← Chapters

အခန်း ၇၉၉

Vol. 54 Ch. 799

အခန်း ၇၉၉

Vol. 54 Ch. 799

799 01

အခန်း ( ၇၉၉ ) ကွယ်လွန်သွားတဲ့ နစ်နာသူ။

ယဲ့ချီလျန့်နှင့် တခြားလူတွေက ဒီပြဿနာမှာ နောက်ဆက်တွဲတွေ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သတင်းတွေကို သေချာ ဖတ်ပြီးသွားတော့ သူတို့အားလုံး အကြီးအကျယ် ထိတ်လန့်သွားသည်။

“ ကြောက်စရာကောင်းလိုက်တာ ကြောက်စရာကောင်းလိုက်တာ။ ဒီလူတွေက ဟိုးအရိုးတွေထဲ ၊ အသွေးအသားတွေထဲထိ ပုပ်ပွနေကြတာပဲ။ ”

ကျန်တဲ့ ကိစ္စတွေကို ထည့်မတွက်ရင်တောင် ကျောင်းသားတွေရဲ့ သုတေသနရလဒ်တွေကို လုယူခဲ့တဲ့ အချက်နှင့်တင် လူတိုင်းကို ရွံရှာသွားစေခဲ့သည်။ သူတို့အားလုံးဟာလည်း သုတေသနပညာရှင်တွေပဲမို့ သုတေသနတစ်ခုကို ဆုံးခန်းတိုင်အောင် လုပ်ရတာ ဘယ်လောက်တောင် ပင်ပန်းတယ် ၊ အချိန်ပေးရတယ် ဆိုတာကို မသိဘဲ နေမှာ မဟုတ်ပါ။

ကျောင်းသားတွေ ကြိုးစားခဲ့သမျှ အရာရာတိုင်းကို လုယူခံလိုက်ရပြီး အကုန်လုံး သဲထဲရေသွန်ဖြစ်သွားခဲ့တဲ့ ခံစားချက်က ကိုယ် ( ၁၀ ) လတိတိ ကိုယ်ဝန်လွယ်ပြီး နှစ်ပေါင်းများစွာပျိုးထောင်လာခဲ့ရတဲ့ ကလေးကို တစ်နေ့မှာ လူကုန်ကူးသမားတွေ ရုတ်တရက် ဖမ်းခေါ်သွားတဲ့ ခံစားချက်မျိုး ဖြစ်သည်။ ကိုယ့်ကလေးက တခြားလူတစ်ယောက်ရဲ့ မျိုးရိုးနာမည်နှင့် တခြားလူတစ်ယောက်ရဲ့ ကလေးဖြစ်သွားတဲ့ ခံစားချက်မျိုး။

ဒါပေမဲ့ တစ်ဖက်လူလောက် မချမ်းသာ ၊ အာဏာမရှိတဲ့ လူအဖို့ ကိုယ့်ကလေးကို ပြန်ယူဖို့တောင် ယုံကြည်ချက်မရှိဘဲ သူခိုးကို မိဘရင်းလို့ ကိုယ့်ကလေးက သတ်မှတ်လိုက်တာကိုသာ ကူကယ်ရာမဲ့ ထိုင်ကြည့်နေခဲ့ရတဲ့ အဖြစ်။

“ ငါတို့ ဒီကျော်မကောင်း ကြားမကောင်းတဲ့ ကိစ္စတွေကို လူတွေ သိအောင် ချပြလို့ မရပေမဲ့ ဒီကိစ္စတွေကို ငါတို့ ချပြစရာတောင် မလိုတော့ဘူး။ ဒီမှာ ကြည့်လိုက် … ”

ပရော်ဖက်ဆာကြီးတစ်ယောက်က သက်ပြင်းမောအရှည်ကြီး တစ်ချက် ချလိုက်ပြီး အမှန်တရားကို သက်သေပြဖို့ တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာတဲ့ လူတွေကို ညွှန်ပြလိုက်သည်။

