← Chapters

အခန်း ၈၁၆

Vol. 55 Ch. 816

အခန်း ၈၁၆

Vol. 55 Ch. 816

816 01

အခန်း ( ၈၁၆ ) ကျွန်မအမှား မဟုတ်ဘူး။

“ ဟပ်ချိုး။ ” ယုကျစ်ယန်သည် ကျယ်လောင်စွာ နှာချေလိုက်ပြီးနောက် လက်နှစ်ဖက်ကို ရင်ဘတ်မှာ ယှက်၍ အအေးဓာတ်ကြောင့် တုန်ရီသွားသည်။

“ ငါ ဘာလို့ ရုတ်တရက်ကြီး ချမ်းလာတာလဲ။ ငါ့မှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အဖျားရောဂါ ရှိနေတာလား။ သခင်မလေးကို ငါ့ကို လာကြည့်ပေးဖို့ တောင်းဆိုရင် ကောင်းမလား။ ”

ကုရှောက်ယန်က သူ့ကို မျက်လုံးလှိမ့် ကြည့်လိုက်သည်။ “ ငါ့အတွေ့အကြုံအရ ပြောရရင် ဒါ မင်း ပြဿနာတက်တော့မယ့် အဓိပ္ပာယ်ပဲ။ ”

“ ပြဿနာ … ဟုတ်လား။ ” ယုကျစ်ယန်ရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ “ ဘာပြဿနာလဲ။ ငါ အခုတလော ဘာမှလည်း လုပ်ထားတာ မရှိပါဘူး။ ”

“ မင်း သခင်လေးဆီကို ဒီနေ့မနက်စောစောတုန်းက ငါတို့ ပို့လိုက်တဲ့ အကြံပြုချက်ကို မေ့သွားပြီလား။ ”

“ မင်း ပြောချင်တာက … ” ယုကျစ်ယန်ရဲ့ မျက်နှာအမူအရာက အနည်းငယ် တောင့်တင်းသွားပြီး ကံတရားကို လောင်းကြေးထပ်ကာ ပြောလိုက်သည်။ “ အဟားဟားဟား ၊ ဒီပြဿနာက အဲ့လောက်ထိ အခြေအနေဆိုးမသွားလောက်ပါဘူး။ ”

ကုရှောက်ယန်ကတော့ ဘာမှတ်ချက်မှ မပေးမိ။ သခင်လေး ဘာတွေ တွေးနေလဲ ဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။

ထိုအချိန်မှာ ယုကျစ်ယန်နှင့် ကျန်လူတွေကတော့ သူတို့ သေဖို့ လက်တစ်ကမ်းအကွာကို ရောက်နေပြီမှန်း နားလည်လိုက်ကြသည်။ သူတို့ မိနစ်ပိုင်းအတွင်း ငရဲရောက်သွားနိုင်ပါသည်။

စုယန်ယန်က အပေါ်ထပ်ကို တက်လာခဲ့ချိန်တွင် ပြတင်းပေါက်ရှေ့မှာ မည်းမှောင်သော မျက်နှာဖြင့် ထိုင်နေတဲ့ ခင်ပွန်းဖြစ်သူကို မြင်လိုက်ရလျှင် စိတ်ထဲမှာ နည်းနည်းလေး ထူးဆန်းသွားမိသည်။ “ ဘာဖြစ်လို့လဲ။ ကုမ္ပဏီမှာ ကိစ္စ တစ်ခုခု ရှိလို့လား။ ”

“ ဘာမှ မဖြစ်ပါဘူး။ ”

“ အဲ့ဒါဆို ရှင် ဘာလို့ အဲ့လောက် ဖြူဖပ်ဖြူရော်ဖြစ်နေတာလဲ။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲကို ဝင်ထိုင်ကာ သူ့မျက်နှာကို ခပ်ဖွဖွ ဆုပ်ကိုင်၍ ပြောလိုက်သည်။

ကမ္ဘာပေါ်မှာ ဟောက်ချန်ဟွမ်းကို ဒီလိုမျိုး ဆက်ဆံရဲပြီး သူ လက်စားချေမှာကိုလည်း စိုးရိမ်စရာမလိုတာ စုယန်ယန် တစ်ယောက်တည်း ရှိမည် ထင်သည်။

ဟောက်ချန်ဟွမ်းက သူမအား သူ့မျက်နှာကို ခဏ ဆုပ်ကိုင်ခိုင်းပြီးမှ အကျိုးအကြောင်း ရှင်းပြလိုက်သည်။

“ တွေ့ဆုံပွဲ … ဟုတ်လား။ ” စုယန်ယန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း သိချင်စိတ်ပြင်းပြသွားသည်။ “ ရှင် ဘာလို့ ရုတ်တရက်ကြီး တွေ့ဆုံပွဲ လုပ်ချင်သွားတာလဲ။ ”

ဟောက်ချန်ဟွမ်းက သူမကို နားလည်ရခက်သော အမူအရာဖြင့် ကြည့်သည်။ “ အဲ့ဒါက … ကိုယ်တို့အမှား ဖြစ်မယ် ထင်တယ်။ ”

“ အဲ့ကိစ္စက ကျွန်မတို့နဲ့ ဘယ်လို ပတ်သက်နေလို့လဲ။ ”

ဟောက်ချန်ဟွမ်းက ဘာမှ မပြောဘဲ သူမ ရှင်းရှင်းလင်းလင်း ပိုနားလည်စေရန်အတွက် ဂရုချက်ထဲမှာ ဝန်ထမ်းတွေ ပြောထားကြတဲ့ စကားတွေကိုသာ ထုတ်ပြလိုက်တော့သည်။

