← Chapters

အခန်း ၇၅၆

Vol. 51 Ch. 756

အခန်း ၇၅၆

Vol. 51 Ch. 756

756 01

အခန်း ( ၇၅၆ ) သီးသန့်နေရာ။

A တက္ကသိုလ်မှာ စုယန်ယန် စာသင်ပေးခဲ့တဲ့ အချိန်က စာသင်နှစ် အပိုင်းအခြား တစ်ခုနှင့် တစ်ခုကြား ခဏ နားချိန် ဖြစ်သလို အတန်းလာတက်တဲ့ လူ အများစုက ‘ ဒီအကြောင်းကို လျှို့ဝှက်ထားပါမည် ’ ဆိုတဲ့ သဘောတူစာချုပ်မှာ လက်မှတ်ထိုးခဲ့ကြပေမဲ့လည်း ဒီကမ္ဘာပေါ်မှာ လျှို့ဝှက်ချက် ဆိုတာ မရှိပါ။ သူတို့ တကယ် စုံစမ်းချင်လျှင် စုံစမ်းနိုင်မှာပဲ ဖြစ်သည်။

အရင်တုန်းက ဟောက်ချန်ဟွမ်းက သူတို့ကို ဆုံးဖြတ်ချက်မှားစေ ၊ လမ်းကြောင်းလွှဲစေမဲ့ ထင်ယောင်ထင်မှား သတင်း တချို့ကို တမင် ထုတ်ပြန်ခဲ့တာကြောင့် ထိုအကြောင်းကို သို့ထျန်းယီ မစုံစမ်းနိုင်ခဲ့တာပါ။ အခုတော့ သူတို့ လမ်းကြောင်းမှန်ကို ရှာတွေ့သွားပြီမို့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို စုံစမ်းလို့ ရသွားသည်။

“ စီနီယာ ပရော်ဖက်ဆာတွေ .. ဟုတ်လား။ ” သို့ထျန်းယီ မျက်ခုံးပင့်သွားရသည်။ “ အဲ့စီနီယာ ပရော်ဖက်ဆာတွေက ဘာလုပ်တာလဲ။ ”

“ အများစုကတော့ ဆေးဝါးဌာနက စီနီယာ ပရော်ဖက်ဆာတွေပါ ဘော့စ်။ သူတို့ အားလုံးနီးပါးက ရှေးခေတ် ဆေးဖက်ဝင်အပင်တွေအကြောင်း တစ်ဖက်ကမ်းခတ် နားလည်တတ်ကျွမ်းထားကြတဲ့ ပရော်ဖက်ဆာတွေချည်းပဲ။ ”

“ ရှေးခေတ် ဆေးဖက်ဝင်အပင်တွေ … ” လီယွဲ့ရဲ့ စကားကြောင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အခန်းထဲမှာ တစ်ခါ ကြေညာခဲ့ဖူးပြီး ရှေးခေတ် ဆေးဖက်ဝင်အပင်တွေနှင့် ချက်ပြုတ်ထားတယ်လို့ ထင်ရတဲ့ ဆေးဖက်ဝင်ဟင်းလျာ တစ်မျိုးကို သို့ထျန်းယီ ပြန်သတိရသွား၏။

သက်သတွေ အကုန်လုံးကို ပေါင်းစပ်လိုက်တော့ ဖြစ်နိုင်ချေဟာ ရာခိုင်နှုန်း အတော် များနေကြောင်း သူ ယုံကြည်လက်ခံလိုက်သည်။

“ နောက်ပိုင်းကျတော့ အဲ့ဒီ ဆေးဖက်ဝင်ဟင်းလျာတွေ ရောင်းတဲ့ စားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မှတ်ပုံတင်ထားတဲ့ ဝန်ကြီးဌာနက ဝန်ထမ်းလေး တစ်ယောက်ကို ကျွန်တော် ခက်ခက်ခဲခဲနဲ့ လာဘ်ထိုးလို့ ရခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော် သိလိုက်ရတာက အဲ့စားသောက်ဆိုင်ရဲ့ ရှယ်ယာရှင်တွေထဲက တစ်ယောက်က ချန်ကျွင်းဟောက် ဖြစ်နေတာပဲ။ အဲ့လူက ဆေးဖက်ဝင်ဟင်းလျာတွေ ရောင်းတဲ့ စားသောက်ဆိုင်ကို စဖွင့်တုန်းက ဖွင့်ပွဲမှာ တင်ဆက်သူတောင် လုပ်ပေးခဲ့ဖူးတယ်။ ပြီးတော့ အဲ့လူက တိုက်တိုက်ဆိုင်ဆိုင် မိန်းကလေးစုရဲ့ ဦးလေးအရင်းလည်း သွားဖြစ်နေတယ်။ ”

