← Chapters

အခန်း ၇၅၃

Vol. 51 Ch. 753

အခန်း ၇၅၃

Vol. 51 Ch. 753

753 01

အခန်း ( ၇၅၃ ) စားချင်စရာ‌မကောင်းတဲ့ မနက်စာ။

“ ဒါဆိုလည်း ထတော့။ ကိုယ် မင်းအတွက် မနက်စာ ပြင်ပေးထားတယ်။ ”

စုယန်ယန်ရဲ့ လှုပ်ရှားမှုတွေ ရုတ်တရက် ရပ်တန့်သွားကာ အံ့ဩမှုကြောင့် မျက်လုံးပြူးကျယ်သွားရသည်။ “ ရှင်က ကျွန်မအတွက် မနက်စာ ပြင်ပေးထားတယ် …”

“ အင်း။ ”

“ ရှင်ကိုယ်တိုင် ပြင်ထားတာလား။ ”

ဟောက်ချန်ဟွမ်းရဲ့ နားရွက်ဖျားတွေက အနည်းငယ် နီရဲနေခဲ့ပြီး အရှက်သည်းနေတဲ့ ကောင်မလေး တစ်ယောက်လိုမျိုး “ အင်း ” ဟု တစ်လုံးတည်း မပွင့်တပွင့် ပြန်ပြောပါသည်။

စုယန်ယန်က မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း အံ့ဩ နားမလည်နိုင်စွာ မေးလိုက်သည်။ “ ရှင် ကျွန်မ စိတ်ဆိုးမဲ့ အရာ တစ်ခုခု လုပ်ထားလို့လား။ ”

ဟောက်ချန်ဟွမ်းရဲ့ အမူအရာ အေးခဲသွား၏။ “ မင်း ဘာလို့ အဲ့လို မေးတာလဲ။ ”

စုယန်ယန်က သူ့လည်ပင်းကို မမှီမကမ်း လှမ်းဖက်လိုက်သည်။ “ ရှင် ကျွန်မကို စိတ်ဆိုးအောင် လုပ်မထားရင်လည်း ဘာလို့ ရုတ်တရက်ကြီး ကျွန်မအတွက် မနက်စာ ထပြင်ပေးတာလဲ။ ”

အရင်တုန်းကဆို ဟောက်ချန်ဟွမ်းဟာ ဆန် ဘယ်လို ဆေးရမလဲတောင် သိတဲ့ လူ မဟုတ်။

“ ကိုယ် မင်းကို စိတ်ဆိုးအောင် ဘာမှ လုပ်မထားပါဘူး။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ခါးလေးကို ပြန်ဖက်လိုက်သည်။ “ မင်း ပျော်အောင်လို့ တစ်ခုခု လုပ်ပေးချင်တဲ့ စိတ် ရုတ်တရက် ဝင်လာလို့ပါ။ ”

“ တကယ်လား။ ”

“ အင်း ၊ တကယ်ပေါ့။ ”

စုယန်ယန်က သူ့ကို သေချာ ကြည့်ပြီးမှ ပြန်နမ်းလိုက်သည်။ ထို့နောက် သူမ ဘာမေးခွန်းမှ ဆက်မမေးဖြစ်တော့ပါ။ စုယန်ယန်သည် အမြန်ဆုံး မျက်နှာသစ် ၊ ကိုယ်လက်သန့်စင်ပြီးနောက် သူမအတွက် ဟောက်ချန်ဟွမ်း ပြင်ပေးထားတဲ့ မနက်စာကို ကြည့်ချင်ဇောဖြင့် အောက်ထပ်ကို တက်ကြွစွာ ပြေးဆင်းလာခဲ့လိုက်သည်။

ဟောက်ချန်ဟွမ်းရဲ့ မနက်စာက အလွန် ရိုးရှင်းပါသည်။ ကြက်ဥကို ရေနွေးပူပူထဲ အစိမ်းလိုက် ဖောက်ချကာ ပြုတ်ပြီးမှ ပြန်ကြော်ထားတဲ့ ကြက်ဥကြော်က မြင်နေကျ ပုံစံမျိုး မဟုတ်ဘဲ နည်းနည်းလေး ပုံပျက်နေရဲ့။ ပြီးတော့ ရေခဲသေတ္တာထဲမှာ အအေးခံထားတဲ့ ဖက်ထုပ်တွေကို အိမ်က စားဖိုမှူးရဲ့ လမ်းညွှန်ချက်အတိုင်း ကြော်ထားတဲ့ ဝမ်တန်ဖက်ထုပ်ကြော် … ။

