← Chapters

အခန်း ၇၉၈

Vol. 54 Ch. 798

အခန်း ၇၉၈

Vol. 54 Ch. 798

798 01

အခန်း ( ၇၉၈ ) လူသားမျက်နှာ ၊ မကောင်းဆိုးဝါးနှလုံးသား။

[ သူတို့က ဂျူနီယာလူသစ်လေးတွေကို ဖိနှိပ်ပြီး ကျောင်းသားတွေရဲ့ ရလဒ်တွေကို ခိုးယူသွားခဲ့တာလေ။ အဲ့ဒါနဲ့တောင် သူတို့ကက ဘယ်လိုလုပ် သောက်ကျိုးနည်း နည်းပြဆရာ ဖြစ်နေသေးတာလဲ။ သူတို့က သင်ကြားရေးလောကရဲ့ ကျက်သတုံးတွေပဲ။ ]

[ ငါ အန်ချမိတော့မယ် ထင်တယ်။ အရင်တုန်းကတော့ အဲ့အဘိုးကြီးတွေရဲ့ မျက်နှာက ထူးဆန်းတယ်လို့ပဲ ငါ ထင်ခဲ့တာ။ သူတို့မှာ အဖြူရောင် မျက်လုံး သုံးလုံးနဲ့ နှာခေါင်းကောက်ကောက်တွေ ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့မှာ အပြောဆိုးတဲ့ မျောက်မျက်နှာနဲ့ လူတွေပဲ။ အခု သူတို့တွေ စားပွဲထိုးမလေးကို ဝိုင်းနှောင့်ယှက်နေတဲ့ ဗီဒီယိုကို မြင်တော့ ငါ … ငါ တကယ် အန်ချမိတော့မယ်။ အဲ့ဒါ ဘယ်လို လူယုတ်မာတွေလဲ။ ]

[ ပရော်ဖက်ဆာယဲ့နဲ့ တခြား ပရော်ဖက်ဆာတွေက ဆေးဝါးအသင်းအဖွဲ့ကနေ ဘာလို့ ရုတ်တရက် နှုတ်ထွက်သွားတာလဲ ဆိုတာကို ငါ အရင်က နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ငါ သဘောပေါက်သွားပြီ။ သူတို့ နှုတ်ထွက်သွားတာပဲ ကံကောင်းတယ်။ သူတို့လည်း ဒီလူ့အမှိုက်တွေနဲ့ ပတ်သက်နေရင် သိက္ခာကျလောက်တယ်။ ]

ထိုအင်တာနက်ဆယ်လီ တင်ထားတဲ့ Post ဟာ သေချင်ယောင်ဆောင်နေခဲ့တဲ့ ဆေးဝါးအသင်းအဖွဲ့က လူတွေကို လူအာရုံစိုက်မှုအောက်သို့ တစ်ဖန် တွန်းပို့လိုက်၏။

ထုတ်ဖော်ခံလိုက်ရတဲ့ လူတွေထဲက သုံးယောက်ဟာ တက္ကသိုလ်မှာ နာမည်ဆိုးထွက်ဖူးပြီး ကျောင်းသားတွေရဲ့ သုတေသနရလဒ်တွေကို ခိုးယူခဲ့ဖူးသည်။

ထိုသုံးယောက်က သူတို့ရဲ့ အစောပိုင်း နှစ်တွေမှာ တကယ့်ကို အတော်လေး အရည်အချင်းရှိတဲ့ လူတော်တွေ ဖြစ်ခဲ့ပေမဲ့ အရောင်အသွေးစုံလင်တဲ့ ပြင်ပကမ္ဘာကြီးကို မြင်ရပါများပြီး သူများတွေရဲ့ ချီးကျူးမှုတွေ ဝေဆာနေသော ဘဝကို အသားကျသွားသောအခါ သူတို့ ဒီနေရာကို ရောက်အောင် ဘယ်လို တစ်လှမ်းချင်း ကြိုးစားခဲ့ရတယ် ဆိုတာ မေ့လျော့သွားကြသည်။

