အခန်း ၃၁၆
Vol. 32 Ch. 316
အခန်း (၃၁၆)
ကဏန်းတစ်ကောင်ကို သားရေကွင်းချွတ်ပေးရတာ တကယ်ပဲ အဲ့ဒီလောက် ခက်ခဲလို့လား
ပင်လယ်စာဆိုင်ရှင်သည် အယ်လာမာပလက်ဖောင်းပေါ်ရှိ မိမိ၏ဆိုင်၌ အနီရောင်ကတ် ပြသခြင်းခံရပြီး ပင်မ မျက်နှာစာတွင်လည်း ဗီဒီယိုတစ်ခု တက်လာသည်ကို ကြည့်ရင်း မှင်တက်နေမိတော့သည်...။
ယခုမူ သူသည် နာမည်ကျော်ကြားသွားခဲ့ပြီဖြစ်သော်လည်း အစားအသောက်ပို့ဆောင်ရေး ပလက်ဖောင်းများမှ တစ်ဆင့် ထောက်ပံ့ကြေးများကို ဆက်လက်ရယူရန် မျှော်လင့်ချက်များမှာမူ ရိုက်ချိုးဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်...။
အဘယ်ကြောင့်ဆိုသော် အယ်လာမာပေါ်တွင် အနီရောင်ကတ် ပြသခြင်းခံရသော ဆိုင်များသည် တစ်လတာ စောင့်ကြည့်ရမည့်ကာလအဖြစ် သတ်မှတ်ခြင်းခံရပြီး ထိုကာလအတွင်း အွန်လိုင်းမှ မည်သည့်အမှာစာကိုမျှ လက်ခံရရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်...။
တစ်လတာအတွင်း ကောင်းမွန်စွာ ပြုမူနေထိုင်သဖြင့် အဝါရောင်ကတ်သို့ လျှော့ချပေးခဲ့လျှင်ပင် အရောင်း အဝယ်များကို ပြန်လည်လုပ်ကိုင်နိုင်ရုံမျှသာ ရှိပေလိမ့်မည်...။ သို့သော်လည်း လူအများက ဤဆိုင်သည် အရည်အသွေးညံ့ဖျက်သော ကုန်စည်များကို ရောင်းချခြင်းနှင့် စားသုံးသူများကို အလေးခိုးခြင်းစသည့် သမိုင်း ကြောင်းများ ရှိခဲ့သည်ကို မြင်တွေ့သွားကြလျှင်မူ ၎င်းတို့သည် မလွဲမသွေ ရှောင်ရှားသွားကြပေလိမ့်မည် ဖြစ်ရာ အမှာစာများမှာလည်း သိသိသာသာ ထိုးဆင်းသွားပေလိမ့်မည်...။
အဝါရောင်ကတ်ဖြင့် စောင့်ကြည့်ရမည့်ကာလမှာလည်း တစ်လဖြစ်ပြီး ကဏန်းရောင်းချရမည့် ရာသီအကောင်း ဆုံးအချိန်မှာလည်း ဤနှစ်လအတွင်း၌သာ အဓိက တည်ရှိနေခြင်း ဖြစ်သည်...။ ဤနှစ်တွင် အစားအသောက်ပို့ ဆောင်ရေး ပလက်ဖောင်းများမှ ရက်ရောလှသော ထောက်ပံ့ကြေးများ ပေးအပ်နေသဖြင့် စည်းစိမ်ဥစ္စာများစွာ ရရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း နောက်ဆုံးတွင်မူ စိတ်ကူးယဉ်အိပ်မက်တစ်ခုမျှသာ ဖြစ်ခဲ့ရလေသည်...။
ယခုခေတ်ကာလတွင် အင်တာနက်စနစ်များ ထွန်းကားနေသဖြင့် လူအများက အွန်လိုင်းပေါ်၌ ဆိုင်တစ်ဆိုင်၏ အဆိုးမြင်မှတ်ချက်များကို မြင်တွေ့သွားကြလျှင်မူ ပြင်ပရှိ ဆိုင်အစစ်အမှန်အပေါ်၌လည်း ကြီးမားသော သက် ရောက်မှုများ ရှိလာနိုင်ပေသည်...။ တစ်နည်းအားဖြင့်ဆိုရသော် ပင်လယ်စာဆိုင်ရှင်သည် အရာခပ်သိမ်း ဆုံးရှုံး သွားခဲ့ရပြီ ဖြစ်ရာ ဤနှစ်၏ ပင်ယ်စာရာသီ အကောင်းဆုံးအချိန်၌ ပိုက်ဆံအမြောက်အမြား ရှာဖွေနိုင်ရန်မှာ မဖြစ်နိုင်တော့ပေ...။
