← Chapters

အခန်း ၇၉၀

Vol. 53 Ch. 790

အခန်း ၇၉၀

Vol. 53 Ch. 790

790 01

အခန်း ( ၇၉၀ ) အမြစ်ဖြုတ်ချေမှုန်းခြင်း။

သူ ထိုစကားကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အကုန်လုံး နှုတ်ဆိတ်သွားကြသည်။

အပေါ်ယံမှာတော့ ဒီပြဿနာက ဆေးဝါးနယ်ပယ်ကို ‘ သွေးနားထင်ရောက်နေတဲ့ လူတွေ ’ ၊ ‘ အကဲပိုလွန်းတဲ့ လူတွေ ’ စသည်ဖြင့် ဝေဖန်ပြီး လူထုကို အလှည့်စားမခံဖို့ သတိပေးနေတဲ့ အမည်ခံ စီနီယာကြီးတွေကြောင့် ဖြစ်တာ ဆိုသော်လည်း တကယ်တမ်းမှာ သူတို့တွေက နောက်ကွယ်ကနေ ပွဲဆူအောင် လုပ်နေပြီး တရုတ်ရိုးရာဆေးပင်တွေကို ချိုးနှိမ်ဖို့ ကြိုးစားနေတယ် ဆိုတာကို ဒီမှာ ရှိနေတဲ့ လူတိုင်း သိသည်။

သူတို့ ဒီလို လုပ်ရတဲ့ အကြောင်းအရင်းကတော့ ထိုတရုတ်ရိုးရာဆေးပင်တွေ အမှန်တကယ် အသုံးဝင်လာမှာကို စိုးရိမ်လို့ပဲ ဖြစ်သည်။ အဲ့ဒါက ဆေးဝါးဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတဲ့ သူတို့ရဲ့ ပိုက်ဆံရပေါက် ရလမ်းတွေကို ထိခိုက်စေလိမ့်မည်။

“ အဓိကပြဿနာက ဒါက ဆေးဝါးအသင်းအဖွဲ့ ဖြစ်နေသေးလို့ပဲ။ အရင်တုန်းက ငါ သူတို့ကို ကိုယ်ကျင့်တရားမကောင်းတဲ့ လူတွေလို့ပဲ ထင်ထားတာ။ ဒီလောက် ဆိုးလိမ့်မယ်လို့‌တော့ မထင်ခဲ့ဘူး။ ”

“ အံ့ဩစရာတော့ မဟုတ်ပါဘူး။ လက်ရှိ ဆေးဝါးအသင်းအဖွဲ့က လွန်ခဲ့တဲ့ နှစ် ( ၂၀ ) ကျော်တုန်းက အဖွဲ့နဲ့ တူမှ မတူတော့တာ။ ကြီးကြပ်ရေးမှူးတွေ အများကြီး ပြောင်းလဲသွားတယ် ၊ မျိုးဆက် တစ်ဆက်ချင်းစီကလည်း တဖြည်းဖြည်း ပို,ပိုဆိုးလာတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆို သူတို့က အရည်အချင်းမရှိတဲ့ သာမန်လူတွေကိုတောင် အလုပ်ခန့်ခဲ့သေးတယ်။ မဟုတ်ရင် ဒီနယ်ပယ်ထဲမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့တဲ့ ဆေးဝါးအသင်းအဖွဲ့က အခုလို ဖြစ်သွားစရာအကြောင်း မရှိဘူး။ ”

ထိုစကားကို ကြားတော့ လူတိုင်း နည်းနည်းလေး စိတ်ပျက်သွား၏ သူတို့က ဒီအသင်းအဖွဲ့မှာ မှတ်ပုံတင်ထားပေမဲ့ တကယ်တော့ အသင်းအဖွဲ့ရဲ့ ပထမဥက္ကဌနှင့်သာ သူတို့ ရင်းနှီးတာ ဖြစ်သည်။

