← Chapters

အခန်း ၈၀၄

Vol. 54 Ch. 804

အခန်း ၈၀၄

Vol. 54 Ch. 804

804 01

အခန်း ( ၈၀၄ ) အရူးတွေရဲ့ ဂန္တဝင်တွင်တဲ့ ကံကောင်းမှု။

သူတို့ ရောက်နေတဲ့ ဟိုတယ်က ကျန်းချန့်ယန်ရဲ့ ဟိုတယ် ဖြစ်ပြီး လောလောဆယ်မှာ စုယန်ယန်ထံ ယာယီ လွှဲပြောင်းပေးထားတာမို့ သူတို့အတွက် စကားပြောဖို့ သင့်တော်တဲ့ သီးသန့် အခန်း တစ်ခန်းကို ရှာရတာ မခက်ခဲပေ။

ခဏအကြာမှာပဲ ဟိုတယ်ဝန်ထမ်းလေးက သီးသန့်အခန်းကျယ် တစ်ခန်းကို သန့်ရှင်းရေးလုပ်ပေးပြီး သူတို့ကို ခေါ်သွားခဲ့သည်။

ဟောက်ချန်ဟွမ်းကတော့ လန်မိသားစုကို နှုတ်ဆက်နေတာမို့ ချက်ချင်းကြီး လိုက်လာလို့ မရပေ။ သီးသန့်အခန်း တစ်ခန်းကို စုယန်ယန် ဘိုကင်တင်လိုက်တာကို ကြားတော့မှ သူမနောက်ကို နားမလည်နိုင်စွာ လိုက်သွားခဲ့သည်။

စုယန်ယန်က သူ လိုက်လာတာကို မြင်တော့ အသံကို ချက်ချင်း နှိမ့်ပြီး လက်ရှိအခြေအနေကို ရှင်းပြလိုက်သည်။ “ ဒေါ်လေးမှာ ချစ်သူရှိနေပြီ။ သူ ပြန်လာ,လာချင်းပဲ အိမ်ထောင်ပြုတော့မယ်လို့ ပြောလိုက်တော့ ကျွန်မအဖေရဲ့ မျက်နှာက ချက်ချင်း မည်းပုပ်သွားတာ။ ကျွန်မရဲ့ အနာဂတ် ဦးလေးလောင်းကတော့ ဒီနေ့ အနေချောင်မယ် မထင်ဘူး။ ”

သူ့ဇနီး ရှင်းပြသော စကားကို ကြားချိန်မှာ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲတွင် အံ့ဩသွားတဲ့ အရိပ်အယောင်လေးတွေ ယှက်သန်းသွားသည်။

စုရွယ်တင်းကို သူနှင့် စုယန်ယန်ရဲ့ မင်္ဂလာဆောင်မှာ တစ်ကြိမ်သာ တွေ့ဖူးပေမဲ့ သူ့အမြင်မှာ သူမက စိတ်ကြီးပြီး ခေါင်းမာတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်သည်။

စုယန်ယန်ကလည်း သူ့ကို သူမရဲ့ အဒေါ်ဟာ အိမ်ထောင်ပြုခြင်းကို အယုံအကြည်မရှိဘူးလို့ အရင်တုန်းက ပြောဖူးသည်။ အခုမှ ရုတ်တရက်ကြီး အိမ်ထောင်ပြုတော့မယ်လို့ ထပြောလာတာ ဆိုတော့ အကုန်လုံး အံ့ဩသွားတာ မထူးဆန်းပေ။

သို့သော်လည်း ဟောက်ချန်ဟွမ်းရဲ့ အမြင်အရ စုရွယ်တင်း ရုတ်တရက် အိမ်ထောင်ပြုချင်စိတ်ဝင်လာတာက လုံးဝကြီး မဖြစ်နိုင်စရာအကြောင်းတော့လည်း မရှိပါ။

