← Chapters

အခန်း ၇၆၃

Vol. 51 Ch. 763

အခန်း ၇၆၃

Vol. 51 Ch. 763

763 01

အခန်း ( ၇၆၃ ) ကမ္ဘာ့အမျိုးသားဇာတ်လိုက် ၂.၀ ။

စုယန်ယန်သည် အချိန် အတော် ကြာသည်ထိ ဘာလုပ်ရမှန်း မသိဘဲ တောင့်တင်းအေးခဲနေခဲ့၏။ ဖန်သားပြင်ပေါ်က လူက စိတ်ရှုပ်လာပုံဖြင့် မျက်ခုံပင့်ပြလိုက်တော့မှ သူမ စိတ်နှင့်ကိုယ် ပြန်ကပ်သွားကာ စိတ်ထဲမှာ တအံ့တဩ ရေရွတ်လိုက်မိသည်။ “ ဘာတွေ ဖြစ်ကုန်တာလဲ စနစ်။ ဒီလူက … ဒီလူက … ”

သူမရဲ့ ခေါင်းထဲမှာ နားယဉ်နေတဲ့ စက်ရုပ်သံလေး ထွက်ပေါ်လာသည်။

[ Host ပြောတာ မှန်ပါတယ်။ ကင်မရာရဲ့ ဟိုဘက်မှာ ရပ်နေတဲ့ လူက ကမ္ဘာ့အမျိုးသားဇာတ်လိုက် ၂.၀ ပါ။ ]

ကမ္ဘာ့အမျိုးသားဇာတ်လိုက် ၂.၀ ဆိုတာ ဘာကြီးလဲ။

စုယန်ယန် ချက်ချင်းပဲ ကျိန်ဆဲမိတော့မလို ဖြစ်သွား၏။ ဘာတွေ ဖြစ်ကုန်တာလဲ။ သူမ ကိုယ်ဝန်ရှိနေတုန်း အရေးကြီးတဲ့ တချို့ အချက်တွေကို လွတ်သွားတာလား။ သို့ထျန်းယီက ဘာလို့ သူမရဲ့ စားသောက်ဆိုင်ကို ရောက်လာတာလဲ။

သို့ထျန်းယီက တံခါးဝမှာ အကြာကြီး ရပ်နေခဲ့၍ အမှာစာတွေကို တာဝန်ယူရတဲ့ စားသောက်ဆိုင်လက်ထောက်ပင် တစ်ခုခုတော့ လွဲနေပြီဖြစ်ကြောင်း သဘောပေါက်သွားကာ သူ့ဆီကို စကားပြောဖို့ လျှောက်သွားခဲ့သည်။

အဲ့ဒါကို မြင်တော့ စုယန်ယန် သိပ်ဂရုမစိုက်ဘဲ မနေနိုင်တော့ပါ။ သူမ သို့ထျန်းယီရဲ့ ခန္ဓာကိုယ် အခြေအနေကို အရင်ဆုံး ကြည့်လိုက်သည်။

သူမ မကြည့်ခဲ့လျှင် ကိစ္စမရှိပေမဲ့ ကြည့်လိုက်မိတော့ မျက်နှာ အမူအရာလည်း ပြောင်းလဲသွားရလေသည်။

သို့ထျန်းယီရဲ့ အခြေအနေက ဟောက်ချန်ဟွမ်းရဲ့ အရင်တုန်းက အခြေအနေနှင့် ထူးမခြားနားပဲ ဖြစ်သည်။ သေချာ သတိထား ကြည့်ရင် ဟောက်ချန်ဟွမ်းထက်တောင် ပိုအခြေအနေဆိုးနေသေးရဲ့။ သူ့ရဲ့ မွေးရာပါဝေဒနာက အရိုးတွေ ၊ အသွေးအသားတွေထဲထိ အမြစ်တွယ်နေပြီ ဖြစ်ကာ သွေးလည်ပတ်မှု နှောင့်နှေးခြင်းကြောင့် နှလုံးအားနည်းတဲ့ ဝေဒနာ တစ်မျိုး ရလာခဲ့သည်။