ဘာမှ ထွေထွေထူးထူး မဟုတ်တဲ့ မနက်စာ တစ်နပ် ဖြစ်သော်လည်း တော်တော်လေး အံ့ဩစရာကောင်းတယ်လို့ စုယန်ယန် ခံစားရဆဲ။

“ စားကောင်းမဲ့ ပုံပဲ။ ” စုယန်ယန်က သိသိသာသာပင် နည်းနည်းလေး တူးကာ ဆီတရွဲရွဲ ဖြစ်နေတဲ့ ကြက်ဥကြော်ကို ကြည့်ကာ သူ့ကို ချီးကျူးချင်စိတ်အား ထိန်းချုပ်မရတော့ပေ။

မီးဖိုချောင်ထဲမှာ အခုလို ပထမဆုံးအကြိမ် ဟင်းချက်ရခြင်းကပင် သူ့အတွက် မလွယ်ကူပါ။ အနည်းဆုံးတော့ သူ ကြက်ဥကို မီးကျွမ်းသွားအောင်တော့ မကြော်ခဲ့ဘူးလေ … ။

ဟောက်ချန်ဟွမ်းသာ စုယန်ယန်ရဲ့ အတွေးတွေကို သိသွားလျှင် နားရွက်ဖျားတွေ ရဲတက်လာတဲ့အထိ ရှက်သွားလောက်မည် ထင်သည်။ တကယ်တော့ သူ ကြက်ဥတွေကို မီးကျွမ်းအောင် မကြော်ခဲ့တာ မဟုတ်ဘဲ တူးသွားတဲ့ ကြက်ဥတွေ အများကြီးကို အမှိုက်ပုံးထဲ ပစ်လိုက်ရပြီးနောက်မှာ စားဖိုမှူး သုံး ၊ လေးယောက်ရဲ့ အကူအညီဖြင့် စားလို့ ရလောက်တဲ့ ကြက်ဥကြော်ကို ရခဲ့တာ ဖြစ်လေသည်။

753 02

ကြက်ဥကြော်ရတာက အရမ်းကြီး မခက်ပေမဲ့ ဟောက်ချန်ဟွမ်းလို တစ်ခါမှ မီးဖိုချောင်မဝင်ဖူးသူအတွက်တော့ အမြင်လှတဲ့ ကြက်ဥကြော် တစ်ပွဲ ရဖို့ ထင်သလောက် မလွယ်ပါ။

အစကတည်းက မျှော်လင့်ချက်တွေ အများကြီး မထားခဲ့တဲ့ စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ မျှော်လင့်တကြီး အကြည့်အောက်မှာ ကြက်ဥကြော်ကို တစ်ကိုက်စာ ဖဲ့စားလိုက်၏။

ကြက်ဥကြော်က တကယ်ပဲ နည်းနည်းလေး တူးနေပေမဲ့ စားလို့တော့ ရပါသေးသည်။ အဟမ်း … ဆားထည့်တာ နည်းနည်းလေး များသွားလို့ နည်းနည်းလေး ငန်သွားတာလောက်ပဲ ရှိတာပါ။

စုယန်ယန်က ကြက်ဥကြော်ကို မျိုချလိုက်ပြီး ချက်ချင်း ရေပြေးသောက်ချင်စိတ်ကို မျိုသိပ်ထားလိုက်ရသည်။ ထို့နောက် ခင်ပွန်းဖြစ်သူရဲ့ လက်ရာကို သူမ ချီးကျူးလိုက်လေသည်။ “ စားကောင်းလိုက်တာ။ ရှင် ပထမဆုံးအကြိမ်မှာတင် ဒီလောက် ကောင်းအောင် ချက်ပြနိုင်တာ တော်လိုက်တာ။ အလေ့အကျင့်ဖြစ်သွားအောင် ‌နှစ်ခေါက် သုံးခေါက်လောက် မီးဖိုချောင်ထပ်ဝင်လိုက်ရင် နောက်ပိုင်းဆို အိမ်က စားဖိုမှူးတွေရဲ့ နေရာကိုတောင် ရှင် ဝင်ယူလို့ ရလောက်ပြီ။ ”

