← Chapters

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း (၃၁၄)

အင်တာနက်ဆယ်လီမလေး၏ မှောင်မည်းလှသော အတိတ်သမိုင်းကြောင်း

ဥက္ကဋ္ဌဝမ်၏ စကားကို ကြားရလျှင် လျန်ထျန်းသည် အခြေအနေ၏ လေးနက်မှုကို ရိပ်စားမိသွားပြီး မိမိ၏ မျက်နှာပေါ်မှ အပြုံးတို့ကို သိမ်းဆည်းကာ ခေတ္တမျှ စဉ်းစားဆင်ခြင်ပြီးမှ ပြောလိုက်လေသည်။

“အခြားအင်တာနက်အသုံးပြုသူတစ်ယောက် ရေးထားတာကိုလည်း ကျွန်တော်တွေ့လိုက်သေးတယ်။ သူမရဲ့လုပ် ရပ်တွေက ကျွန်တော့်ရဲ့ ပုံရိပ်ပိုင်ဆိုင်ခွင့် ကို ချိုးဖောက်နေတယ်လို့ ထောက်ပြထားကြတာ။ ပြီးတော့ သူက ကျွန်တော့် ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ခဲ့သလို၊ အပြစ်မရှိတဲ့အပေါ်မှာလည်း စွပ်စွဲပုတ်ခတ်ခဲ့ကြတယ်။ ကိုယ်ကျင့်တရားမဲ့တဲ့ အကြောင်းအရာတွေကို တင်ပြီး အွန်လိုင်းပေါ်ကနေ အနိုင်ကျင့်တာတွေပါ လုပ်ခဲ့ကြတာ လေ။ တကယ်လို့ ကျွန်တော့်ဘက်ကသာ တရားစွဲလိုက်မယ်ဆိုရင် အဲဒီအင်တာနက်ဆယ်လီမလေးကို ဒုက္ခ လှလှကြီး တွေ့အောင်လုပ်ဖို့ လုံလောက်ရုံတင်မကဘူး၊ ကျွန်တော့်မျက်နှာပါတဲ့ ဗီဒီယိုအားလုံးကိုလည်း အွန်လိုင်းပေါ်ကနေ ဖယ်ရှားခိုင်းလို့ရပါတယ်...။”

“ဒီအတိုင်းပဲ လုပ်ကြတာပေါ့...။ သူမလုပ်သမျှ အမှုကိစ္စတိုင်းမှာ အကျိုးဆက်ဆိုတာ ရှိတယ်ဆိုတာကို သိသွား အောင် လုပ်ရမယ်။ ဒါမှမဟုတ်ရင် နောက်တစ်ချိန်မှာ အခြားရိုးသားတဲ့သူတွေကို ထပ်ပြီး နိုင်ထက်စီးနင်း လုပ် နေဦးမှာ...။”

မကြာမီပင် လျန်ထျန်း၏ တောင်းဆိုချက်အရ ရှေ့နေဝုမ်သည် တရားစွဲဆိုမှုကို တင်သွင်းလိုက်လေသည်။

ထိုအချိန်တွင် အင်တာနက်ဆယ်လီမလေးမှာ အသာစီးရရန် ကြံရွယ်ခဲ့သော်လည်း အကြံအဖန် လွဲချော်သွားကာ မိမိ၏ သရုပ်မှန်ကို အွန်လိုင်းပေါ်၌ ဘူးပေါ်သလို ထင်ရှားစေခဲ့ရရှာလေသည်။

အခြေအနေများ ပိုမိုဆိုးဝါးလာသည်နှင့်အမျှ တောက်ရင်အဖွဲ့အစည်းသည်ပင် ဖိအားများကို မခံနိုင်တော့ဘဲ အင်တာနက်ဆယ်လီမလေး၏ အကောင့်ကို ပိတ်ပင်လိုက်တော့သည်။

သို့သော် ဤအင်တာနက်ဆယ်လီမလေးက မည်သို့သောသူနည်း။ သူမသည် မိမိကိုယ်မိမိ အင်တာနက်ဆယ်လီ ကဲ့သို့ မှတ်ယူထားပြီး အစဉ်အမြဲပင် မောက်မာဝင့်ကြွားတတ်သူ ဖြစ်လေရာ မည်ကဲ့သို့ အညံ့ခံ ဦးညွှတ်ပါ မည်နည်း။

ထို့ကြောင့် သူမသည် အကောင့်အသစ်တစ်ခုကို လျင်မြန်စွာ ဖွင့်လှစ်ကာ အင်တာနက်အသုံးပြုသူတို့ကို ဒေါသ တကြီးဖြင့် တစ်ဖန် ပြန်လည်ရင်ဆိုင်ပြီး မိမိအား ကန့်ကွက်နေသော အသံများကို တိတ်ဆိတ်သွားစေရန် ကြိုးပမ်းလေတော့သည်။

ထိုအကောင့်အသစ်မှ ပထမဆုံး လွှင့်တင်လိုက်သော စာသားမှာ ဆယ်လီအသိုင်းအဝိုင်းအတွင်း၌ပင် အလွန် ထိတ်လန့်ဖွယ်ရာ ဖြစ်ခဲ့ရလေသည်။

