← Chapters

အခန်း ၇၅၈

Vol. 51 Ch. 758

အခန်း ၇၅၈

Vol. 51 Ch. 758

758 01

အခန်း ( ၇၅၈ ) ဝက် တစ်ကောင်က သူမရဲ့ ဂေါ်ဖီထုပ်လေးကို စားပစ်လိုက်တယ်။

လင်းရှောင်ချီးက အကြာကြီး နှုတ်ဆိတ်သွားပြီးမှ ခပ်တိုးတိုး ပြန်ပြောသည်။ “ လူကြီးမင်းနျဉ်ကို … ”

“ လူကြီးမင်းနျဉ် .. ဟုတ်လား။ ဘယ်တစ်ယောက် ….. ” စုယန်ယန်ရဲ့ ပါးစပ်က ထွက်လာတော့မည့် စကားလုံးများသည် တစ်ဝက်တစ်ပျက်ပဲ တစ်ဆို့ရပ်တန့်သွား၏။ “ နျဉ်စစ်ယွမ်လား။ ”

“ အင်း။ ”

“ နင်တို့နှစ်ယောက် ဘယ်တုန်းက အဲ့လောက် … အဲ့လောက် ရင်းနှီးသွားကြတာလဲ။ ”

စုယန်ယန်ရဲ့ ‌ပထမဆုံး တုံ့ပြန်မှုက သူတို့ နှစ်ယောက် ဘယ်အချိန်တုန်းက ကြိုက်သွားကြတာလဲ ဆိုတာပဲ ဖြစ်သည်။ ထို့နောက် သူမရဲ့ စိတ်ထဲကို ‘ နျဉ်စစ်ယွမ်မှာ ပန်းနာရင်ကျပ်ရောဂါ ရှိတယ် မဟုတ်ဘူးလား။ သူ ခွေးမွေးလို့ရော ရလို့လား။ ” ဆိုတဲ့ ဒုတိယ အတွေး ထပ်ရောက်လာသည်။

နျဉ်စစ်ယွမ်ရဲ့ ပန်းနာရင်ကျပ်ရောဂါကို ဆေးဖက်ဝင်ဟင်းလျာတွေဖြင့် မကြာသေးခင်တုန်းက ကုသပေးလိုက်ပြီမို့ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေ ပျောက်သွားတာ ဖြစ်လိမ့်မည်ဟု နောက်ဆုံးမှာ ခန့်မှန်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင် လိုလိုချင်ချင်နှင့် ခွေးမွေးဖို့ တောင်းဆိုခဲ့တာမို့ ဘာပြဿနာမှ မရှိနိုင်လောက်ပါ။

ထိုအတွေးကြောင့် စုယန်ယန် မကျေမနပ် ဖြစ်သွားမိသည်။ ဒါဆို သူမရဲ့ ဂေါ်ဖီထုပ်လေးကို အပြင်က ဝက် တစ်ကောင်က စားလိုက်တာလား။

လင်းရှောင်ချီးကတော့ စုယန်ယန်ရဲ့ နှလုံးသားထဲက မ‌ကျေနပ်ချက်တွေကို မသိဘဲ နည်းနည်းလေး ခေါင်းငုံ့၍ ပြောလိုက်သည်။ “ သူ … သူ ငါ့ကို ချင်ဖန်သဲ့ရဲ့ လက်ထဲက လွတ်အောင် ကူညီပြီး အိမ်လိုက်ပို့ပေးတဲ့ အချိန်တုန်းက ရင်းနှီးသွားတာ။ ”

စုယန်ယန် : “ … ” အဲ့တော့ နင်တို့ နှစ်ယောက်က အဲ့လိုနဲ့ပဲ တွဲဖြစ်သွားကြတယ်ပေါ့ … ။

သူတို့ နှစ်ယောက် ကား တစ်စီးထဲကို အတူတူ ဝင်သွားတာ မြင်တုန်းက သူမရဲ့ စိတ်ထဲမှာ တစ်ခုခု မူမမှန်သလို ခံစားခဲ့ရတာ အံ့ဩစရာ မဟုတ်ပါ။ သူမရဲ့ ဆဌမအာရုံက တကယ် တိကျသည်။

