← Chapters

အခန်း ၈၀၉

Vol. 54 Ch. 809

အခန်း ၈၀၉

Vol. 54 Ch. 809

809 01

အခန်း ( ၈၀၉ ) တစ်လမ်းထဲသွားသူများ။

သခင်ကြီးချန်ရဲ့ စကားက လူတိုင်းကို ရယ်ချင်သွားစေခဲ့သည်။ စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက တွန့်ချိုးသွားခဲ့သော်လည်း လူတိုင်း ပျော်နေတာကို မြင်သောအခါ ဘာမှ ပြောမနေချင်တော့ပါ။

စုယန်ယန်သည် ဒီမိသားစု သုံးစုအပြင် လင်းရှောင်ချီကိုလည်း ဖိတ်စာပို့ပေးခဲ့သည်။

မွေးနေ့ပွဲကို လင်းရှောင်ချီး ရောက်လာတော့ အတော်လေး အချိန်လင့်နေပြီ ဖြစ်ပြီး သူမဘေးမှာ ကိုယ်ရံတော် တစ်ယောက်လည်း အတူတူ ပါလာခဲ့လေသည်။

စုယန်ယန်က သူတို့နှစ်ယောက် စုံတွဲခုတ်လာတာကို မြင်တော့ အံ့အားသင့်သွားကာ ခေါင်းစခြေဆုံး ကြည့်ရင်း စနောက်လိုက်သည်။ “ နင်က ငါ့သားရဲ့ တစ်လပြည့်မွေးနေ့ကို နင့်မိသားစုဝင်ကိုပါ ခေါ်လာတာလား။ ”

လင်းရှောင်ချီးရဲ့ မျက်နှာအမူအရာက ချက်ချင်းပဲ အေးခဲသွားကာ နီရဲတက်လာခဲ့ပြီး စိတ်ပျက်လက်ပျက် ခြေဆောင့်လိုက်သည်။ “ နင် ဘာပေါက်ကရစကားတွေ လျှောက်ပြောနေတာလဲ ယန်ယန်။ ဘာမိသားစုဝင်လဲ။ ငါတို့က ….. ”

“ နင်တို့က ဘာဖြစ်တာလဲ။ ”

လင်းရှောင်ချီးသည် လည်ချောင်းနင်သွားသလို ခံစားလိုက်ရပြီး နျဉ်စစ်ယွမ်ကို တစ်ချက် ခိုးကြည့်လိုက်၏။ “ ငါတို့နှစ်ယောက်က နင် ထင်နေသလို မဟုတ်ဘူး။ ”

“ ဪ ဪ ဪ … ” စုယန်ယန်က ဝတ်ကျေတန်းကျေ ခေါင်းညိတ်ရင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ ငါ ထင်သလို မဟုတ်ရင် ဘာလဲ။ ”

“ … ”

လင်းရှောင်ချီးက နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး ဘာမှ ပြန်မပြော။

နျဉ်စစ်ယွမ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ် ကော့တက်သွားပြီး သူမကို ဒီအခြေအနေထဲကနေ ကယ်ထုတ်ဖို့ ရှေ့ထွက်လိုက်သည်။ “ ကျွန်တော်တို့ကို လိုက်မ,စပါနဲ့ မိန်းကလေးစု။ မိန်းကလေးလင်းနဲ့ ကျွန်တော်က ဒီကို လာတဲ့ လမ်းမှာ အမှတ်မထင် တွေ့ခဲ့တာပါ။ တစ်လမ်းတည်း ဖြစ်နေတာနဲ့ ကျွန်တော်တို့ အတူတူ လာခဲ့လိုက်ကြတာပါ။ ”

စုယန်ယန် မျက်ခုံးပင့်သွားရသည်။ “ လမ်းမှာ အမှတ်မထင် တွေ့ခဲ့တာတဲ့လား။ ”

နျဉ်အိမ်တော်ကို စုယန်ယန် ရောက်ဖူးသလို လင်းရှောင်ချီး အခုလက်ရှိ နေ,နေတဲ့ အိမ်ကိုလည်း ရောက်ဖူးသည်။ အရှေ့နှင့် အနောက် ၊ တောင်နှင့် မြောက်လို ထို ( ၂ ) နေရာက တကွဲတပြားစီပင်။

သူ့စကားကို ယုံရင် သူမ ရူးနေလို့ပဲ။

သို့သော် လင်းရှောင်ချီးက ရှက်နေတာမို့ သူမ ဆက်စနောက်နေရင် လင်းရှောင်ချီး စိတ်ဆိုးသွားပါလိမ့်မည်။

“ တကယ်တော့ ညဘက်ကြီး ရှောင်ချီးလို မိန်းကလေး တစ်ယောက်တည်း အပြင်သွားတာ သိပ်မလုံခြုံဘူး။ ဥက္ကဌနျဉ်က သူ့ကို လိုက်ပို့ပေးခဲ့တယ် ဆိုလို့ တော်သေးတာပေါ့။ ကျေးဇူးတင်ပါတယ်ရှင်။ ”

“ ရပါတယ် မိန်းကလေးစု။ ကျွန်တော့်အတွက်လည်း အပန်းမကြီးပါဘူး။ ”

