← Chapters

အခန်း ၈၀၆

Vol. 54 Ch. 806

အခန်း ၈၀၆

Vol. 54 Ch. 806

806 01

အခန်း ( ၈၀၆ ) ရှင် ကျွန်မနဲ့ ပတ်သက်ပြီး ဘယ်အရာကို သဘောကျတာလဲ။

တုကျင်းရှန်းက သူ့ခေါင်းကို နောက်တစ်ကြိမ် ထိကိုင်လိုက်ပြန်သည်။ ကြည့်ရတာ ဒါက သူ စိတ်လှုပ်ရှားနေချိန်မှာ ပြုမူတတ်တဲ့ အမူအကျင့် တစ်ခု ဖြစ်ပုံပေါ်သည်။

“ ကျွန်တော်က ကံနည်းနည်းကောင်းတာကိုတော့ လက်ခံပါတယ် ၊ ဒါပေမဲ့ လူတစ်ယောက်က ဘဝမှာ ဘယ်နှကြိမ်လောက် ကံကောင်းနိုင်မှာမို့လို့လဲ။ ကျွန်တော့်ကံကောင်းမှုတွေ ဘယ်အချိန်ထိ တည်မြဲနိုင်မလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ”

တုကျင်းရှန်းက ပြောနေရင်း စုရွယ်တင်းကို လှည့်ကြည့်လိုက်သည်။ “ အတိတ်တုန်းက ကျွန်တော် အမြဲတမ်းနီးပါး တစ်‌ယောက်တည်း အထီးကျန်ခဲ့ရတယ်။ အခုတော့ ကျွန်တော် တင်းတင်းနဲ့ မိသားစုလေး တစ်ခုကို တည်ထောင်တော့မှာ ဆိုတော့ အဲ့ဒီ အတိတ်ဆိုးတွေ အကုန်လုံးကို မေ့ပစ်နိုင်ပြီ။ ကြိုးကြိုးစားစား ငွေရှာတာက အကောင်းဆုံးပဲ။ တင်းတင်းနဲ့ အနာဂတ်မှာ ရလာမယ့် ကျွန်တော့်တို့ရဲ့ သားသမီးလေးတွေကို ဆင်းရဲဒုက္ခမရောက်စေရဘူး။ ”

ထိုစကားကို ကြားတော့ လူကြီးမင်းစုက တုကျင်းရှန်းအပေါ် ပထမဆုံး ထင်မြင်ချက်ကို တိတ်တဆိတ် ချေဖျက်လိုက်ပြီး “ သူက ရိုးသားတာပဲ။ မကောင်းတဲ့ လူတစ်ယောက် မဟုတ်ဘူး။ မိသားစုကို ဘယ်လို ဦးစားပေးရမလဲ ဆိုတာ နားလည်တယ် ၊ ကိုယ့်မိန်းမကို ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာလည်း နားလည်တယ်။ ” ဟူသော အတွေးက အစားထိုး ဝင်ရောက်လာသည်။

ချန်ရှို့ချင်ကတော့ ခင်ပွန်းဖြစ်သူရဲ့ ပျော့ပျောင်းသွားတဲ့ မျက်နှာအမူအရာကို မြင်ချိန်မှာ သူ သူ့ယောက်ဖလောင်းကို ခုနတုန်းကလောက် သဘောထားမတင်းမာတော့ဘူး ဆိုတာ သိလိုက်သည်။ သူမရဲ့ နှုတ်ခမ်းတွေက အနည်းငယ် ကော့တက်သွားပြီး တုကျင်းရှန်းကို စူးစမ်းသလို မေးလိုက်၏။ “ ရွယ်တင်း .. သူ နင့်ကို ( ၇ ) နှစ်တောင် လိုက်ခဲ့တယ်လို့ နင် ပြောထားတယ်နော်။ ဒါဆို နင်တို့ ဘယ်တုန်းက စတွဲခဲ့တာလဲ။ ”

ထိုမေးခွန်းကို ဖြေသူက တုကျင်းရှန်း မဟုတ်ဘဲ စုရွယ်တင်း ဖြစ်သည်။

“ တကယ်တော့ အရမ်းကြီး မကြာသေးပါဘူး။ မနှစ်တုန်းကမှ ကျွန်မတို့ စတွဲကြတာပါ။ ”

တိတိကျကျ ပြောရလျှင်တော့ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းရဲ့ မင်္ဂလာပွဲကို တက်ရောက်ပြီးတဲ့နောက်မှာ သူမ အချစ်ဆုံး တူမလေးက ဝှီးချဲပေါ်က မသန်စွမ်းတစ်ယောက်ကို လက်ထပ်တော့မယ် ဆိုတာ သိလိုက်ရသည်။ လူတော်တော်များများလိုပဲ သူမလည်း စုယန်ယန်အား ထိုလူ့ကို ပိုက်ဆံကြောင့်သာ လက်ထပ်ခဲ့တာဟု ထင်ခဲ့မိပါသည်။

သို့သော်လည်း သူမကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မင်္ဂလာပွဲမှာ သူတို့နှစ်ယောက်ရဲ့ အပြန်အလှန် ပြောဆိုဆက်ဆံပုံလေးတွေကို မြင်လိုက်ရချိန်မှာတော့ သူမရဲ့ စိတ်ကူးတွေ အကုန်လုံး ပြောင်းပြန်လှန်သွားခဲ့ရသည်။ သူတို့ ဘယ်လောက်ပဲ ဖုံးကွယ်ဖို့ ကြိုးစားပါစေ ၊ လူတိုင်းကို လှည့်စားလို့ မရပါ။

သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်နေတယ် ဆိုတာ အထင်းသားပဲမို့ စုရွယ်တင်းတစ်ယောက် ပိုလို့တောင် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။ ကလေးဘဝကတည်းက တစ်မိသားစုလုံး သည်းသည်းလှုပ် ဝိုင်းချစ်တာ ခံခဲ့ရတဲ့ သူမရဲ့ တူမလေးက လမ်းတောင် မလျှောက်နိုင်တဲ့ ယောကျ်ားတစ်ယောက်ကို ဘယ်လိုကြောင့်များ ချစ်မိသွားရတာလဲ … ။

ထိုသံသယက တုကျင်းရှန်းနှင့် တွေ့ဆုံချိန်မှာ အမြင့်ဆုံးကို မြင့်တက်သွားခဲ့သည်။

“ ရှင် ကျွန်မနဲ့ ပတ်သက်ပြီး ဘယ်အရာကို သဘောကျတာလဲ။ ”

တုကျင်းရှန်း ဆွံ့အသွား၏။ သူမ ထိုမေးခွန်းကို ရုတ်တရက် မေးလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါ။ လူကြားထဲမှာ သူ့မျက်နှာက အနည်းငယ် ရဲသွားသည်။ “ ကိုယ်လည်း အဲ့ဒါကို မပြောတတ်ဘူး။ ကိုယ် မင်းကို မြင်,မြင်ချင်းမှာပဲ ကိုယ့်နှလုံးသားထဲက အသံ တစ်သံက ကိုယ့်ရဲ့ ကျန်ရှိနေတဲ့ ဘဝသက်တမ်းကို မင်းနဲ့ အတူတူ ကုန်ဆုံးသွားချင်တယ်လို့ ပြောခဲ့တာလေ။ ”

“ အဲ့လောက်ပဲလား။ ”

“ သေချာပေါက် အဲ့ထက် ပိုတာပေါ့။ ကိုယ် မင်းကို မြင်,မြင်ချင်းကတည်းက သဘောကျသွားခဲ့တာ ဆိုပေမဲ့ မင်းအကြောင်း ပိုသိလာလေ မင်းက ကိုယ် ရှာနေတဲ့ တခြားဘက်ခြမ်း ဆိုတာ ပိုသေချာလာလေပဲ။ ”

806 02

“ ကျွန်မက စိတ်ကြီးတယ် ၊ ထူးထူးခြားခြား လှနေတာမျိုး မရှိဘူး ၊ အိမ်အလုပ်လည်း မလုပ်နိုင်ဘူး။ ကျွန်မမှာ အားနည်းချက်တွေ အများကြီး ရှိတယ် … ”

“ မင်း ဒေါသထွက်နေရင် ကိုယ့်ကို အချိန်မရွေး ကိုက်ဆွဲလို့ ရပါတယ်။ ကိုယ့်မျက်လုံးထဲမှာ မင်းက အလှဆုံး မိန်းကလေးပဲ။ ပြီးတော့ မင်း အိမ်အလုပ် လုပ်စရာလည်း မလိုဘူး ၊ ကိုယ်ပဲ လုပ်ပါ့မယ်။ ကိုယ် အိမ်အလုပ် လုပ်တာ စည်းစနစ်မကျဘူးလို့ မင်း ထင်ရင် အိမ်အကူတစ်ယောက် ငှားလိုက်လို့ ရတယ်။ ကိုယ် သူ့ဆီကနေ သင်ယူပါ့မယ်။ ”

တုကျင်းရှန်းသည် ထိုသို့ ပြောပြီးနောက် အပြောအဆိုမတတ်တဲ့ သူ့လျှာကို နည်းနည်းလေး ဒေါသထွက်သွားသလိုမျိုး သူ့နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်၏။ သူမကို ချီးကျူးချင်ပေမဲ့ ဘယ်လို ချီးကျူးရမလဲ မသိပါ။

“ တခြားသူတွေက ဘယ်လောက်ပဲ ပြီးပြည့်စုံနေပါစေ ၊ ကိုယ် သူတို့ကို သဘောမကျဘူး။ မင်းမှာ ချို့ယွင်းချက်တွေ ဘယ်လောက်ပဲ ရှိနေပါစေ ၊ မင်းက ကိုယ် လိုချင်တဲ့ တစ်ဦးတည်းသော မိန်းကလေးပဲ။ ”

ထိုစကားက စုရွယ်တင်းရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ခါလိုက်လေသည်။ သူမကို အရူးအမူး သဘောကျတဲ့ လူတစ်ယောက် ရှိနေတာလည်း ဆိုးတော့ မဆိုးပါဘူးဟု ပထမဆုံးအကြိမ်အဖြစ် နားလည်သွားသည်။

ခံစားချက်တွေကို ကာဆီးပိတ်လှောင်ထားတဲ့ နံရံပါးလေး တစ်ချပ် ကျိုးကြေသွားသည်နှင့်တစ်ပြိုင်နက် ခံစားချက်တွေက အလိုအလျောက် စီးမျောဝင်လာပါလိမ့်မည်။

စုရွယ်တင်းက သူမနှင့် တုကျင်းရှန်းကြားမှာ ကာဆီးထားတဲ့ နံရံကို ဖြိုချလိုက်ပြီမို့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း တိုးတက်ပြောင်းလဲလာခဲ့သည်။

ထိုပြောင်းလဲမှုက နူးညံ့လွန်းလို့ စုရွယ်တင်းကိုယ်တိုင်ပင်လျှင် တုကျင်းရှန်း သူမရှေ့မှာ နှစ်ရက်တိတိ ပေါ်မလာခင် အချိန်ထိ သတိမပြုမိခဲ့ … ။

++++++

All Chapters