ဤအကြောင်းအရာများကို တွေးတောမိသောအခါ ပင်လယ်စာဆိုင်ရှင်သည် လုံးဝ မှင်တက်သွားရပြီး ရုန်းထွက် နိုင်ခြင်းမရှိဘဲ အချိန်အတော်ကြာအောင် ရပ်တန့်နေမိတော့သည်...။
လျန်ထျန်းသည် မိမိ၏ဖုန်းကို သိမ်းဆည်းကာ ပင်လယ်စာဆိုင်ရှင်ကို ကြည့်လျက် ပြောလိုက်လေသည်...။
“မြင်ပြီမလား...၊ ခင်ဗျားရဲ့ လိမ်မာပါးနပ်မှုအတွက် မကြာခင်မှာ တန်ဖိုးပေးဆပ်ရပြီး ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ကြုံ တွေ့ရလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့သားပဲ...။”
ထိုစကားကို ကြားရလျှင် ပင်လယ်စာဆိုင်ရှင်သည် အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ဖြစ်သွားရပြီး လျန်ထျန်းကို မော့ကြည့်လိုက်သည်...။ နောက်တစ်စက္ကန့်တွင် သူသည် အမျက်ဒေါသ ခြောင်းခြောင်းထွက်သွားရပြီး ပင်လယ် စာဆယ်သည့် ပိုက်ကွန်ကို ကောက်ကိုင်ကာ လျန်ထျန်းကို ချိန်ရွယ်လျက် ဒေါသတကြီး ဆဲဆိုကြိမ်းမောင်း လေတော့သည်...။
“မင်းလို အစားအသောက် ပို့တဲ့ကောင်စုတ်...၊ မင်း ငါ့ကို တိုင်လိုက်တာမလား...။”
“မင်း ဘယ်တုန်းက ဗီဒီယိုရိုက်လိုက်တာလဲ...။ မင်းက ငါတို့ လောကရဲ့ လျှို့ဝှက်ချက်အားလုံးကို ဖွင့်ချလိုက်ပြီ... ၊ မင်းက ငါတို့ရဲ့ ထမင်းအိုးကို ရိုက်ခွဲလိုက်တာပဲ...။ မင်း အသက်မရှင်ချင်တော့ဘူးလား...။”
ဒေါသထွက်နေသော ပင်လယ်စာဆိုင်ရှင်နှင့် ရင်ဆိုင်ရသော်လည်း လျန်ထျန်းသည် တည်ငြိမ်စွာပင် ရှိနေပြီး မိမိ ၏ဦးခေါင်းပေါ်မှ ဦးထုပ်ကို လက်ညှိုးညွှန်ပြကာ အေးဆေးစွာ ဆိုလိုက်သည်...။
“ခင်ဗျား မသိသေးဘူး ထင်တယ်...။ အခုအချိန်မှာ ကျွန်တော်တို့ ပို့ဆောင်သူအားလုံးရဲ့ ဦးထုပ်ပေါ်မှာ ကင်မရာ တွေ တပ်ဆင်ထားပြီးသားပဲ...။”
“ဒီကင်မရာက ကျွန်တော်တို့ရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရုံတင်မကဘဲ အကြောင်းအရာများစွာကိုလည်း မှတ်တမ်းတင်ထားနိုင်လို့ အရေးကြီးတဲ့ အချိန်တွေမှာ သက်သေအဖြစ် အသုံးပြုနိုင်ပါတယ်...။”
“ဒါ့အပြင် ကုန်သည်တွေဘက်က မဆီလျော်တဲ့ လုပ်ရပ်တွေ ပြုလုပ်လာရင်လည်း ကျွန်တော်တို့မှာ ကြည့်ရှု စစ်ဆေးရမဲ့ တာဝန်ရှိပါတယ်...။ အခု အယ်လာမာပလက်ဖောင်းဟာ ပိုမိုတရားမျှတပြီး သန့်ရှင်းတဲ့ ဈေးကွက် ဝန်းကျင်ကို ဖန်တီးဖို့အတွက် ဒီအချက်ကို အလွန်အလေးထားပါတယ်...။”
ပင်လယ်စာဆိုင်ရှင်သည် လက်ထဲမှ ပိုက်ကွန်ကို လွှင့်ပစ်လိုက်ပြီး ဒေါသတကြီးဖြင့် ဆက်လက်အော်ဟစ် လေတော့သည်...။
