အခန်း ၈၀၅
Vol. 54 Ch. 805
805 01
အခန်း ( ၈၀၅ ) လက်နှင့်ထိသမျှ ရွှေ။
စိန်တွင်း တစ်တွင်းကို ပိုင်ဆိုင်ထားတဲ့ တုကျင်းရှန်းသည် နဖူးကို ရှက်ရွံ့စွာ ပွတ်ရင်း အရူးတစ်ယောက်ကဲ့သို့ပင် ခပ်တိုးတိုး ရယ်လိုက်သည်။ “ ကျွန်တော်က ငယ်ငယ်လေးကတည်းက ကံကောင်းခဲ့တာပါ။ ကျွန်တော် ရင်းနှီးမြုပ်နှံသမျှ လုပ်ငန်းတိုင်း အရှုံးပေါ်တာ ရှားတယ်။ ကျွန်းတစ်ကျွန်း ဝယ်တာက ကလေးဘဝကတည်းက ကျွန်တော် မက်ခဲ့ရတဲ့ အိပ်မက်လေ။ အဲ့ကျွန်းကို ဝယ်ပြီးသွားတော့ ဒီလို အံ့ဩစရာ အဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ”
အကုန်လုံး သူ့ကို ဘာပြန်ပြောရမလဲတောင် မသိတော့ပါ။ ဒီလူက လက်နဲ့ ထိသမျှ အရာရာတိုင်းကို ရွှေအဖြစ် ပြောင်းလဲသွားစေနိုင်တဲ့ ဘုရင်တစ်ပါးလား … ။
“ အဟမ်း ၊ မင်းမှာ အဲ့ကျွန်းအပြင် တခြား စီးပွားရေးလုပ်ငန်းတွေရော ရှိသေးလား။ ”
“ အစ်ကို … ” စုရွယ်တင်းက ထိုမေးခွန်းတွေချည်း ဆက်တိုက် မေးနေတဲ့ အစ်ကိုဖြစ်သူကို အနည်းငယ် မကျေမနပ် ဖြစ်လာသည်။
တုကျင်းရှန်းကတော့ လူကြီးမင်းစုဟာ သူ့ညီမနှင့် သူ ( တုကျင်းရှန်း ) လက်ထပ်ပြီးနောက်ပိုင်းမှာ သူ့ညီမ ပင်ပန်းဆင်းရဲမှာကို စိုးရိမ်နေတာကြောင့် သူ့မိသားစု အခြေအနေအကြောင်း ပိုသိချင်နေတယ် ဆိုတာကို နားလည်သည်။
“ ကျွန်တော့်နာမည်အောက်မှာ ရှိတဲ့ ပိုင်ဆိုင်မှုလေးတွေကတော့ သိပ်မနည်းပါဘူး။ ပြီးတော့ အဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံးက တစ်နေရာစီ ဖြစ်နေတာ။ ပိုင်ဆိုင်မှု အများစုကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ရင်းနှီးမြုပ်နှံမှုတွေပါ။ ”
တုကျင်းရှန်းက သူတို့ကို သူ့မိသားစုအကြောင်း ပြောပြခဲ့သည်။ သူ့မိဘတွေက သက်ရှိထင်ရှား ရှိနေသေးပေမဲ့ အစောပိုင်း နှစ်တွေကတည်းက ကွာရှင်းထားကြပြီး ကိုယ်ပိုင် မိသားစုလေးတွေလည်း ကိုယ်စီ ရှိနေခဲ့ကြပြီ ဖြစ်သည်။ များသောအားဖြင့် သူ့မိဘတွေနှင့် သူနှင့် အဆက်အသွယ် မရှိပါ။
သူ့နာမည်အောက်မှာတော့ စီးပွားရေးလုပ်ငန်းတွေ အများအပြား ရှိကာ တစ်နေရာစီ ပြန့်ကျဲနေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပေသည်။ လုပ်ငန်း အများစုကို သူ့ရဲ့ အစောပိုင်း ရင်းနှီးမြုပ်နှံမှုတွေကနေ ရရှိထားတာ ဖြစ်ပြီး ဒီနှစ်တွေ တစ်လျှောက်လုံး သူ ထိုလုပ်ငန်းတွေကို အများကြီး အားစိုက်ပြီး မစီမံ မခန့်ခွဲခဲ့သည့်တိုင် အမြတ်အစွန်းတွေကို ပုံမှန်လေး ရနေတာမို့ သူ့အတွက် ငွေပမာဏ တစ်ခု စုဆောင်းနိုင်ခဲ့သည်။
