← Chapters

အခန်း ၇၉၅

Vol. 53 Ch. 795

အခန်း ၇၉၅

Vol. 53 Ch. 795

795 01

အခန်း ( ၇၉၅ ) ယုံချင်ယုံ မယုံချင်နေ။

စုယန်ယန်သည် အစ်ကိုဖြစ်သူရဲ့ ဝမ်းနည်းဆို့နင့်နေတဲ့ အသံကို နားထောင်ကာ ခန္ဓာကိုယ်အနှံ့ ကြက်သီးထသွားမိသည်။

ဒါပေမဲ့ ဒီကိစ္စကို အရင်ဆုံး အစဖော်ခဲ့တဲ့ လူက သူမ ဆိုတာကို ပြန်တွေးမိသွားချိန်မှာတော့ အနည်းငယ် မလုံမလဲ ခံစားလိုက်ရလေသည်။ စုယန်ယန် ခပ်တိုးတိုး ချောင်းဟန့်လိုက်၏။ “ အမေကတော့ သူတို့တွေကို အစ်ကိုနဲ့ ကြင်ဖက်ပေးမတွေ့ခင်ကတည်းက စစ်ဆေးကြည့်ပြီးသားပါ။ ဒါပေမဲ့လည်း အချွတ်အချော် အတိမ်းအစောင်းတွေ ဆိုတာက ရှိတတ်တယ်လေ။ အစ်ကို အမေ့ကို ဒီအကြောင်းတွေ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ရင် အမေ နောက်တစ်ခေါက်ကျ ဘယ်လို လူတွေကို ရွေးချယ်ရမလဲ ဆိုတာ နားလည်သွားလိမ့်မယ်။ အဲ့ဒါဆို အစ်ကိုလည်း သက်သာတာပေါ့။ ”

အမှန်အတိုင်း ပြောရလျှင်တော့ ချန်ရှို့ချင်ကိုလည်း ဒီကိစ္စမှာ အပြစ်တင်လို့ မရပါ။ အဲ့ဒီလို အရာမျိုးတွေက သူတို့ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောမှ သိနိုင်မယ့် အရာတွေမို့ ဘယ်သူမှ တော်ရုံတန်ရုံ အလွယ်တကူ မစုံစမ်းနိုင်ပေ။

ချန်ရှို့ချင်က စုယွီရွှမ်းရဲ့ ရည်းစားဟောင်းကို နမူနာထားပြီး ထိုမိန်းကလေးတွေရဲ့ အကျင့်စရိုက်ကို အရင်ဆုံး စုံစမ်းခဲ့သည်။ တကယ်တော့ အသန့်ကြိုက်တာ ၊ ဇီဇာကြောင်တာက အမှားတော့လည်း မဟုတ်။ စုယွီရွှမ်းကို သားကြောဖြတ်ခိုင်းတာကသာ နည်းနည်းလေး ရက်စက်လွန်းရာကျနေရုံလေး။

အစ်ကို့မျက်နှာ တစ်ကမ္ဘာလုပ်နေတဲ့ မကောင်းဆိုးဝါးမကတော့ နည်းနည်းလေး ကြောက်စရာကောင်းပေမဲ့ အဲ့ဒါက သူမရဲ့ မိသားစုနှင့် သက်ဆိုင်နေတာ ဖြစ်သည်။ စုယွီရွှမ်းက သူမကို သဘောမကျဖို့ ရွေးချယ်လို့ ရသလို သူမရဲ့ ထောင်ချောက်ထဲ ခုန်မဆင်းဖို့လည်း ရွေးချယ်လို့ ရတာမို့ သူမကို ဆိုးဆိုးဝါးဝါး ဝေဖန်ပြောဆိုနေစရာ မလိုပါ။

နောက်ဆုံးတစ်ယောက်ကတော့ လူချမ်းသာမိသားစုက မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း ဗိုင်းကောင်းကျောက်ဖိ အိန္ဒြေရှင်မလေး မဟုတ်။ သူတို့မိသားစုက သမီးဖြစ်သူရဲ့ အကြောင်းကို ဖုံးကွယ်ထားခဲ့ပေမဲ့လည်း သူတို့သမီးကတော့ မျှော်လင့်မထားစွာဖြင့်ပင် တစ်ဖက်လူနှင့် တွေ့,တွေ့ချင်းမှာပဲ ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။