“ငါကတော့ ဒါတွေအားလုံးကို ဂရုမစိုက်ဘူး...။ ငါသိတာကတော့ မင်းက ငါ့ဘဝကို ဖျက်ဆီးလိုက်တာပဲ...။”
“မင်း အခုချက်ချင်း တိုင်ကြားချက်ကို ပြန်ရုပ်သိမ်းပြီး ဗီဒီယိုကို ဖျက်ပစ်တာ ပိုကောင်းလိမ့်မယ်...။ ဒီလိုမှ မဟုတ်ရင်တော့ မင်း ဒုက္ခလှလှကြီး တွေ့ရလိမ့်မယ်...။”
ထိုစကားကို ကြားလျှင် လျန်ထျန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး -
“ခင်ဗျားက အမှားကို ပြုလုပ်ခဲ့ပြီးတာတောင် အမှားကိုသိမြင်ပြီး နှိမ့်ချစွာ ပြင်ဆင်ဖို့ မကြိုးစားဘဲ အမှားကို အထပ်ထပ် ပြုလုပ်နေဆဲပဲ...။ ခင်ဗျားက ကျွန်တော့်ကို အကြမ်းဖက်ပြီး ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား...။”
ခေါင်းမာလှသော ပင်လယ်စာဆိုင်ရှင်သည် မိမိ၏အကြောင်းပြချက်ကို ဆက်လက်၍ ငြင်းဆိုနေဆဲ ဖြစ်သည်...။
“ငါက ဘာမှားလို့လဲ...၊ ငါက ဘာမှားလို့လဲ...။”
“ဒါကို ငါတစ်ယောက်တည်း လုပ်တာမှ မဟုတ်တာ...။ ပင်လယ်စာ ရောင်းတဲ့သူမှန်သမျှ ကဏန်းတွေကို သားရေ ကွင်းနဲ့ ချည်ကြတာပဲ...။ အားလုံးကလည်း ဒီလိုပဲ လုပ်နေကြတာပဲ...။”
၎င်းကို ကြားရလျှင် လျန်ထျန်းသည် ဦးခေါင်းကို ညိတ်ကာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပြတ်သားစွာ ဆိုလိုက်သည်...။
“ဒါဟာ အမှားကို အမှန်လို့ သတ်မှတ်နေကြတဲ့ အခြေအနေတစ်ခုပဲ...။ ဒီနေ့ကစပြီး ဒီအမှုကိစ္စကို ပြောင်းလဲပစ် ရမယ်...။”
“ကျွန်တော်တော့ မယုံဘူး...။ ကဏန်းတစ်ကောင်ကို သားရေကွင်းချွတ်ပေးရတာ တကယ်ပဲ အဲ့ဒီလောက် ခက်ခဲ လို့လား...။”
ပင်လယ်စာဆိုင်ရှင်သည် အေးစက်စွာ ရယ်မောလိုက်ပြီး -
“ဒါပေါ့...၊ ခက်ခဲမှုက မင်းထင်ထားတာထက် အဝေးကြီး ပိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းအခုလို လုပ်တာ က လူပေါင်းများစွာရဲ့ အကျိုးစီးပွားကို ချိုးဖောက်နေတာဆိုတာ မင်းသိလို့လား...။”
“ငါတို့လို ကုန်သည်အသေးလေးတွေက ဒုတိယအဆင့်ပဲ ရှိသေးတယ်...။ အစစ်အမှန် အကျိုးအမြတ်တွေကို ရရှိ နေတာက အထက်က ဒိုင်တွေပဲလေ...။”
“အခုတော့ ငါ မင်းကို အမှန်အတိုင်း ပြောပြဖို့ မကြောက်တော့ဘူး...။ ငါ ခုနက မင်းကို လိမ်ခဲ့တာ မဟုတ်ဘူး...၊ ငါတို့ ကဏန်းတွေကို သွားဝယ်ကတည်းက သူတို့က သားရေကွင်းအထူကြီးတွေနဲ့ ချည်ထားတာ...။ ငါတို့ဆီ ပြန်ရောင်းတဲ့အခါမှာလည်း သားရေကွင်းတွေရဲ့ အလေးချိန်ကိုပါ ထည့်တွက်ပြီး ချိန်တာပဲ...။”