ဆေးဝါးအသင်းအဖွဲ့ကို စတင်တည်ထောင်ခဲ့စဉ်တုန်းက သူတို့ အများကြီး ကူညီပေးခဲ့ဖူးသည်။

ကံမကောင်းစွာဖြင့် ထိုဥက္ကဌက မကြာခင်မှာပဲ ရောဂါဖြင့် သေဆုံးသွားခဲ့ပြီး အသင်းအဖွဲ့ရဲ့ အထက်လူကြီးတွေလည်း တစ်ယောက်ပြီး တစ်ယောက် ပြောင်းသွားသည်။

လူတိုင်းက တဖြည်းဖြည်း ပြောင်းလဲစိမ်းသက်လာတဲ့ အသင်းအဖွဲ့ကို ကြည့်ကာ စိတ်ပျက်လာခဲ့ကြသည်။ အဆုံးသတ်မှာတော့ သူတို့ ဆေးဝါးအသင်းအဖွဲ့ရဲ့ အတွင်းရေးကိစ္စတွေမှာ ဝင်မပါဘဲ ကင်းကင်းပြတ်ပြတ် နေဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဒီအတောအတွင်း ဆေးဝါးအသင်းအဖွဲ့က စီးပွားရေးသမားတွေက သူတို့ရဲ့ နာမည်ကို လူရှိန်အောင် အသုံးချခဲ့ပါသေးသည်။ ဒါပေမဲ့ အရမ်းကြီး တရားလွန်မလာသေးတာကြောင့် သူတို့တွေက ပထမဥက္ကဌရဲ့ မျက်နှာကို ထောက်ကာ သည်းခံပေးခဲ့သည်။

ဒါပေမဲ့ ဒီတစ်ခေါက်တော့ …

“ ကျုပ်ကတော့ အဲ့လူတွေ ခေါင်းမော့ထားတာ နှစ်တွေ အရမ်း ကြာသွားတော့ သူတို့ လုပ်နိုင်တဲ့ အတိုင်းအတာကို မေ့သွားပြီလို့ ထင်တယ်။ ဆေးဝါးအသင်းအဖွဲ့ကို စတည်ထောင်ခဲ့တဲ့ မူလရည်ရွယ်ချက်ကိုလည်း သူတို့ မေ့သွားပြီ။ ”

ယဲ့ချီလျန့် ထိုသို့ ပြောလိုက်သည်နှင့် အကုန်လုံး ထပ်မံ နှုတ်ဆိတ်သွားကြသည်။

အတော် ကြာတော့မှ လူ တစ်ယောက်က “ ဒါဆို ခင်ဗျား ဘာလုပ်မယ်လို့ တွေးထားလဲ။ ” ဟု ထမေးသည်။

“ ဒီအခြေအနေကို ရောက်နေမှတော့ ကျုပ်တို့ တခြား ဘာလုပ်နိုင်ဦးမှာမို့လို့လဲ။ ”

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး သူတို့ရဲ့ နှလုံးသားထဲမှာ အသီးသီး အဖြေထွက်သွားကြလေသည်။

ဆေးဝါးအသင်းအဖွဲ့သည် အွန်လိုင်းပေါ်မှာ တရုတ်ရိုးရာဆေးပင်တွေအကြောင်း ဆွေးနွေးနေတဲ့ လူတွေ အများကြီး ရှိတာကို သိသွားချိန်မှာ အာရုံသိပ်မစိုက်ခဲ့ပေ။ သူတို့အမြင်မှာတော့ ထိုဆေးပင်တွေက အမှန်တကယ်ပဲ အသုံးဝင်တယ် ဆိုရင်တောင် အလွန် “ ထိရှလွယ်ကာ နူးညံ့တဲ့ ” အပင်လေးတွေမို့ တစ်နေရာကနေ တစ်နေရာကို ပို့ဆောင်နေတုန်း သေဆုံးသွားလိမ့်မည်။