[ကဲ... အွန်လိုင်းက မိသားစုတို့ရေ... ဘယ်သူ နားလည်နိုင်မလဲရှင်...။ ကျွန်မက ဘွဲ့လွန်တက်ဖို့ ထောက်ခံချက် ရထားတဲ့ ဘွဲ့လွန်ကျောင်းသူတစ်ယောက်ပါ…။ ရှင်တို့တွေက ကျွန်မကို ဘာလုပ်ရမလဲဆိုတာ လာသင်ပေးဖို့ လိုလို့လား...။]

[အကယ်၍ ရှင်တို့တွေက အဲဒီလောက်တောင် တော်နေရင် ကျွန်မကို မထောက်ပြခင် မာစတာဘွဲ့တစ်ခု အရင် သွားယူကြဦးလေ...။ မယူနိုင်ရင်တော့ ပါးစပ်ပိတ်ထားကြပါ…။ ရှင်တို့အားလုံး မူလတန်းတောင် မအောင်ကြဘူး မလား...။ ဟားဟားဟား...။]

[တကယ်ပါပဲ...၊ ရှင်တို့အားလုံးက အလုပ်မရှိ အားယားနေကြတာလား...။ ကျွန်မရဲ့ အဓိကအကောင့် ကိုလည်း ပိတ်ပစ်လိုက်ကြပြီပဲ.... နောက်ထပ် ဘာတွေ အလိုရှိနေကြသေးတာလဲ...။ တောင်းပန်ဖို့ဆိုတာကတော့ ဝေး သေးတာပေါ့...။ ရှင်တို့ရဲ့ မှတ်ချက်တွေနဲ့ သီးသန့်စာတွေကို ဖတ်ပြီးတဲ့နောက် တစ်ခုထက်တစ်ခုပိုပြီး ကောက် ကျစ်နေတာကိုပဲ တွေ့ရတယ်…။ ရှင်တို့က ကျွန်မဆီကနေ ငွေညှစ်ဖို့ ကြိုးစားနေကြတာလား...။ တကယ်ပဲ ပြော စရာစကားလုံး မရှိတော့ပါဘူး...။]

ဤလုပ်ရပ်သည် အင်တာနက်အသုံးပြုသူတို့၏ ဒေါသမီးကို ပိုမိုတောက်လောင်စေခဲ့ပြီး ထိုဒေါသမှာလည်း အလဟဿ ဖြစ်မသွားခဲ့ပေ။

ယခင်က ဆိုခဲ့သည့်အတိုင်း လူထုကြားတွင် မထင်မှတ်ထားသော ပညာရှင်များစွာ ရှိနေကြပြီး အင်တာနက် အသုံးပြုသူတို့ကြား၌ ပိုမိုထူးချွန်သောသူများ ရှိနေကြလေသည်။

အချို့သောသူတို့သည် အင်တာနက်ဆယ်လီမလေး၏ မည်းမှောင်လှသော အတိတ်ကို စတင်တူးဆွကြရာ မကြာမီအချိန်အတွင်းမှာပင် အကြောင်းအရာ အတော်များများကို ရှာဖွေတွေ့ရှိသွားကြတော့သည်။

ဥပမာအားဖြင့် အင်တာနက်ဆယ်လီမလေးသည် အထက်တန်းကျောင်းသားဘဝက အတန်းဖော်များကို နိုင်ထက် စီးနင်း ပြုလုပ်ခဲ့သည့် ကိစ္စရပ်နှင့် ဘွဲ့လွန်ဝင်ခွင့် လျှောက်လွှာကို လုပ်ကြံဖန်တီးထားသည်ဟု သံသယဖြစ်ဖွယ် အချက်အလက်များပင် ဖြစ်သည်။

တုန်လှုပ်ဖွယ်ရာ အမှန်တရားများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသောအခါ အင်တာနက်ဆယ်လီမလေးသည် နောက်ဆုံးတွင် ထိတ်လန့်တုန်လှုပ်သွားရပြီး အခြေအနေများ ငြိမ်သက်သွားစေရန် စကားမဆိုတော့ဘဲ တိတ် ဆိတ်စွာ နေထိုင်လေတော့သည်။

သို့သော်လည်း နောက်ဆက်တွဲ ရောက်ရှိလာသော တရားစွဲဆိုမှု အကြောင်းကြားစာက သူမကို လုံးဝ စိတ်ပျက် အားငယ်သွားစေခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း သူမအား ဆင့်ခေါ်လိုက်လေသည်။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူမသည် ရဲစခန်းသို့ သွားရောက်ကာ လျန်ထျန်းကို လူကိုယ်တိုင် တောင်းပန်ခဲ့ရပြီး တောင်းပန်စာကို ရေးသား၍ အွန်လိုင်းပေါ်သို့ လွှင့်တင်ခဲ့ရလေသည်။

သို့သော်ငြားလည်း အမှုကိစ္စများမှာ ထိုမျှနှင့် အလွယ်တကူ ငြိမ်သက်မသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထို အင်တာနက်ဆယ်လီမလေးသည် အတိတ်ကာလက လွန်လွန်မင်းမင်း ဖြစ်သော ကိစ္စရပ်များကို များစွာ ပြုလုပ်ခဲ့ ဖူးသောကြောင့် ဖြစ်သည်။

