← Chapters

အခန်း ၇၈၁

Vol. 53 Ch. 781

အခန်း ၇၈၁

Vol. 53 Ch. 781

781 01

အခန်း ( ၇၈၁ ) ကျွန်မ ရှင့်ကို ရိုက်လို့ ရလား။

ဟောက်ချန်ဟွမ်းက ကလေးကို နာမည်ပေးရင်း ဖြစ်ပေါ်လာနိုင်ချေရှိတဲ့ မိသားစုပြဿနာတွေ အကုန်လုံးကို ပါးပါးနပ်နပ် ဖြေရှင်းသွားခဲ့သည်။

စုယန်ယန်က သဘာဝအတိုင်း ကလေးမွေးခဲ့တာမို့ ခွဲမွေးတာထက် ပိုပြီး မြန်မြန် သက်သာလာလိမ့်မည်။ အကျိုးသင့် အကြောင်းသင့် ပြောရလျှင်တော့ သူမ အကြာကြီး ဆေးရုံတက်စရာ လိုမှာ မဟုတ်ပါ။

ဆေးရုံမှာ ငါးရက်ကြာ နေပြီးတဲ့နောက် စုယန်ယန်က ကလေးကို အိမ်ပြန်ခေါ်လာခဲ့သည်။

ဟောက်ချန်ဟွမ်းကတော့ အရင်ရက်တွေကတည်းက ဆေးရုံမှာ ဇနီးနှင့် သားဖြစ်သူနံဘေး အတူ ရှိနေပေးခဲ့တာ ဖြစ်ပြီး ဦးလေးကျန်းကပဲ အိမ်ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားခဲ့သည်။

ဦးလေးကျန်းက စုယန်ယန်နှင့် ကလေးလေး အိမ်ပြန်ရောက်လာတဲ့အခါ ဘာစိုးရိမ်ကြောင့်ကြမှု မရှိဘဲ ကောင်းကောင်း အားပြန်ပြည့်စေချင်သည်။

ထိုကိစ္စမှာ အသိသာဆုံး ပြောင်းလဲသွားတာကတော့ စုယန်ယန်ရဲ့ ကိုယ်ဝန်သည်အစားအသောက်မီနူး ဖြစ်သည်။

နုပ်နုပ်စဉ်းထားတဲ့ အသားနှင့် ကြက်ဥပေါင်း ၊ ဆယ်လ်မွန်တိုဟူးစွပ်ပြုတ် ၊ ဝက်လက်မြေပဲစွပ်ပြုတ် ၊ ဝမ်တန်ဖက်ထုပ် ၊ မြေပဲဆန်ပြုတ် ၊ ပါးပါးလှီးထားတဲ့ တရုတ်နံနံ …

စုယန်ယန်သည် စားပွဲပေါ်မှာ ပြည့်လျှံနေတဲ့ ဟင်းလျာတွေကို ကြည့်ပြီး မျက်မှောင်ကြုတ်မိသွားကာ တစ်ခုခု မကောင်းတာ ဖြစ်တော့မယ့် ခံစားချက် တစ်မျိုးကို ခံစားလိုက်ရလေသည်။

ကျန်တဲ့ ဟင်းလျာတွေကို သူမ နားလည်နိုင်ပေမဲ့ ဒီဆယ်လ်မွန်တိုဟူးစွပ်ပြုတ် ၊ ဝက်လက်မြေပဲစွပ်ပြုတ်နှင့် မြေပဲဆန်ပြုတ်ကတော့ သူမ မှတ်မိသလောက် အိမ်က စားဖိုမှူးတွေကို တစ်ခါမှ သင်မပေးဖူးပါ။ သူတို့က ဘယိလိုလုပ် …

“ ဒီဟင်းတွေ အကုန်လုံးကို အိမ်က စားဖိုမှူးတွေ ချက်ထားတာလားဟင်။ ”

