ကောင်းကင်ဘုံ ခိုးယူခြင်း ဆေးမီဖို (၇)ခု (၂)
Vol. 006 Ch. 251
သို့သော် ဝမ်လင်းက ထိုနှုန်းက နှေးလွန်း နေသေးသည်ဟု ခံစား နေရသည်။ သူက ဆက်လက်ပြီး ဆေးလုံးများကို သောက်သုံးပြန်သည်။ သို့သော် သူက ဆေးလုံးများ၏ အာနိသင်က လျော့ကျ လာသည်ဟု ခံစားလာရ၏။
လီမူဝမ်က ဤသို့ ဖြစ်လာမည်ကို သူ့အား ပြောပြခဲ့ပြီး ဖြစ်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်က ဆေးလုံးများစွာ သုံးစွဲပြီးနောက် ဆေးအာနိသင် လျော့လာမည် ဖြစ်သည်။ ထိုအဖြစ်က ထူးဆန်းလှ၏။ စိတ်ဝိညာဉ် စွမ်းအင်များက ဆေးလုံးအတွင်း၌ ရှိနေသေး သော်လည်း ထိုစွမ်းအင်များက ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် လာသည့်အခါ သူက ရှေးဟောင်း နတ်ဘုရား နည်းစနစ်ဖြင့် မစုပ်ယူခင် စိတ်ဝိညာဉ် စွမ်းအင်ပမာဏ များစွာက အရင်ပျောက်ကွယ် သွားလေသည်။ ထိုဖြစ်စဉ်ကို ခန္ဓာကိုယ် အဟန့်အတား ဟုခေါ်၏။
သည်ပြဿနာက ဆေးအများကြီး သောက်ပြီးသည့် သူတိုင်းကြုံရမည် ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရန် အရင် သောက်သုံးခဲ့သော ဆေးလုံးများထက် တန်ဖိုးပိုရှိသော ဆေးလုံးများကို သုံးစွဲရန် လိုလေ၏။ နောက်ထပ် အခြားနည်း တစ်ခုမရှိပေ။ အချိန် ဘယ်လောက်ကြာကြာ ထို ခန္ဓာကိုယ် အဟန့်အတားက ထိုဆေးလုံးများစွာ သုံးစွဲခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ တည်ရှိနေလိမ့်မည် ဖြစ်သည်။
ရက်အတန်ကြာ ဆေးလုံးများ ဆက်တိုက် သောက်ပြီးနောက် ခန္ဓာကိုယ် အတားအဆီးက ဝမ်လင်းမှာလည်း ဖြစ်ပေါ်လာသည်။ သို့သော် သူက အခုထိ ဆေးလုံး သုံးစွဲခြင်းကို ရပ်တန့်ခြင်း မရှိပေ။ လီမူဝမ်က ထိုပြဿနာ ဖြစ်လာမည်ကို သူ့အတွက် ထည့်တွက် စဉ်းစားပြီး ဖြစ်သည်။
တကယ်တော့ လီမူဝမ်လို ဆေးဝါးပညာရှင် တစ်ယောက်က ဆေးလုံးများနှင့် ပတ်သက်ပြီး ဝမ်လင်းအတွက် အရာအားလုံး ပြည့်စုံစွာ ပြင်ဆင်ပေးထားပြီး ဖြစ်သည်။