နှစ်ပေါင်းများစွာကြာအောင် အပျော်အပါးလိုက်စားပြီးတဲ့နောက်မှာတော့ အရင်တုန်းကလို ပညာရေးမှာ အားစိုက်ပြီး အထင်ကြီးလေးစားဖွယ် သုတေသနရလဒ်တွေကို ဘယ်လိုမှ မထုတ်လုပ်နိုင်တော့ပါ။

အသင်းအဖွဲ့ထဲက သူတို့ရဲ့ နာမည်ကို ကာကွယ်ဖို့အတွက် အရည်အချင်းရှိတဲ့ ကျောင်းသားတွေကို သူတို့ဘက်က စတင်စုဆောင်းခဲ့ကြသည်။ ထို့နောက် ကျောင်းသားတွေရဲ့ သုတေသနရလဒ်တွေကို လုယူပြီး သူတို့ကိုယ်ကျိုးအတွက် အသုံးပြုကာ နာမည်ဂုဏ်သတင်းကို ဆက်ထိန်းထားခဲ့သည်။

သူတို့ နာမည်ကြီးနေသရွေ့ အရည်အချင်းရှိတဲ့ ကျောင်းသားတွေကို ပိုဆွဲဆောင်နိုင်မှာ ဖြစ်ပြီး သူတို့အတွက် ဂုတ်သွေးစုပ်လို့ ကောင်းတဲ့ ပစ်မှတ်လေးတွေ ပိုများလာပါလိမ့်မည်။

ပညာရှိတစ်ယောက် ပြောခဲ့ဖူးတဲ့ စကား ရှိသည်။ “ အကျိုးအမြတ်တွေက ( ၁၀ ) ရာခိုင်နှုန်းကို ရောက်ရင် လူတွေက အမှားကျူးလွန်ဖို့ သွေးဆောင်ဖျားယောင်းခံရလိမ့်မယ်။ ( ၅၀ ) ရာခိုင်နှုန်းကို ရောက်ရင် အန္တရာယ်တွေနဲ့ ရင်းပြီး အလုပ်,လုပ်ကြလိမ့်မယ်။ ( ၁၀၀ ) ရာခိုင်နှုန်းကို ရောက်ရင် တရားဥပဒေကို ကျူးလွန်ရဲလာလိမ့်မယ်။ ( ၃၀၀ ) ရာခိုင်နှုန်းကို ရောက်ရင်တော့ လူသတ်မှုကိုတောင် ကျူးလွန်ရဲကြလိမ့်မယ်။ ” တဲ့။

ချဲ့ကားပြောနေသလို ထင်ရသော်လည်း တကယ်တော့ အဲ့ဒါက အမှန်တရား ဖြစ်သည်။ ပုပ်သိုးဆွေးမြည့်နေတဲ့ အရိုးတွေ အများကြီးကို မြေမြုပ်သဂြိုလ်ပစ်တဲ့ သွေးစွန်းနေတဲ့ အမှန်တရား ဖြစ်သည်။

အစပိုင်းမှာတော့ သူတို့က နည်းနည်းလေး စိုးရိမ်နေသေးပေမဲ့ အဲ့ဒါက ကျောင်းသားတွေအပေါ် အပြစ်မကင်းသလို ခံစားရလို့တော့ မဟုတ်ဘဲ ဒီကိစ္စကို လူတွေ သိသွားရင် သူတို့ရဲ့ နာမည်ဂုဏ်သတင်းနှင့် အနာဂတ် ထိခိုက်မှာကို စိုးရိမ်လို့ ဖြစ်သည်။

သို့သော်လည်း ထိုကျောင်းသားတွေရဲ့ ကျောထောက်နောက်ခံက သူတို့လောက် မတောင့်တင်းတာကို သိသွားချိန်မှာ ဘာကိုမှ ဆက်မစိုးရိမ်တော့ပါ။ ထိုကျောင်းသားတွေမှာ အရှုံးကို တိတ်တိတ်ဆိတ်ဆိတ် လက်ခံရုံက လွဲလို့ သနားညှာတာမှုကို တောင်းခံနိုင်စရာအကြောင်းလည်း မရှိ။

