← Chapters

အခန်း ၇၈၇

Vol. 53 Ch. 787

အခန်း ၇၈၇

Vol. 53 Ch. 787

787 01

အခန်း ( ၇၈၇ ) ရောင်းချခါနီး အခြေအနေ။

ဆရာဝန်က အကြံဉာဏ်တွေ အများကြီး ပေးခဲ့ပြီး ဟောက်ချန်ဟွမ်းက အဲ့ဒါတွေ အကုန်လုံးကို ဂရုတစိုက် လိုက်မှတ်ခဲ့သည်။

စုယန်ယန်ကတော့ ထိုအချိန်က စပြီး ဟောက်ချန်ဟွမ်း ပြောင်းလဲသွားသည်ဟု ခံစားခဲ့ရသည်။ သူမ မကြုက်တာတွေ ပိုလုပ်လာတာတော့ မဟုတ်ဘဲ သူမနားမှာ ပိုကပ်တွယ်လာတာ ဖြစ်ပါသည်။

လိုအပ်တဲ့ အစည်းအဝေးတွေနှင့် အရေးပေါ် ကုမ္ပဏီကိစ္စတွေက လွဲလို့ ဟောက်ချန်ဟွမ်းက အိမ်မှာပဲ နေပြီး သူမအတွက် အစားအသောက်တွေ ပြင်ပေးသည် ၊သူမ ပျော်ရွှင်အောင် စပရိုက်တွေကိုလည်း ခဏ ခဏ ပြင်ဆင်ပေးသည်။

ပြီးတော့ ဟောက်ချန်ဟွမ်းက လင်းရှောင်ချီကိုလည်း သူမကို အဖော်ပြုပေးဖို့ တောင်းဆိုထားသည်။

စုယန်ယန်ဟာ ကလေးမွေးပြီးတဲ့နောက်ပိုင်း စိတ်ဓာတ်ကျနေတယ် ဆိုတာကို သိသွားတဲ့ လင်းရှောင်ချီးကလည်း သူမကို အရင်တုန်းကလို စနောက်နေတာက မသင့်တော်မှန်း နားလည်သွားသည်။

ဒီကိစ္စအတွက် သူမကိုယ်သူမလည်း အလွန် အပြစ်တင်မိသည်။ ကံကောင်းစွာဖြင့် ဟောက်ချန်ဟွမ်းက သူမကို အပြစ်မတင်ဘဲ စုယန်ယန်ကိုသာ မကြာခဏ လာအဖော်ပြုပေးရင်း သူမ အပျင်းပြေအောင် ပြင်ပကမ္ဘာကြီးအကြောင်း ပြောပြဖို့ တောင်းဆိုခဲ့‌လေသည်။

လင်းရှောင်ချီးကလည်း ချက်ချင်းပဲ သဘောတူလိုက်ပြီး သူတို့ရဲ့ ကြိုးစားမှုတွေအောက်မှာ စုယန်ယန်ရဲဘ အခြေအနေက တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

မြေးဖြစ်သူကို သည်းသည်းလှုပ် ဂရုစိုက်နေတဲ့ ချန်ရှို့ချင်ပင်လျှင် သူမသမီးဟာ သွေးနုသားနုစိတ်ကျရောဂါကို ခဏတာ ခံစားနေရကြောင်း မသိပေ။

ဟောက်ချန်ဟွမ်းက စုယန်ယန်ကို အသေးစိတ် ဂရုစိုက်ပေးတာအပြင် သူမကို အာရုံပြောင်းနိုင်မယ့် တစ်စုံတစ်ရာကို ရှာဖွေချင်ပေမဲ့ အခွင့်အရေးကောင်းကိုလည်း ရှာမတွေ့သေးပါ။

သို့သော်လည်း ကိစ္စတွေကတော့ မြန်မြန်ဆန်ဆန်ပဲ ရှေ့ဆက်သွားနေခဲ့သည်။ ကလေးရဲ့ တစ်လပြည့် နီးကပ်လာချိန်မှာ သုတေသနဌာနဆီက သတင်းကောင်းတွေကို ကြားရသည်။

စုယန်ယန်က သူမ သုတေသနဌာနကို ပို့ပေးဖူးတဲ့ ကြာစေ့တွေ ၊ ပင်လုံးကြိုင်မျိုးစေ့တွေ ၊ တရုတ်ဆီးသီးအနီမျိုးစေ့တွေနှင့် အချိန်အကြာကြီးယူပြီး စိုက်ပျိုးစရာ မလိုတဲ့ ဆေးပင်မျိုးစေ့တွေကနေ ဆေးဖက်ဝင်အပင် တစ်အုပ်ကို စိုက်ပျိုးနိုင်ခဲ့ပြီး ရောင်းတန်းဝင် အဆင့်ကိုတောင် ရောက်နေပြီ ဖြစ်သည်။

ဒါက တစ်နှစ်ကျော် တန်းစီ စောင့်နေတာတောင်မှ တစ်ခါမှ ကံမကောင်းသေးတဲ့ အမာခံကြည့်ရှုသူတွေအတွက် အကျိုးအမြတ်ကြီး တစ်ခုပင်။

