အခန်း ၇၉၇
Vol. 54 Ch. 797
797 01
အခန်း ( ၇၉၇ ) အတူတကွ ယုတ်မာခြင်း။
စုယန်ယန်ကတော့ အွန်လိုင်းပေါ်က နောက်ပိုင်း ရုတ်ရုတ်သဲသဲ အခြေအနေတွေကို သိပ်ဂရုမစိုက်ခဲ့ပေ။
သူမ တင်ထားတဲ့ Post ထဲမှာ ပါသလိုပဲ ယုံချင်ယုံ ၊ မယုံချင်နေပါ။ သူမ ထိုတရုတ်ရိုးရာဆေးပင်တွေကို အကူအညီလိုအပ်နေတဲ့ လူတွေကိုများ ကူညီပေးနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်နှင့် ထုတ်ယူလာခဲ့တာပါ။
ဆေးပင်တွေကို သုတေသနဌာနထံ လွှဲပြောင်းပေးလိုက်ချိန်တုန်းက သခင်ကြီးဟာ သူမကို အောင်မြင်တဲ့ တရုတ်တိုင်းရင်းဆေးတွေ ထုတ်လုပ်နိုင်ဖို့အတွက် ဆိုပြီး စက်ရုံလေး တစ်ရုံကိုတောင် ပေးခဲ့သည်။
ဈေးကွက်ထဲမှာ ရောင်းချတော့မယ်လို့ သုတေသနငှနာဘက်က ကြေညာထားတဲ့ တရုတ်ဆေးပင်တွေကို ထိုစက်ရုံထဲမှာ သုတေသနဌာနက နည်းပညာရှင်တွေနှင့် ပူးပေါင်းစိုက်ပျိုးခဲ့တာ ဖြစ်သည်။ စက်ရုံထဲက လူအများစုကလည်း သခင်ကြီးချန်ရဲ့ ဝန်ထမ်းဟောင်းတွေမို့ ယုံကြည်စိတ်ချရတဲ့ လူတွေချည်း။
စက်ရုံကို စုယန်ယန် တာဝန်ယူရသော်လည်း အများကြီး အချိန်ပေးပြီး မကြီးကြပ်ခဲ့ရဘဲ စက်ရုံဝန်ထမ်းတွေကို သုတေသနဌာနက ဝန်ထမ်းတွေနှင့် ပူးပေါင်းပြီး ဆေးပင်တွေကို ကောင်းကောင်း စိုက်ပျိုးဖို့ မှာကြားရုံသာပင်။ အရည်အသွေးက ပထမဦးစားပေး ဖြစ်ပြီး ဒီလုပ်ငန်းနှင့် ပိုက်ဆံရှာမယ်လို့ စုယန်ယန် တွေးမထားပေ။
အခွင့်အလမ်း ဆိုတာ ကိုယ်တိုင် ရှာဖွေဖန်တီးရတဲ့ အရာမျိုး ဖြစ်သည်။ အိပ်ချင်ယောင်ဆောင်နေတဲ့ လူကို ဘယ်တော့မှ နှိုးလို့ မရသလို ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆုံးဖြတ်ထားတဲ့ လူကိုလည်း ဘယ်တော့မှ ကယ်တင်လို့ မရသလိုမျိုး ဖြစ်သည်။
စုယန်ယန်အတွက်တော့ ဆေးပင်တွေကို မဝယ်ဖို့ ကန့်ကွက်ပြောဆိုနေတဲ့ လူတွေက သူမအပေါ် ဘာသက်ရောက်မှုမှ မရှိပါ။ ကမ္ဘာကြီးမှာ လူတွေ အများကြီး ရှိသည် ၊ ထိုလူတွေထဲမှာ သူမတို့ရဲ့ ထုတ်ကုန်တန်ဖိုးကို နားလည်တဲ့ လူတွေ အမြဲတမ်း ရှိပါလိမ့်မည်။
သူမဘက်က ဘာမှ ဆုံးရှုံးစရာ မရှိပါ။ ဒီဆေးဝါးတွေကို သုံးပြီး ရောဂါဝေဒနာတွေကို ပျောက်ကင်းအောင် ကုသလို့ ရပါလျက်နှင့် သူများပြောတဲ့စကားနားယောင်ပြီး အခွင့်အရေးကို လက်လွှတ်ခံခဲ့တဲ့ လူတွေပဲ ဆန့်ကျင်ဖက်အနေဖြင့် နစ်နာမှာ ဖြစ်သည်။
