← Chapters

အခန်း ၇၈၀

Vol. 52 Ch. 780

အခန်း ၇၈၀

Vol. 52 Ch. 780

780 01

အခန်း ( ၇၈၀ ) သခင်ကြီး ပေးတဲ့ နာမည်။

သူ့ကိုယ်သူ ဝဝဖြိုးဖြိုးလေး မွေးလာပြီး မိသားစုရဲ့ ဂုဏ်သတင်းကို ကျဆင်းစေခဲ့မှန်း မသိတဲ့ ကောင်ကလေးက အန္တရာယ် အငွေ့အသက်ကို သတိထားမိသွားကာ အိပ်နေရင်းနှင့်ပင် ဆတ်ခနဲ တုန်သွားပြီး ခြေထောက်လေးကို ယက်ကန်ယက်ကန် လုပ်လိုက်မိလေသည်။

ဦးလေးကျန်းက ဟောက်ချန်ဟွမ်းနှင့် တခြားလူတွေနှင့် အတူ နေပြီး ကလေးမွေးချိန်ကို စောင့်မပေးခဲ့ပေမဲ့ တစ်ညလုံး မအိပ်ခဲ့ပေ။

မနက်ပိုင်း ကောင်းကင် လင်းပွင့်လာချိန်မှာတော့ သူ့ကို ဟောက်ချန်ဟွမ်းက ဖုန်းလှမ်းဆက်ခဲ့သည်။ ဦးလေးကျန်းက ပျော်ရွှင်စွာပဲ စွပ်ပြုတ်နှင့် သောက်ရေဘူးတွေကို လူလွှတ်ပြီး ပို့ပေးခဲ့သည်။ ဦးလေးကျန်း ပို့လိုက်တဲ့ အစားအသောက်တွေက ဟောက်ချန်ဟွမ်းတို့ဆီကို ရှစ်နာရီ ၊ ကိုးနာရီလောက်မှာ ရောက်သွား၏။

ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ဆန်ပြုတ်တိုက်ရင်း အလုပ်ရှုပ်နေခဲ့သလို ဦးလေးကျန်းနှင့် ကျန်းချန့်ယန်တို့ကလည်း အိပ်စင်လေးထဲမှာ အိပ်နေတဲ့ ကလေးဘေးမှာ ခပ်တိုးတိုး စကားပြောနေခဲ့ကြသည်။

“ သခင်လေးရဲ့ မျက်လုံးတွေ ၊ နှုတ်ခမ်းတွေက သခင်မလေးနဲ့ တူတာပဲ။ ”

“ သူ့နှာခေါင်းကတော့ ချန်ဟွမ်းနဲ့ တူတယ်။ ဒါပေမဲ့ သူ့မျက်နှာ အချိုးအစားကတော့ ချန်ဟွမ်းရဲ့ အဖေနဲ့ နည်းနည်းလေး ဆင်တယ်။ ”

သူတို့ နှစ်ယောက်က အတူတူ ထိုင်ရင်း ကောင်ကလေးရဲ့ ပုံပန်းသဏ္ဍာန်အကြောင်း စကားစမြည် ပြောနေခဲ့ကြသည်။ စုယန်ယန်က နားထောင်ရင်း ရယ်ချင်စိတ်အား ထိန်းမရတော့‌ပေ။

“ သူတို့ ပြောနေတာ တကယ်ပဲလား။ က‌လေးက ရှင့်အဖေနဲ့ နည်းနည်း ဆင်တယ်လား။ ”

ဟောက်ချန်ဟွမ်းလည်း နည်းနည်းလေး ‌ဇဝေဇဝါဖြစ်သွားပြီး မတင်မကျ ပြန်ပြောလိုက်သည်။ “ ဟုတ်ရင် ဟုတ်မှာပေါ့။ ”