ဦးလေးကျန်းက သူမရဲ့ မေးခွန်းကို ပြုံးပြီး ပြန်ဖြေသည်။ “ ဟုတ်တယ် သခင်မလေး။ သခင်မလေး အမြန်ဆုံး အားပြန်ပြည့်ဖို့ လိုတယ်။ ဒီဟင်းတွေကို စားဖိုမှူးနဲ့ အာဟာရဗေဒပညာရှင်ကိုယ်တိုင် စီစဉ်ပေးထားတာ။ သခင်မလေး မြန်မြန် သက်သာအောင် ကူညီပေးဖို့ သခင်မလေးရဲ့ အဒေါ်ကိုပါ ဖုန်းဆက်မေးထားတယ်။ ”

အံ့ဩမှုကြောင့် စုယန်ယန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွား၏။ “ ဘယ်တုန်းကလဲ။ ”

“ သခင်မလေး ကလေးမမွေးခင်ကတည်းကပဲ။ ”

“ … အဲ့အကြောင်းကို ကျွန်မက ဘာလို့ မသိရတာလဲ။ ”

“ အဲ့အချိန်တုန်းက သခင်မလေးက ကိုယ်ဝန်နဲ့ ဆိုတော့ နေရထိုင်ရ အဆင်ပြေတာ မဟုတ်ဘူးလေ။ ကျွန်တော်တို့အားလုံး သခင်မလေးကို ဒီလို ကိစ္စ အသေးအဖွဲလေးနဲ့ နှောင့်ယှက်စရာ မလိုဘူးလို့ သဘောတူခဲ့ကြတာ။ ”

“ ကျွန်တော်တို့ … ဟုတ်လား။ ”

“ မိသားစုထဲက လူတိုင်းပဲလေ။ သခင်လေး အပါအဝင်ပေါ့။ ”

စုယန်ယန် : “ … ” အဲ့အကြောင်းကို မသိတဲ့ လူက ငါတစ်ယောက်တည်း ရှိတာပေါ့ … ။

ဦးလေးကျန်းကတော့ စုယန်ယန်ရဲ့ ဝမ်းနည်းမှုကို သတိမထားမိဘဲ အပြုံးမပျက် ဆက်ပြောနေခဲ့သည်။ “ ဒီဟင်းချက်နည်းတွေ အကုန်လုံးကို သခင်မလေးရဲ့ အဒေါ်အိမ်က စားဖိုမှူးတွေ သင်ပေးသွားတာ။ ဒီလို အချိန်မှာ ဒီဟင်းတွေကို စားတာက ထိရောက်တယ်တဲ့ … ”

ဘေးမှာ ရပ်နေတဲ့ အမျိုးသမီးစားဖိုမှူးကလည်း စကားဝိုင်းကို လိမ္မာပါးနပ်စွာ ဝင်ထိန်းပေးသည်။ “ ဒီဟင်းတွေက နို့ထွက်ဖို့ အထောက်အကူပြုတယ်။ ”

စုယန်ယန်ရော ၊ ဟောက်ချန်ဟွမ်းရော ဆွံ့အသွားရပါသည်။

ထမင်းစားပွဲတစ်ဝိုက်မှာ အပ်ကျသံပင် ကြားရလောက်တဲ့ တိတ်ဆိတ်မှုတွေ လွှမ်းခြုံသွားတာက သူမဘေးက သားလေးက အထီးကျန်လို့ အော်ငိုတဲ့ အချိန်ထိ ဖြစ်သည်။

အခုမှ အိပ်မက်က လန့်နိုးသလို သတိဝင်လာတဲ့ စုယန်ယန်သည် ပါးတွေရော ၊ လည်ပင်းတွေပါ ချက်ချင်း ရဲတက်သွားခဲ့သည်။

ဟောက်ချန်ဟွမ်းက ခပ်တိုးတိုး ချောင်းဟန့်လိုက်ပြီး ဦးလေးကျန်းကို ဒီမှာတင် ရပ်ဖို့ သတိပေးသော အကြည့်ဖြင့် ကြည့်လိုက်၏။