တုကျင်းရှန်း ဘာမှ မပြောရင် ကိစ္စမရှိပေမဲ့ သူ အခုလို ပြောလိုက်တော့ နေရာမှာ ရှိနေတဲ့ လူတွေ အကုန်လုံး အနည်းငယ် မနာလိုဖြစ်သွားကြလေသည်။ နှိုင်းယှဉ်မှုတွေက တကယ့်ကို မုန်းတီးချင်စရာကောင်းသည်။ သူတို့ ရာစုနှစ်ပေါင်းများစွာ အလုပ်ကြိုးစားလာခဲ့တာတောင် နေရာတကာမှာ ပစ်စလတ်ခတ် ရင်းနှီးမြုပ်နှံနေတဲ့ လူလောက် စုမိဆောင်းမိ မရှိသေးပေ။
အခုအချိန်မှာတော့ လူတိုင်းသည် တိုင်းပြည်ရဲ့ ဧကရာဇ်ဆီမှာ အချိုးနှိမ်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။ သူတို့က ချက်ချင်းပဲ ချဉ်တူးနေတဲ့ သံပုရာသီးတွေအဖြစ် ပြောင်းလဲသွားခဲ့သည်။
လူကြီးမင်းစုက ပါးစပ်ဟပြီး တစ်ခုခု ပြောဖို့ ဟန်ပြင်လိုက်ချိန်မှာ တုကျင်းရှန်းဆီက ရယ်သံတိုးတိုးထွက်လာသည်။ “ ကျွန်တော် ရင်းနှီးမြုပ်နှံရတာကို ကြိုက်ပေမဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာတော့ မသိဘူး။ အဲ့ဒါကြောင့် ကျွန်တော် တင်းတင်းနဲ့ လက်ထပ်ပြီးသွားရင် ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို တင်းတင်းဆီ လွှဲပြောင်းပေးပြီး သူ့ကိုပဲ ကူညီစီမံခန့်ခွဲခိုင်းပါ့မယ်။ ”
သူ ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်း အံ့ဩဆွံ့အသွားကာ သူ့ကို အထင်ကြီး လေးစားသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။ အထူးသဖြင့် မိန်းကလေးတွေပဲ ဖြစ်သည်။
ဝိုး ၊ ဒီကောင်လေးက ခင်ပွန်းတစ်ယောက်ရဲ့ တာဝန်ကို သိတာပဲ။ သူက လက်ထပ်ပြီးသွားရင် ကိုယ့်မိန်းမကို လုပ်အားခတွေကို လွှဲပြောင်းပေးရမယ် ဆိုတာ နားလည်သားပဲ။
805 02
တကယ်တော့ မိန်းကလေးတိုင်းက ငွေမက်တဲ့ လူတွေချည်းပဲမို့ ကိုယ့်ခင်ပွန်းရဲ့ စုဆောင်းငွေတွေကို သိပ်ဂရုမစိုက်တတ်ကြပါ။ သူတို့က ကိုယ့်ခင်ပွန်းရဲ့ အာရုံစိုက်မှုကိုပဲ မက်မောလိုချင်ကြတာ ဖြစ်သည်။
ထို့ကြောင့် တုကျင်းရှန်းက အနည်းဆုံးတော့ ဒီအပိုင်းမှာ စာမေးပွဲအောင်သွားခဲ့သည်။