ထို့ကြောင့် အထက်တန်းကျောင်းတုန်းက သူမ၏ နိုင်ထက်စီးနင်း ပြုလုပ်ခြင်းကို ခံခဲ့ရသော အတန်းဖော်များမှာ ရှေ့သို့ ထွက်ပေါ်လာကြပြီး သူမ၏ ပြစ်မှုအမျိုးမျိုးကို ဖွင့်ချကြတော့သည်။

အောက်ပါစာသားမှာ နိုင်ထက်စီးနင်း ပြုလုပ်ခြင်း ခံခဲ့ရသော ကျောင်းသား၏ ရေးသားဖော်ပြချက် ဖြစ်သည်။

[အထက်တန်းကျောင်းသားဘဝက ကျွန်တော့်ရဲ့ အသက် ပထမနှစ်နှစ်ဆယ်အတွင်းမှာ မေ့ဖျောက်လို့မရနိုင်တဲ့ အချိန်ကာလ ဖြစ်ခဲ့ပါတယ်...။ ကျွန်တော်ဟာ အဲ့ဒီကျောင်းက လူမိုက်မလေးကြောင့် သေလုမတတ် ဖြစ်ခဲ့ရပေမဲ့ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်...။]

[အဲ့ဒီနှစ်က ကျွန်တော်တို့ဟာ အထက်တန်းကျောင်းတစ်ခုတည်းကို အတူတူတက်ခဲ့ကြပြီး အဆောင်မှာ တစ်ခန်း တည်းနေဖော်တွေ ဖြစ်လာခဲ့ကြပါတယ်...။ ကျွန်တော်ကတော့ သူငယ်ချင်းတွေ ဖြစ်လာနိုင်လိမ့်မယ်လို့ ထင်မှတ် ခဲ့မိတာပေါ့...။]

[တကယ်တမ်း မထင်မှတ်ထားခဲ့တာကတော့ ဒါဟာ အိမ်မက်ဆိုးတစ်ခုရဲ့ အစပျိုးခြင်းဖြစ်ပြီး ကျွန်တော့်ဘဝမှာ ဖျောက်ဖျက်လို့မရတဲ့ အရိပ်မည်းတစ်ခု ဖြစ်လာခဲ့တာပါပဲ...။]

[ကျွန်တော်က လူပုံအလယ်မှာ စကားနည်းတတ်ပြီး သူမရဲ့ အနီးအနားမှာ အမြဲတစေ ဝန်းရံနေတတ်တဲ့ အခြားသူ တွေနဲ့ မတူတာကြောင့် သူမက ကျွန်တော့်အပေါ် တဖြည်းဖြည်း ရန်လိုလာခဲ့တာ ဖြစ်နိုင်ပါတယ်...]။

[ဘာပဲဖြစ်ဖြစ် သူမရဲ့ မောက်မာတဲ့ စရိုက်အရ သူမနောက်ကို မလိုက်တဲ့သူ ဒါမှမဟုတ် သူမစကားကို နားမ ထောင်တဲ့သူမှန်သမျှဟာ သူမရဲ့ ရန်သူလို့ သတ်မှတ်ထားပုံရပါတယ်...။]

[နောက်ပိုင်းမှာတော့ သူမဟာ သူမနောက်ကို လိုက်လုပ်ပေးနေတဲ့ မိန်းကလေးတွေနဲ့ ပူးပေါင်းပြီး ကျွန်တော့်ကို အထီးကျန်အောင် လုပ်ခဲ့ကြပါတယ်...။ လမ်းလျှောက်တဲ့အခါ ဒါမှမဟုတ် လှေကား အတက်အဆင်းလုပ်တဲ့ အခါတွေမှာ ကျွန်တော့်ရဲ့ ပုခုံးကို တမင်တကာ တိုက်သွားတတ်ကြပါတယ်...။]

[တဖြည်းဖြည်းနဲ့ ကျွန်တော်က အောင့်အည်းသည်းခံနေတာကို မြင်တဲ့အခါ သူတို့တွေက ပိုပြီးတော့ အတင့်ရဲလာ ကြပါတယ်...။ အဲ့ဒီတုန်းက ခေတ်စားခဲ့တဲ့ အဖွဲ့လိုက် စကားပြောခန်းတွေနဲ့ ကျူကျူလူမှုကွန်ရက်စာမျက်နှာ တွေပေါ်မှာ လူပုံအလယ် စော်ကားပုတ်ခတ်တာမျိုးတွေကို ပြုလုပ်လာကြပါတယ်...။]

[ဒါတွေအားလုံးက နိဒါန်းလောက်ပဲ ရှိပါသေးတယ်...။ နောက်ဆုံးတော့ တစ်နေ့တော့ အမှုကိစ္စက အဆုံးစွန်ထိ ရောက်သွားခဲ့ပါတယ်...။]

[သူမနဲ့ သူမရဲ့ သူငယ်ချင်း မိန်းကလေးအချို့ဟာ ကျွန်တော့်ကို သန့်စင်ခန်းရဲ့ ဘေးဘက် အခန်းငယ်လေးထဲကို အတင်းအဓမ္မ ဆွဲခေါ်သွားပြီး လူပုံအလယ်မှာ ဆဲဆိုစော်ကားကာ ရိုက်နှက်ခဲ့ကြပါတယ်...။]