များသောအားဖြင့် ဘာမှ မဖြစ်ဘဲ အဆင်ပြေနေပြီး အဆိုးဆုံး အခြေအနေဆိုမှ နည်းနည်းလေး အားနည်းရုံလောက်သာ ဖြစ်တတ်ပေမဲ့ ဆူညံသံတွေကို ကြားရတဲ့အခါ ၊ အထူးသဖြင့် တိမ်ထူတဲ့ မိုးသည်းနေ့တွေမှာ သေစေနိုင်လောက်တဲ့ နာကျင်မှုကို ခံစားရသည်။ အဆစ်ရောင်ကိုက်ရောဂါ အဟောင်းထက်တောင် ပိုနာကျင်သေးသည်။

စုယန်ယန် ဒီလူနှင့် အတတ်နိုင်ဆုံး ဘာမှ မပတ်သက်ဖို့ အရင်ကတည်းက ဆုံးဖြတ်ထားခဲ့ပေမဲ့ အခုတော့ သူက ဧည့်သည် တစ်ယောက်အနေနှင့် သူမရဲ့ ဆိုင်တံခါးဝကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါပြီ။ သူမ သူ့ကို တခြား လူတွေနဲ့ မတူတဲ့ ဆက်ဆံပုံမျိုးနဲ့ ဆက်ဆံလိုက်ရင် သူ့စိတ်ထဲမှာ သူမကို သံသယဝင်အောင် လုပ်မိသလို ဖြစ်သွားမလား … ။

သူမရဲ့ ဆိုင်ကို သို့ထျန်းယီ ရုတ်တရက် ရောက်လာတာ တိုက်ဆိုင်မှုလည်း ဖြစ်နိုင်သလို သူ့မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတာလည်း ဖြစ်နိုင်သည်။ သူမ သူနှင့် ဘာမှ မပတ်သပ်ချင်ပါဘူးလို့ ပြောလိုက်ရင်ရော သူမကို တစ်မျိုး ထင်သွားလောက်မလား … ။

အံ့သြတွေဝေမှုဖြင့် စုယန်ယန်ရဲ့ နှလုံးသားထဲမှာ တဒိန်းဒိန်း ခုန်နေသည်။ သူမ အံတစ်ချက်ကြိတ်လိုက်ပြီးနောက် စားပွဲထိုး တစ်ယောက်ကို သူ့အတွက် ကြက်သားဆန်ပြုတ် ၊ တရုတ်ဆီးသီးအနီနှင့် ယုန်သားတို့ကို ပေါင်းချက်ထားသော အသားနှပ်ဟင်းတို့ကို ပို့ပေးခိုင်းလိုက်ပါသည်။

ထိုဟင်းလျာ နှစ်မျိုးလုံးက ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး သွေးလည်ပတ်မှုကို အားကောင်းစေတဲ့ ဟင်းလျာတွေ ဖြစ်သည်။ ပင်ပန်းလွယ်ခြင်းကိုလည်း အတိုင်းအတာ တစ်ခုထိ ကာကွယ်လျှော့ချပေးနိုင်သည်။

ဒီလူ့ကို ကြည့်ရတာလည်း သိပ်ပြီးတော့ တက်ကြွတဲ့ပုံ ၊ အားရှိတဲ့ပုံမပေါ်တာမို့ ဒီဟင်း ( ၂ ) မျိုးကို စားသင့်တယ်လို့ ပြောလို့ ရသည်။

ပြီးတော့ သူက ဒီဆိုင်ကို အခုမှ တစ်ကြိမ်သာ ရောက်ဖူးသေးတာမို့ အကျိုးအာနိသင်ကလည်း အကန့်အသတ်ရှိ၏။

စုယန်ယန်သည် ထိုလူကို ဆိုင်ရဲ့ နာမည်ပျက်စာရင်းထဲ ချက်ချင်း သွင်းလိုက်ပြီး သူ့ကို တစ်သက်တာအတွက် ရှင်းထုတ်ပစ်လိုက်၏။

သူ့ကိုယ်သူ နာမည်ပျက်စာရင်းထဲ ရောက်သွားပြီမှန်း မသိတဲ့ သို့ထျန်းယီကတော့ စုယန်ယန်ရဲ့ တုံ့ဆိုင်းနေမှုကို မိနစ်ပိုင်းအတွင်းမှာ သတိထားမိသွားလေသည်။

