အနီရောင် အမှတ်အသား ကပ်လိုက်ပါ...။”

“ပြီးတော့ သူ့ကို အခမဲ့ ကြော်ငြာတစ်ခု ပေးလိုက်မယ်...၊ ကျွန်တော် အခု ပို့လိုက်တဲ့ ဗီဒီယို ကို ပလက်ဖောင်းရဲ့ ပင်မမျက်နှာစာမှာ တင်ထားလိုက်ပါ...။”

“ဒီလိုမျိုး ပုပ်သိုးနေတဲ့ သစ်သီးတွေကို ရောင်းချပြီး အလေးခိုးတတ်တဲ့၊ လှည့်ဖြားတတ်တဲ့ ဆိုင်တစ်ဆိုင် ရှိနေ တယ်ဆိုတာကို လူတိုင်း သိအောင် လုပ်ရမယ်...။”

“အနီရောင်ကတ်ရဲ့ အာနိသင်ကတော့ သူ့ဆိုင်ကို လူသိအများဆုံးဖြစ်အောင် လုပ်ပေးမယ်...။ ဒါပေမဲ့ သူ့ဆိုင်ရဲ့ ဝယ်ယူခွင့် လမ်းကြောင်းအားလုံးကို ပိတ်ပစ်မယ်...၊ လူတွေကို ဂရုမစိုက်တဲ့ လုပ်ငန်းတွေ ဆက်ပြီး မရပ်တည် နိုင်အောင် လုပ်ပစ်မယ်...။”

ဖုန်းကို ချလိုက်ပြီးနောက် လျန်ထျန်းသည် အယ်လာမာအက်ပ်ကို ဖွင့်ကာ ပင်မမျက်နှာစာကို အသစ်ပြန်ဖွင့် လျက် ရလဒ်ကို စောင့်ကြည့်နေလိုက်လေသည်။

သူ့ဘေးတွင် ရှိနေသော လူသုံးဦးမှာမူ ရယ်စရာပြဇာတ်တစ်ခုကို ကြည့်နေရသည့်အလား ပို၍ပင် ကျယ်လောင် စွာ ရယ်မောလိုက်ကြလေသည်။

“မစ္စတာဝမ် ဟုတ်လား...၊ သူက အယ်လာမာရဲ့ ကျော်ကြားတဲ့ ဥက္ကဋ္ဌကြီးမလား...။ မင်းလို နိမ့်ကျတဲ့ ပို့ဆောင် ရေးသမားက ဒီလိုမျိုး ပုဂ္ဂိုလ်ကြီးနဲ့ ဆက်သွယ်ဖို့ အချက်အလက်ကို ဘယ်လိုလုပ် ရနိုင်မှာလဲ...။”

“ဟန်ဆောင်မနေပါနဲ့တော့...၊ ငါတို့ကတော့ မျောက်ပွဲ ကြည့်နေရသလိုပဲ...၊ တကယ် ရယ်ရတယ်... ။ အနီရောင် ကတ်တွေ၊ အဝါရောင်ကတ်တွေ ဟုတ်လား...။ မင်းက ဒါကို ဘောလုံးပွဲ ထင်နေတာလား...။”

“ဟားဟားဟားဟား...။”

ထိုလူသုံးဦး၏ ရယ်မောသံများကြားတွင် လျန်ထျန်းသည် မတုန်မလှုပ်ဘဲ ငြိမ်သက်စွာဖြင့် လက်ကိုင်ဖုန်း မျက်နှာပြင်ကို ပွတ်ဆွဲရင်း စောင့်ဆိုင်းနေလိုက်သည်။

ထိုအချိန်တွင် ဟန်းဂရီးအုပ်စု၏ ဌာနချုပ်သို့ အရေးအကြီးဆုံးနှင့် အမြင့်ဆုံးအဆင့် ညွှန်ကြားချက်တစ်ခု ရောက် ရှိသွားပြီး နည်းပညာဌာနတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့လေသည်။

မကြာမီပင် အစားအသောက် ပို့ဆောင်ရေး ပလက်ဖောင်း၏ ပင်မမျက်နှာစာ၌ ဗီဒီယို တစ်ခု ထွက်ပေါ်လာ ခဲ့လေတော့သည်။

ထို့ပြင် အခြားသော ဗီဒီယိုများနှင့် မတူဘဲ ဤဗီဒီယိုတွင် သိသာထင်ရှားသော အနီရောင်ဘောင်တစ်ခု ပါရှိပြီး အလယ်တွင် ကြီးမားသော စာလုံးများဖြင့် ရေးသားထားလေသည်။