အဲ့ဒါဆို ထိခိုက်နစ်နာမယ့် လူက ဘယ်သူတွေ ဖြစ်သွားမှာလဲ … ။
စုယန်ယန်က သူတော်စင် မဟုတ်သလို လူယုတ်မာလည်း မဟုတ်ပါ။ သူမကို ယုံကြည်တဲ့ လူတွေက သဘာဝကျစွာပင် ယုံကြည်ကြမှာ ဖြစ်ပြီး မယုံကြည်တဲ့ လူတွေကိုလည်း အတင်းအကျပ် သွားယုံကြည်ခိုင်းနေလို့ မရပါ။ ပြောရရင် သူမ သူတို့အပေါ် ဘာအကြွေးမှ တင်မထား။
သူမမှာ အစကတည်းက ဒီလူတွေနှင့် ပတ်သက်ဖို့ စိတ်ကူးမရှိပေမဲ့ ဟောက်ချန်ဟွမ်းကတော့ သူမလောက် သဘောမကောင်းပါ။
ဆေးဝါးအသင်းအဖွဲ့သည် ယဲ့ချီလျန့်နှင့် တခြား ပရော်ဖက်ဆာတွေက စုယန်ယန်ကို ကာကွယ်ဖို့ ရှေ့ထွက်လာကတည်းကနေ အဆုံးထိ ဘာမှ မပြောဘဲ သေချင်ယောင်ဆောင်နေခဲ့သည်။
ဒီအတောအတွင်း သူတို့ အတုအယောင်ဘလော့ဂါတွေကို ငှားရမ်းပြီး ဒီပြဿနာကို ဆေးဝါးအသင်းအဖွဲ့ထဲက အဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာပြဿနာ တစ်ခုလို ဖန်တီးဖို့ မကြိုးစားခဲ့တာတော့ မဟုတ်ပါ။
ကံမကောင်းစွာဖြင့် ထိုအတုအယောင်ဘလော့ဂါတွေက Post တင်လိုက်သည်နှင့် အင်တာနက်အသုံးပြုသူတွေ အများကြီးက သူတို့ကို ရစရာမရှိအောင် ကြိမ်းမောင်းဆဲဆိုခဲ့လေရာ သူတို့ လုပ်သမျှ ဘာမှတောင် အရာမထင်လိုက်ပေ။
အဲ့ဒါကို မြင်တဲ့ ဆေးဝါးအသင်းအဖွဲ့ရဲ့ ရာထူးကြီးပုဂ္ဂိုလ်တွေက လက်လွတ်စပယ် မလှုပ်ရှားရဲတော့။ အထူးသဖြင့် အစပိုင်းမှာ လူရှေ့ထွက်ခဲ့ကြတဲ့ လူတချို့ ဖြစ်သည်။
အစပိုင်းမှာ အရာအားလုံးက သူတို့အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ လည်ပတ်နေခဲ့တာ ဖြစ်ပြီး အင်တာနက်ဆယ်လီတစ်ယောက်ကို သူတို့ ချိုးနှိမ်တိုက်ခိုက်နေစဉ်မှာ ပရော်ဖက်ဆာကြီးတွေက သူတို့ရဲ့ မျက်နှာကို ဖြတ်ရိုက်သွားလိမ့်မည်ဟု ထင်မထားခဲ့။
နည်းနည်းတော့ မကျေမချမ်းဖြစ်မိပေမဲ့ သူတို့ရဲ့ လုပ်ရပ်တွေ ဘူးပေါ်သလို ပေါ်သွားမှာကိုလည်း ကြောက်သောကြောင့် ခံပြင်းနေရင်တောင် ဘယ်သူမှ ဘာမှ မလုပ်ရဲကြ။ သူတို့က ကြက်တွေလိုပဲ တိတ်တိတ်လေး ငြိမ်နေရင်း ဒီပြဿနာကြီး အမြန်ဆုံး ပြီးဆုံးသွားဖို့သာ မျှော်လင့်နေခဲ့ကြလေသည်။
