အခန်း ၇၆၉
Vol. 52 Ch. 769
769 01
အခန်း ( ၇၆၉ ) နောက်ဆုံးလက်ကျန် သည်းခံနိုင်စွမ်း။
ကျိုးဝမ်ရှုက ကုမ္ပဏီရဲ့ ဂုဏ်သတင်းကို ထည့်မတွက်ဘဲ ထုတ်လုပ်ရေးအဖွဲ့ထဲကနေ ခွင့်ပြုချက်မရှိ ထွက်သွားတာမို့ လူတိုင်းက သူမရဲ့ ကျရှုံးခန်း ရောက်တော့မယ်ဟု ထင်ခဲ့ကြသည်။
မူလတုန်းက ကျိုးဝမ်ရှုရဲ့ အောက်မှာ ရှိခဲ့တဲ့ ဟေးရီ အန်တာတိန်းမန့်က အမျိုးသမီးသရုပ်ဆောင်တွေကလည်း ကုမ္ပဏီဘက်က ကျိုးဝမ်ရှုနှင့် စာချုပ်ဖျက်သိမ်းလိုက်ရင် ကျိုးဝမ်ရှုရဲ့ နေရာကို သူတို့များ ရမလား ဆိုတဲ့ မျှော်လင့်ချက်တွေနှင်ပ့ ကျိုးဝမ်ရှု ကိုယ့်ဒုက္ခကိုယ်ရှာတာကို ကြည့်ဖို့ စောင့်နေခဲ့ကြ၏။
ကံမကောင်းစွာဖြင့် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပေ။
ထုတ်လုပ်ရေးအဖွဲ့ထဲကနေ ကျိုးဝမ်ရှု နှုတ်ထွက်လာပြီးတဲ့နောက်မှာ သူမက ချောင်ထိုးခံလိုက်ရမည့်အစား နာမည်ကြီး အထက်တန်းစား ဇိမ်ခံအမှတ်တံဆိပ်တွေအတွက် ကြော်ငြာ အနည်းငယ်ကိုပင် ရိုက်ကူးခဲ့ရလေသည်။
နိုင်ငံတကာမှာ နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ တစ်ယောက်ဆီမှာ အရွေးချယ်ခံရပြီး လျှမ်းလျှမ်းတောက် နာမည်ကြီးတဲ့ ဇာတ်လမ်းတွဲတွေမှာ ဝင်ရောက်သရုပ်ဆောင်ခဲ့ရသည်။ သူမရဲ့ အသားတင် ဝင်ငွေက အရင်တုန်းကထက်တောင် များလာခဲ့ပြီး ထုတ်လုပ်ရေးအဖွဲ့ထဲကနေ နှုတ်ထွက်လိုက်ခြင်းက သူမကို နည်းနည်းလေးမှ မထိခိုက်စေခဲ့ပါ။
မျက်လုံးကောင်းတဲ့ ဘယ်သူမဆို ကုမ္ပဏီက သူမဘက်မှာ ရပ်တည်ပေးနေတယ် ဆိုတာ ပြောနိုင်၏။
ဆန့်ကျင်ဖက်အနေဖြင့် ဝမ်ကျင့်ဖျင်ရဲ့ အခြေအနေကသာ တဖြည်းဖြည်း စိုးရိမ်စရာကောင်းလာခဲ့သည်။
ထိုနေ့တွေမှာ ဝမ်ကျင့်ဖျင် တစ်ယောက် ထုတ်လုပ်ရေးအဖွဲ့ကို သွားရင်ပဲဖြစ်ဖြစ် ၊ ကုမ္ပဏီကို ပြန်လာရင်ပဲဖြစ်ဖြစ် လူတိုင်းက သူမကို ရွံရှာစက်ဆုပ်စရာ တစ်ခုလို အထင်တသေး စိုက်ကြည့်နေသည်ဟု ခံစားရသည်။
ထုတ်လုပ်ရေးအဖွဲ့ထဲက စီနီယာတွေရဲ့ သူမအပေါ် အမြင်ကလည်း အဆိုးဘက်ကို စတင် ရောက်လာပြီး ဇာတ်လမ်းတွဲကို အချိန်မရွေး ဖျက်သိမ်းနိုင်သည့် အနေအထားကို ရောက်လာခဲ့သည်။