သူမက မိသားစုနောက်ခံကြောင့် အရမ်း ယုံကြည်ချက်ရှိနေတာလား ၊ ဒါမှမဟုတ် စုယွီရွှမ်းရဲ့ ရည်မွန်ယဉ်ကျေးတဲ့ အသွင်အပြင်ကို ကြည့်ပြီး သူ့ကို အနိုင်ကျင့်ရလွယ်လိမ့်မည်ဟု ထင်သွားတာလားတော့ မသိပါ။

အဆုံးသတ်မှာ သူတို့ ပြောနိုင်တဲ့ စကား တစ်ခွန်းကတော့ စုယွီရွှမ်း ကံမကောင်းဘူး ဆိုတာပါပဲ။ နှစ်တိုင်းမှာ လူထူးလူဆန်းတွေ ရှိတတ်ပေမဲ့ ဒီနှစ်မှာတော့ လူထူးလူဆန်းတွေ အလွန် များနေပြီး သူကလည်း ထိုလူထူးဆန်းတွေအကုန်လုံးနှင့် တွေ့ဆုံခဲ့သည်။

“ ထားလိုက်ပါတော့။ ” နှစ်သိမ့်စကားတွေကို စုယွီရွှမ်း ထပ်မကြားချင်တော့။ “ ဒါကို နေရင်းထိုင်ရင်း အတွေ့အကြုံတွေ အလကားရတယ်လို့ပဲ သဘောထားလိုက်တော့မယ်။ ”

လူထူးဆန်းတွေ အများကြီးနှင့် တစ်ပြိုင်တည်း တွေ့ဆုံပြီးနောက် သူ အနာဂတ်မှာ ပိုဆိုးတဲ့ ကိစ္စတွေကို ကြုံရင်တောင် သိပ်အံ့ဩတော့မည် မထင်ပါ။ ပြီးတော့ ထူးဆန်းတဲ့ အတွေးအခေါ်တွေရှိတဲ့ ထူးဆန်းတဲ့ အမျိုးသမီးတွေကို မြင်တွေ့ပြီးနောက်မှာ သူ့ရဲ့ လူကဲခတ်နိုင်စွမ်းကလည်း အနာဂတ်မှာ အနည်းငယ် တိုးတက်လာနိုင်သည်။

ဒီအဖြစ်အပျက်ကို သူ့ရဲ့ အနာဂတ်ဇနီးလောင်းလေးအား အမြင်ကောင်းကောင်းနှင့် ရှာနိုင်ဖို့ လေ့ကျင့်နေတာလို့ပဲ သဘောထားလိုက်တော့မည်။

“ ဒီအကြောင်း ဆက်မပြောဘဲ နေရအောင်။ ပရော်ဖက်ဆာကြီးတွေက အခု နင့်ဘက်မှာ ရပ်တည်ပေးနေပြီ ဆိုတော့ နင် သုတေသနဌာနနဲ့ ဘယ်လို လုပ်မယ်လို့ တွေးထားလဲ။ ”

စုယန်ယန်က ခပ်တိုးတိုး ရယ်လိုက်သည်။ “ တခြား ဘာလုပ်လို့ ရသေးလို့လဲ။ ဒါက သိပ်အရေးမကြီးတဲ့ ပြဿနာလေး တစ်ခု ဆိုတာထက် မပိုပါဘူး။ ”

ထို့ကြောင့် နှစ်ဦးနှစ်ဖက်လုံး အုတ်အော်သောင်းတင်းဖြစ်နေပြီးနောက် သိပ်မကြာခင်မှာပဲ စုယန်ယန်ကလည်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ဖို့ သုံးတဲ့ သူမရဲ့ တရားဝင်အကောင့်ထဲကို လော့ဂ်အင်ဝင်ကာ ပို့စ်တစ်ခု တင်လိုက်၏။