“တကယ်လို့ ငါတို့က ပိုပြီး အမြတ်ရချင်ရင် ပိုပြီး လေးလံတဲ့ သားရေကွင်းတွေကိုပဲ သုံးရတော့မယ်...။ တကယ် လို့ မင်း တကယ်တော်ရင် အဲ့ဒီ ဒိုင်တွေကို သွားပြီး ဖြေရှင်းပါလား...။ အောက်ခြေက ကုန်သည်အသေးလေးတွေ ကိုပဲ ပစ်မှတ်ထားနေတာ ဘာဂုဏ်ယူစရာ ရှိလို့လဲ...။”
ဤစကားများကို ကြားရလျှင် လျန်ထျန်းသည် ရုတ်တရက် အကြောင်းအရာအချို့ကို သဘောပေါက်သွားပြီး ဦးခေါင်းကိုငုံ့ကာ ခေတ္တမျှ စဉ်းစားဆင်ခြင်ပြီးနောက် တွေးတောလျက် ပြောလိုက်လေသည်...။
“ဒါဆိုရင် ပြဿနာက ဒီလောကရဲ့ အထက်ပိုင်းကတည်းက စတင်ခဲ့တာပေါ့...။ ဈေးကွက်တစ်ခုလုံး ဒီလို ဖြစ်ပျက်နေတာ မဆန်းတော့ပါဘူး...။”
“အထက်လူကြီး မမှန်လျှင် အောက်လူငယ် မကျဆိုတဲ့ စကားအတိုင်းပါပဲ...။ အဆင့်တိုင်းက တစ်ဦးကိုတစ်ဦး လိုက်လုပ်နေကြတာပဲ...။”
ခေတ္တမျှ ရပ်တန့်ပြီးနောက် လျန်ထျန်းသည် ပင်လယ်စာဆိုင်ရှင်ကို မော့ကြည့်ကာ ဆက်လက်ဆိုလိုက်သည်...။
“ကောင်းပြီ...၊ အခု ကျွန်တော် ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးမယ်...။ ခင်ဗျားဘက်က ကူညီပေးမယ်ဆိုရင် ခင်ဗျားဆိုင်ရဲ့ အနီရောင်ကတ် ပြသခြင်းနဲ့ ဗီဒီယိုကို ချက်ချင်း ဖယ်ရှားပေးမယ်...။”
ထိုစကားကို ကြားရလျှင် ပင်လယ်စာဆိုင်ရှင်က ချက်ချင်းပင် မေးမြန်းလိုက်သည်...။
“ဘယ်လို ကူညီရမလဲ...။”
လျန်ထျန်းသည် ရှေ့သို့ တိုးသွားကာ သူ၏နားအနား၌ တိုးညင်းစွာ ပြောဆိုလိုက်သည်...။ ပင်လယ်စာဆိုင်ရှင် သည် ပထမဦးစွာ အံ့အားသင့်သွားရပြီးနောက် သံသယဖြစ်ဖွယ် မျက်လုံးများဖြင့် ကြည့်လိုက်သည်...။
“မင်းပြောတာက တကယ် အလုပ်ဖြစ်ပါ့မလား...။ ဒါက တစ်လောကလုံးကို ပြောင်းလဲပစ်ရမှာ...၊ မင်းက သာမန် အစားအသောက် ပို့ဆောင်သူတစ်ယောက်ပဲ ဥစ္စာ...။”
လျန်ထျန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီးနောက် တစ်ဖန် တိုးညင်းစွာ ဆိုလိုက်ပြန် လေသည်...။
“ကျွန်တော်က ပို့ဆောင်သူတစ်ယောက်တင် မဟုတ်ပါဘူး...။ ဒါပေမဲ့ အခြားအရာတွေကိုတော့ ထပ်မမေးပါနဲ့ တော့...။ ခင်ဗျားဘက်က ကူညီဖို့ ဆန္ဒရှိမရှိပဲ ပြောပါ...။”
ပင်လယ်စာဆိုင်ရှင်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး သံသယဖြစ်နေမိသော်လည်း ရုတ်တရက် အတွေးတစ်ခု ရရှိသွားသည်...။
*တကယ်လို့ သူက သာမန် ပို့ဆောင်သူတစ်ယောက်ဆိုရင် ဒီလိုကိစ္စမျိုးတွေမှာ ပါဝင်ပတ်သက်နေစရာ အကြောင်းမရှိဘူး...။*
*ပြီးတော့ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ငါ့ဆိုင်ကို အနီရောင်စာရင်းထဲ သွင်းနိုင်ရုံတင်မကဘဲ ပင်မမျက်နှာစာမှာပါ ဗီဒီယို ပြသနိုင်ခဲ့တယ်...။*