သို့သော်လည်း သူတို့မှာ ကျိုးဝမ်ရှုလို နေရာ တ်စခုရော ၊ ယုံကြည်မှုရော မရှိသလို လျော်ကြေးပေးဖို့လည်း မတတ်နိုင်တာကြောင့် အချိန် တစ်ခုထိ သည်းခံဖို့ပဲ တတ်နိုင်ပါသည်။
အဲ့လို ဆိုရင်တောင် ဝမ်ကျင့်ဖျင်ကို ဘယ်သူကမှ အရင်တုန်းကလောက် ကောင်းကောင်း မဆက်ဆံတော့ပါ။
သို့ထျန်းယီရဲ့ အကာအကွယ် မရှိတော့တဲ့အခါ ဝမ်ကျင့်ဖျင်သည် နေ့တိုင်း အခက်တွေ့နေရသည်။
သူ့ကို တစ်လတိတိ အဆက်အသွယ်မလုပ်ဘဲ လျစ်လျူရှုထားပြီးတဲ့နောက်မှာတော့ သူမ ဆက်ပြီး ခံနိုင်ရည်မရှိတော့၍ သို့ထျန်းယီရဲ့ အိမ်ကို အပြေးတစ်ပိုင်း သွားပြီး သူ့ကို ရှာပေမဲ့ ငြင်းပယ်ခံခဲ့ရသည်။
သို့ထျန်းယီက ဟောက်ရှောက်ဖုန်းလို အနုအရွ ချိုချိုသာသာ စကားလေးတွေနှင့် အပျော့ဆွဲ ဆွဲလို့ ရတဲ့ လူမျိုး မဟုတ်။
သူမ သို့ထျန်းယီထံ မရောက်သေးခင်မှာပဲ လီယွဲ့က သူမကို တားဆီးခဲ့သည်။
“ ဘော့စ်က သူ ဒီဇာတ်လမ်းတွဲကို အရင်းအနှီးထုတ်ပေးဖို့ သဘောတူထားပေမဲ့ မိန်းကလေးစုအတွက် ဇာတ်လိုက်အမျိုးသမီးလုပ်ဖို့ လိုအပ်ချက်လေးတွေ ရှိတယ်လို့ ကျွန်တော့်ကို ပြောခိုင်းထားပါတယ်။ မိန်းကလေးဝမ်က ဘော့စ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ် ဆိုရင် အဲ့ဒီတုန်းက မိန်းကလေးဝမ်ကို ဘော့စ် ပေးခဲ့တဲ့ ကတိကလည်း အခြေအနေပေါ်ပဲ မူတည်တာပါ။ ”
ဝမ်ကျင့်ဖျင် ဆွံ့အသွား၏။ သူ့ကို သူမအတွက် ဒီဇာတ်လမ်းတွဲကို ရိုက်ကူးပေးဖို့ တောင်းဆိုခဲ့တုန်းက သို့ထျန်းယီက သူမမှာ သရုပ်ဆောင် လိုအပ်ချက်တွေ အများကြီး လိုသေးတယ်လို့ ပြောခဲ့တာကို အလိုလို ပြန်သတိရသွားသည်။ သို့ထျန်းယီဟာ သူမကို သရုပ်ဆောင်နည်း သင်ပေးဖို့အတွက် ပရော်ဖက်ရှင်နယ် ဆရာ တစ်ယောက်ကိုတောင် သီးသန့် ငှားရမ်းပေးခဲ့လေသည်။
ဒါပေမဲ့လည်း ဝမ်ကျင့်ဖျင်က သာမန်လူ တစ်ယောက်ပါပဲ။ မူရင်းဝတ္ထုထဲမှာ သူမက အမြင့်ဆုံးကို ရောက်ဖို့ တစ်ထစ်ချင်း တက်လှမ်းခဲ့ရတာပင်။ သရုပ်ဆောင်နည်းတွေ သင်ပေးတဲ့ နာမည်ကြီး ဆရာ တစ်ယောက်နှင့် သင်လျှင်တောင် ဒီနယ်ပယ်ထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ စီနီယာတွေကို မီဖို့ ဆိုတာ ပြောသလောက် မလွယ်။