ကလေးရဲ့ မျက်လုံးတွေက စုယန်ယန်နှင့် တူတယ်လို့ ထင်တဲ့အပြင် ချန်ရှို့ချင်ကလည်း ကလေးရဲ့ နှာခေါင်း ၊ နှုတ်ခမ်းတွေအကြောင်း ခရေစေ့ကွင်းကျ ပြောခဲ့သည်။ ကလေးရဲ့ မျက်နှာ အချိုးအစားကတော့ …

စုံတွဲလေးသည် တစ်ယောက်ကို တစ်ယောက် အကြာကြီး စိုက်ကြည့်နေပြီးမှ ဆက်မတွေ့တော့ဘဲ လက်လျှော့လိုက်ကြလေသည်။

ဦးလေးကျန်းနှင့် ကျန်းချန့်ယန်က အသံတိုးတိုးနှင့် ပြောနေလျှင်တောင် အိပ်မောကျနေတဲ့ ကောင်ကလေးက ခြေတွေ ၊ ‌လက်တွေ ယက်ကန်ယက်ကန် ဖြစ်သွားပြီး နှုတ်ခမ်းလေးစူကာ ငိုတော့မလို ဖြစ်လာခဲ့သည်။

ကျန်းချန့်ယန် လန့်သွားကာ ချက်ချင်းပဲ နောက်ဆုတ်ရင်း အထိတ်တလန့် ပြောလိုက်၏။ “ ဦးလေးကျန်း ၊ ဦးလေးကျန်း .. သူ ငိုတော့မယ်။ သူ ငိုတော့မယ်။ ”

“ ခွီး … ” ကျန်းချန့်ယန် ဒီလောက် ပြာယာခတ်သွားတာကို စုယန်ယန် ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ သူမ မရယ်မိဘဲ မနေနိုင်ပေ။

ကျန်းချန့်ယန်ကလည်း သူ အမူအရာလွန်ကဲသွားတာကို သတိထားမိသွားကာ ရှက်သွားပုံပေါ်သည်။

ဒီလို နူးညံ့တဲ့ မွေးကင်းစ ပေါက်စလေးရဲ့ ဝေယျာဝိစ္စတွေကို သူ တစ်ခါမှ လုပ်မပေးဖူး‌ပါ။ ဟောက်ချန်ဟွမ်း ကလေးဘဝတုန်း‌ကတောင် သူ လေးဘက်ထောက်ပြီး သွားနိုင် ၊ လမ်းလျှောက်သွားနိုင်တဲ့ အရွယ်ရောက်မှ ပွေ့ချီဖူးတာသာ ရှိခဲ့သည်။

အခြားတစ်ဖက်၌ ဦးလေးကျန်းကတော့ သခင်မကြီးဟောက်က မွေးကင်းစအရွယ် ဟောက်ချန်ဟွမ်းကို ဂရုစိုက်တဲ့အချိန်မှာ ကူညီပေးခဲ့ဖူးပါသည်။ ကလေးလေး ငိုတော့မလို ဖြစ်နေဝာာကို မြင်သည်နှင့် ကလေးကို အိပ်စင်ထဲကနေ ချက်ချင်း ပွေ့ချီကာ ကျွမ်းကျွမ်းကျင်ကျင် ချော့မြူလိုက်၏။

တဝါးဝါး ငိုနေတဲ့ ကလေးလေးက သူ့ရဲ့ အချော့အမြူအောက်မှာ ငြိမ်ကျသွားပြီး မျက်ရည်လဲ့သော မျက်လုံးဝိုင်းကြီးများဖြင့် ဟိုကြည့်ဒီကြည့် လုပ်နေကာ အရာရာတိုင်းကို စူးစမ်းချင်နေပုံရသည်။

လူနာဆောင်ထဲက လူတွေက အဲ့ဒါကို မြင်တော့ အံ့ဩသွားကြသည်။

“ ဦးလေးကျန်းကို ကလေးထိန်းတတ်လိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး။ ”