ဟောက်ချန်ဟွမ်းကတော့ စုယန်ယန်ရဲ့ စကားထဲက နှစ်သိမ့်မှုနှင့် ချဲ့ကားပြောနေခြင်းကို သတိမထားမိဘဲ တောက်ပသော မျက်လုံးများဖြင့် တက်တက်ကြွကြွ ပြန်မေးသည်။ “ မင်း ကြိုက်ရင် ကြက်ဥကြော်တာကို ကိုယ် ထပ်လေ့ကျင့်လိုက်မယ်လေ။ အဲ့ဒါဆို ကိုယ် မင်းကို နေ့တိုင်း ကြက်ဥကြော် ကြော်,ကျွေးလို့ ရပြီ။ ”

“ … အဲ့လောက်ထိတော့ မလုပ်ပါနဲ့။ ရှင်က နေ့တိုင်း အလုပ်တွေ အရမ်း များတာလေ။ နောက်တစ်ခေါက် မီးဖိုချောင်ထပ်ဝင်ရင် ပင်ပန်းလိမ့်မယ်။ စားဖိုမှူးတွေနဲ့ပဲ လွှဲထားလိုက်ပါ။ ”

“ ကိုယ် ချက်ကျွေးတာကို မင်း ကြိုက်တယ် ဆိုရင် ကိုယ် ဘယ်တော့မှ ပင်ပန်းမှာ မဟုတ်ဘူး။ ”

“ … ” ထားလိုက်ပါတော့။ စိတ်ထဲမှာ အော်ငိုနေရင်တောင် ကြည်နူးစရာလို့ နာမည်တပ်ထားတဲ့ ဒီစားချင်စရာမကောင်းတဲ့ ကြက်ဥကြော်ကိုတော့ သူမ စားမှ ဖြစ်မယ်။

ထမင်းစားပွဲနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကျန်းချန့်ယန်က ဇနီးဖြစ်သူကို သည်းသည်းလှုပ် ချစ်ပြနေတဲ့ တူတော်မောင်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းတွေ နည်းနည်းလေး ကော့တက်သွားသည်။ သူ့ကိုယ်သူ ဒီနေရာမှာ လူပိုကြီး တစ်ယောက်လို ခံစားလာရတာ ဘာကြောင့်လဲ မသိ။

ကြက်ဥကြော်က ဆိုးဆိုးဝါးဝါး ငန်တူးနေသလို ဝမ်တန်ဖက်ထုပ်ဟင်းရည်ကလည်း သိပ်အဆင်မပြေပါ။ တချို့ ဖက်ထုပ်တွေက ဖက်ထုပ်အရွက်က သက်သက် ၊ အထဲက အဆာက သက်သက် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေ၏။ ဟင်းရည်ထဲကိုကျ ဘာအရသာမှုန့် ၊ ဘာဆားမှ ခပ်ထားတာမို့ အရသာက ပေါ့ရွှတ်နေသည်။

စုယန်ယန်သည် ကြက်ဥကြော် တစ်ဖဲ့ကို ဝမ်တန်ဖက်ထုပ်ဟင်းရည် တစ်ဇွန်းဖြင့် မျှောချရင်း ‘ သူ ဟင်းရည်ကိုတော့ ကြက်ဥကြော်လို ငန်တူးနေအောင် ချက်မထားလို့ တော်ပါသေးရဲ့။ ’ ဟု စိတ်ထဲက ကျိတ်တွေးလိုက်၏။

ငန်တူးနေတဲ့ ကြက်ဥကြော်နှင့် ပေါ့ရွှတ်နေတဲ့ ဟင်းရည်က အရသာချင်း အပြန်အလှန် ပျက်ပြယ်သွားစေတာမို့ အဆိုးထဲက အကောင်းဟု ပြောရမည်။

++++++

All Chapters