← Chapters

အခန်း ၈၁၅

Vol. 55 Ch. 815

အခန်း ၈၁၅

Vol. 55 Ch. 815

815 01

အခန်း ( ၈၁၅ ) အဖွဲ့လိုက် စုဝေးခြင်း။

ခွေးခေါင်းလေးကို ပုတ်နေတဲ့ အီမိုဂျီတွေက ဂရုထဲမှာ ချက်ချင်းပဲ ပြည့်လျှံသွားသည်။

ကုမ္ပဏီထဲက လူတိုင်းသည် အသည်းကွဲလူငယ်လေးကို အားပေးနှစ်သိမ့်ပြီးနောက် မယုံကြည်နိုင်ဖွယ်ကောင်းလွန်းတဲ့ ဒီအဖြစ်အပျက်ကို လက်ခံရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပေ။

အတွင်းရေးမှူးဌာနရဲ့ နံပါတ်တစ် သနားစရာ တစ်ကိုယ်တည်းသမားလေး : ဒီနေ့က စပြီး ကုမ္ပဏီထဲက တစ်ကိုယ်တည်းသမားတွေအတွက် ပစ်မှတ် တစ်ခု လျော့သွားပြီပေါ့။ နောက်ဆုံးတော့ ငါတို့ကုမ္ပဏီက မိန်းကလေးလီက အပြင်လူတွေလက်ထဲ ပါသွားပြီပဲ။

နည်းပညာဌာနရဲ့ ပန်းကလေး : ဒါက ဒီအပတ်ထဲမှာ ရည်းစားရသွားတာ ခြောက်ယောက်မြောက် မဟုတ်လား။ နည်းပညာဌာနက မြက်ကလေး ၊ မားကတ်တင်းဌာနက ပန်းကလေး ၊ ဘဏ္ဍာရေးဌာနက ရှောင်ကျန်း ၊ ဥပဒေဌာနက ရှောင်ဝူ ၊ ထောက်ပံ့ပို့ဆောင်ရေးဌာနက ရှောင်ဝူ ၊ HR ဌာနက ပန်းကလေးတောင် ဒီအချစ်ကွန်ယက်ကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။

ဧည့်ကြိုစားပွဲက အစ်မကြီး : တစ်ကိုယ်တည်းသမားတွေ ဘာလို့ ဒီလောက် များနေရတာလဲ။ ငါလည်း အခုထိ တစ်ကိုယ်တည်းသမား ဖြစ်နေတုန်းပဲ။ ကြည့်ရတာ ဝူလေးကို ရအောင် လိုက်နိုင်ခဲ့တဲ့ လူက ရုပ်ချောတဲ့ ဒုတိယမျိုးဆက် သခင်လေးတစ်ယောက် ဖြစ်မယ် ထင်တယ်။ သူက ရုပ်ချောလွန်းလို့ အနုပညာလောကထဲက ‌ငယ်ငယ်ချောချော ကောင်လေးတွေနဲ့တောင် ယှဉ်နိုင်လောက်တယ်။ အူးဟူး ၊ ဘာလို့ အဲ့လို ရုပ်ချောရေလျှံတဲ့ ယောက်ျား တစ်ယောက်က ငါ့ကိုကျ မကြိုက်ရတာလဲ။ ငါလည်း ချိုမြိန်ပြီး ကြည်နူးစရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ချင်တယ်လေ။

မားကတ်တင်းဌာနက အစ်မကြီး : အိပ်မက်,မက်နေတာတွေကို ရပ်လိုက်တာ ပိုကောင်းမယ်။ နင့်အစား ငါ ရှက်တယ်။