ဝမ်လင်းက သူ့အောက်ရှိ ဆေးတစ်ပုလင်းကို ကောက်ယူလိုက်သည်။ ထိုဆေးပုလင်းထဲ၌ ခန္ဓာကိုယ် အဟန့်အတားကို ကျော်ဖြတ်နိုင်သော သော့ချက်တစ်ခု ရှိလေသည်။ ထိုဆေးလုံးများကို ခန္ဓာကိုယ် အဟန့်အတား ဖျက်ဆီးခြင်း ဆေးလုံး ဟုခေါ်၏။ သည်ဆေးလုံးများကို ထိုသို့ ခေါ်သော်လည်း အမှန်တကယ် အဟန်အတားကို ဖယ်ရှားနိုင်ခြင်း မရှိပေ။ တကယ်တော့ လီမူဝမ်က သည်ဆေးလုံးများကို ရှားပါးဆေး အမယ်များနှင့် ဖော်စပ်ခဲ့ခြင်း ဖြစ်ပြီး ဆေးလုံး အာနိသင်ကို စုပ်ယူနိုင်မှု ပို၍ကောင်းအောင် သည်ဆေးက ပြုလုပ်ပေးနိုင်သည့် အစွမ်းသာ ရှိခြင်းဖြစ်သည်။ သည်ဆေးက အဆင့်တစ် ဆေးလုံးတစ်လုံးသာ ဖြစ်သော်လည်း အံအားသင့်စရာ အကျိုး သက်ရောက်မှုများ ရှိလေသည်။
ထိုဆေးလုံး သောက်ပြီးနောက် ဝမ်လင်းက ကျန်နေသေးသော ဆေးပုလင်းများ ထဲရှိ ဆေးလုံး အမြောက်အမြားကို သုံးစွဲလိုက်သည်။ ဆေးလုံးများထဲမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ် စွမ်းအင်များ၏ အမြန်နှုန်းက မနှေးသော်လည်း ဝမ်လင်း၏စုပ်ယူမှုက ပို၍ မြန်လှပေသည်။ သူက ရှေးဟောင်း နတ်ဘုရား နည်းစနစ်ဖြင့် စိတ်ဝိညာဉ် စွမ်းအင်များစွာကို လျင်မြန်စွာ စုပ်ယူနိုင်လေ၏။
သည်လိုနှင့် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်မှ နောက်ဆုံး အဆင့်သို့ ရောက်လာခဲ့ တော့သည်။ သူက အထွတ်အထိပ် အဆင့်သို့ မရောက်သေးသော်လည်း စဦးစိတ်ဝိညာဉ် အဆင့်နှင့် အလွန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။
သည်နေ့တွင် ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲ၌ ကျင့်ကြံနေရာမှ နိုးထ လာခဲ့သည်။ သူက မကောင်းဆိုးဝါး ရှုလီကောထံမှ အချက်ပြမှုကို ရလိုက်သည်။ သူနှင့် လီမူဝမ်တို့က ချိန်းဆိုမှု ပြုလုပ်ထားပြီးသား ဖြစ်သည်။ ထိုအချက်ပြမှုက သူမသည် ချိပ်ပိတ် ထားသည်ကို ဖွင့်သောနည်းလမ်း တွေ့ပြီဟု ဆိုလိုခြင်းပင် ဖြစ်တော့သည်။ ဝမ်လင်းက မတ်တတ်ရပ်၍ ရှေ့သို့ လျင်မြန်စွာ ထွက်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ် သွားလေ၏။
ဝမ်လင်းက မြောက်ဘက် ခြံဝင်းထဲ၌ ပြန်ပေါ်လာခဲ့တော့၏။ ဝမ်လင်းက သူထွက်ပေါ် လာသည်နှင့် မြေကြီးပေါ်မှာ သူထားခဲ့သော ဓားပျံကို ကြည့်လိုက်သည်။ ထိုဓားပျံ၌ သူက နတ်ဘုရား အာရုံဖြင့် အတားအဆီးတစ်ခု ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုအတားအဆီးက စောင့်ကြည့်ရေး အတားအဆီး တစ်ခုဖြစ်၏။