“ ဦးလေးအရင်းတဲ့လား ….. ” သို့ထျန်းယီရဲ့ မျက်လုံးတွေ နည်းနည်းလေး အရောင်တောက်သွားသလို သူ့စိတ်ထဲမှာလည်း အပြီးသတ် ကောက်ချက် တစ်ခုကို ချပြီးသား ဖြစ်သွားသည်။

တစ်ခု နှစ်ခုလောက်ကို တိုက်ဆိုင်မှုလို့ သတ်မှတ်လို့ ရပေမဲ့ တိုက်ဆိုင်မှုတွေ အရမ်း များလာရင်တော့ အဲ့ဒါကို တိုက်ဆိုင်မှုလို့ သတ်မှတ်လို့ မရတော့ဘူးလေ။

သူ့ဆီကို ဝမ်ကျင့်ဖျင် လာမခိုလှုံခင်တုန်းက ဘာတွေ ဖြစ်ခဲ့တာပါလိမ့်ဟု တွေးမိသောအခါ စုယန်ယန်အကြောင်းကို ပိုလို့တောင် သိချင်စိတ် ပြင်းပြလာခဲ့သည်။

“ ငါ မင်းကို ခိုင်းထားတဲ့ သီးသန့်နေရာ ရအောင် လုပ်တာရော လုပ်ပြီးပြီလား။ ”

“ လုပ်ပြီးပါပြီ ဘော့စ်။ နောက်တစ်ပတ်ထဲမှာ ရမှာပါ။ ”

ထိုစကားကို ပြောချိန်မှာ လီယွဲ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ချွေးစေးတွေဖြင့် စိုရွဲနေခဲ့လေသည်။

ဟိုတစ်နေ့တုန်းက သို့ထျန်းယီဟာ စုယန်ယန်အကြောင်းကို နည်းနည်းလေး စုံစမ်းကြည့်ချင်နေခဲ့သည်။ ထို့ကြောင့် လီယွဲ့ကို စုယန်ယန်ရဲ့ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်ဆီ သွားပြီး သီးသန့်နေရာ တစ်နေရာစာ ဘိုကင်တင်ခိုင်းထားခဲ့သည်။ သူကိုယ်တိုင် စုယန်ယန်ဆီ သွားပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ပြင်ဆင်ထား၏။

ဒါပေမဲ့ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်မှာ သီးသန့်နေရာအတွက် ဘိုကင်တင်ရတာ ခက်ခဲလွန်းပါသည်။ စားသောက်ဆိုင် ဖွင့်ခါစတုန်းက မနက်ပိုင်းအတွက် လူ အယောက် ( ၁၀၀ ) စာ ၊ ညပိုင်းအတွက် လူ အယောက် ( ၁၀၀ ) စာပဲ ရောင်းချပေးခဲ့သည်။ ထိုစားသောက်ဆိုင်မှာ စားချင်သူတွေက ဒုနဲ့ဒေးမို့ ဘိုကင်တင်ထားတာတွေက နောက် ( ၆ ) ‌လလောက်အထိ အပြည့်ပါပဲ။

စုယန်ယန် ကိုယ်ဝန်ရှိလာတဲ့နောက်ပိုင်းမှာတော့ အရေအတွက်ကို ထက်ဝက် လျှော့ချပြီး မနက်ပိုင်းအတွက် လူ အယောက် ( ၅၀ ) စာ ၊ ညပိုင်းအတွက် လူ အယောက် ( ၅၀ ) စာကိုပဲ ရောင်းချပေးတော့သည်။

ထို အ‌ယောက် ( ၁၀၀ ) စာ နေရာလေးကို ရဖို့ သိန်းချီ ၊ သန်းချီ လူတွေက နေ့စဉ်နေ့တိုင်း အလုအယက် ယှဉ်ပြိုင်နေကြ၏။ သူတို့ အားလုံးနီးပါးမှာ မကောင်းဆိုးဝါးတွေ ၊ ဥရောပ သက်ဦးဆံပိုင် ဧကရာဇ်တွေရဲ့ အမြန်နှုန်းကို ပိုင်ဆိုင်ထားကြသည်။