[ကျွန်တော့်ရဲ့ ခေါင်းကို မီးသတ်ပိုက်ဗီရိုရဲ့ မှန်သားပြင်နဲ့ ရိုက်ခွဲဖို့ လုပ်ခဲ့တဲ့ ထိတ်လန့်စရာ အခြေအနေကတော့ နောက်ပိုင်း အချိန်အတော်ကြာတဲ့အထိ ကျွန်တော့်အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့ရပါတယ်...။]

[ဒီနေ့အထိ အနားမှာ ဝိုင်းအုံကြည့်နေကြတဲ့သူတွေရဲ့ စူးစိုက်ကြည့်နေတဲ့ မျက်လုံးတွေကို ကျွန်တော် မေ့ဖျောက် လို့ မရနိုင်သေးပါဘူး...။ ညတိုင်းမှာလည်း နောက်ရက် ကျောင်းတက်ရင် အသစ်အသစ်သော နာကျင်မှုတွေကို ထပ်ပြီး ခံစားရမလားဆိုပြီး စိုးရိမ်ထိတ်လန့်နေခဲ့ရပါတယ်...။]

[အိပ်ပျော်နေတဲ့ အချိန်မှာတောင် သူမရဲ့ နတ်ဆိုးတစ်ကောင်လို ရယ်မောသံတွေကြောင့် လန့်နိုးလာခဲ့ရပြီး ပြင်း ထန်တဲ့ စိတ်ကျရောဂါဒဏ်ကို ခံစားခဲ့ရကာ တိုက်ခေါင်မိုးပေါ်ကို တက်ပြီး ပြန်ပြင်လို့မရတဲ့ အမှားမျိုး လုပ်မိလု နီးပါး ဖြစ်ခဲ့ရပါတယ်...။]

[ကျွန်တော်ဟာ ဆရာ ဆရာမတွေနဲ့ ကျောင်းတော်ဆီကနေ အကူအညီ တောင်းခံခဲ့ဖူးပေမဲ့ မထင်မှတ်ထားစွာနဲ့ပဲ ကျောင်းဘက်က အမှုကိစ္စ ငြိမ်သက်သွားစေဖို့အတွက် ကျွန်တော်နဲ့ သူမကို အတူတူ သတိပေးချက်ပဲ ထုတ်ပြန်ခဲ့ ပြီး မှတ်တမ်းထဲမှာလည်း ထည့်သွင်းမထားခဲ့ပါဘူး...။]

[ဒီနေ့မှာ အပြစ်ပြုခဲ့သူဟာ ဒီလိုအခြေအနေမျိုး ရောက်ရှိသွားတာကို မြင်ရတော့ ကျွန်တော့်ရင်ထဲမှာ ခံစားချက် မျိုးစုံ ဖြစ်ပေါ်မိပါတယ်...။ သူမရဲ့ လုပ်ရပ်တွေကြောင့်ပဲ ကျွန်တော်ဟာ ဆရာတစ်ယောက် ဖြစ်လာဖို့ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်...။]

[ကျွန်တော်ကတော့ ကလေးငယ်တွေကို ပိုပြီး ကာကွယ်ပေးချင်ရုံသက်သက်ပါပဲ...။ ကျွန်တော့်ရဲ့ တပည့်တွေ လည်း ကျွန်တော့်လို အမှားမျိုး ထပ်မကြုံတွေ့ရစေဖို့ ဖြစ်ပါတယ်...။]

[အချို့သော အင်တာနက်အသုံးပြုသူတွေက သူမဟာ စိတ်ကျရောဂါ ဖြစ်သွားမလားဆိုပြီး စိုးရိမ်နေကြတာကို မြင်ရတော့ ကျွန်တော်ကတော့ အဲ့ဒီလို တကယ်ဖြစ်သွားဖို့ မျှော်လင့်မိပါတယ်...။ ဘာလို့လဲဆိုတော့ သူမကိုယ် တိုင် ကြုံတွေ့ခဲ့ရတဲ့ ခံစားချက်မျိုးကို ပြန်ပြီး ခံစားရစေတာဟာ အကောင်းဆုံး အပြစ်ပေးခြင်း ဖြစ်လို့ပါပဲ...။]

[မီဒီယာက သူငယ်ချင်းတွေအနေနဲ့ ကျွန်တော့်ဆီ ဆက်သွယ်ဖို့ မလိုပါဘူး...။ အတိတ်က ဒဏ်ရာဟောင်းတွေကို ပြန်ဖွင့်ရတာဟာ လုံလောက်အောင် နာကျင်ရပြီးပါပြီ...။ နောင်အနာဂတ်မှာ သူမ ဘာပဲဖြစ်ဖြစ် ကျွန်တော့်နဲ့ ဘာမှမဆိုင်တော့ပါဘူး...။]

[ကျွန်တော့်ရဲ့ ဆရာဟောင်းဟာလည်း ရာထူးမှာ ရှိနေဆဲဖြစ်ပြီး ဆေးရုံမှတ်တမ်းတွေမှာလည်း သက်သေ အထောက်အထားတွေ ရှိနေဆဲ ဖြစ်ပါတယ်...။ ကျွန်တော့်မှာ သက်သေအားလုံး ရှိနေပေမဲ့ ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေထဲမှာ ပါဝင်ပတ်သက်ဖို့ အစီအစဉ် မရှိပါဘူး...။]