ဆိုင်ထဲကို ရောက်တဲ့ အချိန်ထိ သို့ထျန်းယီရဲ့ မျက်နှာက စကားနှင့် ဖော်ပြလို့ မရလောက်အောင် နူးညံ့သိမ်မွေ့နေခဲ့သော်လည်း သူ့နောက်ကနေ ကပ်လိုက်လာတဲ့ လီယွဲ့ကတော့ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းနေပြီး နည်းနည်းလေးတောင် စိတ်အေးလက်‌အေး မနေရဲပေ။

သူ့ဘော့စ်က မကောင်းတဲ့ အရာ တစ်ခုခုကို စီစဉ်နေတယ်လို့ ခံစားရသည်။

စုယန်ယန်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဒီတစ်ခေါက် စားသုံးသူ အရေအတွက်ကို လျှော့ချထားလို့ တော်သေးရဲ့။ မဟုတ်ရင် လီယွဲ့ တစ်ယောက် ထိုင်ခုံ တစ်နေရာစာကိုတောင် ရှာနိုင်မှာ မဟုတ်။

763 02

ဆိုင်ထဲမှာ စားသုံးသူ သိပ်မရှိတဲ့အတွက် သို့ထျန်းယီရဲ့ ဆေးဖက်ဝင်ဟင်းလျာ နှစ်မျိုးက မြန်မြန်ဆန်ဆန်ပဲ ရောက်လာခဲ့သည်။

နူးညံ့ပြီး လတ်ဆတ်ချိုမြနေတဲ့ ကြက်ကျောရိုးကို ငါးရှဉ့် ၊ အန်ဂျလိကာ ဆေးပင်အမြစ် ၊ တရုတ်ဆီးသီးအနီနှင့် သစ်ကြံပိုးခေါက်တို့နှင့် ရောနှောပေါင်းစပ်ကာ နှစ်ကြိမ်တိတိ ချက်ထားတာမို့ ဆေးပင်တွေရဲ့ အဆီအနှစ်တွေက ကြက်ကျောရိုးရဲ့ အရိုးအသားထဲထိ စိမ့်ဝင်နေ၏။

အဲ့ဒီနောက် သူတို့က ဆေးဖက်ဝင်စွပ်ပြုတ်ကို အဖုံးပါတဲ့ အိုးလေး တစ်လုံးဖြင့် လာချပေးခဲ့ပြီး ဘေးမှာ ပန်းဂျုံဆန်ထမင်းနှင့် ကြက်သားကို ရောပြုတ်ထားတဲ့ ပန်းကန်လေးလည်း ရှိသည်။ မီးအေးအေးနှင့် ကျိုချက်ထားတာမို့ စေးပိုင်နေပြီး အရသာက ချိုချိုမွှေးမွှေးလေး ဖြစ်သည်။

ယုန်သားက အာဟာရရှိပေမဲ့ သေချာ အသားကိုင်မထားကင် တချို့ လူတွေ မကြိုက်တဲ့ အညှီနံ့ တစ်မျိုး အမြဲတမ်း ရှိတတ်သည်။

တရုတ်ဆီးသီးအနီ ၊ ကြက်သွန်နီနှင့် ဂျင်းကို ထည့်ပြီးသည့်နောက် တရုတ်ဆီးသီးအနီတွေရဲ့ ချိုမြိန်မှုက စွပ်ပြုတ်အရသာကို လေးပင်သွားစေပြီး ယုန်သားရဲ့ အညှီနံ့ကိုလည်း အတိုင်းအတာ တစ်ခုထိ ပျောက်သွားစေသလို စွပ်ပြုတ်အရည်ကိုလည်း ကြည်လင်စေခဲ့သည်။

လီယွဲ့က ထမင်းစားပြီးမှ သူ့နောက်ကို လိုက်လာတာပါ။ ဒါပေမဲ့ ဒီ ဟင်းလျာ ( ၂ ) မျိုးကို အနံ့ခံမိချိန်မှာ သူ ဘယ်လိုမှ စိတ်မထိန်းနိုင်ဘဲ တံထွေးမျိုချမိသွား၏။

++++++

All Chapters