အမှန်တရားကို ဖော်ထုတ်တဲ့ ဘက်မလိုက်သူတစ်ဦးကတော့ အံဩဘနန်းဖြစ်နေတဲ့ လူတွေကို ဂရုမစိုက်ဘဲ လူများစွာရဲ့ စိတ်အာရုံကို ဖမ်းစားသွားခဲ့သည်။ ထိုသူက သုတေသနကို အခိုးခံလိုက်ရတဲ့ ကျောင်းသားနှင့် အတူ ကြီးပြင်းလာသည့် သူငယ်ချင်း တစ်ယောက်ဖြစ်ကြောင်း ၊ ထိုကျောင်းသားနှင့် သူဟာ အတန်းဖော် ဖြစ်ခဲ့ဖူးကြောင်း အခိုင်အမာ ပြောနေခဲ့သည်။

သူက အရင်တုန်းက သူ့သူငယ်ချင်း အခိုးခံလိုက်ရတဲ့ သုတေသနကို တိတိကျကျ ဖော်ပြပြီး အစောပိုင်း သုတေသနစာရွက်တချို့ကို အွန်လိုင်းပေါ် တင်ကာ ဒီသုတေသနကို တကယ်ပဲ သူ့သူငယ်ချင်းတစ်ယောက်တည်း ဆောင်ရွက်ခဲ့တယ် ဆိုတာကို အတည်ပြုခဲ့သည်။

ဒီလို အတင်းအဖျင်းတွေက ဆန်းသစ်ပြီး ပျင်းစရာမကောင်းတာမို့ ပရိသတ်တွေက သက်သေ ခိုင်ခိုင်လုံလုံ ပါတဲ့ ဒီလို အတင်းအဖျင်းတွေကို သဘောကျသည်။ ဒါပေမဲ့ နစ်နာသူက ဘာလို့ ကိုယ်တိုင်ကိုယ်ကျ မထုတ်ဖော်ဘဲ သူ့သူငယ်ချင်းက ဝင်ပါနေတာလဲ ဆိုတာကို သိချင်တဲ့ လူတွေလည်း ရှိသည်။

ထိုလူတွေအတွက် Post တင်သူက လျင်မြန်စွာ စာပြန်ခဲ့သည်။ “ ဘာလို့လဲ ဆိုတော့ သူက အခုအချိန်မှာ သက်ရှိထင်ရှား မရှိတော့လို့ပါ။ ”

လူတိုင်းရဲ့ နှလုံးသားထဲမှာ နှလုံးခုန်သံစည်းချက်တစ်ချက် လွတ်သွားလေသည်။ အဲ့ဒီနောက် Post တင်သူသည် ဒီခိုးယူခံရမှုနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ ဝမ်းနည်းကြေကွဲဖွယ် အမှန်တရားကို ပြောပြဖို့ ဘယ်သူမှ မတိုက်တွန်းသေးခင်ကတည်းက ကြိုတင်ပြောပြခဲ့သည်။

သူ့သူငယ်ချင်းရဲ့ အမေက သူ့သူငယ်ချင်း ငယ်စဉ်ကတည်းက သေဆုံးသွားတာ ဖြစ်ပြီး အဖေတစ်ယောက်တည်းကပဲ သူ့ကို ပြုစုပျိုးထောင်လာခဲ့ရတာ ဖြစ်သည်။ သူက အလားအလာကောင်းတဲ့ ကလေးတစ်ယောက်ပီပီ ကျောင်းကောင်းကောင်းကို သူ့ကိုယ်ပိုင်အရည်အချင်းနှင့် ဝင်ခွင့်ရအောင် လုပ်နိုင်ခဲ့ကာ ပရော်ဖက်ဆာကြီးတစ်ယောက်က သူ ဘွဲ့မရသေးခင်ကတည်းက သုတေသနဓာတ်ခွဲခန်း တစ်ခုမှာ အလုပ်ခန့်ထားခဲ့သည်။