[ဝယ်ယူသူကို အလေးခိုးခြင်း၊ ပုပ်သိုးနေသော သစ်သီးများကို ရောင်းချခြင်းနှင့် အရောင်းအဝယ်အပြီး ဝန်ဆောင်မှုကို ငြင်းပယ်ခြင်းတို့ ပြုလုပ်သော ကုန်သည်]

ထိုဆိုင်အတွင်းသို့ တစ်ဖန် ဝင်ရောက်ကြည့်ရှုသောအခါ မည်သည့်ကုန်ပစ္စည်းကိုမျှ မှာယူ၍ မရတော့ဘဲ ပြသ ထားသော ပုံများအားလုံးမှာလည်း ပုပ်သိုးနေသော သစ်သီးပုံများဖြင့် အစားထိုးခြင်း ခံထားရလေသည်။

ချက်ချင်းပင် ဤ “ထိုက်ရှန့်ဒူးရင်းသီး” ဆိုင်သည် အကြီးအကျယ် ကျော်ကြားသွားခဲ့လေသည်၊ အကြောင်းမူကား ဤဆိုင်သည် အယ်လာမာ၏ အနီရောင်ကတ်ပြသခြင်းကို ခံရသည့် ပထမဆုံးသော ကုန်သည် ဖြစ်သောကြောင့် ပင်။

ထိုလူသုံးဦးသည် ဟန်းဂရီးအုပ်စု၏ ပင်မမျက်နှာစာတွင် မိမိတို့၏ ဗီဒီယို ပျံ့နှံ့နေသည်ကို မြင်လိုက်ရသောအခါ အားလုံး မှင်တက်သွားကြတော့သည်။

၎င်းတို့ သတိပြန်ဝင်လာပြီး လျန်ထျန်းကို တစ်ဖန် ပြန်လည်ကြည့်ရှုမိသောအခါ မျက်လုံးထဲတွင် ထိတ်လန့်တုန် လှုပ်မှုများအပြင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများလည်း ပြည့်နှက်သွားတော့သည်။

အကြောင်းမူကား ဤအခြေအနေသို့ ရောက်ရှိလာချိန်တွင် မည်မျှပင် မိုက်မဲသောသူ ဖြစ်ပါစေ၊ သာမန် ပို့ဆောင် ရေးသမားတစ်ဦးသည် ဤကဲ့သို့သော အာဏာစက်မျိုးကို လုံးဝ မပိုင်ဆိုင်နိုင်ကြောင်း ရိပ်မိသွားကြ သော ကြောင့်ပင် ဖြစ်ချေသည်။

မိမိတို့ရှေ့တွင် မတ်တတ်ရပ်နေသောသူသည် အမှန်တကယ် မည်သူနည်း၊ သူ၏ အဆင့်အတန်းက မည်သို့ရှိ သနည်း။

စဉ်းစားတွေးတောရန် အချိန်မရတော့ဘဲ ယခင်က ဈေးကွက်ကြီးကြပ်ရေး အရာရှိများကို ရင်ဆိုင်စဉ်ကကဲ့သို့ပင် ထိုရိုင်းစိုင်းသော လူသည် မျက်နှာထားကို ချက်ချင်း ပြောင်းလဲလိုက်ပြီး လျန်ထျန်း၏ ရှေ့သို့ တိုးလာကာ အသနားခံလေတော့သည်။

“သခင်ကြီး... သင်က ဟန်းဂရီးအုပ်စုရဲ့ အဆင့်မြင့် အရာရှိကြီးတစ်ဦး ဖြစ်ရပါမယ်...။ ကျွန်တော်တို့ မျက်စိမရှိလို့ သခင်ကြီးရဲ့ အရှိန်အဝါကို မသိမြင်မိတာကို ခွင့်လွှတ်ပေးပါ...။”

“ကျေးဇူးပြုပြီး...၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ဆိုင်က အနီရောင်အမှတ်အသားကို ဖယ်ပေးပါ...။ မဟုတ်ရင် ကျွန်တော်တို့ စီးပွားရေး လုံးဝ လုပ်လို့ရတော့မှာ မဟုတ်ပါဘူးခင်ဗျာ...။ ဒါက ဒဏ်ရိုက်ခံရတာထက်တောင် ပိုပြီး ပြင်းထန်လွန်းပါတယ်...။”

အခြားလူနှစ်ဦးကလည်း ပျာပျာသလဲ ရှေ့သို့ တိုးလာကာ အသနားခံကြပြီး ကောင်းသော စကားများကို ဆိုကြ လေသည်၊ ထို့ပြင် ငွေကြေးဖြင့်ပင် လာဘ်ထိုးရန် ကြိုးပမ်းကြတော့သည်။