အချစ်ရေးအချစ်ရာတွေအကြောင်း စုယန်ယန် သိပ်မဆွေးနွေးပေးနိုင်သလို နျဉ်စစ်ယွမ်နှင့်လည်း အများကြီး မဆက်ဆံဖူးတာမို့ သူ့အကြောင်း သိပ်မသိပေမဲ့ သူက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိပြီး မိန်းကလေး တစ်ယောက်ရဲ့ ခံစားချက်တွေကို ကစားရတာ ကြိုက်တဲ့ ယောက်ျားမျိုး မဟုတ်ဝာာတော့ သေချာသည်။

ဒါ‌ပေမဲ့ ဒီစကားမျိုး ထုတ်ပြောဖို့ စောလွန်းပါသေးသည်။ အချိန်က စကားပြောသွားမှာကိုပဲ စောင့်ကြည့်ကြပါစို့ရဲ့။

“ နင် သူ့ကို ဘယ်တစ်ကောင် ပေးလိုက်တာလဲ။ ”

“ ကောက်ကောက် ကို ပေးလိုက်တာ။ ”

‘ ကောက်ကောက် ’ က တခြား ခွေးလေးတွေနှင့် မတူတာကြောင့် ခွေးပေါက်လေး သုံးကောင်ထဲမှာ အသေးကွေးဆုံး ဖြစ်သည်။ သူ့မှာ ဘဘာဝအတိုင်း တွန့်ကောက်နေတဲ့ အမွှေး တချို့ ရှိတဲ့အတွက် ‘ ကောက်ကောက် ’ လို့ နာမည်ပေးထားခဲ့တာပင်။

ကျန်တဲ့ ခွေးပေါက်လေး နှစ်ကောင်ကို စုယန်ယန် သေချာ ကြည့်လိုက်သည်။ ပျောက်နေတာက အမွှေးကောက်ကောက်လေးတွေ ရှိတဲ့ အကောင်အသေးဆုံး ခွေးလေးပါ။ သူမ ချက်ချင်းပဲ မျက်ရည် နည်းနည်း ကျမိတော့မလို ဖြစ်သွား၏။

အရင်တုန်းက လင်းရှောင်ချီးရဲ့ အိမ်ကို သွားရင်း ထိုသုံးကောင်ကို စုယန်ယန် မြင်ဖူးပါသည်။ အဲ့ဒီအချိန်တုန်းက သူမရဲ့ သွမ်းသွမ်းနှင့် တစ်ထေရာတည်း တူတဲ့ အမွှေးကောက်ကောက်လေးတွေနှင့် ခွေးပေါက်လေးကို မျက်စိကျသွားခဲ့သည်။ သူမ ကလေးမွေးပြီးတဲ့အခါ ဒီကောင်လေးကို အိမ်ကို အပိုင် ခေါ်ပြီး‌ မွေးမည်ဟုလည်း တွေးထားခဲ့သည်။

သူတို့နှစ်ယောက် ခဏတာ ဝေးကွာ‌နေတုန်းမှာ ထိုအမွှေးကောက်ကောက်နှင့် ခွေးပေါက်လေးက တခြား လူ တစ်ယောက်ရဲ့ ကလေးလေး ဖြစ်သွားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

758 02

သို့သော်လည်း ကောက်ကောက်ကို မွေးချင်တဲ့အကြောင်းကို စုယန်ယန်ရဲ့ စိတ်ထဲမှာပဲ ဒီတိုင်း တွေးမိခဲ့တာ ဖြစ်ကာ လင်းရှောင်ချီးကို ထုတ်မပြောဖြစ်ခဲ့တာမို့ ဖြစ်သွားတဲ့ ကိစ္စအတွက် သူမကို အပြစ်တင်လို့ မရပါ။ အရင်ကတည်းက ကြိုပြောထားခဲ့ရင် သူမကလည်း ကောက်ကောက်လေးကို ပေးပစ်မှာ မဟုတ်။