ဝမ်လင်းက ထိုဓားပျံကို ပြန်ချလိုက်ပြီး သူ့အခန်းတံခါးကို ဖွင့်၍ ဂိတ်ဝသို့ လမ်းလျှောက်ထွက် လာခဲ့တော့သည်။ ထိုခဏ၌ သူက ဂိတ်တံခါးမှ ဝင်လာသော ကျောက်လင်းကို တွေ့လိုက်ရသဖြင့် ရပ်တန့်လိုက်သည်။
ကျောက်လင်းကလည်း ဝမ်လင်းကို မြင်ပြီးနောက် သူက ဝမ်လင်းကို အာရုံစိုက် ကြည့်လိုက်သည်။ သူက ဝမ်လင်း၏ ခြားနားလာမှုကို သိရှိလိုက်သည်။ သူတံခါးပိတ် မလေ့ကျင့်ခင်က ဝမ်လင်းက ချီစုဆောင်းမှု အလွှာသုံးသာ ရှိသေး၏။ အခု သူက ဝမ်လင်း၏ ကျင့်ကြံခြင်း အဆင့်ကို မြင်နိုင်ခြင်း မရှိတော့ပေ။ သူက အခုဝမ်လင်း၏ အဆင့်သည် အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့် မဟုတ်တောင်မှ အလယ်အလတ် အဆင့်သို့ ရောက်နေမည်ဟု တွေးလိုက်သည်။ ထို့နောက်သူက ဝမ်လင်းကို ပြုံး၍ ပြောလိုက်သည်။
“ဆရာက မင်းနဲ့သူနဲ့ တွေ့မယ့်နေရာ မေးခိုင်းလိုက်တယ် ...”
ဝမ်လင်းက သူ့ရှေ့က လူကို ကြည့်၍ ခေါင်းညိတ်ပြ လိုက်သည်။
ကျောက်လင်းက ဂိတ်တံခါးကို ပိတ်၍ ဉယျာဉ်ထဲသို့ ဆက်လျှောက် လာခဲ့သည်။ သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဒီ ... ငါ ... ငါက မင်းကို ဦးလေးလို့ ခေါ်သင့်တယ် ... ငါမသိခဲ့ဘူး ...။ မင်းက ငါ့ဆရာရဲ့ သူငယ်ချင်း ဆိုတော့ မင်းက ငါ့ဦးလေးပဲပေါ့။ ကျေးဇူးပြု၍ ဒီလမ်းပါ ဦးလေး ...”
ကျောက်လင်းက ခေါင်းယမ်းမိ လိုက်သည်။ သူက အမှန်တကယ်တော့ တံခါးပိတ် လေ့ကျင့်နေတုန်း ဖြစ်သည်။ သို့သော် သူ့ဆရာ လီမူဝမ်ထံမှ စောစော ထွက်လာရန် မက်ဆေ့တစ်ခု ရလာသည်။ ကျောက်လင်းက လီမူဝမ် ကယ်ဆယ်ခဲ့သော သူမ မိဘမဲ့တစ်ယောက် ဖြစ်သည်။ သူက လီမူဝမ်နောက်မှ အမြဲလိုက်၍ နေခဲ့သည်။ သူက လီမူဝမ်အပေါ်၌ လေးစားသလို၊ ကျေးဇူးကြွေးလည်း ရှိနေသည်။
လီမူဝမ် စကားများအရ သူ့တပည့် ဝမ်လင်းက သူမသူငယ်ချင်း ဖြစ်ကြောင်း သဘောပေါက် လိုက်သည်။ ထို့ကြောင့် သူက ဝမ်လင်းကို စတွေ့ခဲ့တုန်းက သူ့ကျင့်ကြံမှု အဆင့်နှင့် ပတ်သက်၍ မအံ့ဩတော့ခြင်း ဖြစ်သည်။ သူက ဝမ်လင်းမှာ သူ့ကျင့်ကြံမှု အဆင့်ကို လျှို့ဝှက် ထားခဲ့သည်လို့ ယူဆလိုက်သည်။