သုံးလအကြာမှာ သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကြည့်ရှုသူတွေရှေ့မှာ စုယန်ယန် ပြန်ပေါ်လာတာလို့ ပြောလို့ ရသည်။

ယန်ယန်ရဲ့ မီးဖိုချောင်လေး [ V ] : ယုံချင်ယုံ မယုံချင်နေပါ။ ကျွန်မ အခုတလော ကလေးကို နို့တိုက်ရင်း အလုပ်ရှုပ်နေတဲ့အတွက် ရှင်တို့ရဲ့ မကောင်းတဲ့ အကြံအစည်တွေကို စိတ်ထဲ ထည့်နေဖို့ အချိန်မရှိဘူး။

ထိုပို့စ်ကို စုယန်ယန် တင်လိုက်သည်နှင့်တစ်ပြိုင်နက် ကွန်းမန့်ဆက်ရှင်ထဲမှာ ထောက်ခံသူတွေရော ၊ ကန့်ကွက်သူတွေရော ရောထွေးကာ အုတ်အော်သောင်းတင်းဖြစ်သွားခဲ့သည်။

ကန့်ကွက်သူတွေကတော့ စုယန်ယန်ဟာ အရမ်း မောက်မာလွန်းသည်ဟု မှတ်ချက်ပေးကြသည်။ ဆေးဝါးအသင်းအဖွဲ့မှ ပညာရှင်တွေကတော့ သူမဟာ ဈေးတွေကို အဆမတန် တင်ရောင်းနေတာလို့ အစကတည်းက ဝေဖန်ပြီးသား ဖြစ်သည်။ သူမ ရောင်းနေတဲ့ ပစ္စည်းတွေက သူမ ပြောသလောက်လည်း နတ်ဆေးသဖွယ် အစွမ်းမထက်သလို သူမက လူ့အသက်ကို လုံးဝ ဂရုမစိုက်ဘဲ ဆေးတွေကို ပြောင်ပြောင်တင်းတင်း ရောင်းနေသည်တဲ့။

795 02

စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက အမာခံပရိသတ်တွေကတော့ ယဲ့ချီလျန့်နှင့် တခြား ပရော်ဖက်ဆာတွေ ပေါ်လာကတည်းက အပျော်လွန်နေခဲ့ကြတာ ဖြစ်သည်။ သူတို့က စုယန်ယန်ရဲ့ ပို့စ်ကို မြင်တော့ ချက်ချင်းပဲ ခါးကို မတ်မတ် ဆန့်ကာ ပြန်လည်ချေပခဲ့သည်။

[ နင်တို့ရဲ့ မျက်လုံးတွေက အသုံးမဝင်တော့ရင်လည်း လှူလိုက်တော့။ အဲ့ဒါဆိုရင်တော့ နင်တို့ကို ကျေးဇူးတင်ရမယ်။ ဘာကို ဆေးဝါးအသင်းအဖွဲ့က ပညာရှင်တွေလဲ။ သူတို့က သူတို့ထက် အသက်ကြီးတဲ့ လူကြီးတွေကို လေးစားရကောင်းမှန်း မသိတဲ့ အယုတ်တမာ စီးပွားရေးသမားတွေထက် မပိုဘူး။ သူတို့က သုတေသနဌာနနဲ့ တင်ဆက်သူက သူတို့ရဲ့ စီးပွားရေးကို ခြိမ်းခြောက်‌လာပြီလို့ ခံစားရလို့ မစားရတဲ့အမဲကို သဲနဲ့ပက်တာလေ။ သိပ်ကို ရွံ့စရာကောင်းတဲ့ လူတွေ။ ]

[ အပေါ်က တစ်ယောက်ရေ ၊ နင်က အခုချိန်ထိ မမြင်ချင်ယောင်ဆောင်နေတုန်းပဲလား။ နင် ငါတို့လို တင်ဆက်သူရဲ့ အမာခံပရိသတ်တွေကို ခွင့်မတောင်းရင်တောင် အနည်းဆုံးတော့ ပရော်ဖက်ဆာကြီးတွေရဲ့ ကျောင်းသားတွေဆီက ခွင့်ပြုချက်တောင်းသင့်တယ်။ ]

++++++

All Chapters