နည်းပညာဌာနက ပန်းကလေး : အဲ့ဒါက မြင်,မြင်ချင်း အချစ် မဟုတ်ဘူး အပေါ်က ကွန်းမန့်ပိုင်ရှင်ရေ။ညအဓိက,က ရုပ်ရည်ပဲ။ လူတွေက ရုပ်ချောတဲ့ လူတွေကိုသာ တစ်ခါ မြင်ဖူးပြီးတာနဲ့ စိတ်ထဲမှာ စွဲသွားကြတာ ၊ လူတွေ အများကြီးကြားထဲမှာ ထင်းထွက်မနေတဲ့ ရုပ်ရည်မျိုးကို မပိုင်ဆိုင်ထားတဲ့ လူကို ဆိုရင်တော့ စိတ်ထဲမှာ စွဲဖို့ နေနေသာသာ ဘယ်သူမှ သတိတောင် ထားမိမှာ မဟုတ်ဘူး။

ဒါပေမဲ့ အချိန်သာ ကြာသွားသော်လာည်း ဧည့်ကြိုစားပွဲက အစ်မကြီးက စာမပြန်ခဲ့ပေ။

နည်းပညာဌာနက ပန်းကလေး : ဟမ်။ သူ ဘယ်ရောက်သွားတာလဲ။

ဧည့်ကြိုစားပွဲက အစ်မကြီး : … ငါ ထွက်ပြေးပြီး ငိုနေပြီ။

နည်းပညာဌာနက ပန်းကလေး : …

အတွင်းရေးမှူးဌာနက အစ်ကိုကြီး : ဒီလို ပြောတော့မှ ဟိုတလောတုန်းက သခင်လေးရဲ့ တစ်လပြည့်မွေးနေ့မှာ တွေ့ခဲ့တဲ့ လူတွေ အကုန်လုံး ရည်းစားတွေ ရကုန်တာကို ငါ သတိထားမိတယ်။

မားကတ်တင်းဌာနက အစ်မကြီး : အဲ့ဒါ ပုံမှန်ပဲလေ။ ကုမ္ပဏီမှာက ဒီလူတွေ အချင်းချင်းပဲ တွေ့နေရလို့ စိတ်မဝင်စားတာမျိုး ရှိရင် ရှိမှာ။ ပွဲ တစ်ခုခုကို သွားလို့ ကိုယ် အရင်က မတွေ့ဖူးတဲ့ လူသစ်တွေနဲ့ တွေ့ရင် စိတ်ဝင်စားရင် စိတ်ဝင်စားသွားမှာပဲ။

အတွင်းရေးမှူးဌာနက အစ်ကိုကြီး : ငါ ပြောချင်တာက ကုမ္ပဏီမှာ ရည်းစားမရှိတဲ့ တစ်ကိုယ်တည်းသမားတွေ အများကြီး ရှိတယ်လေ။ မင်းတို့ တခြား ကုမ္ပဏီတွေနဲ့ တွေ့ဆုံပွဲလေး ဘာလေး မလုပ်ချင်ဘူးလား။

လူတိုင်း ဆွံ့အသွားကြသည်။ စက္ကန့်ပိုင်းလောက် ကြာပြီးနောက်မှာတော့ သူတို့ရဲ့ နှလုံးသားထဲမှာ အာမေဋိတ်အမှတ်အသားလေးတွေ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ‘ ဟုတ်တယ်။ ငါတို့နားမှာ ဒီလူဟောင်းတွေပဲ ရှိနေရင် တစ်သက်လုံး ရည်းစားရတော့မှာ မဟုတ်ဘူး။ သူတို့လည်း တွေ့ဆုံပွဲကြီး တစ်ပွဲ ကျင်းပပြီး ရည်းစားရှာလို့ ရသားပဲ။ သူတို့ဘော့စ်က သားလေး မွေးခါစမို့ ပျော်နေတော့ လက်ခံပေးလောက်တယ်။

ကုမ္ပဏီထဲက ရည်းစားမရှိသူ အများအပြားဟာ စတင်လှုပ်ရွလာခဲ့ကြပေမဲ့ ဘော့စ်ဆီကို တိုက်ရိုက် သွားမတောင်းဆိုရဲသောကြောင့် သူတို့ရဲ့ ဌာနခေါင်းဆောင်တွေအား ဒီအကြောင်းကို ဘော့စ်ထံ တင်ပြခိုင်းဖို့သာ တိတ်တဆိတ် လိုက်ရှာနေခဲ့ကြလေသည်။