“သခင်ကြီး...၊ ဒီမှာ ပြားတစ်သောင်း ရှိပါတယ်...။ ကျေးဇူးပြုပြီး လက်ခံပြီး လက်ဖက်ရည် သောက်ပါဦး...။”

“ဟုတ်ပါတယ်...၊ ဟုတ်ပါတယ် သခင်ကြီး...၊ ကျွန်တော်တို့ဆီမှာ အဆင့်မြင့် သစ်သီးအချို့ ရှိပါတယ်...။ အ ကောင်းဆုံးတွေကို ရွေးပြီး သခင်ကြီး အိမ်ပြန်ယူသွားပြီးတော့ သုံးဆောင်နိုင်ဖို့ စီစဉ်ပေးပါ့မယ်...။”

သို့သော် လျန်ထျန်းသည် ငွေကြေးနှင့် သစ်သီးဝလံများကို မက်မောမည့်သူ ဟုတ်ပါမည်လော။

သူသည် ချက်ချင်းပင် ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

“ဒါက မင်းတို့ ပြဿနာကို ဖြေရှင်းတဲ့ အမူအကျင့်လား...။ မင်းတို့က အမြဲတမ်း ဒါတွေနဲ့ပဲ အရာရှိတွေကို စမ်းသပ်လေ့ရှိတာလား...။”

ထိုစကားကို ကြားလျှင် ထိုလူသုံးဦးသည် ခေတ္တမျှ မှင်တက်သွားကြပြီးနောက် ပျာပျာသလဲ ပြန်လည် ရှင်းပြ ကြလေသည်။

“ဟုတ်ပါတယ်...၊ ဟုတ်ပါတယ်...၊ ကျွန်တော်တို့ မှားသွားပါတယ်...။ ဘယ်အရာရှိကမှ ဒီလို စမ်းသပ်မှုကို မခံနိုင်ပါဘူး...။ ကျွန်တော်တို့ ငွေထပ်တိုးပေးပါ့မယ်...၊ ငွေထပ်တိုးပေးပါ့မယ်...။”

လျန်ထျန်းက ပြတ်သားပြီး အားမာန်ပါသော လေသံဖြင့် စကားကို ဖြတ်ပြောလိုက်သည်။

“မင်းတို့တွေ ပြဿနာရဲ့ အရင်းအမြစ်ကို အခုထိ သဘောမပေါက်သေးပါလား...။”

“စီးပွားရေးလုပ်တဲ့အခါ ဒီအရာတွေအပေါ်မှာပဲ အာရုံမစိုက်ပါနဲ့...၊ သစ္စာတရားကို အဓိကထားပါ...။”

“လူတစ်ယောက်ဟာ သစ္စာတရားမရှိရင် မတ်တတ်မရပ်နိုင်ဘူး...။ စီးပွားရေးတစ်ခုဟာ သစ္စာတရားမရှိရင် မကြီးပွားနိုင်ဘူး...။ နိုင်ငံတစ်ခုဟာ သစ္စာတရားမရှိရင် ဆုတ်ယုတ်ပျက်စီးလိမ့်မယ်...။”

“လူတိုင်းက ကိုယ့်ရဲ့ ကတိကဝတ်ကို တည်ကြည်ပြီး သစ္စာရှိရှိ လုပ်ဆောင်ကြမှသာ ဈေးကွက်က စည်ပင်ဝပြော လာပြီး ပြည်သူတွေ ချမ်းသာကြွယ်ဝလာနိုင်မှာ...။”

ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းသည် လေသံကို အနည်းငယ် လျှော့ချကာ ဆက်၍ ဆိုလိုက်သည်။

“မင်းတို့က အမြဲတမ်း စီးပွားရေးလုပ်ရတာ မလွယ်ကူဘူးလို့ ပြောနေကြတယ်...။ ဒါပေမဲ့ အခြားသူတွေကလည်း ရှစ်ကျပ်သားအလေး၊ ခုနစ်ကျပ်သားအလေး ဒါမှမဟုတ် ခြောက်ကျပ်သားအလေးတွေကို သုံးနေကြတာ ပဲလား...။”

“ဒါဆို ဝယ်ယူသုံးစွဲသူတွေအတွက်ကော လွယ်ကူပါ့မလား... သူတို့ကပဲ ဉာဏ်ဆင် လှည့်ဖြားခံရရမှာလား...။ ပြီးတော့ မင်းတို့ကိုယ်တိုင်ကော အခြားပစ္စည်းတွေကို မဝယ်ဘဲ၊ သုံးစွဲသူ မဖြစ်လာဘဲ နေနိုင်မယ်လို့ အာမခံနိုင် သလား...။”