“ အဲ့ဒီတုန်းက မိန်းကလေးဝမ်ကလည်း ဒီဇာတ်လမ်းတွဲမှာ ကောင်းကောင်း သရုပ်ဆောင်ပါ့မယ် ၊ မိန်းကလေးဝမ်ကို လူတိုင်းက မတူညီတဲ့ အမြင် တစ်မျိုးနဲ့ ကြည့်နိုင်အောင် ကြိုးစားပါ့မယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ အခုထိ ကြည့်ရသလောက်တော့ ဒီဇာတ်လမ်းတွဲက အနာဂတ်မှာ မတူညီတဲ့ အမြင်သစ် တစ်မျိုးကို ယူဆောင်ပေးနိုင်ပါ့မလား မသေချာဘူး ၊ ပြီးတော့ မိန်းကလေးဝမ်မှာ ထုတ်လုပ်ရေးအဖွဲ့ထဲက လုပ်ဖော်ကိုင်ဖက်တွေရဲ့ အသိအမှတ်ပြုမှုကို ရအောင် ယူနိုင်တဲ့ အရည်အချင်း မရှိတဲ့ပုံပဲ။ ”
769 02
လီယွဲ့ရဲ့ မျက်နှာပေါ်မှာ ယဉ်ကျေးတဲ့ အပြုံးလေး ရှိနေပေမဲ့ ဝမ်ကျင့်ဖျင်ကို ကြည့်နေတဲ့ သူ့အကြည့်ကတော့ ရေခဲတမျှ အေးစက်လျက် ရှိ၏။
“ ဘော့စ်က ကျွန်တော့်ကို ကျိုးဝမ်ရှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေအတွက် နောက်တစ်ခေါက် ဆိုတာ ထပ်ရှိလာမှာ မဟုတ်ဘူးလို့ ပြောခိုင်းလိုက်ပါတယ်။ ထုတ်လုပ်ရေးအဖွဲ့ထဲက ရိုက်ကူးရေး အခြေအနေကို စုံစမ်းရတာလည်း ဘာမှ မခက်ဘူးလေ။ ဒါက မိန်းကလေးစုကို ဘော့စ်က နောက်ဆုံးအနေနဲ့ သည်းခံပေးလိုက်တာပါတဲ့။ မိန်းကလေးစု ဒီနောက်ဆုံးအခွင့်အရေးကို ကောင်းကောင်း အသုံးချပြီး ကျွန်တော်တို့ဘော့စ်ရဲ့ ရင်းနှီးငွေတွေကို ပြန်ရှာလာပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ”
ဝမ်ကျင့်ဖျင် မျက်မှောင်ကြုတ်လိုက်သည်။ အဲ့ဒါ ဘာသဘောလဲ။ နောက်တစ်ခေါက် ဆိုတာ ရှိမှာ မဟုတ်ဘူး ဆိုတာကရော ဘာသဘောလဲ။ ဘာကို နောက်ဆုံးအနေနဲ့ သည်းခံပေးတာလဲ … ။
ထုတ်လုပ်ရေးအဖွဲ့ထဲကနေ နှုတ်ထွက်သွားတာက ကျိုးဝမ်ရှုရဲ့ အမှား မဟုတ်ဘူးလား။ ငါမှ ဘာအမှားမှ လုပ်မထားတာ … ။ အပြစ်တင်ခံရတဲ့ လူက ဘာလို့ ငါ ဖြစ်နေရတာလဲ။
ပြီးတော့ သူ နောက်ဆုံး ပြောသွားတဲ့ စကားကရော ဘာအဓိပ္ပာယ်လဲ ၊ ဘာကို ပြောချင်တာလဲ။ တကယ်လို့ ငါက ဒီဇာတ်လမ်းတွဲကို ပေါက်အောင် လုပ်ပြီး ရင်းနှီးတွေကို ရအောင် ပြန်မရှာပေးနိုင်ရင် သို့ထျန်းယီက ငါ့ကို စွန့်ပစ်လိုက်တော့မှာလား။
ဟင့်အင်း ၊ မဖြစ်နိုင်ဘူး။ သူ ငါ့ကို အဲ့လို လုပ်လို့ မရဘူး။ ငါက သူ့အသက်သခင်ကျေးဇူးရှင်ပဲ … ။
++++++