စုယန်ယန်သည် စိတ်ပျက်လက်ပျက် သက်ပြင်းရှိုက်ရင်း ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်၏။ “ ဥက္ကဌနျဉ်ကို နင့်ကို တစ်ခါ ကယ်ပေးခဲ့ဖူးတာပဲ။ ကောက်ကောက်လေးကို သူ့ဆီ ပေးလိုက်တာ ဘာမှ မဖြစ်ပါဘူး။ သူ ကောက်ကောက်လေးကို သူ့အိမ်မှာ သေချာလေး ဂရုစိုက်ပေးပြီး အနိုင်မကျင့်ဖို့ပဲ မျှော်လင့်တယ်။ ”

“ အဲ့ဒါကိုတော့ နင် စိတ်ပူစရာ မလိုဘူး။ ” လင်းရှောင်ချီးက စုယန်ယန်ရဲ့ စကားကို ကြားတော့ ခပ်တိုးတိုး ရယ်လိုက်သည်။ “ အစတုန်းကတော့ ငါလည်း နည်းနည်းလေး စိတ်ပူခဲ့သေးတယ်။ နောက်ပိုင်းကျတော့ သူက ငါ့ကို ကောက်ကောက်လေးရဲ့ အခြေအနေကို သိရအောင်လို့ ဆိုပြီး ဗီဒီယိုလေးတွေ ၊ ဓာတ်ပုံလေးတွေ နေ့တိုင်း ပို့ပေးတယ်လေ။ ”

စုယန်ယန် : “ … ”

“ အခုဆို သူက ကောက်ကောက်လေးကို နေ့တိုင်း လမ်းလျှောက်ထွက်ဖို့ ခေါ်သွားတယ် ၊ လေ့ကျင့်ခန်း အတူတူ လုပ်ပေးတယ်။ သူ့အမွှေးလေးတွေကို ဘီးနဲ့ သေချာ ဖီးပေးတဲ့အပြင် ရေတောင် ချိုးပေးလိုက်သေးတယ်။ သူ ကောက်ကောက်လေးကို တကယ့်ကို သေချာ ဂရုစိုက်ပေးတာပါဟာ။ နှစ်ရက် ၊ သုံးရက်ပဲ ရှိသေးတာကို ကောက်ကောက်လေးက အရင်ကထက် နည်းနည်းလေး ပိုထွားလာပြီ။ ”

လင်းရှောင်ချီးက နျဉ်စစ်ယွမ်ဟာ ကောက်ကောင်လေးကို ဘယ်လောက်တောင် ဂရုစိုက်ပေးကြောင်း ရေပက်မဝင်အောင် ရွှန်းရွှန်းဝေ ပြောပြနေခဲ့သည်။ သူ ပြောတာတွေကို နားထောင်ရင်း တဖြည်းဖြည်း မှုန်မှိုင်းလာတဲ့ စုယန်ယန်ရဲ့ မျက်နှာကိုတော့ သတိမပြုမိခဲ့ပါ။

အဲ့ခွေးကောင်က သူမရဲ့ ရှောင်ချီးကို တကယ့်ကို အကွက်ကျကျ ဇာတ်လမ်းဆင်နေတာပါလား။

ခွေးလေးရဲ့ အခြေအနေကို သိအောင် ဗီဒီယိုတွေ ၊ ပုံတွေ ပို့ပေးတယ် ဆိုတာ ဘာသဘောလဲ။ သူ လင်းရှောင်ချီနှင့် အဆက်အသွယ်မပြတ်အောင် ၊ ဆက်ဆံရေး တိုးတက်လာအောင် ဆင်ခြေရှာနေတာ အသိအသာကြီးပဲ ဖြစ်သည်။

သူမရဲ့ ဂေါ်ဖီထုပ်လေးက သိပ်ကို ဖြူစင်ရိုးသားလွန်းတာ သနားစရာကောင်းသည်။ သူမက အမြတ်ထုတ်ခံရတော့မဲ့ အခြေအနေကို ရောက်နေတာတောင်မှ ခြံပြင်က ဝက်ကြီးကို အစားများများ စားပြီး အားကောင်းသန်မာတဲ့အတွက် ချီးကျူးနေသေး၏။

စုယန်ယန်က သူမရဲ့ အခင်ရဆုံး သူငယ်ချင်းကို ကြည့်ပြီး သနားတဲ့ သက်ပြင်းလေးချလိုက်လေသည်။

++++++

All Chapters