ထို့နောက် ယုကျစ်ယန်နှင့် တခြားလူတွေကို သူတို့ လှမ်းအကြောင်းကြားခဲ့ကြသည်။

အဲ့ဒီလိုနှင့် ယုကျစ်ယန်နှင့် ကျန်လူတွေဟာ ကုမ္ပဏီရဲ့ အနာဂတ်တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတွေကို ဆွေးနွေးဖို့ ဟူသော အကြောင်းပြချက်ဖြင့် ဌာနအသီးသီးက အကြံပြုချက်တွေ အများကြီးကို လက်ခံရရှိခဲ့ကြလေသည်။ ထိုအကြံပြုချက်တွေထဲမှာ ထိပ်ဆုံးက အကြံပြုချက်ကတော့ တခြား ကုမ္ပဏီတွေနှင့်အတူ တွေ့‌ဆုံပွဲလေး တစ်ပွဲ ကျင်းပဖို့ပဲ ဖြစ်သည်။

815 02

တွေ့ဆုံပွဲကျင်းပသင့်တဲ့ အကြောင်းအရင်းတွေကလည်း အများကြီး ရှိသည်။ “ အခုတလော ကုမ္ပဏီကနေ ထွက်သွားကြတဲ့ လူတွေ အများကြီး ရှိလို့ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ထိထိရောက်ရောက် အလုပ်,လုပ်နိုင်စွမ်း ထိခိုက်နေပါတယ် ” ၊ “ တွေ့‌ဆုံပွဲကျင်းပတာက တခြားကုမ္ပဏီတွေနဲ့ ရင်းနှီးမှုကို တိုးစေပြီး တကယ်လို့ ခိုင်မာတဲ့ ဆက်ဆံရေး တစ်ခုအဖြစ် ပြောင်းလဲသွားရင် ကုမ္ပဏီ နှစ်ခုကိုလည်း သဟဇာတဖြစ်ဖြစ် တိုးတက်စေပါလိမ့်မယ် ” စသည်ဖြင့်။

သူတို့အကြောင်းပြချက်တွေကတော့ သိပ်ကို ယုံကြည်လက်ခံချင်စရာကောင်းပေမဲ့ တကယ်တော့ ဒီလူတွေ ကုမ္ပဏီကို မျက်နှာလုပ်ဖို့ ကြိုးစားနေတာပဲ ဖြစ်သည်။ ဟမ့် ၊ ဒီဝက်တွေ ဘာတွေ တွေးနေလဲ ဆိုတာ သူတို့ မသိဘူးများ ထင်နေလား။

ယုကျစ်ယန်တို့သုံးယောက်က စိတ်ပျက်သွားသော်လည်း ဟောက်ချန်ဟွမ်းကိုတော့ ထိုသတင်းကို ပြောပြပြီး သူ့အဆုံးအဖြတ်ကိုပဲ စောင့်နေလိုက်၏။

ဟောက်ချန်ဟွမ်းသည် သူ့ဝန်ထမ်းတွေဆီက တွေ့ဆုံပွဲလုပ်ချင်တယ် ဆိုတဲ့ စကားကို တစ်နေ့မှု ကြားရလိမ့်မည်ဟု ဘယ်တော့မှ မျှော်လင့်မထားခဲ့ပါ။ သူ့မျက်နှာက ချက်ချင်းပဲ မည်းမှောင်ကျသွားပြီး အန္တရာယ်ကြီးစွာ မျက်မှောင်ကြုတ်လိုက်လေသည်။ တစ်ယောက်ယောက်က အခုတလော အရမ်း အားလပ်နေလို့လားဟု တွေးမိလျှင် သူတို့အတွက် အလုပ်ပေးချင်သွားသည်။

++++++

All Chapters