သီးသန့်အခန်းထဲကို ရောက်သည်နှင့် လူကြီးမင်းစုက မေးခွန်းပေါင်းများစွာကို စက်သေနတ်ပစ်သလို မေးမြန်းတော့သည်။ “ မင်းတို့ ဘယ်လို တွေ့တာလဲ ၊ ဘယ်အချိန်မှာ စပြီး ချိန်းတွေ့တာလဲ ၊ တွဲနေတာရော ဘယ်လောက် ကြာပြီလဲ ၊ ဘယ်သူက‌ ဘယ်သူ့ကို အရင် စပြီး လိုက်တာလဲ ၊ အဲ့ဒါတွေ ငါ့ကို ပြောပြ။ ”

“ ခွီး … ” စုရွယ်တင်းက ရယ်ချင်စိတ်ကို ထိန်းချုပ်မရတော့ဘဲ ကူကယ်ရာမဲ့စွာ စိတ်ပျက်လက်ပျက်လေး ပြောလိုက်သည်။ “ အစ်ကို ဒီတစ်ခေါက် မေးတဲ့ မေးခွန်းတွေကလည်း များလိုက်တာ။ သူ့ကို ဘယ်မေးခွန်းကို အရင်ဆုံး ဖြေစေချင်တာလဲ။ ”

လူကြီးမင်းစုက ညီမဖြစ်သူကို မျက်စောင်းခဲရင်း သူ့ဘက်က လျှော့ပေးဖို့ ငြင်းဆန်လိုက်သည်။ “ သင့်တော်သလို သေချာ ပြန်ဖြေ။ မေးခွန်း တစ်ခုမှ မကျန်ခဲ့စေနဲ့။ ”

“ အစ်ကိုကလည်း … ”

လူကြီးမင်းစုက သူ့ညီမကို ဒုတိယအကြိမ် မျက်စောင်းခဲလိုက်ပြန်သည်။ “ ငါ နင့်ကို မေးနေလို့လား။ သူ့ဘာသာ အရင် ဖြေပါစေ။ ”

စုရွယ်တင်းက တစ်ခုခု ထပ်ပြောဖို့ ပါးစပ်ပြင်လိုက်ပေမဲ့ တုကျင်းရှန်းက သူမကို တားကာ နွေးထွေးစွာ ပြုံးလိုက်သည်။ “ ကျွန်တော့်ဘက်က တင်းတင်းကို အရင် စပြီး ပိုးပန်းခဲ့တာပါ။ အဲ့ဒီတုန်းက တင်းတင်းက ပန်းဆိုင်မှာ ပန်းဝယ်နေတဲ့ အချိန် ကျွန်တော်နဲ့ မတော်တဆ ဝင်တိုက်မိခဲ့တာ။ ကျွန်တော် သူ့ကို မြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့တယ်။ ”

“ နေပါဦး … ” ချန်ရှို့ချင်က ထိုစကားကို ကြားသည်နှင့် စကားဖြတ်ပြောလိုက်သည်။ “ မင်းနဲ့ တင်းတင်းနဲ့ A မြို့တော်မှာ တွေ့ခဲ့တာလို့ ‌မင်း ပြောထားတာ မဟုတ်ဘူးလား။ ဒါဆို မင်း … ”

804 02

စုရွယ်တင်း အနည်းငယ် ရှက်ရွံ့သွားသည်။ “ တကယ်တော့ သူ ကျွန်မကို လိုက်နေတာ ( ၇ ) နှစ်နီးပါး ရှိနေပြီ။ ”

“ ( ၇ ) နှစ် … ဟုတ်လား … ” အခန်းထဲမှာ ရှိသူတိုင်း အံ့ဩထိတ်လန့်သွားပြန်သည်။ “ ငါတို့ ဒီအကြောင်းကို ဘာလို့ မသိခဲ့ရတာလဲ။ ”

စုရွယ်တင်းက အစ်ကိုဖြစ်သူနှင့် မျက်လုံးချင်းမဆုံအောင် ရှောင်ရင်း စကားလုံးနှင့် ဖော်ပြလို့ မရလောက်အောင် အပြစ်မကင်း ခံစားလိုက်ရသည်။ “ ညီမမှ အစ်ကို့ကို မပြောခဲ့တာ ၊ အစ်ကိုက ဘယ်လိုလုပ် သိမှာလဲ။ ”