ကျောက်လင်းက သူ့အခန်းရှေ့သို့ ရောက်လာခဲ့သည်။ သူက လက်ယမ်းလိုက်ရာ တံခါးက တောက်ပသွားပြီး ပွင့်သွားလေ၏။
ကျောက်လင်းက ဝမ်လင်းကို ပြန်လှည့်ကြည့်လိုက်ပြီး သူ့အခန်းထဲသို့ ဝင်ရောက်သွားသည်။
ဝမ်လင်းက လှုပ်ပင်မလှုပ်ချေ။ သို့သော် သူက နတ်ဘုရား အာရုံကို ကျောက်လင်းကိုယ်ပေါ်သို့ အချိန်မရွေး အသက် ဝင်နိုင်ရန် တိတ်တဆိတ် ထားရှိပြီး ဖြစ်သည်။ ထိုသို့ ပြုလုပ်ပြီးမှသာ သူက အခန်းထဲသို့ လိုက်ဝင်လိုက်သည်။
ဝမ်လင်းက လူတိုင်းကို သတိထားလေသည်။ ကျောက်လင်းက သူ့အပေါ်ကို စတွေ့တုန်းက ကောင်းခဲ့ပြီး လီမူဝမ်၏တပည့် ဖြစ်နေသော်လည်း သူက သတိထားဆဲ ဖြစ်၏။
ကျောက်လင်းက အခန်းထဲသို့ ဝင်လာသည်နှင့် သူက သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြားများကို ထုတ်ယူလိုက်သည်။ သူက ထိုကျောက်စိမ်းပြားများကို ဆေးမီးဖို အောက်၌ ထားလိုက်သည်။ ထို့နောက် သူက နောက်အနည်းငယ် ဆုတ်၍ ချိပ်ဟန်အချို့ ပြုလုပ်လိုက်ပြီး ဆေးမီးဖိုထံသို့ ပစ်လိုက်သည်။ ဆေးမီးဖိုက တောက်ပလာပြီး မြေကြီးထဲသို့ သုံးလက်မလောက် နစ်မြုပ် သွားလေ၏။
ကျောက်လင်းက အသက်ဝဝ ရှူကာ ဆေးမီးဖိုကို ဆွဲယူလိုက်သည်။ သည့်နောက် သူ့ရှေ့ရှိ အခန်းနံရံပေါ်၌ အလင်းတန်း တစ်ခု ဖြစ်ပေါ် လာခဲ့သည်။ သည်အလင်းတန်းက နဂါးအမြီး သဏ္ဌာန်ရှိကာ တဖြည်းဖြည်းနှင့် အစီအရင် ပုံစံသို့ ပြောင်းသွား၏။
ကျောက်လင်းက နောက်သို့ အနည်းငယ် ထပ်ဆုတ်၍ လေးစားစွာ ပြောလိုက်သည်။
“ဒီအစီအရင်က ဆရာပြင်ဆင် ထားတဲ့ ဘယ်သူ့မှ မသိတဲ့ လျှို့ဝှက် အခန်းနဲ့ ချိတ်ဆက် ထားထာပဲ။ ဦးလေး ... ကျေးဇူးပြု၍ ဝင်ပါ။ တပည့်က ဒီနေရာမှာ စောင့်နေခဲ့ပြီး အဖြစ်အပျက်တွေကို တင်ပြပါ့မယ် ...”
ဝမ်လင်းက မလှုပ်ပေ။ သို့သော် သူက နံရံပေါ်ရှိ အစီအရင်ကို စူးစိုက်ကြည့် လိုက်သည်။ ခဏကြာပြီးနောက် သူက ကျောက်လင်းကို ကြည့်၍ မေးလိုက်သည်။
“မင်းဆရာက လျှို့ဝှက်ခန်း ထဲမှာလား ...”
ကျောက်လင်းက သက်ပြင်း ချလိုက်သည်။ ဝမ်လင်းက သူ့ကို မယုံမှန်း သိလိုက်သည်။ သူက ပြုံး၍ ကျောက်စိမ်းပြား တစ်ခုကို ထုတ်လိုက်သည်။
“ဒီကျောက်စိမ်းပြားက ဆရာတပည့်ကို ပေးထားတာပါ။ ဦးလေး တစ်ချက် ကြည့်လိုက်ပါ ...”