[ကျွန်တော့်ကို နာကျင်အောင် လုပ်ခဲ့တဲ့သူတွေအပေါ် သဘောထားကြီးကြီး ထားလို့မရနိုင်သလို ဘယ်တော့မှ လည်း ခွင့်လွှတ်မှာလည်း မဟုတ်ပါဘူး...။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့အချိန်မှာ ထပ်ပြီး နှိပ်စက်တဲ့သူမျိုးတော့ ကျွန်တော် မဖြစ်ချင်ပါဘူး...။]

[ဒီအမှုကိစ္စဟာ နှစ်ပေါင်းများစွာ ရင်ထဲမှာ ရုန်းကန်ခဲ့ရပြီးတဲ့နောက် ကျွန်တော့်အတွက် ကျေနပ်စရာ အဖြေ တစ်ခု ပေးလိုက်သလို ခံစားရပါတယ်...။]

[ကျွန်တော် ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ တောင်းပန်စကားကို အခုတော့ လောကကြီးက ကျွန်တော့်ကို ပေး လိုက်ပါပြီ...။]

[အခုအချိန်မှာ ကျွန်တော်ဟာ အလွန်ကောင်းမွန်စွာ နေထိုင်နေပါတယ်...။ ကျွန်တော့်မှာ ချစ်သူ ရှိတယ်...၊ သူငယ်ချင်းတွေ ရှိတယ်...။ ကျွန်တော် မြတ်နိုးတဲ့ အလုပ်နဲ့ ချစ်စရာကောင်းတဲ့ တပည့်လေးတွေ ရှိနေပါပြီ...။

နောက်ဆုံးအနေနဲ့ ကျွန်တော် မှတ်မိနေတာကတော့ အမေက ကျွန်တော့်ကို ပြောဖူးပါတယ် “သားက တစ်စုံ တစ် ယောက်ကို မဖြေရှင်းနိုင်ရင် အခြားတစ်ယောက်က ဖြေရှင်းပေးလိမ့်မယ်... စောင့်ကြည့်နေလိုက်ပါ” တဲ့...။]

[ထင်ထားတဲ့အတိုင်းပါပဲ...။ ကံကံ၏အကျိုးဟာ သံသရာလည်နေတာ ဖြစ်ပါတယ်...။ တရားမျှတမှုဟာ နှစ် ပေါင်းများစွာ ကြာမြင့်ခဲ့ရပေမဲ့ ကံကောင်းထောက်မစွာနဲ့ ပျောက်ကွယ်မသွားခဲ့ပါဘူး...။ ကျွန်တော့်ရဲ့ ကမ္ဘာ ငယ်လေးထဲမှာ မိုးရွာသွန်းမှုတွေ ရပ်တန့်သွားခဲ့ပါပြီ...။]

ဤစကားများသည် အထက်တန်းကျောင်းသားဘဝက နိုင်ထက်စီးနင်း ပြုလုပ်ခြင်းကို ခံခဲ့ရဖူးပြီး ယခုအမှုကိစ္စ တွင် ပါဝင်ပတ်သက်ရန် အစီအစဉ်မရှိသော ကျောင်းသားတစ်ဦး၏ ရင်ဖွင့်ချက် ဖြစ်လေသည်။

သို့သော်လည်း ဤစကားများသည် လူပေါင်းများစွာ၏ ရင်ထဲ၌ ထပ်တူကျစေခဲ့ပြီး ထိုအင်တာနက်ဆယ်လီ မလေးအပေါ် ပိုမိုပြင်းထန်သော ဒေါသတရားတို့ကို နှိုးဆွပေးခဲ့လေသည်။

ထိုသို့သော ဝေဖန်မှုများနှင့် ရင်ဆိုင်ရသောအခါ အင်တာနက်ဆယ်လီမလေးသည် ရှေ့သို့ထွက်၍ တုံ့ပြန်ခြင်း သို့မဟုတ် တောင်းပန်ခြင်းတို့ကို မပြုလုပ်ခဲ့သည့်အပြင် အခြားသူများကိုပါ မိမိအတွက် ပြန်လည်တိုက်ခိုက် ပေးရန် အကူအညီ တောင်းခံခဲ့လေသည်။