*သေစမ်း...။ ကောလာဟလတွေက အမှန်ပဲလား...၊ ပို့ဆောင်သူတွေကြားထဲမှာ ထိပ်တန်းပုဂ္ဂိုလ်ကြီးအချို့ ရှိနေတတ်တယ်ဆိုတာ...။ ငါ တကယ်ပဲ အဲ့ဒီထဲက တစ်ယောက်နဲ့ တွေ့ခဲ့တာလား...။*
ဤအချက်ကို တွေးတောမိသောအခါ ပင်လယ်စာဆိုင်ရှင်သည် ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် ခေါင်းညိတ်ကာ သဘောတူလိုက်တော့သည်...။ ထို့ပြင် လျန်ထျန်းအပေါ် ထားရှိသော သူ၏ သဘောထားမှာ လည်း သိသိသာသာ ပြောင်းလဲသွားခဲ့လေသည်...။
နောက်ဆက်တွဲ အချိန်ကာလအတွင်း၌ အယ်လာမာပလက်ဖောင်းသည် ပို့ဆောင်သူအားလုံးထံသို့ တာဝန်တစ်ခု ထုတ်ပြန်ခဲ့သည်...။
ဆက်သွယ်ရေးစွမ်းရည် ထက်မြက်သော ပို့ဆောင်သူများသည် မိမိတို့၏ ဆန္ဒအလျောက် ဤတာဝန်ကို ရွေးချယ် နိုင်ပြီး အမှာစာတစ်ခုကို လုယူရသကဲ့သို့ ဖြစ်ကာ တာဝန်ပြီးဆုံးပါက ဆုလာဘ်များကို ရရှိနိုင်မည် ဖြစ်သည်...။
ထိုတာဝန်မှာ ဒေသခံ ပင်လယ်စာဆိုင် အကြီးအသေးများနှင့် သွားရောက်ဆွေးနွေးရန် ဖြစ်ပြီး ဆွေးနွေးမှု အသေး စိတ်ကိုမူ လျှို့ဝှက်ထားရမည် ဖြစ်သည်...။
သို့သော်လည်း တစ်နေ့သောအခါ၌ နိုင်ငံတစ်ဝန်းရှိ ပင်ယ်စာဆိုင်အများစုသည် ပင်လယ်စာများကို သွားရောက် ဝယ်ယူသည့်အခါတွင် အထက်က ဒိုင်များနှင့် စတင်၍ စကားဆိုကြတော့သည်...။
“အခု ဈေးကွက်ထဲမှာ စည်းမျဉ်းအသစ် ရှိနေပြီ...။ ဘယ်ပစ္စည်းမှ အလွန်အကျွံ ထုပ်ပိုးခြင်း မပြုရဘူး...၊ ကဏန်းတွေကို ချည်တဲ့ သားရေကွင်းတွေလည်း အပါအဝင်ပဲ...။”
“ဟုတ်တယ်...၊ ခင်ဗျားတို့ ချည်ထားတဲ့ သားရေကွင်းတွေက အရမ်းထူပြီး လေးလွန်းတယ်...။ ဒါက စည်းမျဉ်း တွေနဲ့ လုံးဝ မကိုက်ညီဘူး...။ တကယ်လို့ ကျွန်တော်တို့က ပြန်ယူသွားပြီး သားရေကွင်းတွေကို ချွတ်ပြီး ရောင်းရ င်တောင် ဆုံးရှုံးမှု ရှိနိုင်တယ်...။”
“ဟုတ်ပါတယ်...၊ သာမန် အဝါရောင် သားရေကွင်းအသေးလေးတွေဆိုရင်လည်း ကဏန်းတွေကို မြဲမြံအောင် ချည်နိုင်တာပဲလေ...။ တကယ်လို့ ဒီလို အနီရောင် သားရေကွင်းကြီးတွေပဲ သုံးနေဦးမယ်ဆိုရင် ကျွန်တော်တို့ ပစ္စည်းမယူတော့ဘူး...။”
အစပိုင်းတွင် ဆိုင်အနည်းငယ်မျှသာ ဤသို့ပြောဆိုသောအခါ အထက်ဒိုင်သည် အလွန်ပင် မောက်မာဝင့်ကြွား နေဆဲဖြစ်ပြီး ချက်ချင်းပင် ဆဲဆိုလိုက်သည်...။
“ပစ္စည်းယူချင်ရင် ယူ...၊ မယူချင်ရင် လစ်လိုက်တော့...။ မင်းတို့မယူရင်လည်း ယူမယ့်သူတွေ အများကြီး ရှိ တယ်...။”