သူတို့အားလုံး လည်ချောင်းနင်သွားသလို ခံစားလိုက်ရပြီး အသက်ရှုလည်း ကျပ် ၊ စိတ်ဓာတ်လည်း ကျသွားကြသည်။ ရှောင်ဖယ်ခံလိုက်ရသည့်အတွက်လည်း ဝမ်းနည်းသွားမိပါသည်။

အခြားတစ်ဖက်၌ စုယန်ယန်ကတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အတော်လေး စိတ်ဝင်စားနေခဲ့ပြီး အပြုံးယဲ့ယဲ့လေးဖြင့် မေးလိုက်သည်။ “ ဒါဆို ဒေါ်လေးက လွန်ခဲ့တဲ့ နှစ်တွေမှာ ပတ်ပြေးခဲ့ရတာပေါ့။ သူက ဒေါ်လေးကို ( ၇ ) နှစ်တောင် လိုက်ပိုးပန်းနေတာ ဆိုတော့ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူ ဒေါ်လေးနောက်ကိုပဲ တကောက်ကောက် လိုက်နေခဲ့တာလား။ ”

“ … အင်း။ ”

လူကြီးမင်းစုနှင့် ကျန်လူတွေက ထိုစကားကို ကြားသောအခါ ထိုင်ခုံမှာ ငြိမ်ငြိမ် ဆက်ထိုင်မနေနိုင်တော့ပေ။ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်ကို မလုပ်ဘဲ မိန်းမလှလေး တစ်ယောက်နောက်ကိုပဲ တကောက်ကောက် လိုက်ပိုးပန်းနေတဲ့ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်က လုံးဝကို အားကိုးချင်စရာမကောင်းပါ။

“ မင်း ဘာအလုပ် လုပ်သလဲ။ ”

တုကျင်းရှန်းက စုရွယ်တင်းကို မသိမသာ လှည့်ကြည့်ရင်း အမှန်အတိုင်း ပြောလိုက်သည်။ “ ကျွန်တော် အရင်တုန်းကတော့ ကုမ္ပဏီ အသေးစားလေးတွေကို ရင်းနှီးငွေထုတ်ပေးပြီး ရှယ်ယာတန်ဖိုးနဲ့ လဲလှယ်တဲ့ အလုပ် လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အတိုင်းအတာတစ်ခုထိ ပိုက်ဆံရှာနိုင်ခဲ့လို့ ကျွန်တော့်ဘာသာ ကိုယ်ပိုင်ကျွန်း တစ်ကျွန်း ဝယ်ယူခဲ့ပါတယ်။ ”

လူတိုင်း နားမလည်နိုင် ဖြစ်သွားကြသည်။

“ အဟမ်း ၊ သူက ဘယ်သူမှ မလိုချင်တဲ့ လူမနေတဲ့ ကျွန်းလေး တစ်ကျွန်းကို ဝယ်ယူခဲ့တာပါ။ ကျွန်းတွေရဲ့ အစပိုင်း ဈေးနှုန်းတွေကလည်း ဈေးမကြီးဘူးလေ။ သူ အဲ့ဒီကျွန်းကို ဝယ်ပြီး တိုးတက်ပြောင်းလဲအောင် လုပ်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး။ သိပ်မကြာဘူး ၊ သူ အဲ့ကျွန်းပေါ်မှာ စိန်တွင်း တစ်တွင်း တူးမိခဲ့တယ်လေ။ အဲ့စိန်တွင်းကို အမှီပြုပြီး နောက်ထပ် ကျွန်းတွေကိုလည်း ထပ်ဝယ်နိုင်ခဲ့တယ်။ ”

လူတိုင်း ပြောစရာစကား ပျောက်ဆုံးသွားကြသည်။ လူမနေတဲ့ ကျွန်းသေးသေးလေး တစ်ကျွန်းကို ဝယ်ရာကနေ ကျွန်းပေါ်မှာ စိန်တွင်း တစ်တွင်းကို တူးမိသွားတယ်တဲ့လား။ ဒါက အရူးတွေရဲ့ ဂန္တဝင်တွင်‌လောက်တဲ့ ကံကောင်းမှုလား … ။

++++++

All Chapters