← Chapters

အခန်း ၇၉၄

Vol. 53 Ch. 794

အခန်း ၇၉၄

Vol. 53 Ch. 794

794 01

အခန်း ( ၇၉၄ ) သစ်တောထဲမှာ ငှက်မျိုးစုံ ရှိတယ်။

အခန်းထဲမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတိသွားသည်။ အစ်ကိုဖြစ်သူရဲ့ လုပ်ရပ်ကြောင့် ဆွံ့အသွားတဲ့ စုယန်ယန်က အချိန်အတော်ကြာသည်ထိ စိတ်နှင့်ကိုယ်ပြန်မကပ်နိုင်ပေ။

“ ခွီး … ” ခဏအကြာမှာတော့ ဟောက်ချန်ဟွမ်း မအောင့်နိုင်တော့ဘဲ အရင်ဆုံး ရယ်ချလိုက်မိသည်။

စုယန်ယန်က သူ့အပြုံးကို မြင်တော့မှ သတိပြန်ဝင်လာပြီး အစ်ကိုဖြစ်သူကို စိတ်ပျက်လက်ပျက် အမူအရာဖြင့် ကြည့်လိုက်၏။

အစ်ကို ဒီတစ်ချိန်လုံး ဘာတွေ လုပ်နေခဲ့တာလဲ။ နှမ်းနက် အစာသွပ်ထားတဲ့ ကောင်ညှင်းလုံးက သဲရုပ်တုအဖြစ် တကယ်ရော ပြောင်းလဲသွားနိုင်လို့လား … ။

သူ့ညီမ သူ့ကို အထင်သေးနေတယ် ဆိုတာကို သိတဲ့ စုယွီရွှမ်းက ဒေါသကြောင့် အော်ရယ်မိတော့မလိုတောင် ဖြစ်သွားသည်။ “ နင် ငါ့ကို အဲ့လိုမျိုး မကြည့်နဲ့နော်။ ငါ ဒီလိုပုံစံ ဖြစ်လာတာ အကုန်လုံး နင့်အမှားတွေကြောင့်ပဲ မဟုတ်ဘူးလား။ ”

“ အဲ့တော့ ညီမအပြစ်ကြောင့်ပေါ့လေ။ ” စုယန်ယန်က သူမကိုယ်သူမ တအံ့တဩ လက်ညိုးထိုး ညွှန်ပြလိုက်သည်။ ဘယ်နေရာကမှန်းမသိ ရုတ်တရက် လွင့်ပျံထွက်လာတဲ့ အိုးကြီးတစ်လုံးက သူမရဲ့ ခေါင်းကို လာထိမှန်သွားသလို ခံစားလိုက်ရပါသည်။ ဒီအခြေအနေအထိ ရောက်နေမှတော့ စုယွီရွှမ်းမှာ ဘာမှ ဆက်ဆုံးရှုံးစရာမရှိတော့ပါ။ သူ လက်နှစ်ဖက်ကို ချိတ်ယှက်လိုက်ပြီး ဟွန့်ခနဲ နှာခေါင်းက လေထွက်ရုံ လှောင်ရယ်လိုက်သည်။ “ ဘယ်သူက အမေ့ကို ငါ့ကို အကြောင်းပြချက်မရှိ ရုတ်တရက်ကြီး ကြင်ဖက်တွေ့ခိုင်းဖို့ အားပေးအားမြှောက်လုပ်လိုက်ပါလိမ့်လို့ ငါ တွေးနေတာ။ ငါ့အမေကို သွေးထိုးလိုက်တဲ့ လူကြောင့် ငါ့မှာ နေ့တိုင်း ထူးဆန်းတဲ့ မိန်းကလေးတွေနဲ့ အပြင်မှာ ညစာ စားနေရတယ်။ မိန်းကလေးတွေ အများကြီးနဲ့ တွေ့ပြီးသွားတော့ ဒီကိစ္စရဲ့ နောက်ကွယ်က အမှန်တရားကို ငါ နားလည်သွားပြီ။ ”