ပထမဆုံးအနေဖြင့် သူမ၏ အချစ်ဆုံးသူငယ်ချင်းတစ်ဦးက ပြောလိုက်လေသည်။

[ကျေးဇူးပြုပြီး သူမကို အွန်လိုင်းပေါ်ကနေ တိုက်ခိုက်နေတာတွေကို ရပ်တန့်ပေးကြပါ...။ သူမဟာ အခုတလော အဆင်မပြေဖြစ်နေပြီး စိတ်ကျရောဂါကို ခံစားနေရပါတယ်...။ တကယ်လို့ ရှင်တို့က သူမကို ဒီလိုမျိုး ဆက်ပြီး ဖိအားပေးနေမယ်ဆိုရင် ဝမ်းနည်းစရာ အဖြစ်ဆိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်...။ ဒီအမှုကိစ္စက သူမအတွက် အလွန်ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ရတာပါ...။ အမြဲတမ်း မောက်မာဝင့်ကြွားတတ်တဲ့ သူမဟာ ခေါင်းငုံ့ပြီး အမှားကို ဝန်ခံခဲ့တာတောင်မှ သူမရဲ့ သိက္ခာတရားဟာ အောက်ခြေအထိ ထိုးဆင်းသွားခဲ့ရပါပြီ...။ ဒီအချိန်မှာ လူဟာ အလွန် နုနယ်ပျော့ပျောင်းနေတတ်ပါတယ်...။ အကယ်၍ ကျောင်းက သူမကို ထုတ်ပယ်လိုက်ပြီး အင်တာနက်အသုံးပြုသူတွေကလည်း အွန်လိုင်းပေါ်မှာ ဖွင့်ချနေကြမယ်ဆိုရင် သူမအတွက် အသက်ရှင်ဖို့ လမ်းစ ရှိပါဦးမလား...။ ဆီးနှင်းတွေ ပြိုကျတဲ့အခါ ဘယ်နှင်းပွင့်မှ မဖြူစင်နိုင်ပါဘူး...။ အကယ်၍ သူမသာ တကယ်ပဲ မိုက်မဲတဲ့ လုပ်ရပ်မျိုး လုပ်မိသွားရင် မင်းတို့အားလုံးဟာ တရားခံတွေ ဖြစ်လာကြပါလိမ့်မယ်...။]

ထို့နောက်တွင် သူမ၏ မိခင်ဖြစ်သူကလည်း ဆိုလိုက်ပြန်သည်။

[ကျွန်မတို့ဟာ သမီးဖြစ်သူရဲ့ လက်ရှိအခြေအနေကို အလွန်စိုးရိမ်နေရပါတယ်...။ မိဘဖြစ်တဲ့ ကျွန်မတို့ဟာ သမီး လေး တစ်ခုခုကို အဆင်အခြင်မဲ့ လုပ်မိသွားမှာ စိုးရိမ်တာကြောင့် ဘေးနားကနေ ခေတ္တလေးတောင် မခွာရဲပါဘူး ...။ သမီးလေးဟာ ငယ်စဉ်ကတည်းက စာရိတ္တကော ပညာပါ ထူးချွန်ခဲ့သူဖြစ်ပြီး ဘယ်တုန်းကမှ အဆင်မပြေမှု တွေနဲ့ မကြုံတွေ့ခဲ့ဖူးပါဘူး...။ သူမမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိခဲ့ပြီး ဘယ်တော့မှလည်း ခေါင်းမငုံ့ခဲ့ဖူးပါ ဘူး...။ ယခုမူ သူမဟာ အမှားကို သိမြင်ပြီး တောင်းပန်ခဲ့ပြီပဲ...၊ ရှင်တို့တွေ သူမဆီကနေ ဘာတွေ ထပ်ပြီး လိုချင် နေကြသေးတာလဲ...။ ဒီနေ့ကစပြီး ကျွန်မတို့ဟာ အခွင့်အရေးတွေကို ကာကွယ်ဖို့ သက်သေတွေကို စုဆောင်း သွားမှာ ဖြစ်ပါတယ်...။ ကျွန်မတို့ရဲ့ သမီးကို အွန်လိုင်းပေါ်မှာ နှောင့်ယှက်ခဲ့ကြတဲ့သူတွေထဲက ဘယ်သူမှ လွတ် မြောက်နိုင်မှာ မဟုတ်ပါဘူး...။]

နောက်ဆုံးတွင် သူမ၏ ဖခင်ဖြစ်သူကလည်း ရေးသားလိုက်လေသည်။

[ သမီးဖြစ်သူက ဒီအမှုကိစ္စမှာ မှားယွင်းခဲ့တာ မှန်ပေမဲ့ မင်းတို့ရဲ့ လုပ်ရပ်တွေကတော့ တရားလွန် ဖြစ်နေပြီး ငါတို့ မိသားစုရဲ့ လူနေမှုကို ပြင်းထန်စွာ ထိခိုက်စေတယ်...။ ကျေးဇူးပြုပြီး စကားပြောဆိုတဲ့အခါ ဆင်ခြင်ကြ ပါ...။]

သို့သော်လည်း ဤပြောဆိုချက်များသည် အင်တာနက်အသုံးပြုသူတို့၏ ဒေါသကို ပိုမိုဆိုးဝါးစေရုံသာ ရှိခဲ့လေ သည်။

[မင်းတို့တွေ ဘာတွေ တွေးနေကြတာလဲ...။ ဒီပြောဆိုချက်တွေရဲ့ အဆုံးသတ်ကို ကြည့်လိုက်စမ်းပါ...။ ငါတို့ အားလုံးက လူသတ်သမားတွေ ဖြစ်သွားမယ်လို့ ပြောနေကြတာ ဒါမှမဟုတ် ဘယ်သူမှ လွတ်မြောက်မှာ မဟုတ် ဘူးလို့ ပြောနေကြတာပဲ...။ သူတို့က 'လူပီသကြပါဦး' လို့တောင် ဆိုထားကြသေးတယ်...။]