756 02

လီယွဲ့သည် သို့ထျန်းယီအတွက် တစ်နေရာစာ ရရန် ကုမ္ပဏီက လူတွေ အကုန်လုံးကိုပါ အလုအယက် အပြိုင်အဆိုင် ဘိုကင်တင်ခိုင်းခဲ့ရသည်။ အဲ့ဒါတောင် လူ တစ်ယောက်စာ နေရာလေးကို ဘိုကင်တင်နိုင်ဖို့ သုံး ၊ လေးရက်လောက်အထိ ကြာသွားသလို သို့ထျန်းယီရဲ့ အလှည့်ကို ရောက်ဖို့လည်း နှစ်လ ၊ သုံးလ စောင့်ခဲ့ရပါသည်။

အဲ့အကြောင်းကို အခု ပြန်တွေးကြည့်ရုံဖြင့် ရူးချင်စရာကောင်းသည်ဟု လီယွဲ့ ခံစားရသည်။ အဲ့စားသောက်ဆိုင်မှာ စားဖို့ နေရာလေး တစ်နေရာ ရဖို့တောင် ဒီလောက် ခက်တာလား။

ဒါပေမဲ့ သို့ထျန်းယီအတွက်တော့ ဘယ်လောက်ပဲ ခက်ခဲပါစေ ပင်ပန်းရကျိုးနပ်သည်။ အနည်းဆုံးတော့ သူ့အတွက် ထိုစားသောက်ဆိုင်ပိုင်ရှင်က သူ့ရောဂါကို အရှင်း ပျောက်အောင် မကုသပေးနိုင်ရင်တောင် နည်းနည်းလေးပဲဖြစ်ဖြစ် သက်သာအောင် လုပ်ပေးနိုင်တယ် ဆိုရင် အရာအားလုံးက ပင်ပန်းရကျိုးနပ်သည်။

“ နောက်တစ်ပတ်ထဲမှာ ….. ” သို့ထျန်းယီက သူ့လက်မှာ ဝတ်ထားတဲ့ လက်စွပ်ကို ခန့်မှန်းရခက်တဲ့ အမူအရာဖြင့် ဟိုဘက်ဒီဘက် လှည့်ကာ ဆော့နေခဲ့သည်။ “ သူက ဘယ်သူလဲ ဆိုတာကို ငါ့မျက်စိနဲ့ ကိုယ်တိုင် ကြည့်တာပေါ့။ ”

စုန့်ယွင်ယွမ်ကို လာရာလမ်းအတိုင်း ပြန်ပို့ပေးလိုက်ပြီးနောက် သူမအကြောင်းကို ဘယ်သူကမှ အစဖော်ပြီး ပြန်မပြောတော့ပါ။

စုယန်ယန်ရဲ့ ကိုယ်ဝန်က ရှစ်လထဲကို ရောက်လာတာမို့ ဗိုက်က တဖြည်းဖြည်း ဖောင်းမို့ပူထွက်လာကာ လမ်းလျှောက်တဲ့အခါ တော်တော်လေး သတိထားပြီး ဂရုတစိုက် လမ်းလျှောက်နေရသည်။

အခုလို အချိန်မှာ အစိုးရိမ်ဆုံး လူကတော့ ဟောက်ချန်ဟွမ်းပင်။ သူ တစ်ချက်လေးတောင် သတိလက်လွတ် မနေရဲဘဲ ကုမ္ပဏီကိုပင် ကလေးမီးဖွားတော့မည့် မိန်းမဖြစ်သူကို အနီးကပ် ပြုစုစောင့်ရှောက်ဖို့ ခွင့် သုံးလ တင်ကာ အိမ်မှာ နေ့တိုင်း သူမကို အဖော်လုပ်ပေးခဲ့သည်။ စုယန်ယန် သတိ တစ်ချက် လွတ်သွားတဲ့အချိန် သူမကိုယ်သူမ ထိခိုက်အောင် လုပ်မိမှာကို သူ စိုးရိမ်သည်။

ချန်ရှို့ချင်နှင့် တခြား လူတွေကလည်း ဟောက်ချန်ဟွမ်းနှင့် ထပ်တူပင် စိုးရိမ်သည်။ ဟောက်ချန်ဟွမ်းရဲ့ မိဘတွေ‌ကလည်း မရှိတော့၍ ဦးလေးကျန်းက သူတို့ကို ဂရုစိုက်ပေးပေမဲ့ အဆင်မပြေတာလေးတွေတော့ ရှိနေဆဲပါ။

++++++

All Chapters