“မောဟနွံထဲက အမှားတွေကို ထုံးစံအဖြစ် မမှတ်ယူစမ်းပါနဲ့...။ ဖြူစင်ခြင်းကို အပြစ်တစ်ခုအဖြစ် မမြင်ပါနဲ့...၊ တစ်နေ့မှာ မင်းတို့ တိုက်ပွဲဝင်ခဲ့တဲ့ အလင်းရောင်ဟာ မင်းတို့ကိုယ်တိုင်အပေါ် ပြန်လည် ထွန်းလင်းပေးလာ နိုင်တာပဲ...။”

“အတိုချုပ်ပြောရရင်တော့ ငါ အခု လောလောဆယ် မင်းတို့ရဲ့ အနီရောင်ကတ် သတိပေးချက်ကို ဖယ်ရှားပေးဖို့ မဖြစ်နိုင်ဘူး...။ အမှားလုပ်မိရင် ပြစ်ဒဏ်ခံရမယ်ဆိုတာ ကလေးငယ်လေးတောင် နားလည်တဲ့ အမှန်တရားပဲ...။”

“တကယ်လို့ စီးပွားရေးကို ဆက်ပြီး လုပ်ချင်သေးတယ်ဆိုရင်တော့ မင်းတို့ စိတ်ရင်းမှန်နဲ့ နောင်တရဖို့ လိုတယ်၊ အနီရောင်ကတ် အကပ်ခံရတာက မကောင်းတဲ့အရာတော့ မဟုတ်ဘူး...။ မင်းတို့အတွက် ကြော်ငြာပေးလိုက်သ လိုပါပဲ...။”

“နောင်ကျရင် လူတိုင်းရဲ့ စောင့်ကြည့်မှုအောက်မှာ မင်းတို့ အမှားတွေကို ပြုပြင်ပြီး အရည်အသွေးနဲ့ ဝန်ဆောင်မှု ကို မြှင့်တင်ပြီးတော့ လူတွေကို အလေးမခိုးတော့ဖို့ မျှော်လင့်ပါတယ်...။”

“ဆိုင်မှာ အနီရောင်အမှတ်အသား ချိတ်ဆွဲထားတာကို လူတိုင်း မြင်ရတဲ့အခါ စီးပွားရေးကို ဆက်လုပ်နိုင် မှာဖြစ် ပြီး စိတ်အေးချမ်းသာ ရှိကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်...။”

“ဘာလို့လဲဆိုတော့ မင်းတို့တွေ နောက်တစ်ခါ လူတွေကို အလေးမခိုးရဲတော့ဘူး၊ ဝန်ဆောင်မှု အညံ့စားတွေ မပေးရဲတော့ဘူးဆိုတာကို လူတိုင်း သိသွားကြပြီမို့ပဲ...။ မင်းတို့ အနေနဲ့ ဆိုင်ကို အရင်ဆုံး ပြန်လည် တည် ဆောက်ဖို့ လိုတယ်...။”

“ငါ လူလွှတ်ပြီး ပုံမှန် လာရောက် စစ်ဆေးခိုင်းမယ်...။ တကယ်လို့ ဘာပြဿနာမှ မရှိတော့ဘူးဆိုရင် အနီရောင် ကတ်ကို အဝါရောင်ကတ်နဲ့ လဲလှယ်ပေးမယ်...။ ပြီးမှ အဝါရောင်ကတ်ကို ထပ်ပြီး ဖယ်ရှားပေးမယ်...။”

“မင်းတို့ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့ရင် ငါတို့က မင်းတို့ကို အသိအမှတ်ပြုမှုတွေတောင် ပေးဦး မှာပါ...။”

“ပလက်ဖောင်းဆိုတာ တရားမျှတတဲ့ စင်မြင့်တစ်ခုပဲ...။ သစ္စာရှိတဲ့သူတွေကို စိတ်ပျက်အောင် မလုပ်သင့်သလို၊ သစ္စာမရှိတဲ့သူတွေကိုလည်း အခွင့်ကောင်းမယူစေရဘူး...။”

စကားဆုံးသည်နှင့် လျန်ထျန်းသည် လှည့်ထွက်ခဲ့လေသည်၊ ဤတစ်ကြိမ်တွင်မူ မည်သူမျှ သူ့ကို တားဆီးရန် မဝံ့ရဲကြတော့ချေ။

သို့သော် မထင်မှတ်ထားဘဲ အချိန်အနည်းငယ် ကြာပြီးနောက် သူ၏ စကားများသည် အွန်လိုင်းလောကတစ်ခု လုံး၌ ပျံ့နှံ့သွားခဲ့ပြီး ကြီးမားသော လှုပ်ခတ်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသတည်း။

All Chapters