ဤစကားများသည် အချို့သော အလုပ်ရှင်များက မိမိတို့၏ ဝန်ထမ်းများကို ပြောဆိုသည့် လေသံနှင့် အလွန်ပင် တူလှပေသည်...။
သို့သော်လည်း သားရေကွင်း ပြဿနာကြောင့် ပစ္စည်းဝယ်ယူခြင်းကို ရပ်တန့်လိုက်သူများ ပိုမိုများပြားလာသော အခါ အထက်ဒိုင်သည် အချိန်အတော်ကြာအောင် ရောင်းချရခြင်းမရှိဘဲ ပုံပုံနေသော ပစ္စည်းများကို ကြည့်ရင်း တဖြည်းဖြည်းနှင့် အခြေအနေ မဟန်တော့ကြောင်း ရိပ်စားမိလာခဲ့သည်...။
နောက်ထပ် လူတစ်စု ရောက်ရှိလာသောအခါ သူတို့၏ လေသံမှာ သိသိသာသာ ပျော့ပြောင်းသွားခဲ့သော်လည်း မျက်နှာအမူအရာမှာမူ မကောင်းမွန်လှဘဲ မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်...။
“ဒီနေ့ မင်းတို့အားလုံး ဘာဖြစ်နေကြတာလဲ...။ ငါတို့ ကဏန်းတွေကို ဒီလိုပဲ အမြဲတမ်း ရောင်းချလာခဲ့တာ မဟုတ်ဘူးလား...။”
“ဒါ့အပြင် ငါတို့က ဒီအတွက် သီးသန့် သားရေကွင်း အမျိုးအစား နှစ်မျိုးကို တမင်တကာ ပြုလုပ်ထားတာပဲ...။ တစ်မျိုးက တစ်ကီလိုဂရမ်ကို ပြား (၃၀) တန်ဖြစ်ပြီး အခြားတစ်မျိုးက တစ်ကီလိုဂရမ်ကို ပြား (၂၀) တန်တွေ လေ...။”
“ငါတို့ မင်းတို့ဆီ ရောင်းတဲ့အခါ တစ်ပေါင်ကို အကောင် (၃၀) နှုန်းနဲ့ ချည်ပေးထားတာပဲ...။ မင်းတို့ ပြန်ရောက် တဲ့အခါ တစ်ပေါင်ကို အကောင် (၂၀) နှုန်းနဲ့ ပြန်လဲပြီး အမြတ်အစွန်း ထပ်ရှာလို့ ရတာပဲ မဟုတ်လား...။”
“ဒါက အားလုံး ပိုက်ဆံရနိုင်တဲ့ ကောင်းမွန်တဲ့ အရာဖြစ်တာ ထင်ရှားပါလျက်နဲ့ ဘာဖြစ်လို့ ရုတ်တရက်ကြီး မလုပ်ချင်ကြတော့တာလဲ...။ ဘယ်ဈေးကွက်က စည်းမျဉ်းအသစ်တွေ ထွက်လာလို့လဲ...။”
ထိုမေးခွန်းကို ကြားရလျှင် ကုန်သည်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အချိန်အတော်ကြာမှ တစ်ဦး က ရှေ့သို့ ထွက်၍ ပြောလိုက်လေသည်......။
“ဒါဟာ ဟန်းဂရီးအဖွဲ့ ကြောင့်ပါ.... သူတို့ရဲ့ အစုရှယ်ယာရှင်ကြီးက ခင်ဗျားတို့ဆီ စကားအချို့ ပါးခိုင်းလိုက် လို့ပါ...။”
သူက ပြောလိုက်သည်မှာ၊
“ကျွန်ုပ်တို့ဟာ စီးပွားရေးလုပ်နေကြတာ ဖြစ်လို့ မိမိတို့ရဲ့ အလုပ်ကို ရိုးသားစွာ လုပ်ကိုင်ပြီး ရသင့်ရထိုက်တဲ့ ပိုက်ဆံကိုပဲ ရှာရပါမယ်...။ မကောင်းတဲ့ အမှုကိစ္စတွေထဲမှာ ပါဝင်ပတ်သက်ခြင်း မရှိရပါဘူး...။”
“ဘာလို့လဲဆိုတော့ လိမ်ညာလှည့်ဖြားခြင်းက ယာယီအကျိုးအမြတ်ကို ပေးနိုင်သော်လည်း နောင်တစ်ချိန်မှာ ဘေးဥပါဒ်ကိုသာ ဖြစ်စေပါလိမ့်မယ်...။ နောက်ဆုံးမှာ အကျိုးထက် အရှုံးကပဲ ပိုများလိမ့်မယ်...။”