[ဘယ်သူက ဘယ်သူ့ကို အရင်ဆုံး ထိခိုက်အောင် လုပ်ခဲ့တာလဲ...။ ဘယ်သူက အွန်လိုင်းပေါ်က တိုက်ခိုက်မှုတွေ ကို အရင်စတင်ခဲ့တာလဲ...။ အကယ်၍ မတရား စွပ်စွဲခံခဲ့ရတဲ့သူသာ ဒုက္ခရောက်သွားခဲ့ရင် သူတို့တွေ ဒီလိုမျိုး လုပ်နိုင်ပါဦးမလား...။]

[အဲ့ဒီမိန်းကလေး ပြောပုံအရဆိုရင် အစားအသောက် ပို့ဆောင်သူက သူမကို တိတ်တဆိတ် ဗီဒီယိုရိုက်ခဲ့ရင် သူ မက အလွယ်တကူ လွှတ်ထားမှာ မဟုတ်ဘူးတဲ့...။ အခုတော့ သူမရဲ့ မိခင်က သူမသမီး တစ်ခုခုဖြစ်သွားရင် အွန်လိုင်းပေါ်က တိုက်ခိုက်တဲ့သူ ဘယ်သူမှ လွတ်မြောက်မှာ မဟုတ်ဘူးလို့ ပြောနေပြန်ပြီ...။ အမိကောင်းမှ အမိသား ဆိုသလိုပါပဲ...။ သူမက အခြားသူတွေ မှားတဲ့အခါ လွှတ်မပေးခဲ့ဘဲ သူမကိုယ်တိုင် မှားတဲ့အခါကျမှ အားလုံးက ခွင့်လွှတ်ပေးဖို့ မျှော်လင့်နေတယ်...။]

[အပေါ်က အစ်ကို...၊ ကျွန်တော်ပြင်ပေးပါရစေ...။ သူတို့ရဲ့ သဘောက သူတို့ မှားယွင်းသွားလို့ အခြားသူတွေကို လွှတ်မပေးတာ မဟုတ်ပါဘူး...။]

ဟသူတို့ကတော့ မိမိတို့ကို စော်ကားလာရင် ဘယ်သူ့ကိုမှ လွှတ်မပေးတာ ဖြစ်ပါတယ်...၊ ဒါဟာ အတ္တဆန်ခြင်းနဲ့ မိမိကိုယ်မိမိ ဗဟိုပြုခြင်းရဲ့ အစွန်းရောက် ပုံစံတစ်ခုပဲ ဖြစ်ပါတယ်...။]

[မိမိရဲ့ သမီးကို အခြားသူတွေအပေါ် မတရား စွပ်စွဲခွင့်ပြုထားပြီး အခြားသူတွေကတော့ သမီးကို မထိခိုက် စေရဘူးတဲ့...၊ ဒါဟာ စိတ်ဝေဒနာရှင်တစ်ဦးရဲ့ စံနှုန်းနှစ်မျိုး ထားရှိခြင်း အစစ်ပါပဲ...။]

[ပြီးတော့ အင်တာနက်အသုံးပြုသူတွေက သူမကို ဘာမှ ထိခိုက်အောင် မလုပ်ခဲ့ပါဘူး...။ သူတို့က အတိတ်က ပြစ်မှုဟောင်းတွေကိုပဲ ပြန်လည် ထုတ်ဖော်နေကြတာပါ...။]

[မှန်ပါတယ်...၊ မင်းက အခြားသူတွေကို အွန်လိုင်းပေါ်မှာ ဖွင့်ချခဲ့တုန်းက အခြားသူတွေရဲ့ ခံစားချက်ကို ထည့် သွင်းစဉ်းစားခဲ့ဖူးလို့လား...။ အခု ကျွန်တော်တို့က အမှန်တရားကိုပဲ ပြောဆိုနေတာပါ...။ ဒီလိုမိသားစုမျိုးက ဘာဖြစ်လို့ ဒီလောက်တောင် အရှက်မဲ့နေရတာလဲ...။]

ထင်ရှားသည်မှာ အင်တာနက်အသုံးပြုသူတို့သည် ထိုစကားများကို လက်မခံကြပေ။

အဘယ်ကြောင့်ဆိုသော် ထိုအင်တာနက်ဆယ်လီ၏ မိသားစုသည် ဤကဲ့သို့သော အခြေအနေမျိုး၌ပင် အလွန် မောက်မာဝင့်ကြွားနေဆဲဖြစ်ပြီး ခေါင်းမာနေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။

သူတို့သည် မိမိတို့၏ အမှားများကို အလေးအနက် ဆင်ခြင်သုံးသပ်ခြင်း မရှိဘဲ မိမိကိုယ်မိမိ ကာကွယ်ခြင်းနှင့် အပြစ်ပုံချခြင်းတို့ကိုသာ ပြုလုပ်ခဲ့ကြသည်။

ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ တောင်းပန်ခြင်းနှင့် အမှန်တရား၊ တရားမျှတမှုတို့ကို ရိုသေလေးစားခြင်း မရှိဘဲ ကိုယ်ကျင့်တရားဖြင့် အကျပ်ကိုင်ခြင်းနှင့် ဥပဒေတို့ကို အသုံးပြုကာ အင်တာနက်အသုံးပြုသူများကို ခြိမ်းခြောက် ရန် ကြံရွယ်ခဲ့ကြခြင်ဖြစ်လေသည်။