မျှော်လင့်မထားစွာဖြင့် စုယန်ယန်ရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ “ ရှင်က ကုမ္ပဏီရဲ့ ဂရုချက်ထဲမှာ တိတ်တိတ်လေး အကောင့်တု ဖွင့်ထားတာလား။ ” ဟု မေးလိုက်တာပဲ ဖြစ်သည်။

ဟောက်ချန်ဟွမ်း : “ … ” အဲ့ဒါက အရေးကြီးလို့လား။ ပြီးတော့ အကောင့်တု ဖွင့်တာကရော ဘာများ မှားနေလို့လဲ။ ဒီနေ့ခေတ်မှာ အကောင့်တုတွေ မရှိတဲ့ လူရယ်လို့ ရှိလို့လား။ မင်းရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာတောင် ကိုယ် ရှိတာပဲကို … ။

အဲ့ဒါကိုလည်း စုယန်ယန် သိပါသည်။ သူမက စူပုပ်ပုပ်လေး ပြောပြီးနောက်မှာ ကုမ္ပဏီဝန်ထမ်းတွေ ပြောထားကြတဲ့ စကားတွေကို လေးလေးနက်နက် စတင်ကြည့်ရှုခဲ့သည်။

အဲ့ဒီတော့မှပဲ သူတို့တွေ တွေ့ဆုံပွဲ လုပ်ချင်နေရတဲ့ အကြောင်းအရင်းက တစ်လပြည့်မွေးနေ့ပွဲမှာ ကုမ္ပဏီက လူတော်တော်များများ ရည်းစားရသွားလို့ ဆိုတာကို နားလည်သွားသည်။ အကျိုးဆက်အနေဖြင့် ကုမ္ပဏီထဲမှာ ရည်းစားရသွားတာကို ကြွားဝါပြောဆိုနေတဲ့ လူတွေ အများကြီး ရှိလာပြီး စင်ဂယ်လ်တွေကတော့ ပြောစရာစကားမဲ့စွာ နှုတ်ဆိတ်နေခဲ့ရသည်။

စုယန်ယန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ သူမကလေးရဲ့ တစ်လပြည့်မွေးနေ့ပွဲဟာ ကုမ္ပဏီက ဝန်ထမ်းတွေ ရည်းစားရဖို့ အကြောင်းအရင်း တစ်ရပ် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

“ ဒါ ကျွန်မအမှား မဟုတ်ဘူးနော်။ သူတို့ဘာသာ ရည်းစားရှာတွေ့သွားတာ ကျွန်မတို့နဲ့ ဘာမှ မဆိုင်ဘူး။ သူတို့တွေက အရင်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် သိနေပြီးသား ဖြစ်ရင်လည်း ဖြစ်နိုင်တာပဲလေ ၊ အရင်တုန်းက သူတို့ရဲ့ ဆက်ဆံရေးက အတည်တကျ မဟုတ်သေးတာမျိုး ဖြစ်ရင် ဖြစ်မှာပေါ့။ ”

816 02

ဟောက်ချန်ဟွမ်းက သူ့ကို ပလိပ်ရောဂါကို ရှောင်နေတဲ့ စုယန်ယန်ကို ကြည့်ရင်း သူ့မျက်နှာက ခုနတုန်းကလောက် မမည်းမှောင်တော့ဘဲ ခပ်တိုးတိုး ရယ်လိုက်မိသည်။ “ ကိုယ် သိထားသလောက်တော့ အဲ့ဒီ ရည်းစားရသွားတဲ့ လူတွေ အကုန်လုံးက မွေးနေ့ပွဲမှာ ဧည့်ခံတဲ့ အစားအသောက်တွေကို စားလို့ ရည်းစားရသွားတာလို့ ပြောနေကြတယ်။ သူတို့က ရည်းစားလိုချင်တဲ့ လူတွေကိုတောင် တချို့ ဟင်းလျာတွေကို စားဖို့ ညွှန်းနေသေးတယ်။ ”

“ ??? ” သောက်ကျိုးနည်း။ အဲ့လူတွေက ရည်းစားရဖို့ ဘာလို့ ဒီလောက် လွယ်ကူမြန်ဆန်နေတာလဲ။ ရည်းစားရသွားတဲ့ လူတွေက အစားကြီးတဲ့ လူတွေ မဟုတ်တာရော ရှင် သေချာရဲ့လား။

“ အခုခေတ် လူငယ်တွေရဲ့ စိတ်ကို နားလည်ဖို့ ကြိုးစားရတာ တစ်နေ့တခြား ပိုခက်လာတယ်။ ”

ဟောက်ချန်ဟွမ်း ရယ်မောလိုက်သည်။ “ ဒါဆိုလည်း ကိုယ်တို့ သူတို့ကို တွေ့ဆုံပွဲမလုပ်အောင် တားလိုက်ရင် မကောင်းဘူးလား။ ”

“ မလုပ်ပါနဲ့။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို စိတ်ပျက်လင်ပျက်အကြည့်လေးဖြင့် ကြည့်လိုက်သည်။ “ သူတို့ကို တွေ့‌ဆုံပွဲလုပ်ခိုင်းလိုက်ပါ။ ရည်းစားမရှိတာနဲ့တင် တော်တော်လေး ကြေကွဲစရာကောင်းနေပြီ။ ဒီပုံအတိုင်းသာ ဆက်သွားနေရင် အနာဂတ်မှာ သူတို့ကို လိုချင်တဲ့ လူ မရှိလောက်တော့ဘူး။ ”

++++++

All Chapters