ဝမ်လင်းက ကျောက်စိမ်းပြားကို သေချာ စစ်ကြည့်လိုက်သည်။ ထို့နောက် သူက ကျောက်လင်းကို ကြည့်၍ နံရံဆီသို့ လမ်းလျှောက် သွားလိုက်သည်။ သူက နံရံကို ထိလိုက်သည့် ခဏ သူ့ခန္ဓာကိုယ် တစ်ခုလုံး ပျောက်ကွယ် သွားခဲ့သည်။
ကျောက်လင်းက တည်ငြိမ်စွာပင် ဆေးမီးဖိုကို ပြန်လှည့်လိုက်ရာ အစီအရင်က ပျောက်ကွယ်သွားသည်။ သူက ဆေးပင် အချို့ကို ဆေးမီးဖိုထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဆေးပညာ၌ အာရုံစိုက် လိုက်သည်။ သို့သော် အမှန်တော့ သူက နတ်ဘုရား အာရုံဖြင့် သည်နေရာ၌ ဖြစ်ပျက် နေသမျှကို စစ်ဆေးပြီး သူ့ဆရာကို ချက်ချင်း အကြောင်းကြားရန် စောင့်နေခြင်း ဖြစ်သည်။
ကျောက်လင်းက လီမူဝမ်နှင့် သူ့ဆရာကြား ပတ်သက်မှုကို သေချာ မသိပေ။ သို့သော် သူ့သိသည်က လီမူဝမ်သူ့ကို ပြောသမျှကို သူက လိုက်လုပ်ပေးမည်သာ ဖြစ်သည်။
ဝမ်လင်းက ထွက်ပေါ် လာသည်နှင့် သူက လီမူဝမ်ကို မြင်လိုက်သည်။
သူ့ရှေ့က အခန်းတစ်ခု ဖြစ်နေသည်။ ထိုအခန်းက မကြီးမား လှသော်လည်း အခန်းထဲ၌ မျက်စိဖမ်းအစား နိုင်ဆုံးက ဆေးမီးဖိုဖြစ်၏။ ဆေးမီးဖိုထပ်၌ အနက်ရောင် နဂါး(၇)ကောင် ရှိနေသည်။ ထိုနဂါး(၇)ကောင်က ခရမ်းရောင် အငွေ့များကို မှုတ်ထုတ်နေပြီး တဖြည်းဖြည်း ထိုအငွေ့များက ခရမ်းရောင် အလုံးတစ်လုံး ဖြစ်လာသည်။
ထိုခရမ်းရောင် အလုံးထဲ၌ အဝါရောင် စာရွက် တစ်ရွက်နှင့် သေးငယ်သော ဆေးမီးဖို ရှိလေ၏။ လီမူဝမ်၏ အကြည့်များက ဆေးမီးဖိုပေါ်တွင် ကော်နှင့်ကပ်ထား သလား အောက်မေ့ရသည်။ သူမပုံစံက အလေးအနက် ဖြစ်နေသည်။ သူက ဝမ်လင်းကို မြင်လိုက်သည့် အခါ နူးညံ့စွာ ပြောလိုက်သည်။
“ညီမတို့အပေါ်မှာ တိမ်ကောင်းကင် ကလန်ရဲ့ အဓိက ခန်းမကြီးရှိတယ်။ ငါတို့က ဆေးမီးဖိုကို ချိပ်ပိတ်ထားတဲ့ စာရွက်ကို ဖွင့်ဖို့ ကောင်းကင် ခိုးယူခြင်း ဆေးမီးဖို(၇)ခုရဲ့ စွမ်းအားတွေကို ငှားရလိမ့်မယ် ...”
***