ဦးလေးကျန်းက စုယန်ယန်ရဲ့ စကားကို ကြားတော့ ဝမ်းမြောက်ဂုဏ်ယူစွာ ရင်ကော့ရင်း အပြုံးယဲ့ယဲ့ဖြင့် ပြန်ပြောခဲ့သည်။ “ သခင်မကြီးက ဟောက်ချန်ဟွမ်းကို မွေးတုန်းက ကျန်းမာရေး သိပ်မကောင်းတော့ သခင်ကြီးက သခင်မကြီးကိုပဲ အဖော်ပြုပေးနေခဲ့ရတာ။ သခင်လေးကို ကျွန်တော်နဲ့ အငြိမ်းစားယူသွားတဲ့ အိမ်အကူ နောက်တစ်ယောက်နဲ့ကပဲ ထိန်းပေးခဲ့ရတာ။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်းကို ကြည့်လိုက်သည်။ “ ဒါဆို နောက်ဆို ကျွန်မ ဦးလေးကျန်းကို ဒုက္ခပေးရတော့မှာပဲ။ ”

ဦးလေးကျန်းရဲ့ မျက်နှာက အရောင်တောက်ပသွားသည်။ “ စိတ်မပူပါနဲ့ သခင်မလေး။ ကျွန်တော် သခင်လေးကို သေချာလေး ဂရုစိုက်ပေးသွားမှာပါ။ ”

ကျန်းချန့်ယန်က ကလေးချီထားတဲ့ ဦးလေးကျန်းကို မြင်ချိန်မှာ မနာလိုစိတ် အနည်းငယ် ဝင်သွားခဲ့သည်။ သို့သော်လည်း ကလေးရဲ့ နူးညံ့တဲ့ မျက်နှာလေးကို မြင်ချိန်မှာတော့ အန္တရာယ်များတဲ့ သူ့အတွေးတွေကို ထိန်းချုပ်ပြီး ခပ်တိုးတိုး ချောင်းဟန့်လိုက်ပါသည်။ “ ကလေးကို နာမည်ပေးပြီးပြီလား။ ”

“ အင်း ၊ သူ့နာမည်က ဟောက်ရှင်းအန်းတဲ့။ အိမ်နာမည်ကတော့ ကြယ်လေး။ ယန်ယန့်အဘိုး ပေးထားတဲ့ နာမည်ပေါ့။ ”

ကျန်းချန့်ယန်ကို ကြည့်ရတာ စိတ်ဓာတ်ကျသွားပုံပေါ်သည်။ နာမည်ပေးတဲ့ လူက စုယန်ယန်ရဲ့ မိဘတွေသာ ဆိုပါက သူ တိုက်ခိုက်လို့ ရသေးပေမဲ့ စုယန်ယန်ရဲ့ အဘိုးကတော့ သူ့ထက် တော်တော်လေး ဝါကြီးသည်။

ကျန်းချန့်ယန်ရဲ့ ပြောင်းလဲသွားတဲ့ မျက်နှာအမူအရာကို မြင်လိုက်သော ဟောက်ချန်ဟွမ်းက ဦးလေးဖြစ်သူ အဲ့လို ဖြစ်မယ် ဆိုတာကို အစကတည်းက ကြိုသိခဲ့တဲ့ သူ့ကိုယ်သူ ဝမ်းသာသွားသည်။

လူကြီးမင်းစုက ထိုမေးခွန်းကို မနက်တုန်းက မေးခဲ့တာ ဖြစ်သည်။ ကလေးကို သူတို့အားလုံး နာမည်ပေးချင်နေကြပေမဲ့ လူတိုင်း နာမည်ပေးဖို့ ဆိုတာကတော့ မသင့်တော်ပေ။ သူတို့ထက် သာလွန်ဝါကြီးတဲ့ လူက သခင်ကြီးချန် တစ်ယောက်တည်းပဲ ရှိသည်။

++++++

All Chapters