“ အမှန်တရား … ဘာအမှန်တရားလဲ … ”

“သစ်တောထဲမှာ ငှက်မျိုးစုံ ရှိတယ် ဆိုတဲ့ အမှန်တရားလေ။ ” စုယွီရွှမ်းရဲ့ မျက်နှာက တစ်ယောက်ယောက်ကို ထထိုးတော့မလို မည်းမှောင်ကျသွားသည်။ “ ငါ ဒီအတောအတွင်း ဘယ်နှခါတောင် ကြင်ဖက်တွေ့ခဲ့ရလဲ ဆိုတာ နင် သိလား။ အခါ ( ၂၀ ) တောင်ပဲ။ ငါ ပျှမ်းမျှ နှစ်ရက်ကို မိန်းကလေးတစ်ယောက်နဲ့ တွေ့ရတယ်။ ”

စုယွီရွှမ်းက ပြောရင်း အရှိန်ရလာကာ လက်ဟန်ခြေဟန်တွေပါ ပါလာသည်။ “ အဲ့မျန်းကလေးတွေ အကုန်လုံးက ပုံမှန်မိန်းကလေးတွေ ဆိုရင် တော်သေးတာပေါ့။ ဒါက ဒီတိုင်း ကြင်ဖက်တွေ့ကြည့်ရုံပဲလေ ၊ တစ်ယောက်အကြောင်း တစ်ယောက် သိအောင် တွေ့ကြည့်ရုံ။ တကယ်လို့ အဆင်မပြေရင် ကိုယ့်လမ်းကိုယ်လျှောက်ကြရုံပဲ။ ဒါပေမဲ့ သူတို့က … သူတို့က … ”

“ သူတို့က ဘာဖြစ်လို့လဲ။ ” စုယွီရွှမ်းရဲ့ မျက်ရည်အဝိုင်းသား စွပ်စွဲချက်ကို ကြားတော့ စုယန်ယန် နားမလည်နိုင်ဖြစ်သွားသည်။

အမေက အဲ့ဒီမိန်းကလေးတွေကို အစ်ကိုနဲ့ ကြင်ဖက်ပေးမတွေ့ခင် သူတို့ရဲ့ နောက်ကြောင်းရာဇဝင်တွေ ၊ စိတ်နေစိတ်ထားတွေကို သူကိုယ်တိုင် စစ်ဆေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ လက်တွေ့ကျကျ ပြောရရင် အမေကိုယ်တိုင် စစ်ဆေးထားတဲ့ မိန်းကလေးတွေက အရမ်း ဆိုးဆိုးဝါးဝါးတွေတော့ မဟုတ်နိုင်လောက်ပါ။

“ အဲ့မိန်းကလေးတွေက အမေကိုယ်တိုင် အစ်ကို့အတွက် ရွေးပေးထားတဲ့ လက်ရွေးစင်တွေပါ။ သူတို့က အဆင်ပြေတယ် မဟုတ်ဘူးလား။ ”

“ အဆင်ပြေစရာလား။ ငါနဲ့ ဟိုတလောတုန်းက ကြင်ဖက်တွေ့ခဲ့တဲ့ မိန်းကလေးတစ်ယောက် ဆိုရင် လုံးဝကို အသန့်ကြိုက်တဲ့ အရူးမ ၊ ပြီးတော့ သူက တဏှာကင်းတဲ့ အချစ်ကို ယုံကြည်တယ်တဲ့လေ။ လင်ယောက်ျားရဲ့ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာရော သစ္စာဖောက်တာတွေကို သည်းမခံနိုင်လို့ သူနဲ့ လက်ထပ်ချင်ရင် လက်မထပ်ခင်ကတည်းက ငါက အရင်ဆုံး သားကြောဖြတ်ထားရမယ်တဲ့။ ”