ပြန်စိုက်လို့ ရတယ် ဆိုဦးတော့ ၊ နာမည်မကြီးတော့မှာ အသေအချာပဲ ဖြစ်ပြီး သူတို့ကို ဘာမှ ထိခိုက်စေတော့မှာ မဟုတ်ပါ။

ထိုအထင်သေးမှုကပဲ သူတို့ရဲ့ လက်ရှိ ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်သည်။ ကင်ဆာတိုက်ဖျက်ရေးဆေးဝါးတွေကို ဈေးကွက်ထဲမှာ မကြာခင် ဖြန့်ချီတော့မယ်လို့ သူတို့ ကြေညာခဲ့တာ လွန်ခဲ့တဲ့ တစ်ပတ်တုန်းကမှ … ။

လူစိတ်ဝင်စားမှုကိုလည်း တော်တော်လေး ရလိုက်ပေမဲ့ အဆုံးသတ်မှာတော့ ဒီအောင်မြင်မှုက တစ်ပတ်တောင် မခံလိုက်ဘဲ ဘယ်နေရာက ထွက်ပေါ်လာမှန်း မသိတဲ့ သုတေသနဌာနရဲ့ တရုတ်ရိုးရာဆေးပင်တွေအောက်မှာ နစ်မြုပ်သွားခဲ့ရသည်။

ဆေးဝါးအသင်းအဖွဲ့ရဲ့ အထက်လူကြီးတွေက ထိုသတင်းကို ကြားသောအခါ ဒေါသထွက်သွားပြီး အရင်တုန်းက မရှိခဲ့ဖူးတဲ့ အန္တရာယ်အငွေ့အသက်တွေကိုပါ ခံစားလိုက်ရသည်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဆေးဝါးအသင်းအဖွဲ့ကပဲ ဆေးဝါးနယ်ပယ်ကို လက်ဝါးကြီးအုပ်ထားခဲ့တာ ဖြစ်ပြီး သူတို့ကို ယှဉ်ပြိုင်နိုင်တဲ့ လူ တစ်ယောက်မှ မရှိခဲ့ပေ။

တဖြည်းဖြည်းနှင့် သူတို့က ဒီအောင်မြင်မှုနှင့် အသားကျလာပြီး အမြဲတမ်း ဒီလိုပဲ ဆက်အောင်မြင်နေလိမ့်မည်ဟု ပုံသေ မှတ်ယူထားခဲ့ကြလေသည်။

အခုတော့ ဘယ်ကမှန်း မသိတဲ့ တရုတ်ရိုးရာဆေးပင်တွေ ရုတ်တရက် ပေါ်ပေါက်လာပြီး ထိုဆေးပင်တွေရဲ့ နောက်ကွယ်မှာ ရှိနေတာက သုတေသနဌာန ဖြစ်သည်။ လူတိုင်း ထိတ်လန့်ပြီးတဲ့နောက်မှာတော့ သုတေသနဌာနကို အမြတ်ဖြုတ်ချေမှုန်းဖို့ ဆုံးဖြတ်ချက်ချလိုက်၏။

သူတို့က လျင်လျင်မြန်မြန်ပဲ လှုပ်ရှားခဲ့ပြီး သူတို့စကားနားထောင်တဲ့ စီနီယာ ပရော်ဖက်ဆာ သုံး ၊ လေးယောက်ကို အင်တာနက်ပေါ်မှာ လက်ဦးမှုရယူစေခဲ့သည်။ အင်တာနက်ပေါ်မှာ အခကြေးငွေယူပြီး ကွန်းမန့်ရေး ၊ ပို့စ်တင်တဲ့ လူတွေကို စုရုံးထားပြီး တစ်ချိန်တည်းမှာပဲ ဆေးဝါးအသင်းအဖွဲ့ရဲ့ တရားဝင်အကောင့်ကိုလည်း အဆင်သင့်ပြင်ထားခဲ့သည်။ စုယန်ယန်နှင့် သုတေသနပညာရှင်တွေကို နာမည်ပျက်အောင် မလွဲမသွေ လုပ်ရပါမည်။

++++++

All Chapters