စုယန်ယန်ကလည်း တုကျင်းရှန်းလိုပင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သော အင်အားရှိတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်သော်လည်း လူတွေ အများကြီးရှေ့မှာ တုကျင်းရှန်း အဲ့ဒီလို ပြောတာကို ကြားလိုက်ရချိန်မှာ မိန်းကလေးငယ်လေး တစ်ယောက်လိုပဲ ရှက်ရွ့သွားပြီး တစ်ချိန်တည်းမှာပဲ ရင်ခုန်ချိုမြိန်မှုကိုလည်း ခံစားလိုက်ရသည်။
စုယန်ယန်က တုကျင်းရှန်းကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။ ဝမ်ကျင့်ဖျင် ၊ ဟောက်ရှောက်ဖုန်းတို့နှင့် ယှဉ်လိုက်လျှင် သူမရှေ့က လူက လူကောင်း တစ်ယောက်နှင့် ပိုတူသည်ဟု ခံစားရသည်။ သူက ဝင်ငွေကောင်းတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံထားရုံသာမက အရေးအကြီးဆုံးကတော့ ရုပ်ရည်လည်း ကြည့်ကောင်းသည် ၊ ဇွဲလုံ့လဝီရိယလည်း ရှိသည်။
သူက ဟောက်ရှောက်ဖုန်းလိုမျိုး ဉာဏ်နီဉာဏ်နက်လည်း မများတတ်။ ဟောက်ရှောက်ဖုန်းက သူမကို သဘောကျတယ်လို့သာ ပြောပေမဲ့ သူ့ကိုယ်သူ ဦးစားပေးသလောက် သူမကို ဘယ်တော့မှ တန်းတူနေရာမပေးခဲ့ပေ။အခြေခံ အပြန်အလှန်လေးစားမှုလေးတောင် မရှိတဲ့ လူက တစ်ဖက်လူရဲ့ လေးစားမှုကို ဘယ်လိုလုပ် ရနိုင်မှာလဲ။
လူကြီးမင်းစုက လည်ချောင်းနင်းသွားသလို ခံစားလိုက်ရပြီး သူ့ရှေ့က အမျိုးသားထံမှာ ဘာပြစ်ချက်မှ ရှာမတွေ့သောကြောင့် မျက်မှောင်ကြုတ်ပြီးတော့သာ မေးလိုက်သည်။ “ မင်းရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို တင်းတင်းကို လွှဲပြောင်းပေးလိုက်ရင် သူက အဲ့ဒါတွေ အကုန်လုံးကို မြဲနေအောင် ဆုပ်ကိုင်ထားပြီး ပြန်မပေးမှာကိုတော့ မင်း စိုးရိမ်တယ် မဟုတ်လား။ တင်းတင်းသာ အဲ့လို လုပ်ရင် မင်း အနာဂတ်မှာ ရင်းနှီးမြုပ်နှံမှုတွေကို လုပ်ချင်တိုင်း လုပ်လို့ မရတော့ဘူးလေ။ ”
“ ကိစ္စမရှိပါဘူး။ ကျွန်တော် အဲ့ဒါကို လုံးဝ မစိုးရိမ်ပါဘူး။ ” တုကျင်းရှန်းက သူတို့နှစ်ယောက်ရဲ့ အနာဂတ်ကို ကြိုတွေးပြီးထားသလိုမျိုး ရိုးသားစွာပင် ပြုံးလိုက်သည်။ “ တကယ်လို့ ကျွန်တော် လုပ်ငန်း တစ်ခုခုမှာ ရင်းနှီးမြုပ်နှံချင်ရင် တင်းတင်းနဲ့ ဆွေးနွေးလို့ ရတာပဲ။ အာမခံချက်ရှိတဲ့ လုပ်ငန်းမျိုး ဆိုရင် တင်းတင်းကလည်း သဘောတူလိမ့်မယ် ဆိုတာ သေချာပါတယ်။ အာမခံချက်မရှိတဲ့ လုပ်ငန်းမျိုး ဆိုရင်လည်း တင်းတင်းသာ ရှိနေရင် ကျွန်တော် ပိုက်ဆံကို လက်လွတ်စပယ် မသုံးဖြစ်မိအောင် အချိန်ယူပြီး ခေါင်းအေးအေးထား စဉ်းစားလို့ ရမှာပါ။ ”
++++++