“ ခွီး … ” ရက်စက်လွန်းတဲ့ မိန်းကလေးပဲ ဖြစ်သည်။

“ နောက်တစ်ယောက်ကတော့ အစပိုင်းတုန်းက အဆင်ပြေပါတယ်။ ဒါပေမဲ့ ငါတို့ စကားပြောရင်းနဲ့ သူက သူ့မိသားစုက တော်တော်လေး ချမ်းသာပေမဲ့ အဲ့ပိုက်ဆံတွေ အကုန်လုံးက သူ့အစ်ကိုနဲ့ပဲ သက်ဆိုင်ပြီး သူနဲ့ ဘာမှ မဆိုင်ဘူးလို့ ရုတ်တရက်ကြီး ထပြောလာတယ်။ ပြီးတော့ နောက်ပိုင်း ငါတို့ လက်ထပ်ဖြစ်ရင် ငါက ငါတို့ကုမ္ပဏီရဲ့ ကုမ္ပဏီရှယ်ယာ တစ်စိတ်တစ်ပိုင်းကို စေ့စပ်ကြောင်းလမ်းတဲ့ လက်ဆောင်အနေနဲ့ သူ့အစ်ကို,ကို ပေးရမယ်တဲ့။ ”

“ … ” သူ့ … သူ့အစ်ကို,ကိုပါ ကုမ္ပဏီရှယ်ယာတွေ ခွဲပေးရမယ်တဲ့လား။

“ နောက်တစ်ယောက်ကတော့ သူက လိင်တူလိင်ကွဲနှစ်မျိုးလုံးကို စိတ်ဝင်စားတဲ့ Bisexual ပါလို့ ပွင့်ပွင့်လင်းလင်းပဲ ပြောတယ် ၊ ငါတို့ လက်ထပ်ပြီးရင် သူ့ရဲ့ ရည်းစားဟောင်းကောင်မလေးကိုလည်း အိမ်မှာ ခေါ်ထားချင်တယ်တဲ့။ ငါ စိတ်ဝင်စားလို့ သူတို့နဲ့ Threesome ချင်တယ် ဆိုလည်း အဆင်ပြေတယ်လို့ ပြောတယ်။ ”

794 02

စုယန်ယန် ဆွံ့အသွားရသည်။ “ ဘုရားရေ ၊ ဒါက တအား ပွင့်လင်းလွန်းနေတာ မဟုတ်ဘူးလား။ အခုခေတ် လူငယ်တိုင်း အဲ့လိုတွေပဲလား။ ”

ဟောက်ချန်ဟွမ်း : “ … ” ခွီး ၊ မင်းလည်း အသက်ငယ်ငယ်လေးပဲ ရှိပါသေးတယ် အချစ်ရယ်။ အသက် ခုနှစ်ဆယ် ၊ ရှစ်ဆယ် အဘွားကြီး တစ်ယောက်လို မပြောပါနဲ့။

“ ညီမ ဒီစကားမျိုး မပြောချင်ပေမဲ့ အစ်ကို မဟုတ်တာ တစ်ခုခု လုပ်နေတာကို သူတို့ မြင်သွားကြလို့လား။ အစ်ကို တွေ့တဲ့ လူတိုင်းက … ဘယ်လိုလုပ် အရမ်း ထူးဆန်းနေရတာလဲ။ ”

သူမရဲ့ စကားဆုံးသည်နှင့် စုယွီရွှမ်းက သူမကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လိုက်သည်။

ဒီပြဿနာအတွက် သူမမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိနေတယ် ဆိုတာကို တွေးမိသွားတဲ့ စုယန်ယန်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး အားတုံ့အားနာဖြစ်စွာ ပါးစပ်ထားလိုက်တော့သည်။

စုယွီရွှမ်းသည် စုယန်ယန်ဆီမှာ သူ့စိတ်ဒုက္ခတွေကို ရင်ဖွင့်ပြီးသော်လည်း ရင်ထဲမှာ ပေါ့မသွားဘဲ ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းရှိုက်လိုက်မိသည်။ “ အရင်လတုန်းက အဲ့ဒုက္ခတွေအကုန်လုံးကို ငါ တစ်ယောက်တည်း ခါးစည်းခံခဲ့ရတာ။ ”

++++++

All Chapters