သူတို့က တစ်ယောက်စိတ်ထဲကို တစ်ယောက် ဖောက်မြင်နေသလို ကြည့်လိုက်ကြပြီး ပြိုင်တူ ရယ်လိုက်မိကြသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်မှာပဲ ဟောက်ချန်ဟွမ်းကလည်း ရောက်လာသောကြောင့် စုယန်ယန်က ကလေးကို သူ့ရင်ခွင်ထဲ ထည့်ပေးရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “ ကျွန်မ သန့်စင်ခန်း သွားလိုက်ဦးမယ်။ ကလေးကို ချီထားပြီး သူတို့ကို နှုတ်ဆက်လိုက်နော်။ ကျွန်မ ခဏနေ ပြန်လာခဲ့မယ်။ ”

ဟောက်ချန်ဟွမ်းက မျက်မှောင်ကြုတ်ပြီး စိုးရိမ်ပူပန်နေသလို ပြောလိုက်သည်။ “ ကိုယ်လည်း … ”

“ ရှင်လည်း ကျွန်မနောက်ကို လိုက်မလို့လား။ ”

ဟောက်ချန်ဟွမ်း ဘာမှ ပြန်မပြောနိုင်သေးခင်မှာပဲ သူတို့စကားကို နားထောင်နေတဲ့ လင်းရှောင်ချီးက ပြောင်ချော်ချော် မျက်နှာပေးနှင့် အနားရောက်လာသည်။ “ နင်တို့နှစ်ယောက် အတည် ပြောနေကြတာလား။ သန့်စင်ခန်းကို နှစ်ယောက်လုံး အတူတူ သွားကြမလို့လား။ ”

ဒါဆို သူက အမျိုးသားသန့်စင်ခန်းကို သွားမှာလား ၊ အမျိုးသမီးသန့်စင်ခန်းကို သွားမှာလား … ။

သူမ အဲ့ဒီလို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဘေးက ဧည့်သည်တွေရဲ့ မျက်လုံးတွေက စုယန်ယန်တို့ လင်မယားထံ စုပြုံကျရောက်လာခဲ့သည်။

စုယန်ယန် ဆွံ့အသွားသလို ဟောက်ချန်ဟွမ်းလည်း ထပ်တူပဲ ဖြစ်သည်။

စုယန်ယန်သည် မျက်နှာရဲသွားပြီး ခပ်တိုးတိုး ချောင်းဟန့်လိုက်၏။ “ ကျွန်မက သန့်စင်ခန်းသွားရုံပါပဲ။ ဒါက ရှင့်ဦးလေးရဲ့ ဟိုတယ်လေ။ ကျွန်မကို စိတ်မပူပါနဲ့။ ”

ဟောက်ချန်ဟွမ်းက စက္ကန့်ပိုင်းလောက် တိတ်နေပြီးမှ “ အဲ့ဒါဆိုလည်း မြန်မြန် ပြန်လာခဲ့နော်။ ” ဟု လိုက်လိုက်လျောလျော ပြောလိုက်သည်။

“ အင်းပါ။ ”

809 02

စုယန်ယန် ထွက်သွားသည်နှင့် ကလေးက လက်သေးသေးလေးတွေကို ယက်ကန်ယက်ကန် လုပ်ရင်း ဝါးခနဲ အော်ငိုသည်။ လူတွေကလည်း ကလေးငိုသံကို ကြားတော့မှပဲ ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲမှာ တစ်လသားအရွယ် ကလေးလေးကို ပွေ့ချီထားတာကို သတိထားမိသွားကြသည်။

“ သောက်ကျိုးနည်း။ ဘော့စ်က မင်းသားလေးကို ပွေ့ချီထားတာပဲ။ ”

“ ကလေးကို စနစ်တကျ ချီထားတဲ့ ဘော့စ်ရဲ့ ပုံစံက အရမ်း အံ့ဩစရာကောင်းတယ် မဟုတ်လား။ သူ အိမ်မှာလည်း မကြာခဏ ကလေးချီနေကျပဲ ဆိုတာ သိသာတယ်။ ဒိုက်ပါတွေတောင် ကူလဲရင် လဲပေးလောက်တယ်။ ”

“ အင်း ၊ နင် ပြောတာ ဖြစ်နိုင်တယ်။ မိန်းမကို သည်းသည်းလှုပ် ဂရုစိုက်တဲ့ ဘော့စ်က သူ့မိန်းမ ပင်ပင်ပန်းပန်းနဲ့ ကလေးထိန်းနေရတာကို သေချာပေါက် ထိုင်ကြည့်နေနိုင်မှာ မဟုတ်ဘူး။ သူ ကလေးကို ကူထိန်းပေးမှာ သေချာတယ်။ ”

“ နင် အဲ့လောက် မတုံးစမ်းနဲ့။ မသိရင် ဘော့စ်တို့အိမ်မှာ နာနီ မရှိတာကျနေတာပဲ။ သူက ဘာလို့ သူ့မိန်းမကို ကလေးထိန်းခိုင်းစရာလိုမှာလဲ။ ဘော့စ်ရဲ့ မိန်းမက ဘာမှ ပင်ပန်းစရာအကြောင်း မရှိဘူး။ ”

“ အဲ့ဒါဆိုလည်း ဘော့စ်က ကလေးချီတဲ့‌ နေရာမှာ ဘာလို့ အဲ့လောက် ကျွမ်းကျင်နေတာလဲ ဆိုတာ ရှင်းပြ။ ”

“ … ”

++++++

All Chapters