“အကယ်၍ ခင်ဗျားက စားသုံးသူတွေကို လူမိုက်လို မှတ်ယူထားရင် နောင်တစ်ချိန်မှာ ခင်ဗျားကိုယ်တိုင်လည်း လူမိုက် ဖြစ်လာလိမ့်မယ်...။ မကောင်းမှုဟူသည် သေးငယ်သည်ဆိုသော်လည်း မပြုကျင့်ရာ...၊ ကောင်းမှုဟူ သည် သေးငယ်သည်ဆိုသော်လည်း မမေ့လျော့ရာ...။”
ဤစကားများကို ကြားရလျှင် အထက်ဒိုင်သည် ရုတ်တရက် အမျက်ဒေါသ ခြောင်းခြောင်းထွက်သွားရပြီး စကားကို ဖြတ်တောက်လိုက်သည်...။
“တော်စမ်း...၊ ဆက်မပြောနဲ့တော့...။”
“အွန်လိုင်း ပလက်ဖောင်းတစ်ခုက ဘာဖြစ်လို့ ဒီလောက်တောင် မောက်မာနေရတာလဲ...။”
“သူက ငါတို့ လောကရဲ့ အကျိုးစီးပွားထဲကို ဝင်ရောက်စွက်ဖက်နေတာပဲ...၊ ဒါက တရားလွန် ဖြစ်နေပြီ...။”
“ငါ တကယ်ကို နားမလည်နိုင်တော့ဘူး...။ ကဏန်းကို သားရေကွင်းနဲ့ ချည်တာက သူနဲ့ ဘာဆိုင်လို့လဲ...၊ သူ ပိုက်ဆံရှာတာကိုလည်း တားဆီးနေတာမှ မဟုတ်တာ...။”
ထိုအခါ ကုန်သည် ကိုယ်စားလှယ်က စကားတစ်ခွန်း ထပ်မံဖြည့်စွက်လိုက်လေသည်......။
“တကယ်တော့...၊ ဟန်းဂရီးအဖွဲ့က အခုတလော ပင်လယ်စာသီးသန့် ထောက်ပံ့ကြေး အစီအစဉ်ကို စတင်ထား တာပါ...။ အွန်လိုင်းပေါ်ကနေ ရောင်းချရတဲ့ ကဏန်းတွေအတွက် သူတို့က ပိုက်ဆံမရရုံတင်မကဘဲ ကိုယ်တိုင် စိုက်ထုတ်နေရတာ ဖြစ်ပါတယ်...။”
အထက်ဒိုင်သည် ထိတ်လန့်တုန်လှုပ်သွားရပြီး -
“သူက သူ့ကိုယ်သူ သူရဲကောင်းတစ်ယောက်လို့ တကယ် ထင်နေတာလား...။ ဒါက ကောင်းမှုတစ်ခုလို့ ယုံကြည် နေတာလား...။ အခြားသူတွေက မိမိအကျိုးအတွက် အခြားသူကို ဒုက္ခပေးကြပေမဲ့ သူကတော့ အခြားသူတွေရဲ့ အကျိုးအတွက် မိမိကိုယ်ကို ဒုက္ခပေးနေတယ်...၊ ဒါက သူ့အတွက် ဘာအကျိုးရှိလို့လဲ...။”
“ပြီးတော့ မင်းတို့ကောပဲ...။ ဘာဖြစ်လို့ သူ့စကားကို နာခံနေကြတာလဲ...။ လောကရဲ့ အကျိုးစီးပွားအတွက် ငါတို့ တွေ ပူးပေါင်းပြီး သူ့ကို သပိတ်မှောက်သင့်တာ မဟုတ်ဘူးလား...။”
ကုန်သည် ကိုယ်စားလှယ်က ပြုံးလျက် ဦးခေါင်းကို ရမ်းလိုက်သည်......။
“ကျွန်တော်တို့ သူ့စကားကို နားထောင်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်...။”
“ဒါပေါ့...၊ ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း ပြောရရင် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ အလွန်မြင့်မြတ်တဲ့သူတွေ လို့ မသတ်မှတ်ပါဘူး...။ အကျိုးစီးပွားတွေ ပါဝင်ပတ်သက်နေသလို ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရား အစိတ် အပိုင်းအချို့လည်း ပါဝင်ပါတယ်...။”