ဒါပေမဲ့ တစ်ယောက်သော သူရဲ့ “ ဒေါသ ” ကို သူတို့ လျှော့တွက်ခဲ့မိသည်။ လူတိုင်းက ဒီပြဿနာကို မကြာခင် ပြီးဆုံးသွားတော့မည်ဟု ထင်နေချိန်မှာပဲ နာမည်ကြီး အင်တာနက်ဆယ်လီ တစ်ယောက်က ရုတ်တရက် ရှေ့ထွက်လာပြီး အစပိုင်းမှာ စုယန်ယန်ကို အသရေဖျက်ခဲ့တဲ့ ဆေးဝါးအသင်းအဖွဲ့က လူကြီးတွေရဲ့ နာမည်စာရင်းကို ထုတ်ဖော်ခဲ့လေသည်။
797 02
သူ့ပြောစကားအရ သူဟာ ဒီဖြစ်စဉ်တစ်လျှောက် ပျော်ပျော်ကြီး ပွဲကြည့်နေခဲ့တဲ့ ပွဲကြည့်သူတစ်ယောက် ဖြစ်ပြီး စူးစမ်းချင်စိတ်ကြောင့် ပြဿနာကို စတင်ခဲ့တဲ့ လူယုတ်မာတွေကို စုံစမ်းကြည့်ခဲ့ပါသည်တဲ့။ ထိုအခါမှာ စိတ်ဝင်စားစရာ သတင်းတွေကို အံ့ဩဖွယ်ရာ သိလိုက်ရသည်ဟု ပြောသည်။ ဒီလူကြီးတွေရဲ့ လူမသိတဲ့ အပုပ်အပွတွေကို သူတစ်ယောက်တည်း ရွံရှာနေလို့ မရဘူးဟု ခံစားရသောကြောင့် အခုလို လူတိုင်း သိအောင် ထုတ်ဖော်ပေးတာပါ ဟူ၍ ပြောသည်။
တစ်ယောက်တည်း ယုတ်မာရတာ မကောင်းဘူး။ အတူတူ ယုတ်မာကြမယ်။
ပွဲဆူသွားအောင် လုပ်တဲ့ ထိုကြေညာချက်က မျှော်လင့်မထားစွာပင် ပွဲကြည့်သူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ အဆုံးသတ်မှာတော့ လူများစွာက ထိုကြေညာချက်ကို ဖတ်ပြီး ဆေးဝါးအသင်းအဖွဲ့က လူတွေကို ရွံရှာသွား၏။
[ လခွမ်း ၊ သောက်ကျိုးနည်းပဲဟေ့။ သူများရဲ့ ရလဒ်တွေကို ခိုးယူတာ ၊ ဂျူနီယာလေးတွေကို ဖိနှိပ်တာ ၊ စားပွဲထိုးမလေးကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတာ ၊ ပြည်သူ့ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး လာဘ်ထိုးတာ။ ဒီလူတွေက ဘယ်လို လူယုတ်မာမျိုးတွေလဲ။ အရမ်း ရွံစရာကောင်းလိုက်တာ။ ]
[ ဟဟ ၊ အရင်တုန်းကတော့ ဆေးဝါးအသင်းအဖွဲ့က ဆေးဝါးနယ်ပယ်ရဲ့ အာဏာပိုင်တွေမို့လို့ အရမ်း အာဏာရှိတယ် ဆိုပြီး ပြောနေတဲ့ လူတွေ ရှိတယ်။ သူတို့က အဲ့လူတွေရဲ့ မြှောက်ပင့်တဲ့ စကားတွေနဲ့ ငါတို့ရဲ့ တင်ဆက်သူကို ထိခိုက်နစ်နာအောင် တိုက်ခိုက်ခဲ့တာ။ မင်းတို့ရဲ့ မျက်နှာတွေ အခုရော တော်တော်လေးမှ နာသွားကြရဲ့လား။ ဒါ မင်းတို့ လေးစားအားကျပါချည်ရဲ့ ဆိုတဲ့ ဆေးဝါးအသင်းအဖွဲ့က လူကြီးတွေရဲ့ အပုပ်အပွတွေလေ။ အသက်ကြီးပြီး အချိန်မစီးတဲ့ ခွေးကောင်တွေလို့ပဲ ငါကတော့ ထင်တယ်။ ]
++++++