အဲ့လို သုံး ၊ လေးကြိမ်လောက် လုပ်အပြီးမှာ စတင် အတင့်ရဲလာပြီး ဒါကို သူတို့ ရသင့်ရထိုက်တဲ့ အရာတစ်ခုလို့တောင် ထင်သွားခဲ့လေသည်။

စားပွဲထိုးမလေးကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တဲ့ လူယုတ်မာ နှစ်ယောက်ကတော့ ဒီကိစ္စကို လုံးဝ လေးလေးနက်နက် မမှတ်ယူခဲ့ဘူး ဆိုတာ ထည့်ပြောနေစရာတောင် မလိုပါ။

ဒီကမ္ဘာကြီးမှာ မိန်းကလေးတွေကို ပြည့်ပြည့်ဝဝ ထိထိရောက်ရောက် မကာကွယ်ပေးပါ။ သူတို့အမြင်မှာ ဒီသတင်းတွေ ပြန့်သွားရင် လူအများတံထွေးခွက်ထဲ ပက်လက်မျောမှာက မိန်းကလေးတွေပဲ ဖြစ်သည်။ ဒါဆို ယောက်ျားတွေက မိန်းကလေးတွေကို ထိကပါးရိကပါး လုပ်ရင် ဘယ်လို လုပ်မှာလဲ … ။

798 02

တချို့တွေက မိန်းကလေးတွေဘက်ကို လှည့်ပြီး ‘ အနေအထိုင်မတတ်ဘဲ ယောက်ျားတွေကို တမင်သက်သက် မြူဆွယ်နေတဲ့ မိန်းမတွေ ’ ဟူ၍တောင် ဆူပူကြိမ်းမောင်းခဲ့ကြသည်။

ပြောရရင် တချို့ ဖိုဝါဒီသမားတွေကလည်း မိန်းကလေးတွေ ဝတ်တဲ့ စကတ်တိုတိုလေးတွေကို ဝတ်ပြီး လိင်ပိုင်းဆိုင်ရာဆွဲဆောင်သလို ဟာသလုပ်နေကြတာပဲလေ။

ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး လာဘ်ထိုးခဲ့တဲ့ လူသည်လည်း ဆေးဝါးအသင်းအဖွဲ့ရဲ့ လက်ရှိဥက္ကဌနှင့် အမျိုးတော်စပ်နေတာကြောင့် အဲ့လို လုပ်နိုင်ခဲ့တာပင်။ သူ့အရည်အချင်းနှင့်ဆို အသင်းအဖွဲ့ထဲကို ဝင်ဖို့တောင် မလုံလောက်ဘဲ အမျိုးတော်တယ် ဆိုတဲ့ မျက်နှာကြောင့် သူ့ကို မကြာသေးမီက အလုပ်သွင်းပေးခဲ့တာ ဖြစ်သည်။

ထို့ကြောင့် သူက မတန်မရာ ရထားတဲ့ နေရာရယ် ၊ ဥက္ကဌနှင့် အမျိုးတော်တယ် ဆိုတာရယ်ကို အသုံးချကာ အသင်းအဖွဲ့ထဲကို ဝင်လာခါစ လူသစ်လေးတွေကို အနိုင်ကျင့်ပြီး သူ့အတွက် အကျိုးအမြတ်ရှာခဲ့သည်။

ဆေးဝါးအသင်းအဖွဲ့ဥက္ကဌကတော့ ထိုကိစ္စတွေကို မသိပေမဲ့ သူတို့နှစ်ယောက် ဆွေမျိုးတော်စပ်နေတယ် ဆိုတဲ့ အချက်နှင့်တင် အပြစ်တင်ခံရဖို့ လုံလောက်နေပါပြီ။ အသင်းအဖွဲ့ထဲမှာ ထိုလူကို အလုပ်ခန့်ထားခြင်းကပင် အာဏာကို အလွဲသုံးစားလုပ်နေတဲ့ သက်သေမို့ သူ့ကို အပြစ်တင်တာ မမှားပါ။

++++++

All Chapters