“ပထမဆုံးအနေနဲ့ သူ ကျွန်တော်တို့ကို ပေးတဲ့ အကျိုးအမြတ်ကတော့...၊ ကျွန်တော်တို့ အရင်က သားရေကွင်း တွေနဲ့ ချည်ထားတဲ့ ကဏန်းတွေကို အဖွဲ့ဘက်က သားရေကွင်းတွေချွတ်ပြီး ရောင်းခိုင်းပါတယ်...။”
“ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ဘာမှ ဆုံးရှုံးမှု မရှိစေရဘူးလို့ ကတိပြုထားပါတယ်...။ ဒါတင်မကဘဲ ကျွန်တော်တို့ကို နှစ်ဆ ထောက်ပံ့ပေးမှာ ဖြစ်ပြီး အမှာစာတစ်ခု ရောင်းချရတိုင်း ပိုက်ဆံက အကောင့်ထဲကို ချက်ချင်း ရောက်ရှိလာမှာ ဖြစ်ပါတယ်...။”
ခေတ္တမျှ ရပ်တန့်ပြီးနောက် ကုန်သည် ကိုယ်စားလှယ်က ဆက်လက်ပြောလိုက်လေသည်......။
“ဒီလို အစစ်အမှန် ကတိကဝတ်တွေကြောင့် ကျွန်တော်တို့ဟာ ဟန်းဂရီးအဖွဲ့ကို အလွန် ရိုသေ လေးစား မိပါ တယ်...။”
“ဘယ်သူက ကိုယ့်ရဲ့ အကျိုးစီးပွားကို လျစ်လျူရှုပြီး ပြည်သူတွေ၊ စားသုံးသူတွေနဲ့ တရားမျှတတဲ့ ဈေးကွက် ဝန်းကျင်ကို ဖန်တီးဖို့အတွက် စိတ်ရောကိုယ်ပါ ဆောင်ရွက်နိုင်ပါ့မလဲ...။”
“အတိတ်က ကျွန်တော်တို့ ပြုလုပ်ခဲ့တာတွေကို ပြန်တွေးကြည့်ရင် ပိုပြီးတော့တောင် ရှက်ရွံ့မိပါတယ်...။ ဒါကြောင့် ကျွန်တော်တို့ဟာ စီးပွားရေး ပတ်သက်မှုတင်မကဘဲ ပိုမိုကောင်းမွန်တဲ့ ဈေးကွက်ဝန်းကျင်ကို ဖန်တီးဖို့အတွက် ကူညီပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်...။”
၎င်းကို ကြားပြီးနောက် အထက်ဒိုင်သည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားရပြီးနောက် သံသယအချို့ ဖြင့် မေးမြန်းလိုက်သည်......။
“ဟန်းဂရီးအဖွဲ့က တကယ်ပဲ အဲ့ဒီလို လုပ်တာလား...။”
“ပြီးတော့ ငါတို့ဘက်က အကျိုးအမြတ်အချို့ ပေးလိုက်ရင် အချို့သောသူတွေကို သစ္စာဖောက်အောင် လုပ်နိုင်မှာ ကို မင်းတို့ မစိုးရိမ်ဘူးလား...။”
“စီးပွားရေးလောကမှာ ထာဝရ ရန်သူ ဒါမှမဟုတ် ထာဝရ သူငယ်ချင်းဆိုတာ မရှိဘူး...။ ထာဝရ အကျိုးစီးပွားပဲ ရှိတယ်....။ အကျိုးစီးပွား ရှိရင် အရာရာကို လုပ်ဆောင်နိုင်တာပဲ...။”
“တကယ်လို့ မလုပ်ဆောင်နိုင်သေးဘူးဆိုရင် အကျိုးအမြတ်က မလုံလောက်သေးလို့ပဲ ဖြစ်လိမ့်မယ်...။ အခု ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်...၊ မင်းတို့ အခွင့်ကောင်းယူပြီး တစ်ညတည်းနဲ့ ချမ်းသာချင်ကြသလား ...။”
“စဉ်းစားကြည့်စမ်း... ဈေးကွက်ထဲမှာ ပစ္စည်းမရှိတော့တဲ့အချိန်မှာ မင်းတို့ဆီမှာပဲ ပစ္စည်းရှိနေရင် ဘယ်လောက် ဈေးနဲ့ ဘယ်လိုရောင်းရမလဲဆိုတာ မင်းတို့ ဆုံးဖြတ်လို့ ရပြီပေါ့...။ မင်းတို့တွေ ကြီးပွားချမ်းသာသွားမှာ သေချာ တယ်...။”