သူ့ပတ်ဝန်းကျင်က လူတွေအကုန်လုံးက သူ့မှာ ငွေကြေးထောက်ပံ့ပေးမယ့် လူလည်း ရှိနေပြီ ၊ ခိုင်မာသေချာတဲ့ အနာဂတ်လည်း ရှိနေပြီလို့ ခံစားရသောကြောင့် သူ့ကို အားကျသွားခဲ့ကြသည်။ ပထမတော့ သူလည်း သူ့ကိုယ်သူ အရမ်း ကံကောင်းတယ်လို့ ခံစားရပေမဲ့ သူ ဘွဲ့ရခါနီးဆဲဆဲ ၊ သူ လုပ်နေတဲ့ သုတေသနကလည်း ရလဒ်တွေ ထွက်ခါနီးဆဲဆဲမှာ သူ့အဖေက ရုတ်တရက်ကြီး အကြီးအကျယ် နေမကောင်းဖြစ်သွားတာမို့ ဆေးကုဖို့ ငွေအများကြီး လိုအပ်လာခဲ့သည်။

ထိုအချိန်မှာ သူ့သူငယ်ချင်းဟာ လုပ်လက်စ သုတေသနကို ရလဒ်ထွက်အောင် အစွမ်းကုန် ကြိုးစားခဲ့သည်။ အဲ့ဒါကပဲ သူ့အဖေကို ဆေးကုဖို့အတွက် ပိုက်ဆံရှာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပြီး သုတေသနရလဒ်တွေ ထွက်မှ သူ့အရည်အချင်းကို သက်သေပြပြီး မိိသားစုကို ထောက်ပံ့နိုင်မယ့် အလုပ်ကောင်းကောင်း တစ်ခုကို ရှာနိုင်မှာ ဖြစ်ပါသည်။

ဒီလောက်ဆို အဆုံးသတ်မှာ ဘာဖြစ်မလဲ ဆိုတာကို လူတိုင်း ခန့်မှန်းနိုင်ပါပြီ။

သူ အသေအလဲ ကြိုးစားခဲ့ရတဲ့ သုတေသနရလဒ်တွေကို သူ့နည်းပြဆရာက လုယူသွားသည်။ သူ ရသင့်ရထိုက်တဲ့ နာမည်ဂုဏ်သတင်းကို မရလိုက်သလို သူ့အဖေကို ဆေးကုဖို့ လုံလောက်တဲ့ ငွေကြေးကိုလည်း မရခဲ့ပေ။

799 02

ဒါပေမဲ့ သူ့ကံဆိုးမှုက အဲ့ဒီမှာတင် ပြီးမသွားဘဲ သူ ပြဿနာထရှာမှာကို စိုးရိမ်တဲ့ တစ်စုံတစ်ယောက်က သူ့ကို သူခိုးဟု ရည်ရွယ်ချက်ရှိရှိ အမှုတပ်ပြီး အမည်းစက်စွန်းအောင် လုပ်ခဲ့လေရာ လုပ်ငန်းတိုင်းကလည်း သူ့ကို အလုပ်မခန့်ချင်ကြတော့ချေ။

ကံကြမ္မာရဲ့ အဆက်မပြတ် ထိုးနှက်ချက်တွေကြောင့် သူဟာ စိတ်ပျက်အားလျော့သွားခဲ့ပြီး နောက်ဆုံးမှာတော့ လူဘဝမှာ ပျော်ပျော်ကြီး နေထိုင်သွားလို့ ရသေးတဲ့ အရွယ်မှာ အထပ်မြင့်အဆောက်အအုံပေါ်ကနေ ခုန်ချ၍ ကိုယ့်ကိုယ့်ကိုယ် သတ်သေသွားခဲ့လေသည်။

++++++

All Chapters