သုတေသနဌာနက ကြေညာချက်ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက် စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကြည့်ရှုသူတွေဟာ အုတ်အော်သောင်းနင်း ဖြစ်သွားပြီး Repost တွေ လုပ် ၊ ကွန်းမန့်ပေါင်းစုံကို လိုက်ခ်တွေ ပေးခဲ့ကြသည်။ မိနစ်ပိုင်းအတွင်းမှာပဲ ထိုသတင်းက ထိပ်တန်းရေပန်းစားမှုစာရင်းထဲကို ဝင်ရောက်သွားပြီး လူတွေကို အာရုံဖမ်းစားသွား၏။

အစပိုင်းမှာတော့ ထိုကြေညာချက်က အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကိုသာ ရခဲ့ပေမဲ့ ဆောင်းပါး တချို့ ရုတ်တရက် တက်လာပြီး ကြေညာချက်ကို ဝေဖန်ခဲ့သည်။ ဆောင်းပါးတွေထဲမှာ ‘ သုတေသနဌာနရဲ့ ကြေညာချက်က ကမ္ဘာကြီးကို လှည့်စားနေတဲ့ အတုအယောင် မားကတ်တင်းစည်းရုံးရေးသာသာပဲ ဖြစ်ကြောင်းနှင့် ရှေးခေတ် ဆေးဖက်ဝင်အပင်တွေ ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ အလိမ်အညာတွေ ဖြစ်ကြောင်း ’ ပြောထားသည်။

787 02

သုတေသနဌာနဟာ လူကြီးတွေဆီက သုတေသနရန်ပုံငွေတွေကို ရဖို့ ပဟေဋိဆန်တဲ့ တင်ဆက်သူကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးပြီး လူထုကို လိမ်လည်လှည့်စားနေတယ်လို့ မသိမသာ ပြောနေတဲ့ လူတွေတောင် ရှိသည်။

ကိုယ်ပိုင် အကျိုးအမြတ်အတွက် လူတိုင်းရဲ့ အသက်တွေ ၊ ကျန်းမာရေးတွေကို ဂရုမစိုက်တာက တကယ့်ကို ရွံစရာကောင်းတဲ့ လုပ်ရပ်ပဲ ဖြစ်သည်။

“ ဒီပေါက်ကရသတင်းတွေက ဘယ်က ထွက်လာတာလဲ။ မဟုတ်မဟတ် သတင်းတွေ လျှောက်တင်နေတဲ့ ဆေးဝါးအဖွဲ့အစည်း ဆိုတာကြီးကရော ဘယ်က ရောက်လာတာလဲ။ ”

လောလောလတ်လတ် ကလေးမွေးထားတဲ့ သူ့ညီမရဲ့ အလုပ်တွေကို ကိုယ်စား ကြီးကြပ်ကာ သုတေသနဌာနကို ဆက်သွယ်ပြီး တရုတ်ရိုးရာ ဆေးပင်တွေကို ကြေညာခဲ့တဲ့ စုယွီရွှမ်းသည် ချက်ချင်းပဲ ကျိန်ဆဲမိသွားသည်။

လူတွေက ထိုသတင်းတွေကို အာရုံမစိုက်သော်လည်း အနည်းငယ် ရှာကြည့်လိုက်ရုံဖြင့် ထိုသတင်းတွေကို တင်နေတဲ့ လူတွေက ဆေးဝါးအဖွဲ့အစည်းက အကြီးတန်းဝန်ထမ်းတွေ ဆိုတာ သိနိုင်သည်။

သာမန်လူတွေရဲ့ အမြင်မှာတော့ သူတို့က မှားယွငိးနေတဲ့ တစ်စုံတစ်ရာကို အမှားထောက်ပြနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေပါ။

သုတေသနဌာနကို ထိုလူတွေ ဝေဖန်ပြီးနောက် သိပ်မကြာခင်မှာပဲ ဆေးဝါးအဖွဲ့အစည်းကလည်း အဓိပ္ပာယ်ဒွိဟဖြစ်စေတဲ့ Post တစ်ခုကို ရုတ်တရက် ထတင်ခဲ့သည်။

သူတို့က ထိုမှတ်ချက်တွေကို အတိအလင်း မထောက်ခံပေမဲ့ ထိရှလွယ်တဲ့ ဒီကာလအတွင်းမှာတော့ တစ်ယောက်နှင့် တစ်ယောက် လိုက်လျောညီထွေဖြစ်ဖို့ ခက်ပါသည်။

လူတွေက သုတေသနဌာနကို မကျေမနပ် မဖြစ်ရဲတော့သော်လည်း သူတို့ရဲ့ စိတ်ထဲမှာတော့ စုယန်ယန်နှင့် သူမ ကြေညာရောင်းချတော့မယ့် တရုတ်ရိုးရာဆေးပင်တွေအပေါ် သံသယတွေ အမြစ်တွယ်သွားခဲ့ကြသည်။

++++++

All Chapters