အခန်း ၇၈၂
Vol. 53 Ch. 782
782 01
အခန်း ( ၇၈၂ ) နည်းနည်းလေး သိချင်ရုံပါ။
စုယန်ယန်သည် ဆေးရုံမှာ ရက်ပိုင်းလောက် နေပြီးမှ အိမ်မှာ ပထမဆုံး ပြန်စားရတဲ့ ထမင်း တစ်နပ်ကို ရှက်ရွံ့မှုတွေ ၊ ဒေါသတွေနှင့် စားလိုက်ရသည်။
သို့သော်လည်း တစ်ယောက်သောသူကတော့ အဲ့ဒါကို လုံးဝ မသိဘဲ ထမင်းစားပြီးသည်နှင့် သူ့ရဲ့ မွေးကင်းစ သားလေးကို အဘွားလက်ထဲ စိတ်ချလက်ချ အပ်ကာ စုယန်ယန်ကို အခန်းထဲသို့ စိတ်လှုပ်ရှားစွာ ဆွဲခေါ်သွားလေသည်။
စုယန်ယန်က အဲ့ဒီတော့မှ သူမဘေးက လူက ဝံပုလွေ တစ်ကောင်မှန်း သိတော့သည်။ သူမရဲ့ နူးညံ့တဲ့ ဗိုက်လေးကို အနည်းငယ် ဖျစ်ညှစ်ကြည့်ရင်း စိုးရိမ်သွားမိသည်။ ကလေးမွေးပြီးသွားပြီ ဆိုပေမဲ့ သူမရဲ့ ဗိုက်က အဲ့လောက် မြန်မြန် သက်သာမှာ မဟုတ်ပေ။
စုယန်ယန်သည် သူမ ကိုယ်ဝန်ရှိနေတဲ့ အချိန်တုန်းကတောင် ခါးတစ်ဝိုက်မှာ အသားတွေ ၊ အဆီပိုတွေ သိပ်မရှိခဲ့ဘဲ အခုမှ ဝအစ်နေတဲ့ ဗိုက်လေးကို ကြည့်ကာ စိတ်ညစ်သွားမိသည်။
“ မင်း ဘာလို့ သက်ပြင်းတွေ ချနေတာလဲ။ မင်းကို ဘယ်သူက စိတ်ညစ်အောင် လုပ်လို့လဲ။ ”
“ တခြားသူ ရှိဦးမလား။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို မျက်စောင်းထိုးလိုက်သည်။ သူမကို စွပ်ပြုတ်တွေ အများကြီး သောက်ခိုင်းပြီး ဗိုက်ထဲမှာ ရေတွေ ပြည့်နေအောင် သူ လုပ်ခဲ့တာပါ။
ဟောက်ချန်ဟွမ်းက သူမ ဘာကို စိတ်ဆိုးနေလဲ ဆိုတာ သိတာမို့ ဘာမှ တွေးမနေတော့ဘဲ “ ဟုတ်ပါတယ်။ ကိုယ် မှားတာပါ။ စိတ်မဆိုးပါနဲ့တော့နော်။ စိတ်ဆိုးတာက မင်းရဲ့ ကျန်းမာရေးအတွက် မကောင်းဘူး။ ” ဟု ချက်ချင်း ပြောလိုက်သည်။
စုယန်ယန် ဆွံ့အသွား၏။
သူမ ဝါဂွမ်းထုပ်ကြီးကို လက်သီးနှင့် ထိုးလိုက်မိသလို ခံစားရသည်။ သူက သူမကို စိတ်ကျေနပ်အောင် ချော့မော့သလို သူမကလည်း သူ့စကားကြောင့် စိတ်ပျော့သွားပါသည်။
“ ရှင်က အမြဲတမ်း အဲ့လိုပဲ။ တစ်ခုခု ဖြစ်တိုင်း ရှင် မှားပါတယ်လို့ အမြဲ ဝန်ခံတယ်။ နောက်တစ်ခါ အဲ့လိုမျိုး ထပ်လုပ်ရဲ လုပ်ကြည့်နော်။ ”
ဟောက်ချန်ဟွမ်းက သူ့နှာခေါင်းကို မလုံမလဲ ပွတ်ရင်း “ ကိုယ် တကယ် ဒီတစ်ခေါက် ထပ်မလုပ်ရဲတော့ပါဘူး။ ” ဟု အိုးတိုးအမ်းတမ်း ပြောလိုက်၏။
သူ့ကို သံသယအကြည့်ဖြင့် စိုက်ကြည့်နေတဲ့ စုယန်ယန်ကတော့ သူ့စကားကို မယုံကြည်တာ သိသိသာသာပင်။
အဲ့ဒါကို မြင်တော့ ဟောက်ချန်ဟွမ်းက သူ့ရဲ့ ရိုးသားမှုကို သက်သေပြဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ “ တကယ်ပါ။ မင်း မကြိုက်ရင် ကိုယ် နောက်ဆို မင်းကို အတင်း မစားခိုင်းဘူး။ ”
“ ရှင် အဲ့စကားကို အရင်တုန်းကလည်း ပြောဖူးသားပဲ။ ဒီနေ့လည်း ထပ်ပြောပြန်ပြီ။ ”
“ ကိုယ် .. ကိုယ်က နည်းနည်းလေး သိချင်ရုံပါ။ ”
စုယန်ယန်က မျက်ခုံးပင့်သွားသည်။ “ ဘာကို သိချင်တာလဲ။ ”
“ … စွပ်ပြုတ်က တကယ်ပဲ အလုပ်ဖြစ်ရဲ့လား ဆိုတာ။ ”
စုယန်ယန်သည် စက္ကန့် အနည်းငယ်လောက် ဆွံ့အနေပြီးမှ သူ ပြောချင်တဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားကာ သူမရဲ့ အမူအရာက ရုတ်တရက် အေးခဲသွားပြီး သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ “ ရှင် .. ရှင် .. ရှင် … ”