ထိုအရာများသည် အင်တာနက်အသုံးပြုသူများ ဤမျှလောက်အထိ ဒေါသထွက်နေရသော အစစ်အမှန် အကြောင်းရင်းများ ဖြစ်တော့သည်။

ထို့ပြင် အင်တာနက်အသုံးပြုသူတို့သည် ထိုအင်တာနက်ဆယ်လီမလေးကို တစ်စုံတစ်ခု ဖြစ်သွားစေရန် အမှန် တကယ် အလိုမရှိကြဘဲ သူမ၏ အမှားကို ရိုးသားစွာ နောင်တရပြီး ပြင်ဆင်သွားသည်ကိုသာ မြင်တွေ့လိုကြခြင်း ဖြစ်သည်။

သူမအနေဖြင့် မိမိ ဘာတွေ မှားယွင်းခဲ့ကြောင်းနှင့် ဘာဖြစ်လို့ တောင်းပန်ရမည်ကို သိရှိသွားရန်သာ အလိုရှိကြ ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် လူထုအမြင်ကြောင့် အတင်းအဓမ္မ ပြုလုပ်ရခြင်းမျိုးကို မလိုလားကြပေ။

သူမသည် မိမိကိုယ်မိမိ အရာရာကို တတ်နိုင်သူ မဟုတ်ကြောင်းနှင့် အခြားသူများထက် သာလွန်မနေကြောင်းကို နားလည်စေလိုပြီး ဥပဒေနှင့် ကိုယ်ကျင့်တရားတို့ကို လိုက်နာရမည်ကို သိစေလိုရုံသက်သက် ဖြစ်သည်။

ဤအမှုကိစ္စတွင် ကျွန်ုပ်တို့ လိုအပ်သည်မှာ တရားမျှတပြီး ဆီလျော်သော ရလဒ်တစ်ခုသာ ဖြစ်ပြီး ဘယ်တော့မှ အလျော့မပေးသော သဘောထားမျိုးကို မဟုတ်ပေ။

နောက်ဆုံးတွင် ထိုသို့သော မကောင်းသော အကျိုးဆက်များကြောင့် အင်တာနက်ဆယ်လီမလေးသည် ကျောင်း မှ ထုတ်ပယ်ခြင်းကို ခံခဲ့ရလေသည်။

မည်သို့ပင်ဆိုစေ သူမသည် သတင်းစာပညာနှင့် မီဒီယာဘာသာရပ်ကို သင်ယူခဲ့သူ ဖြစ်သော်လည်း သူမ၏ အတွေးအခေါ်နှင့် လုပ်ရပ်များသည် သတင်းထောက်တစ်ဦး၏ ကျင့်ဝတ်သိက္ခာကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ လေသည်။

ထိုသို့မဟုတ်ဘဲ ထိုကဲ့သို့သောသူကို အောင်မြင်စွာ ဘွဲ့ရရှိခွင့်ပြုပြီး သတင်းနှင့် မီဒီယာလုပ်ငန်းခွင်သို့ ဝင်ရောက် ခွင့်ပြုလိုက်မည်ဆိုပါက နောက်ထပ် လူပေါင်းမည်မျှ မတရား စွပ်စွဲပုတ်ခတ်ခြင်း ခံရဦးမည်ကို မည်သူ သိနိုင်ပါ မည်နည်း။

မိမိ၏ လုပ်ရပ်များကြောင့် မိမိ၏ အနာဂတ် ပျက်စီးသွားရသည်ကို မြင်သောအခါ အင်တာနက်ဆယ်လီမလေး သည် မျက်ရည်စက်လက်ဖြင့် တောင်းပန်စကားဆိုသော ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့လေသည်။

သို့သော်လည်း သူမသည် မိမိ၏ အမှားကို အမှန်တကယ် သိမြင်ပြီး အင်တာနက်အသုံးပြုသူတို့ထံမှ ခွင့်လွှတ်မှု ကို ရိုးသားစွာ တောင်းခံနေခြင်း ဟုတ်မဟုတ်ကိုမူ ရှင်းလင်းစွာ မသိနိုင်ပေ။

သို့မဟုတ်ဘဲ သူမသည် ဟန်ဆောင်ပန်ဆောင် ပြုလုပ်နေပြီး မိမိ၏ အနာဂတ်ကိုသာ ပြန်လည် ကယ်တင်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။

သို့သော်ငြားလည်း ထိုအကြောင်းအရာအားလုံးသည် လျန်ထျန်းအတွက်မူ အရေးမပါတော့ပေ။ အွန်လိုင်းပေါ် တွင် တင်ထားသော သူ၏ ရုပ်အဆင်းပါဝင်သည့် ဗီဒီယိုများကိုမူ ဖယ်ရှားပြီးဖြစ်စေ သို့မဟုတ် ပိတ်ပင်ပြီး ဖြစ်စေ ရှိနေခဲ့ပြီ ဖြစ်သည်။

ဤအမှုကိစ္စတွင် မတရား စွပ်စွဲခြင်းကို ခံခဲ့ရသော ဖြူစင်သည့် သားကောင်တစ်ဦးအနေဖြင့် သူသည် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကိုမျှ ခံစားနေရခြင်း မရှိတော့ဘဲ ထုံးစံအတိုင်း အစားအသောက်များကို ဆက် လက် ပို့ဆောင်နေတော့သည်...။

All Chapters