← Chapters

အခန်း ၈၀၁

Vol. 54 Ch. 801

အခန်း ၈၀၁

Vol. 54 Ch. 801

801 01

အခန်း ( ၈၀၁ ) ကြယ်လေးအတွက် တစ်လပြည့်မွေးနေ့လက်ဆောင်။

စုယန်ယန်ကတော့ ထို Post ကို တင်ပြီးကတည်းက လိုင်းပေါ်က ဆင်းသွားတာမို့ နောက်ဆက်တွဲ ပြဿနာတွေကို မသိခဲ့ပေ။

ပြီးတော့ ထိုအချိန်တုန်းက သူမ တင်ခဲ့တဲ့ Post ထဲမှာ ပါသော စကားတွေကိုလည်း အလိမ်အညာလို့ သတ်မှတ်လို့ မရပါ။ သူမရဲ့ မီးနေသည်ကာလက ကျော်လွန်တော့မည် ဖြစ်တာကြောင့် သူတို့ကလေးရဲ့ တစ်လပြည့် မွေးနေ့ပွဲအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့လေသည်။

ဆရာဝန်ရဲ့ စကားတွေကို မှတ်မိနေတဲ့ ဟောက်ချန်ဟွမ်းကလည်း သူမကို မတားဆီးခဲ့။ သူ့မိသားစုကိုသာ သူမနှင့်အတူ ပူးပေါင်းဆောင်ရွက်ရင်း သူမကို အပင်ပန်းမခံခိုင်းဖို့ မှာကြားထားခဲ့သည်။

အရင်တုန်းက ဆန်ပြုတ်လေးရဲ့ တစ်လပြည့်မွေးနေ့ပွဲမှာ မိုးပြာရောင်ကို အဓိက သုံးထားတာမို့ စုယန်ယန်က သူမရဲ့ ကလေးအတွက် မတူကွဲပြားတဲ့ မွေးနေ့ပွဲအခင်းအကျင်းကို ရွေးချယ်ချင်နေကာ သဘာဝကျစွာပင် ထိုအရောင်ကို မရွေးချယ်ခဲ့ပေ။

သေချာ စဉ်းစားနေပြီးတဲ့နောက် အဆုံးသတ်မှာတော့ သူမရဲ့ သားလေးရဲ့ နာမည်နှင့် လိုက်ဖက်သော အဝါရောင်တောက်တောက်လေးကို ရွေးချယ်လိုက်ပါတော့သည်။

တစ်လပြည့်မွေးနေ့ပွဲကျင်းပမည့် နေရာက ကျန်းချန့်ယန် ပိုင်ဆိုင်သော ဟိုတယ်ကြီး တစ်ခုမှာ ဖြစ်ပြီး သူက ထိုဟိုတယ်ကို ကြယ်လေး မွေးပြီး,ပြီးချင်း အချိန်ကတည်းက ကြယ်လေးကို လွှဲပြောင်းပေးထားခဲ့သည်။ ကြယ်လေး အရွယ်ရောက်တဲ့ အချိန်ထိ ဒီကြားထဲ ယာယီ ထိန်းသိမ်းပေးရမယ့် လူကတော့ စုယန်ယန်ပင်။

ကျန်းချန့်ယန်ရဲ့ ပြောစကားအရ သူ့မှာ အမွေပေးနိုင်တာ ဆိုလို့ ဒီစီးပွားရေးလုပ်ငန်းတွေပဲ ရှိသည်ဟု ဆိုသည်။

ကျန်းချန့်ယန်အတွက်တော့ ကောင်ကလေးက သူ့ကို ‘ ဦးဦး ’ လို့ ခေါ်လိုက်ချိန်ကတည်းက စပြီး ဒီကောင်လေးကို အရွယ်မရောက်ခင် ကြိုတင် နှုတ်ဆက်လက်ဆောင်ပေးတာက အထူးတလည် မဟုတ်တော့။

စုယန်ယန်ကတော့ ပြောစရာစကား ပျောက်ဆုံးနေခဲ့သည်။ ဒီမိသားစုမှာ သူတို့ရဲ့ မိသားစုဝင်တွေကို လွန်လွန်ကျူးကျူး လက်ဆောင်တွေ ပေးတတ်တဲ့ အကျင့်ရှိတာပဲ။

မွေးနေ့ပွဲကို လူတွေများများ ဖိတ်ထားသည်။ ဟောက်မိသားစုနှင့် စုမိသားစုရဲ့ ဆွေမျိုးတွေအပြင် ဟောက်ချန်ဟွမ်းကလည်း သူ့ကတိအတိုင်း ကုမ္ပဏီက ဝန်ထမ်းတွေ အကုန်လုံးကို ဖိတ်ကြားပြီး ပျော်ရွှင်ဆင်နွှဲခွင့်ပေးခဲ့လေသည်။

ကြယ်လေးရဲ့ တစ်လပြည့်မွေးနေ့မှာ အစားအသောက်ပိုင်းကို တာဝန်ယူထားတဲ့ လူတွေကတော့ မထူးဆန်စွာပင် စုယန်ယန်ရဲ့ စားသောက်ဆိုင်ဝန်ထမ်းတွေနှင့် ဟောက်ချန်ဟွမ်းတို့မိသားစုက စားဖိုမှူး အနည်းငယ်ပဲ ဖြစ်သည်။

မွေးနေ့ပွဲကို လာမယ့် လူတွေက အများကြီးက သူတို့က ဘူးဖေးစနစ်ကိုသာ သုံးဖို့ ဆုံးဖြတ်ခဲ့ကြသည်။ အစားအသောက်တွေကို စောစောစီးစီး ပြင်ဆင်ထားပြီး လိုအပ်ရင် ထပ်ဖြည့်ပေးလို့ ရသည်။