ချန်ရှို့ချင်က ကလေးလက်တွန်းလှည့်ဆီကို ဖျတ်ခနဲ ထသွားပြီး ကလေးကို ပွေ့ချီလိုက်သည်။ “ ကလေးလေးက ဗိုကဆာလို့လား။ ပြောပါဦးကွယ် ၊ ဘွားဘွားက သားသားလေးကို နို့သောက်ဖို့ ခေါ်သွားပေးမယ်နော်။ ”

781 02

ချန်ရှို့ချင်က မသွားခင် စုယန်ယန်ကို လှည့်ပြီး ပြောသွားသည်။ “ သူတို့ ပြောတာ ဟုတ်တယ်။ ငါတို့ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းရမယ်။ ငါ နင့်ကို မွေးတုန်းကဆို အဲ့ဒါကို သောက်ချင်စိတ်ရှိရင်တောင် သောက်နိုင်ခဲ့တာ မဟုတ်ဘူး။ နင် များများ သောက်သင့်တယ်။ ”

စုယန်ယန် : “ … ” အမေက သမီးရဲ့ အမေရင်းရော ဟုတ်သေးရဲ့လားဟင်။

စုယန်ယန်ရဲ့ မျက်နှာပေါ်မှာ အပူချိန်တွေ တရိပ်ရိပ် တိုးလာကာ သူမရဲ့ ငိုက်စိုက်ချထားတဲ့ ခေါင်းကလည်း ပိုလို့တောင် ငုံ့သွားခဲ့သည်။

သူမ ရှက်နေတာကို နားလည်တဲ့ ရှောက်ချန်းကျယ်က “ ဦးလေးကျန်းတို့တွေ အကုန်လုံး သွားလို့ ရပါပြီ။ ကျွန်တော် ဒီမှာ ယန်ယန်နဲ့အတူ ရှိနေပေးလိုက်ပါ့မယ်။ ” ဟု ကျယ်လောင်စွာ ပြောလိုက်သည်။

ဦးလေးကျန်းက သူတို့ကို တစ်ချက် အကဲခတ်ပြီးမှ အခြေအနေကို နားလည်စွာပင် တခြားလူတွေကို ခေါ်ထုတ်သွားပြီး သူတို့နှစ်ယောက်တည်းအတွက် သီးသန့်အချိန်လေး ပေးခဲ့သည်။

သူတို့ ထွက်သားကြသည်နှင့် စုယန်ယန်ရဲ့ မျက်နှာက ပြန်လည်ကြည်လင်လာသည်။

သူမ ဒီကိစ္စတွေကို ဘယ်လိုများ လျစ်လျူရှုမှာပါလိမ့်ဟု တွေးမိသောအခါ ဟောက်ချန်ဟွမ်း ရယ်ချင်စိတ်ကို ထိန်းမရတော့ပါ။ “ ဦးလေးကျန်းရဲ့ စေတနာကို အလဟဿတော့ အဖြစ်မခံပါနဲ့ကွာ။ နည်းနည်းတော့ စားလိုက်နော်။ ”

ထိုစကားနှင့်အတူ စုယန်ယန်ရှေ့ကို စွပ်ပြုတ်အိုးကြီး တစ်အိုး ရောက်လာသည်။ စုယန်ယန် သေချာ ကြည့်လိုက်တော့ အဲ့ဒါက အစတုန်းက သူမ လက်လှမ်းမမီတဲ့ အဝေးဆုံးမှာ ရှိနေခဲ့တဲ့ ဆယ်လ်မွန်တို့ဟူးစွပ်ပြုတ် … ။

သူမမှာ ပြောစရာစကားပင် ပျောက်ဆုံးသွားသည်။

စုယန်ယန် : ကျွန်မ ရှင့်ကို ရိုက်လို့ ရလား။

++++++

All Chapters