ကျွန်မ ရှင့်ကို လူကဲခတ်မှားခဲ့တာကို ယုံတောင် မယုံနိုင်ဘူး။ ကျွန်မမှာ ဘယ်လိုလုပ် ရှင့်လို ယောက်ျားမျိုး ရှိနေရတာလဲ။
ဟောက်ချန်ဟွမ်းက ထိုစကားကို ပြောပြီးမှ သူ ပါးကောင်းလို့ လက်ဝါးတောင်းတဲ့ စကားကို ပြောမိသွားမှန်း ရိပ်မိသွားကာ အခြေအနေကို အမြန်ဆုံး အဖတ်ဆယ်ဖို့ ကြိုးစားလိုက်သည်။ “ ကိုယ် မှားသွားတာပါ။ ကဲပါ ၊ ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့ကလေးမှာလည်း နို့မှုန့်ဖိုးအတွက် ပိုက်ဆံ မရှိတာမှ မဟုတ်တာ။ ”
ဟောက်ချန်ဟွမ်း ဘာမှ မပြောလျှင်တောင် အဆင်ပြေဦးမှာ ဆိုပေမဲ့ သူ ပြောလိုက်တော့ စုယန်ယန်ရဲ့ မျက်နှာက ပိုလို့တောင် နီရဲသွားခဲ့သည်။ သူမက သူ့ကို ဒေါသမျက်စောင်းထိုးပြီး ကျောခိုင်းပစ်လိုက်သည်။
ပြဿနာထပ်ရှာမိပြီ ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် နားလည်သွားတဲ့ ဟောက်ချန်ဟွမ်းက သူမကို ဆက်ပြီး တောင်းပန်ချော့မော့နေခဲ့ရသည်။
782 02
အကြာကြီး ချော့ပြီးသွားတော့မှ သူမက “ ကျွန်မ အခု ရုပ်ဆိုးနေလားဟင်။ ” ဟု ရုတ်တရက် ထမေးသည်။
ကလေးမွေးထားတာ မကြာသေးတာမို့ သူမရဲ့ ဗိုက်က အခုထိ ပုံမှန်လို ပြန်မဖြစ်သေးဘဲ မျက်နှာကလည်း ဖောင်းပြည့်နေကာ အရင်တုန်းကလောက် မလှတော့ဘူးဟု ခံစားရသည်။
ဒါပေမဲ့ အသေအချာပင် အဲ့ဒီလို ခံစားရတဲ့ လူက စုယန်ယန် တစ်ယောက်တည်းပါပဲ။
ဟောက်ချန်ဟွမ်းက သူ့ဇနီးရဲ့ အတွေးအမျှင်တန်းတွေကို သိပ်လိုက်မမီသော်လည်း သူမကို နှစ်သိမ့်ချော့မော့ဖို့က သူ့တာဝန် ဖြစ်သည်။ “ မဟုတ်တာပဲ။ ကိုယ့်မျက်လုံးထဲမှာတော့ မင်းက အလှဆုံး ဖြစ်နေတုန်းပဲ။ ”
သူ့အမြင်မှာတော့ စုယန်ယန်က အရင်တုန်းကလည်း လှပေမဲ့ နည်းနည်းလေးတော့ ပိန်လွန်းသည်။ လေလေး နည်းနည်းလောက် တိုက်လိုက်ရုံနှင့် လွင့်ပါသွားတော့မလို ထင်ရသည်။ အခုတော့ သူမရဲ့, ခန္ဓာကိုယ်က အနေတော် ဖြစ်သွားပါပြီ။ အသားလည်း နည်းနည်းလေး တိုးလာပြီး မပိန်လွန်း ၊ မဝလွန်းဘဲ ပွေ့ဖက်ထိတွေ့ရတာ နူးနူးညံ့ညံ့လေး ရှိသွားသည်။ သူ အဲ့ဒါကို သဘောကျသည်။
“ မင်းမှာ ပေါက်ကရတွေ လျှောက်တွေးနေဖို့တောင် အချိန်ရှိရင် တခြား ကိစ္စဝိစ္စလေးတွေကို လုပ်ဖို့လည်း အချိန်ရှိမယ် ထင်တယ်။ ”
စုယန်ယန်ရဲ့ ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်သွားပြီး နိမိတ်မကောင်းတဲ့ ခံစားချက် တစ်မျိုးကို ခံစားလိုက်ရ၏။ “ ဘာကိစ္စဝိစ္စလဲ။ ဘာလုပ်ရမှာလဲ။ ”
“ မင်း ဒီည စွပ်ပြုတ်တွေ အများကြီး သောက်ထားတယ်လေ။ အဲ့စွပ်ပြုတ်တွေက တကယ်ရော အကူအညီဖြစ်ရဲ့လား ဆိုတာ ကိုယ် မသိဘူး။ အဲ့ဒါကြောင့် ကိုယ် မင်းအတွက် စမ်းသပ်ပေးမယ်။ ”
“ အမ် … ။ ရှင် ….. ”
စုယန်ယန် မငြင်းဆန်နိုင်သေးခင်မှာပဲ ဟောက်ချန်ဟွမ်းရဲ့ နှုတ်ခမ်းတွေက သူမရဲ့ နှုတ်ခမ်းကို ဖိကပ်လိုက်ပြီမို့ သူမမှာ ဘာကန့်ကွက်စကားမှ ပြောဖို့ အချိန်မရလိုက်ပါ။
++++++