ဟောက်ချန်းဟွမ်းရဲ့ ကုမ္ပဏီက ဝန်ထမ်းတွေက ကလေးအတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် အန်ပေါင်းအကြီးကြီး တစ်ခု ချက်ချင်း ပြင်ဆင်ပေးခဲ့ပေမဲ့ ဟောက်ချန်းဟွမ်းကတော့ အဲ့ဒါကို ပြန်ပေးပြီး ( ၆ ) ယွမ်ကိုသာ အမှတ်တရအဖြစ် လက်ခံခဲ့သည်။

တခြား ကလေးတစ်လပြည့်မွေးနေ့ပွဲတွေမှာ ပေါင်မုန့်ကင်ကိုသာ အဓိကကျွေးပြီး ဧည့်သည်တွေက နှစ်ယောက်တစ်ဖွဲ့ ၊ သုံးယောက်တစ်ဖွဲ့ စုကာ စကားစမြည်ပြောရင်း ၊ တစ်ယောက်ကို တစ်ယောက် မိတ်ဆက် အကဲခတ်ရင်းသာ အချိန်ကုန်ဆုံးတတ်ကြပေမဲ့ စုယန်ယန်ရဲ့ ကလေးတစ်လပြည့်မွေးနေ့မှာတော့ လူအုပ်ကြီးတွေက အေးအေးလူလူ လျှောက်သွားရင်း အစားအသောက်တွေကို တစ်ခုပြီး တစ်ခု စားနေခဲ့ကြသည်။

တစ်ခါတလေ အစားအသောက် တစ်ခုတည်းကိုတောင် မတော်တဆ လက်ဆုံသွားတဲ့ လူတွေ ရှိပါသေးသည်။

“ အယ် … ” ကိတ်မုန့်ပွ တစ်ခုကို အတူတူ နှိုက်မိသွားသော အမျိုးသားနှင့် အမျိုးသမီးက ချက်ချင်းပဲ ကြောင်အသွားပြီး တစ်ယောက်ကို တစ်ယောက် အံ့ဩစွာ ကြည့်လိုက်ကြသည်။

အမျိုးသမီးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူမရှေ့က အရပ်ရှည်ရှည် ၊ ခပ်ချောချော ကိုလူစိမ်းကို ကြည့်လိုက်သည်။ “ ရှင်လည်း ဒါကို ယူမလို့လား။ ”

“ ဟုတ်တယ်ဗျ။ ”

“ ဒါဆို ရှင်ပဲ ယူလိုက်ပါ။ ” သူများနှင့် ငြင်းခုံရမှာကို အားနာတတ်တဲ့ အမျိုးသမီးလေးက ထိုသို့ ပြောပြီး အိုးတိုးအမ်းတမ်းဖြစ်စွာပင် ညှပ်ကို ‌နေရာရွေ့ကာ တခြား အစာအသောက်တွေကိုပဲ ယူဖို့ ပြင်လိုက်၏။

အမျိုးသားက ထိုအမျိုးသမီးလေးက အကြာကြီး စိုက်ကြည့်နေပြီးမှ ကိတ်မုန့်ပွလေးကို သူ့ညှပ်နှင့် ညှပ်ယူကာ အမျိုးသမီးလေးရဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

“ အယ် … ရှင် ….. ”

801 02

“ မင်းပဲ စားလိုက်ပါ။ တကယ်တော့ ကျွန်တော်က ဒီတစ်ခုကို ပိုကြိုက်တာ။ ” အမျိုးသားက သူမကို ပြုံးပြလိုက်ပြီး တခြားတစ်ဖက်က ဆန်းဒ်ဝစ်ခ်ျလေးကို ညှပ်နှင့် ယူလိုက်သည်။

အမျိုးသမီးလေးကတော့ ထိုအမျိုးသားရဲ့ အပြုံးကြောင့် စိတ်လှုပ်ရှား ရှက်ရွံ့သွားကာ “ တကယ်တော့ … တကယ်တော့ ကျွန်မလည်း ဒါလေးကို ကြိုက်တယ်။ ”

“ ဟုတ်လား။ မင်းက ဘယ်အရသာ ကြိုက်တာလဲ။ ”

“ စတော်ဘယ်ရီအရသာကို အကြိုက်ဆုံးပဲ။ ”

“ တိုက်ဆိုင်လိုက်တာ။ ကိုယ်လည်း စတော်ဘယ်ရီအရသာကို ကြိုက်တယ်။ ”

“ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးသွားအောင် မိတ်ဆက်လိုက်မယ်နော်။ ကျွန်မနာမည်က — ပါ။ ”

“ အိုး .. တွေ့ရတာ ဝမ်းသာပါတယ်။ ကိုယ့်နာမည်ကတော့ — ပါ။ ”

မွေးနေ့ပွဲ့ရဲ့ ထောင့်တစ်နေရာတိုင်းမှာ တူညီတဲ့ အခြေအနေလေးတွေ ဖြစ်ပျက်နေခဲ့ပြီး အဓိပ္ပာယ်ကတော့ ရင်ခုန်ဖွယ် ဇာတ်လမ်းလေးတွေ စတင် ဖူးပွင့်လာခဲ့ပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။

စုယန်ယန် ဖိတ်ကြားထားတဲ့ ဆွေမျိုး အပေါင်းအသင်းတွေ အကုန်လုံး မွေးနေ့ပွဲကို ရောက်လာကြသည်။ ပြီးတော့ သူမနှင့် ဟောက်ချန်ဟွမ်း လက်ထပ်ပြီးကတည်းက ပျောက်ချက်သားကောင်းနေတဲ့ တစ်စုံတစ်ယောက်လည်း ရောက်လာသည်။

“ ဒေါ်လေးလား ….. ”

++++++

All Chapters